အယ္နီညိဳ ရာသီဥတု အေရးႀကီးအဆို ကိုယ္စားလွယ္ ၁၄ ဦး စတင္ေဆြးေႏြး


ျပည္သူ႔လႊတ္ေတာ္တြင္ အေရးႀကီးအဆိုအျဖစ္ တင္သြင္းခဲ့သည့္ အယ္နီညိဳ ရာသီဥတုႏွင့္ ပတ္သက္၍ ယေန႔ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္ ကုိယ္စားလွယ္ ၁၄ ဦးက စတင္ေထာက္ခံ ေဆြးေႏြးခဲ့သည္။

“ မိုးေလဝသနဲ႔ ဇလေဗဒ ပညာရွင္မ်ား၏ တြက္ခ်က္မႈမ်ားအရ မၾကာေတာ့တဲ့ ကာလမွာ ျမန္မာႏိုင္ငံဟာ အယ္နီညိဳ အပူလိႈင္းဒဏ္ကို ခံၾကရေတာ့မွာ ျဖစ္ပါတယ္။ အပူဒဏ္ကို ကာကြယ္ရန္အလို႔ငွာ ျပည္သူမ်ားဟာလည္း လွ်ပ္စစ္ဓာတ္အားကို ပိုမိုသံုးစြဲလာၾကမွာ ျဖစ္ပါတယ္ ” ဟု ေရႊေတာင္ မဲဆႏၵနယ္ အမတ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚျမခြာညိဳဦးက ေဆြးေႏြးသည္။

ယင္းကဲ့သို႔ လွ်ပ္စစ္ဓာတ္အား ပိုမိုသံုးစြဲလာပါက ဝါယာေရွာ႔ေၾကာင့္ မီးေလာင္ကၽြမ္းမႈမ်ား မျဖစ္ေပၚေစရန္ လွ်ပ္စစ္ဝန္ႀကီးဌာန အေနျဖင့္ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္၍ ျပည္သူမ်ားအား အသိပညာေပးျခင္း ႏွင့္ အသိေပး ႏိႈးေဆာ္မႈမ်ားအား က်ယ္က်ယ္ျပန္႔ျပန္႔ ေဆာင္ရြက္ရန္ လိုအပ္ေၾကာင္းလည္း ၄င္းက ထပ္ေလာင္းေျပာသည္။

အယ္နီညိဳ ရာသီဥတု ျဖစ္ေပၚေစသည့္ အရင္းခံမ်ားျဖစ္ေသာ သစ္ေတာျပဳန္းတီးျခင္းႏွင့္ သဘာဝသယံဇာတ အလြန္အကၽြံ ထုတ္ယူျခင္းတို႔ ျဖစ္ေၾကာင္းလည္း ေရႊကူမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဇာနည္မင္းက ဆိုသည္။

“ လြန္ခဲ့တဲ့ ေလးငါးေျခာက္ႏွစ္ ေလာက္ကတည္းက တရားဥပေဒစိုးမိုးမႈ နည္းပါးခဲ့တဲ့အတြက္ တရားမဝင္သစ္ ထုတ္လုပ္မႈမ်ား ေဆာင္ရြက္လ်က္ရွိပါတယ္။ ၂၀၁၅ ခုႏွစ္ တစ္ႏွစ္တည္းမွာတင္ ကုဗတန္ ၆၈၄,၀၀၀ ေက်ာ္ ျပည္ပ ႏိုင္ငံကို တင္ပို႔ခဲ့ပါတယ္ ” ဟု ၄င္းကေျပာသည္။

ရာသီဥတု ခန္႔မွန္းပညာရွင္မ်ား၏ ေျပာဆိုခ်က္မ်ားကို အေလးမထားဘဲ ႀကိဳတင္ျပင္ဆင္မႈ အားနည္းခ်က္မ်ားေၾကာင့္ ျပည္သူမ်ား ေဘးဒုကၡ ပိုမိုခံစားရေၾကာင္းလည္း ေရႊျပည္သာမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဥာဏ္လင္းက ေဆြးေႏြးသည္။

