ၿမိဳ႕တြင္း ဓားေထာက္ လုယက္သူမ်ား ေဖာ္ထုတ္ႏိုင္ၿပီ


ပုသိမ္ ေဖေဖာ္ဝါရီ ၁၈

ပုသိမ္ၿမိဳ႕တြင္း ညအခ်ိန္မေတာ္ ဆိုင္ကယ္ျဖင့္ လွည့္လည္၍ ဓား ေထာက္ လုယက္မႈမ်ားျဖစ္ပြားေန ေၾကာင္းသတင္းအရ ပုသိမ္ၿမိဳ႕နယ္ ရဲတပ္ဖဲြ႕ဝင္မ်ားက လွည့္ကင္းျဖင့္ စံုစမ္းစစ္ေဆးစဥ္ ေဖေဖာ္ဝါရီ ၁၇ ရက္ ည ၈ နာရီက တကၠသိုလ္ ေက်ာင္းသားသံုးဦးကို ဓားေထာက္၍ လက္ကိုင္ဖုန္း လုယူသြားသည္ကို ၾကားသိရသည္။

ျမကြၽန္းသာ ၿမိဳ႕သစ္အဝိုင္း၌ ပုသိမ္တကၠသိုလ္ ဘူမိေဗဒပထမႏွစ္ ေက်ာင္းသား ကိုအာကာ၊ ကိုသက္ပိုင္ ေဆြႏွင့္ ႏိုးႏိုးဇူးေမာင္တို႔ စကားေျပာ ေနၾကစဥ္ လူငယ္သံုးဦး ဆုိင္ကယ္ ႏွစ္စီးႏွင့္အတူ ေရာက္ရွိလာၾကၿပီး ေက်ာင္းသားသံုးဦးအား လည္ပင္းကို ဓားေထာက္၍ လက္ကိုင္ဖုန္းသံုးလံုး လုယူသြားျခင္းျဖစ္သည္။

ပုသိမ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္း ေခါင္းေဆာင္ ရဲအုပ္ ေဇာ္မင္းထြန္း ႏွင့္ နယ္ထိန္းရဲတပ္အဖဲြ႕ဝင္မ်ားက လုိက္လံစံုစမ္းရွာေဖြၾကရာ ည ၁၁ နာရီတြင္ ရာမညရပ္ကြက္ေန မင္းထက္ေအာင္၊ ရန္ကုိကိုတို႔ကို လည္းေကာင္း၊ ဗုိလ္ဗေဌးမွ ထက္ျမတ္ ေအာင္ကိုလည္းေကာင္း ၄င္းတုိ႔ လုယက္ခဲ့ေသာလက္ကိုင္ဖုန္းငါးလံုး၊ အသံုးျပဳခဲ့ေသာ ဓားသံုးေခ်ာင္းႏွင့္ ၄င္းတုိ႔ လွည့္လည္အသံုးျပဳေသာ ဆိုင္ကယ္ႏွစ္စီးႏွင့္အတူ သိမ္းဆည္း ရမိခဲ့သည္။

ဆက္လက္စံုစမ္းစစ္ေဆးခ်က္ အရ ျမကြၽန္းသာအဝိုင္း၌လုယက္ခဲ့ ၿပီးေနာက္ ကန္ပတ္လမ္းသို႔ ဝင္ ေရာက္ကာ အတြဲတစ္တြဲကို ဓားေထာက္၍ လက္ကိုင္ဖုန္း တစ္လံုးကို လုယက္ခဲ့ေၾကာင္း၊ ေဖေဖာ္ဝါရီ ၁၆ ရက္ ညကလည္း ျပစ္မႈက်ဴးလြန္သူ မင္းထက္ေအာင္ ႏွင့္ ရန္ကိုကိုတို႔ႏွစ္ဦးသည္ အမွတ္ (၃)နယ္ေျမ စကားဝါလမ္း၌ လမ္း ေလွ်ာက္လာသူတစ္ဦးထံမွ လက္ ကိုင္ဖုန္းတစ္လံုး၊ ကင္မလင္းကြၽန္း အထည္ခ်ဳပ္စက္႐ံုအနီးလမ္းေလွ်ာက္ လာသူတစ္ဦးထံမွလည္း လက္ကိုင္ ဖုန္းတစ္လံုးကိုပါ ဓားေထာက္လု ယူခဲ့ေၾကာင္း ထပ္မံသိရသည္။

ဖုန္းပိုင္ရွင္တုိ႔ကိုစံုစမ္း၍ တယ္လီဖုန္းမ်ားကိုျပန္လည္ေပးအပ္ရန္ စီစဥ္ထားရွိၿပီး ယင္းအမႈႏွင့္ ပတ္ သက္၍ ပုသိမ္ၿမိဳ႕မရဲစခန္းက စစ္ ေဆး ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
''ကန္ပတ္လမ္းထဲကအတြဲေတြ ခံရတာမ်ားပါတယ္။ အိမ္ကလူႀကီး ေတြသိမွာစိုးလို႔ မတုိင္ရဲဘဲလွ်ဳိ႕ဝွက္ ထားခဲ့ရာက လုယက္မႈက်ဴးလြန္သူ ေတြ အတင့္ရဲလာေၾကာင္း၊ ျပည္သူေတြကလည္း ရဲတပ္ဖဲြ႕ဝင္ ေတြကို ပြင့္လင္းစြာကူညီၾကရန္ လိုအပ္ပါေၾကာင္း''ဟု ေခတၱစခန္းမွဴး ရဲအုပ္ဝင္းဗုိလ္က ေျပာသည္။

ပုသိမ္လွၾကည္
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
......


