က်ဴးဘား အေမရိကန္ ခရီးသည္တင္ ေလယာဥ္ေတြ ျပန္ေျပးဆြဲမယ္


 လာမယ့္ လအနည္းငယ္အတြင္း အေမရိကန္ ေလယာဥ္ေတြ က်ဴးဘားကို ျပန္လည္ ေျပးဆြဲေတာ့မယ္။
အေမရိကန္နဲ႔ က်ဴးဘားနိုင္ငံအၾကား ခရီးသည္တင္ ေလယာဥ္ ေျပးဆြဲမွု ဆိုင္းငံ့ထားခဲ့အၿပီး ႏွစ္ေပါင္း ၅၀ေက်ာ္ အၾကာ အခုအခါ ခရီးသည္တင္ ေလယာဥ္ ေတြ ျပန္ေျပးဆြဲဖို႔ သေဘာတူခ်က္ တခုကို အေမရိကန္ သယ္ယူပို႔ေဆာင္ေရး ဝန္ႀကီးနဲ႔ က်ဴးဘား သယ္ယူပို႔ေဆာင္ေရး ဝန္ႀကီးတို႔ လက္မွတ္ေရးထိုးလိုက္ပါတယ္။

ဒီသေဘာတူခ်က္အရ အေမရိက ေလေၾကာင္း ကုမၸဏီပိုင္ ေလယာဥ္ေတြကို လာမယ့္ လအနည္းငယ္အတြင္း စတင္ေျပးဆြဲခြင့္ ရေတာ့မွာ ျဖစ္ပါတယ္။

က်ဴးဘားနိုင္ငံကို ကမၻာလွည့္ ခရီးသည္ေတြ အေနနဲ႔ အေမရိကန္နိုင္ငံသားေတြ သြားေရာက္ခြင့္ တရားဝင္ မရေသးေပမယ့္လည္း ဒီစီမံကိန္းသစ္အရ အေမရိကန္ကေန က်ဴးဘားဆီကို တေန႔ကို ေလယာဥ္ခရီးစဥ္ ၁၁၀ေလာက္အထိ ပ်ံသန္းဖို႔ ရွိၿပီး ဟာဗားနား ၿမိဳ႕ေတာ္ဆီကို တေန႔ကို ေလယာဥ္ ခရီးစဥ္ ၂၀နဲ႔ နိုင္ငံတကာ ေလဆိပ္ရွိတဲ့ တျခားၿမိဳ႕ေတြဆီ ေလယာဥ္ခရီးစဥ္ ၁၀ခုေလာက္စီ ပ်ံသန္းမယ္လို႔ သိရပါတယ္။

ဒါကို ၾကည့္ျခင္းအားျဖင့္ မၾကာခင္ ရာထူး သက္တမ္း ကုန္ဆုံးေတာ့မယ့္ သမၼတ အိုဘားမားရဲ့ ေနာက္ဆုံးႏွစ္အတြင္း က်ဴးဘားနဲ႔ အေမရိကန္ နိုင္ငံအၾကား ဆက္ဆံေရး အလ်င္အျမန္ အဆင္ေျပလာတာကေတာ့ သိသာထင္ရွားေနပါတယ္။

စစ္ေအးကာလ အရွိန္ျမင့္ေနခ်ိန္မွာ က်ဴးဘားနိုင္ငံမွာ ရွိတဲ့ ပုဂၢလိက စီးပြားေရးေတြ အားလုံးကို သမၼတ ဖီဒယ္လ္ ကက္စထရို သိမ္းယူလိုက္ခဲ့ကတည္းကစလို႔ ပထမဆုံး အႀကိမ္အျဖစ္ က်ဴးဘားနိုင္ငံမွာ အေမရိကန္ ကုမၸဏီတည္ေထာင္ခြင့္ ကို အေမရိကန္ ဘ႑ာေရးဌာနက ခြင့္ျပဳခဲ့ၿပီးၿပီး ခ်က္ခ်င္းဆိုသလို အခု ဒီသေဘာတူ စာခ်ဳပ္ကို ခ်ဳပ္ဆိုေၾကာင္း ေၾကညာခ်က္ ထြက္ေပၚလာတာပါ။

က်ဴးဘား ပုဂၢလိက လယ္သမားေတြအတြက္ သူတို႔ တတ္နိုင္မယ့္ လယ္ထြန္စက္ေတြ ေရာင္းခ်ေပးမယ့္ အေမရိကန္ လယ္ထြန္စက္ စက္႐ုံငယ္တခုကို က်ဴးဘားနိုင္ငံမွာ လာမယ့္ လေတြအတြင္း ဖြင့္လွစ္ေတာ့မွာပါ။

ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာ အေမရိကန္နဲ႔ က်ဴးဘားနိုင္ငံအၾကား သံတမန္ေရး ဆက္ဆံမွုက အေတာ္ေလး ခရီးေပါက္ခဲ့သလို အခုအခါလည္း စီးပြားေရး ဆက္ဆံေရးမွုေတြ အလ်င္အျမန္ တိုးတက္လာမယ္လို႔ ေမၽွာ္လင့္ေနၾကေၾကာင္း အေမရိက အလယ္ပိုင္းေဒသဆိုင္ရာ ဘီဘီစီ သတင္းေထာက္ Will Grant က ဟာဗားနားၿမိဳ႕ေတာ္ကေန သတင္းေပးပို႔ထားပါတယ္။

BBC Burmese
http://www.bbc.com/burmese

............................................



