စစ္ေဆးေရးအဖြဲ႔ ျပန္ၿပီးေနာက္ ပိုင္း ေက်ာက္ေတြ မနားတမ္းသယ္ယူ

ဖားကန္႔ၿမိဳ႕နယ္ လံုးခင္းေက်းရြာအုပ္စု ဆန္ခါေက်းရြာအနီးက ေမွာ္ပံုေတာင္ေၾကာမွာ ကုမၸဏီေတြကဝွက္ထားတဲ့ ေက်ာက္ တူးေဖာ္ေရးလုပ္ငန္းမွာအသံုးျပဳတဲ႔ စက္ယႏၱရားမ်ားကို ေတြ႔ရစဥ္ ။ Photo: Ko Tin Hlaing
ဖားကန္႔ ေက်ာက္စိမ္းတူးေဖၚေရးေဒသမွာ အစိုးရစစ္ေဆးေရးအဖြဲ႔က ၿပီးခဲ႔တဲ႔လအတြင္း ေက်ာက္တူးကုမၸဏီေတြ ရဲ႕ ေမာ္ေတာ္ယာဥ္နဲ႔ စက္ယႏၱယားေတြကို စစ္ေဆးၿပီးျပန္သြား တဲ႔ ေနာက္ပိုင္း ကုမၸဏီေတြက အင္အားအျပည့္နဲ႔ စက္ယႏၱယားေတြကိုအသံုးျပဳၿပီး ေက်ာက္မ်ားကို ဆက္လက္ထုတ္လုပ္ေနၾကတယ္လို႔ ဖားကန္႔ေဒသခံေတြက RFA ကိုေျပာပါတယ္။

ၿပီးခဲ႔တဲ႔လ တတိယအပတ္အတြင္း ေနျပည္ေတာ္က ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးေခါင္းေဆာင္တဲ့ အဖြဲ႔ဝင္ေတြ ဖားကန္႔ကို ေရာက္ရွိလာၿပီး စစ္ေဆးေနခ်ိန္ မွာ ေက်ာက္ကုမၸဏီေတြက အသံုးျပဳတဲ့ ကားေတြ သံုးပံုတစ္ပံုခန္႔ ေလ်ာ႔က် သြားၿပီး တခ်ိဳ႕ကားေတြကို ဖြက္ထားတယ္ဆိုတဲ့ သတင္းေတြထြက္ေပၚခဲ့ပါတယ္။  ဖားကန္႔ေဒသခံ ကိုဝင္းကိုက အခုလိုေျပာပါတယ္။

"စစ္ေဆးေနတဲ့အခ်ိန္တုန္းကေတာ့ ကားကအစီး ၂ဝဝ ေလာက္နဲ႔လည္ပတ္ေနတယ္၊ အခုစစ္ေဆးၿပီးေတာ့ စစ္ေဆးေရးအဖြဲ႔ဆိုတဲ့ ျပည္ထဲေရးဝန္ႀကီးတို႔ ဘာတို႔ ျပန္သြားတဲ့ အခ်ိန္ ေနာက္ပိုင္းကေတာ့ ဖြတ္ထားတဲ့ အစီးေတြ ျပန္ထုတ္ၿပီး ေလး ငါးရာနဲ႔ ျပန္လည္ပတ္ေနၾကတာေပါ့၊ အဲဗားဝင္းနားတို႔ ကုမၸဏီႀကီးေတြက်ေတာ့ သူတို႔ရဲ႕ လုပ္ပိုင္ခြင့္ရွိတဲ့ အခ်ိန္ေလးကို က်န္ေနတဲ့ကာလေလး ဆက္ၿပီးေတာ့ ယႏၱယားအျပည့္အဝနဲ႔ လုပ္ၾကတာေပါ့၊ ႏိုင္ငံေရးပါတီတို႔ က်ေနာ္တို႔ အရပ္ဘက္အဖြဲ႔အစည္း အသီးသီးကေတာ့ ဒါေတြကို မွတ္တမ္းျပဳစုတာေပါ့"