ပုသိမ် ဖေဖော်ဝါရီ ၁၈

ပုသိမ်မြို့တွင်း ညအချိန်မတော် ဆိုင်ကယ်ဖြင့် လှည့်လည်၍ ဓား ထောက် လုယက်မှုများဖြစ်ပွားနေ ကြောင်းသတင်းအရ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များက လှည့်ကင်းဖြင့် စုံစမ်းစစ်ဆေးစဉ် ဖေဖော်ဝါရီ ၁၇ ရက် ည ၈ နာရီက တက္ကသိုလ် ကျောင်းသားသုံးဦးကို ဓားထောက်၍ လက်ကိုင်ဖုန်း လုယူသွားသည်ကို ကြားသိရသည်။

မြကျွန်းသာ မြို့သစ်အဝိုင်း၌ ပုသိမ်တက္ကသိုလ် ဘူမိဗေဒပထမနှစ် ကျောင်းသား ကိုအာကာ၊ ကိုသက်ပိုင် ဆွေနှင့် နိုးနိုးဇူးမောင်တို့ စကားပြော နေကြစဉ် လူငယ်သုံးဦး ဆိုင်ကယ် နှစ်စီးနှင့်အတူ ရောက်ရှိလာကြပြီး ကျောင်းသားသုံးဦးအား လည်ပင်းကို ဓားထောက်၍ လက်ကိုင်ဖုန်းသုံးလုံး လုယူသွားခြင်းဖြစ်သည်။

ပုသိမ်မြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ် ဇော်မင်းထွန်း နှင့် နယ်ထိန်းရဲတပ်အဖွဲ့ဝင်များက လိုက်လံစုံစမ်းရှာဖွေကြရာ ည ၁၁ နာရီတွင် ရာမညရပ်ကွက်နေ မင်းထက်အောင်၊ ရန်ကိုကိုတို့ကို လည်းကောင်း၊ ဗိုလ်ဗဌေးမှ ထက်မြတ် အောင်ကိုလည်းကောင်း ၄င်းတို့ လုယက်ခဲ့သောလက်ကိုင်ဖုန်းငါးလုံး၊ အသုံးပြုခဲ့သော ဓားသုံးချောင်းနှင့် ၄င်းတို့ လှည့်လည်အသုံးပြုသော ဆိုင်ကယ်နှစ်စီးနှင့်အတူ သိမ်းဆည်း ရမိခဲ့သည်။

ဆက်လက်စုံစမ်းစစ်ဆေးချက် အရ မြကျွန်းသာအဝိုင်း၌လုယက်ခဲ့ ပြီးနောက် ကန်ပတ်လမ်းသို့ ဝင် ရောက်ကာ အတွဲတစ်တွဲကို ဓားထောက်၍ လက်ကိုင်ဖုန်း တစ်လုံးကို လုယက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၆ ရက် ညကလည်း ပြစ်မှုကျူးလွန်သူ မင်းထက်အောင် နှင့် ရန်ကိုကိုတို့နှစ်ဦးသည် အမှတ် (၃)နယ်မြေ စကားဝါလမ်း၌ လမ်း လျှောက်လာသူတစ်ဦးထံမှ လက် ကိုင်ဖုန်းတစ်လုံး၊ ကင်မလင်းကျွန်း အထည်ချုပ်စက်ရုံအနီးလမ်းလျှောက် လာသူတစ်ဦးထံမှလည်း လက်ကိုင် ဖုန်းတစ်လုံးကိုပါ ဓားထောက်လု ယူခဲ့ကြောင်း ထပ်မံသိရသည်။

ဖုန်းပိုင်ရှင်တို့ကိုစုံစမ်း၍ တယ်လီဖုန်းများကိုပြန်လည်ပေးအပ်ရန် စီစဉ်ထားရှိပြီး ယင်းအမှုနှင့် ပတ် သက်၍ ပုသိမ်မြို့မရဲစခန်းက စစ် ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''ကန်ပတ်လမ်းထဲကအတွဲတွေ ခံရတာများပါတယ်။ အိမ်ကလူကြီး တွေသိမှာစိုးလို့ မတိုင်ရဲဘဲလျှို့ဝှက် ထားခဲ့ရာက လုယက်မှုကျူးလွန်သူ တွေ အတင့်ရဲလာကြောင်း၊ ပြည်သူတွေကလည်း ရဲတပ်ဖွဲ့ဝင် တွေကို ပွင့်လင်းစွာကူညီကြရန် လိုအပ်ပါကြောင်း''ဟု ခေတ္တစခန်းမှူး ရဲအုပ်ဝင်းဗိုလ်က ပြောသည်။

ပုသိမ်လှကြည်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)