တာခ်ီလိတ္တြင္ မူးယစ္ေဆးဝါး ထုတ္လုပ္သည့္ေနရာအား ဝင္ေရာက္ရွာေဖြရာ ပစ္ခတ္မႈျဖစ္ပြား



ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕၌ မူးယစ္ေဆး၀ါး ထုတ္လုပ္သည္ဟု သံသယရွိေသာ ရာဘာျခံအား ေဖေဖာ္၀ါရီ ၁၂ ရက္ေန႔တြင္ ၀င္ေရာက္ရွာေဖြရာ ပစ္ခတ္မႈ အနည္းငယ္ျဖစ္ပြားခဲ့ၿပီး က်ပ္သိန္း ၂,၅၀၀ ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း တာခ်ီလိတ္ မူးယစ္တပ္ဖြဲ႔စု ၃၀ မွ သိရွိရသည္။

" ကြ်န္ေတာ္တို႔ နယ္ေျမခံတပ္ေတြနဲ႔ မူးယစ္တပ္ဖြဲ႔၀င္ေတြ ရာဘာျခံထဲ ၀င္သြားေတာ့ ေၾကာက္အား လန္႔အားနဲ႔ ႏွစ္ခ်က္ပစ္ၿပီး ေျပးတာပါ။ ကြ်န္ေတာ္တို႔ဘက္က တစ္ခ်က္ျပန္ပစ္လိုက္ေတာ့ လန္႔ၿပီးေျပးသြားတယ္။ ဖမ္းမမိလိုက္ဘူး။ ဒဏ္ရာရတာေတာ့မရွိပါဘူး။ သူ႔အမ်ိဳးသမီးေတာ့ အခုဖမ္းမိထားပါတယ္ " ဟု တာခ်ီလိတ္မူးယစ္တပ္ဖြဲ႔မွ တာ၀န္က် ဒုတပ္ၾကပ္ တိုးျမင့္ေအာင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ယမ္းခမ္း ၂ ေက်းရြာအနီးရွိ စိုင္းေအးႏွင့္ နန္း၀ိုင္းတို႔ ပိုင္ဆိုင္ေသာ ရာဘာျခံအတြင္း မူးယစ္ေဆး၀ါး သတင္းအရ ၀င္ေရာက္ရွာေဖြရာ ေနအိမ္ေအာက္ သီးသန္႔ လွ်ိဳ႕၀ွက္ခန္းအတြင္း မူးယစ္ေဆး၀ါး ထုတ္လုပ္သည့္
ဆက္စပ္ပစၥည္းမ်ားႏွင့္ WY စာတမ္းပါ စိတ္ၾကြေဆးျပား တစ္သိန္းအား ေတြ႔ရေၾကာင္း၊ ေသနတ္မ်ိဳးစံုသုံးလက္၊ လက္ပစ္ဗံုးတစ္လံုးႏွင့္ ေမာ္ေတာ္ကားငါးစီး၊ ဆုိင္ကယ္ခုနစ္စီးတို႔အား သိမ္းဆည္းရရွိခဲ့ေၾကာင္း တာခ်ီလိတ္ မူးယစ္တပ္ဖြဲ႔စု ၃၀ ထံမွသိရသည္။

အမႈႏွင့္ ပတ္သက္၍ ထြက္ေျပး တိမ္းေရွာင္သြားသူ စိုင္းေအးႏွင့္ ၎၏ အမ်ိဳးသမီးျဖစ္သူ မနန္း၀ိုးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက မယ(ပ)၁၂/၂၀၁၆၊ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆိုင္ရာ ပုဒ္မ ၁၅/၁၆(ခ)/၁၉(က)/၂၂(ခ)/၂၁ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - MMK
The Ladies News
https://www.facebook.com/News.TheLadies
.........


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ မူးယစ်ဆေးဝါး ထုတ်လုပ်သည်ဟု သံသယရှိသော ရာဘာခြံအား ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ၀င်ရောက်ရှာဖွေရာ ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၂,၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ် မူးယစ်တပ်ဖွဲ့စု ၃၀ မှ သိရှိရသည်။

" ကျွန်တော်တို့ နယ်မြေခံတပ်တွေနဲ့ မူးယစ်တပ်ဖွဲ့ဝင်တွေ ရာဘာခြံထဲ ၀င်သွားတော့ ကြောက်အား လန့်အားနဲ့ နှစ်ချက်ပစ်ပြီး ပြေးတာပါ။ ကျွန်တော်တို့ဘက်က တစ်ချက်ပြန်ပစ်လိုက်တော့ လန့်ပြီးပြေးသွားတယ်။ ဖမ်းမမိလိုက်ဘူး။ ဒဏ်ရာရတာတော့မရှိပါဘူး။ သူ့အမျိုးသမီးတော့ အခုဖမ်းမိထားပါတယ် " ဟု တာချီလိတ်မူးယစ်တပ်ဖွဲ့မှ တာဝန်ကျ ဒုတပ်ကြပ် တိုးမြင့်အောင်က ပြောသည်။

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ယမ်းခမ်း ၂ ကျေးရွာအနီးရှိ စိုင်းအေးနှင့် နန်းဝိုင်းတို့ ပိုင်ဆိုင်သော ရာဘာခြံအတွင်း မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ်အောက် သီးသန့် လျှို့ဝှက်ခန်းအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်သည့်
ဆက်စပ်ပစ္စည်းများနှင့် WY စာတမ်းပါ စိတ်ကြွဆေးပြား တစ်သိန်းအား တွေ့ရကြောင်း၊ သေနတ်မျိုးစုံသုံးလက်၊ လက်ပစ်ဗုံးတစ်လုံးနှင့် မော်တော်ကားငါးစီး၊ ဆိုင်ကယ်ခုနစ်စီးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း တာချီလိတ် မူးယစ်တပ်ဖွဲ့စု ၃၀ ထံမှသိရသည်။

အမှုနှင့် ပတ်သက်၍ ထွက်ပြေး တိမ်းရှောင်သွားသူ စိုင်းအေးနှင့် ၎င်း၏ အမျိုးသမီးဖြစ်သူ မနန်းဝိုးအား တာချီလိတ်မြို့မရဲစခန်းက မယ(ပ)၁၂/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၅/၁၆(ခ)/၁၉(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)