ကခ်င္လူထု ဘိန္း ဆန္႔က်င္ရသည့္ အေၾကာင္း (ကချင်လူထု ဘိန်း ဆန့်ကျင်ရသည့် အကြောင်း )


ကခ်င္လူထု အေျချပဳ ဘိန္းခင္းဖ်က္ေရးအဖြဲ႔ (Photo-Ying kyang)
ကခ်င္ျပည္နယ္မွာ မူးယစ္ေဆး၀ါးအႏၱရာယ္ဟာ လူမ်ဳိးတုန္းေစတဲ့ အဆင့္ ထိေရာက္ ေနတာေၾကာင့္ ဘိန္းပေပ်ာက္ေရး လူထုကိုယ္တိုင္ အံုၾကြ လႈပ္ရွားလာၾက တာျဖစ္တယ္လို႔ ကခ်င္လူထု အေျချပဳ အဖဲြ႔အစည္းေတြကေျပာပါတယ္။ ကခ်င္ေဒသမွာ မူးယစ္ေဆးဝါးျပပႆနာဟာ ႏွစ္ေပါင္း မ်ားစြာၾကာျမင့္ခဲ့ေပမ့ဲ အစိုးရ၊ စစ္တပ္နဲ႔ ေဒသဆိုင္ရာ အာဏာပိုင္ေတြဘက္က ထိထိေရာက္ေရာက္ႏွိမ္ နင္းေျဖရွင္းေပးႏိုင္ျခင္း မရွိခဲ့ဘူးလို႔ ေဒသခံေတြက ဗီြအိုေအကိုေျပာပါတယ္။ လက္ရွိ ကခ်င္လူထုရဲ႕ ဘိန္းပေပ်ာက္ေရးလွဳပ္ရွားမႈ ဘာေၾကာင့္ ျဖစ္လာရသလဲဆိုတာကို ဆက္သြယ္ေမးျမန္း ထားတဲ့ မအင္ၾကင္းနိုင္က အျပည့္အစံုကိုေျပာျပမွာပါ။

ကခ်င္ျပည္နယ္မွာ ဘိန္းနဲ႔ မူးယစ္ေဆး၀ါးေၾကာင့္ ေသဆံုးသူဦးေရဟာ ႏွစ္ေပါင္း (၅၀)ေက်ာ္ၾကာျဖစ္ေနတဲ့ ျပည္တြင္းစစ္တိုက္ပဲြေၾကာင့္ ေသဆံုးသူအေရအတြက္ထက္ ဆယ္ဆ မက ရွိေနတယ္လို႔ ျမစ္ၾကီးနားအေျခစိုက္ ကခ်င္လူထု ဘိန္းပေပ်ာက္ေရး လွဳပ္ရွားမႈကို ဦးေဆာင္သူတဦးျဖစ္တဲ့ ဦးတူးေရာက ဗီြအိုေအကိုေျပာပါတယ္။

" KIA နဲ႔ တပ္မေတာ္နဲ႔ တုိက္ၾက ခိုက္ၾကတဲ့ ႏွစ္ေပါင္း ငါးဆယ္ေက်ာ္ သမိုင္းမွာ စစ္ပြဲေၾကာင့္ ေသတဲ့သူေတြနဲ႔ ယွဥ္ၾကည့္တဲ့အခါမွာ မူးယစ္ေဆးဝါးေၾကာင့္ ေသတဲ့သူ က ဆယ္ဆ ေလာက္ရွိမယ္။"

ႏွစ္ေပါင္း (၄၀)နီးပါးအတြင္း ကခ်င္ျပည္နယ္မွာ ဘိန္းနဲ႔မူးယစ္ေဆး၀ါးသံုးစဲြသူဦးေရ သိန္းနဲ႔ခ်ီမ်ားလာတဲ့အျပင္ ၂၀၁၃ခုႏွစ္မွာ အဆိုးရြားဆံုး အေျခအေနကိုေရာက္ခဲ့ တယ္လို႔ ဦးတူးေရာကေျပာပါတယ္။

