ကုမၸဏီေတြနဲ႔ ဆႏၵျပသူေတြ ယာယီ သေဘာတူမႈ ရရွိ

ဖားကန္႔ၿမိဳ႕နယ္ လံုးခင္းေက်းရြာအုပ္စု ဆန္ခါေက်းရြာအနီးက ေမွာ္ပံု ေတာင္ေၾကာမွာ ကုမၸဏီေတြက ဝွက္ထားတဲ႔ ေက်ာက္တူးေဖာ္ေရးလုပ္ငန္းမွာအသံုးျပဳတဲ႔ စက္ယႏၱရားမ်ားကို ေတြ႔ရစဥ္။ Photo: Ko Tin Hlaing
ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္၊ ဆိပ္မူေက်းရြာအုပ္စုမွာ ဆႏၵျပေနတဲ့ ေဒသခံေတြကို ေက်ာက္တူးေဖာ္ေရး ကုမၸဏီေတြ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖဲြ႔နဲ႔ ေက်ာက္မ်က္ တူးေဖာ္ေရးဌာန တာ၀န္ရွိသူေတြ ဒီေန႔ ေတြ႔ဆံုညိွႏွဳိင္းရာ မွာ ေဒသခံေတြဘက္က ဆႏၵျပမႈေတြကို ရပ္ဆုိင္းၿပီး ကုမၸဏီေတြက ေျမစာစြန္႔ပစ္တဲ့ ကားေတြ ျဖတ္သန္းသြား လာျခင္းမျပဳဖို႔ ယာယီသေဘာတူလိုက္ၾကပါတယ္။

ေဒသခံေတြရဲ့ေတာင္းဆိုခ်က္ကို ေက်ာက္မ်က္တူးေဖာ္ေရးဌာနက ျပည္ေထာင္စု အစိုးရထံ တင္ျပေပးမွာျဖစ္တဲ့ အတြက္ ေျပလည္မႈမရမခ်င္း ဆႏၵျပတာေတြ ရပ္ဆုိင္းသလို ကုမၸဏီေတြဘက္က ေျမစာစြန္႔ပစ္တာေတြ ရပ္ဆုိင္းဖို႔႔ သေဘာတူ ခဲ့ၾကတာလို႔ ဆိပ္မူေက်းရြာအုပ္စုရဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ဦးေရႊသိန္းက ေျပာပါတယ္။

"ျပည္သူဖက္ကလိုခ်င္တာကေတာ့ ေျမစာသြန္ကားေတြ မသြန္ဖို႔ဆိုၿပီးေတာ့ ေတာင္းဆိုတယ္၊ သက္ဆိုင္ရာအာဏာပိုင္ဖက္ကေတာ့ ေျမစာေတြကိုလံုးဝစြန္႔ပစ္ဖို႔ ကိစၥကို က်ေနာ္တို႔ဖက္ကေနၿပီးေတာ့ ဆံုးျဖတ္ဖို႔အဆင့္မရွိပါဘူးတဲ့၊ အထက္က ျပည္ေထာင္စုအစိုးရကသာလွ်င္ သတၱဳတြင္းဝန္ႀကီးဌာနဆီကို အစီရင္ခံရမယ္ ဆိုၿပီးေတာ့ အေၾကာင္းၾကားပါတယ္၊ ေကာင္းၿပီ၊ ဒါဆိုခင္ဗ်ားတို႔ဖက္က လုပ္မယ္ဆိုရင္ သေဘာတူညီမႈတစ္စံုတစ္ရာမရမျခင္းကေတာ့ ေျမစာသြန္ခြင့္မေပးႏိုင္ ဘူးဆိုတာ ျဖစ္ပါတယ္၊ ဒီေန႔ညွိႏိႈင္းမႈရဲ႕ယာယီသေဘာတူညီမႈအရ ဆႏၵျပတဲ့ေနရာကို ရုတ္သိမ္းလိုက္တာမွန္ေသာ္လည္း ကုမၸဏီေတြေျမစာသြန္ခြင့္လံုးဝမေပး ပါဘူးဆိုၿပီး ကတိကဝတ္နဲ႔ နားလည္မႈယူခဲ့တာျဖစ္ပါတယ္"

