နယ္ျခား ေစာင့္တပ္ တိုက္ခိုက္မႈေၾကာင့္ လူထု ဘိန္းခင္း တိုက္ဖ်က္ေရး အဖြဲ႕ ၃ ဦး ဒဏ္ရာ ရ

နယ္ျခားေစာင့္တပ္ဖြဲ႕ ကို ျမစ္ၾကီးနားျမိဳ႕တြင္ ၾကိဳဆိုေနပုံ၊ ၂၀၁၀
ကန္ပိုင္တီသို႔ တက္လာေသာ လက္နက္မဲ့ လူထု ဘိန္းခင္း တိုက္ဖ်က္ေရး အဖြဲ႕ PJS ကို အစိုးရ နယ္ျခားေစာင့္တပ္မ်ားမွ ယေန႔ နံနက္ပိုင္း ေစာင့္ၾကိဳ တိုက္ခိုက္မႈတြင္ PJS အနည္းဆုံး (၃) ဦး ဒဏ္ရာ ရရိွသြားေၾကာင္း PJS ေခါင္းေဆာင္မ်ား ေျပာသည္။

PJS အဖြဲ႕မ်ား စင္ၾကိဳင္ (Shingchyai) နယ္ျခားေစာင့္တပ္ စခန္း အလြန္ ၀တ္ေမာ (Wut Maw) ေက်းရြာ အနီးသို႔ ခ်ည္းကပ္လာစဥ္ ၉ နာရီခန္႔ တြင္ ေသနတ္၊ မိုင္းမ်ားျဖင့္ တိုက္ခိုက္လာ ျခင္းျဖစ္သည္ဟု PJS ေခါင္းေဆာင္မ်ား ကခ်င္သတင္းဌာန KNG ကုိ ေျပာပါသည္။

တိုက္ခိုက္မႈအတြင္း PJS အဖြဲ႕မ်ားႏွင့္ အတူ လိုက္ပါ လုံျခံဳေရးေပး ေနေသာ ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႕မ်ားက ထြက္ေျပး တိမ္းေရွာင္သြားေၾကာင္း PJS ေခါင္းေဆာင္မ်ား ေျပာပါသည္။

ယခုခ်ိန္ နယ္ျခားေစာင့္တပ္မ်ားက PJS အဖြဲ႕မ်ားကို ၀ိုင္းရံထားေနၿပီး ၎တို႔၏ ရိကၡာမ်ားကိုလည္း လုယူ ဖ်က္ဆီးမႈမ်ား ျပဳလုပ္ေနသည္ဟု PJS ေခါင္းေဆာင္မ်ား ဆက္ဆိုသည္။

ဦးဇခုန္တိန္႔ယိန္း ဦးေဆာင္ေသာ ကခ်င္ဒီမုိကေရစီသစ္တပ္မေတာ္ NDA-K၊ ယခု နယ္ျခားေစာင့္တပ္ ထိန္းခ်ဳပ္ေသာ ဘိန္းျခံမ်ားရွိရာသုိ႔ ရာဂဏန္းရွိေသာ PJS အဖြဲ႕မ်ား၀င္ေရာက္လာခ်ိန္ ပထမဦးဆံုး အစိုးရ နယ္ျခားေစာင့္မ်ား၏ တုိက္ခုိက္မႈကုိ ခံရျခင္းျဖစ္သည္။

၄င္းဘိန္းခင္းတုိက္ဖ်က္ေရးအဖြဲ႔သည္ ေဖေဖာ္၀ါရီ ၂၃ ရက္ေန႔ တစ္ပတ္တိတိ တားျမစ္ခံထားရသည့္ ၀ါးေရွာင္ဂိတ္မွ လူထုအင္းအား ၁ ေသာင္းေက်ာ္၏ လုိက္ပုိ႔ မႈျဖင့္ ကန္ပုိင္တီေဒသသုိ႔ ထြက္ခြာလာခဲ့ျခင္းျဖစ္သည္။ ထုိ႔အျပင္ အသင္းေတာ္ေခါင္းေဆာင္ တခ်ိဳ႕လည္း ၄င္း PJS အဖြဲ႕ႏွင့္အတူ ဘိန္းခင္းတိုက္ဖ်က္ေရး အစီစဥ္ လုိက္ပါ ဦးေဆာင္ ေနဆဲျဖစ္သည္။

Kachinnews
http://burmese.kachinnews.com
.................
 နယ်ခြားစောင့်တပ်ဖွဲ့ ကို မြစ်ကြီးနားမြို့တွင် ကြိုဆိုနေပုံ၊ ၂၀၁၀
ကန်ပိုင်တီသို့ တက်လာသော လက်နက်မဲ့ လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ PJS ကို အစိုးရ နယ်ခြားစောင့်တပ်များမှ ယနေ့ နံနက်ပိုင်း စောင့်ကြို တိုက်ခိုက်မှုတွင် PJS အနည်းဆုံး (၃) ဦး ဒဏ်ရာ ရရှိသွားကြောင်း PJS ခေါင်းဆောင်များ ပြောသည်။

PJS အဖွဲ့များ စင်ကြိုင် (Shingchyai) နယ်ခြားစောင့်တပ် စခန်း အလွန် ၀တ်မော (Wut Maw) ကျေးရွာ အနီးသို့ ချည်းကပ်လာစဉ် ၉ နာရီခန့် တွင် သေနတ်၊ မိုင်းများဖြင့် တိုက်ခိုက်လာ ခြင်းဖြစ်သည်ဟု PJS ခေါင်းဆောင်များ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

တိုက်ခိုက်မှုအတွင်း PJS အဖွဲ့များနှင့် အတူ လိုက်ပါ လုံခြုံရေးပေး နေသော ကချင်ပြည်နယ် ရဲတပ်ဖွဲ့များက ထွက်ပြေး တိမ်းရှောင်သွားကြောင်း PJS ခေါင်းဆောင်များ ပြောပါသည်။

ယခုချိန် နယ်ခြားစောင့်တပ်များက PJS အဖွဲ့များကို ၀ိုင်းရံထားနေပြီး ၎င်းတို့၏ ရိက္ခာများကိုလည်း လုယူ ဖျက်ဆီးမှုများ ပြုလုပ်နေသည်ဟု PJS ခေါင်းဆောင်များ ဆက်ဆိုသည်။

ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K၊ ယခု နယ်ခြားစောင့်တပ် ထိန်းချုပ်သော ဘိန်းခြံများရှိရာသို့ ရာဂဏန်းရှိသော PJS အဖွဲ့များဝင်ရောက်လာချိန် ပထမဦးဆုံး အစိုးရ နယ်ခြားစောင့်များ၏ တိုက်ခိုက်မှုကို ခံရခြင်းဖြစ်သည်။

၄င်းဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက်နေ့ တစ်ပတ်တိတိ တားမြစ်ခံထားရသည့် ၀ါးရှောင်ဂိတ်မှ လူထုအင်းအား ၁ သောင်းကျော်၏ လိုက်ပို့ မှုဖြင့် ကန်ပိုင်တီဒေသသို့ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အသင်းတော်ခေါင်းဆောင် တချို့လည်း ၄င်း PJS အဖွဲ့နှင့်အတူ ဘိန်းခင်းတိုက်ဖျက်ရေး အစီစဉ် လိုက်ပါ ဦးဆောင် နေဆဲဖြစ်သည်။

Kachinnews
http://burmese.kachinnews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)