ေက်ာက္ျဖဴျမိဳ႕နယ္တြင္ ဆိုင္ကယ္ႏွင့္ ကားတိုက္ရာမွ ဆိုင္ကယ္ေမာင္းသူ ပြဲခ်င္းျပီး ေသဆံုး



ေက်ာက္ျဖဴ၊ ေဖေဖာ္၀ါရီ၂၁

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴျမိဳ႕နယ္၊ ဇင္ေခ်ာင္းေက်းရြာ အနီးတြင္ ေဖေဖာ္၀ါရီလ ၁၉ ရက္ေန႔ နံနက္ ခုႏွစ္ နာရီခန္႔က ဆိုင္ကယ္ႏွင့္ ကားတိုက္မႈ ျဖစ္ပြားရာမွ ဆိုင္ကယ္ေမာင္းသူမွာ ပြဲခ်င္းျပီး ေသဆံုးသြားေၾကာင္း သတင္း ရရွိသည္။

ေသဆုံးသူမွာ ေက်ာက္ျဖဴၿမိဳ႕နယ္၊ ေခ်ာင္းဖ်ားေက်းရြာ မွ ေမာင္ေအာင္ေက်ာ္ထြန္း အသက္(၂၂)ႏွစ္ ျဖစ္ျပီး ကားတိုက္ခံရမႈေၾကာင့္ ဦးေႏွာက္ပါ အျပင္ပြင့္ထြက္သြားကာ ယင္းေနရာတြင္ပင္ ပြဲခ်င္းျပီး ေသဆံုးသြားေၾကာင္း မ်က္ျမင္မ်ားက ေျပာသည္။

ယာဥ္တိုက္မႈမွာ ဇင္ေခ်ာင္းေက်းရြာၾကားႏွင့္ အလယ္ရြာသစ္ၾကား ကားလမ္းတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ျပီး စနဲဘက္မွ ေက်ာက္ျဖဴ သို႕ ေမာင္းႏွင္လာေသာ လုပ္ငန္းသံုး ေတပါကားႏွင့္ စနဲဘက္ သို႔ ေမာင္းႏွင္လာေသာ ဆိုင္ကယ္တို႔ ေရွ႕ဆိုင္တိုက္မိျခင္း ျဖစ္သည္ဟု ဆိုသည္။

ယခုကဲ့သို႕ ယာဥ္တိုက္မႈ ျဖစ္ပြားျခင္းမွာ နံနက္ပိုင္းတြင္ ဆီးႏွင္းမ်ား အလြန္ထူထပ္စြာ က်ေနရာမွ တစ္ဘက္ႏွင့္ တစ္ဘက္ ေသခ်ာစြာ မျမင္ရရာမွ တိုက္မိျခင္း ျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာဆိုသည္။

ေတပါကားကို ေမာင္းႏွင္လာသူမွာ ေက်ာက္ျဖဴၿမိဳ႕နယ္ ဇင္ေခ်ာင္းေက်းရြာ အုပ္စု ကုန္ေဘြေက်းရြာမွ ေမာင္မိုးေက်ာ္(၂၃)ႏွစ္ ျဖစ္ျပီး ယခုအခါ ရဲက ဖမ္းဆီးထားသည္ဟု သိရသည္။

“ ကားေမာင္းသူ ကို ဖမ္းဆီးထားပါျပီး။ အမႈ ဖြင့္ေဆာင္ရြက္ထားပါျပီ” ဟု ဇင္ေခ်ာင္းရဲစခန္းမွ တာ၀န္က် ရဲအရာရွိက ေျပာၾကားသည္။

အမႈအား ေက်ာက္ျဖဴၿမိဳ႕နယ္ ရဲတပ္ဖြဲ႕စခန္းမ ွ(ပ)၈/၂၀၁၆၊ ျပစ္မႈပုဒ္မ-၃၀၄(က)ျဖင့္ ဖြင့္လွစ္ ထားေၾကာင္းသိရသည္။

ေက်ာ္၀င္း
Arakan State
https://www.facebook.com/NarinjaraNews
................


ကျောက်ဖြူ၊ ဖေဖော်ဝါရီ၂၁

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာ အနီးတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ခုနှစ် နာရီခန့်က ဆိုင်ကယ်နှင့် ကားတိုက်မှု ဖြစ်ပွားရာမှ ဆိုင်ကယ်မောင်းသူမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသူမှာ ကျောက်ဖြူမြို့နယ်၊ ချောင်းဖျားကျေးရွာ မှ မောင်အောင်ကျော်ထွန်း အသက်(၂၂)နှစ် ဖြစ်ပြီး ကားတိုက်ခံရမှုကြောင့် ဦးနှောက်ပါ အပြင်ပွင့်ထွက်သွားကာ ယင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း မျက်မြင်များက ပြောသည်။

ယာဉ်တိုက်မှုမှာ ဇင်ချောင်းကျေးရွာကြားနှင့် အလယ်ရွာသစ်ကြား ကားလမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး စနဲဘက်မှ ကျောက်ဖြူ သို့ မောင်းနှင်လာသော လုပ်ငန်းသုံး တေပါကားနှင့် စနဲဘက် သို့ မောင်းနှင်လာသော ဆိုင်ကယ်တို့ ရှေ့ဆိုင်တိုက်မိခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ယာဉ်တိုက်မှု ဖြစ်ပွားခြင်းမှာ နံနက်ပိုင်းတွင် ဆီးနှင်းများ အလွန်ထူထပ်စွာ ကျနေရာမှ တစ်ဘက်နှင့် တစ်ဘက် သေချာစွာ မမြင်ရရာမှ တိုက်မိခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

တေပါကားကို မောင်းနှင်လာသူမှာ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာ အုပ်စု ကုန်ဘွေကျေးရွာမှ မောင်မိုးကျော်(၂၃)နှစ် ဖြစ်ပြီး ယခုအခါ ရဲက ဖမ်းဆီးထားသည်ဟု သိရသည်။

“ ကားမောင်းသူ ကို ဖမ်းဆီးထားပါပြီး။ အမှု ဖွင့်ဆောင်ရွက်ထားပါပြီ” ဟု ဇင်ချောင်းရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

အမှုအား ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းမ ှ(ပ)၈/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၀၄(က)ဖြင့် ဖွင့်လှစ် ထားကြောင်းသိရသည်။

ကျော်ဝင်း
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)