စားသောက်ကုန် ၁၉ မျိုး စားသုံးရန် မသင့်ကြောင်း ထုတ်ပြန်ကြေညာ






သစ်ထူးလွင်
...........



ပဲကြီးလှော်၊ အရောင်တင်မှုန့်၊ ငရုတ်ဆီ၊ ရှာလကာရည် စသည့် စားသောက်ကုန် ၁၉မျိုးမှာ ဆိုးဆေးများ ထည့်သွင်းပြုလုပ်ထားသဖြင့် စားသုံးရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ရွှေနန်းတော်၊ မုံရွာသား စိန်တောင်၊ ၀င်း၊ ဌေးဌေး၊ မို့မို့၊ စသည့်အမှတ်တံဆိပ်ပါ ပဲကြီးလှော်ထုပ်များမှာလည်း ခွင့်မပြု ဆိုးဆေးများ သုံးထားသဖြင့် စားသုံးရန်မသင့်ကြောင်း Bull အချိုရည်၊ ၀ိုင်းချစ် ငရုတ်ဆီ၊ ကျော်ကျော်၊ ဓူဝံတံဆိပ်ပါ ငရုတ်ပွအရောင်တင်မှုန့်၊ ရှမ်းလေး ဂျုံခေါက်ဆွဲ၊ ဆတ်မင်း ငရုတ်ဆီ စသည့်စားသောက်ကုန်များတွင်လည်း ခွင့်မပြုဆိုးဆေးများ သုံးထားတာကြောင့် စားသုံးရန် မသင့်ကြောင်း ကျန်းမာရေးဌာနက သတိပေးထားပါတယ်။

သစ်ထူးလွင်
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)