မဂၤလာဒံု က်ဴးေက်ာ္ကိစၥ ညိႇႏိႈင္းမႈ မေျပလည္

မဂၤလာဒုံ စံသမာဓိရပ္ကြက္အိမ္ဖ်က္ခံျပည္သူမ်ား (သတင္းဓာတ္ပံု- Credit ဦးေဇာ္ရမ္း)
ရန္ကုန္၊ မဂၤလာဒုံမွာရွိတဲ႔ စံသမာဓိရပ္ကြက္က က်ဴးေက်ာ္လို႔ဆိုတဲ့ေနရာေတြကို ဖ်က္ဆီးၿပီးတဲ့ေနာက္ပိုင္း ဒီကေန႔မွာေတာ့ ေနအိမ္ဖ်က္ဆီးခံရသူေတြထဲက ကိုယ္စားလွယ္ေတြကို ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴးက ေခၚေတြ႔ၿပီး ေဆြးေႏြးေပမဲ့ အေျဖတခုခုမထြက္ခဲ့ပါဘူး။ စေနညေနပိုင္းက အဲဒီေနရာကို လူအုပ္ႀကီးနဲ႔ အတင္း၀င္ၿပီး ဖ်က္ဆီးတာေၾကာင့္ တဖက္နဲ႔တဖက္ ႐ုန္းရင္းဆန္ခတ္အေျခအေနျဖစ္ၿပီး ထိခိုက္ဒဏ္ရာရတာေတြ ရွိၿပီးတဲ့ေနာက္ ဒီကေန႔မွာ အခုလို ေခၚယူေဆြးေႏြးတာပါ။ ေဆြးေႏြး ေျပာဆိုတာမွာ ကိုယ္တုိင္ပါ၀င္ခဲ့တဲ့ စံသမာဓိရပ္ကြက္က မေအးျမင့္ကို ေဆြးေႏြးပြဲနဲ႔ပတ္သက္ၿပီး ဗီြအိုေအျမန္မာပိုင္းက နန္းေလာဝ္က ဆက္သြယ္ေမးျမန္းတဲ့အခါ သူက အခုလိုစေျဖပါတယ္။

ေျဖ။ ။ ဒီေျမနဲ႔ ပတ္သက္လို႔ သူတို႔ ဘယ္လိုေရွ႕ဆက္ၿပီးေတာ့ ဘယ္လိုသြားမယ္ ဆိုတဲ့အေၾကာင္းေလးကို သူတို႔ကိုေျပာပါဆိုေတာ့ က်မက ေျပာတယ္ေလ၊ ဒီေျမနဲ႔ ပတ္သက္လို႔လည္း က်မတို႔ေနလာတာ ဒီအထဲမွာ ဘာမွလည္းမရွိခဲ့ဘူး။ ဟိုတုန္းက ဒါ စားက်က္ေျမႀကီး၊ ေတာႀကီးကို အကုန္လံုးခုတ္ရွင္းလင္းၿပီးေတာ့ က်မတို႔ ဓားမဦးခ် စိုက္ပ်ိဳးစားလာတဲ့ေျမေတြ။ ၁၈ ႏွစ္ရွိၿပီေပါ့ေနာ္။ ၿပီးေတာ့လညး္ က်မတို႔ ဒီေျမနဲ႔ ပတ္သက္လို႔လည္း ေျမကြက္အစားထိုးေပးတာကို မယူႏိုင္ပါဘူး။ က်မတို႔ ဒီေနရာကေနၿပီးေတာ့ ဘယ္ကိုမွလည္းေျပာင္းဖို႔ ေရြ႕ဖို႔ မရွိပါဘူး။ ေျပာင္းစရာ ေနရာလည္းမရွိဘူး။ ဒီေျမမွာပဲ က်မတို႔ ေအးေအးခ်မ္းခ်မ္း တည္တည္ၿငိမ္ၿငိမ္ေလးနဲ႔ေနသြားခ်င္ပါတယ္။ က်မတို႔ကေတာ့ က်မတို႔ ဆႏၵကိုေျပာတယ္ေပါ့။

ေမး။ ။အဲဒီ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးရံုးဘက္က ဘာျပန္ေျပာပါသလဲရွင့္။

