အယ္နီညိဳရာသီဥတု ဒဏ္ေၾကာင့္ သတိလစ္ျခင္းမွ အသက္ဆံုးရံႈးသည္အထိ ျဖစ္ႏိုင္၍ သက္ဆုိင္ရာ၏ ထုတ္ျပန္ေၾကညာခ်က္မ်ားကုိ ဂ႐ုစိုက္ရန္ လို (အယ်နီညိုရာသီဥတု ဒဏ်ကြောင့် သတိလစ်ခြင်းမှ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်၍ သက်ဆိုင်ရာ၏ ထုတ်ပြန်ကြေညာချက်များကို ဂရုစိုက်ရန် လို )


အယ္နီညိဳရာသီဥတုဒဏ္ကုိ ခံစားေနရျခင္းေၾကာင့္ အပူခ်ိန္ ျမင့္မားလာမည့္ ယခုႏွစ္ ေႏြရာသီအတြက္ သက္ဆုိင္ရာ ၀န္ႀကီးဌာနမွ ေၾကညာခ်က္မ်ားကုိ ျပည္သူမ်ားအေနျဖင့္ ဂရုစုိက္ လုိက္နာသင့္ေၾကာင္း သက္ဆုိင္ရာ ပညာရွင္မ်ား၏ ေျပာဆုိခ်က္အရ သိရွိရသည္။

ထုိ႔ျပင္ အစုိးရဘက္မွလည္း ၎တုိ႔၏ ထုတ္ျပန္ ေၾကညာခ်က္မ်ားကုိ ျပည္သူမ်ား အမွန္တကယ္ သိရရွိေစရန္ ေဆာင္ရြက္သင့္ၿပီး ထုတ္ျပန္ခ်က္မ်ားကုိ လုိက္နာေအာင္ ေဆာင္ရြက္သင့္ေၾကာင္းလည္း မုိးေလ၀သပညာရွင္ ေဒါက္တာထြန္းလြင္က ေျပာသည္။

လက္ရွိအခ်ိန္၌ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၊ ေက်းလက္ဦးစီးဌာန စသည့္ ဌာနမ်ားက အပူခ်ိန္ေၾကာင့္ ျဖစ္ေပၚလာႏုိင္သည့္ အႏၱရာယ္မ်ားကုိ ထုတ္ျပန္ေၾကညာ ေပးလ်က္ရွိေၾကာင္း သိရသည္။

အပူခ်ိန္ျမင့္မားမႈေၾကာင့္ ေရရွားပါးမႈမ်ား ျဖစ္ေပၚလာႏုိင္ၿပီး လူသားမ်ားအတြက္မူ ေခါင္းမူးျခင္း၊ ေခါင္းကုိက္ျခင္း၊ ေခြ်းထြက္လြန္ျခင္း၊ ႏွလံုးခုန္ျမန္ျခင္း၊ ပ်ဳိ႕အန္ျခင္းမ်ားအျပင္ သတိလစ္ျခင္းမွ အသက္ဆံုးရံႈးသည္အထိ ျဖစ္ႏုိင္ေၾကာင္း ဆရာ၀န္မ်ားထံမွ သိရသည္။

“အမုိးအကာမရွိဘဲနဲ႔ အလုပ္လုပ္ေနၾကတယ္။ တခ်ဳိ႕ ဦးထုပ္ မရွိဘူး။ လံုၿခံဳေရးအတြက္တင္ မကဘူး ၊ ေဘးအကာေတြ သာမက ေခၚေပၚမွာလည္း ကာဖုိ႔လုိသလုိ၊ (ေနပူေအာက္မွာ လုပ္ရတဲ့သူေတြကုိ) သူတုိ႔ကုိ အနည္းဆံုး ႏွစ္နာရီျခားတစ္ခါ အနားေပးမွသာလွ်င္ အပူစုပ္တဲ့ဒဏ္ကုိ ခံႏုိင္မယ္။ သူတုိ႔ကုိ အကၤ်ီလက္ရွည္ ပြပြႀကီးေတြ ေပး၀တ္ထားရမယ္” ဟု အေထြေထြေရာဂါကု ဆရာ၀န္ ေဒါက္တာဦးျမင့္ဦးက ေျပာသည္။

