ဖိနပ္အေဟာင္း ရဖို႔ အတြက္ ေသနတ္ေျပာင္း၀ေရွ႕ သူတုိ႔ကို ေနာက္တစ္ခါ ျပန္မေရာက္ေစခ်င္ေတာ့ပါဘူး(မင္းကိုႏိုင္)


ရွမ္းျပည္ ေျမာက္ပုိင္း ေက်ာက္မဲ ေဒသအတြင္းမွာ ရွိတဲ့ စစ္ပြဲေတြ အဲဒီက ထြက္ေျပးလာခဲ့ရတဲ့ ဒုကၡသည္
စခန္းေတြကို ကၽြန္ေတာ္ ေရာက္ခဲ့ပါတယ္။ ထုံးစံအတုိင္း ကေလးနဲ႔ မိန္းမေတြက အမ်ားစု ျဖစ္ေနတယ္။ သူတုိ႔ ေျပးခဲ့ရတဲ့ ခရီးဟာ အနည္းဆုံး၊ အနီးဆုံး ရြာက မုိင္ ၃၀ ေလာက္ ရွိတယ္။ က်န္တာေတြက သူ႔ထက္ ပုိေ၀းတာေပါ့။ မုိင္ ေလးငါးေျခာက္ဆယ္။
.
အမ်ားစုက ေတာ့ဆမ္အုပ္စု၊ မင္းကုန္းအုပ္စု၊ ပန္္စမ္ အုပ္စု၊ အဲဒီလို ေက်းရြာအုပ္စုေပါင္း မ်ားစြာကေန ေျပးလာ ခဲ့ရတယ္။ အခု ကၽြန္ေတာ္ ေရာက္တဲ့ အခ်ိန္ထိေတာ့ လူဦးေရ သုံးေထာင္ေက်ာ္ေလာက္ ရွိေနပါၿပီ။
ဒီမွာ ထူးျခားခ်က္ကေတာ့ အထက္တန္း ေက်ာင္းသား ေက်ာင္းသူေတြ ေတာ္ေတာ္မ်ားမ်ား ပါလာတယ္။
ကေလးေတြက စာေမးပြဲေျဖတဲ့ရက္ဆုိေတာ့ မူလတန္း၊ အလယ္တန္းေတြကလည္း ေတာ္ေတာ္ မ်ားတယ္။
စာေမးပြဲရက္ ျဖစ္ေနတဲ့အခါက်ေတာ့ သူတုိ႔က အသက္လု ေျပးလာၾကေတာ့ တခ်ဳိ႕ဆုိရင္
လြယ္အိတ္ေတာင္ မပါၾကဘူး။
.
ေက်ာင္းသား တစ္ေယာက္က စာေမးပြဲေျဖဖုိ႔ အနီးကပ္တဲ့ ရက္ေတြမွာ သူ႔ရဲ႕ ကုိင္တြယ္ သုံးစြဲရမယ့္ အရာ၊ သူတို႔နဲ႔ အတူ တုိက္ပြဲ၀င္ရမယ့္ အရာဟာ လြယ္အိတ္နဲ႔ စာအုပ္ေတြပါပဲ။
အဲဒါ မပါဘူးဆုိရင္ေတာ့ စစ္ေျမျပင္ကို ရဲေဘာ္တစ္ေယာက္က လက္ဗလာနဲ႔ ၀င္ရမလို ျဖစ္ေနပါတယ္။
ဒီအတြက္ ကၽြန္ေတာ္တုိ႔ သိပ္စုိးရိမ္တာပဲ။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ေတာ့ ေက်ာင္းသုံးစာအုပ္ေတြနဲ႔ သူတုိ႔
စာေမးပြဲ ဆုိတဲ့ တုိက္ပြဲကို ၀င္ၾကဖုိ႔ ၀ုိင္းျဖည့္ဖုိ႔အတြက္ နယ္ခံေတြနဲ႔ ႀကိဳးစားေနတယ္။
.
