ေရြးေကာက္ပြဲေအာင္ျမင္မႈဟာ ညီညြတ္မႈျဖစ္ေၾကာင္း သမၼတဦးသိန္းစိန္ေျပာၾကား

ေနျပည္ေတာ္မွာ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ကက်င္းပတဲ့ ၆၉ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားမွာ ဒုတိယသမၼတ ေဒါက္တာစိုင္းေမာက္ခမ္းက ႏုိင္ငံေတာ္သမၼတ ဦးသိန္းစိန္ရဲ့ သ၀ဏ္လႊာကို ဖတ္ၾကားစဥ္။ Photo: Myo Thant Khaing/RFA
၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြကို ေအာင္ျမင္ေအာင္ က်င္းပႏုိင္ခဲ့တာဟာ တုိင္းရင္းသားလူမ်ဳိးေပါင္းစံုနဲ႔ တည္ေထာင္ ထားတဲ့ ျပည္ေထာင္စုႀကီးရဲ့ ညီညြတ္မႈကို ေဖာ္ေဆာင္လိုက္တာျဖစ္ေၾကာင္း ႏိုင္ငံေတာ္သမၼတ ဦးသိန္းစိန္ က ျပည္ေထာင္စုေန႔အတြက္ ေပးပို႔တဲ့သ၀ဏ္လႊာမွာ ေဖာ္ျပထားပါတယ္။

၆၉ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားကို ေနျပည္ေတာ္ ၿမိဳ႕ေတာ္ခန္းမမွာ က်င္းပတာျဖစ္ၿပီး ဒုတိယသမၼတ ေဒါက္တာစိုင္းေမာက္ခမ္းက ႏုိင္ငံေတာ္သမၼတ ဦးသိန္းစိန္ရဲ့ သ၀ဏ္လႊာကို ဖတ္ၾကားခဲ့ပါတယ္။

"၂ဝ၁၅ ခုႏွစ္ ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပခဲ့တဲ့ တရားမွ်တလြတ္လပ္ၿပီး စည္းကမ္းလိုက္ နာေသာ ေရြးေကာက္ပြဲႀကီးကို ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့ျခင္းသည္လည္း တိုင္းရင္းသားလူမ်ဳိးစုမ်ားျဖင့္ တည္ေထာင္ထားေသာ ျပည္ေထာင္စုႀကီး ညီညြတ္မွ်တမႈကို ေဖာ္ေဆာင္လိုက္ျခင္းပင္ျဖစ္ပါ သည္၊ ေရြးေကာက္ပြဲရလဒ္မ်ားအေပၚ မူတည္ၿပီး ေနာက္တက္လာမည့္ အစိုးရအဖြဲ႕အစည္းထံ ႏိုင္ငံ၏ အနာဂတ္ကို သိမ္ေမြ႕ညင္သာစြာ လႊဲေျပာင္းေပးႏိုင္ေရးကိုလည္း စီစဥ္ေနၾကၿပီျဖစ္ပါသည္"

အစိုးရ၊ လႊတ္ေတာ္၊ တုိင္းရင္းသား အဖဲြ႔အစည္းေတြ၊ ႏုိင္ငံေရးပါတီေတြ၊ ႏုိင္ငံေရးအင္အားစုေတြအေနနဲ႔ ဒီမိုကေရစီႏုိင္ငံေတာ္ ျဖစ္ထြန္းေရးအတြက္ ပူးေပါင္းေဆာင္ရြက္ဖို႔ လိုအပ္ေၾကာင္း တုိက္တြန္းထားပါတယ္။

ဒါ့အျပင္ တစ္ႏုိင္ငံလံုး ပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္မွာ လက္မွတ္မေရးထိုးရေသးတဲ့ က်န္ေနတဲ့ တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြ ပါ၀င္လက္မွတ္ေရးထိုးႏုိင္ေအာင္ လမ္းဖြင့္ထားၿပီး ဆက္လက္ညွိႏႈိင္းေဆာင္ရြက္ေနေၾကာင္းလည္း ပါရွိပါတယ္။

ေနျပည္ေတာ္မွာ မနက္ပိုင္းက်င္းပတဲ့ ျပည္ေထာင္စုေန႔ အခမ္းအနားကို ျပည္ေထာင္စု၀န္ႀကီးေတြ၊ ဒုတိယ၀န္ႀကီးေတြနဲ႔ တပ္မေတာ္က အရာရွိေတြ တက္ေရာက္ခဲ့ပါတယ္။ ညေနပိုင္းမွာ ျပည္ေထာင္စုေန႔ ညစာစားပဲြက်င္းပရာ ႏုိင္ငံေရးပါတီေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,


နေပြည်တော်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကကျင်းပတဲ့ ၆၉နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ဖတ်ကြားစဉ်။ Photo: Myo Thant Khaing/RFA
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပနိုင်ခဲ့တာဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ တည်ထောင် ထားတဲ့ ပြည်ထောင်စုကြီးရဲ့ ညီညွတ်မှုကို ဖော်ဆောင်လိုက်တာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

၆၉နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမမှာ ကျင်းပတာဖြစ်ပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

"၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့တဲ့ တရားမျှတလွတ်လပ်ပြီး စည်းကမ်းလိုက် နာသော ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည်လည်း တိုင်းရင်းသားလူမျိုးစုများဖြင့် တည်ထောင်ထားသော ပြည်ထောင်စုကြီး ညီညွတ်မျှတမှုကို ဖော်ဆောင်လိုက်ခြင်းပင်ဖြစ်ပါ သည်၊ ရွေးကောက်ပွဲရလဒ်များအပေါ် မူတည်ပြီး နောက်တက်လာမည့် အစိုးရအဖွဲ့အစည်းထံ နိုင်ငံ၏ အနာဂတ်ကို သိမ်မွေ့ညင်သာစွာ လွှဲပြောင်းပေးနိုင်ရေးကိုလည်း စီစဉ်နေကြပြီဖြစ်ပါသည်"

အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေအနေနဲ့ ဒီမိုကရေစီနိုင်ငံတော် ဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်မရေးထိုးရသေးတဲ့ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါ၀င်လက်မှတ်ရေးထိုးနိုင်အောင် လမ်းဖွင့်ထားပြီး ဆက်လက်ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း ပါရှိပါတယ်။

နေပြည်တော်မှာ မနက်ပိုင်းကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ တပ်မတော်က အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။ ညနေပိုင်းမှာ ပြည်ထောင်စုနေ့ ညစာစားပွဲကျင်းပရာ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)