ေျဖ။ ။ ဒီေျမနဲ႔ ပတ္သက္လို႔ကေတာ့ မရႏိုင္ဘူးတဲ့။ မရႏိုင္ဘူးလို႔ေတာ့ ဒါမ်ိဳး ပထမ ဒီလုိေျပာတာကေတာ့ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးကိုယ္တိုင္က မရႏိုင္ဘူးလို႔ေျပာတာေတာ့မဟုတ္ဘူး အဲ့ဒီ ဒုဦးစီးမွဴးနဲ႔ အရင္ေတြ႔ရတယ္ အမ။ ဒုဦးစီးမွဴး က အရင္စစ္ၿပီးေတာ့မ် က်မတို႔ကို အေမးအေျဖလုပ္ၿပီးေတာ့ စာေတြေရးတယ္။ စာေတြေရးၿပီးေတာ့မ် က်မတို႔ရဲ႕ခံစားခ်က္ေတြကို တင္ျပမယ္ဆိုၿပီးေတာ့ ဒုဦးစီးမွဴးကေျပာတာပါ။ ဒုဦးစီးမွဴးနဲ႔ေျပာဆိုၿပီးေတာ့မွ အဲ့လိုလက္မွတ္ေတြ ထိုးခိုင္းတယ္ေပါ့ေနာ္။ က်မတို႔ လက္မွတ္ေတြေတာ့ မထိုးဘူး။ စက္မွဴဇံုေျမဆိုၿပီးေတာ့ ေခါင္းစဥ္တပ္ထားသည့္ အတြက္ေၾကာင့္မို႔လို႔ က်မတို႔ လက္မွတ္မထိုးေပးခဲ့ပါဘူး။ သူက လက္မွတ္ထိုးေပးပါတဲ့။ အေပၚမွာ စာတပ္ထားတာလည္း က်မတို႔ မႀကိဳက္တဲ့အခါက်ေတာ့ က်မတို႔လက္မွတ္မထိုးခဲ့ဘူးအမ ။ အဲဒါ လက္မွတ္မထိုးဘဲနဲ႔ ၿပီးေတာ့မွ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ေတြ႔ရတယ္ေပါ့ေနာ္။

ေမး။ ။ အဲ့ေတာ့ ေနာက္ဆံုးမွာ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ မေအးျမင့္တို႔ဘယ္အခ်က္ေတြမွာ သေဘာတူလိုက္ၾကသလဲရွင့္။

ေျဖ။ ။ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ေတြ႔တဲ့အခါက်ေတာ့ သူတို႔ဘယ္လိုကူညီေပးရမလဲဆိုၿပီး က်မကို ေမးတဲ့အခါက်ေတာ့ က်မထပ္ေျပာတယ္ေလ။ ဒီေျမရဲ႕ ဥပေဒအသံုးအႏွဳန္းေတြ ထုတ္ျပန္ထားတဲ့ စာရြက္စာတန္းေတြ လည္း က်မတို႔မွာ ရွိပါတယ္။ ဒီေျမဟာလည္း ဘယ္ႏွႏွစ္ သက္တမ္းရွိရင္ ဒီေျမမွာေနတဲ့လူသာလွ်င္ ပိုင္ဆိုင္ခြင့္ရွိပါတယ္ဆိုၿပီးထုတ္ျပန္ထားတာေတြ က်မတို႔မွာအခ်က္အလက္ ေတြ အကုန္လံုးရွိပါတယ္လို႔ အဲေတာ့ ဒီေျမကို မတရားသိမ္းဆည္းမယ္ဆိုရင္လည္း ဒီပိုင္ရွင္လက္ထဲကိုသာလွ်င္ ျပန္လည္ၿပီးေတာ့ အပ္ႏွံရမယ္ဆိုတာလည္း က်မတို႔ အကုန္လံုးနားလည္ထားၿပီးေတာ့ က်မတို႔ေျမဟာ က်မတို႔ ပိုင္တဲ့ေျမပဲျဖစ္ရမယ္ေပါ့ေနာ္။ အဲေတာ့ က်မတို႔ ဒီေနရာကေနၿပီးေတာ့ ဘယ္မွ ေရႊ႕ေျပာင္း မေပးႏိုင္ပါဘူး။ ဘယ္မွလည္း ေနစရာမရွိဘူး ၊ ဒီမွာပဲ ေအးေအးခ်မ္းခ်မ္းေနသြားမယ္ဆုိတဲ့အေၾကာင္းကို ခရိုင္အုပ္ခ်ဳပ္ေရးမွဴးကို က်မေျပာခဲ့ပါတယ္။