သူတုိ႔မွာ ယူနီေဖာင္းလည္း မရွိၾကဘူး။ ဘာေၾကာင့္ဆုိ ဒေရာေသာပါး ထေျပးလာၾကတာ ဆုိေတာ့
လြယ္အိတ္က အစ အျဖဴအစိမ္းေတြပါ ၀ယ္ေပးၾကရလိမ့္မယ္။သူတုိ႔ ေက်ာင္းအုပ္ဆရာမႀကီး အပါအ၀င္
ေက်ာင္းဆရာ၊ ဆရာမေတြလည္း လုိက္လာၾကတယ္။
ဒီဘုရား ကုန္းေပၚမွာပဲ ဇရပ္ေပၚမွာ ဘုရားရင္ျပင္ေပၚေတြမွာ စာေတြ သင္ေပးေနတယ္။
စာေတြ က်က္ေနၾကတယ္။
.
ဒီကေလးေတြကို ေသေသခ်ာခ်ာ ေျပာခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔ ေရာက္တဲ့ ရည္ရြယ္ခ်က္ကလည္း
တတ္ႏုိင္ သမွ် ေထာက္ပံ့ ကူညီဖုိ႔ရယ္၊ သူတုိ႔ကို စိတ္ဓာတ္ေရးရာအရ အားေပးဖို႔ရယ္ အဲဒီအတြက္
ေရာက္လာၾကတာပဲ။
သူတုိ႔ကေတာ့ ေတာ္ေတာ္ႀကီးကို ေခ်ာက္ခ်ားေနၾကတယ္။ အသက္ေဘးက လြတ္ေအာင္ ေျပးရတာလည္း ပါတယ္။ ေနာက္တစ္ခုက ေက်ာင္းသားဆုိတာ စာေမးပြဲ ေအာင္ခ်င္တာလည္း ပါတာေပါ့။ သူတုိ႔ စာေမးပြဲကို ရင္ဆုိင္ရမယ့္ အေနအထားက်ေတာ့ မျပည့္မစုံနဲ႔။
တဖက္ကလည္း အိမ္မက္ဆုိးႀကီးထဲကေန ၿပီးေတာ့ ေျခေထာက္တစ္ဖက္ က်န္ေသးသလုိ ျဖစ္ေနတယ္။
ဒါေၾကာင့္ သူတုိ႔ မနည္း ႐ုန္းကန္ၿပီးေတာ့ ရင္ဆုိင္ရမယ့္ စာေမးပြဲ။
.
ကၽြန္ေတာ္တုိ႔ သူတုိ႔ကို စိတ္ဓာတ္ေရးရာအရ အားေပးဖို႔ အတြက္ ေနာက္ဆုံး တစ္ခုကေတာ့ စစ္ပြဲကုိ ၿပီးဆုံးေအာင္ ေမတၱာရပ္ခံဖို႔၊ အားလုံးကို တုိက္တြန္းၾကဖို႔ ကၽြန္ေတာ္တုိ႔ အလုပ္ သုံးလုပ္ကုိ တစ္ၿပိဳင္နက္
လုပ္ၾကရမွာပါ။
ဒီမွာ ေရာက္ေနတဲ့ အထဲမွာ တခ်ဳိ႕ဆုိ မုိင္းထိသြားလို႔ ရြာသားသုံးေယာက္ကို ေနာက္ဆုံးေတာ့ မႏၲေလးအထိ ပုိ႔လုိက္ရတာေတြမ်ဳိးေတြ ရွိတယ္။
.
တခ်ဳိ႕ ရြာေတြမွာ တုိက္ပြဲၾကားထဲမွာ ပိတ္မိေနေသးတာေတြ ရွိေနေသးတယ္။ အဲဒီ ပိတ္မိေနတဲ့သူေတြအတြက္လည္း အားလုံး စိုးရိမ္ေနၾကတယ္။ သူတုိ႔ကို ဘယ္လို ကယ္တင္ရမလဲဆုိတဲ့ နည္းလမ္းေတြလည္း
ကၽြန္ေတာ္တုိ႔ ရွာေဖြေနပါတယ္။
.
ဇာလီေတာင္ရြာက အဘြားနာမည္က ေဒၚခမ္းေအာင္ အသက္က ၇၅ ႏွစ္ ထမင္း မစားရတာ ၈ ရက္ ရွိၿပီ။
ဒီေန႔က်မွ ထမင္း စစားရၿပီးေတာ့ စကားေျပာႏုိင္တယ္။
.