" ေဆးစြဲတဲ့သူက ဘယ္ေလာက္ေတာင္ မ်ားသလဲဆိုေတာ့ တရြာလံုးေပါ့ေနာ္။ အလယ္တန္းေက်ာင္းသားအထိ ျဖစ္လာတာေပါ့။ နံပတ္ ဖိုးက သိပ္မ်ား လာေတာ့ ေဆးလည္း အရမ္းေပါလာတယ္။ တခ်ိဳ႕ေနရာမွာ အလကားေတာင္ သံုးစြဲတဲ့သူေတြကို အလကားေပးတယ္။  သံုးမယ္ဆိုရင္ အလကားစမ္းၾကည့္ ေပး တယ္ေပါ့။ သံုးမယ့္သူကို အလကားေပးတယ္ဆိုေပမဲ့ တကယ္ စြဲသြားၿပီဆိုရင္ေတာ့ အလကား မရေတာ့ဘူးေပါ့ေနာ္။ အဲ့သလို ပံုစံနဲ႔ လူတုိင္း၊ လူတုိင္းဟာ ပိုက္ဆံ အဆင္မေျပဘူးဆိုရင္ လူသစ္ေတြ ျပန္ေခၚလာတယ္။ ငယ္တဲ့ကေလးေတြ ကို ေခၚလာတာ။ ေခၚလာၿပီး စမ္းခုိင္းတယ္။ အဲ့လိုမ်ိဳး အလကားစမ္းခိုင္းၿပီးေတာ့ လူသစ္ေတြ အမ်ားႀကီးရလာၿပီး လူအမ်ားႀကီးက နံပတ္ဖိုးသမားေတြ ျဖစ္ ကုန္ၾကတာေပါ့။"

မအင္ၾကင္းႏုိင္။    ။ အဲ့ဒီ့ေလာက္ထိ လူငယ္ေတာ္ေတာ္မ်ားမ်ား ရြာလံုးကၽြတ္ ဘိန္းေတြစြဲ ၊ အသံုးျပဳလာတာက ဘာေၾကာင့္လို႔ ထင္လဲရွင့္။ ဘယ္သူ႔မွာ ပိုၿပီး တာဝန္ရွိလဲရွင့္။

ဦးတူးေရာ။   ။ အစိုးရမွာ တာဝန္ရွိတာေပါ့ေနာ္။ အစိုးရမွာ တာဝန္ရွိတယ္ဆိုတာ အစိုးရက ဒီဥစၥာေတြကို ကာကြယ္ေပးႏုိင္တာေပါ့။ ဒါေပမဲ့ တခ်ိဳ႕ေနရာေတြမွာက်ေတာ့ အဲ့လိုျဖစ္လာေအာင္ ေဒသဆိုင္ရာေပါ့ေနာ္  အာဏာရွိတဲ့သူေတြက တမင္တကာကို လုပ္သလုိျဖစ္ေနတယ္။ အဲ့လိုအေျခအေန၊ အဲ့ေလာက္ဆိုးတဲ့အေျခအေန က ေအာက္ျပည္ ေအာက္ရြာမွာ မရွိဘူး။ က်ေနာ္တို႔ဆီမွာပဲ ျဖစ္ေနတာေပါ့ေနာ္။ ကခ်င္လူထုက ဘာျဖစ္လာလဲဆိုေတာ့ ဒါကေတာ့ ႏုိင္ငံေတာ္အစိုးရက စီမံကိန္းရွိရွိ က်ေနာ္တို႔ကို လူမ်ိဳးတုန္းေအာင္ လုပ္တာပဲ ဆိုတဲ့ အသိက ဝင္လာတာ။ ဒီလိုျဖစ္လာတဲ့အခါမွာ ဘယ္သူမွ အားကိုးလို႔မရတဲ့အခါက်ေတာ့ လူထုက အခုလို မူးယစ္ေဆးဝါး ႏွိမ္ႏွင္းေရး၊ တုိက္ဖ်က္ေရးေပါ့ လုပ္လာရတယ္။"

