ရွမ္းေျမာက္ေဒသမွာ အစိုးရတပ္ အင္အားတိုးခ်ဲ႕ (ရှမ်းမြောက်ဒေသမှာ အစိုးရတပ် အင်အားတိုးချဲ့ )

TNLA တပ္မဟာ၂ ေဒသအတြင္းက တပ္သားတခ်ိဳ႕ကို ေတြ႔ရစဥ္။ Photo: Kan Thar/ RFA
ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္၊ နမၼတူ၊ မန္တံု၊ မူဆယ္၊ ကြတ္ခိုင္နဲ႔ ကြမ္လံုၿမိဳ႕နယ္ ေတြဖက္မွာ အစိုးရတပ္က ဒီရက္ပိုင္းအတြင္း အင္အား တိုးခ်ဲ႕ခ်ထားေၾကာင္း TNLA က ေျပာပါတယ္။

အခုလို အစိုးရတပ္မေတာ္ဖက္က အင္အားတိုးခ်ဲ႔လာတာေၾကာင့္ တိုက္ပြဲေတြ ျပင္းထန္ လာႏိုင္တယ္လို႔ တအာန္းလြတ္ေျမာက္ေရးတပ္မေတာ္ TNLA က ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွွဴးတာအိုက္ေက်ာ္ က ေျပာပါတယ္။

"အခုထိေတာ့ RCSS တပ္ကနဂိုေနတဲ့တိုင္းပဲရွိေနေသးတယ္၊ ျပန္လည္ဆုတ္သြားတာ ေတာ့မရွိေသးဘူး၊ အစိုးရတပ္နဲ႔ ၿပီးခဲ့တဲ့ ၂ ရက္၊ ၃ ရက္တြင္း ကားအစီး ၂ဝဝ ၊ ၃ဝဝ ေက်ာ္ ဒီဖက္ကို ဆက္တက္လာတယ္၊ အင္အားကေတာ့ ခန္႔မွန္း ႏွစ္ေထာင္နဲ႔ သံုးေထာင္ၾကားမွာရွိမယ္၊ တခ်ိဳ႕ကေတာ့ ကြမ္လံုဖက္တက္သြားတယ္၊ တခ်ိဳ႕ကေတာ့ က်ေနာ့္နယ္ေျမမွာ ျပန္ၿပီးျဖန္႔ၿပီးေနရာယူထားတာရွိတယ္"

ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔ကစၿပီး အစိုးရတပ္က စစ္ကားအစီး ၂၀၀ ၀န္းက်င္ ရွမ္းျပည္ေျမာက္ပိုင္းကို ေရာက္ရွိလာခဲ့ပါတယ္။

TNLA နဲ႔ RCSS/SSA တို႔ စစ္ေရးတင္းမာမွုေတြ ျဖစ္ေနတဲ့ နမ့္ဆန္၊ နမၼတူ၊ မန္တံု၊ မူဆယ္နဲ႔ ကြတ္ခိုင္ၿမိဳ့ေတြမွာ စစ္ကားအစီး ၁၀၀ ေလာက္ ၊ ကိုးကန္႔တပ္မေတာ္ MNDAA တပ္ေတြရွိရာ ကြမ္လံုၿမိဳ့နယ္မွာ စစ္ကား အစီး ၁၀၀ ေလာက္ ေရာက္ရွိ ေနတယ္လို႔ TNLA က ဗိုလ္မွဴးတာအိုက္ေက်ာ္ က ေျပာပါတယ္။

ရွမ္းျပည္ေျမာက္ပိုင္း ကုန္းၾကမ္းၿမိဳ႕နယ္ထဲမွာ MNDAA ရဲ႕ ေျခကုပ္စခန္းေတြ ရွိေနေသးတာေၾကာင့္ အစိုးရ ဘက္က အင္အားတိုးခ်ဲ႕ခ်ထားတာျဖစ္ႏိုင္တယ္လို႔ ကိုးကန္႔တိုင္းရင္းသားတစ္ဦးျဖစ္တဲ႔ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္နီႏိုင္ က ေျပာပါတယ္။

"အေပၚမွာေတာ့ အနည္းအက်ဥ္းတိုက္ပြဲေတြရွိေနၾကတယ္၊ အဲ့ဒါေၾကာင့္ ခြန္အိုင္ေက်းရြာအုပ္စုမွာ တစ္ခါတစ္ေလရွိေနရတယ္၊ ကုန္းၾကမ္းၿမိဳ႕နယ္ထဲမွာ ပါတာေပါ့"