ေနာက္တစ္ခါ စာပို႔ရြာက ၃ တန္း ေက်ာင္းသူေလးနဲ႔ ေတြ႕ရေသးတယ္။ သူက သူ႔စာေမးပြဲအတြက္ပဲ ေမး
ေနတယ္။ ဆရာမကလည္း မေန႔က တုိက္ပြဲျဖစ္တဲ့ ေနရာကေန ဘယ္ေရာက္သြားမွန္းမသိဘူး။
သူတုိ႔ကေတာ့ ေက်ာက္မဲ ခ႐ုိင္ မုိင္းတင္းဆုိတဲ့ ရြာ ဒုကၡသည္စခန္းမွာေရာက္ေနၾကတာ။ အမ်ားစုဟာ စစ္ပြဲကေန ထြက္ေျပးလာၾကတဲ့အခါမွာ ညဘက္မွာ ေျမာင္းေတြထဲမွာလည္း
အိပ္ခဲ့ရတယ္။ ထူးျခားတာကေတာ့ ေညာင္ပင္လွရြာက ကိုယ္၀န္ အရင့္အမာနဲ႔ ကိုယ္၀န္သည္ ႏွစ္ေယာက္ဆုိရင္ တုိက္တုိက္ဆုိင္ဆုိင္ ကိုယ္၀န္အရင့္အမာႀကီးနဲ႔ ေျပးလႊားရင္း ကံအားေလ်ာ္စြာပဲ ေဖေဖာ္၀ါရီ
၁၃ ရက္မွာ စစ္ေျပးလာတဲ့ၾကားက ကေလး ႏွစ္ေယာက္ကို ေမြးတယ္။
ကူညီတဲ့သူေတြက ဗုိလ္ခ်ဳပ္ ေအာင္ဆန္း ေမြးေန႔ပဲလုိ႔ ေျပာၾကတဲ့အခါမွာ ကေလး အေမေတြက ေျပာတယ္။
အဲဒါဆုိလည္း သူတုိ႔ကေလးေတြ ဗုိလ္ခ်ဳပ္ ေမြးေန႔မွာ ေမြးတဲ့ ကေလးေတြ ဗုိလ္ခ်ဳပ္လုိပဲ ျပည္ေထာင္စုႀကီးကို အားလုံးကို စည္း႐ုံးေအာင္ လုပ္ႏုိင္ပါေစတဲ့။
အခုေတာ့ သူတုိ႔ဘ၀ေတြက အသက္ေဘးက လုေျပးေနရတာျဖစ္တဲ့အတြက္ ဒီေန႔ ေမြးတဲ့ ကေလးကို
အမွတ္တရနဲ႔ အားကိုးတႀကီး ေမွ်ာ္လင့္ၾကပါတယ္။
.
စစ္ပြဲ အတြင္းမွာ ပိတ္မိေနတဲ့ ေညာင္ေမာင္းရြာသားေတြ ရွိေနေသးတယ္။ ဒီစာကို ေရးေနစဥ္မွာပဲ ေက်ာက္မဲၿမိဳ႕နယ္ ပန္မူးရြာကေန စစ္ေဘးက ေျပးလာတဲ့ ဒုကၡသည္ကေလးအမ်ားစု ပါလာတဲ့ ေထာ္လာဂ်ီ
 ေမွာက္ၿပီးေတာ့ ကေလးငယ္သုံးဦးနဲ႔ ဘုန္းႀကီးတစ္ပါး ပြဲခ်င္းၿပီး ဆုံးသြားတယ္။ ကား
ဘာလုိ႔ ေမွာက္ရလဲဆု္ိေတာ့ မီးထြန္းေမာင္းရင္ အပစ္ခံရမွာစိုးလုိ႔ မီးပိတ္ေမာင္းရာကေန ကားတိမ္းေမွာက္တာျဖစ္တယ္လုိ႔ ဆုိတယ္။
.
