Latest News

Tuesday, February 16, 2016

၀န္ႀကီးဦးရဲထြဋ္နဲ႔ ဗြီအိုေအ သီးသန္႔ေတြ႔ဆံုေမးျမန္းခန္း

အသံ
၀န္ႀကီးဦးရဲထြဋ္နဲ႔ ဗြီအိုေအ သီးသန္႔ေတြ႔ဆံုေမးျမန္းခန္း
နားဆင္ရန္
Playlist
ေက်ာ္ေက်ာ္သိန္း
17.02.2016 03:51

အေမရိကန္က ျမန္မာႏုုိင္ငံအေပၚ ခ်မွတ္ထားတဲ့ ဒဏ္ခတ္အေရးယူမႈေတြထဲက ႐ုုပ္သိမ္းဖိုု႔ က်န္ေနေသးတာေတြကိုု ျမန္မာႏုုိင္ငံမွာ ေနာက္အစိုုးရသစ္ တက္လာၿပီး ေနာက္ပိုုင္းမွပဲ လုုပ္လိမ့္မယ္လုုိ႔ ယံုုၾကည္တဲ့အေၾကာင္း ျမန္မာသမၼတရဲ႕ ေျပာခြင့္ရ၊ ျပန္ၾကားေရး၀န္ႀကီး ဦးရဲထြဋ္က ဗီြအိုုေအကိုု ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုုၾကည္ သမၼတျဖစ္ဖိုု႔ရာ အေျခခံဥပေဒကိုု ဆိုုင္းငံ့ ျပင္ဆင္ ျဖည့္စြက္တာေတြ လုုပ္ဖိုု႔မလိုုဘဲ မိသားစု၀င္ေတြကုိ ျမန္မာႏုိင္ငံသားခံယူေစျခင္းအားျဖင့္ အဆင္ေျပသြားႏုိင္တယ္လုိ႔လည္း ၀န္ႀကီးဦးရဲထြဋ္က ေထာက္ျပသြားပါတယ္။

အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေ၀းတက္ေရာက္ေနတဲ့ ဒုုတိယသမၼတ ဦးဥာဏ္ထြန္း ဦးေဆာင္တဲ့  ျမန္မာကိုုယ္စား လွယ္အဖြဲ႔ထဲမွာ အဖြဲ႔၀င္တဦးအျဖစ္ပါလာတဲ့ ဦးရဲထြဋ္ကိုု သူတည္းခိုုတဲ့ဟိုတယ္မွာ ၀ိုုင္းေတာ္သား ကိုုေက်ာ္ေက်ာ္သိန္းက အဂၤါေန႔မနက္ပိုုင္း သီးသန္႔ ေတြ႔ဆံုု ေမးျမန္းထားတာပါ။ အေမရိကန္ရဲ႕ ဒဏ္ခတ္အေရးယူမႈေတြ ႐ုုပ္သိမ္းေရး အလားအလာအေၾကာင္း ေမးခြန္းကိုု ၀န္ႀကီးဦးရဲထြဋ္က အခုုလိုု စေျဖပါတယ္။

၀န္ႀကီး ဦးရဲထြဋ္။        ။ “သူကေတာ့ က်ေနာ္တုိ႔ႏုိင္ငံမွာရွိေနတဲ့ ႏုိင္ငံေရးျဖစ္ေပၚ တုိးတက္မႈေတြနဲ႔ ဒီ Section နဲ႔ သူက ခ်ိတ္ထားတာကုိ။ ဆုိေတာ့ က်ေနာ္ထင္ပါတယ္ေလ၊ ေနာက္အစုိးရသစ္ တက္လာၿပီးတဲ့အခါမွာေတာ့ သူတုိ႔ ဒီအေျပာင္းအလဲေတြကုိ မ်က္ျမင္ေတြ႔ရွိၿပီးတဲ့အခါမွာေတာ့ ထပ္ၿပီးေတာ့မွ ရုပ္သိမ္းတဲ့ကိစၥေတြကုိ လုပ္လိမ့္မယ္လုိ႔ က်ေနာ္ေတာ့ ယုံၾကည္ပါတယ္။”

ေမး။    ။ ႏုိင္ငံေရးျဖစ္ေပၚ တုိးတက္မႈဆုိလုိ႔ တနလၤာေန႔ အစည္းေ၀းမွာလည္းပဲ အေမရိကန္သမၼတ Barack Obama က ျမန္မာႏုိင္ငံကုိ ခ်ီးက်ဴးသြားပါတယ္။ တခါ ဒီအေျပာင္းအလဲ ေခ်ာေခ်ာေမြ႔ေမြ႔ျဖစ္မယ္လုိ႔ ေမွ်ာ္လင့္တယ္ဆုိတဲ့ဟာေတြလည္းပဲ ေျပာထားတာေတြက ရွိပါတယ္။ ဆုိေတာ့ အေျပာင္းအလဲေတြက ေခ်ာေခ်ာေမြ႔ေမြ႔ျဖစ္ဖုိ႔ အလားအလာေကာင္းပါရဲ႕လား ၀န္ႀကီး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အခုအေျခအေနက က်ေနာ္တုိ႔ ရွမ္းျပည္ဖက္မွာလည္း တုိက္ပြဲေတြ ျဖစ္ေနတာေတြလည္း ရွိပါတယ္။ တုိက္ပြဲျဖစ္တာမွ အပစ္ရပ္အဖြဲ႔နဲ႔ အပစ္ရပ္မထားတဲ့အဖြဲ႔နဲ႔ ျဖစ္တယ္ဆုိတယ္ ဆုိတဲ့အခါက်ေတာ့၊ တပ္မေတာ္ဘက္ကလည္း ေျပာထားတာေတြ ရွိပါတယ္။ ဆုိေတာ့ ေခ်ာေခ်ာေမြ႔ေမြ႔ျဖစ္ဖုိ႔အလားအလာ ေတာ္ေတာ္ေကာင္းပါၿပီလား။

၀န္ႀကီး ဦးရဲထြဋ္။        ။“ေခ်ာေမြ႔ဖုိ႔အလားအလာ အမ်ားႀကီးေကာင္းပါတယ္။ ႏွစ္ဘက္စလုံးကလည္း အျပည့္အ၀ ပူးေပါင္း ေဆာင္ရြက္ေနတာေပါ့။ သုိ႔ေသာ္ သမၼတႀကီးအေနနဲ႔ကေတာ့၊ ဟုတ္လား ေသခ်ာသထက္ ပုိၿပီးေတာ့ ေသခ်ာေအာင္လုိ႔၊ တကယ္လုိ႔မ်ား အေရးေပၚအေျခအေန တခုနဲ႔ ဆုံလုိ႔ရွိရင္ သူကုိယ္တုိင္ ကုိင္တြယ္ေျဖရွင္းႏုိင္ဖုိ႔အတြက္ ဒါ ျမန္မာႏုိင္ငံမွာေနဖုိ႔ ဆုံးျဖတ္ခဲ့တယ္။ ဒါကုိကလည္း က်ေနာ္တုိ႔အေနနဲ႔ ဒီ အသြင္ကူးေျပာင္းေရးကုိ ေခ်ာေခ်ာေမြ႔ေမြ႔ျဖစ္ဖုိ႔အတြက္ ဘယ္ေလာက္ အေလးထားတယ္ဆုိတာ ေပၚလြင္တာေပါ့။”

ေမး။    ။ ဆုိေတာ့ အသြင္ကူးေျပာင္းေရးကုိ၊ အခုက ရက္ကေတာ့ သိပ္မလုိေတာ့ဘူးေပါ့ေလ၊ ေခ်ာေခ်ာေမြ႔ေမြ႔ျဖစ္ဖုိ႔မွာ ဘယ္ကိစၥေတြက အခယာ၊ ဘယ္ကိစၥေတြက အဓိကအေရးတႀကီး ရွိေနပါသလဲ။

၀န္ႀကီး ဦးရဲထြဋ္။        ။ “အဓိက တာ၀န္လႊဲေျပာင္းတဲ့ကိစၥေတြကေတာ့ ဘာမွ ျပႆနာ မရွိဘူးေပါ့ေလ။ သူတုိ႔တာ၀န္ယူၿပီးရင္၊ သူတုိ႔ဟာသူတုိ႔ ဆက္လုပ္မယ့္အပုိင္းကေတာ့ သူတုိ႔နဲ႔ သူတုုိ႔ အပုိင္းေပါ့။ က်ေနာ္တုိ႔ကေတာ့ လႊဲတဲ့အထိပဲ ဆုိင္တာေပါ့။ ဆုိေတာ့ အဓိကကေတာ့ က်ေနာ္တုိ႔က ဒီ တာ၀န္လႊဲေျပာင္းေရးကုိ ေခ်ာေခ်ာေမြ႔ေမြ႔ျဖစ္ဖုိ႔ဆုိတာ နံပတ္တစ္ကေတာ့ ႏုိင္ငံေရးတည္ၿငိမ္မႈ ရွိဖုိ႔ လုိတာေပါ့။ ႏွစ္ကေတာ့ က်ေနာ္တုိ႔ ဒီႏုိင္ငံမွာ တည္ၿငိမ္ေအးခ်မ္းမႈကုိ ဆက္ၿပီး ထိန္းသိမ္းႏုိင္ဖုိ႔ လုိတာေပါ့။ ခုနက ေျပာသလုိ၊ ခင္ဗ်ားေျပာတဲ့ တုိက္ပြဲေတြျဖစ္တာက အစ၊ ေနာက္တခါ လူမ်ဳိးေရး၊ ဘာသာေရး ျပႆနာေတြျဖစ္တာအလယ္ေပါ့၊ ေနာက္တခါက်ရင္ေတာ့ ခုနကေျပာသလုိ ထိန္းမႏုိင္၊ သိမ္းမရ ျဖစ္တာေတြ အဆုံးေပါ့ေလ၊ ဒီလုိဟာမ်ဳိးေတြ မျဖစ္ေအာင္ က်ေနာ္တုိ႔ ဆက္ၿပီးေတာ့ ကာကြယ္ဖုိ႔ လုိတာေပါ့။”

