ျမန္မာ့စီးပြားေရး တႏွစ္ ၈ ရာခိုင္ႏွဳန္း တိုးဖို႔ ကမၻာဘဏ္ တြက္ဆ

Myanmar International Terminals Thilawa (MITT) deep sea port in Yangon
ျမန္မာႏိုင္ငံအေနနဲ႔ လာမယ့္ ၅ႏွစ္အတြင္းမွာ တႏွစ္မွာ ပံုမွန္ေစ်းႏႈန္းေတြအရ စီးပြားေရး တိုးတက္မႈႏႈန္း ၈ ရာခိုင္ႏႈန္းဝန္းက်င္ တိုးတက္လာႏိုင္ဖြယ္ရွိတယ္လို႔ ကမၻာ႔ဘဏ္က သံုးသပ္ လိုက္ပါတယ္။

ဒီလိုတိုးတက္ဖို႔အတြက္ လက္ရွိမွာရွိေနတဲ့ ျပဳျပင္ေျပာင္းလဲရမယ့္ အခ်က္ေတြကို ေနာက္တက္လာမယ့္ အစိုးရသစ္ လက္ထပ္မွာ ျပဳျပင္ေျပာင္းလဲႏိုင္မွသာ ႏိုင္ငံအေနနဲ႔အမွန္တကယ္ တိုးတက္ဖြံ႕ၿဖိဳးလာႏိုင္မွာျဖစ္တာေၾကာင့္ က႑ တခုခ်င္းဆီအလိုက္ ျပဳျပင္ေျပာင္းလဲ သင့္တဲ့ အခ်က္ေတြကို ကမာၻ႔ဘဏ္က ဒီကေန႔ထုတ္ျပန္ေျပာဆိုလိုက္ပါ တယ္။ ၿပီးခဲ့တဲ့အစိုးရလက္ထပ္မွာ ျပဳျပင္ေျပာင္းလဲေရးေတြလုပ္ခဲ့ေပမယ့္ လိုအပ္ခ်က္ေတြရွိေနေသးေၾကာင္းလည္းေျပာဆိုလိုက္ပါတယ္။ ဒီသတင္းကို ဗီြအိုေအျမန္မာပိုင္း ကေမခကေပးပို႔ထားပါတယ္။

လက္ရွိအစိုးရလက္ထပ္မွာ ျပဳျပင္ေျပာင္းလဲေရးေတြလုပ္ခဲ့ေပမယ့္ က႑အလိုက္ လိုအပ္ခ်က္ေတြရွိေနေသးတယ္လို႔ ဒီကေန႔မွာ ကမာၻ႔ဘဏ္က က႑အလိုက္ ပညာရွင္ေတြ ကေထာက္ျပ ေျပာဆိုလိုက္ပါတယ္။ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးမွာ အဓိကအခန္းက႑ျဖစ္တဲ့ စီးပြားေရးဆိုင္ရာလုပ္ငန္းေတြမွာ ရင္းႏွီးျမႈပ္ႏွံမႈေတြတိုးတက္လာေပမယ့္ ရင္းႏွီးျမႈပ္ႏွံႏိုင္တဲ့ ႏိုင္ငံပမာဏနည္းေနေသးေၾကာင္း၊ အေရွ႕ ေတာင္အာရွႏိုင္ငံတိုင္းလိုနဲ႔ ရင္းႏွီးျမႈပ္ႏွံႏိုင္ျခင္းမရွိေသးေၾကာင္း၊ ေရရွည္ရင္းႏွီးျမႈပ္ႏွံမႈေတြအတြက္ ထိေရာက္မယ့္ ကာကြယ္ေပးႏိုင္မယ့္ ရင္းႏွီးျမဳပ္ႏွံမႈဆိုင္ရာမူဝါဒမ်ားမရွိ ေသးေၾကာင္း ကမာၻ႔ဘဏ္က စီးပြားေရးဆိုင္ရာ အႀကီးတန္းအရာရွိ ခ်ားစ္စႏိုက္ဒါက ေျပာပါတယ္။ ေနာင္လာမယ့္ အစိုးရလက္ထပ္ ျပဳျပင္ေျပာင္းလဲရမယ့္ အခ်က္ေတြကို သူက ခုလိုေျပာပါတယ္။