ဒီမွာ ဒုကၡသည္ေပါင္း စခန္းေပါင္း ၁၅ ခု ရွိတဲ့ ေနရာကို ကၽြန္ေတာ္တုိ႔ တစ္ခုၿပီးတစ္ခု သြားၾကရဦးမွာပါ။
ဒီည ကၽြန္ေတာ္တုိ႔ ေက်ာက္မဲမွာပဲ အိပ္ၾကမယ္။ ဒုကၡသည္္စခန္းမွာ လက္လွမ္းမီသမွ် လိုက္ၿပီးေတာ့
အားေပးမယ္။
လုိအပ္ခ်က္ေတြကို စာရင္းျပဳစုၿပီးေတာ့ လူေတြ ျဖန္႔ၿပီး တာ၀န္ခြဲၾကရပါလိမ့္မယ္။ အဓိက ကေတာ့ စာေမးပြဲ
ေျဖဖို႔ေရာ၊ အသက္ေဘးလုၿပီးေတာ့ ေျပးလာခဲ့ရတဲ့ ကေလးေတြ ေသြးပ်က္ေနတာနဲ႔ ပတ္သက္ၿပီးေတာ့
ကၽြန္ေတာ္တုိ႔ကေတာ့ ၾကင္နာမႈမ်ားကို တတ္ႏုိင္သမွ် အားလုံး ကိုယ္စား ေပးခဲ့ပါတယ္။ မင္းတုိ႔ခ်ည္းပဲ
မဟုတ္ဘူးလုိ႔ ျပည္ေထာင္စု တစ္ခုလုံးက အားလုံးက မင္းတုိ႔ကို စာနာစိတ္နဲ႔ စုိးရိမ္ပူပန္ေနၾကတယ္။
 ေမတၱာတရားေတြ ပုိ႔ၾကတယ္။ မင္းတုိ႔ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းဖုိ႔အတြက္ နားစြင့္ ေနပါတယ္။ တုိ႔ေတြ အားလုံးက ျပန္ေျပာေပးပါ့မယ္။ အျမန္ဆုံးနည္းနဲ႔ ျပန္ေျပာေပးၿပီးေတာ့ သူတုိ႔ရဲ႕ ကူညီမႈ ေတြကို အျမန္ဆုံး ေရာက္ေအာင္ ျပန္ပို႔ေပးမယ္လို႔ ေျပာပါတယ္။

အဲဒီေတာ့ သူတုိ႔က သူတုိ႔တစ္ေယာက္တည္း မဟုတ္ဘူး အားလုံးက ျပည္ေထာင္စု တစ္ခုလုံးက
သူတုိ႔အေပၚ စာနာ ေထာက္ထားတယ္ ဆုိတဲ့ အခါမွာလည္း အားလုံးက ေမာ့ၾကည့္ၿပီးေတာ့
မ်က္လုံးေလးေတြ ၀ိုင္းသြားတယ္။
ဟုတ္ရဲ႕လားဆုိတဲ့ အၾကည့္ေတြ ျပန္ၾကည့္ၾကပါတယ္။ ကၽြန္ေတာ္တုိ႔ ထပ္ထပ္ခါခါ ကတိေပးခဲ့ပါတယ္။
တကယ္ျပည္ေထာင္စုသားေတြ အားလုံးက ကိုယ့္ရဲ႕ ရင္မွာ ထိတဲ့ အနာလုိပဲ နာက်င္ခံစားေနရတယ္၊ စာနာ
ေနတယ္ ဆုိတာကို ေသေသခ်ာခ်ာ ေျပာျပခဲ့ပါတယ္။ သူတုိ႔ အားတက္ လာတဲ့ မ်က္လုံးေတြ ေတာက္ပလာ
တာကို ကၽြန္ေတာ္တုိ႔ ေတြ႕ခဲ့ ရပါတယ္။

အျပန္မွာ သူတုိ႔ရဲ႕ လုိအပ္ခ်က္ေတြကို စာရင္းျပဳစုၾကတဲ့ ေနရာမွာ ေက်ာင္းသူေလး အေတာ္မ်ားမ်ားက ဖိနပ္
မရွိၾကတာေတြ မ်ားတယ္။
ေျပးလႊား လာၾကတဲ့အခါက်ေတာ့ ဖိနပ္ဆုိတာ ဘယ္က်န္ခဲ့မွန္းလည္း မသိပါဘူး။ အဲဒါကို ဖိနပ္အသစ္ေတြ
၀ယ္ေပးဖို႔ စီစဥ္ၾကတဲ့ အခါမွာ သူတုိ႔က ျငင္းတယ္။ သူတုိ႔ ဖိနပ္ မရရင္ ေနပါေစ၊ ဖိနပ္အေဟာင္းေလး သြားရွာခ်င္တယ္တဲ့။ ဖိနပ္အသစ္ ၀ယ္ရင္ ပိုက္ဆံကုန္မွာစုိးလုိ႔ပါတဲ့။
တျခား ကေလးေတြကို အေႏြးထည္ ၀ယ္ေပးပါတဲ့။ သူတုိ႔ ဖိနပ္အေဟာင္းေလးေတြ သြားရွာမယ္တဲ့။ ဘယ္မွာ သြားရွာမွာလဲ။ ေျပးလာတာ လမ္းတစ္ေလွ်ာက္ ဒီေလာက္ ေ၀းတာကုိ ဆုိေတာ့။ သူတုိ႔က ေသေသခ်ာခ်ာ မေျပာေတာ့ဘူး။ ကၽြန္ေတာ္ သူတုိ႔အတြက္ စိတ္ပူတယ္။
ဖိနပ္အေဟာင္းကုိ ရဖုိ႔အတြက္ ေသနတ္ ေျပာင္း၀ေရွ႕ သူတုိ႔ကို ေနာက္တစ္ခါ ျပန္မေရာက္ေစခ်င္ေတာ့ပါဘူး။ ကၽြန္ေတာ္ တားႏုိင္ပါ့မလား။
.