ေမး။ ။ ဟုတ္ကဲ့။ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးအေနနဲ႔ကေရာ ဘာေတြျပန္ေျပာသလဲရွင့္။

ေျဖ။ ။သူကေတာ့ ဘာျပန္ေျပာသလဲဆိုေတာ့ ရႏိုင္တယ္၊ မရႏိုင္ဘူး ရႏိုင္တယ္ လို႔ေတာ့ မေျပာဘူးေပါ့ေနာ္။ က်မတို႔ရဲ႕အခက္အခဲကိုတင္ျပတယ္။အခု ပထမႏွစ္တက္ေနတဲ့ ေက်ာင္းသားေတြလည္း အခု အခက္အခဲေရာက္ေနတယ္ ။ က်မတို႔ အိပ္လည္ မအိပ္ရဘူး ။ အၾကမ္းမဖက္ဖို႔ေပါ့ေနာ္။ တရားဥပေဒ ေဘာင္ထဲကေနၿပီးေတာ့ တကယ္လို႔ က်မတို႔ကို ဖမ္းမယ္ဆိုရင္လည္း ဖမ္းပါ။ က်မတို႔ တရားဥပေဒ ေဘာင္ထဲကေနၿပီးေတာ့ ရွင္းပါ့မယ္။ က်မတို႔ဘက္က အၾကမ္းမဖက္ဘူးဆိုတဲ့အေၾကာင္းကို သူတို႔ဘက္ကလည္း အၾကမ္းဖက္တာေတြကို ထပ္ ၿပီးေတာ့ မလုပ္ေဆာင္ဖို႔ တားေပးပါဆိုၿပီး က်မကေတာ့ အဲလိုမ်ိဳးေျပာတယ္။

ေမး။ ။ဒီေတာ့ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး က ဘာကတိမွေပးလိုက္တာမရွိဘူးေပါ့ေနာ္ မေအးျမင့္။

ေျဖ။ ။ ဟုတ္ကဲ့အမ။ မရွိဘူး ။ သူက အဲဒါဆိုရင္လည္း သူတို႔ ခံစားခ်က္ေတြကိုေျပာျပၿပီးၿပီဆိုေတာ့ အဲဒီစာကို အထက္ကိုတင္ေပးလိုက္ေတာ့ ။ သူလည္း သြားစရာရွိေသးလို႔ ဆိုၿပီးေတာ့ ၿပီးသြားတယ္ေပါ့အမရယ္။

ေမး။ ။ဟုတ္ကဲ့အမ။ အခု ဒီဖ်က္စီးခံရတဲ့ အိမ္ေျခနဲ႔ အခုအဲ့ဒီမွာရွိေနတဲ့ လူေတြရဲ႕ ေနာက္ဆံုးအေျခအေနေကာ အမ။

ေျဖ။ ။ ဖ်က္စီးခံရတဲ့အိမ္ေျခကေတာ့ ၂၀၀ ေလာက္ ရွိမွာေပါ့ေနာ္။ ၂၀၀ ေက်ာ္၊ ၂၀၀ ေပါ့ ေလာေလာဆယ္ က်မတို႔ တျခမ္းတည္းေပါ့ေနာ္၊ ဟိုပိုက္လံုး ဟိုဘက္ျခမ္းေတာ့မပါဘူး။ ဖ်က္ၿပီး အကုန္လံုး ဒီေန႔ အကုန္အၿပီး ဖ်က္ရမယ္ဆိုတဲ့အခါက်ေတာ့ တခ်ိဳ႕လည္း သူမ်ားတကာအိမ္ေတြမွာ သြားၿပီး တည္းခိုတဲ့လူေတြလည္း ရွိပါတယ္။ မိုးေတြကလည္း ရြာေနတဲ့အခါက်ေတာ့ လူေတြကေတာ့ ဟိုအိမ္ခို၊ ဒီအိမ္ခို နဲ႔ အခုေတာ့ ျပန္ၿပီးေရာက္ေနတဲ့လူေတြကေတာ့ အေယာက္ အားလံုးေပါင္းဆိုရင္ ၁၄၀ ၊ ၁၅၀ ေလာက္ ရွိပါတယ္။ က်မတို႔ ေျပာမယ္ဆိုရင္ သူတို႔ ပစၥည္းေတြေပါ့အမရယ္ ေနရာမရွိေတာ့ ပစၥည္းေတြ သြားထားၾကတယ္။ လူေတြကေတာ့ တဲေတြထိုးၿပီးျပန္ေနေနၾကတာေပါ့အမရယ္။

