ေက်ာက္ျဖဴေက်းလက္ေဒသ ဖြံ႔ျဖိဳးေရးအသင္းဥကၠ႒ ဦးေမာင္ေအးအပါအ၀င္ လူသံုးဦးကို မတရားအသင္း အက္ဥပေဒျဖင့္ အမႈဖြင့္


ေက်ာက္ျဖဴ၊ ေဖေဖာ္၀ါရီ ၂၂

ရကၡိဳင့္တပ္မေတာ္ (AA)ႏွင့္ဆက္သြယ္သည္ဟု စြပ္စြဲခ်က္ျဖင့္ ဖမ္းဆီး ခံထားရသည့္ ေက်ာက္ျဖဴ ေက်းလက္ေဒသ ဖြံ႔ျဖိဳးေရး အသင္း ဥကၠ႒ ဦးေမာင္ေအး အပါအ၀င္ လူသံုးဦးကို ယေန႕ ေဖေဖာ္၀ါရီလ ၂၂ ရက္ေန႔ တြင္ ေက်ာက္ျဖဴျမိဳ႕နယ္ တရားရံုးတြင္ မတရားအသင္းႏွင့္ ဆက္သြယ္မႈ အက္ဥပေဒျဖင့္ တရား စြဲဆိုလိုက္ေၾကာင္း သတင္း ရရွိသည္။

၎တို႔သံုးဦးကို ေက်ာက္ျဖဴျမိဳ႕နယ္ တရားရံုးသို႔ ရံုးထုတ္လာခဲ့ေသာ္လည္း စစ္ဘက္ေရးရာ လံုျခံဳေရး တပ္ဖြဲ႔မွ တရားလိုျပသက္ေသ ဗိုလ္ၾကီးတင္ေအာင္ ခရီးလြန္ေန၍ ေရာက္ရွိမလာသည့္အတြက္ အမႈကို စစ္ေဆးမႈ ျပဳလုပ္ႏိုင္ျခင္း မရွိခဲ့ဟု သိရသည္။



သုိ႕အတြက္ အမႈ စစ္ေဆးရန္ မတ္လ ၇ ရက္ေန႔သို႔ ထပ္မံ ခ်ိန္းဆိုလိုက္သည္ဟု အမႈကို လိုက္ပါ ေဆာင္ရြက္မည့္ အထက္တန္းေရွ႕ေန ဦးတင္ျမင့္ ကေျပာသည္။

“ တရားလိုျပသက္ေသျဖစ္တဲ့ စရဖ ကဗိုလ္ၾကီး ခရီးလြန္ေနလို႔ ဘာမွစစ္ေဆးမႈမွ မလုပ္ခဲ့ရဘူး။ တရား လိုျပ သက္ေသက အဓိကက်ေနတယ္” ဟု ေရွ႕ေနဦးတင္ျမင့္က ဆိုသည္။

တရားစြဲ အမႈဖြင့္ခံရသူ သံုးဦးမွာ ေက်ာက္ျဖဴျမိဳ႕နယ္၊ လိပ္ခေမာ္ေက်းရြာမွ ဦးေမာင္ေအး (၃၀) ႏွစ္၊ ေပါက္ေတာျမိဳ႕နယ္ ယင္ရဲကန္ေက်းရြာမွ ဦးထြန္းသာျဖဴ (၂၆) ႏွစ္ႏွင့္ ပုဏၰားကြ်န္းျမိဳ႕နယ္၊ ကုလားေခ်ာင္းေက်းရြာမွ ဦးေဇာ္၀င္းေမာင္ (၂၄) ႏွစ္တို႔ ျဖစ္ၾကသည္။

ေက်ာက္ျဖဴျမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးမိုးေဇာ္သူ ကတရားလိုလုပ္ကာ မတရားအသင္းအက္ဥပေဒ ၁၇(၁)/(၂) ျဖင့္ တရားစြဲဆိုလိုက္ေၾကာင္း ၎ကေျပာသည္။



၎တို႔သံုးဦးကို ရံုးထုတ္လာစဥ္ ေဒသခံလူေပါင္း တစ္ရာေက်ာ္ခန္႔က ဦးေမာင္ေအးႏွင့္ဖမ္းဆီးခံရသူ “ က်န္းမာပါေစ၊ အျမန္လြတ္ေျမာက္ပါေစ” ဟု ေၾကြးေၾကာ္ခဲ့ၾကသည္ဟု သိရသည္။

၎တို႔သံုးဦးကို ဇန္န၀ါရီလ ၂၁ ရက္ေန႔က ေက်ာက္ျဖဴျမိဳ႕နယ္၊ လိပ္ခေမာ္ေက်းရြာ ဦးေမာင္ေအး၏ ေနအိမ္မွ စစ္ဘက္ေရးရာ လံုျခံဳေရးတပ္ဖြဲ႔က ဖမ္းဆီးသြားျပီး ေဖေဖာ္၀ါရီလ ၈ ရက္ေန႔တြင္ တရားရံုးတြင္ ရမာန္ယူခဲ့ကာ အက်ဥ္းေထာင္သို႔ ပို႔ေဆာင္ျပီးေနာက္ ေဖေဖာ္၀ါရီလ ၂၂ ရက္ေန႔တြင္ ရံုးထုတ္ လာျခင္းျဖစ္သည္။