ကခ်င္လူထု ဆႏၵျပ။
​မအင္ၾကင္းႏုိင္။    ။ ဒီဘိန္းခင္းပိုင္ရွင္ေတြ၊ အခု ဘိန္းခင္းေတြနဲ႔ပတ္သက္တဲ့ စီးပြားေရးသမားေတြ နဲ႔ ထိပ္တိုက္တိုးေနတာဆိုေတာ့ သူတို႔ကေရာ ဘယ္သူေတြလဲ။ ဒီကိစၥမွာေရာ ဦးေလးတို႔ ဘယ္လိုသံုးသပ္လဲရွင့္။ အခုလို ဘိန္းခင္းပိုင္ရွင္ေတြနဲ႔ ထိပ္တိုက္တုိးေနရတဲ့ကိစၥေတြကို။

ဦးတူးေရာ။   ။ ဘိန္းခင္းပိုင္ရွင္ေတြက ဘယ္သူေတြလဲလို႔ ဆန္းစစ္ၾကည့္လိုက္တဲ့ အခါမွာ အားလံုးက နဂိုကတည္းက မသိတာေတာ့မဟုတ္ဘူး။ သိေတာ့ သိပါတယ္။ တဖက္ႏုိင္ငံက တ႐ုတ္ျပည္ဘက္က ေငြရွင္ေတြက ေငြထုပ္ပိုက္ၿပီးမွ လာစိုက္ၾကတာေပါ့။ ဘိန္းစိုက္ရင္ အက်ိဳးအျမတ္ အမ်ားႀကီး ရတယ္ဆိုၿပီး အစကတည္းက သိၿပီးသား။

မအင္ၾကင္းႏုိင္။   ။ အဲ့ဒီ့ဘိန္းစိုက္တဲ့ကိစၥ ဘယ္လက္နက္ကိုင္ေတြေရာ ပါတာ ေတြ႔ရလဲရွင့္။

ဦးတူးေရာ။   ။ ဘိန္းခင္းရွိေနတဲ့ေနရာကေတာ့ နယ္ျခားေစာင့္တပ္ နဲ႔ ျပည္သူ႔စစ္နဲ႔ ျမန္မာ့တပ္မေတာ္နဲ႔ သူတို႔ထိန္းခ်ဳပ္ထားတဲ့ေနရာ၊ တျခား ဘယ္ေနရာမွာမွ မရွိပဲ။

မအင္ၾကင္းႏိုင္။   ။ ကခ်င္ျပည္နယ္မွာ က်မတို႔သိရသေလာက္ ဖားကန္႔မွာ ဆိုလည္း ေက်ာက္စိမ္း ကိစၥ က အရမ္းကို ဆိုးရြားတယ္။ တခါ တုိက္ပြဲေတြက လည္း ျဖစ္ေနဆဲ။ အခုဆိုရင္ ဘိန္းကိစၥကလည္း ထပ္ၿပီး တိုးလာေတာ့ ကခ်င္လူထုေတြအတြက္က ဘယ္ကိစၥက ပိုၿပီးေတာ့ ဆိုးဝါးေနသလဲရွင့္။

ဦးတူးေရာ။    ။ အဆိုးဝါးဆံုးကေတာ့ အခု ဘိန္းကိစၥပဲ။ မူးယစ္ေဆးဝါးကိစၥ။ အမ်ားႀကီး ဒုကၡေရာက္ၾကရတယ္။ ေက်ာက္စိမ္းကိစၥကေတာ့ က်ေနာ္တို႔ရဲ႕ သယံဇာတေတြ ဆံုး႐ံႈးတယ္။ ေျမယာ၊ သစ္ေတာေတြ ဆံုး႐ံႈးတယ္ဆိုတဲ့ကိစၥကေတာ့ အတိုင္းအတာကေတာ့ ႀကီးတာေပါ့ေနာ္။ ဒါေပမဲ့ တကယ္ဆိုးတာကေတာ့ တကယ့္မိသားစုဘဝကို  ဖ်က္ဆီးတာ၊ တမ်ိဳးသားလံုးရဲ႕ အနာဂတ္ကို ဖ်က္ဆီးတာေပါ့ေနာ္။ လူမ်ိဳးတုန္းေစတဲ့ အဆင့္ေလာက္အထိ ျဖစ္တာကေတာ့ ဒီမူးယစ္ေဆးဝါးပဲ။ တ႐ုတ္ျပည္မွာ ဘိန္းစစ္ပြဲျဖစ္ခဲ့သလိုေပါ့ ဟုတ္တယ္မဟုတ္လား။ ဒါကေတာ့ တကယ့္လူထုအံုၾကြမႈပါပဲ။