ေမး။ ။ က်မသိတာက သူတို႔ ဘက္က လာဖ်က္တဲ့လူေတြကို မေအးျမင့္တို႔ဘက္က ၂ ေယာက္ကိုေတာ့ ဖမ္းမိထားတယ္လို႔ေျပာပါတယ္ရွင့္။ အဲဒီလူေတြကို မေအးျမင့္တို႔ ဘာလုပ္လိုက္သလဲရွင့္။

ေျဖ။ ။ အဲဒီလူေတြကို က်မတို႔ ဘာမွ လက္ဖ်ားနဲ႔လည္းမထိပါဘူးအမ။ တဲကိုေခၚလာၿပီး ေမးစရာရွိတာေမးတယ္။ ေမးၿပီးေတာ့ ရဲ ၀တ္စံုေတြ အထုတ္လိုက္က်န္ခဲ့တာေတြကိုလည္း တစုတည္း ရြာသူႀကီးကိုလည္း အပ္တယ္။ ရြာသူႀကီး အပ္ၿပီးေတာ့ ရဲစခန္းကို ပို႔လိုက္ပါတယ္အမ။

ေမး။ ။ သူတို႔က ဘယ္အဖြဲ႔ကလို႔ေျပာတာေတြရွိလား။ မေအးျမင့္တို႔ ေမးလိုက္ေသးလား။

ေျဖ။ ။လိွဳင္သာယာ ရပ္ကြက္က၊ ဘယ္ရပ္ကြက္က ဘယ္လမ္းက ဆိုတာကို နာမည္ေတြနဲ႔ မွတ္ပံုတင္ နံပတ္ေတြနဲ႔ အကုန္လံုးအခ်က္အလက္ေတြယူၿပီးေတာ့ အသံေတြလည္းဖမ္းထားၿပီးေတာ့ ၊ က်မတို႔ အကုန္လံုးေမးျမန္းၿပီးေတာ့မွ ရဲစခန္းကိုပို႔လိုက္ပါတယ္။

ေမး။ ။ သူတို႔က အရပ္သားေတြလားရွင့္၊ ဌာနဆိုင္ရာအဖြဲ႔အစည္းတခုခုကလား၊ သို႔မဟုတ္ ကုမၸဏီ ၀န္ထမ္းလား။

ေျဖ။ ။အရပ္သားေတြပဲ အမ၊ သူတို႔ကို အကူအညီေတာင္းလို႔ လိုက္လာရတယ္လို႔ေျပာတယ္ သူတို႔ကေတာ့ ။

ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ ေဆြးေႏြး ေျပာဆိုတာမွာ ကိုယ္တုိင္ပါ၀င္ခဲ့တဲ့ စံသမာဓိရပ္ကြက္က မေအးျမင့္ကို ဗီြအိုေအျမန္မာပိုင္းက နန္းေလာဝ္က ဆက္သြယ္ေမးျမန္းခဲ့တာပါ။

နန္းေလာင္၀္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........
 မင်္ဂလာဒုံ စံသမာဓိရပ်ကွက်အိမ်ဖျက်ခံပြည်သူများ (သတင်းဓာတ်ပုံ- Credit ဦးဇော်ရမ်း)
ရန်ကုန်၊ မင်္ဂလာဒုံမှာရှိတဲ့ စံသမာဓိရပ်ကွက်က ကျူးကျော်လို့ဆိုတဲ့နေရာတွေကို ဖျက်ဆီးပြီးတဲ့နောက်ပိုင်း ဒီကနေ့မှာတော့ နေအိမ်ဖျက်ဆီးခံရသူတွေထဲက ကိုယ်စားလှယ်တွေကို ရန်ကုန်မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးက ခေါ်တွေ့ပြီး ဆွေးနွေးပေမဲ့ အဖြေတခုခုမထွက်ခဲ့ပါဘူး။ စနေညနေပိုင်းက အဲဒီနေရာကို လူအုပ်ကြီးနဲ့ အတင်းဝင်ပြီး ဖျက်ဆီးတာကြောင့် တဖက်နဲ့တဖက် ရုန်းရင်းဆန်ခတ်အခြေအနေဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိပြီးတဲ့နောက် ဒီကနေ့မှာ အခုလို ခေါ်ယူဆွေးနွေးတာပါ။ ဆွေးနွေး ပြောဆိုတာမှာ ကိုယ်တိုင်ပါ၀င်ခဲ့တဲ့ စံသမာဓိရပ်ကွက်က မအေးမြင့်ကို ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဗွီအိုအေမြန်မာပိုင်းက နန်းလောဝ်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။