“ကုန္သြယ္မႈပိုင္းမွာ မွ်တတဲ့ပတ္ဝန္းက်င္ေကာင္းေတြရွိဖို႔လိုအပ္ေနတယ္။ ဒီအစိုးရလက္ထပ္မွာ ျပဳျပင္ဖို႔လို အပ္တဲ့ ဘ႑ာေရးဆိုင္ရာ ကိစၥေတြကိုလာမယ့္ အစိုးရလက္ထပ္ မွာ ျပင္ဆင္လာ ႏိုင္မယ္ထင္တယ္။ ေရရွည္ရင္း ႏွီးမႈမွာ ယံုၾကည္စိတ္ခ်ႏိုင္ဖို႔ မူဝါဒေရးရာပိုင္း ေတြျပင္ဆင္ဖို႔ လိုအပ္ေနတယ္။ အစိုးရဝန္ေဆာင္မႈပိုင္းေတြလည္း အဆင့္ျမင့္ဖို႔လိုအပ္တယ္။ ပြင့္လင္းျမင္သာမႈရွိဖို႔လိုအပ္တယ္။”

ကမာၻ႕ဘဏ္အေနနဲ႔ မေန႔ကေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။ ဒီလိုေဆြးေႏြးခဲ့တာနဲ႔ပတ္သက္ၿပီး ကမာၻ႔ဘဏ္က ျမန္မာႏိုင္ငံဆိုင္ရာ ဌာေနကိုယ္စားလွယ္ အဗၺဒူလာေရက ဒီေဆြးေႏြးမႈဟာ အထူးအေရးပါတဲ့ေဆြးေႏြးမႈတခုျဖစ္ေၾကာင္း၊ ေနာက္တက္လာမယ့္ အစိုးရသစ္အေနနဲ႔ တိုင္း ျပည္ကို အေကာင္းဆံုး ျပဳျပင္ေျပာင္းလဲႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း သူကခုလိုေျပာပါတယ္။

“မေန႔ကေတြ႔ဆံုမႈမွာ ကမာၻဘဏ္ရဲ႕မူဝါဒပိုင္းေတြကို ေဒၚေအာင္ဆန္းစုၾကည္အျပင္ လႊတ္ေတာ္အမတ္ေတြနဲ႔ပါ ေဆြးေႏြးခဲ့တယ္။ အစိုးရသစ္လက္ထပ္မွာ ျမန္မာႏိုင္ငံဖြ႕ံၿဖိဳးႏိုင္ဖို႔ ပိုၿပီးပူးေပါင္းေဆာင္ရြက္သြားမယ္။ တိုးတက္လုပ္ေဆာင္မယ့္ ကမာၻဘဏ္ ေဆာင္ရြက္မႈေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးခဲ့ပါတယ္။”

လက္ရွိမွာ ျမန္မာႏိုင္ငံအတြင္းမွာ ဆင္းရဲခ်မ္းသာကြာဟခ်က္ကို က်ဥ္းေျမာင္းႏိုင္ဖို႔ လုပ္ေဆာင္ရန္အေရးတႀကီးလိုအပ္ေနေၾကာင္း၊ လူမႈေရးဝန္ေဆာင္မႈေပးတဲ့ လုပ္ငန္းေတြမွာ အစိုးရအေနနဲ႔ အရင္ကထက္ ဘ႑ာေငြသံုးစြဲမႈ အရင္ကထပ္တိုးတက္သံုးစြဲမႈေတြရွိလာေပမယ့္ အျခားႏိုင္ငံေတြနဲ႔ယွဥ္ပါက နည္းပါးေနေသးေၾကာင္း ကမာၻ႕ဘဏ္က လႈမႈေရးဆိုင္ရာ အႀကီးတန္းအရာရွိ ေဒၚႏွင္းႏွင္းပိုင္က ေထာက္ျပေျပာဆိုလိုက္ပါတယ္။

