ေနျပည္ေတာ္ တ႐ုတ္သံ႐ုံး၌ ညစာစားပြဲ က်င္းပ




 တ႐ုတ္ျပည္သူ သမၼတႏိုင္ငံ၏ သံ႐ုံးႀကီးအျဖစ္ ဖြင့္လွစ္ထားေသာ ေနျပည္ေတာ္ ပ်ဥ္းမနား-ေတာင္ညိဳ ကားလမ္ေဘး Grand ACE Villa အိမ္ရာဝင္းအတြင္း႐ွိ ငါးထပ္အေဆာက္အဦး တစ္ခုတြင္ ေဖေဖာ္၀ါရီ ၂၃ ရက္ေန႔ ညေန ၁၈း၃၀ နာရီမွာ မိတ္ဆံုညစာ စားပြဲတစ္ခု က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါ ညစာစားပြဲ က်င္းပရာတြင္ လုံျခဳံေရး အျပည့္ယူထာၿပီး သံ႐ုံးဝင္းႀကီးအား ျခံစည္း႐ိုးမ်ား ခတ္ထားသည္ကို ေတြ႔ရွိရသည္။ ေအစီအီးဗီလာဝင္းႀကီးသည္ ယခင္ေဒသခံမ်ား ႏွစ္ေပါင္းမ်ားစြာ ၾကံစိုက္ပ်ိဳးခဲ့ၾကေသာ ေျမကြက္ႀကီး တစ္ခုျဖစ္ၿပီး ေနျပည္ေတာ္ေကာင္စီမွ သိမ္းယူခဲ့ျခင္း ျဖစ္သည္။

ထို႔ေနာက္ ဇမၺဴသီရိအထူးကုေဆး႐ုံႏွင့္ ACE ဗီလာ အိမ္ရာဝင္းအျဖစ္ တည္ေဆာင္ခဲ့ၿပီး လုံးခ်င္းအိမ္မ်ားတည္ေဆာက္ခဲ့ျပီး ယခုအခါ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ သံ႐ုံးအျဖစ္ ဖြင့္လွစ္လိုက္ျခင္းျဖစ္ေၾကာင္း သိရပါသည္။

ထြန္း(ေနျပည္ေတာ္)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
...............



 တရုတ်ပြည်သူ သမ္မတနိုင်ငံ၏ သံရုံးကြီးအဖြစ် ဖွင့်လှစ်ထားသော နေပြည်တော် ပျဉ်းမနား-တောင်ညို ကားလမ်ဘေး Grand ACE Villa အိမ်ရာဝင်းအတွင်းရှိ ငါးထပ်အဆောက်အဦး တစ်ခုတွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေ ၁၈း၃၀ နာရီမှာ မိတ်ဆုံညစာ စားပွဲတစ်ခု ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ညစာစားပွဲ ကျင်းပရာတွင် လုံခြုံရေး အပြည့်ယူထာပြီး သံရုံးဝင်းကြီးအား ခြံစည်းရိုးများ ခတ်ထားသည်ကို တွေ့ရှိရသည်။ အေစီအီးဗီလာဝင်းကြီးသည် ယခင်ဒေသခံများ နှစ်ပေါင်းများစွာ ကြံစိုက်ပျိုးခဲ့ကြသော မြေကွက်ကြီး တစ်ခုဖြစ်ပြီး နေပြည်တော်ကောင်စီမှ သိမ်းယူခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဇမ္ဗူသီရိအထူးကုဆေးရုံနှင့် ACE ဗီလာ အိမ်ရာဝင်းအဖြစ် တည်ဆောင်ခဲ့ပြီး လုံးချင်းအိမ်များတည်ဆောက်ခဲ့ပြီး ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးအဖြစ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)