မင္းလွတြင္ဘုရားအာ႐ံုခံတန္ေဆာင္း၌ လူတစ္ဦးႀကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြား (မင်းလှတွင်ဘုရားအာရုံခံတန်ဆောင်း၌ လူတစ်ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွား )


Saturday, 27 February 2016

မင္းလွၿမိဳ႕နယ္ မလြန္ေက်းရြာရွိ ဘုရားအာ႐ံုခံတန္ေဆာင္း၌ လူတစ္ဦးႀကိဳးဆြဲခ်ေသဆံုးမႈ ယမန္ေန႔နံနက္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ျဖစ္စဥ္မွာ ယမန္ေန႔နံနက္ ၁ နာရီခြဲက မလြန္ေက်းရြာ ေရႊတဂံဘုရားတန္ေဆာင္းတြင္ လူတစ္ဦး ႀကိဳးဆြဲခ်ေသဆံုးေနေၾကာင္း သတင္းအရ မင္းလွၿမိဳ႕မ ရဲစခန္းမွဒုရဲအုပ္ေအာင္ေက်ာ္စိုး သြားေရာက္စစ္ေဆးခဲ့သည္။

ေသဆံုးသူမွာ ရဲထြန္း(ခ)ေဇာ္ေဇာ္စိုး အသက္(၂၈ႏွစ္) မလြန္ေက်းရြာ မင္းလွၿမိဳ႕နယ္ေနသူမွာ ဘုရားအာ႐ံုခံတန္ေဆာင္း အျမင့္ကိုးေပခန္႔ရွိ ထုပ္တန္းတြင္ အရွည္ေလးေပခန္႔၊ လံုးပတ္သံုးမူးလံုးခန္႔ရွိ စိမ္းနီေရာင္ႏုိင္လြန္ႀကိဳးအားအသံုးျပဳလ်က္ ေျခေထာက္ေျမျပင္မွ ၁၁ လက္မခန္႔လြတ္ကာ လက္ေခ်ာင္းမ်ားေကြး၊ သြားရည္ထြက္ ျပင္ပဒဏ္ရာမရွိဘဲ ေသဆံုးေနသည္ကိုေတြ႕ရွိခဲ့ေၾကာင္း အမႈစစ္၏စစ္ေဆးခ်က္အရ သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဒုရဲအုပ္ေအာင္ေက်ာ္စုိး၏ တုိင္ၾကားမႈေၾကာင့္ မင္းလွၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းက ေသမႈေသခင္း အမွတ္စဥ္ ၃/၂ဝ၁၆ျဖင့္ အမႈဖြင့္ထားသည္။

The Union Daily
http://uniondaily.net
..............


Saturday, 27 February 2016

မင်းလှမြို့နယ် မလွန်ကျေးရွာရှိ ဘုရားအာရုံခံတန်ဆောင်း၌ လူတစ်ဦးကြိုးဆွဲချသေဆုံးမှု ယမန်နေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ယမန်နေ့နံနက် ၁ နာရီခွဲက မလွန်ကျေးရွာ ရွှေတဂံဘုရားတန်ဆောင်းတွင် လူတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ မင်းလှမြို့မ ရဲစခန်းမှဒုရဲအုပ်အောင်ကျော်စိုး သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ ရဲထွန်း(ခ)ဇော်ဇော်စိုး အသက်(၂၈နှစ်) မလွန်ကျေးရွာ မင်းလှမြို့နယ်နေသူမှာ ဘုရားအာရုံခံတန်ဆောင်း အမြင့်ကိုးပေခန့်ရှိ ထုပ်တန်းတွင် အရှည်လေးပေခန့်၊ လုံးပတ်သုံးမူးလုံးခန့်ရှိ စိမ်းနီရောင်နိုင်လွန်ကြိုးအားအသုံးပြုလျက် ခြေထောက်မြေပြင်မှ ၁၁ လက်မခန့်လွတ်ကာ လက်ချောင်းများကွေး၊ သွားရည်ထွက် ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ကြောင်း အမှုစစ်၏စစ်ဆေးချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒုရဲအုပ်အောင်ကျော်စိုး၏ တိုင်ကြားမှုကြောင့် မင်းလှမြို့နယ် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၃/၂ဝ၁၆ဖြင့် အမှုဖွင့်ထားသည်။

The Union Daily
http://uniondaily.net
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)