လက္ရွိအခ်ိန္၌ မေကြး၊ ပဲခူး၊ ကရင္၊ တနသၤာရီ ေဒသမ်ား၌ အပူခ်ိန္ ျမင့္တက္လာႏိုင္ၿပီး မတ္လဆန္းပုိင္း ေရာက္လွ်င္ အပူခ်ိန္ ၄၀ ဒီဂရီစင္တီဂရိတ္အထက္ ေရာက္သြားႏိုင္ေၾကာင္း မုိးေလ၀သပညာရွင္မ်ားက ခန္႔မွန္းထားသည္။

သတင္း - MMK
Photo - Saung Phyu
The Ladies News
https://www.facebook.com/News.TheLadies
............


အယ်နီညိုရာသီဥတုဒဏ်ကို ခံစားနေရခြင်းကြောင့် အပူချိန် မြင့်မားလာမည့် ယခုနှစ် နွေရာသီအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနမှ ကြေညာချက်များကို ပြည်သူများအနေဖြင့် ဂရုစိုက် လိုက်နာသင့်ကြောင်း သက်ဆိုင်ရာ ပညာရှင်များ၏ ပြောဆိုချက်အရ သိရှိရသည်။

ထို့ပြင် အစိုးရဘက်မှလည်း ၎င်းတို့၏ ထုတ်ပြန် ကြေညာချက်များကို ပြည်သူများ အမှန်တကယ် သိရရှိစေရန် ဆောင်ရွက်သင့်ပြီး ထုတ်ပြန်ချက်များကို လိုက်နာအောင် ဆောင်ရွက်သင့်ကြောင်းလည်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

လက်ရှိအချိန်၌ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန စသည့် ဌာနများက အပူချိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ထုတ်ပြန်ကြေညာ ပေးလျက်ရှိကြောင်း သိရသည်။

အပူချိန်မြင့်မားမှုကြောင့် ရေရှားပါးမှုများ ဖြစ်ပေါ်လာနိုင်ပြီး လူသားများအတွက်မူ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ပျို့အန်ခြင်းများအပြင် သတိလစ်ခြင်းမှ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ကြောင်း ဆရာဝန်များထံမှ သိရသည်။

“အမိုးအကာမရှိဘဲနဲ့ အလုပ်လုပ်နေကြတယ်။ တချို့ ဦးထုပ် မရှိဘူး။ လုံခြုံရေးအတွက်တင် မကဘူး ၊ ဘေးအကာတွေ သာမက ခေါ်ပေါ်မှာလည်း ကာဖို့လိုသလို၊ (နေပူအောက်မှာ လုပ်ရတဲ့သူတွေကို) သူတို့ကို အနည်းဆုံး နှစ်နာရီခြားတစ်ခါ အနားပေးမှသာလျှင် အပူစုပ်တဲ့ဒဏ်ကို ခံနိုင်မယ်။ သူတို့ကို အင်္ကျီလက်ရှည် ပွပွကြီးတွေ ပေးဝတ်ထားရမယ်” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဦးမြင့်ဦးက ပြောသည်။

လက်ရှိအချိန်၌ မကွေး၊ ပဲခူး၊ ကရင်၊ တနင်္သာရီ ဒေသများ၌ အပူချိန် မြင့်တက်လာနိုင်ပြီး မတ်လဆန်းပိုင်း ရောက်လျှင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက် ရောက်သွားနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။

သတင်း - MMK
Photo - Saung Phyu
The Ladies News
https://www.facebook.com/News.TheLadies
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)