ပုေလာၿမိဳ႕နယ္ မီးဒုကၡသည္ မ်ား ေစာင္၊ ျခင္ေထာင္ နဲ႔ ေရသန္႔လိုအပ္

တနသၤာရီတိိုင္းေဒသႀကီး ၿမိတ္ခရိုင္၊ ပုေလာၿမိဳ႕နယ္ ေက်ာက္ကာေက်းရြာမွာ ေဖေဖာ္ဝါရီလ ၁၃ ေန႔က မီးေလာင္ကၽြမ္းခဲ့တဲ့ ေနရာကို ေတြ႔ရစဥ္။ Photo:Kyaw Lwin Oo/RFA
တနသၤာရီတိိုင္းေဒသႀကီး ၿမိတ္ခရိုင္၊ ပုေလာၿမိဳ႕နယ္ ေက်ာက္ကာေက်းရြာမွာ စေနေန႔က မီးေလာင္ကၽြမ္းခဲ့လို႔ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ၾကရသူ လူဦးေရ ၁၈ဝဝ ေက်ာ္အတြက္  လတ္တေလာမွာ ေစာင္နဲ႔ ျခင္ေထာင္ေတြ လိုအပ္ေနတယ္လို႔ မီးေဘးဒုကၡသည္ေတြက ေျပာပါတယ္။

ေလာေလာဆယ္မွာ ဒုကၡသည္ေတြဟာ နီးစပ္ရာေက်းရြာေတြမွာ သြားေရာက္ေနထိုင္ေနၾကၿပီး ေသာက္သံုးေရ အခက္အခဲရွိေနတယ္လို႔ ေက်ာက္ကာရြာသား တစ္ဦးျဖစ္သူ ကိုစိုးမင္းဟန္က ေျပာပါတယ္။

"ဒုကၡသည္ေတြကေတာ့ မီးစြဲသြားတဲ့အိမ္ေနရာေတြမွာပဲ ေဆာက္ေနတာ မ်ားပါတယ္ခင္ဗ်၊ ဒုကၡသည္ေတြ ကေတာ့ ေနဖို႔ ထိုင္ဖို႔ရယ္၊ မီးရယ္၊ ေရရယ္ အဲ့ဒါအဓိကေပါ့ဗ်ာ"

ရပ္ကြက္ (၂ ) က ေနအိမ္တစ္လံုးမွာ လ်ွပ္စစ္ဝါယာေရွာ့ျဖစ္ၿပီး မနက္ ၈ နာရီကေန မြန္းလဲြ ၁ နာရီအထိ ငါး နာရီၾကာ မီးေလာင္ကၽြမ္းခဲ့တာေၾကာင့္ ေက်းရြာထဲရွိ ေနအိမ္ ၉ဝဝ ေက်ာ္ထဲက  အိမ္ေျခ ၂၉၇ လံုး မီးေလာင္ ဆံုးရံႈးခဲ့ပါတယ္။

တနသၤာရီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးျမတ္ကို ဦးေဆာင္တဲ့ တိုင္းေဒသႀကီးအစိုးရအဖြဲ႔က မီးေလာင္ခဲ့ တဲ့ ေက်ာက္ကာေက်းရြာကို ဆန္၊ ေဆးနဲ႔ ရြက္ဖ်င္တဲေတြ သြားေရာက္လွဴဒါန္းခဲ့ပါတယ္္။

ဒါ့အျပင္ ေနအိမ္ေတြ ျပန္လည္ေဆာက္လုပ္ဖို႔အတြက္ တိုင္းေဒသႀကီးအစိုးရအဖြဲ႔က ေငြေၾကးေထာက္ပံ့ ကူညီေပးဖို႔ စီစဥ္ေနတယ္လို႔လည္း သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
...........
 တနင်္သာရီတိိုင်းဒေသကြီး မြိတ်ခရိုင်၊ ပုလောမြို့နယ် ကျောက်ကာကျေးရွာမှာ ဖေဖော်ဝါရီလ ၁၃ နေ့က မီးလောင်ကျွမ်းခဲ့တဲ့ နေရာကို တွေ့ရစဉ်။ Photo:Kyaw Lwin Oo/RFA
တနင်္သာရီတိိုင်းဒေသကြီး မြိတ်ခရိုင်၊ ပုလောမြို့နယ် ကျောက်ကာကျေးရွာမှာ စနေနေ့က မီးလောင်ကျွမ်းခဲ့လို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသူ လူဦးရေ ၁၈ဝဝ ကျော်အတွက်  လတ်တလောမှာ စောင်နဲ့ ခြင်ထောင်တွေ လိုအပ်နေတယ်လို့ မီးဘေးဒုက္ခသည်တွေက ပြောပါတယ်။

လောလောဆယ်မှာ ဒုက္ခသည်တွေဟာ နီးစပ်ရာကျေးရွာတွေမှာ သွားရောက်နေထိုင်နေကြပြီး သောက်သုံးရေ အခက်အခဲရှိနေတယ်လို့ ကျောက်ကာရွာသား တစ်ဦးဖြစ်သူ ကိုစိုးမင်းဟန်က ပြောပါတယ်။

"ဒုက္ခသည်တွေကတော့ မီးစွဲသွားတဲ့အိမ်နေရာတွေမှာပဲ ဆောက်နေတာ များပါတယ်ခင်ဗျ၊ ဒုက္ခသည်တွေ ကတော့ နေဖို့ ထိုင်ဖို့ရယ်၊ မီးရယ်၊ ရေရယ် အဲ့ဒါအဓိကပေါ့ဗျာ"

ရပ်ကွက် (၂ ) က နေအိမ်တစ်လုံးမှာ လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မနက် ၈ နာရီကနေ မွန်းလွဲ ၁ နာရီအထိ ငါး နာရီကြာ မီးလောင်ကျွမ်းခဲ့တာကြောင့် ကျေးရွာထဲရှိ နေအိမ် ၉ဝဝ ကျော်ထဲက  အိမ်ခြေ ၂၉၇ လုံး မီးလောင် ဆုံးရှုံးခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဦးဆောင်တဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က မီးလောင်ခဲ့ တဲ့ ကျောက်ကာကျေးရွာကို ဆန်၊ ဆေးနဲ့ ရွက်ဖျင်တဲတွေ သွားရောက်လှူဒါန်းခဲ့ပါတယ််။

ဒါ့အပြင် နေအိမ်တွေ ပြန်လည်ဆောက်လုပ်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကြေးထောက်ပံ့ ကူညီပေးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)