‪#‎မင္းကိုႏုိင္‬
(ျပည္သူ႔အေရးဂ်ာနယ္ေဆာင္းပါးမွ )
...........
ဖိနပ်အဟောင်း ရဖို့ အတွက် သေနတ်ပြောင်းဝရှေ့
သူတို့ကို နောက်တစ်ခါ ပြန်မရောက်စေချင်တော့ပါဘူး
--------------------------------------------------------------------------
ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ ဒေသအတွင်းမှာ ရှိတဲ့ စစ်ပွဲတွေ အဲဒီက ထွက်ပြေးလာခဲ့ရတဲ့ ဒုက္ခသည်
စခန်းတွေကို ကျွန်တော် ရောက်ခဲ့ပါတယ်။ ထုံးစံအတိုင်း ကလေးနဲ့ မိန်းမတွေက အများစု ဖြစ်နေတယ်။ သူတို့ ပြေးခဲ့ရတဲ့ ခရီးဟာ အနည်းဆုံး၊ အနီးဆုံး ရွာက မိုင် ၃၀ လောက် ရှိတယ်။ ကျန်တာတွေက သူ့ထက် ပိုဝေးတာပေါ့။ မိုင် လေးငါးခြောက်ဆယ်။
.
အများစုက တော့ဆမ်အုပ်စု၊ မင်းကုန်းအုပ်စု၊ ပန််စမ် အုပ်စု၊ အဲဒီလို ကျေးရွာအုပ်စုပေါင်း များစွာကနေ ပြေးလာ ခဲ့ရတယ်။ အခု ကျွန်တော် ရောက်တဲ့ အချိန်ထိတော့ လူဦးရေ သုံးထောင်ကျော်လောက် ရှိနေပါပြီ။
ဒီမှာ ထူးခြားချက်ကတော့ အထက်တန်း ကျောင်းသား ကျောင်းသူတွေ တော်တော်များများ ပါလာတယ်။
ကလေးတွေက စာမေးပွဲဖြေတဲ့ရက်ဆိုတော့ မူလတန်း၊ အလယ်တန်းတွေကလည်း တော်တော် များတယ်။
စာမေးပွဲရက် ဖြစ်နေတဲ့အခါကျတော့ သူတို့က အသက်လု ပြေးလာကြတော့ တချို့ဆိုရင်
လွယ်အိတ်တောင် မပါကြဘူး။
.
ကျောင်းသား တစ်ယောက်က စာမေးပွဲဖြေဖို့ အနီးကပ်တဲ့ ရက်တွေမှာ သူ့ရဲ့ ကိုင်တွယ် သုံးစွဲရမယ့် အရာ၊ သူတို့နဲ့ အတူ တိုက်ပွဲဝင်ရမယ့် အရာဟာ လွယ်အိတ်နဲ့ စာအုပ်တွေပါပဲ။
အဲဒါ မပါဘူးဆိုရင်တော့ စစ်မြေပြင်ကို ရဲဘော်တစ်ယောက်က လက်ဗလာနဲ့ ၀င်ရမလို ဖြစ်နေပါတယ်။
ဒီအတွက် ကျွန်တော်တို့ သိပ်စိုးရိမ်တာပဲ။ ဒါကြောင့် ကျွန်တော်တို့တော့ ကျောင်းသုံးစာအုပ်တွေနဲ့ သူတို့
စာမေးပွဲ ဆိုတဲ့ တိုက်ပွဲကို ၀င်ကြဖို့ ၀ုိင်းဖြည့်ဖို့အတွက် နယ်ခံတွေနဲ့ ကြိုးစားနေတယ်။
.