ေမး။    ။ ဒါေတြကုိ ကာကြယ္ႏုိင္မယ္ဆုိရင္ေတာ့ ေခ်ာေခ်ာေမြ႔ေမြ႔ လႊဲေျပာင္းတဲ့ကိစၥေတြ ျဖစ္ႏုိင္မယ္ေပါ့။ ဒီ ထိပ္သီးစည္းေ၀းမတုိင္ခင္မွာ သမၼတဦးသိန္းစိန္ ဒီကုိ မတက္ဖုိ႔ဆုံးျဖတ္တာနဲ႔ပတ္သက္ၿပီးေတာ့ ၀န္ႀကီးေျပာထားတာလဲ ရွိပါတယ္။ ဆုိေတာ့ အေျခအေနေတြက တခ်ဳိ႕ သတင္းေတြရွိတယ္၊ တခ်ဳိ႕ ၾကားတာေတြရွိတယ္၊ မတည္ၿငိမ္ႏုိင္တယ္ဆုိတဲ့ဟာေတြ ဆုိေတာ့ အဲဒါကုိမ်ား ၀န္ႀကီး နဲနဲေလးထပ္ၿပီးေတာ့ ရွင္းေအာင္ ေျပာျပေပးလုိ႔ရမလား။ ဘယ္ေလာက္အထိ က်ေနာ္တုိ႔က စုိးရိမ္စရာ အေျခအေနမ်ဳိးမွာ ရွိေနပါသလဲ။

၀န္ႀကီး ဦးရဲထြဋ္။        ။ “က်ေနာ္တုိ႔ကေတာ့ ဒါႀကီးကဟုိ အရမ္းႀကီး စုိးရိမ္စရာေတာ့ မဟုတ္ပါဘူး။ သုိ႔ေသာ္ ႏုိင္ငံ့ေခါင္းေဆာင္တေယာက္ ဆုိတာကေတာ့ ျဖစ္ႏုိင္စရာရွိတဲ့ အလားအလာေတြအားလုံးကို တြက္ခ်က္ၿပီးေတာ့ ျပင္ဆင္ရတယ္၊ ၿပီးရင္ လုပ္စရာရွိတဲ့ အလုပ္ေတြထဲကေနၿပီးေတာ့ အက်ဳိး၊ အျပစ္ကုိ ေရြးတာေပါ့။ အဲဒီလုိ ေရြးတဲ့အခါမွာေတာ့ သမၼတႀကီးအေနနဲဲ႔က က်ေနာ္တုိ႔ရဲ႕ ဒီ အသြင္ကူးေျပာင္းေရး ကာလရဲ႕ ဒုတိယအဆင့္သြားေတာ့မယ့္ ဒီ တာ၀န္လႊဲေျပာင္းမႈဟာ၊ သမုိင္း၀င္ျဖစ္စဥ္ ျဖစ္တယ္။ အဲဒီေတာ့ ဒီျဖစ္စဥ္ မတုိင္ခင္မွာ က်ေနာ္တုိ႔ ဒီ ျပင္ဆင္ႏုိင္တာရွိတာေတြအားလုံးကုိ ျပင္ဆင္ထားဖုိ႔ လုိတယ္။ တကယ္လုိ႔ ဆယ္ေရး တေရး၊ ကုိးေရး တစ္ရာဆုိသလုိ ဟုတ္လား၊ အေရးေပၚ အေျခအေနေပါ့ဗ်ာ၊ အေရးေပၚ အေျခအေနဆုိတာက ခုနက က်ေနာ္ေျပာသလုိပဲ သဘာ၀ ေဘးဒဏ္လုိမ်ဳိးကအစ၊ ခုနက လူမ်ဳိးေရး၊ ဘာသာေရး အျငင္းပြားမႈေတြ၊ တုိက္ပြဲေတြျဖစ္တာ အဆုံးေပါ့၊ ဒီလုိ ကိစၥေတြကုိမ်ား ျဖစ္ေပၚလာခဲ့လုိ႔ရွိရင္ေတာ့ အဆုံးအျဖတ္ေပးႏုိင္မယ့္လူတေယာက္က ရွိေနဖုိ႔လုိတယ္လုိ႔ သမၼတႀကီးက ယူဆတာေပါ့။ ဒါေၾကာင့္မုိ႔လုိ႔ ဒီ ဦးစားေပး အစီအစဥ္အရ ဟုိ ႏုိင္ငံမွာေနဖုိ႔ ေရြးခ်ယ္လုိက္တာေပါ့။ ဒါႀကီးက ျဖစ္ေတာ့မွာမုိ႔လုိ႔ သူေနတယ္ဆုိတဲ့ သေဘာေတာ့ မဟုတ္ဘူး။ တဖက္ကၾကည့္ရင္ေတာ့လည္း သမၼတႀကီးက ဒီအစည္းအေ၀းကုိ သူကုိယ္တုိင္လည္း တက္ခ်င္ပါတယ္။ သူ႔ရဲ႕မိတ္ေဆြေတြ၊ ေနာက္ အုိဘားမားတုိ႔ကုိလည္း သူႏႈတ္ဆက္ခ်င္တာေတြ၊ ေနာက္ ျမန္မာႏုိင္ငံကုိ ဆက္ေထာက္ခံဖုိ႔ ေျပာခ်င္တာေတြ ရွိတယ္။ သုိ႔ေသာ္ ဒီဦးစားေပး ႏွစ္ခုကုိ ေရြးတဲ့အခါမွာေတာ့ ဒီ တာ၀န္လႊဲေျပာင္းေရး ေခ်ာေခ်ာေမြ႔ေမြ႔ျဖစ္ဖုိ႔ ဆုိတဲ့ဟာကုိ ဦးစားေပးလုိက္တဲ့ သေဘာပါပဲ။”

ေမး။    ။ ဆုိေတာ့ ပထမေတာ့ တက္ဖုိ႔လုိ႔ က်ေနာ္တုိ႔ ၾကားထားၿပီးေတာ့မွ ေနာက္ပုိင္းက်ေတာ့မွ ဆုံးျဖတ္လုိက္တာေပါ့ေနာ္။

၀န္ႀကီး ဦးရဲထြဋ္။       ။ “ဟုတ္ပါတယ္ခင္ဗ်။ ပထမေတာ့ သူတက္ဖုိ႔ လုပ္ထားပါတယ္။ ဒါေပမယ့္ ခုနကေျပာသလုိပဲ က်ေနာ္တုိ႔ေတြလည္း သတင္းေတြရေနတာေတြ ရွိတယ္။ ျပင္ဆင္ေနတာေတြရွိတယ္။ ဒါေတြအားလုံးကို ခ်ိန္ၿပီးေတာ့မွ ေနာက္ဆုံးအေျခအေနေရာက္ေတာ့မွ ကပ္ၿပီးေတာ့ ဆုံးျဖတ္လုိက္တာေပါ့။”

ေမး။    ဒီရက္ပုိင္း ျပည္တြင္းကေနၿပီးေတာ့ တက္တဲ့သတင္းေတြမွာ ဒီ အလႊဲအေျပာင္းကိစၥ ေျပာဆုိ၊ ေဆြးေႏြး၊ ညွိႏႈိင္းၾကတာေတြေပါ့ေလ၊ အဓိက တပ္မေတာ္ပုိင္းနဲ႔ ေရြးေကာက္ပြဲအႏုိင္ရ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္အပုိင္းထဲမွာ အဖုအထစ္ေလးေတြ ရွိေနတယ္ဆုိၿပီးေတာ့ က်ေနာ္တုိ႔ ၾကားထားတာေတြ ရွိပါတယ္။ အဲဒါေတြက ဘယ္ေလာက္မွန္ပါသလဲ။

၀န္ႀကီး ဦးရဲထြဋ္။        “မဟုတ္ဘူးဗ်၊ သူတုိ႔ ႏွစ္ဖြဲ႔ ေဆြးေႏြးေနၾကတယ္ဆုိတာက တာ၀န္လႊဲေျပာင္းေရးနဲ႔ မဆုိင္ဘူးေလ။ အမ်ဳိးသားဒီမုိကေရစီအစုိးရက သူတာ၀န္ယူၿပီးတဲ့အခ်ိန္မွာ သူဆက္လုပ္ခ်င္တဲ့ ႏုိင္ငံေရးလုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဒါ ေဆြးေႏြးတယ္လုိ႔ပဲ က်ေနာ္တုိ႔ နားလည္တယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ တပ္မေတာက လႊတ္ေတာ္ထဲမွာ ၂၅% ပါ၀င္ေနတဲ့အတြက္ေၾကာင့္မုိ႔လုိ႔ သူ႔ကုိ ပါတီတခုအေနနဲ႔ စဥ္းစားလုိက္မယ္ဆုိရင္ ဒုတိယအင္အားအႀကီးဆုံး ပါတီတခုလုိ႔ ခင္ဗ်ား ျမင္လုိ႔ရတာေပါ့။ အဲဒီေတာ့ ဒီ ႏုိင္ငံေရးအင္အားစု ႏွစ္ခုၾကားမွာ ေရွ႕လုပ္ငန္းစဥ္ေဆြးေႏြးျခင္းသည္ က်ေနာ္တုိ႔ တာ၀န္ လႊဲေျပာင္းျခင္းနဲ႔ေတာ့ ဘာမွ မဆုိင္ပါဘူး။ တာ၀န္လႊဲေျပာင္းမႈကေတာ့ တပ္မေတာ္ကလည္း ေျပာထားၿပီးသား။ ေရြးေကာက္ပြဲရလဒ္ကုိ ေလးစားမယ္၊ ဒီတာ၀န္ လႊဲေျပာင္းတဲ့အခါမွာ သူလည္း အျပည့္အ၀ ပူးေပါင္းေဆာင္ရြက္မယ္လုိ႔ ေျပာထားၿပီးသားပဲ။”

