က်ားႀကီးအားသၿဂၤဳိဟ္မည့္ အစီအစဥ္ေျပာင္းလဲကာ ႐ုပ္လံုးသြင္းထားရွိေရး ေဆာင္ရြက္ (ကျားကြီးအားသင်္ဂြိုဟ်မည့် အစီအစဉ်ပြောင်းလဲကာ ရုပ်လုံးသွင်းထားရှိရေး ဆောင်ရွက် )


ေကာ့ကရိတ္ ေဖေဖာ္ဝါရီ ၂၈

ေဖေဖာ္ဝါရီ ၂၆ ရက္တြင္ ေကာ့ကရိတ္ၿမိဳ႕ ေရလည္ကုန္းေက်းရြာ၌ ဖမ္းဆီးရမိေသာ က်ားအား မီးသၿဂႋဳဟ္မည့္ကိစၥႏွင့္ပတ္သက္၍ ေဒသခံ ဆရာေတာ္မ်ား၊ ေဒသခံအာဏာပိုင္မ်ား၊ ေက်းရြာေနျပည္သူမ်ားႏွင့္ ျပည္တြင္း ျပည္ပမီဒီယာသမားမ်ား ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ေဆြးေႏြးပြဲတြင္ မီးသၿဂႋဳဟ္မည့္က်ားမွာ ရွားပါးမ်ဳိးစိတ္ျဖစ္သည့္အျပင္ မိမိတို႔ေဒသတြင္းဗဟုသုတရေစရန္၊ အမ်ားၾကည့္႐ႈႏိုင္ေစရန္အတြက္ ႐ုပ္လုံး သြင္းထားရွိသင့္ေၾကာင္းႏွင့္ ယခုလက္ရွိ ေစတီတည္သည့္ေနရာတြင္ထားရွိၿပီး ျပသထားရန္အတြက္ လိုအပ္သည့္ပံ့ပိုးကူညီမႈမ်ားလည္း ၄င္းတို႔မွကူညီ ေဆာင္ရြက္ေပးမည့္အေၾကာင္း ေဆြးေႏြးေလွ်ာက္ထားခဲ့သည္။

ဆရာေတာ္ ႀကီးမ်ားကလည္း ယင္းအႀကံအစည္အား ဝမ္းေျမာက္ဝမ္းသာလက္ခံကာ ရန္ကုန္ၿမိဳ႕ရွိ ႐ုပ္လုံးသြင္းပညာရွင္ႏွင့္ ဆက္သြယ္ၿပီး အျမန္ဆုံး႐ုပ္လုံးသြင္းထားရွိႏိုင္ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

တင္ဝင္းလႈိင္(ေကာ့ကရိတ္)
The Mirror Daily
https://www.facebook.com/TheMirrorDaily
...................


ကော့ကရိတ် ဖေဖော်ဝါရီ ၂၈

ဖေဖော်ဝါရီ ၂၆ ရက်တွင် ကော့ကရိတ်မြို့ ရေလည်ကုန်းကျေးရွာ၌ ဖမ်းဆီးရမိသော ကျားအား မီးသင်္ဂြိုဟ်မည့်ကိစ္စနှင့်ပတ်သက်၍ ဒေသခံ ဆရာတော်များ၊ ဒေသခံအာဏာပိုင်များ၊ ကျေးရွာနေပြည်သူများနှင့် ပြည်တွင်း ပြည်ပမီဒီယာသမားများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မီးသင်္ဂြိုဟ်မည့်ကျားမှာ ရှားပါးမျိုးစိတ်ဖြစ်သည့်အပြင် မိမိတို့ဒေသတွင်းဗဟုသုတရစေရန်၊ အများကြည့်ရှုနိုင်စေရန်အတွက် ရုပ်လုံး သွင်းထားရှိသင့်ကြောင်းနှင့် ယခုလက်ရှိ စေတီတည်သည့်နေရာတွင်ထားရှိပြီး ပြသထားရန်အတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများလည်း ၄င်းတို့မှကူညီ ဆောင်ရွက်ပေးမည့်အကြောင်း ဆွေးနွေးလျှောက်ထားခဲ့သည်။

ဆရာတော် ကြီးများကလည်း ယင်းအကြံအစည်အား ဝမ်းမြောက်ဝမ်းသာလက်ခံကာ ရန်ကုန်မြို့ရှိ ရုပ်လုံးသွင်းပညာရှင်နှင့် ဆက်သွယ်ပြီး အမြန်ဆုံးရုပ်လုံးသွင်းထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ဝင်းလှိုင်(ကော့ကရိတ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)