သူတို့မှာ ယူနီဖောင်းလည်း မရှိကြဘူး။ ဘာကြောင့်ဆို ဒရောသောပါး ထပြေးလာကြတာ ဆိုတော့
လွယ်အိတ်က အစ အဖြူအစိမ်းတွေပါ ၀ယ်ပေးကြရလိမ့်မယ်။သူတို့ ကျောင်းအုပ်ဆရာမကြီး အပါအဝင်
ကျောင်းဆရာ၊ ဆရာမတွေလည်း လိုက်လာကြတယ်။
ဒီဘုရား ကုန်းပေါ်မှာပဲ ဇရပ်ပေါ်မှာ ဘုရားရင်ပြင်ပေါ်တွေမှာ စာတွေ သင်ပေးနေတယ်။
စာတွေ ကျက်နေကြတယ်။
.
ဒီကလေးတွေကို သေသေချာချာ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ရောက်တဲ့ ရည်ရွယ်ချက်ကလည်း
တတ်နိုင် သမျှ ထောက်ပံ့ ကူညီဖို့ရယ်၊ သူတို့ကို စိတ်ဓာတ်ရေးရာအရ အားပေးဖို့ရယ် အဲဒီအတွက်
ရောက်လာကြတာပဲ။
သူတို့ကတော့ တော်တော်ကြီးကို ချောက်ချားနေကြတယ်။ အသက်ဘေးက လွတ်အောင် ပြေးရတာလည်း ပါတယ်။ နောက်တစ်ခုက ကျောင်းသားဆိုတာ စာမေးပွဲ အောင်ချင်တာလည်း ပါတာပေါ့။ သူတို့ စာမေးပွဲကို ရင်ဆိုင်ရမယ့် အနေအထားကျတော့ မပြည့်မစုံနဲ့။
တဖက်ကလည်း အိမ်မက်ဆိုးကြီးထဲကနေ ပြီးတော့ ခြေထောက်တစ်ဖက် ကျန်သေးသလို ဖြစ်နေတယ်။
ဒါကြောင့် သူတို့ မနည်း ရုန်းကန်ပြီးတော့ ရင်ဆိုင်ရမယ့် စာမေးပွဲ။
.
ကျွန်တော်တို့ သူတို့ကို စိတ်ဓာတ်ရေးရာအရ အားပေးဖို့ အတွက် နောက်ဆုံး တစ်ခုကတော့ စစ်ပွဲကို ပြီးဆုံးအောင် မေတ္တာရပ်ခံဖို့၊ အားလုံးကို တိုက်တွန်းကြဖို့ ကျွန်တော်တို့ အလုပ် သုံးလုပ်ကို တစ်ပြိုင်နက်
လုပ်ကြရမှာပါ။
ဒီမှာ ရောက်နေတဲ့ အထဲမှာ တချို့ဆို မိုင်းထိသွားလို့ ရွာသားသုံးယောက်ကို နောက်ဆုံးတော့ မန္တလေးအထိ ပို့လိုက်ရတာတွေမျိုးတွေ ရှိတယ်။
.
တချို့ ရွာတွေမှာ တိုက်ပွဲကြားထဲမှာ ပိတ်မိနေသေးတာတွေ ရှိနေသေးတယ်။ အဲဒီ ပိတ်မိနေတဲ့သူတွေအတွက်လည်း အားလုံး စိုးရိမ်နေကြတယ်။ သူတို့ကို ဘယ်လို ကယ်တင်ရမလဲဆိုတဲ့ နည်းလမ်းတွေလည်း
ကျွန်တော်တို့ ရှာဖွေနေပါတယ်။
.
ဇာလီတောင်ရွာက အဘွားနာမည်က ဒေါ်ခမ်းအောင် အသက်က ရ၅ နှစ် ထမင်း မစားရတာ ၈ ရက် ရှိပြီ။
ဒီနေ့ကျမှ ထမင်း စစားရပြီးတော့ စကားပြောနိုင်တယ်။
.
