ကျိုက်ထိုမြို့နယ်တွင် ဘုရားဖူးယာဉ် တိမ်းမှောက်မှုကြောင့် ၁၇ ဦး ဒဏ်ရာရရှိ




.......


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သဲဖြူချောင်းကျေးရွာအနီးရှိ ရွှေလက်ရာမိတ္တူဆိုင်ရှေ့ ရန်ကုန် - မော်လမြိုင် ကားလမ်း မိုင်တိုင် ၁၁၆/၆ တွင် လိုက်ထရပ် ဘုရားဖူးယာဉ် တိမ်းမှောက်မှုကြောင့် ၎င်း ယာဉ်ပေါ် လိုက်လာသူ ၁၇ ဦး ဒဏ်ရာရရှိကာ ငါးဦး ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရပြီး ကျန်ဒဏ်ရာရရှိသူ ၁၂ ဦးကို ကျိုက်ထိုပြည် သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ရ ကြောင်း ကျိုက်ထိုမြို့မရဲစခန်းထံမှ သိရသည်။

ဖေဖေါ်ဝါရီ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်က ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာစဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)