အခုအခါမွာ ေက်ာက္ကုမၸဏီမ်ားအေနနဲ႔ အင္အားအျပည့္နဲ႔ ေက်ာက္စိမ္းမ်ားကုိ ၂၄ နာရီ မျပတ္ထုတ္လုပ္လ်က္ရွိၿပီး ေျမစာ မ်ားကိုသယ္တဲ့ ယာဥ္ေမာင္းမ်ားအေနနဲ႔ ထမင္းကိုေတာင္ ကားေပၚကမဆင္းပဲ စားေနၾကရတယ္လို႔ ကုမၸဏီမ်ားနဲ႔ နီးစပ္သူေတြက ေျပာပါတယ္။ ေဒသခံေတြအေနနဲ႔က ေက်ာက္မ်ားကို အထိန္းအကြပ္မဲ့ ထုတ္လုပ္တာေတြကို မလိုလားေၾကာင္း ေျပာေနပါတယ္။

RFA Burmese
http://www.rfa.org/burmese
...........
 ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီးက မှော်ပုံတောင်ကြောမှာ ကုမ္ပဏီတွေကဝှက်ထားတဲ့ ကျောက် တူးဖော်ရေးလုပ်ငန်းမှာအသုံးပြုတဲ့ စက်ယန္တရားများကို တွေ့ရစဉ် ။ Photo: Ko Tin Hlaing
ဖားကန့် ကျောက်စိမ်းတူးဖေါ်ရေးဒေသမှာ အစိုးရစစ်ဆေးရေးအဖွဲ့က ပြီးခဲ့တဲ့လအတွင်း ကျောက်တူးကုမ္ပဏီတွေ ရဲ့ မော်တော်ယာဉ်နဲ့ စက်ယန္တယားတွေကို စစ်ဆေးပြီးပြန်သွား တဲ့ နောက်ပိုင်း ကုမ္ပဏီတွေက အင်အားအပြည့်နဲ့ စက်ယန္တယားတွေကိုအသုံးပြုပြီး ကျောက်များကို ဆက်လက်ထုတ်လုပ်နေကြတယ်လို့ ဖားကန့်ဒေသခံတွေက RFA ကိုပြောပါတယ်။

ပြီးခဲ့တဲ့လ တတိယအပတ်အတွင်း နေပြည်တော်က ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးခေါင်းဆောင်တဲ့ အဖွဲ့ဝင်တွေ ဖားကန့်ကို ရောက်ရှိလာပြီး စစ်ဆေးနေချိန် မှာ ကျောက်ကုမ္ပဏီတွေက အသုံးပြုတဲ့ ကားတွေ သုံးပုံတစ်ပုံခန့် လျော့ကျ သွားပြီး တချို့ကားတွေကို ဖွက်ထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။  ဖားကန့်ဒေသခံ ကိုဝင်းကိုက အခုလိုပြောပါတယ်။

"စစ်ဆေးနေတဲ့အချိန်တုန်းကတော့ ကားကအစီး ၂ဝဝ လောက်နဲ့လည်ပတ်နေတယ်၊ အခုစစ်ဆေးပြီးတော့ စစ်ဆေးရေးအဖွဲ့ဆိုတဲ့ ပြည်ထဲရေးဝန်ကြီးတို့ ဘာတို့ ပြန်သွားတဲ့ အချိန် နောက်ပိုင်းကတော့ ဖွတ်ထားတဲ့ အစီးတွေ ပြန်ထုတ်ပြီး လေး ငါးရာနဲ့ ပြန်လည်ပတ်နေကြတာပေါ့၊ အဲဗားဝင်းနားတို့ ကုမ္ပဏီကြီးတွေကျတော့ သူတို့ရဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ အချိန်လေးကို ကျန်နေတဲ့ကာလလေး ဆက်ပြီးတော့ ယန္တယားအပြည့်အဝနဲ့ လုပ်ကြတာပေါ့၊ နိုင်ငံရေးပါတီတို့ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်း အသီးသီးကတော့ ဒါတွေကို မှတ်တမ်းပြုစုတာပေါ့"

အခုအခါမှာ ကျောက်ကုမ္ပဏီများအနေနဲ့ အင်အားအပြည့်နဲ့ ကျောက်စိမ်းများကို ၂၄ နာရီ မပြတ်ထုတ်လုပ်လျက်ရှိပြီး မြေစာ များကိုသယ်တဲ့ ယာဉ်မောင်းများအနေနဲ့ ထမင်းကိုတောင် ကားပေါ်ကမဆင်းပဲ စားနေကြရတယ်လို့ ကုမ္ပဏီများနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒေသခံတွေအနေနဲ့က ကျောက်များကို အထိန်းအကွပ်မဲ့ ထုတ်လုပ်တာတွေကို မလိုလားကြောင်း ပြောနေပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)