ေမး။    ။ ေနာက္သတင္းတခုကေတာ့ တပ္မေတာ္ဘက္ကေနၿပီးေတာ့ ျပည္နယ္တုိင္း ၀န္ႀကီးခ်ဳပ္ေနရာ (၄) ေနရာ ေပးဖုိ႔ဆုိၿပီးေတာ့ ညွိတယ္၊ ႏႈိင္းတယ္၊ ေျပာတယ္ဆုိတာေတြ က်ေနာ္တုိ႔ ၾကားထားတာေတြ ရွိပါတယ္။ အဲဒါေတြကေရာ ဘယ္ေလာက္မွန္ပါသလဲ။

၀န္ႀကီး ဦးရဲထြဋ္။        ဒါေတြကေတာ့ က်ေနာ္ထင္တယ္ဗ်၊ သက္ဆုိင္ရာ ကာယကံရွင္ေတြက ေျပာတာမဟုတ္ဘူးေပါ့ေလ။ ေဘးကလူေတြက မွန္းဆၿပီးေတာ့ ေျပာတဲ့စကားေတြ ျဖစ္တဲ့အတြက္ေၾကာင့္မုိ႔လုိ႔ ဒါဟာ မွန္တယ္၊ မွားတယ္ဆုိတာ က်ေနာ္တုိ႔လည္း ဆုံးျဖတ္ဖုိ႔ေတာ့ ခက္တာေပါ့။

ေမး။     ။ ေနာက္တခုကေတာ့ လူေျပာ သူေျပာမ်ားေနတဲ့ ဖြဲ႔စည္းပုံျပင္ေရး၊ ၅၉(စ) စသည္အားျဖင့္ေပါ့ေလ၊ ၀န္ႀကီးကုိယ္တုိင္လည္း ေျပာထားတာ ရွိပါတယ္။ ၅၉(စ) ျပင္ဖုိ႔ကိစၥနဲ႔ပတ္သက္ၿပီး ၀န္ႀကီးသေဘာမတူဘူးဆုိတဲ့ပုံမ်ဳိး ၀န္ႀကီး ေျပာထားတာ ရွိပါတယ္။ အဲဒီေတာ့ ၀န္ႀကီးက သမၼတရဲ႕ ေျပာခြင့္ရပုဂၢဳိလ္လည္း ျဖစ္တဲ့အခါက်ေတာ့ ဒါက သမၼဦးသိန္းစိန္ရဲ႕ သေဘာထားလုိ႔ေရာ နားလည္လုိ႔ ရပါသလားခင္ဗ်။

၀န္ႀကီး ဦးရဲထြဋ္။        မဟုတ္ဘူး၊ က်ေနာ္တုိ႔က ၅၉(စ) ကုိ ျပင္ျခင္း၊ မျပင္ျခင္းကုိ က်ေနာ္တုိ႔က ေျပာတမဟုတ္ဘူး။ ဘယ္ဟာကုိပဲ ျပင္ျပင္၊ ဖြဲ႔စည္းပုံအေျခခံဥပေဒထဲမွာ ျပဌာန္းထားတဲ့ ျပင္ဆင္ရမယ့္ လုပ္ထုံးလုပ္နည္းအတုိင္းလုပ္ဖုိ႔ကုိ က်ေနာ္တုိ႔က ေျပာတာ။ ခင္ဗ်ားေျပာတဲ့ က်ေနာ္တုိ႔ သေဘာမတူဘူးဆုိတာက ၅၉(စ) ကုိ ဆုိင္းငံ့မယ္ဆုိတဲ့ ကိစၥကုိ က်ေနာ္တုိ႔က သေဘာမတူဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဖြဲ႔စည္းပုံအေျခခံဥပေဒ ျပင္ဆင္ျခင္းထဲမွာ ဆုိင္းငံ့တယ္ဆုိတာ မပါဘူး။ တခါ ဟုတ္လား၊ ဦးကိုနီတုိ႔ ဘာတုိ႔ကလည္း ေျပာေနတာေတြ ရွိတယ္။ ၁၉၅၉ ခုႏွစ္တုန္းက ဗုိလ္ခ်ဳပ္ႀကီးေန၀င္း ဆက္တာ၀န္ယူဖုိ႔အတြက္ လုပ္ခဲ့တယ္၊ ဆုိင္းငံ့ခဲ့တယ္ဆုိတာလည္း အဲဒါလဲ လုံး၀မွားတယ္ဗ်။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ခင္ဗ်ားတုိ႔ အဲဒီတုန္းက သမုိင္းအဆုိေတြကုိ ျပန္ၾကည့္မယ္ဆုိရင္၊ လႊတ္ေတာ္ရဲ႕ျပင္ဆင္ခ်က္မွာ တခါမွ ဆုိင္းငံ့တယ္ဆုိတာ မပါဘူး။ ျပင္ဆင္တယ္။ ဘာဘဲပါသလဲဆုိေတာ့ ဒီ ျပင္ဆင္တဲ့ဟာကုိ အခ်ိန္ကာလ သတ္မွတ္ခ်က္ ထည့္လုိက္တယ္။ ေနာက္ထပ္ ေရြးေကာက္ပြဲကေနၿပီးေတာ့မွ ေပၚေပါက္လာတဲ့ ၀န္ႀကီးခ်ဳပ္က တာ၀န္မယူခင္အထိ ဒီလုိ ျပင္မယ္လုိ႔ ေျပာတာ။ ဆုိင္းင့ံတယ္ဆုိတဲ့စကား မပါဘူး။ အဲဒီျပင္ဆင္ခ်က္ကုိ အဆုိတင္သြင္းခဲ့တုန္းက တင္ခဲ့တဲ့လူကလည္း ဦးေက်ာ္ၿငိမ္း။ ဦးေက်ာ္ၿငိမ္းရဲ႕ အဲဒီတုန္းက တင္သြင္းတဲ့ မိန္႔ခြန္းကုိ ခင္ဗ်ားတုိ႔ ဖတ္ၾကည့္မယ္ဆုိရင္ ဆုိင္းငံ့တယ္ဆုိတဲ့စကား မသုံးပါဘူးတဲ့။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဆုိင္းငံ့တယ္ဆုိတာ ၁၉၄၇ ခုႏွစ္ ဖြဲ႔စည္းပုံအေျခခံဥပေဒထဲမွာ မပါတဲ့အတြက္ေၾကာင့္မုိ႔လုိ႔ သူက ဆုိင္းငံ့တယ္လုိ႔ မသုံးဘူး။ ဒါကုိ ျပင္ဆင္ခ်က္ ဥပေဒၾကမ္းလုိ႔ပဲ သုံးပါတယ္ဆုိၿပီး သူကုိုယ္တုိင္ကကုိ ရွင္းျပထားတာ ရွိတယ္။ ဒါေၾကာင့္မုိ႔လုိ႔ ျပန္ခ်ဳပ္ေျပာရရင္ေတာ့ ျပင္ျခင္း၊ မျပင္ျခင္းကုိ က်ေနာ္တုိ႔႕ ဘာမွမေျပာဘူး။ ဒါက လႊတ္ေတာ္နဲ႔ ျပည္သူေတြရဲ႕ အဆုံးအျဖတ္ပဲ။ သုိ႔ေသာ္ ျပင္ၿပီဆုိလုိ႔ရွိရင္ေတာ့ ဖြဲ႔စည္းပုံ အေျခခံဥပေဒထဲကအတုိင္း ျပင္တာကုိပဲ က်ေနာ္တုိ႔က လုိလားတယ္။ မဟုတ္ပဲနဲ႔ ဖြဲ႔စည္းပုံအေျခခံဥပေဒထဲမွာ တားမထားလုိ႔ လုပ္လုိ႔ရတယ္ဆုိတဲ့ လုိရာဆြဲေတြးတာမ်ဳိးသည္ ႏုိင္ငံရဲ႕အနာဂတ္အတြက္ အႏၱရာယ္ႀကီးတဲ့အတြက္ေၾကာင့္မုိ႔လုိ႔ က်ေနာ္တုိ႔က ဆန္႔က်င္တယ္လုိ႔ ေျပာတာ။

ေမး။    ။ ဟုတ္ကဲ့။ ဖြဲ႔စည္းပုံ ျပင္ေရးဆုိလုိ႔ ၀န္ႀကီး၊ ဖြဲ႔စည္းပုံ ဒီ ၂၀၀၈ ခုႏွစ္ ဖြဲ႔စည္းပုံအေျခခံဥပေဒက ကမၻာေပၚမွာ အျပင္ရအခက္ဆုံး အေျခခံဥပေဒျဖစ္တယ္ ဆုိၿပီးေတာ့ ဒီ အေျခခံဥပေဒေရးရာကၽြမ္းက်င္တဲ့ ပညာရွင္ေတြက ေထာက္ျပထားတာေတြ ရွိပါတယ္။ ဆုိေတာ့ ျပင္ေရး အလားအလာကေရာ ၀န္ႀကီး၊ ဘယ္ေလာက္မ်ား အလားအလာ ေကာင္းႏုိင္ပါမလဲ။