ဖြေ။ ။ ဒီမြေနဲ့ ပတ်သက်လို့ သူတို့ ဘယ်လိုရှေ့ဆက်ပြီးတော့ ဘယ်လိုသွားမယ် ဆိုတဲ့အကြောင်းလေးကို သူတို့ကိုပြောပါဆိုတော့ ကျမက ပြောတယ်လေ၊ ဒီမြေနဲ့ ပတ်သက်လို့လည်း ကျမတို့နေလာတာ ဒီအထဲမှာ ဘာမှလည်းမရှိခဲ့ဘူး။ ဟိုတုန်းက ဒါ စားကျက်မြေကြီး၊ တောကြီးကို အကုန်လုံးခုတ်ရှင်းလင်းပြီးတော့ ကျမတို့ ဓားမဦးချ စိုက်ပျိုးစားလာတဲ့မြေတွေ။ ၁၈ နှစ်ရှိပြီပေါ့နော်။ ပြီးတော့လညး် ကျမတို့ ဒီမြေနဲ့ ပတ်သက်လို့လည်း မြေကွက်အစားထိုးပေးတာကို မယူနိုင်ပါဘူး။ ကျမတို့ ဒီနေရာကနေပြီးတော့ ဘယ်ကိုမှလည်းပြောင်းဖို့ ရွေ့ဖို့ မရှိပါဘူး။ ပြောင်းစရာ နေရာလည်းမရှိဘူး။ ဒီမြေမှာပဲ ကျမတို့ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်လေးနဲ့နေသွားချင်ပါတယ်။ ကျမတို့ကတော့ ကျမတို့ ဆန္ဒကိုပြောတယ်ပေါ့။

မေး။ ။အဲဒီ ခရိုင်အုပ်ချုပ်ရေးမှူးရုံးဘက်က ဘာပြန်ပြောပါသလဲရှင့်။

ဖြေ။ ။ ဒီမြေနဲ့ ပတ်သက်လို့ကတော့ မရနိုင်ဘူးတဲ့။ မရနိုင်ဘူးလို့တော့ ဒါမျိုး ပထမ ဒီလိုပြောတာကတော့ ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင်က မရနိုင်ဘူးလို့ပြောတာတော့မဟုတ်ဘူး အဲ့ဒီ ဒုဦးစီးမှူးနဲ့ အရင်တွေ့ရတယ် အမ။ ဒုဦးစီးမှူး က အရင်စစ်ပြီးတော့မျ ကျမတို့ကို အမေးအဖြေလုပ်ပြီးတော့ စာတွေရေးတယ်။ စာတွေရေးပြီးတော့မျ ကျမတို့ရဲ့ခံစားချက်တွေကို တင်ပြမယ်ဆိုပြီးတော့ ဒုဦးစီးမှူးကပြောတာပါ။ ဒုဦးစီးမှူးနဲ့ပြောဆိုပြီးတော့မှ အဲ့လိုလက်မှတ်တွေ ထိုးခိုင်းတယ်ပေါ့နော်။ ကျမတို့ လက်မှတ်တွေတော့ မထိုးဘူး။ စက်မှူဇုံမြေဆိုပြီးတော့ ခေါင်းစဉ်တပ်ထားသည့် အတွက်ကြောင့်မို့လို့ ကျမတို့ လက်မှတ်မထိုးပေးခဲ့ပါဘူး။ သူက လက်မှတ်ထိုးပေးပါတဲ့။ အပေါ်မှာ စာတပ်ထားတာလည်း ကျမတို့ မကြိုက်တဲ့အခါကျတော့ ကျမတို့လက်မှတ်မထိုးခဲ့ဘူးအမ ။ အဲဒါ လက်မှတ်မထိုးဘဲနဲ့ ပြီးတော့မှ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့တွေ့ရတယ်ပေါ့နော်။

မေး။ ။ အဲ့တော့ နောက်ဆုံးမှာ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မအေးမြင့်တို့ဘယ်အချက်တွေမှာ သဘောတူလိုက်ကြသလဲရှင့်။

