ေအာ္ရီဒူး ရင္းႏွီးမွု တိုးခ်ဲ႕ဖို႔ရွိေန

 ေအာ္ရီဒူး ရင္းႏွီးမွု တိုးခ်ဲ႕
ကာတာ အေျခစိုက္ ေအာ္ရီဒူး ကုမၸဏီ ဟာ ျမန္မာနိုင္ငံ မွာ ရင္းႏွီးျမႇုပ္ႏွံမွု ေတြ ကို ဒီႏွစ္ထဲမွာ ထပ္မံ တိုးခ်ဲ႕ ဖို႔ ရွိပါတယ္။ ဒါ့အျပင္ ဖိုးဂ်ီ လို႔ ေခၚတဲ့ ျမန္ႏွုန္းျမင့္ မိုဘိုင္း အင္တာနက္ ဝန္ေဆာင္မွု ကိုလည္း ဒီႏွစ္ထဲမွာပဲ စတင္နိုင္ဖို႔ ျပင္ဆင္ေနပါၿပီ။ ဒီဝန္ေဆာင္မွု ေတြ အရ အင္တာနက္ေတြ၊ ဗီဒီယို ဖုန္းေတြ အဆင့္ျမင့္ ေကာင္းမြန္လာေရး လို႔ ဆိုပါတယ္။

ျမန္မာနိုင္ငံ မွာ မိုဘိုင္းဖုန္း ဝန္ေဆာင္မွု ေပးတဲ့ ကုမၸဏီ သုံးခု အနက္ ေအာ္ရီဒူး က ဖိုးဂ်ီ ဝန္ေဆာင္မွု စတင္နိုင္ဖို႔ အတြက္ အေမရိကန္ ေဒၚလာ သန္းေပါင္း သုံးရာ ျမႇုပ္ႏွံဖို႔ ျပင္ဆင္ ေနေၾကာင္း ေအာ္ရီဒူး ျမန္မာ ကုမၸဏီ သတင္းနဲ႔ ျပန္ၾကားေရး တာဝန္ခံ မသီရိၾကာညိဳ က ဘီဘီစီ ကို ေျပာပါတယ္။

ျမန္မာနိုင္ငံ ရဲ့ ဆက္သြယ္ေရးက႑ မွာ ရင္းႏွီးျမႇုပ္ႏွံမွု ေတြ လုပ္ေနၾကတဲ့ အနက္ အမ္ပီတီဟာ အသုံးျပဳသူ ၁၈ သန္းခန္႔ရွိၿပီး ေနာ္ေဝ အေျခစိုက္ တယ္လီေနာက ၁၂ လသန္းခန္႔ ရွိပါတယ္။ ေအာ္ရီဒူး ကို အသုံးျပဳသူ က ၆ သန္း ခန္႔ ရွိပါတယ္။

ဖိုဂ်ီ သုံးဖို႔ အတြက္ ဖုန္းဟန္းဆက္ ေတြ လဲဖို႔ လိုသလို ဆင္းကတ္ ေတြ ကလည္း ဖိုးဂ်ီ သုံးနိုင္တဲ့ ဆင္းကတ္ ျဖစ္ဖို႔ လိုပါတယ္။ အခုလို ဖိုးဂ်ီ အင္တာနက္ ဝန္ေဆာင္မွု ကို စတင္နိုင္ဖို႔ အတြက္ ေအာ္ရီဒူး ဟာ ရင္းႏွီးျမႇုပ္ႏွံမွု ကို တိုးခ်ဲ႕ျခင္း အားျဖင့္ ျမန္မာနိုင္ငံ က မိုဘိုင္းကေန အင္တာနက္ သုံးသူေတြထဲ က ဝန္ေဆာင္ခ ေစ်းပိုႀကီးတဲ့ ျမန္ႏွုံးျမင့္ မိုဘိုင္းဖုန္း အင္တာနက္ ဖိုးဂ်ီ သုံးနိုင္သူေတြ ကို ပစ္မွတ္ထား ျပင္ဆင္ တာလည္း ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese
...........
  အော်ရီဒူး ရင်းနှီးမှု တိုးချဲ့
ကာတာ အခြေစိုက် အော်ရီဒူး ကုမ္ပဏီ ဟာ မြန်မာနိုင်ငံ မှာ ရင်းနှီးမြှုပ်နှံမှု တွေ ကို ဒီနှစ်ထဲမှာ ထပ်မံ တိုးချဲ့ ဖို့ ရှိပါတယ်။ ဒါ့အပြင် ဖိုးဂျီ လို့ ခေါ်တဲ့ မြန်နှုန်းမြင့် မိုဘိုင်း အင်တာနက် ဝန်ဆောင်မှု ကိုလည်း ဒီနှစ်ထဲမှာပဲ စတင်နိုင်ဖို့ ပြင်ဆင်နေပါပြီ။ ဒီဝန်ဆောင်မှု တွေ အရ အင်တာနက်တွေ၊ ဗီဒီယို ဖုန်းတွေ အဆင့်မြင့် ကောင်းမွန်လာရေး လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ မှာ မိုဘိုင်းဖုန်း ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီ သုံးခု အနက် အော်ရီဒူး က ဖိုးဂျီ ဝန်ဆောင်မှု စတင်နိုင်ဖို့ အတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း သုံးရာ မြှုပ်နှံဖို့ ပြင်ဆင် နေကြောင်း အော်ရီဒူး မြန်မာ ကုမ္ပဏီ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ မသီရိကြာညို က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာနိုင်ငံ ရဲ့ ဆက်သွယ်ရေးကဏ္ဍ မှာ ရင်းနှီးမြှုပ်နှံမှု တွေ လုပ်နေကြတဲ့ အနက် အမ်ပီတီဟာ အသုံးပြုသူ ၁၈ သန်းခန့်ရှိပြီး နော်ဝေ အခြေစိုက် တယ်လီနောက ၁၂ လသန်းခန့် ရှိပါတယ်။ အော်ရီဒူး ကို အသုံးပြုသူ က ၆ သန်း ခန့် ရှိပါတယ်။

ဖိုဂျီ သုံးဖို့ အတွက် ဖုန်းဟန်းဆက် တွေ လဲဖို့ လိုသလို ဆင်းကတ် တွေ ကလည်း ဖိုးဂျီ သုံးနိုင်တဲ့ ဆင်းကတ် ဖြစ်ဖို့ လိုပါတယ်။ အခုလို ဖိုးဂျီ အင်တာနက် ဝန်ဆောင်မှု ကို စတင်နိုင်ဖို့ အတွက် အော်ရီဒူး ဟာ ရင်းနှီးမြှုပ်နှံမှု ကို တိုးချဲ့ခြင်း အားဖြင့် မြန်မာနိုင်ငံ က မိုဘိုင်းကနေ အင်တာနက် သုံးသူတွေထဲ က ဝန်ဆောင်ခ စျေးပိုကြီးတဲ့ မြန်နှုံးမြင့် မိုဘိုင်းဖုန်း အင်တာနက် ဖိုးဂျီ သုံးနိုင်သူတွေ ကို ပစ်မှတ်ထား ပြင်ဆင် တာလည်း ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)