၀န္ႀကီး ဦးရဲထြဋ္။        အခက္ဆုံးလုိ႔ေတာ့ ေျပာလုိ႔မရဘူး။ ဘာျဖစ္လုိ႔လည္းဆုိေတာ့ ခင္ဗ်ား အေမရိကန္မွာရွိတဲ့ ဖြဲ႔စည္းပုံအေျခခံဥပေဒ ျပင္တဲ့နည္းလမ္းကလည္း ခက္တာပဲေလ။ ျပည္နယ္ေတြ၊ ျပည္နယ္လႊတ္ေတာ္ေတြမွာ မဲလုိက္ခြဲၿပီးေတာ့မွ ျပည္နယ္အားလုံးရဲ႕ ၃ ပုံ ၊ ၂ ပုံက သေဘာတူမွ ျပင္လုိ႔ရတာ။ အဲဒီေတာ့ အခက္ဆုံးလုိ႔ေတာ့ ေျပာလုိ႔မရဘူးေပါ့ေနာ္။ သုိ႔ေသာ္ ဖြဲ႔စည္းပုံအေျခခံဥပေဒဟာ က်ေနာ္တုိ႔ ၄၇ ခုႏွစ္ ဖြဲ႔အစည္းပုံအေျခခံဥပေဒရဲ႕ သခၤန္းစာအေပၚမွာ မူတည္ၿပီးေတာ့မွ လႊတ္ေတာ္ထဲမွာ အမ်ားစုရတဲ့ ပါတီတခုထဲရဲ႕ သေဘာနဲ႔ ျပင္လုိ႔မရေအာင္ လုပ္ထားတာေပါ့။ အဲဒီေတာ့ ျပင္ခ်င္တယ္ဆုိရင္ေတာ့ ႏုိင္ငံေရးမွာ ပါ၀င္ပတ္သက္တဲ့သူေတြ အားလုံးၾကားမွာ သေဘာတူညီခ်က္ တခုရေအာင္ လုပ္ရမွာေပါ့ေလ။ တကယ္ေတာ့ ဒါကလည္း ႏုိင္ငံေရးရဲ႕ အႏွစ္သာရဘဲေလ။

ေမး။    ။ ၀န္ႀကီး ဟုိတေလာေလးကတင္ ေျပာပါတယ္၊ ၿပီးခဲ့တဲ့ ရက္ပုိင္းကပဲ ဒီ NLD အေနနဲ႔ေပါ့ေနာ္၊ တပ္မေတာ္အေပၚ သေဘာထား၊ တပ္မေတာ္နဲ႔ ဆက္ဆံေရးေကာင္းေအာင္လုပ္ဖုိ႔လုိတယ္ ဆုိတဲ့သေဘာမ်ဳိး က်ေနာ္ အဲဒီလုိ နားလည္ပါတယ္။ ဆုိေတာ့ တပ္မေတာ္နဲ႔ NLD အၾကား ဆက္ဆံေရးဟာ အခုလက္ရွိ ဒီကေန႔ျဖစ္ေနတဲ့ အခင္းအက်င္းေတြအရေပါ့ေလ ဆက္ဆံေရးေကာင္း၊ တုိင္းျပည္အနာဂတ္အတြက္ စိတ္ခ်ရတဲ့ အလားအလာေကာင္းလုိ႔ က်ေနာ္တုိ႔ ေျပာႏုိင္ပါၿပီလားခင္ဗ်။

၀န္ႀကီး ဦးရဲထြဋ္။        ။ ဒါေပမဲ့ အဲဒါကေတာ့ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ အေပၚမွာပဲ မူတည္တာေပါ့ဗ်ာ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္အေနနဲ႔ တပ္မေတာ္ကုိ ျပဳျပင္ေျပာင္းလဲေရးရဲ႕ လက္တြဲေဖာ္အေနနဲ႔ ျမင္လုိ႔ရွိရင္၊ လုပ္ေဖာ္ကုိင္ဖက္အေနနဲ႔ ျမင္လုိ႔ရွိရင္ ညွိရ၊ ႏႈိင္းရတာ လြယ္မွာေပါ့။ လုပ္ေဖာ္ကုိင္ဖက္အေနနဲ႔ မျမင္ဘဲနဲ႔ အတားအဆီးတခုအေနနဲ႔ ျမင္ၿပီးေတာ့မွ ဖယ္ထုတ္ဖုိ႔ႀကိဳးစားမယ္ ဆုိရင္ေတာ့ ညွိႏႈိင္းရတာ ခက္မွာေပါ့။ က်ေနာ္တုိ႔ႀကိဳက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ၊ လက္ရွိအေျခအေနမွာေတာ့ တပ္မေတာ္ကုိ ႏုိင္ငံေရးအင္အားစုတခုအေနနဲ႔ ျမင္ၿပီးေတာ့မွ ညွိႏႈိင္းေဆြးေႏြးျခင္းကပဲ အေျဖမွန္၊ ရလဒ္ေကာင္း ရမယ္လုိ႔ က်ေနာ္ျမင္တယ္။

ေမး။    ။ တပ္မေတာ္ဘက္ကေရာ၊ သိပ္သေဘာထားတင္းမာတဲ့ အလားအလာမ်ဳိးေတြမ်ား ရွိပါသလား။

၀န္ႀကီး ဦးရဲထြဋ္။        တပ္မေတာ္ကေတာ့ဗ်ာ၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ေျပာခဲ့တာေတြလည္း အမ်ားႀကီးရွိပါတယ္။ သူက က်ေနာ္တုိ႔ ဒီ သမၼတႀကီး ဦးသိန္းစိန္အစုိးရ လက္ထက္မွာေရာ၊ ေနာင္မွာေရာ သူသည္ ဖြဲ႔စည္းပုံအေျခခံဥပေဒက သူ႔ကုိေပးထားတဲ့ အခန္းက႑အတုိင္းပဲ သူေနမွာပဲ။ အဲဒီထက္လည္း ပုိလုပ္မွာမဟုတ္ဘူး။ အဲဒီထက္လည္း ေလ်ာ့ၿပီးေတာ့ လုပ္မွာမဟုတ္ဘူး။ အဲဒီေတာ့ တပ္မေတာ္ရဲ႕ ရပ္တည္ခ်က္ကေတာ့ က်ေနာ္တုိ႔ ရွင္းတယ္။ ဖြဲ႔စည္းပုံအေျခခံဥပေဒနဲ႔အညီ လုပ္ေနသ၍ ကာလပတ္လုံးမွာ တပ္မေတာ္အေနနဲ႔ ဒီကိစၥေတြမွာ သူက ပူးေပါင္းေဆာင္ရြက္ေပးေနမွာပဲ။

ေမး။    ။ က်ေနာ္ ေနာက္တခု ပြင့္ပြင့္လင္းလင္းတခု ေမးခ်င္ပါတယ္။ ေရြးေကာက္ပြဲက်င္းပတယ္၊ ေရြးေကာက္ပြဲမွာ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္က ေမွ်ာ္လင့္မထားေလာက္ေအာင္ပဲ ရာခုိင္ႏႈန္းအေတာ္မ်ားမ်ားနဲ႔ အႏုိင္ရတယ္။ ဆုိေတာ့ မဲဆႏၵရွင္ေတြရဲ႕ သေဘာထားက ထင္ရွားတယ္လုိ႔ အမ်ားစုက သုံးသပ္ၾကပါတယ္။ ဆုိေတာ့ က်ေနာ္ ၀န္ႀကီးကို၊ ၀န္ႀကီးရဲ႕ သေဘာထားေရာ၊ အစုိးရအဖြဲ႔ရဲ႕ သေဘာထားေရာ ၿခံဳၿပီးေမးခ်င္တာက မဲဆႏၵရွင္အမ်ားစုက ေဒၚေအာင္ဆန္းစုၾကည္ကုိ ႏုိင္ငံ့ေခါင္းေဆာင္ ျဖစ္ေစခ်င္ပါတယ္။ အခုလက္ရွိ အလားအလာက ေဒၚေအာင္ဆန္းစုၾကည္ ႏုိင္ငံ့ေခါင္းေဆာင္ျဖစ္ဖုိ႔ အလားအလာ၊ လူထုမဲဆႏၵရွင္ေတြ ဘယ္ေလာက္အထိ ေမွ်ာ္လင့္လုိ႔ရပါသလဲ ခင္ဗ်။

