ဒီဇယ္ကန္မွဆီသယ္ကားသို႕ ဒီဇယ္ျဖည့္ရာမွမီးေလာင္မႈျဖစ္


ရန္ကုန္ ေဖေဖာ္ဝါရီ ၉

ရန္ကုန္တိုင္းေဒသႀကီး လႈိင္သာယာၿမိဳ႕နယ္ ေရႊလင္ပန္းစက္မႈဇုန္ ကေနာင္မင္းသားႀကီးလမ္း အမွတ္(၁) ရွိDENKO ဆီသုိေလွာင္ျဖန္႔ျဖဴးေရး ဌာနအတြင္း ယေန႔ညေန ၃ နာရီ မိနစ္ ၄ဝ ခန္႔က မီးေလာင္မႈျဖစ္ပြားခဲ့သည္။

မီးေလာင္မႈသတင္းကိုျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕က ညေန ၃ နာရီ ၄၂ မိနစ္တြင္ သတင္းစတင္ ရရွိခဲ့ၿပီး ျမန္မာႏုိင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္ ညႊန္ၾကားေရးမွဴး ဦးေက်ာ္သူရ ဦးေဆာင္ေသာ မီးသတ္ တပ္ဖဲြ႕ဝင္မ်ားက သြားေရာက္ၿငိႇမ္းသတ္ေပးခဲ့သည္။

မီးေလာင္ရျခင္းအေၾကာင္းရင္းမွာ ဆီသိုေလွာင္ကန္မွဆီသယ္ကားဆီသို႔ ဒီဇယ္မ်ား ပို႔လႊတ္ရာမွ ကားတြင္ပါရွိေသာ ေျမစိုက္ႀကိဳးႏွင့္ ခ်ိတ္ဆက္မႈျပဳရာ၌ ပုံသဏၭာန္မမွန္ေသာ ဘက္ထရီကလစ္ကို အသုံးျပဳျခင္းေၾကာင့္ တည္ၿငိမ္လွ်ပ္စစ္ျဖစ္ေပၚကာ ဆီလႊတ္ပုိက္ေခါင္းသို႔ မီးကူးစက္ေလာင္ရျခင္း ျဖစ္ေၾကာင္း မီးသတ္တပ္ဖဲြ႕မွ သိရသည္။

မီးေလာင္ရာသို႔ မီးၿငိႇမ္းသတ္ေရးယာဥ္ ၂၄ စီးႏွင့္အတူ သေႏၶမီးသတ္တပ္ဖဲြ႕ ဝင္ ၁၆ဝ ေက်ာ္၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္ ၉ဝ ေက်ာ္တုိ႔ ၿငိႇမ္းသတ္မႈေၾကာင့္ ညေန ၃ နာရီ ၅၃ မိနစ္တြင္ မီးၿငိမ္း သြားခဲ့ေၾကာင္း သိရသည္။
မီးေလာင္မႈျဖစ္စဥ္တြင္ ဆီပန္႔ကိုင္ဝန္ထမ္း ဟိန္းမင္းထက္(၂၃ ႏွစ္)မွာ ညာဘက္လက္ မီးဟပ္ ခံရမႈေၾကာင့္ အင္းစိန္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခ့ဲရၿပီး ဝန္ထမ္း မ်ဳိးသက္ပိုင္(၂၃ ႏွစ္)မွာ ေက်ာဘက္ မီးဟပ္ခံရျခင္းေၾကာင့္ ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကုသမႈခံယူေနရ(မစုိးရိမ္ရ)ေၾကာင္း သိရသည္။

မီးေလာင္ရာေနရာ၌ ဂါလန္ ၂ဝဝဝဝ ဆံ့ ဆီသိုေလွာင္ကန္မ်ားရွိေသာ္လည္း ႀကိဳးပမ္း ေဆာင္ရြက္ ၿငႇိမ္းသတ္မႈေၾကာင့္ ဆုံး႐ႈံးမႈအနည္းငယ္သာရွိခဲ့ေၾကာင္း မီးသတ္တပ္ဖဲြ႕ဝင္တစ္ဦး၏ ေျပာျပခ်က္အရ သိရသည္။ မီးေလာင္မႈေၾကာင့္ တာဝန္ရွိသူအား စစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရ သည္။

သတင္း-ကိုႀကီးတင္၊ ဓာတ္ပံု-သန္းထိုက္(လိႈင္သာယာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
..........


ရန်ကုန် ဖေဖော်ဝါရီ ၉

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန် ကနောင်မင်းသားကြီးလမ်း အမှတ်(၁) ရှိDENKO ဆီသိုလှောင်ဖြန့်ဖြူးရေး ဌာနအတွင်း ယနေ့ညနေ ၃ နာရီ မိနစ် ၄ဝ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုသတင်းကိုမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ညနေ ၃ နာရီ ၄၂ မိနစ်တွင် သတင်းစတင် ရရှိခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ညွှန်ကြားရေးမှူး ဦးကျော်သူရ ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင်များက သွားရောက်ငြိှမ်းသတ်ပေးခဲ့သည်။

မီးလောင်ရခြင်းအကြောင်းရင်းမှာ ဆီသိုလှောင်ကန်မှဆီသယ်ကားဆီသို့ ဒီဇယ်များ ပို့လွှတ်ရာမှ ကားတွင်ပါရှိသော မြေစိုက်ကြိုးနှင့် ချိတ်ဆက်မှုပြုရာ၌ ပုံသဏ္ဌာန်မမှန်သော ဘက်ထရီကလစ်ကို အသုံးပြုခြင်းကြောင့် တည်ငြိမ်လျှပ်စစ်ဖြစ်ပေါ်ကာ ဆီလွှတ်ပိုက်ခေါင်းသို့ မီးကူးစက်လောင်ရခြင်း ဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

မီးလောင်ရာသို့ မီးငြိှမ်းသတ်ရေးယာဉ် ၂၄ စီးနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင် ၁၆ဝ ကျော်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၉ဝ ကျော်တို့ ငြိှမ်းသတ်မှုကြောင့် ညနေ ၃ နာရီ ၅၃ မိနစ်တွင် မီးငြိမ်း သွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်တွင် ဆီပန့်ကိုင်ဝန်ထမ်း ဟိန်းမင်းထက်(၂၃ နှစ်)မှာ ညာဘက်လက် မီးဟပ် ခံရမှုကြောင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး ဝန်ထမ်း မျိုးသက်ပိုင်(၂၃ နှစ်)မှာ ကျောဘက် မီးဟပ်ခံရခြင်းကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူနေရ(မစိုးရိမ်ရ)ကြောင်း သိရသည်။

မီးလောင်ရာနေရာ၌ ဂါလန် ၂ဝဝဝဝ ဆံ့ ဆီသိုလှောင်ကန်များရှိသော်လည်း ကြိုးပမ်း ဆောင်ရွက် ငြှိမ်းသတ်မှုကြောင့် ဆုံးရှုံးမှုအနည်းငယ်သာရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။ မီးလောင်မှုကြောင့် တာဝန်ရှိသူအား စစ်ဆေးနေဆဲဖြစ်ကြောင်း သိရ သည်။

သတင်း-ကိုကြီးတင်၊ ဓာတ်ပုံ-သန်းထိုက်(လှိုင်သာယာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)