 လာမယ့် လအနည်းငယ်အတွင်း အမေရိကန် လေယာဉ်တွေ ကျူးဘားကို ပြန်လည် ပြေးဆွဲတော့မယ်။
အမေရိကန်နဲ့ ကျူးဘားနိုင်ငံအကြား ခရီးသည်တင် လေယာဉ် ပြေးဆွဲမှု ဆိုင်းငံ့ထားခဲ့အပြီး နှစ်ပေါင်း ၅၀ကျော် အကြာ အခုအခါ ခရီးသည်တင် လေယာဉ် တွေ ပြန်ပြေးဆွဲဖို့ သဘောတူချက် တခုကို အမေရိကန် သယ်ယူပို့ဆောင်ရေး ဝန်ကြီးနဲ့ ကျူးဘား သယ်ယူပို့ဆောင်ရေး ဝန်ကြီးတို့ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီသဘောတူချက်အရ အမေရိက လေကြောင်း ကုမ္ပဏီပိုင် လေယာဉ်တွေကို လာမယ့် လအနည်းငယ်အတွင်း စတင်ပြေးဆွဲခွင့် ရတော့မှာ ဖြစ်ပါတယ်။

ကျူးဘားနိုင်ငံကို ကမ္ဘာလှည့် ခရီးသည်တွေ အနေနဲ့ အမေရိကန်နိုင်ငံသားတွေ သွားရောက်ခွင့် တရားဝင် မရသေးပေမယ့်လည်း ဒီစီမံကိန်းသစ်အရ အမေရိကန်ကနေ ကျူးဘားဆီကို တနေ့ကို လေယာဉ်ခရီးစဉ် ၁၁၀လောက်အထိ ပျံသန်းဖို့ ရှိပြီး ဟာဗားနား မြို့တော်ဆီကို တနေ့ကို လေယာဉ် ခရီးစဉ် ၂၀နဲ့ နိုင်ငံတကာ လေဆိပ်ရှိတဲ့ တခြားမြို့တွေဆီ လေယာဉ်ခရီးစဉ် ၁၀ခုလောက်စီ ပျံသန်းမယ်လို့ သိရပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် မကြာခင် ရာထူး သက်တမ်း ကုန်ဆုံးတော့မယ့် သမ္မတ အိုဘားမားရဲ့ နောက်ဆုံးနှစ်အတွင်း ကျူးဘားနဲ့ အမေရိကန် နိုင်ငံအကြား ဆက်ဆံရေး အလျင်အမြန် အဆင်ပြေလာတာကတော့ သိသာထင်ရှားနေပါတယ်။

စစ်အေးကာလ အရှိန်မြင့်နေချိန်မှာ ကျူးဘားနိုင်ငံမှာ ရှိတဲ့ ပုဂ္ဂလိက စီးပွားရေးတွေ အားလုံးကို သမ္မတ ဖီဒယ်လ် ကက်စထရို သိမ်းယူလိုက်ခဲ့ကတည်းကစလို့ ပထမဆုံး အကြိမ်အဖြစ် ကျူးဘားနိုင်ငံမှာ အမေရိကန် ကုမ္ပဏီတည်ထောင်ခွင့် ကို အမေရိကန် ဘဏ္ဍာရေးဌာနက ခွင့်ပြုခဲ့ပြီးပြီး ချက်ချင်းဆိုသလို အခု ဒီသဘောတူ စာချုပ်ကို ချုပ်ဆိုကြောင်း ကြေညာချက် ထွက်ပေါ်လာတာပါ။

ကျူးဘား ပုဂ္ဂလိက လယ်သမားတွေအတွက် သူတို့ တတ်နိုင်မယ့် လယ်ထွန်စက်တွေ ရောင်းချပေးမယ့် အမေရိကန် လယ်ထွန်စက် စက်ရုံငယ်တခုကို ကျူးဘားနိုင်ငံမှာ လာမယ့် လတွေအတွင်း ဖွင့်လှစ်တော့မှာပါ။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ အမေရိကန်နဲ့ ကျူးဘားနိုင်ငံအကြား သံတမန်ရေး ဆက်ဆံမှုက အတော်လေး ခရီးပေါက်ခဲ့သလို အခုအခါလည်း စီးပွားရေး ဆက်ဆံရေးမှုတွေ အလျင်အမြန် တိုးတက်လာမယ်လို့ မျှော်လင့်နေကြကြောင်း အမေရိက အလယ်ပိုင်းဒေသဆိုင်ရာ ဘီဘီစီ သတင်းထောက် Will Grant က ဟာဗားနားမြို့တော်ကနေ သတင်းပေးပို့ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)