ေက်ာက္စိမ္းတူးေဖာ္ေနတဲ့ကုမၸဏီေတြအေနနဲ႔ ေျမစာစြန္႔ပစ္တာေတြ မလုပ္ဖို႔ အခုလ ၁၃ ရက္ေန႔ကစၿပီး ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူနဲ႔ လံုးခင္းေက်းရြာအုပ္စု ႏွစ္ခု က ေဒသခံေတြဟာ ေျမစာသယ္တဲ့ကားေတြ ျဖတ္သန္းသြား လာရာလမ္းေတြမွာ သပိတ္စခန္းေတြ ဖြင့္လွစ္ၿပီး ဆႏၵျပခဲ့တာျဖစ္ပါတယ္။

ေက်းရြာေတြအနီးမွာ ေျမစာပံုေတြကို အျမင့္ႀကီးစုပံုထားတာေၾကာင့္ ေဒသခံေတြအတြက္ အသက္ အႏၱရာယ္ စိုးရိမ္ရသလို စည္းကမ္းမဲ့ ေျမစာစြန္႔ပစ္ မွဳေတြေၾကာင့္ ရာသီဥတုေဖာက္ျပန္ၿပီး မိုးရာသီမွာ ေရႀကီးေရလွ်ံ မႈေတြျဖစ္ေပၚမွာကို ေဒသခံေတြက စိုးရိမ္ေနၾကပါတယ္။

ဆိပ္မူေက်းရြာအုပ္စုအတြင္းမွာရွိတဲ့ ေမွာ္ျခံရပ္ကြက္က ေက်ာက္စိမ္းလုပ္ကြက္၊ စိုင္းေအာင္ေက်းရြာအနီး က ေက်ာက္စိမ္းလုပ္ကြက္နဲ႔ စိုင္းေနာင္ရြာေဟာင္း အနီးက ေက်ာက္စိမ္း လုပ္ကြက္ေတြကို ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ေက်ာက္မ်က္တူးေဖာ္ေရးဌာန၊ ေက်ာက္စိမ္းတူးေဖာ္ေရးကုမၸဏီေတြက တာဝန္ရွိသူ နဲ႔ ေဒသခံေတြ ဒီေန႔ သြားေရာက္ၾကည့္ရွဳခဲ့ၾကပါတယ္။

ၿပီးခဲ႔တဲ႔ႏွစ္ ႏိုဝင္ဘာ ၂၁ ရက္ေန႔က ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူေက်းရြာအနီးမွာရွိတဲ့ ကန္ခမ္လုပ္ကြက္ ေျမစာပံုၿပိဳက် တာေၾကာင့္ လူ ၁၁၄ ေယာက္ ေသဆံုးခဲ့ၿပီး မၾကာခဏ ေျမစာပံုၿပိဳက်မႈေတြ ျဖစ္ပြားေနတာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
............
 ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအနီးက မှော်ပုံ တောင်ကြောမှာ ကုမ္ပဏီတွေက ဝှက်ထားတဲ့ ကျောက်တူးဖော်ရေးလုပ်ငန်းမှာအသုံးပြုတဲ့ စက်ယန္တရားများကို တွေ့ရစဉ်။ Photo: Ko Tin Hlaing
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုမှာ ဆန္ဒပြနေတဲ့ ဒေသခံတွေကို ကျောက်တူးဖော်ရေး ကုမ္ပဏီတွေ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ကျောက်မျက် တူးဖော်ရေးဌာန တာဝန်ရှိသူတွေ ဒီနေ့ တွေ့ဆုံညှိနှိုင်းရာ မှာ ဒေသခံတွေဘက်က ဆန္ဒပြမှုတွေကို ရပ်ဆိုင်းပြီး ကုမ္ပဏီတွေက မြေစာစွန့်ပစ်တဲ့ ကားတွေ ဖြတ်သန်းသွား လာခြင်းမပြုဖို့ ယာယီသဘောတူလိုက်ကြပါတယ်။