ဖမ္းဆီးခံရသူ သံုးဦးစလံုး အမႈအတြက္ ရခုိင္ျပည္ေရွ႕ေနမ်ားေကာင္စီမွ တရားလႊတ္ေတာ္ေရွ႕ေန ဦးဘေက်ာ္၊ Thazin Legal Aid မွ အထက္တန္းေရွ႕ေန ဦးမ်ိဳးျမတ္ဟိန္းႏွင့္ ေက်ာက္ျဖဴေဒသခံ အထက္တန္းေရွ႕ေန မ်ားျဖစ္သည့္ ဦးတင္ျမင့္၊ ေဒၚၾကည္ၾကည္ႏွင္းႏွင့္ ဦးဟန္မင္းလိႈင္ တို႔မွ လိုက္ပါေဆာင္ရြက္သြားမည္ဟုသိရသည္။

ေက်ာ္၀င္း
Arakan State
https://www.facebook.com/NarinjaraNews/
..........


ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၂၂

ရက္ခိုင့်တပ်မတော် (AA)နှင့်ဆက်သွယ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီး ခံထားရသည့် ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသင်း ဥက္ကဋ္ဌ ဦးမောင်အေး အပါအဝင် လူသုံးဦးကို ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ တွင် ကျောက်ဖြူမြို့နယ် တရားရုံးတွင် မတရားအသင်းနှင့် ဆက်သွယ်မှု အက်ဥပဒေဖြင့် တရား စွဲဆိုလိုက်ကြောင်း သတင်း ရရှိသည်။

၎င်းတို့သုံးဦးကို ကျောက်ဖြူမြို့နယ် တရားရုံးသို့ ရုံးထုတ်လာခဲ့သော်လည်း စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့မှ တရားလိုပြသက်သေ ဗိုလ်ကြီးတင်အောင် ခရီးလွန်နေ၍ ရောက်ရှိမလာသည့်အတွက် အမှုကို စစ်ဆေးမှု ပြုလုပ်နိုင်ခြင်း မရှိခဲ့ဟု သိရသည်။


သို့အတွက် အမှု စစ်ဆေးရန် မတ်လ ရ ရက်နေ့သို့ ထပ်မံ ချိန်းဆိုလိုက်သည်ဟု အမှုကို လိုက်ပါ ဆောင်ရွက်မည့် အထက်တန်းရှေ့နေ ဦးတင်မြင့် ကပြောသည်။

“ တရားလိုပြသက်သေဖြစ်တဲ့ စရဖ ကဗိုလ်ကြီး ခရီးလွန်နေလို့ ဘာမှစစ်ဆေးမှုမှ မလုပ်ခဲ့ရဘူး။ တရား လိုပြ သက်သေက အဓိကကျနေတယ်” ဟု ရှေ့နေဦးတင်မြင့်က ဆိုသည်။

တရားစွဲ အမှုဖွင့်ခံရသူ သုံးဦးမှာ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ ဦးမောင်အေး (၃၀) နှစ်၊ ပေါက်တောမြို့နယ် ယင်ရဲကန်ကျေးရွာမှ ဦးထွန်းသာဖြူ (၂၆) နှစ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာမှ ဦးဇော်ဝင်းမောင် (၂၄) နှစ်တို့ ဖြစ်ကြသည်။

ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးမိုးဇော်သူ ကတရားလိုလုပ်ကာ မတရားအသင်းအက်ဥပဒေ ၁၇(၁)/(၂) ဖြင့် တရားစွဲဆိုလိုက်ကြောင်း ၎င်းကပြောသည်။


၎င်းတို့သုံးဦးကို ရုံးထုတ်လာစဉ် ဒေသခံလူပေါင်း တစ်ရာကျော်ခန့်က ဦးမောင်အေးနှင့်ဖမ်းဆီးခံရသူ “ ကျန်းမာပါစေ၊ အမြန်လွတ်မြောက်ပါစေ” ဟု ကြွေးကြော်ခဲ့ကြသည်ဟု သိရသည်။

၎င်းတို့သုံးဦးကို ဇန်နဝါရီလ ၂၁ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာ ဦးမောင်အေး၏ နေအိမ်မှ စစ်ဘက်ရေးရာ လုံခြံုရေးတပ်ဖွဲ့က ဖမ်းဆီးသွားပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တရားရုံးတွင် ရမာန်ယူခဲ့ကာ အကျဉ်းထောင်သို့ ပို့ဆောင်ပြီးနောက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရုံးထုတ် လာခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူ သုံးဦးစလုံး အမှုအတွက် ရခိုင်ပြည်ရှေ့နေများကောင်စီမှ တရားလွှတ်တော်ရှေ့နေ ဦးဘကျော်၊ Thazin Legal Aid မှ အထက်တန်းရှေ့နေ ဦးမျိုးမြတ်ဟိန်းနှင့် ကျောက်ဖြူဒေသခံ အထက်တန်းရှေ့နေ များဖြစ်သည့် ဦးတင်မြင့်၊ ဒေါ်ကြည်ကြည်နှင်းနှင့် ဦးဟန်မင်းလှိုင် တို့မှ လိုက်ပါဆောင်ရွက်သွားမည်ဟုသိရသည်။

ကျော်ဝင်း
Arakan State
https://www.facebook.com/NarinjaraNews/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)