၀န္ႀကီး ဦးရဲထြဋ္။        ။ တကယ္ေတာ့ဗ်ာ၊ ဟုတ္လား၊ ေဒၚေအာင္ဆန္းစုၾကည္ ႏုိင္ငံ့အႀကီးအကဲျဖစ္ဖုိ႔ဆုိတာ ၅၉(စ) ေတြဘာေတြလည္း ျပင္ဖုိ႔မလုိပါဘူး။ တကယ္တမ္း က်ေနာ့္ရဲ႕ သုံးသပ္ခ်က္ ေထာက္ျပရမယ္ဆုိရင္၊ သူ႔ရဲ႕သား (၂) ေယာက္နဲ႔ ေခၽြးမရွိမယ္ဆုိရင္၊ ေခၽြးမ (၂) ေယာက္၊ လူ (၄) ေယာက္ပဲ ျမန္မာႏုိင္ငံသားခံယူလုိက္လုိ႔ရွိရင္ ဒီျပႆနာေတြအားလုံး ေျပလည္သြားမွာပါ။ ဘာမွ က်ေနာ္တုိ႔ ဒါႀကီးကုိ ၅၉(စ) ေတြလာေတြလည္း ျပင္ဖုိ႔ မလုိပါဘူး။ အဲဒီေတာ့ လူ (၄) ေယာက္ရဲ႕ အဆုံးအျဖတ္နဲ႔ လုပ္တာကေတာ့ ပုိၿပီးေတာ့ေကာင္းတာေပါ့ဗ်ာ။ ဒါႀကီးကုိ အဖြဲ႔စည္းပုံအေျခခံဥပေဒျပင္ေရးလုိ႔ ေျပာဖုိ႔ေတာင္ မလုိပါဘူး။ တကယ္တန္း သူ႔သားသမီးေတြအေနနဲ႔ သူတုိ႔ရဲ႕မိခင္ သမၼတျဖစ္တာ လုိခ်င္လုိ႔ရွိရင္ ၁၉၈၂ ခုႏွစ္ ဥပေဒအရ ျမန္မာႏုိင္ငံသား ေလွ်ာက္ထားလုိက္ယုံပါဘဲ။



ေမး။    ဒါေပမဲ့လည္း၀န္ႀကီး အရြယ္ေရာက္ၿပီးသား လူေတြအေနနဲ႔ ကေလးေတြလည္း မဟုတ္တဲ့အခါက်ေတာ့ ဒီလုိမ်ဳိး သူတုိ႔ရဲ႕ကုိယ္ပုိင္ ဘ၀ေပါ့ေလ၊ ကုိယ္ပုိင္ဘ၀ကုိ စြန္႔လႊတ္ၿပီးေတာ့ ေပးဆပ္ရမယ္ဆုိတာကေရာ၊ မွ်တတယ္လုိ႔ ေျပာလုိ႔ရပါ့မလား။

၀န္ႀကီး ဦးရဲထြဋ္။        ။ သူတုိ႔ရဲ႕မိခင္ ေဒၚေအာင္ဆန္းစုၾကည္က ႏွစ္ေပါင္း (၂၀) ေက်ာ္ စြန္႔လႊတ္ခဲ့ၿပီးၿပီ။ သူ႔အေမ အုပ္ခ်ဳပ္တဲ့ႏုိင္ငံမွာ သူမေနခ်င္ဘူးဆုိရင္ေတာ့၊ ႏုိင္ငံသားမခံယူဘူးဆုိရင္ ဒါက သူတုိ႔ရဲ႕ မိသားစုျပႆနာပဲ။ ဒါက ဖြဲ႔စည္းပုံအေျခခံဥပေဒ ျပႆနာ မဟုတ္ဘူး။

ေမး။    ။ ၀န္ႀကီးကုိယ္တုိင္အေနနဲ႔ေရာ ေဒၚေအာင္ဆန္းစုၾကည္အေပၚမွာ ပုဂၢဳိလ္ေရးအျမင္ ဘယ္လုိရွိပါသလဲ ခင္ဗ်။

၀န္ႀကီး ဦးရဲထြဋ္။        ။ က်ေနာ္ ပုဂၢဳိလ္ေရးအရ ေဒၚေအာင္ဆန္းစုၾကည္ဟာ ခင္မင္စရာေကာင္းတယ္။ ေလးစားစရာေကာင္းတယ္။ သူ႔ရဲ႕ စိတ္ဓါတ္ခုိင္မာမႈေပါ့ေနာ္၊ ဒါေတြလည္း က်ေနာ္တုိ႔ ေလးစားပါတယ္။ အဲ ဒါေပမယ့္ ဖြဲ႔စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးအပါအ၀င္ တခ်ဳိ႕ကိစၥေတြမွာေတာ့ အမႀကီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ က်ေနာ္ သေဘာထား မတူတာေတြ ရွိပါတယ္။ ဒါကလည္း တကယ္က်ေတာ့လည္း ဒီမုိကေရစီမွာေတာ့ ဒီလုိပဲ ျဖစ္မွာေပါ့ေလ။

ေမး။    ။ ေနာင္အစုိးရအသစ္အတြက္ ၀န္ႀကီးအေနနဲ႔ အေပးခ်င္ဆုံး အႀကံဉာဏ္ေပါ့ေလ၊ တစ္ခု၊ ႏွစ္ခု၊ သုံးခုရွိတယ္ဆုိရင္ နဲနဲေျပာျပပါလား ၀န္ႀကီး။

၀န္ႀကီး ဦးရဲထြဋ္။        ။ အခုကေတာ့ဗ်ာ၊ ဘာဘဲေျပာေျပာ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ျပည္သူလူထုရဲ႕ Mandate ကုိ သူတုိ႔ ရထားၿပီေပါ့ေလ၊ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္အေနနဲ႔။ အဲဒီေတာ့ အဲဒီ Mandate ကုိ အသုံးျပဳတဲ့အခါမွာေတာ့ ကုိယ္ျဖစ္ခ်င္တာရယ္၊ ျဖစ္ႏုိင္တာရယ္၊ ေနာက္တခါ က်ေနာ္တုိ႔ႏုိင္ငံရဲ႕ ထူးျခားတဲ့အေျခအေနေတြရယ္၊ ဒါေတြကုိ ထည့္သြင္းစဥ္းစားၿပီးေတာ့ လုပ္ဖုိ႔ အႀကံးျပဳခ်င္တာေပါ့။ တကယ္ေတာ့လည္း ေဒၚေအာင္ဆန္းစုၾကည္ အခုခ်ိန္ထိ ကုိင္တြယ္ေဆာင္ရြက္ေနတာေတြကေတာ့ အဲဒီလုိမ်ဳိး ထည့္သြင္းစဥ္းစားၿပီး လုပ္ေနတယ္လုိ႔ က်ေနာ္တုိ႔ ျမင္ပါတယ္။

ေမး။    ။ NLD ဦးေဆာင္တဲ့ အစုိးရသည္ ျမန္မာႏုိင္ငံကုိ အခု၀န္ႀကီးတုိ႔အစုိးရခ်ခဲ့တဲ့ အေျခခံအေပၚမွာ အခုိင္အမာရပ္တည္ၿပီးေတာ့ ဒီထက္ဒီ ပိုၿပီးေတာ့ တုိးတက္သြားေအာင္၊ ေရွ႕ေရာက္သြားေအာင္ ေဒသတြင္းမွာ၊ ႏုိင္ငံတကာမွာ၊ ေျပာရရင္ေတာ့ နိမ့္ပါးခဲ့တဲ့ ႏုိင္ငံအေနနဲ႔ ေနာင္ (၅) ႏွစ္ၾကာတဲ့အခါမွာ ဒီထက္ပုိၿပီးေတာ့ ေရွ႕ေရာက္သြားေအာင္ လုပ္ႏုိင္မယ္လုိ႔ ၀န္ႀကီးကုိယ္တုိင္ အခုိင္အမာ ယုံၾကည္ပါသလားခင္ဗ်။

၀န္ႀကီး ဦးရဲထြဋ္။        ။ က်ေနာ့္အျမင္အရေပါ့ဗ်ာေနာ္၊ ဘယ္အစုိးရမဆုိ တာ၀န္ယူၿပီဆုိရင္ေတာ့ ႏုိင္ငံနဲ႔ လူမ်ဳိးအတြက္ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ၾကမွာပဲေပါ့။ က်ေနာ္တုိ႔ အစုိးရကေတာ့ စံနစ္ေဟာင္းကေန စံနစ္သစ္ကုိ လုပ္ၾကတဲ့အခါမွာ က်ေနာ္တုိ႔က အေျခခံကုိပဲ က်ေနာ္တုိ႔က ျပဳျပင္ေျပာင္းလဲေပးႏုိင္တာေပါ့။ အဲဒီေတာ့ လက္ရွိကေတာ့ အေျခအေနေကာင္းလဲ ရေနၿပီ။ ေနာက္တခါ ႏုိင္ငံတကာကလည္း ကူညီမယ့္သူေတြ ရွိေနၿပီ။ ျပည္တြင္းမွာလည္း ျပည္သူလူထုရဲ႕ ေထာက္ခံအားေပးမႈေတြ ရေနၿပီဆုိေတာ့ ဒီအေျခအေနကုိသာ မွန္မွန္ကန္ကန္ ကုိင္တြယ္အသုံးခ်ႏုိင္မယ္ဆုိရင္ေတာ့ က်ေနာ္တုိ႔ႏုိင္ငံသည္ ေနာက္ (၅) ႏွစ္မွာ ပုိၿပီးေတာ့မွ တည္ၿငိမ္ ေအးခ်မ္းတဲ့၊ ပုိၿပီးေတာ့မွ ဖြံ႔ၿဖိဳးတုိးတက္တဲ့ႏုိင္ငံအျဖစ္ ေရာက္မယ္လုိ႔ က်ေနာ္ေတာ့ ယုံၾကည္ပါတယ္။
VOA Burmese
........
၀န်ကြီးဦးရဲထွဋ်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း

အသံ
၀န်ကြီးဦးရဲထွဋ်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံမေးမြန်းခန်း
နားဆင်ရန်
Playlist
ကျော်ကျော်သိန်း
17.02.2016 03:51

အမေရိကန်က မြန်မာနုုိင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေထဲက ရုုပ်သိမ်းဖိုု့ ကျန်နေသေးတာတွေကိုု မြန်မာနုုိင်ငံမှာ နောက်အစိုုးရသစ် တက်လာပြီး နောက်ပိုုင်းမှပဲ လုုပ်လိမ့်မယ်လုုိ့ ယုုံကြည်တဲ့အကြောင်း မြန်မာသမ္မတရဲ့ ပြောခွင့်ရ၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗွီအိုုအေကိုု ပြောပါတယ်။

