တော်ဝင်စင်တာတွင် အမျိုးသားတစ်ဦးက အမျိုးသမီးတဦးကို ဓားဖြင့်ထိုး







ကိုခက်၊ အောင်သူ
.....


တော်ဝင်စင်တာတွင် သက်၂၀ အရွယ်ခန့် အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးမှု ဖေဖော်ဝါရီ ၁၉ ညနေ ငါးနာရီခန် ့ ကဖြစ်ပွားခဲ့သည်။

ဓားထိုးခံရသည့်အမျိုးသမီးငယ်အား ဆေးရုံသို့ ပို့ဆောင်ထားပြီး တရားခံမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
ဓားထိုးခံရသည့်အမျိုးသမီးသည် စကားမပြောနိုင်သေးသဖြင့် ၎င်းထံမှ စစ်ချက်ယူမရသေးချေ။

ဓားထိုးခံရမှုဖြစ်စဉ်သည် တော်ဝင်စင်တာပထမထပ်ရှိ GENERATION ဆိုင်ခန်းရှေ့တွင် ဖြစ်ပွားခဲ့ပြီး အထိုးခံရသူမှာ UKM မျက်မှန်ဆိုင်မှ အရောင်းဝန်ထမ်းဖြစ်သည်ဟု ကနဦးသတင်းအရ သိရသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များက တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

ကိုခက်၊ အောင်သူ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)