ပုဂံဘုရားပေါ် မတက်ရဟု ထုတ်ပြန်ထားခြင်းမရှိဟု ယဉ်ကျေးမှု ဒု-၀န်ကြီးဆို




ပုဂံရှေးဟောင်းဧရိယာဇုံအတွင်းရှိ ဘုရားပုထိုးစေတီများပေါ် ပြည်တွင်းပြည်ပခရီးသွားများမှ နေ၀င်/နေထွက်ချိန်ကို စောင့်ဆိုင်းကြည့်ရှုလေ့ရှိပြီး ပုဂံရှေးဟောင်းနယ်မြေရှိ ပြာသာဒ်ကြီးဘုရားပေါ်တွင် လူအများ စုဖွဲ့ကခုန်နေသည့် ဗီဒီယို ဖိုင်တစ်ခုနှင့် ဓာတ်ပုံများ လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်ခဲ့ရာ ပုဂံဘုရား ပုထိုးများပေါ်သို့ တက်ရောက် ခွင့်မပြုရန်တော့ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာကြောင်း သတင်းတရပ်လည်း ထွက်ပေါ်လာခဲ့သည်။


...............................


ပုဂံရှေးဟောင်းဇုံ နယ်နိမိတ်အတွင်းရှိဘုရားများပေါ် တက်ရောက်ခွင့်မရှိဟု တရားဝင် ထုတ်ပြန်ထားခြင်းမရှိကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-၀န်ကြီး မောင်သန်းဆွေ(ထားဝယ်)က News Watch သို့ ပြောသည်။

၎င်းမှ“ဘုရားပေါ်မတက်ရဆိုတာ အမိန့်ကြော်ငြာလည်း မဟုတ်ဘူး။ ဖေ့စ်ဘုတ်ပေါ်မှာ ဖွလိုက်တဲ့သတင်းတွေပါ။ အဲဒီလိုဖွတာကို သတင်းလုပ်ပြီးရေးနေကြတာ။ အခု အဲဒါကို ၀န်ကြီးက အဲဒီလို မရေးရဘူး၊ ပြန်ရုပ်သိမ်းလိုက်ပါဆိုလို့ ပြန်ရုပ်သိမ်းလိုက်ပါပြီ”ဟု ပြောသည်။

ပုဂံရှေးဟောင်းဧရိယာဇုံအတွင်းရှိ ဘုရားပုထိုးစေတီများပေါ် ပြည်တွင်းပြည်ပခရီးသွားများမှ နေဝင်/နေထွက်ချိန်ကို စောင့်ဆိုင်းကြည့်ရှုလေ့ရှိပြီး ပုဂံရှေးဟောင်းနယ်မြေရှိ ပြာသာဒ်ကြီးဘုရားပေါ်တွင် လူအများ စုဖွဲ့ကခုန်နေသည့် ဗီဒီယို ဖိုင်တစ်ခုနှင့် ဓာတ်ပုံများ လူမှုကွန်ရက်၌ ပျံ့နှ့ံခဲ့ပြီးနောက် ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်ခဲ့ရာ ပုဂံဘုရား ပုထိုးများပေါ်သို့ တက်ရောက် ခွင့်မပြုရန်တော့ဟု ယဉ််ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာကြောင်း သတင်းတရပ်လည်း ထွက်ပေါ်လာခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)