ဖြေ။ ။ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့တွေ့တဲ့အခါကျတော့ သူတို့ဘယ်လိုကူညီပေးရမလဲဆိုပြီး ကျမကို မေးတဲ့အခါကျတော့ ကျမထပ်ပြောတယ်လေ။ ဒီမြေရဲ့ ဥပဒေအသုံးအနှုန်းတွေ ထုတ်ပြန်ထားတဲ့ စာရွက်စာတန်းတွေ လည်း ကျမတို့မှာ ရှိပါတယ်။ ဒီမြေဟာလည်း ဘယ်နှနှစ် သက်တမ်းရှိရင် ဒီမြေမှာနေတဲ့လူသာလျှင် ပိုင်ဆိုင်ခွင့်ရှိပါတယ်ဆိုပြီးထုတ်ပြန်ထားတာတွေ ကျမတို့မှာအချက်အလက် တွေ အကုန်လုံးရှိပါတယ်လို့ အဲတော့ ဒီမြေကို မတရားသိမ်းဆည်းမယ်ဆိုရင်လည်း ဒီပိုင်ရှင်လက်ထဲကိုသာလျှင် ပြန်လည်ပြီးတော့ အပ်နှံရမယ်ဆိုတာလည်း ကျမတို့ အကုန်လုံးနားလည်ထားပြီးတော့ ကျမတို့မြေဟာ ကျမတို့ ပိုင်တဲ့မြေပဲဖြစ်ရမယ်ပေါ့နော်။ အဲတော့ ကျမတို့ ဒီနေရာကနေပြီးတော့ ဘယ်မှ ရွှေ့ပြောင်း မပေးနိုင်ပါဘူး။ ဘယ်မှလည်း နေစရာမရှိဘူး ၊ ဒီမှာပဲ အေးအေးချမ်းချမ်းနေသွားမယ်ဆိုတဲ့အကြောင်းကို ခရိုင်အုပ်ချုပ်ရေးမှူးကို ကျမပြောခဲ့ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ ခရိုင်အုပ်ချုပ်ရေးမှူးအနေနဲ့ကရော ဘာတွေပြန်ပြောသလဲရှင့်။

ဖြေ။ ။သူကတော့ ဘာပြန်ပြောသလဲဆိုတော့ ရနိုင်တယ်၊ မရနိုင်ဘူး ရနိုင်တယ် လို့တော့ မပြောဘူးပေါ့နော်။ ကျမတို့ရဲ့အခက်အခဲကိုတင်ပြတယ်။အခု ပထမနှစ်တက်နေတဲ့ ကျောင်းသားတွေလည်း အခု အခက်အခဲရောက်နေတယ် ။ ကျမတို့ အိပ်လည် မအိပ်ရဘူး ။ အကြမ်းမဖက်ဖို့ပေါ့နော်။ တရားဥပဒေ ဘောင်ထဲကနေပြီးတော့ တကယ်လို့ ကျမတို့ကို ဖမ်းမယ်ဆိုရင်လည်း ဖမ်းပါ။ ကျမတို့ တရားဥပဒေ ဘောင်ထဲကနေပြီးတော့ ရှင်းပါ့မယ်။ ကျမတို့ဘက်က အကြမ်းမဖက်ဘူးဆိုတဲ့အကြောင်းကို သူတို့ဘက်ကလည်း အကြမ်းဖက်တာတွေကို ထပ် ပြီးတော့ မလုပ်ဆောင်ဖို့ တားပေးပါဆိုပြီး ကျမကတော့ အဲလိုမျိုးပြောတယ်။

မေး။ ။ဒီတော့ ခရိုင်အုပ်ချုပ်ရေးမှူး က ဘာကတိမှပေးလိုက်တာမရှိဘူးပေါ့နော် မအေးမြင့်။

ဖြေ။ ။ ဟုတ်ကဲ့အမ။ မရှိဘူး ။ သူက အဲဒါဆိုရင်လည်း သူတို့ ခံစားချက်တွေကိုပြောပြပြီးပြီဆိုတော့ အဲဒီစာကို အထက်ကိုတင်ပေးလိုက်တော့ ။ သူလည်း သွားစရာရှိသေးလို့ ဆိုပြီးတော့ ပြီးသွားတယ်ပေါ့အမရယ်။

မေး။ ။ဟုတ်ကဲ့အမ။ အခု ဒီဖျက်စီးခံရတဲ့ အိမ်ခြေနဲ့ အခုအဲ့ဒီမှာရှိနေတဲ့ လူတွေရဲ့ နောက်ဆုံးအခြေအနေကော အမ။

