အင်းစိန်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၌ မီးလောင်မှုဖြစ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄





Yangon Police

................................................


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

၁၄.၂.၂၀၁၆ ရက်နေ့ ၂၀၃၅ အချိန်တွင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း ရပ်ကွက်၊ ထန်းပင်ကုန်း သဇင်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများရောက်ရှိငြှိမ်းသတ်ခဲ့ရာ ၂၁၀၀ အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ဆက်လက်ငြှိမ်းသတ် လျက်ရှိကြောင်း သိရှိရပါသည်။

မီးလောင်မှုကြောင့် နေအိမ် ၆ လုံးမီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရာနေရာသို့ အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်၍ လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် မီးလောင်ရသည့် အကြောင်းအရင်းအားစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)