နောက်တစ်ခါ စာပို့ရွာက ၃ တန်း ကျောင်းသူလေးနဲ့ တွေ့ရသေးတယ်။ သူက သူ့စာမေးပွဲအတွက်ပဲ မေး
နေတယ်။ ဆရာမကလည်း မနေ့က တိုက်ပွဲဖြစ်တဲ့ နေရာကနေ ဘယ်ရောက်သွားမှန်းမသိဘူး။
သူတို့ကတော့ ကျောက်မဲ ခရိုင် မိုင်းတင်းဆိုတဲ့ ရွာ ဒုက္ခသည်စခန်းမှာရောက်နေကြတာ။ အများစုဟာ စစ်ပွဲကနေ ထွက်ပြေးလာကြတဲ့အခါမှာ ညဘက်မှာ မြောင်းတွေထဲမှာလည်း
အိပ်ခဲ့ရတယ်။ ထူးခြားတာကတော့ ညောင်ပင်လှရွာက ကိုယ်ဝန် အရင့်အမာနဲ့ ကိုယ်ဝန်သည် နှစ်ယောက်ဆိုရင် တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ဝန်အရင့်အမာကြီးနဲ့ ပြေးလွှားရင်း ကံအားလျော်စွာပဲ ဖေဖော်ဝါရီ
၁၃ ရက်မှာ စစ်ပြေးလာတဲ့ကြားက ကလေး နှစ်ယောက်ကို မွေးတယ်။
ကူညီတဲ့သူတွေက ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ပဲလို့ ပြောကြတဲ့အခါမှာ ကလေး အမေတွေက ပြောတယ်။
အဲဒါဆိုလည်း သူတို့ကလေးတွေ ဗိုလ်ချုပ် မွေးနေ့မှာ မွေးတဲ့ ကလေးတွေ ဗိုလ်ချုပ်လိုပဲ ပြည်ထောင်စုကြီးကို အားလုံးကို စည်းရုံးအောင် လုပ်နိုင်ပါစေတဲ့။
အခုတော့ သူတို့ဘဝတွေက အသက်ဘေးက လုပြေးနေရတာဖြစ်တဲ့အတွက် ဒီနေ့ မွေးတဲ့ ကလေးကို
အမှတ်တရနဲ့ အားကိုးတကြီး မျှော်လင့်ကြပါတယ်။
.
စစ်ပွဲ အတွင်းမှာ ပိတ်မိနေတဲ့ ညောင်မောင်းရွာသားတွေ ရှိနေသေးတယ်။ ဒီစာကို ရေးနေစဉ်မှာပဲ ကျောက်မဲမြို့နယ် ပန်မူးရွာကနေ စစ်ဘေးက ပြေးလာတဲ့ ဒုက္ခသည်ကလေးအများစု ပါလာတဲ့ ထော်လာဂျီ
 မှောက်ပြီးတော့ ကလေးငယ်သုံးဦးနဲ့ ဘုန်းကြီးတစ်ပါး ပွဲချင်းပြီး ဆုံးသွားတယ်။ ကား
ဘာလို့ မှောက်ရလဲဆု်ိတော့ မီးထွန်းမောင်းရင် အပစ်ခံရမှာစိုးလို့ မီးပိတ်မောင်းရာကနေ ကားတိမ်းမှောက်တာဖြစ်တယ်လို့ ဆိုတယ်။
.
