လူထု မူးယစ္ တိုက္ဖ်က္ေရး အဖြဲ႕ ၀ါးေရွာင္ဂိတ္ တြင္ ဟန္႔တား ခံေနရ


ေဖေဖၚ၀ါရီ ၁၆၊ ၂၀၁၆ ၀ါးေရွာင္ဂိတ္မွ ကန္ပိုင္တီသို႔ လုံး၀ ျဖတ္သန္းခြင့္ မျပဳ၊ ဟန္႔တားခံေနရတဲ့ ကခ်င္လူထု ဘိန္းခင္း ဖ်က္ဆီးေရးအဖြဲ႕ ယေန႔ ျမစ္ၾကီးနားျမိဳ႕မွ ကန္ပုိင္တီ သုိ႔ တက္လာသည့္ ကခ်င္ လူထု ဘိန္းခင္း ဖ်က္ဆီးေရး ယာဥ္တန္းကုိ ကန္ပုိင္တီ-ခ်ီေဖြလမ္းခြဲ၊ ၀ါးေရွာင္ဂိတ္တြင္ အစုိးရ လုံျခံဳေရးတပ္ဖြဲ႕မ်ားမွ လံုး၀ ျဖတ္သန္းခြင့္ မျပဳဘဲ ဟန္႔တား ခံေနရပါသည္။

ယင္းဂိတ္သည္ အစုိးရ ဌာန ၅ ခု - စစ္တပ္၊ ရဲ၊ အထူးရဲ၊ စရဖ ႏွင့္ လ၀က မ်ား ေစာင့္လွ်က္ရိွေသာ စုေပါင္း ဂိတ္လည္း ျဖစ္သည္။ ယခုခ်ိန္ ဂိတ္မွာ ပိတ္ပင္ခံထားရသည့္ PJS အဖြဲ႕ ၁၀၀၀ ေက်ာ္ရွိေၾကာင္း PJS ေခါင္းေဆာင္မ်ား ကခ်င္သတင္းဌာန KNG ကုိေျပာသည္။

၀ုိင္းေမာ္ျမိဳ႕နယ္ ရဲမႈးၾကီးသည္ ယေန႔ မြန္းလြဲ ၂ နာရီ၀န္းက်င္ PJS ေခါင္းဆာင္မ်ားနွင္ ့၀ုိင္းေမာ္ျမိဳ႕တြင္ ေတြ႔ဆံုစဥ္ ‘သူ၌ ဘာအာဏာမွ မရွိေၾကာင္း၊ အထက္မိန္႔အတုိင္း ကန္ပုိင္တီသုိ႔ိ မတက္ရန္ တားျမစ္ျခင္းျဖစ္သည္ဟု’ ေျပာခဲ့ေၾကာင္း သိရသည္။

ထုိ႔အတူ ၀ါးေရွာင္ဂိတ္မွ လုံျခံေရးတပ္ဖြဲ႕မ်ား ကလည္း ‘အထက္အမိန္႔အရ ပိတ္ပင္တာျဖစ္ေၾကာင္း’ PJS ေခါင္းေဆာင္မ်ားကို ေျပာသည္ဟု သိရသည္။

ယခုလုိ ပိတ္ပင္ခံထားရခ်ိန္ PJS အဖြဲ႔မ်ားသည္ ေႏွာက္မဆုတ္သည့္အျပင္ လူအင္အားလည္း ထပ္တုိးေနျပီး ၄င္းေနရာမွာ စခန္းခ်ေနေၾကာင္း PJS ေခါင္းေဆာင္မ်ား ေျပာသည္။

ထုိ႔အျပင္ ၀ုိင္းေမာ္ျမိဳ႕တြင္လည္း PJS အင္အား ၁၀၀၀ ေက်ာ္ စခန္းခ်ေနျပီး လူအင္အားသစ္မ်ားလည္း ပံုမွန္ ထပ္တုိးလာေနေၾကာင္း သိရသည္။ ထုိ႔အျပင္ ရွမ္းျပည္ေျမာက္ပိုင္းမွ ကခ်င္လူထုမ်ား ကလည္း ကန္ပုိင္တီ ဘိန္းခင္း ဖ်က္ဆီးေရးအတြက္ ခရီးလမ္းတြင္ လာေနျပီျဖစ္ေၾကာင္း ထပ္မံသိရသည္။

ပူတာအုိ ႏွင့္ ဆြမ္ပရာဘြမ္ ေဒသ လြဲျပီး က်န္ရွိေနသည့္ ကခ်င္ျပည္နယ္ ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပုိင္း PJS ေဒသ စုစုေပါင္း ၁၉ မွ ကခ်င္လူထုမ်ားသည္ ယခု ကန္ပုိင္တီ ဘိန္းခင္း တုိက္ဖ်က္ေရး အစီစဥ္တြင္ ပါ၀င္ေနေၾကာင္း ၀ုို္င္းေမာ္ျမိဳ႕တြင္ ေရာက္ရွိေနသည့္ PJS ေခါင္းေဆာင္မ်ား ေျပာသည္။

PJS အဖြဲ႔မ်ား ၀ါးေရွာင္တြင္ ပိတ္ပင္ခံထားရခ်ိန္ ယေန႔ ျမစ္ၾကီးနားျမိဳ႕တြင္ PJS ေခါင္းေဆာင္မ်ားႏွင့္ အစုိးရ အာဏာပုိင္မ်ား ၾကား ‘ေဆြးေႏြးညိႇႏႈိင္းမႈ’ ေတြလုပ္ေနေၾကာင္း သိရသည္။

Kachin News Group - Burmese
http://burmese.kachinnews.com
.........