“ ေဒါက္တာထြန္းလြင္က မုန္တိုင္းျပင္းထန္မယ္လို႔ ႀကိဳတင္ခန္႔မွန္း ထားေသာ္လည္း ႀကိဳတင္ျပင္ဆင္မႈ ေလ်ာ့နည္းခဲ့တဲ့ အတြက္ေၾကာင့္ နာဂစ္မုန္တိုင္းမွာ ပ်က္စီးဆံုး႐ႈံးမႈ မ်ားျပားခဲ့ၿပီး လူဦးေရ တစ္သိန္းေက်ာ္အထိ ေသဆံုးခဲ့ပါတယ္။ ႏိုင္ငံေတာ္အစိုးရအေနနဲ႔ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ထားပါတယ္လို႔ ယံုၾကည္ခဲ့ေသာ္လည္း သဘာဝ ေဘးအႏၱရာယ္ကို ေလွ်ာ့တြက္ၿပီး ႀကိဳတင္ျပင္ဆင္မႈေတြ အားနည္းခဲ့ပါတယ္ ” ဟု ၄င္းကေထာက္ျပ ေျပာဆိုသည္။

သစ္ေတာျပဳန္းတီးပါက ေႏြရာသီတြင္ ေရရွား၍ မိုးရာသီတြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္လာႏိုင္ၿပီး ယခင္ႏွစ္မ်ားထက္ ပိုမိုဆိုးရြားလာႏိုင္ေၾကာင္း ပညာရွင္မ်ား သံုးသပ္ထားသည္ဟု ရပ္ေစာက္မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္က ဆိုသည္။

“မိုးေခါင္ေရရွားျခင္း၊ ေန႔လယ္ေန႔ခင္း အပူခ်ိန္ျမင့္တက္ျခင္း၊ ေရအရင္းအျမစ္မ်ားခန္းေျခာက္မႈ ဆံုး႐ႈံးမႈမ်ား ရွိလာႏိုင္သည့္အတြက္ ပညာရွင္မ်ားႏွင့္ တိုင္ပင္ညွိႏိႈင္းၿပီး ေသေသခ်ာခ်ာ စီမံေဆာင္ရြက္ သင့္ပါတယ္ ” ဟု ၄င္းက ေျပာသည္။

ယင္းအဆိုအား ေဆြးေႏြးလိုေသာ ကိုယ္စားလွယ္ အမည္စာရင္း ၂၂ ဦးတင္သြင္းထားၿပီး ယေန႔အစည္းအေဝး တြင္ ၁၄ ဦးသာ ေဆြးေႏြးကာ က်န္ကိုယ္စားလွယ္မ်ား ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔တြင္ ဆက္လက္ေဆြးေႏြးရန္ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ ဦးဝင္းျမင့္က ေျပာသည္။

သတင္း - ကိုေပါက္
ဓာတ္ပုံ - စမ္းေရၾကည္
The Ladies News
https://www.facebook.com/News.TheLadies/

........................................................


ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့သည့် အယ်နီညို ရာသီဥတုနှင့် ပတ်သက်၍ ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ၁၄ ဦးက စတင်ထောက်ခံ ဆွေးနွေးခဲ့သည်။

“ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင်များ၏ တွက်ချက်မှုများအရ မကြာတော့တဲ့ ကာလမှာ မြန်မာနိုင်ငံဟာ အယ်နီညို အပူလှိုင်းဒဏ်ကို ခံကြရတော့မှာ ဖြစ်ပါတယ်။ အပူဒဏ်ကို ကာကွယ်ရန်အလို့ငှာ ပြည်သူများဟာလည်း လျှပ်စစ်ဓာတ်အားကို ပိုမိုသုံးစွဲလာကြမှာ ဖြစ်ပါတယ် ” ဟု ရွှေတောင် မဲဆန္ဒနယ် အမတ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြခွာညိုဦးက ဆွေးနွေးသည်။

ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲလာပါက ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုများ မဖြစ်ပေါ်စေရန် လျှပ်စစ်ဝန်ကြီးဌာန အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်၍ ပြည်သူများအား အသိပညာပေးခြင်း နှင့် အသိပေး နှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၄င်းက ထပ်လောင်းပြောသည်။

အယ်နီညို ရာသီဥတု ဖြစ်ပေါ်စေသည့် အရင်းခံများဖြစ်သော သစ်တောပြုန်းတီးခြင်းနှင့် သဘာဝသယံဇာတ အလွန်အကျွံ ထုတ်ယူခြင်းတို့ ဖြစ်ကြောင်းလည်း ရွှေကူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇာနည်မင်းက ဆိုသည်။

“ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ် လောက်ကတည်းက တရားဥပဒေစိုးမိုးမှု နည်းပါးခဲ့တဲ့အတွက် တရားမဝင်သစ် ထုတ်လုပ်မှုများ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၅ ခုနှစ် တစ်နှစ်တည်းမှာတင် ကုဗတန် ၆၈၄,၀၀၀ ကျော် ပြည်ပ နိုင်ငံကို တင်ပို့ခဲ့ပါတယ် ” ဟု ၄င်းကပြောသည်။

ရာသီဥတု ခန့်မှန်းပညာရှင်များ၏ ပြောဆိုချက်များကို အလေးမထားဘဲ ကြိုတင်ပြင်ဆင်မှု အားနည်းချက်များကြောင့် ပြည်သူများ ဘေးဒုက္ခ ပိုမိုခံစားရကြောင်းလည်း ရွှေပြည်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းက ဆွေးနွေးသည်။

“ ဒေါက်တာထွန်းလွင်က မုန်တိုင်းပြင်းထန်မယ်လို့ ကြိုတင်ခန့်မှန်း ထားသော်လည်း ကြိုတင်ပြင်ဆင်မှု လျော့နည်းခဲ့တဲ့ အတွက်ကြောင့် နာဂစ်မုန်တိုင်းမှာ ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပြီး လူဦးရေ တစ်သိန်းကျော်အထိ သေဆုံးခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်လို့ ယုံကြည်ခဲ့သော်လည်း သဘာဝ ဘေးအန္တရာယ်ကို လျှော့တွက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ အားနည်းခဲ့ပါတယ် ” ဟု ၄င်းကထောက်ပြ ပြောဆိုသည်။

သစ်တောပြုန်းတီးပါက နွေရာသီတွင် ရေရှား၍ မိုးရာသီတွင် ရေကြီးရေလျှံမှုများ ဖြစ်လာနိုင်ပြီး ယခင်နှစ်များထက် ပိုမိုဆိုးရွားလာနိုင်ကြောင်း ပညာရှင်များ သုံးသပ်ထားသည်ဟု ရပ်စောက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ဆိုသည်။

“မိုးခေါင်ရေရှားခြင်း၊ နေ့လယ်နေ့ခင်း အပူချိန်မြင့်တက်ခြင်း၊ ရေအရင်းအမြစ်များခန်းခြောက်မှု ဆုံးရှုံးမှုများ ရှိလာနိုင်သည့်အတွက် ပညာရှင်များနှင့် တိုင်ပင်ညှိနှိုင်းပြီး သေသေချာချာ စီမံဆောင်ရွက် သင့်ပါတယ် ” ဟု ၄င်းက ပြောသည်။

ယင်းအဆိုအား ဆွေးနွေးလိုသော ကိုယ်စားလှယ် အမည်စာရင်း ၂၂ ဦးတင်သွင်းထားပြီး ယနေ့အစည်းအဝေး တွင် ၁၄ ဦးသာ ဆွေးနွေးကာ ကျန်ကိုယ်စားလှယ်များ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ဆက်လက်ဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။

သတင်း - ကိုပေါက်
ဓာတ်ပုံ - စမ်းရေကြည်
The Ladies News
https://www.facebook.com/News.TheLadies/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)