ကခ်င္ျပည္နယ္မွာ ၂၀၁၄ခုနွစ္ ဧၿပီလကစၿပီး မူးယစ္ေဆး၀ါးတိုက္ဖ်က္ေရးကို လူထုလွဳပ္ရွားမႈအေနနဲ႔ စတင္ခဲ့တာျဖစ္ပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
......................

ကချင်လူထု အခြေပြု ဘိန်းခင်းဖျက်ရေးအဖွဲ့ (Photo-Ying kyang)
ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးအန္တရာယ်ဟာ လူမျိုးတုန်းစေတဲ့ အဆင့် ထိရောက် နေတာကြောင့် ဘိန်းပပျောက်ရေး လူထုကိုယ်တိုင် အုံကြွ လှုပ်ရှားလာကြ တာဖြစ်တယ်လို့ ကချင်လူထု အခြေပြု အဖွဲ့အစည်းတွေကပြောပါတယ်။ ကချင်ဒေသမှာ မူးယစ်ဆေးဝါးပြပဿနာဟာ နှစ်ပေါင်း များစွာကြာမြင့်ခဲ့ပေမဲ့ အစိုးရ၊ စစ်တပ်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေဘက်က ထိထိရောက်ရောက်နှိမ် နင်းဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့ဘူးလို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ လက်ရှိ ကချင်လူထုရဲ့ ဘိန်းပပျောက်ရေးလှုပ်ရှားမှု ဘာကြောင့် ဖြစ်လာရသလဲဆိုတာကို ဆက်သွယ်မေးမြန်း ထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

ကချင်ပြည်နယ်မှာ ဘိန်းနဲ့ မူးယစ်ဆေးဝါးကြောင့် သေဆုံးသူဦးရေဟာ နှစ်ပေါင်း (၅၀)ကျော်ကြာဖြစ်နေတဲ့ ပြည်တွင်းစစ်တိုက်ပွဲကြောင့် သေဆုံးသူအရေအတွက်ထက် ဆယ်ဆ မက ရှိနေတယ်လို့ မြစ်ကြီးနားအခြေစိုက် ကချင်လူထု ဘိန်းပပျောက်ရေး လှုပ်ရှားမှုကို ဦးဆောင်သူတဦးဖြစ်တဲ့ ဦးတူးရောက ဗွီအိုအေကိုပြောပါတယ်။

" KIA နဲ့ တပ်မတော်နဲ့ တိုက်ကြ ခိုက်ကြတဲ့ နှစ်ပေါင်း ငါးဆယ်ကျော် သမိုင်းမှာ စစ်ပွဲကြောင့် သေတဲ့သူတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ မူးယစ်ဆေးဝါးကြောင့် သေတဲ့သူ က ဆယ်ဆ လောက်ရှိမယ်။"

နှစ်ပေါင်း (၄၀)နီးပါးအတွင်း ကချင်ပြည်နယ်မှာ ဘိန်းနဲ့မူးယစ်ဆေးဝါးသုံးစွဲသူဦးရေ သိန်းနဲ့ချီများလာတဲ့အပြင် ၂၀၁၃ခုနှစ်မှာ အဆိုးရွားဆုံး အခြေအနေကိုရောက်ခဲ့ တယ်လို့ ဦးတူးရောကပြောပါတယ်။