ဒေါ်အောင်ဆန်းစုုကြည် သမ္မတဖြစ်ဖိုု့ရာ အခြေခံဥပဒေကိုု ဆိုုင်းငံ့ ပြင်ဆင် ဖြည့်စွက်တာတွေ လုုပ်ဖိုု့မလိုုဘဲ မိသားစုဝင်တွေကို မြန်မာနိုင်ငံသားခံယူစေခြင်းအားဖြင့် အဆင်ပြေသွားနိုင်တယ်လို့လည်း ၀န်ကြီးဦးရဲထွဋ်က ထောက်ပြသွားပါတယ်။

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတက်ရောက်နေတဲ့ ဒုုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်တဲ့  မြန်မာကိုုယ်စား လှယ်အဖွဲ့ထဲမှာ အဖွဲ့ဝင်တဦးအဖြစ်ပါလာတဲ့ ဦးရဲထွဋ်ကိုု သူတည်းခိုုတဲ့ဟိုတယ်မှာ ၀ိုုင်းတော်သား ကိုုကျော်ကျော်သိန်းက အင်္ဂါနေ့မနက်ပိုုင်း သီးသန့် တွေ့ဆုံု မေးမြန်းထားတာပါ။ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရုုပ်သိမ်းရေး အလားအလာအကြောင်း မေးခွန်းကိုု ၀န်ကြီးဦးရဲထွဋ်က အခုုလိုု စဖြေပါတယ်။

၀န်ကြီး ဦးရဲထွဋ်။        ။ “သူကတော့ ကျနော်တို့နိုင်ငံမှာရှိနေတဲ့ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုတွေနဲ့ ဒီ Section နဲ့ သူက ချိတ်ထားတာကို။ ဆိုတော့ ကျနော်ထင်ပါတယ်လေ၊ နောက်အစိုးရသစ် တက်လာပြီးတဲ့အခါမှာတော့ သူတို့ ဒီအပြောင်းအလဲတွေကို မျက်မြင်တွေ့ရှိပြီးတဲ့အခါမှာတော့ ထပ်ပြီးတော့မှ ရုပ်သိမ်းတဲ့ကိစ္စတွေကို လုပ်လိမ့်မယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။”

မေး။    ။ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုဆိုလို့ တနင်္လာနေ့ အစည်းဝေးမှာလည်းပဲ အမေရိကန်သမ္မတ Barack Obama က မြန်မာနိုင်ငံကို ချီးကျူးသွားပါတယ်။ တခါ ဒီအပြောင်းအလဲ ချောချောမွေ့မွေ့ဖြစ်မယ်လို့ မျှော်လင့်တယ်ဆိုတဲ့ဟာတွေလည်းပဲ ပြောထားတာတွေက ရှိပါတယ်။ ဆိုတော့ အပြောင်းအလဲတွေက ချောချောမွေ့မွေ့ဖြစ်ဖို့ အလားအလာကောင်းပါရဲ့လား ၀န်ကြီး။ ဘာဖြစ်လို့လဲဆိုတော့ အခုအခြေအနေက ကျနော်တို့ ရှမ်းပြည်ဖက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတာတွေလည်း ရှိပါတယ်။ တိုက်ပွဲဖြစ်တာမှ အပစ်ရပ်အဖွဲ့နဲ့ အပစ်ရပ်မထားတဲ့အဖွဲ့နဲ့ ဖြစ်တယ်ဆိုတယ် ဆိုတဲ့အခါကျတော့၊ တပ်မတော်ဘက်ကလည်း ပြောထားတာတွေ ရှိပါတယ်။ ဆိုတော့ ချောချောမွေ့မွေ့ဖြစ်ဖို့အလားအလာ တော်တော်ကောင်းပါပြီလား။

၀န်ကြီး ဦးရဲထွဋ်။        ။“ချောမွေ့ဖို့အလားအလာ အများကြီးကောင်းပါတယ်။ နှစ်ဘက်စလုံးကလည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေတာပေါ့။ သို့သော် သမ္မတကြီးအနေနဲ့ကတော့၊ ဟုတ်လား သေချာသထက် ပိုပြီးတော့ သေချာအောင်လို့၊ တကယ်လို့များ အရေးပေါ်အခြေအနေ တခုနဲ့ ဆုံလို့ရှိရင် သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ဒါ မြန်မာနိုင်ငံမှာနေဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကိုကလည်း ကျနော်တို့အနေနဲ့ ဒီ အသွင်ကူးပြောင်းရေးကို ချောချောမွေ့မွေ့ဖြစ်ဖို့အတွက် ဘယ်လောက် အလေးထားတယ်ဆိုတာ ပေါ်လွင်တာပေါ့။”

မေး။    ။ ဆိုတော့ အသွင်ကူးပြောင်းရေးကို၊ အခုက ရက်ကတော့ သိပ်မလိုတော့ဘူးပေါ့လေ၊ ချောချောမွေ့မွေ့ဖြစ်ဖို့မှာ ဘယ်ကိစ္စတွေက အခယာ၊ ဘယ်ကိစ္စတွေက အဓိကအရေးတကြီး ရှိနေပါသလဲ။

၀န်ကြီး ဦးရဲထွဋ်။        ။ “အဓိက တာဝန်လွှဲပြောင်းတဲ့ကိစ္စတွေကတော့ ဘာမှ ပြဿနာ မရှိဘူးပေါ့လေ။ သူတို့တာဝန်ယူပြီးရင်၊ သူတို့ဟာသူတို့ ဆက်လုပ်မယ့်အပိုင်းကတော့ သူတို့နဲ့ သူတုုိ့ အပိုင်းပေါ့။ ကျနော်တို့ကတော့ လွှဲတဲ့အထိပဲ ဆိုင်တာပေါ့။ ဆိုတော့ အဓိကကတော့ ကျနော်တို့က ဒီ တာဝန်လွှဲပြောင်းရေးကို ချောချောမွေ့မွေ့ဖြစ်ဖို့ဆိုတာ နံပတ်တစ်ကတော့ နိုင်ငံရေးတည်ငြိမ်မှု ရှိဖို့ လိုတာပေါ့။ နှစ်ကတော့ ကျနော်တို့ ဒီနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုကို ဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ လိုတာပေါ့။ ခုနက ပြောသလို၊ ခင်ဗျားပြောတဲ့ တိုက်ပွဲတွေဖြစ်တာက အစ၊ နောက်တခါ လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေဖြစ်တာအလယ်ပေါ့၊ နောက်တခါကျရင်တော့ ခုနကပြောသလို ထိန်းမနိုင်၊ သိမ်းမရ ဖြစ်တာတွေ အဆုံးပေါ့လေ၊ ဒီလိုဟာမျိုးတွေ မဖြစ်အောင် ကျနော်တို့ ဆက်ပြီးတော့ ကာကွယ်ဖို့ လိုတာပေါ့။”

မေး။    ။ ဒါတွေကို ကာကွယ်နိုင်မယ်ဆိုရင်တော့ ချောချောမွေ့မွေ့ လွှဲပြောင်းတဲ့ကိစ္စတွေ ဖြစ်နိုင်မယ်ပေါ့။ ဒီ ထိပ်သီးစည်းဝေးမတိုင်ခင်မှာ သမ္မတဦးသိန်းစိန် ဒီကို မတက်ဖို့ဆုံးဖြတ်တာနဲ့ပတ်သက်ပြီးတော့ ၀န်ကြီးပြောထားတာလဲ ရှိပါတယ်။ ဆိုတော့ အခြေအနေတွေက တချို့ သတင်းတွေရှိတယ်၊ တချို့ ကြားတာတွေရှိတယ်၊ မတည်ငြိမ်နိုင်တယ်ဆိုတဲ့ဟာတွေ ဆိုတော့ အဲဒါကိုများ ၀န်ကြီး နဲနဲလေးထပ်ပြီးတော့ ရှင်းအောင် ပြောပြပေးလို့ရမလား။ ဘယ်လောက်အထိ ကျနော်တို့က စိုးရိမ်စရာ အခြေအနေမျိုးမှာ ရှိနေပါသလဲ။