လတ္တေလာမွာ ျမန္မာႏိုင္ငံတြင္း ေငြေၾကးဆိုင္ရာ လည္ပတ္စီးဆင္းႏိုင္မႈအပိုင္းမွာ လြန္စြာအားနည္းေနေၾကာင္း၊ ျမန္မာႏိုင္ငံဖြံ႔ၿဖိဳးဖို႔အတြက္ ေရရွည္ရင္းႏွီးျမႈပ္ႏွံမႈေတြ ေပၚေပါက္လာဖို႔လိုအပ္ေနေပမယ့္ေတာင့္တင္းခိုင္မာတဲ့ ဥပေဒေတြရွိဖို႔လိုအပ္ေနေၾကာင္း ဘ႑ာေရးဆိုင္ရာ အႀကီးတန္းအရာရွိ ေဒၚနန္းေဌးေဌးက လိုအပ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ခုလိုေထာက္ျပခဲ့ပါတယ္။

“ဖြံ႔ၿဖိဳးေရးက႑မွာ ခိုင္မာေတာင့္တင္းေသာ ဥပေဒ၊ စည္းမ်ဥ္းစည္းကမ္းေတြ၊ ႀကီးၾကပ္အုပ္ခ်ဳပ္မႈ မႈေဘာင္မ်ားကို ေရးဆြဲရန္ လိုအပ္ပါတယ္။ ေခတ္မွီတဲ့ ေငြေရးေၾကးေရး က႑ အတြက္ အေျခခံ အေဆာက္အအံုမ်ား တည္ေဆာက္ျခင္းလိုအပ္တာေတြကို ေတြ႔ရွိရပါတယ္။ ႏိုင္ငံပိုင္ ဘဏ္မ်ားကို ျပဳျပင္ေျပာင္းလဲျခင္းကေနတဆင့္ ေငြေၾကးက႑ဖြဲ႔စည္းပံုေျပာင္းလဲမႈကို က်ယ္ျပန္႔စြာ ေဆာင္ရြက္ရမွာျဖစ္ပါတယ္။ ေတာင့္တင္းခိုင္မာေသာ ဥပေဒနဲ႔ ႀကီးၾကပ္ စစ္ေဆးမႈ မူေဘာင္တရပ္ကေနတဆင့္ က်မတို႔ရဲ႕ micro finance insurance အဲဒါေတြကို ႀကီးၾကပ္္အုပ္ခ်ဳပ္ဖို႔အတြက္ government financial institution ေတြျဖစ္တဲ့ က႑ ဖြံ႔ၿဖိဳးတိုးတက္လာေစဖို႔ လံု႕ေဆာ္ေပးရန္ ႀကိဳးပမ္းေဆာင္ရြက္ ေပးရန္လိုအပ္တာကို ေတြ႔ရွိရပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ မွ်တၿပီးလူတိုင္းေပးေဆာင္ႏိုင္မယ့္ အခြန္စနစ္ကိုထူေထာင္ဖို႔ လိုအပ္ေနတာကိုလည္း ေထာက္ျပေျပာဆိုခဲ့ပါေသးတယ္။ ဒီလိုအခြန္ေငြေကာက္ခံ မႈမွာလည္း ပြင့္လင္းျမင္သာမႈရွိဖို႔လိုအပ္ ေနေသးေၾကာင္း၊ အစိုးရမူဝါဒေရးရာပိုင္းမွာ ပြင့္လင္းမႈလိုအပ္ခ်က္ေတြရွိေနသလို တိက်ခိုင္မာတဲ့ အစိုးရ ကေပးႏိုင္မယ့္ ျပည္သူ႔ဝန္ေဆာင္မႈတန္ဖိုးတခုကို တိက်စြာသတ္ မွတ္ၿပီး ေပးေဆာင္ဖို႔ လိုအပ္ေနေသးေၾကာင္း၊ အစိုးရအေနနဲ႔ ျပည္သူ ကိုျပန္လည္ေပးေဆာင္ ရမယ့္ ဝန္ေဆာင္မႈအပိုင္း အားနည္းေနတာေၾကာင့္ ေနာင္လာမယ့္ အစိုးရလက္ ထပ္မွာ ဒါေတြကို မျဖစ္မေနျပဳျပင္ေျပာင္းလဲ မွသာ တိုးတက္မယ္လို႔ ကမာၻ႕ဘဏ္က ျပဳျပင္ေျပာင္းလဲေရးပူးေပါင္းပါဝင္မႈ အဖြဲ႔ေခါင္းေဆာင္ ရွာဘိမိုဟိက ေျပာဆိုလိုက္ပါ တယ္။