" ဆေးစွဲတဲ့သူက ဘယ်လောက်တောင် များသလဲဆိုတော့ တရွာလုံးပေါ့နော်။ အလယ်တန်းကျောင်းသားအထိ ဖြစ်လာတာပေါ့။ နံပတ် ဖိုးက သိပ်များ လာတော့ ဆေးလည်း အရမ်းပေါလာတယ်။ တချို့နေရာမှာ အလကားတောင် သုံးစွဲတဲ့သူတွေကို အလကားပေးတယ်။  သုံးမယ်ဆိုရင် အလကားစမ်းကြည့် ပေး တယ်ပေါ့။ သုံးမယ့်သူကို အလကားပေးတယ်ဆိုပေမဲ့ တကယ် စွဲသွားပြီဆိုရင်တော့ အလကား မရတော့ဘူးပေါ့နော်။ အဲ့သလို ပုံစံနဲ့ လူတိုင်း၊ လူတိုင်းဟာ ပိုက်ဆံ အဆင်မပြေဘူးဆိုရင် လူသစ်တွေ ပြန်ခေါ်လာတယ်။ ငယ်တဲ့ကလေးတွေ ကို ခေါ်လာတာ။ ခေါ်လာပြီး စမ်းခိုင်းတယ်။ အဲ့လိုမျိုး အလကားစမ်းခိုင်းပြီးတော့ လူသစ်တွေ အများကြီးရလာပြီး လူအများကြီးက နံပတ်ဖိုးသမားတွေ ဖြစ် ကုန်ကြတာပေါ့။"

မအင်ကြင်းနိုင်။    ။ အဲ့ဒီ့လောက်ထိ လူငယ်တော်တော်များများ ရွာလုံးကျွတ် ဘိန်းတွေစွဲ ၊ အသုံးပြုလာတာက ဘာကြောင့်လို့ ထင်လဲရှင့်။ ဘယ်သူ့မှာ ပိုပြီး တာဝန်ရှိလဲရှင့်။

ဦးတူးရော။   ။ အစိုးရမှာ တာဝန်ရှိတာပေါ့နော်။ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာ အစိုးရက ဒီဥစ္စာတွေကို ကာကွယ်ပေးနိုင်တာပေါ့။ ဒါပေမဲ့ တချို့နေရာတွေမှာကျတော့ အဲ့လိုဖြစ်လာအောင် ဒေသဆိုင်ရာပေါ့နော်  အာဏာရှိတဲ့သူတွေက တမင်တကာကို လုပ်သလိုဖြစ်နေတယ်။ အဲ့လိုအခြေအနေ၊ အဲ့လောက်ဆိုးတဲ့အခြေအနေ က အောက်ပြည် အောက်ရွာမှာ မရှိဘူး။ ကျနော်တို့ဆီမှာပဲ ဖြစ်နေတာပေါ့နော်။ ကချင်လူထုက ဘာဖြစ်လာလဲဆိုတော့ ဒါကတော့ နိုင်ငံတော်အစိုးရက စီမံကိန်းရှိရှိ ကျနော်တို့ကို လူမျိုးတုန်းအောင် လုပ်တာပဲ ဆိုတဲ့ အသိက ဝင်လာတာ။ ဒီလိုဖြစ်လာတဲ့အခါမှာ ဘယ်သူမှ အားကိုးလို့မရတဲ့အခါကျတော့ လူထုက အခုလို မူးယစ်ဆေးဝါး နှိမ်နှင်းရေး၊ တိုက်ဖျက်ရေးပေါ့ လုပ်လာရတယ်။"

ကချင်လူထု ဆန္ဒပြ။
​မအင်ကြင်းနိုင်။    ။ ဒီဘိန်းခင်းပိုင်ရှင်တွေ၊ အခု ဘိန်းခင်းတွေနဲ့ပတ်သက်တဲ့ စီးပွားရေးသမားတွေ နဲ့ ထိပ်တိုက်တိုးနေတာဆိုတော့ သူတို့ကရော ဘယ်သူတွေလဲ။ ဒီကိစ္စမှာရော ဦးလေးတို့ ဘယ်လိုသုံးသပ်လဲရှင့်။ အခုလို ဘိန်းခင်းပိုင်ရှင်တွေနဲ့ ထိပ်တိုက်တိုးနေရတဲ့ကိစ္စတွေကို။

