ဖားကန္႔တြင္ မူးယစ္ေဆးအတြက္ တေန႔က်ပ္သိန္းတရာခန္႔ လိုင္းေၾကးယူေနေသာ ေဒသအာဏာပိုင္မ်ားကို အေရးယူသင့္ (ဖားကန့်တွင် မူးယစ်ဆေးအတွက် တနေ့ကျပ်သိန်းတရာခန့် လိုင်းကြေးယူနေသော ဒေသအာဏာပိုင်များကို အရေးယူသင့် )


ကခ်င္ျပည္နယ္ ဖားကန္႔ေဒသတြင္ မူးယစ္ေဆး၀ါးမ်ားကို ခြင့္ျပဳခ်က္ရထားသကဲ့သို႔ ေဈးတန္းခင္းလ်က္ ေရာင္း ခ်ေနၿပီး ေရမေဆးေက်ာက္လုပ္သား ရွစ္ေသာင္းခန္႔တို႔ ေဆးစဲြေနေၾကာင္း၊ မူးယစ္ေဆးေရာင္းသူတဦး၏ ၅၈ ရက္အတြင္း လိုင္းေၾကးေပးေဆာင္ရသည့္ ပမာဏမွာ က်ပ္သိန္း ၅,၆၈၀ ေက်ာ္ရိွရာ ထိုသူတဦးတည္းက ေဒသ အာဏာပိုင္မ်ားသို႔ လိုင္းေၾကးေပးသြင္းရေငြမွာ က်ပ္သိန္းတရာခန္႔ရိွေနသျဖင့္ သက္ဆိုင္ရာဌာနဆိုင္ရာအဖဲြ႕ မ်ား၏ အဂတိလိုက္စားမႈကို အေရးယူသင့္ေၾကာင္း ဖားကန္႔ျမိဳ႕နယ္အမတ္ ဦးတင္စိုးက ျပည္သူ႕လႊတ္ေတာ္သို႔ ေဖေဖာ္၀ါရီ ၂၅ ရက္တြင္ ေျပာခဲ့သည္။

''၁-၇-၂၀၁၅ မွာ ေဒသခံလူထု အေျချပဳ မူးယစ္ေဆး၀ါးတိုက္ဖ်က္ေရး အဖဲြ႕ (Pat Jasan) က ဖမ္းဆီးလိုက္တဲ့ ဖားကန္႔က မူးယစ္ေဆးေရာင္းသူတဦးရဲ႕ ေျပာျပခ်က္အရ ေဒသခံသက္ဆိုင္ရာဌာန အဖဲြ႕ေတြကိုေပးရတဲ့ လိုင္းေၾကးက ၅၈ ရက္အတြင္းမွာက်ပ္သိန္း ၅,၆၈၀ နဲ႔ ငါးေသာင္းတိတိရိွတယ္လို႔ သိရတယ္။ သူတဦး တည္းတင္ တရက္ကို သိန္းတရာခန္႔ လိုင္းေၾကးေပးရတယ္။ ဒါေၾကာင့္ မူးယစ္ေဆးေတြကို ပါမစ္ရထားသလို ေဈးတန္းေတြနဲ႔ေရာင္းေနၾကတယ္။ သက္ဆိုင္ရာဌာနအဖဲြ႕ေတြရဲ႕ အဂတိလိုက္စားမႈကို အေရးယူသင့္ ပါတယ္''ဟု သူကတင္ျပခဲ့သည္။

ယမန္ေန႔ (ဒုတိယအၾကိမ္ ျပည္သူ႕လႊတ္ေတာ္ ပထမပံုမွန္အစည္းအေ၀း ၁၁ ရက္ေျမာက္ေန႔)၌ ကခ်င္ျပည္နယ္ ၀ိုင္းေမာ္ျမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္အမတ္ ဦးလဂန္ဇယ္ဂ်ဳံးက အေရးၾကီးအဆိုအျဖစ္ တင္သြင္းခဲ့သည့္ ''မူးယစ္ေဆး၀ါးတိုက္ ဖ်က္ႏိွမ္နင္းေရးတြင္ ျပည္သူလူထု ပါ၀င္လာမႈအေပၚ ၾကိဳဆိုေထာက္ခံရန္ႏွင့္ ဟန္႔တားေႏွာင့္ယွက္သူမ်ား၏ အနၱရာယ္မွကာ ကြယ္ေပးရန္အျပင္ ထိေရာက္ေသာကူညီပံ့ပိုးမႈမ်ားကို အျမန္ ဆံုးေဆာင္ရြက္ေပးရန္ ျပည္ေထာင္စုအစိုးရအဖဲြ႕သို႔ တိုက္တြန္းေၾကာင္း'' အဆိုကို ယေန႔ ျပည္သူ႕လႊတ္ေတာ္ အစည္းအေ၀း၌ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္သံုးဦးအပါအ၀င္ ျပည္သူ႕လႊတ္ေတာ္အမတ္ ၂၃ ဦး တို႔က ေဆြးေႏြးခဲ့ၾကရာတြင္ ဖားကန္႔အမတ္ဦးတင္စိုးက ပါ၀င္ေဆြးေႏြးစဥ္ ေျပာၾကားခဲ့ျခင္းသည္။

