နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း လုံခြုံရေး တိုးမြှင့်ထား






ရဲတပ်ဖွဲ့မှ အရာရှိ(၂) ဦး အခြားအဆင့် ကျား (၉)၊ မ (၄)ဦးနှင့် သတင်းတပ်ဖွဲ့မှ အရာရှိ(၂) ဦး အခြားအဆင့်(၁)ဦး တို့က လုံခြုံရေးအတွက် တာဝန်ယူလျက်ရှိကြောင်း သိရသည်။

ထွန်း(နေပြည်တော်)

......


နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်း လွှတ်တော် အစည်းအဝေးများ ကျင်းပနေခြင်း၊ အစိုးရရုံးများနှင့် ၀န်ထမ်းအိမ်ရာများ တည်ရှိခြင်း၊ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၂)အတွင်း လွှတ်တော်ကိုယ်စားလှယ် (၄၀၀)ကျော် တည်းခိုနေထိုင် နေခြင်းတို့ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေးအတွက် ၂၄ နာရီ တာဝန် ထမ်းဆောင် လျက်ရှိကြောင်း သိရှိရသည်။

လွှတ်တော်ဝန်းကျင်နှင့် ၀န်ထမ်းအိမ်ရာများ အစိုးရရုံးများအတွင်း လှည့်ကင်း ၀ပ်ကင်းများ ဆောင်ရွက်နေသည် ကိုလည်း တွေ့ရှိရသည်။

နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)တွင် အဆောင်တခုလျှင် အခန်းရှစ်ခန်းပါ တည်းခိုဆောင် (၇၇)ဆောင်ရှိပြီး (၆၆)ဆောင်တွင် လွှတ်တော် ကိုယ်စားလှယ်(၄၄၀)ဦးတို့ တည်းခိုနေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံ

ရဲတပ်ဖွဲ့မှ အရာရှိ(၂) ဦး အခြားအဆင့် ကျား (၉)၊ မ (၄)ဦးနှင့် သတင်းတပ်ဖွဲ့မှ အရာရှိ(၂) ဦး အခြားအဆင့်(၁)ဦး တို့က လုံခြံုရေးအတွက် တာဝန်ယူလျက်ရှိကြောင်း သိရသည်။

ထွန်း(နေပြည်တော်)

Photo-Credit to the original uploader
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)