အေျခခံအုပ္ခ်ဳပ္ေရးက႑ ထိန္းေက်ာင္းေဆာင္ရြက္မည္ဟု မေကြးတုိင္း လႊတ္ေတာ္ဥကၠဌ ေျပာၾကား


မေကြးတုိင္းေဒသႀကီး လႊတ္ေတာ္ဥကၠဌ ဦးတာသည့္္ ဌာနဆုိင္ရာေပါင္း ၃၆ ခုႏွင့္ ပထမဆုံး ေတြ႔ဆုံပြဲကုိ မင္းဘူးခရုိင္ စလင္းၿမိဳ႕နယ္တြင္ ေဖေဖာ္၀ါရီလ ၁၅ ရက္ေန႔ကျပဳလုပ္ရာတြင္ အေျခခံအုပ္ခ်ဳပ္ေရးစနစ္၌ အေရးႀကီးေသာ ရပ္ေက်း/ေထြအုပ္ စာေရးမ်ား ၀န္ထမ္းစည္းကမ္းမ်ားကုိ အဓိကခ်ဳိးေဖာက္ေနမႈကုိ လုံး၀လက္ခံႏုိင္စရာမရွိေၾကာင္း ေျပာၾကားသည္။

ရပ္ေက်းအုပ္ခ်ဳပ္ေရး အတြင္းေရးမွဴးအျဖစ္ ေဆာင္ရြက္ရသည့္ ရပ္ေက်းစာေရးမ်ားမွာ တာ၀န္က်ရာအရပ္ေဒသတြင္ သြားေရာက္ေနထုိင္ျခင္းမရွိဟု ၎က ေျပာဆုိသည္။ ထုိ႔ျပင္ ေရြးေကာက္ပြဲဆုိင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားကုိလည္း ခ်ဳိးေဖာက္မႈမ်ားရွိၿပီး ရပ္ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားသည္လည္း ျပည္သူတကယ္ႀကိဳက္ေသာ အုပ္ခ်ဳပ္ေရးမွဴးမ်ားျဖစ္ရန္ လုိအပ္ေသာေၾကာင့္ အေျခခံအုပ္ခ်ဳပ္ေရးက႑မွစတင္ၿပီး ထိန္းေက်ာင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။

‘’ကၽြန္ေတာ္တုိ႔ပါတီအေနနဲ႔ ျပည္သူက တကယ္ေျပာင္းလဲဖုိ႔ ေရြးခ်ယ္ေပးလုိက္တဲ့အတြက္ ျပည္သူေတြလုိအပ္တဲ့ က႑တုိင္းကုိ ျဖည့္ဆည္းေဆာင္ရြက္ေပးသြားပါမယ္။ ပညာေရးနဲ႔ပတ္သက္ၿပီး အားနည္းခ်က္ေတြ ေတြ႔ေနရပါတယ္။ အေျခခံအေဆာက္အအံုေတြ ေဆာက္တာကုိက စိစစ္မႈေတြ အားနည္းေနပါတယ္။ အရည္အေသြးမျပည့္တာေတြ ေတြ႔ရပါတယ္။ အရည္အေသြးက ေတာ္ေတာ္ညံ့ပါတယ္။‘’ဟု လႊတ္ေတာ္ဥကၠဌက သုံးသပ္ေျပာဆုိသည္။

အေျခခံအုပ္ခ်ဳပ္ေရး က႑ႏွင့္ပတ္သတ္၍ အားနည္းခ်က္မ်ားကုိ သက္ဆုိင္ရာဌာနမ်ားက အေရးယူေဆာင္ရြက္ရန္ လုိအပ္သလုိ တုိ္င္းျပည္အတြက္ မနစ္နာေစရန္ စည္းကမ္းတက် လုပ္ေဆာင္သြားရန္ လုိအပ္ေၾကာင္း လႊတ္ေတာ္ဥကၠဌ ဦးတာက ေျပာၾကားသည္။ ထုိသုိ႔ လုပ္ကုိင္ေဆာင္ရြက္ျခင္းမရွိပါက သက္ဆုိင္ရာ တုိင္းေဒသႀကီးဌာနဆုိင္ရာအႀကီးအကဲမ်ားမွတဆင့္ လုပ္ေဆာင္ေပးရန္ ေျပာဆုိသြားမည္ဟု ဆုိသည္။

ေစာေက်ာ္၀င္း
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal/
.................


မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတာသည့်် ဌာနဆိုင်ရာပေါင်း ၃၆ ခုနှင့် ပထမဆုံး တွေ့ဆုံပွဲကို မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကပြုလုပ်ရာတွင် အခြေခံအုပ်ချုပ်ရေးစနစ်၌ အရေးကြီးသော ရပ်ကျေး/ထွေအုပ် စာရေးများ ၀န်ထမ်းစည်းကမ်းများကို အဓိကချိုးဖောက်နေမှုကို လုံးဝလက်ခံနိုင်စရာမရှိကြောင်း ပြောကြားသည်။

ရပ်ကျေးအုပ်ချုပ်ရေး အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရသည့် ရပ်ကျေးစာရေးများမှာ တာဝန်ကျရာအရပ်ဒေသတွင် သွားရောက်နေထိုင်ခြင်းမရှိဟု ၎င်းက ပြောဆိုသည်။ ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်း ချိုးဖောက်မှုများရှိပြီး ရပ်ကျေး အုပ်ချုပ်ရေးမှူးများသည်လည်း ပြည်သူတကယ်ကြိုက်သော အုပ်ချုပ်ရေးမှူးများဖြစ်ရန် လိုအပ်သောကြောင့် အခြေခံအုပ်ချုပ်ရေးကဏ္ဍမှစတင်ပြီး ထိန်းကျောင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

‘’ကျွန်တော်တို့ပါတီအနေနဲ့ ပြည်သူက တကယ်ပြောင်းလဲဖို့ ရွေးချယ်ပေးလိုက်တဲ့အတွက် ပြည်သူတွေလိုအပ်တဲ့ ကဏ္ဍတိုင်းကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားပါမယ်။ ပညာရေးနဲ့ပတ်သက်ပြီး အားနည်းချက်တွေ တွေ့နေရပါတယ်။ အခြေခံအဆောက်အအုံတွေ ဆောက်တာကိုက စိစစ်မှုတွေ အားနည်းနေပါတယ်။ အရည်အသွေးမပြည့်တာတွေ တွေ့ရပါတယ်။ အရည်အသွေးက တော်တော်ညံ့ပါတယ်။‘’ဟု လွှတ်တော်ဥက္ကဌက သုံးသပ်ပြောဆိုသည်။

အခြေခံအုပ်ချုပ်ရေး ကဏ္ဍနှင့်ပတ်သတ်၍ အားနည်းချက်များကို သက်ဆိုင်ရာဌာနများက အရေးယူဆောင်ရွက်ရန် လိုအပ်သလို တို်င်းပြည်အတွက် မနစ်နာစေရန် စည်းကမ်းတကျ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း လွှတ်တော်ဥက္ကဌ ဦးတာက ပြောကြားသည်။ ထိုသို့ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများမှတဆင့် လုပ်ဆောင်ပေးရန် ပြောဆိုသွားမည်ဟု ဆိုသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)