ကမာၻ႔ဘဏ္ကေန ပညာေရး၊ က်န္းမာေရးစတဲ့လူမႈ ၀န္္ေဆာင္မွဳမ်ား ရရွိနိုင္ေရး၊ ေက်းလက္ ဆင္းရဲႏြမ္းပါးမွဳ ေလၽွာ့ခ်ေရး၊ ပုဂၢလိက က႑ တိုးတက္ေစေရးနဲ႔ယွဥ္ၿပိဳင္မႈရွိေရး၊ လူတိုုင္း လက္လွမ္းမီတဲ့ ဘ႑ာေရး စနစ္ ထူေထာင္ေရး၊ လွ်ပ္စစ္ဓာတ္အား တိုးတက္ရရွိေရးနဲ႔ အုပ္ခ်ဳပ္ေရး က႑ စြမ္းရည္ ျမႇင့္တင္ေရး စတဲ့ က႑ ၆ ခုအတြက္ ျပဳျပင္ေျပာင္းလဲရမယ့္ အခ်က္ ေတြကို ဒီကေန႔ထုတ္ျပန္လိုက္တာပါ။ ဒါေတြကို ေနာက္တက္လာမယ့္ အစိုးရကိုလည္းခ်ျပသြားမယ္လို႔ ကမာၻ႔ဘဏ္က ေျပာပါတယ္။

ေမခ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..............
 Myanmar International Terminals Thilawa (MITT) deep sea port in Yangon
မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၅နှစ်အတွင်းမှာ တနှစ်မှာ ပုံမှန်စျေးနှုန်းတွေအရ စီးပွားရေး တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းဝန်းကျင် တိုးတက်လာနိုင်ဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ် လိုက်ပါတယ်။

ဒီလိုတိုးတက်ဖို့အတွက် လက်ရှိမှာရှိနေတဲ့ ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကို နောက်တက်လာမယ့် အစိုးရသစ် လက်ထပ်မှာ ပြုပြင်ပြောင်းလဲနိုင်မှသာ နိုင်ငံအနေနဲ့အမှန်တကယ် တိုးတက်ဖွံ့ဖြိုးလာနိုင်မှာဖြစ်တာကြောင့် ကဏ္ဍ တခုချင်းဆီအလိုက် ပြုပြင်ပြောင်းလဲ သင့်တဲ့ အချက်တွေကို ကမ္ဘာ့ဘဏ်က ဒီကနေ့ထုတ်ပြန်ပြောဆိုလိုက်ပါ တယ်။ ပြီးခဲ့တဲ့အစိုးရလက်ထပ်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ခဲ့ပေမယ့် လိုအပ်ချက်တွေရှိနေသေးကြောင်းလည်းပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း ကမေခကပေးပို့ထားပါတယ်။

လက်ရှိအစိုးရလက်ထပ်မှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ခဲ့ပေမယ့် ကဏ္ဍအလိုက် လိုအပ်ချက်တွေရှိနေသေးတယ်လို့ ဒီကနေ့မှာ ကမ္ဘာ့ဘဏ်က ကဏ္ဍအလိုက် ပညာရှင်တွေ ကထောက်ပြ ပြောဆိုလိုက်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအခန်းကဏ္ဍဖြစ်တဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေတိုးတက်လာပေမယ့် ရင်းနှီးမြှုပ်နှံနိုင်တဲ့ နိုင်ငံပမာဏနည်းနေသေးကြောင်း၊ အရှေ့ တောင်အာရှနိုင်ငံတိုင်းလိုနဲ့ ရင်းနှီးမြှုပ်နှံနိုင်ခြင်းမရှိသေးကြောင်း၊ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေအတွက် ထိရောက်မယ့် ကာကွယ်ပေးနိုင်မယ့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာမူဝါဒများမရှိ သေးကြောင်း ကမ္ဘာ့ဘဏ်က စီးပွားရေးဆိုင်ရာ အကြီးတန်းအရာရှိ ချားစ်စနိုက်ဒါက ပြောပါတယ်။ နောင်လာမယ့် အစိုးရလက်ထပ် ပြုပြင်ပြောင်းလဲရမယ့် အချက်တွေကို သူက ခုလိုပြောပါတယ်။