ဒီမှာ ဒုက္ခသည်ပေါင်း စခန်းပေါင်း ၁၅ ခု ရှိတဲ့ နေရာကို ကျွန်တော်တို့ တစ်ခုပြီးတစ်ခု သွားကြရဦးမှာပါ။
ဒီည ကျွန်တော်တို့ ကျောက်မဲမှာပဲ အိပ်ကြမယ်။ ဒုက္ခသည််စခန်းမှာ လက်လှမ်းမီသမျှ လိုက်ပြီးတော့
အားပေးမယ်။
လိုအပ်ချက်တွေကို စာရင်းပြုစုပြီးတော့ လူတွေ ဖြန့်ပြီး တာဝန်ခွဲကြရပါလိမ့်မယ်။ အဓိက ကတော့ စာမေးပွဲ
ဖြေဖို့ရော၊ အသက်ဘေးလုပြီးတော့ ပြေးလာခဲ့ရတဲ့ ကလေးတွေ သွေးပျက်နေတာနဲ့ ပတ်သက်ပြီးတော့
ကျွန်တော်တို့ကတော့ ကြင်နာမှုများကို တတ်နိုင်သမျှ အားလုံး ကိုယ်စား ပေးခဲ့ပါတယ်။ မင်းတို့ချည်းပဲ
မဟုတ်ဘူးလို့ ပြည်ထောင်စု တစ်ခုလုံးက အားလုံးက မင်းတို့ကို စာနာစိတ်နဲ့ စိုးရိမ်ပူပန်နေကြတယ်။
 မေတ္တာတရားတွေ ပို့ကြတယ်။ မင်းတို့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် နားစွင့် နေပါတယ်။ တို့တွေ အားလုံးက ပြန်ပြောပေးပါ့မယ်။ အမြန်ဆုံးနည်းနဲ့ ပြန်ပြောပေးပြီးတော့ သူတို့ရဲ့ ကူညီမှု တွေကို အမြန်ဆုံး ရောက်အောင် ပြန်ပို့ပေးမယ်လို့ ပြောပါတယ်။

အဲဒီတော့ သူတို့က သူတို့တစ်ယောက်တည်း မဟုတ်ဘူး အားလုံးက ပြည်ထောင်စု တစ်ခုလုံးက
သူတို့အပေါ် စာနာ ထောက်ထားတယ် ဆိုတဲ့ အခါမှာလည်း အားလုံးက မော့ကြည့်ပြီးတော့
မျက်လုံးလေးတွေ ၀ိုင်းသွားတယ်။
ဟုတ်ရဲ့လားဆိုတဲ့ အကြည့်တွေ ပြန်ကြည့်ကြပါတယ်။ ကျွန်တော်တို့ ထပ်ထပ်ခါခါ ကတိပေးခဲ့ပါတယ်။
တကယ်ပြည်ထောင်စုသားတွေ အားလုံးက ကိုယ့်ရဲ့ ရင်မှာ ထိတဲ့ အနာလိုပဲ နာကျင်ခံစားနေရတယ်၊ စာနာ
နေတယ် ဆိုတာကို သေသေချာချာ ပြောပြခဲ့ပါတယ်။ သူတို့ အားတက် လာတဲ့ မျက်လုံးတွေ တောက်ပလာ
တာကို ကျွန်တော်တို့ တွေ့ခဲ့ ရပါတယ်။

အပြန်မှာ သူတို့ရဲ့ လိုအပ်ချက်တွေကို စာရင်းပြုစုကြတဲ့ နေရာမှာ ကျောင်းသူလေး အတော်များများက ဖိနပ်
မရှိကြတာတွေ များတယ်။
ပြေးလွှား လာကြတဲ့အခါကျတော့ ဖိနပ်ဆိုတာ ဘယ်ကျန်ခဲ့မှန်းလည်း မသိပါဘူး။ အဲဒါကို ဖိနပ်အသစ်တွေ
၀ယ်ပေးဖို့ စီစဉ်ကြတဲ့ အခါမှာ သူတို့က ငြင်းတယ်။ သူတို့ ဖိနပ် မရရင် နေပါစေ၊ ဖိနပ်အဟောင်းလေး သွားရှာချင်တယ်တဲ့။ ဖိနပ်အသစ် ၀ယ်ရင် ပိုက်ဆံကုန်မှာစိုးလို့ပါတဲ့။
တခြား ကလေးတွေကို အနွေးထည် ၀ယ်ပေးပါတဲ့။ သူတို့ ဖိနပ်အဟောင်းလေးတွေ သွားရှာမယ်တဲ့။ ဘယ်မှာ သွားရှာမှာလဲ။ ပြေးလာတာ လမ်းတစ်လျှောက် ဒီလောက် ဝေးတာကို ဆိုတော့။ သူတို့က သေသေချာချာ မပြောတော့ဘူး။ ကျွန်တော် သူတို့အတွက် စိတ်ပူတယ်။
ဖိနပ်အဟောင်းကို ရဖို့အတွက် သေနတ် ပြောင်းဝရှေ့ သူတို့ကို နောက်တစ်ခါ ပြန်မရောက်စေချင်တော့ပါဘူး။ ကျွန်တော် တားနိုင်ပါ့မလား။
.
‪#‎မင်းကိုနိုင်‬
(ပြည်သူ့အရေးဂျာနယ်ဆောင်းပါးမှ )




Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)