၀န်ကြီး ဦးရဲထွဋ်။        ။ “ကျနော်တို့ကတော့ ဒါကြီးကဟို အရမ်းကြီး စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ သို့သော် နိုင်ငံ့ခေါင်းဆောင်တယောက် ဆိုတာကတော့ ဖြစ်နိုင်စရာရှိတဲ့ အလားအလာတွေအားလုံးကို တွက်ချက်ပြီးတော့ ပြင်ဆင်ရတယ်၊ ပြီးရင် လုပ်စရာရှိတဲ့ အလုပ်တွေထဲကနေပြီးတော့ အကျိုး၊ အပြစ်ကို ရွေးတာပေါ့။ အဲဒီလို ရွေးတဲ့အခါမှာတော့ သမ္မတကြီးအနေနဲဲ့က ကျနော်တို့ရဲ့ ဒီ အသွင်ကူးပြောင်းရေး ကာလရဲ့ ဒုတိယအဆင့်သွားတော့မယ့် ဒီ တာဝန်လွှဲပြောင်းမှုဟာ၊ သမိုင်းဝင်ဖြစ်စဉ် ဖြစ်တယ်။ အဲဒီတော့ ဒီဖြစ်စဉ် မတိုင်ခင်မှာ ကျနော်တို့ ဒီ ပြင်ဆင်နိုင်တာရှိတာတွေအားလုံးကို ပြင်ဆင်ထားဖို့ လိုတယ်။ တကယ်လို့ ဆယ်ရေး တရေး၊ ကိုးရေး တစ်ရာဆိုသလို ဟုတ်လား၊ အရေးပေါ် အခြေအနေပေါ့ဗျာ၊ အရေးပေါ် အခြေအနေဆိုတာက ခုနက ကျနော်ပြောသလိုပဲ သဘာဝ ဘေးဒဏ်လိုမျိုးကအစ၊ ခုနက လူမျိုးရေး၊ ဘာသာရေး အငြင်းပွားမှုတွေ၊ တိုက်ပွဲတွေဖြစ်တာ အဆုံးပေါ့၊ ဒီလို ကိစ္စတွေကိုများ ဖြစ်ပေါ်လာခဲ့လို့ရှိရင်တော့ အဆုံးအဖြတ်ပေးနိုင်မယ့်လူတယောက်က ရှိနေဖို့လိုတယ်လို့ သမ္မတကြီးက ယူဆတာပေါ့။ ဒါကြောင့်မို့လို့ ဒီ ဦးစားပေး အစီအစဉ်အရ ဟို နိုင်ငံမှာနေဖို့ ရွေးချယ်လိုက်တာပေါ့။ ဒါကြီးက ဖြစ်တော့မှာမို့လို့ သူနေတယ်ဆိုတဲ့ သဘောတော့ မဟုတ်ဘူး။ တဖက်ကကြည့်ရင်တော့လည်း သမ္မတကြီးက ဒီအစည်းအဝေးကို သူကိုယ်တိုင်လည်း တက်ချင်ပါတယ်။ သူ့ရဲ့မိတ်ဆွေတွေ၊ နောက် အိုဘားမားတို့ကိုလည်း သူနှုတ်ဆက်ချင်တာတွေ၊ နောက် မြန်မာနိုင်ငံကို ဆက်ထောက်ခံဖို့ ပြောချင်တာတွေ ရှိတယ်။ သို့သော် ဒီဦးစားပေး နှစ်ခုကို ရွေးတဲ့အခါမှာတော့ ဒီ တာဝန်လွှဲပြောင်းရေး ချောချောမွေ့မွေ့ဖြစ်ဖို့ ဆိုတဲ့ဟာကို ဦးစားပေးလိုက်တဲ့ သဘောပါပဲ။”

မေး။    ။ ဆိုတော့ ပထမတော့ တက်ဖို့လို့ ကျနော်တို့ ကြားထားပြီးတော့မှ နောက်ပိုင်းကျတော့မှ ဆုံးဖြတ်လိုက်တာပေါ့နော်။

၀န်ကြီး ဦးရဲထွဋ်။       ။ “ဟုတ်ပါတယ်ခင်ဗျ။ ပထမတော့ သူတက်ဖို့ လုပ်ထားပါတယ်။ ဒါပေမယ့် ခုနကပြောသလိုပဲ ကျနော်တို့တွေလည်း သတင်းတွေရနေတာတွေ ရှိတယ်။ ပြင်ဆင်နေတာတွေရှိတယ်။ ဒါတွေအားလုံးကို ချိန်ပြီးတော့မှ နောက်ဆုံးအခြေအနေရောက်တော့မှ ကပ်ပြီးတော့ ဆုံးဖြတ်လိုက်တာပေါ့။”

မေး။    ဒီရက်ပိုင်း ပြည်တွင်းကနေပြီးတော့ တက်တဲ့သတင်းတွေမှာ ဒီ အလွှဲအပြောင်းကိစ္စ ပြောဆို၊ ဆွေးနွေး၊ ညှိနှိုင်းကြတာတွေပေါ့လေ၊ အဓိက တပ်မတော်ပိုင်းနဲ့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပိုင်းထဲမှာ အဖုအထစ်လေးတွေ ရှိနေတယ်ဆိုပြီးတော့ ကျနော်တို့ ကြားထားတာတွေ ရှိပါတယ်။ အဲဒါတွေက ဘယ်လောက်မှန်ပါသလဲ။

၀န်ကြီး ဦးရဲထွဋ်။        “မဟုတ်ဘူးဗျ၊ သူတို့ နှစ်ဖွဲ့ ဆွေးနွေးနေကြတယ်ဆိုတာက တာဝန်လွှဲပြောင်းရေးနဲ့ မဆိုင်ဘူးလေ။ အမျိုးသားဒီမိုကရေစီအစိုးရက သူတာဝန်ယူပြီးတဲ့အချိန်မှာ သူဆက်လုပ်ချင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဒါ ဆွေးနွေးတယ်လို့ပဲ ကျနော်တို့ နားလည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတောက လွှတ်တော်ထဲမှာ ၂၅% ပါ၀င်နေတဲ့အတွက်ကြောင့်မို့လို့ သူ့ကို ပါတီတခုအနေနဲ့ စဉ်းစားလိုက်မယ်ဆိုရင် ဒုတိယအင်အားအကြီးဆုံး ပါတီတခုလို့ ခင်ဗျား မြင်လို့ရတာပေါ့။ အဲဒီတော့ ဒီ နိုင်ငံရေးအင်အားစု နှစ်ခုကြားမှာ ရှေ့လုပ်ငန်းစဉ်ဆွေးနွေးခြင်းသည် ကျနော်တို့ တာဝန် လွှဲပြောင်းခြင်းနဲ့တော့ ဘာမှ မဆိုင်ပါဘူး။ တာဝန်လွှဲပြောင်းမှုကတော့ တပ်မတော်ကလည်း ပြောထားပြီးသား။ ရွေးကောက်ပွဲရလဒ်ကို လေးစားမယ်၊ ဒီတာဝန် လွှဲပြောင်းတဲ့အခါမှာ သူလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောထားပြီးသားပဲ။”

မေး။    ။ နောက်သတင်းတခုကတော့ တပ်မတော်ဘက်ကနေပြီးတော့ ပြည်နယ်တိုင်း ၀န်ကြီးချုပ်နေရာ (၄) နေရာ ပေးဖို့ဆိုပြီးတော့ ညှိတယ်၊ နှိုင်းတယ်၊ ပြောတယ်ဆိုတာတွေ ကျနော်တို့ ကြားထားတာတွေ ရှိပါတယ်။ အဲဒါတွေကရော ဘယ်လောက်မှန်ပါသလဲ။

၀န်ကြီး ဦးရဲထွဋ်။        ဒါတွေကတော့ ကျနော်ထင်တယ်ဗျ၊ သက်ဆိုင်ရာ ကာယကံရှင်တွေက ပြောတာမဟုတ်ဘူးပေါ့လေ။ ဘေးကလူတွေက မှန်းဆပြီးတော့ ပြောတဲ့စကားတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါဟာ မှန်တယ်၊ မှားတယ်ဆိုတာ ကျနော်တို့လည်း ဆုံးဖြတ်ဖို့တော့ ခက်တာပေါ့။

မေး။     ။ နောက်တခုကတော့ လူပြော သူပြောများနေတဲ့ ဖွဲ့စည်းပုံပြင်ရေး၊ ၅၉(စ) စသည်အားဖြင့်ပေါ့လေ၊ ၀န်ကြီးကိုယ်တိုင်လည်း ပြောထားတာ ရှိပါတယ်။ ၅၉(စ) ပြင်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ၀န်ကြီးသဘောမတူဘူးဆိုတဲ့ပုံမျိုး ၀န်ကြီး ပြောထားတာ ရှိပါတယ်။ အဲဒီတော့ ၀န်ကြီးက သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လည်း ဖြစ်တဲ့အခါကျတော့ ဒါက သမ္မဦးသိန်းစိန်ရဲ့ သဘောထားလို့ရော နားလည်လို့ ရပါသလားခင်ဗျ။

