အင္းစိန္ၿမိဳ႕နယ္၊ ႀကိဳ႕ကုန္း အေနာက္ရပ္ကြက္၊ ပလပ္စတစ္တံဆိပ္႐ိုက္ စက္႐ံုတြင္ မီးေလာင္မႈျဖစ္ပြား



ရန္ကုန္ ေဖေဖာ္၀ါရီ ၁၆

ရန္ကုန္တိုင္း ေဒသႀကီး ရန္ကုန္ေျမာက္ပိုင္း ခ႐ိုင္ အင္းစိန္ၿမိဳ႕နယ္ ႀကိဳ႕ကုန္း အေနာက္ ရပ္ကြက္ ငါးလုပ္ငန္း ဦးစီး၀န္း႐ွိ ဦးသန္းျမင့္ပိုင္ ပလပ္စတစ္ တံဆိပ္႐ိုက္ စက္႐ံုတြင္ အဲကြန္း ကြန္ပရင္စာစက္ ခ်ိဳ႕ယြင္း အပူ႐ွိန္ လြန္ရာမွ (၁၆.၂.၂၀၁၆ )ရက္ေန႔ (၄)နာရီ (၂၀)မိနစ္ အခ်ိန္တြင္ မီးေလာင္ကၽြမ္းခဲ့ၿပီး စက္ရံု တစ္ရံု ဆံုး႐ံႈးခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါမီးေလာင္ရာသို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ မီးသတ္ဦးစီးဌာန ဒုတိယ ညႊန္ၾကားေရးမွဴး ဦးေသာ္ဒါ ဦးေဆာင္၍ အင္အား (၃၀၀) ဦးျဖင့္ လည္းေကာင္း၊ အရံမီးသတ္အင္အား ၁၀၀ဦးျဖင့္လည္းေကာင္း ၊ မီးသတ္ယာဥ္(၄၆)စီး ၊ အုပ္ခ်ဳပ္မႈ ယာဥ္ (၄)စီး ျဖင့္ မီးၿငိမ္းသတ္ခဲ့ရာ (၄)နာရီ (၅၀)နိစ္တြင္ မီးထိန္းႏိုင္ ခဲ့ၿပီး (၅)နာရီအခ်ိန္တြင္ လံုး၀မီး ၿငိမ္းသတ္ႏိုင္ခဲ့သည္။

မီးေလာင္မႈျဖစ္ျခင္းေၾကာင့္ စက္႐ံုမန္ေနဂ်ာျဖစ္သူ ဦးကိုကိုဦး (ဘ) ဦးေက်ာ္ၿငိမ္း၊ အမွတ္/၇၀၆ ၄လႊာ-၄လမ္း၊ (၁)ရပ္ကြက္ မရမ္းကုန္းၿမိဳ႕နယ္ေန သူအား မီးေပါ့ဆစြာ သံုးစြဲမႈျဖင့္ အေရးယူ အမႈဖြင့္ ထားေၾကာင္း သတင္း ရရွိသည္။

(အင္းစိန္ ခရိုင္ ျပန္/ဆက္)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
.............


ရန်ကုန် ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်မြောက်ပိုင်း ခရိုင် အင်းစိန်မြို့နယ် ကြို့ကုန်း အနောက် ရပ်ကွက် ငါးလုပ်ငန်း ဦးစီးဝန်းရှိ ဦးသန်းမြင့်ပိုင် ပလပ်စတစ် တံဆိပ်ရိုက် စက်ရုံတွင် အဲကွန်း ကွန်ပရင်စာစက် ချို့ယွင်း အပူရှိန် လွန်ရာမှ (၁၆.၂.၂၀၁၆ )ရက်နေ့ (၄)နာရီ (၂၀)မိနစ် အချိန်တွင် မီးလောင်ကျွမ်းခဲ့ပြီး စက်ရုံ တစ်ရုံ ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါမီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသော်ဒါ ဦးဆောင်၍ အင်အား (၃၀၀) ဦးဖြင့် လည်းကောင်း၊ အရံမီးသတ်အင်အား ၁၀၀ဦးဖြင့်လည်းကောင်း ၊ မီးသတ်ယာဉ်(၄၆)စီး ၊ အုပ်ချုပ်မှု ယာဉ် (၄)စီး ဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၄)နာရီ (၅၀)နိစ်တွင် မီးထိန်းနိုင် ခဲ့ပြီး (၅)နာရီအချိန်တွင် လုံးဝမီး ငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုဖြစ်ခြင်းကြောင့် စက်ရုံမန်နေဂျာဖြစ်သူ ဦးကိုကိုဦး (ဘ) ဦးကျော်ငြိမ်း၊ အမှတ်/၇၀၆ ၄လွှာ-၄လမ်း၊ (၁)ရပ်ကွက် မရမ်းကုန်းမြို့နယ်နေ သူအား မီးပေါ့ဆစွာ သုံးစွဲမှုဖြင့် အရေးယူ အမှုဖွင့် ထားကြောင်း သတင်း ရရှိသည်။

(အင်းစိန် ခရိုင် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)