ဒီေန႔ နမ့္ဆန္ၿမိဳ႕နယ္ထဲက ေတာင္သံုးဆယ္ရြာနဲ႔ ကြယ္ဟယ္ေက်းရြာၾကားမွာလည္း TNLAနဲ႔ အစိုးရ တပ္မေတာ္ တပ္မ ၇၇ တို႔ တိုက္ပြဲႏွစ္ႀကိမ္ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးလုပ္ငန္းေကာ္မတီ UPWC အဖြဲ႔ေတြ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၂ နဲ႔ ၂၃ ရက္က ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ့မွာ RCSS /SSA နဲ႔ ေတြ႕ဆံုစဥ္ အစိုးရတပ္မေတာ္အေနနဲ႔ ရွမ္း ျပည္ေျမာက္ပိုင္းမွာ လံုျခံဳေရးယူဖို႔ရွိတာေၾကာင့္ RCSS တပ္ေတြ ရွမ္းျပည္နယ္ေျမာက္ပိုင္းက ဆုတ္ခြာ ဖို႔ UPWC အဖြဲ႔ဝင္ အၿငိမ္းစား ဒု-ဗိုလ္ခ်ဳပ္ႀကီးခင္ေဇာ္ဦးက တိုက္တြန္းေဆြးေႏြးခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese
.........
 TNLA တပ်မဟာ၂ ဒေသအတွင်းက တပ်သားတချို့ကို တွေ့ရစဉ်။ Photo: Kan Thar/ RFA
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မူဆယ်၊ ကွတ်ခိုင်နဲ့ ကွမ်လုံမြို့နယ် တွေဖက်မှာ အစိုးရတပ်က ဒီရက်ပိုင်းအတွင်း အင်အား တိုးချဲ့ချထားကြောင်း TNLA က ပြောပါတယ်။

အခုလို အစိုးရတပ်မတော်ဖက်က အင်အားတိုးချဲ့လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန် လာနိုင်တယ်လို့ တအာန်းလွတ်မြောက်ရေးတပ်မတော် TNLA က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှှူးတာအိုက်ကျော် က ပြောပါတယ်။

"အခုထိတော့ RCSS တပ်ကနဂိုနေတဲ့တိုင်းပဲရှိနေသေးတယ်၊ ပြန်လည်ဆုတ်သွားတာ တော့မရှိသေးဘူး၊ အစိုးရတပ်နဲ့ ပြီးခဲ့တဲ့ ၂ ရက်၊ ၃ ရက်တွင်း ကားအစီး ၂ဝဝ ၊ ၃ဝဝ ကျော် ဒီဖက်ကို ဆက်တက်လာတယ်၊ အင်အားကတော့ ခန့်မှန်း နှစ်ထောင်နဲ့ သုံးထောင်ကြားမှာရှိမယ်၊ တချို့ကတော့ ကွမ်လုံဖက်တက်သွားတယ်၊ တချို့ကတော့ ကျနော့်နယ်မြေမှာ ပြန်ပြီးဖြန့်ပြီးနေရာယူထားတာရှိတယ်"

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစပြီး အစိုးရတပ်က စစ်ကားအစီး ၂၀၀ ၀န်းကျင် ရှမ်းပြည်မြောက်ပိုင်းကို ရောက်ရှိလာခဲ့ပါတယ်။

TNLA နဲ့ RCSS/SSA တို့ စစ်ရေးတင်းမာမှုတွေ ဖြစ်နေတဲ့ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ မူဆယ်နဲ့ ကွတ်ခိုင်မြို့တွေမှာ စစ်ကားအစီး ၁၀၀ လောက် ၊ ကိုးကန့်တပ်မတော် MNDAA တပ်တွေရှိရာ ကွမ်လုံမြို့နယ်မှာ စစ်ကား အစီး ၁၀၀ လောက် ရောက်ရှိ နေတယ်လို့ TNLA က ဗိုလ်မှူးတာအိုက်ကျော် က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကုန်းကြမ်းမြို့နယ်ထဲမှာ MNDAA ရဲ့ ခြေကုပ်စခန်းတွေ ရှိနေသေးတာကြောင့် အစိုးရ ဘက်က အင်အားတိုးချဲ့ချထားတာဖြစ်နိုင်တယ်လို့ ကိုးကန့်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင် က ပြောပါတယ်။

"အပေါ်မှာတော့ အနည်းအကျဉ်းတိုက်ပွဲတွေရှိနေကြတယ်၊ အဲ့ဒါကြောင့် ခွန်အိုင်ကျေးရွာအုပ်စုမှာ တစ်ခါတစ်လေရှိနေရတယ်၊ ကုန်းကြမ်းမြို့နယ်ထဲမှာ ပါတာပေါ့"

ဒီနေ့ နမ့်ဆန်မြို့နယ်ထဲက တောင်သုံးဆယ်ရွာနဲ့ ကွယ်ဟယ်ကျေးရွာကြားမှာလည်း TNLAနဲ့ အစိုးရ တပ်မတော် တပ်မ ရ၇ တို့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC အဖွဲ့တွေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ နဲ့ ၂၃ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ RCSS /SSA နဲ့ တွေ့ဆုံစဉ် အစိုးရတပ်မတော်အနေနဲ့ ရှမ်း ပြည်မြောက်ပိုင်းမှာ လုံခြုံရေးယူဖို့ရှိတာကြောင့် RCSS တပ်တွေ ရှမ်းပြည်နယ်မြောက်ပိုင်းက ဆုတ်ခွာ ဖို့ UPWC အဖွဲ့ဝင် အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီးခင်ဇော်ဦးက တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)