ထိုအဆိုကို ျပည္သူ႕လႊတ္ေတာ္ ကိုယ္စားလွယ္အမ်ားစုက လက္ခံေဆြးေႏြးရန္ ေထာက္ခံခဲ့သျဖင့္ ေဖေဖာ္၀ါရီ ၂၅ ရက္ ျပည္သူ႕လႊတ္ေတာ္အစည္းအေ၀း မြန္းလဲြပိုင္းအထိ ကိုယ္စားလွယ္ ၁၆ ဦးက ေဆြးေႏြးခဲ့ၾကျပီး က်န္ကိုယ္စားလွယ္ ခုနစ္ဦးတို႔မွ ညေနပိုင္းတြင္ ဆက္လက္ေဆြးေႏြးခဲ့သည္။

ခိုင္ထူးလြင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
..............


ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မူးယစ်ဆေးဝါးများကို ခွင့်ပြုချက်ရထားသကဲ့သို့ ဈေးတန်းခင်းလျက် ရောင်း ချနေပြီး ရေမဆေးကျောက်လုပ်သား ရှစ်သောင်းခန့်တို့ ဆေးစွဲနေကြောင်း၊ မူးယစ်ဆေးရောင်းသူတဦး၏ ၅၈ ရက်အတွင်း လိုင်းကြေးပေးဆောင်ရသည့် ပမာဏမှာ ကျပ်သိန်း ၅,၆၈၀ ကျော်ရှိရာ ထိုသူတဦးတည်းက ဒေသ အာဏာပိုင်များသို့ လိုင်းကြေးပေးသွင်းရငွေမှာ ကျပ်သိန်းတရာခန့်ရှိနေသဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့ များ၏ အဂတိလိုက်စားမှုကို အရေးယူသင့်ကြောင်း ဖားကန့်မြို့နယ်အမတ် ဦးတင်စိုးက ပြည်သူ့လွှတ်တော်သို့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောခဲ့သည်။

''၁-၇-၂၀၁၅ မှာ ဒေသခံလူထု အခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ (Pat Jasan) က ဖမ်းဆီးလိုက်တဲ့ ဖားကန့်က မူးယစ်ဆေးရောင်းသူတဦးရဲ့ ပြောပြချက်အရ ဒေသခံသက်ဆိုင်ရာဌာန အဖွဲ့တွေကိုပေးရတဲ့ လိုင်းကြေးက ၅၈ ရက်အတွင်းမှာကျပ်သိန်း ၅,၆၈၀ နဲ့ ငါးသောင်းတိတိရှိတယ်လို့ သိရတယ်။ သူတဦး တည်းတင် တရက်ကို သိန်းတရာခန့် လိုင်းကြေးပေးရတယ်။ ဒါကြောင့် မူးယစ်ဆေးတွေကို ပါမစ်ရထားသလို ဈေးတန်းတွေနဲ့ရောင်းနေကြတယ်။ သက်ဆိုင်ရာဌာနအဖွဲ့တွေရဲ့ အဂတိလိုက်စားမှုကို အရေးယူသင့် ပါတယ်''ဟု သူကတင်ပြခဲ့သည်။

ယမန်နေ့ (ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့)၌ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးလဂန်ဇယ်ဂျုံးက အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့သည့် ''မူးယစ်ဆေးဝါးတိုက် ဖျက်နှိမ်နင်းရေးတွင် ပြည်သူလူထု ပါ၀င်လာမှုအပေါ် ကြိုဆိုထောက်ခံရန်နှင့် ဟန့်တားနှောင့်ယှက်သူများ၏ အန္တရာယ်မှကာ ကွယ်ပေးရန်အပြင် ထိရောက်သောကူညီပံ့ပိုးမှုများကို အမြန် ဆုံးဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း'' အဆိုကို ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်သုံးဦးအပါအဝင် ပြည်သူ့လွှတ်တော်အမတ် ၂၃ ဦး တို့က ဆွေးနွေးခဲ့ကြရာတွင် ဖားကန့်အမတ်ဦးတင်စိုးက ပါ၀င်ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းသည်။

ထိုအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အများစုက လက်ခံဆွေးနွေးရန် ထောက်ခံခဲ့သဖြင့် ဖေဖော်ဝါရီ ၂၅ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေး မွန်းလွဲပိုင်းအထိ ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ကြပြီး ကျန်ကိုယ်စားလှယ် ခုနစ်ဦးတို့မှ ညနေပိုင်းတွင် ဆက်လက်ဆွေးနွေးခဲ့သည်။

ခိုင်ထူးလွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)