ဖေဖေါ်ဝါရီ ၁၆၊ ၂၀၁၆ ၀ါးရှောင်ဂိတ်မှ ကန်ပိုင်တီသို့ လုံးဝ ဖြတ်သန်းခွင့် မပြု၊ ဟန့်တားခံနေရတဲ့ ကချင်လူထု ဘိန်းခင်း ဖျက်ဆီးရေးအဖွဲ့ ယနေ့ မြစ်ကြီးနားမြို့မှ ကန်ပိုင်တီ သို့ တက်လာသည့် ကချင် လူထု ဘိန်းခင်း ဖျက်ဆီးရေး ယာဉ်တန်းကို ကန်ပိုင်တီ-ချီဖွေလမ်းခွဲ၊ ၀ါးရှောင်ဂိတ်တွင် အစိုးရ လုံခြုံရေးတပ်ဖွဲ့များမှ လုံးဝ ဖြတ်သန်းခွင့် မပြုဘဲ ဟန့်တား ခံနေရပါသည်။

ယင်းဂိတ်သည် အစိုးရ ဌာန ၅ ခု - စစ်တပ်၊ ရဲ၊ အထူးရဲ၊ စရဖ နှင့် လဝက များ စောင့်လျှက်ရှိသော စုပေါင်း ဂိတ်လည်း ဖြစ်သည်။ ယခုချိန် ဂိတ်မှာ ပိတ်ပင်ခံထားရသည့် PJS အဖွဲ့ ၁၀၀၀ ကျော်ရှိကြောင်း PJS ခေါင်းဆောင်များ ကချင်သတင်းဌာန KNG ကိုပြောသည်။

၀ုိင်းမော်မြို့နယ် ရဲမှုးကြီးသည် ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင် PJS ခေါင်းဆာင်များနှင် ့ဝိုင်းမော်မြို့တွင် တွေ့ဆုံစဉ် ‘သူ၌ ဘာအာဏာမှ မရှိကြောင်း၊ အထက်မိန့်အတိုင်း ကန်ပိုင်တီသို့ိ မတက်ရန် တားမြစ်ခြင်းဖြစ်သည်ဟု’ ပြောခဲ့ကြောင်း သိရသည်။

ထို့အတူ ၀ါးရှောင်ဂိတ်မှ လုံခြံရေးတပ်ဖွဲ့များ ကလည်း ‘အထက်အမိန့်အရ ပိတ်ပင်တာဖြစ်ကြောင်း’ PJS ခေါင်းဆောင်များကို ပြောသည်ဟု သိရသည်။

ယခုလို ပိတ်ပင်ခံထားရချိန် PJS အဖွဲ့များသည် နှောက်မဆုတ်သည့်အပြင် လူအင်အားလည်း ထပ်တိုးနေပြီး ၄င်းနေရာမှာ စခန်းချနေကြောင်း PJS ခေါင်းဆောင်များ ပြောသည်။

ထို့အပြင် ၀ုိင်းမော်မြို့တွင်လည်း PJS အင်အား ၁၀၀၀ ကျော် စခန်းချနေပြီး လူအင်အားသစ်များလည်း ပုံမှန် ထပ်တိုးလာနေကြောင်း သိရသည်။ ထို့အပြင် ရှမ်းပြည်မြောက်ပိုင်းမှ ကချင်လူထုများ ကလည်း ကန်ပိုင်တီ ဘိန်းခင်း ဖျက်ဆီးရေးအတွက် ခရီးလမ်းတွင် လာနေပြီဖြစ်ကြောင်း ထပ်မံသိရသည်။

ပူတာအို နှင့် ဆွမ်ပရာဘွမ် ဒေသ လွဲပြီး ကျန်ရှိနေသည့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း PJS ဒေသ စုစုပေါင်း ၁၉ မှ ကချင်လူထုများသည် ယခု ကန်ပိုင်တီ ဘိန်းခင်း တိုက်ဖျက်ရေး အစီစဉ်တွင် ပါ၀င်နေကြောင်း ၀ုို်င်းမော်မြို့တွင် ရောက်ရှိနေသည့် PJS ခေါင်းဆောင်များ ပြောသည်။

PJS အဖွဲ့များ ၀ါးရှောင်တွင် ပိတ်ပင်ခံထားရချိန် ယနေ့ မြစ်ကြီးနားမြို့တွင် PJS ခေါင်းဆောင်များနှင့် အစိုးရ အာဏာပိုင်များ ကြား ‘ဆွေးနွေးညှိနှိုင်းမှု’ တွေလုပ်နေကြောင်း သိရသည်။

Kachin News Group - Burmese
http://burmese.kachinnews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)