“ကုန်သွယ်မှုပိုင်းမှာ မျှတတဲ့ပတ်ဝန်းကျင်ကောင်းတွေရှိဖို့လိုအပ်နေတယ်။ ဒီအစိုးရလက်ထပ်မှာ ပြုပြင်ဖို့လို အပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေကိုလာမယ့် အစိုးရလက်ထပ် မှာ ပြင်ဆင်လာ နိုင်မယ်ထင်တယ်။ ရေရှည်ရင်း နှီးမှုမှာ ယုံကြည်စိတ်ချနိုင်ဖို့ မူဝါဒရေးရာပိုင်း တွေပြင်ဆင်ဖို့ လိုအပ်နေတယ်။ အစိုးရဝန်ဆောင်မှုပိုင်းတွေလည်း အဆင့်မြင့်ဖို့လိုအပ်တယ်။ ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်တယ်။”

ကမ္ဘာ့ဘဏ်အနေနဲ့ မနေ့ကဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီလိုဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဗ္ဗဒူလာရေက ဒီဆွေးနွေးမှုဟာ အထူးအရေးပါတဲ့ဆွေးနွေးမှုတခုဖြစ်ကြောင်း၊ နောက်တက်လာမယ့် အစိုးရသစ်အနေနဲ့ တိုင်း ပြည်ကို အကောင်းဆုံး ပြုပြင်ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ကြောင်း သူကခုလိုပြောပါတယ်။

“မနေ့ကတွေ့ဆုံမှုမှာ ကမ္ဘာဘဏ်ရဲ့မူဝါဒပိုင်းတွေကို ဒေါ်အောင်ဆန်းစုကြည်အပြင် လွှတ်တော်အမတ်တွေနဲ့ပါ ဆွေးနွေးခဲ့တယ်။ အစိုးရသစ်လက်ထပ်မှာ မြန်မာနိုင်ငံဖွ့ံဖြိုးနိုင်ဖို့ ပိုပြီးပူးပေါင်းဆောင်ရွက်သွားမယ်။ တိုးတက်လုပ်ဆောင်မယ့် ကမ္ဘာဘဏ် ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။”

လက်ရှိမှာ မြန်မာနိုင်ငံအတွင်းမှာ ဆင်းရဲချမ်းသာကွာဟချက်ကို ကျဉ်းမြောင်းနိုင်ဖို့ လုပ်ဆောင်ရန်အရေးတကြီးလိုအပ်နေကြောင်း၊ လူမှုရေးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေမှာ အစိုးရအနေနဲ့ အရင်ကထက် ဘဏ္ဍာငွေသုံးစွဲမှု အရင်ကထပ်တိုးတက်သုံးစွဲမှုတွေရှိလာပေမယ့် အခြားနိုင်ငံတွေနဲ့ယှဉ်ပါက နည်းပါးနေသေးကြောင်း ကမ္ဘာ့ဘဏ်က လှုမှုရေးဆိုင်ရာ အကြီးတန်းအရာရှိ ဒေါ်နှင်းနှင်းပိုင်က ထောက်ပြပြောဆိုလိုက်ပါတယ်။

လတ်တလောမှာ မြန်မာနိုင်ငံတွင်း ငွေကြေးဆိုင်ရာ လည်ပတ်စီးဆင်းနိုင်မှုအပိုင်းမှာ လွန်စွာအားနည်းနေကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးဖို့အတွက် ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေ ပေါ်ပေါက်လာဖို့လိုအပ်နေပေမယ့်တောင့်တင်းခိုင်မာတဲ့ ဥပဒေတွေရှိဖို့လိုအပ်နေကြောင်း ဘဏ္ဍာရေးဆိုင်ရာ အကြီးတန်းအရာရှိ ဒေါ်နန်းဌေးဌေးက လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ခုလိုထောက်ပြခဲ့ပါတယ်။

