ေတာ္၀င္စင္တာတြင္ အသက္ ၂၀ အရြယ္ အမ်ိဳးသမီးတစ္ဦးကို ဓားျဖင့္ထိုး၍ ထြက္ေျပးသြားသူကို ေျမာက္ဥကၠလာရွိ ၄င္း၏ေနအိမ္တြင္ ဖမ္းမိ

ရန္ကုန္ၿမိဳ႕ ေတာ္၀င္စင္တာတြင္ ေဖေဖာ္၀ါရီ ၁၉ ရက္ ညပိုင္းက အသက္ ၂၀ အရြယ္ အမ်ိဳးသမီးတစ္ဦးအား ဓားျဖင့္ထုိး၍ ထြက္ေျပးသြားသူကို ယေန႔ (ေဖေဖာ္၀ါရီ ၂၂ ရက္) နံနက္ပိုင္းက ဖမ္းဆီးရမိခဲ့ေၾကာင္း ဒဂံုၿမိဳ႕မရဲစခန္းမွ စံုစမ္းသိရသည္။
ျဖစ္စဥ္အရ ေဖေဖာ္၀ါရီ ၁၉ ရက္ ညေန ၄ နာရီခြဲခန္႔က ေတာ္၀င္စင္တာ ပထမအလႊာရွိ UKM မ်က္မွန္အေရာင္းဆိုင္ ၀န္ထမ္းျဖစ္သူ မခင္ျပည့္ျပည့္ၿဖိဳးအား ဓားျဖင့္ထိုးကာ ထြက္ေျပးခဲ့သူကို ေဖေဖာ္၀ါရီ ၂၂ ရက္ နံနက္ လင္းအားႀကီးခ်ိန္တြင္ ေျမာက္ဥကၠလာၿမိဳ႕နယ္ရွိ ၄င္းေနထိုင္ရာ အိမ္သို႔ ျပန္လာစဥ္ ရဲတပ္ဖြဲ႕၀င္မ်ားမွ ၀င္ေရာက္ ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ၿပီး ၄င္းအား သြားေရာက္ေခၚေဆာင္ေနေၾကာင္း ဒဂံုၿမိဳ႕မရဲစခန္းမွ စံုစမ္းသိရသည္။
ဒဂံုၿမိဳ႕မရဲစခန္းမွ စခန္းမွဴးျဖစ္သူက “ သူ႕ကို ဒီေန႔မနက္ လင္းအားႀကိီးခ်ိန္မွာ ေျမာက္ဥကၠလာပၿမိဳ႕နယ္မွာရွိတဲ့ သူ႔အိမ္မွာ ဖမ္းမိတာပါ။ အခုထိ ဒဂံုရဲစခန္းကို မေရာက္ေသးဘူး။ သြားေခၚေနတယ္။ သူ႕အိမ္ကို ေခတၲျပန္လာတုန္း နယ္ေျမခံရဲတပ္ဖြဲ႕၀င္ေတြနဲ႔ ပူးေပါင္းၿပီး ဖမ္းမိခဲ့တာပါ။ အခုသြားေခၚေနတယ္” ဟု ေျပာၾကားသည္။
အဆိုပါအမႈကို ဒဂံုၿမိဳ႕မရဲစခန္းမွ (ပ) ၃၇/၁၆၊ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ-၃၂၆ ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။
■ ဥာဏ္၀င္းရွိန္
ပံုစာ - ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ ယင္းအမႈျဖစ္စဥ္ႏွင့္ ပတ္သတ္၍ သံသယရွိသူအား ထုတ္ျပန္ထားသည္ကို ေတြ႔ရစဥ္
(Photo: Yangon Police)
Eleven Media Group
............
တော်ဝင်စင်တာတွင် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုး၍ ထွက်ပြေးသွားသူကို မြောက်ဥက္ကလာရှိ ၄င်း၏နေအိမ်တွင် ဖမ်းမိ

ရန်ကုန်မြို့ တော်ဝင်စင်တာတွင် ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းက အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုး၍ ထွက်ပြေးသွားသူကို ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ဒဂုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။
ဖြစ်စဉ်အရ ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီခွဲခန့်က တော်ဝင်စင်တာ ပထမအလွှာရှိ UKM မျက်မှန်အရောင်းဆိုင် ၀န်ထမ်းဖြစ်သူ မခင်ပြည့်ပြည့်ဖြိုးအား ဓားဖြင့်ထိုးကာ ထွက်ပြေးခဲ့သူကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် လင်းအားကြီးချိန်တွင် မြောက်ဥက္ကလာမြို့နယ်ရှိ ၄င်းနေထိုင်ရာ အိမ်သို့ ပြန်လာစဉ် ရဲတပ်ဖွဲ့ဝင်များမှ ၀င်ရောက် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ၄င်းအား သွားရောက်ခေါ်ဆောင်နေကြောင်း ဒဂုံမြို့မရဲစခန်းမှ စုံစမ်းသိရသည်။
ဒဂုံမြို့မရဲစခန်းမှ စခန်းမှူးဖြစ်သူက “ သူ့ကို ဒီနေ့မနက် လင်းအားကြိီးချိန်မှာ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ သူ့အိမ်မှာ ဖမ်းမိတာပါ။ အခုထိ ဒဂုံရဲစခန်းကို မရောက်သေးဘူး။ သွားခေါ်နေတယ်။ သူ့အိမ်ကို ခေတ္တပြန်လာတုန်း နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ဖမ်းမိခဲ့တာပါ။ အခုသွားခေါ်နေတယ်” ဟု ပြောကြားသည်။
အဆိုပါအမှုကို ဒဂုံမြို့မရဲစခန်းမှ (ပ) ၃၇/၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
■ ဉာဏ်ဝင်းရှိန်
ပုံစာ - ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယင်းအမှုဖြစ်စဉ်နှင့် ပတ်သတ်၍ သံသယရှိသူအား ထုတ်ပြန်ထားသည်ကို တွေ့ရစဉ်
(Photo: Yangon Police)
Eleven Media Group
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)