ဦးတူးရော။   ။ ဘိန်းခင်းပိုင်ရှင်တွေက ဘယ်သူတွေလဲလို့ ဆန်းစစ်ကြည့်လိုက်တဲ့ အခါမှာ အားလုံးက နဂိုကတည်းက မသိတာတော့မဟုတ်ဘူး။ သိတော့ သိပါတယ်။ တဖက်နိုင်ငံက တရုတ်ပြည်ဘက်က ငွေရှင်တွေက ငွေထုပ်ပိုက်ပြီးမှ လာစိုက်ကြတာပေါ့။ ဘိန်းစိုက်ရင် အကျိုးအမြတ် အများကြီး ရတယ်ဆိုပြီး အစကတည်းက သိပြီးသား။

မအင်ကြင်းနိုင်။   ။ အဲ့ဒီ့ဘိန်းစိုက်တဲ့ကိစ္စ ဘယ်လက်နက်ကိုင်တွေရော ပါတာ တွေ့ရလဲရှင့်။

ဦးတူးရော။   ။ ဘိန်းခင်းရှိနေတဲ့နေရာကတော့ နယ်ခြားစောင့်တပ် နဲ့ ပြည်သူ့စစ်နဲ့ မြန်မာ့တပ်မတော်နဲ့ သူတို့ထိန်းချုပ်ထားတဲ့နေရာ၊ တခြား ဘယ်နေရာမှာမှ မရှိပဲ။

မအင်ကြင်းနိုင်။   ။ ကချင်ပြည်နယ်မှာ ကျမတို့သိရသလောက် ဖားကန့်မှာ ဆိုလည်း ကျောက်စိမ်း ကိစ္စ က အရမ်းကို ဆိုးရွားတယ်။ တခါ တိုက်ပွဲတွေက လည်း ဖြစ်နေဆဲ။ အခုဆိုရင် ဘိန်းကိစ္စကလည်း ထပ်ပြီး တိုးလာတော့ ကချင်လူထုတွေအတွက်က ဘယ်ကိစ္စက ပိုပြီးတော့ ဆိုးဝါးနေသလဲရှင့်။

ဦးတူးရော။    ။ အဆိုးဝါးဆုံးကတော့ အခု ဘိန်းကိစ္စပဲ။ မူးယစ်ဆေးဝါးကိစ္စ။ အများကြီး ဒုက္ခရောက်ကြရတယ်။ ကျောက်စိမ်းကိစ္စကတော့ ကျနော်တို့ရဲ့ သယံဇာတတွေ ဆုံးရှုံးတယ်။ မြေယာ၊ သစ်တောတွေ ဆုံးရှုံးတယ်ဆိုတဲ့ကိစ္စကတော့ အတိုင်းအတာကတော့ ကြီးတာပေါ့နော်။ ဒါပေမဲ့ တကယ်ဆိုးတာကတော့ တကယ့်မိသားစုဘဝကို  ဖျက်ဆီးတာ၊ တမျိုးသားလုံးရဲ့ အနာဂတ်ကို ဖျက်ဆီးတာပေါ့နော်။ လူမျိုးတုန်းစေတဲ့ အဆင့်လောက်အထိ ဖြစ်တာကတော့ ဒီမူးယစ်ဆေးဝါးပဲ။ တရုတ်ပြည်မှာ ဘိန်းစစ်ပွဲဖြစ်ခဲ့သလိုပေါ့ ဟုတ်တယ်မဟုတ်လား။ ဒါကတော့ တကယ့်လူထုအုံကြွမှုပါပဲ။

ကချင်ပြည်နယ်မှာ ၂၀၁၄ခုနှစ် ဧပြီလကစပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို လူထုလှုပ်ရှားမှုအနေနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)