ဒေသခံတွေရဲ့တောင်းဆိုချက်ကို ကျောက်မျက်တူးဖော်ရေးဌာနက ပြည်ထောင်စု အစိုးရထံ တင်ပြပေးမှာဖြစ်တဲ့ အတွက် ပြေလည်မှုမရမချင်း ဆန္ဒပြတာတွေ ရပ်ဆိုင်းသလို ကုမ္ပဏီတွေဘက်က မြေစာစွန့်ပစ်တာတွေ ရပ်ဆိုင်းဖို့့ သဘောတူ ခဲ့ကြတာလို့ ဆိပ်မူကျေးရွာအုပ်စုရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးရွှေသိန်းက ပြောပါတယ်။

"ပြည်သူဖက်ကလိုချင်တာကတော့ မြေစာသွန်ကားတွေ မသွန်ဖို့ဆိုပြီးတော့ တောင်းဆိုတယ်၊ သက်ဆိုင်ရာအာဏာပိုင်ဖက်ကတော့ မြေစာတွေကိုလုံးဝစွန့်ပစ်ဖို့ ကိစ္စကို ကျနော်တို့ဖက်ကနေပြီးတော့ ဆုံးဖြတ်ဖို့အဆင့်မရှိပါဘူးတဲ့၊ အထက်က ပြည်ထောင်စုအစိုးရကသာလျှင် သတ္တုတွင်းဝန်ကြီးဌာနဆီကို အစီရင်ခံရမယ် ဆိုပြီးတော့ အကြောင်းကြားပါတယ်၊ ကောင်းပြီ၊ ဒါဆိုခင်ဗျားတို့ဖက်က လုပ်မယ်ဆိုရင် သဘောတူညီမှုတစ်စုံတစ်ရာမရမခြင်းကတော့ မြေစာသွန်ခွင့်မပေးနိုင် ဘူးဆိုတာ ဖြစ်ပါတယ်၊ ဒီနေ့ညှိနှိုင်းမှုရဲ့ယာယီသဘောတူညီမှုအရ ဆန္ဒပြတဲ့နေရာကို ရုတ်သိမ်းလိုက်တာမှန်သော်လည်း ကုမ္ပဏီတွေမြေစာသွန်ခွင့်လုံးဝမပေး ပါဘူးဆိုပြီး ကတိကဝတ်နဲ့ နားလည်မှုယူခဲ့တာဖြစ်ပါတယ်"

ကျောက်စိမ်းတူးဖော်နေတဲ့ကုမ္ပဏီတွေအနေနဲ့ မြေစာစွန့်ပစ်တာတွေ မလုပ်ဖို့ အခုလ ၁၃ ရက်နေ့ကစပြီး ဖားကန့်မြို့နယ် ဆိပ်မူနဲ့ လုံးခင်းကျေးရွာအုပ်စု နှစ်ခု က ဒေသခံတွေဟာ မြေစာသယ်တဲ့ကားတွေ ဖြတ်သန်းသွား လာရာလမ်းတွေမှာ သပိတ်စခန်းတွေ ဖွင့်လှစ်ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ကျေးရွာတွေအနီးမှာ မြေစာပုံတွေကို အမြင့်ကြီးစုပုံထားတာကြောင့် ဒေသခံတွေအတွက် အသက် အန္တရာယ် စိုးရိမ်ရသလို စည်းကမ်းမဲ့ မြေစာစွန့်ပစ် မှုတွေကြောင့် ရာသီဥတုဖောက်ပြန်ပြီး မိုးရာသီမှာ ရေကြီးရေလျှံ မှုတွေဖြစ်ပေါ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဆိပ်မူကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ မှော်ခြံရပ်ကွက်က ကျောက်စိမ်းလုပ်ကွက်၊ စိုင်းအောင်ကျေးရွာအနီး က ကျောက်စိမ်းလုပ်ကွက်နဲ့ စိုင်းနောင်ရွာဟောင်း အနီးက ကျောက်စိမ်း လုပ်ကွက်တွေကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျောက်မျက်တူးဖော်ရေးဌာန၊ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေက တာဝန်ရှိသူ နဲ့ ဒေသခံတွေ ဒီနေ့ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၁ ရက်နေ့က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအနီးမှာရှိတဲ့ ကန်ခမ်လုပ်ကွက် မြေစာပုံပြိုကျ တာကြောင့် လူ ၁၁၄ ယောက် သေဆုံးခဲ့ပြီး မကြာခဏ မြေစာပုံပြိုကျမှုတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)