“ဖွံ့ဖြိုးရေးကဏ္ဍမှာ ခိုင်မာတောင့်တင်းသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ကြီးကြပ်အုပ်ချုပ်မှု မှုဘောင်များကို ရေးဆွဲရန် လိုအပ်ပါတယ်။ ခေတ်မှီတဲ့ ငွေရေးကြေးရေး ကဏ္ဍ အတွက် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းလိုအပ်တာတွေကို တွေ့ရှိရပါတယ်။ နိုင်ငံပိုင် ဘဏ်များကို ပြုပြင်ပြောင်းလဲခြင်းကနေတဆင့် ငွေကြေးကဏ္ဍဖွဲ့စည်းပုံပြောင်းလဲမှုကို ကျယ်ပြန့်စွာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တောင့်တင်းခိုင်မာသော ဥပဒေနဲ့ ကြီးကြပ် စစ်ဆေးမှု မူဘောင်တရပ်ကနေတဆင့် ကျမတို့ရဲ့ micro finance insurance အဲဒါတွေကို ကြီးကြပ််အုပ်ချုပ်ဖို့အတွက် government financial institution တွေဖြစ်တဲ့ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ လုံ့ဆော်ပေးရန် ကြိုးပမ်းဆောင်ရွက် ပေးရန်လိုအပ်တာကို တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မျှတပြီးလူတိုင်းပေးဆောင်နိုင်မယ့် အခွန်စနစ်ကိုထူထောင်ဖို့ လိုအပ်နေတာကိုလည်း ထောက်ပြပြောဆိုခဲ့ပါသေးတယ်။ ဒီလိုအခွန်ငွေကောက်ခံ မှုမှာလည်း ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ် နေသေးကြောင်း၊ အစိုးရမူဝါဒရေးရာပိုင်းမှာ ပွင့်လင်းမှုလိုအပ်ချက်တွေရှိနေသလို တိကျခိုင်မာတဲ့ အစိုးရ ကပေးနိုင်မယ့် ပြည်သူ့ဝန်ဆောင်မှုတန်ဖိုးတခုကို တိကျစွာသတ် မှတ်ပြီး ပေးဆောင်ဖို့ လိုအပ်နေသေးကြောင်း၊ အစိုးရအနေနဲ့ ပြည်သူ ကိုပြန်လည်ပေးဆောင် ရမယ့် ဝန်ဆောင်မှုအပိုင်း အားနည်းနေတာကြောင့် နောင်လာမယ့် အစိုးရလက် ထပ်မှာ ဒါတွေကို မဖြစ်မနေပြုပြင်ပြောင်းလဲ မှသာ တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်က ပြုပြင်ပြောင်းလဲရေးပူးပေါင်းပါဝင်မှု အဖွဲ့ခေါင်းဆောင် ရှာဘိမိုဟိက ပြောဆိုလိုက်ပါ တယ်။

ကမ္ဘာ့ဘဏ်ကနေ ပညာရေး၊ ကျန်းမာရေးစတဲ့လူမှု ၀န််ဆောင်မှုများ ရရှိနိုင်ရေး၊ ကျေးလက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပုဂ္ဂလိက ကဏ္ဍ တိုးတက်စေရေးနဲ့ယှဉ်ပြိုင်မှုရှိရေး၊ လူတိုုင်း လက်လှမ်းမီတဲ့ ဘဏ္ဍာရေး စနစ် ထူထောင်ရေး၊ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍ စွမ်းရည် မြှင့်တင်ရေး စတဲ့ ကဏ္ဍ ၆ ခုအတွက် ပြုပြင်ပြောင်းလဲရမယ့် အချက် တွေကို ဒီကနေ့ထုတ်ပြန်လိုက်တာပါ။ ဒါတွေကို နောက်တက်လာမယ့် အစိုးရကိုလည်းချပြသွားမယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)