ဖြေ။ ။ ဖျက်စီးခံရတဲ့အိမ်ခြေကတော့ ၂၀၀ လောက် ရှိမှာပေါ့နော်။ ၂၀၀ ကျော်၊ ၂၀၀ ပေါ့ လောလောဆယ် ကျမတို့ တခြမ်းတည်းပေါ့နော်၊ ဟိုပိုက်လုံး ဟိုဘက်ခြမ်းတော့မပါဘူး။ ဖျက်ပြီး အကုန်လုံး ဒီနေ့ အကုန်အပြီး ဖျက်ရမယ်ဆိုတဲ့အခါကျတော့ တချို့လည်း သူများတကာအိမ်တွေမှာ သွားပြီး တည်းခိုတဲ့လူတွေလည်း ရှိပါတယ်။ မိုးတွေကလည်း ရွာနေတဲ့အခါကျတော့ လူတွေကတော့ ဟိုအိမ်ခို၊ ဒီအိမ်ခို နဲ့ အခုတော့ ပြန်ပြီးရောက်နေတဲ့လူတွေကတော့ အယောက် အားလုံးပေါင်းဆိုရင် ၁၄၀ ၊ ၁၅၀ လောက် ရှိပါတယ်။ ကျမတို့ ပြောမယ်ဆိုရင် သူတို့ ပစ္စည်းတွေပေါ့အမရယ် နေရာမရှိတော့ ပစ္စည်းတွေ သွားထားကြတယ်။ လူတွေကတော့ တဲတွေထိုးပြီးပြန်နေနေကြတာပေါ့အမရယ်။

မေး။ ။ ကျမသိတာက သူတို့ ဘက်က လာဖျက်တဲ့လူတွေကို မအေးမြင့်တို့ဘက်က ၂ ယောက်ကိုတော့ ဖမ်းမိထားတယ်လို့ပြောပါတယ်ရှင့်။ အဲဒီလူတွေကို မအေးမြင့်တို့ ဘာလုပ်လိုက်သလဲရှင့်။

ဖြေ။ ။ အဲဒီလူတွေကို ကျမတို့ ဘာမှ လက်ဖျားနဲ့လည်းမထိပါဘူးအမ။ တဲကိုခေါ်လာပြီး မေးစရာရှိတာမေးတယ်။ မေးပြီးတော့ ရဲ ၀တ်စုံတွေ အထုတ်လိုက်ကျန်ခဲ့တာတွေကိုလည်း တစုတည်း ရွာသူကြီးကိုလည်း အပ်တယ်။ ရွာသူကြီး အပ်ပြီးတော့ ရဲစခန်းကို ပို့လိုက်ပါတယ်အမ။

မေး။ ။ သူတို့က ဘယ်အဖွဲ့ကလို့ပြောတာတွေရှိလား။ မအေးမြင့်တို့ မေးလိုက်သေးလား။

ဖြေ။ ။လှိုင်သာယာ ရပ်ကွက်က၊ ဘယ်ရပ်ကွက်က ဘယ်လမ်းက ဆိုတာကို နာမည်တွေနဲ့ မှတ်ပုံတင် နံပတ်တွေနဲ့ အကုန်လုံးအချက်အလက်တွေယူပြီးတော့ အသံတွေလည်းဖမ်းထားပြီးတော့ ၊ ကျမတို့ အကုန်လုံးမေးမြန်းပြီးတော့မှ ရဲစခန်းကိုပို့လိုက်ပါတယ်။

မေး။ ။ သူတို့က အရပ်သားတွေလားရှင့်၊ ဌာနဆိုင်ရာအဖွဲ့အစည်းတခုခုကလား၊ သို့မဟုတ် ကုမ္ပဏီ ၀န်ထမ်းလား။

ဖြေ။ ။အရပ်သားတွေပဲ အမ၊ သူတို့ကို အကူအညီတောင်းလို့ လိုက်လာရတယ်လို့ပြောတယ် သူတို့ကတော့ ။

ရန်ကုန်မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ဆွေးနွေး ပြောဆိုတာမှာ ကိုယ်တိုင်ပါ၀င်ခဲ့တဲ့ စံသမာဓိရပ်ကွက်က မအေးမြင့်ကို ဗွီအိုအေမြန်မာပိုင်းက နန်းလောဝ်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

နန်းလောင်ဝ် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)