၀န်ကြီး ဦးရဲထွဋ်။        မဟုတ်ဘူး၊ ကျနော်တို့က ၅၉(စ) ကို ပြင်ခြင်း၊ မပြင်ခြင်းကို ကျနော်တို့က ပြောတမဟုတ်ဘူး။ ဘယ်ဟာကိုပဲ ပြင်ပြင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြဌာန်းထားတဲ့ ပြင်ဆင်ရမယ့် လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ဖို့ကို ကျနော်တို့က ပြောတာ။ ခင်ဗျားပြောတဲ့ ကျနော်တို့ သဘောမတူဘူးဆိုတာက ၅၉(စ) ကို ဆိုင်းငံ့မယ်ဆိုတဲ့ ကိစ္စကို ကျနော်တို့က သဘောမတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းထဲမှာ ဆိုင်းငံ့တယ်ဆိုတာ မပါဘူး။ တခါ ဟုတ်လား၊ ဦးကိုနီတို့ ဘာတို့ကလည်း ပြောနေတာတွေ ရှိတယ်။ ၁၉၅၉ ခုနှစ်တုန်းက ဗိုလ်ချုပ်ကြီးနေဝင်း ဆက်တာဝန်ယူဖို့အတွက် လုပ်ခဲ့တယ်၊ ဆိုင်းငံ့ခဲ့တယ်ဆိုတာလည်း အဲဒါလဲ လုံးဝမှားတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ အဲဒီတုန်းက သမိုင်းအဆိုတွေကို ပြန်ကြည့်မယ်ဆိုရင်၊ လွှတ်တော်ရဲ့ပြင်ဆင်ချက်မှာ တခါမှ ဆိုင်းငံ့တယ်ဆိုတာ မပါဘူး။ ပြင်ဆင်တယ်။ ဘာဘဲပါသလဲဆိုတော့ ဒီ ပြင်ဆင်တဲ့ဟာကို အချိန်ကာလ သတ်မှတ်ချက် ထည့်လိုက်တယ်။ နောက်ထပ် ရွေးကောက်ပွဲကနေပြီးတော့မှ ပေါ်ပေါက်လာတဲ့ ၀န်ကြီးချုပ်က တာဝန်မယူခင်အထိ ဒီလို ပြင်မယ်လို့ ပြောတာ။ ဆိုင်းင့ံတယ်ဆိုတဲ့စကား မပါဘူး။ အဲဒီပြင်ဆင်ချက်ကို အဆိုတင်သွင်းခဲ့တုန်းက တင်ခဲ့တဲ့လူကလည်း ဦးကျော်ငြိမ်း။ ဦးကျော်ငြိမ်းရဲ့ အဲဒီတုန်းက တင်သွင်းတဲ့ မိန့်ခွန်းကို ခင်ဗျားတို့ ဖတ်ကြည့်မယ်ဆိုရင် ဆိုင်းငံ့တယ်ဆိုတဲ့စကား မသုံးပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်းငံ့တယ်ဆိုတာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ မပါတဲ့အတွက်ကြောင့်မို့လို့ သူက ဆိုင်းငံ့တယ်လို့ မသုံးဘူး။ ဒါကို ပြင်ဆင်ချက် ဥပဒေကြမ်းလို့ပဲ သုံးပါတယ်ဆိုပြီး သူကိုုယ်တိုင်ကကို ရှင်းပြထားတာ ရှိတယ်။ ဒါကြောင့်မို့လို့ ပြန်ချုပ်ပြောရရင်တော့ ပြင်ခြင်း၊ မပြင်ခြင်းကို ကျနော်တို့့ ဘာမှမပြောဘူး။ ဒါက လွှတ်တော်နဲ့ ပြည်သူတွေရဲ့ အဆုံးအဖြတ်ပဲ။ သို့သော် ပြင်ပြီဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲကအတိုင်း ပြင်တာကိုပဲ ကျနော်တို့က လိုလားတယ်။ မဟုတ်ပဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တားမထားလို့ လုပ်လို့ရတယ်ဆိုတဲ့ လိုရာဆွဲတွေးတာမျိုးသည် နိုင်ငံရဲ့အနာဂတ်အတွက် အန္တရာယ်ကြီးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ဆန့်ကျင်တယ်လို့ ပြောတာ။

မေး။    ။ ဟုတ်ကဲ့။ ဖွဲ့စည်းပုံ ပြင်ရေးဆိုလို့ ၀န်ကြီး၊ ဖွဲ့စည်းပုံ ဒီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ကမ္ဘာပေါ်မှာ အပြင်ရအခက်ဆုံး အခြေခံဥပဒေဖြစ်တယ် ဆိုပြီးတော့ ဒီ အခြေခံဥပဒေရေးရာကျွမ်းကျင်တဲ့ ပညာရှင်တွေက ထောက်ပြထားတာတွေ ရှိပါတယ်။ ဆိုတော့ ပြင်ရေး အလားအလာကရော ၀န်ကြီး၊ ဘယ်လောက်များ အလားအလာ ကောင်းနိုင်ပါမလဲ။

၀န်ကြီး ဦးရဲထွဋ်။        အခက်ဆုံးလို့တော့ ပြောလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျား အမေရိကန်မှာရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်တဲ့နည်းလမ်းကလည်း ခက်တာပဲလေ။ ပြည်နယ်တွေ၊ ပြည်နယ်လွှတ်တော်တွေမှာ မဲလိုက်ခွဲပြီးတော့မှ ပြည်နယ်အားလုံးရဲ့ ၃ ပုံ ၊ ၂ ပုံက သဘောတူမှ ပြင်လို့ရတာ။ အဲဒီတော့ အခက်ဆုံးလို့တော့ ပြောလို့မရဘူးပေါ့နော်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျနော်တို့ ၄၇ ခုနှစ် ဖွဲ့အစည်းပုံအခြေခံဥပဒေရဲ့ သင်္ခန်းစာအပေါ်မှာ မူတည်ပြီးတော့မှ လွှတ်တော်ထဲမှာ အများစုရတဲ့ ပါတီတခုထဲရဲ့ သဘောနဲ့ ပြင်လို့မရအောင် လုပ်ထားတာပေါ့။ အဲဒီတော့ ပြင်ချင်တယ်ဆိုရင်တော့ နိုင်ငံရေးမှာ ပါ၀င်ပတ်သက်တဲ့သူတွေ အားလုံးကြားမှာ သဘောတူညီချက် တခုရအောင် လုပ်ရမှာပေါ့လေ။ တကယ်တော့ ဒါကလည်း နိုင်ငံရေးရဲ့ အနှစ်သာရဘဲလေ။

မေး။    ။ ၀န်ကြီး ဟိုတလောလေးကတင် ပြောပါတယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒီ NLD အနေနဲ့ပေါ့နော်၊ တပ်မတော်အပေါ် သဘောထား၊ တပ်မတော်နဲ့ ဆက်ဆံရေးကောင်းအောင်လုပ်ဖို့လိုတယ် ဆိုတဲ့သဘောမျိုး ကျနော် အဲဒီလို နားလည်ပါတယ်။ ဆိုတော့ တပ်မတော်နဲ့ NLD အကြား ဆက်ဆံရေးဟာ အခုလက်ရှိ ဒီကနေ့ဖြစ်နေတဲ့ အခင်းအကျင်းတွေအရပေါ့လေ ဆက်ဆံရေးကောင်း၊ တိုင်းပြည်အနာဂတ်အတွက် စိတ်ချရတဲ့ အလားအလာကောင်းလို့ ကျနော်တို့ ပြောနိုင်ပါပြီလားခင်ဗျ။

၀န်ကြီး ဦးရဲထွဋ်။        ။ ဒါပေမဲ့ အဲဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပေါ်မှာပဲ မူတည်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တပ်မတော်ကို ပြုပြင်ပြောင်းလဲရေးရဲ့ လက်တွဲဖော်အနေနဲ့ မြင်လို့ရှိရင်၊ လုပ်ဖော်ကိုင်ဖက်အနေနဲ့ မြင်လို့ရှိရင် ညှိရ၊ နှိုင်းရတာ လွယ်မှာပေါ့။ လုပ်ဖော်ကိုင်ဖက်အနေနဲ့ မမြင်ဘဲနဲ့ အတားအဆီးတခုအနေနဲ့ မြင်ပြီးတော့မှ ဖယ်ထုတ်ဖို့ကြိုးစားမယ် ဆိုရင်တော့ ညှိနှိုင်းရတာ ခက်မှာပေါ့။ ကျနော်တို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ရှိအခြေအနေမှာတော့ တပ်မတော်ကို နိုင်ငံရေးအင်အားစုတခုအနေနဲ့ မြင်ပြီးတော့မှ ညှိနှိုင်းဆွေးနွေးခြင်းကပဲ အဖြေမှန်၊ ရလဒ်ကောင်း ရမယ်လို့ ကျနော်မြင်တယ်။

မေး။    ။ တပ်မတော်ဘက်ကရော၊ သိပ်သဘောထားတင်းမာတဲ့ အလားအလာမျိုးတွေများ ရှိပါသလား။

၀န်ကြီး ဦးရဲထွဋ်။        တပ်မတော်ကတော့ဗျာ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောခဲ့တာတွေလည်း အများကြီးရှိပါတယ်။ သူက ကျနော်တို့ ဒီ သမ္မတကြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှာရော၊ နောင်မှာရော သူသည် ဖွဲ့စည်းပုံအခြေခံဥပဒေက သူ့ကိုပေးထားတဲ့ အခန်းကဏ္ဍအတိုင်းပဲ သူနေမှာပဲ။ အဲဒီထက်လည်း ပိုလုပ်မှာမဟုတ်ဘူး။ အဲဒီထက်လည်း လျော့ပြီးတော့ လုပ်မှာမဟုတ်ဘူး။ အဲဒီတော့ တပ်မတော်ရဲ့ ရပ်တည်ချက်ကတော့ ကျနော်တို့ ရှင်းတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လုပ်နေသ၍ ကာလပတ်လုံးမှာ တပ်မတော်အနေနဲ့ ဒီကိစ္စတွေမှာ သူက ပူးပေါင်းဆောင်ရွက်ပေးနေမှာပဲ။

မေး။    ။ ကျနော် နောက်တခု ပွင့်ပွင့်လင်းလင်းတခု မေးချင်ပါတယ်။ ရွေးကောက်ပွဲကျင်းပတယ်၊ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မျှော်လင့်မထားလောက်အောင်ပဲ ရာခိုင်နှုန်းအတော်များများနဲ့ အနိုင်ရတယ်။ ဆိုတော့ မဲဆန္ဒရှင်တွေရဲ့ သဘောထားက ထင်ရှားတယ်လို့ အများစုက သုံးသပ်ကြပါတယ်။ ဆိုတော့ ကျနော် ၀န်ကြီးကို၊ ၀န်ကြီးရဲ့ သဘောထားရော၊ အစိုးရအဖွဲ့ရဲ့ သဘောထားရော ခြံုပြီးမေးချင်တာက မဲဆန္ဒရှင်အများစုက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ခေါင်းဆောင် ဖြစ်စေချင်ပါတယ်။ အခုလက်ရှိ အလားအလာက ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ခေါင်းဆောင်ဖြစ်ဖို့ အလားအလာ၊ လူထုမဲဆန္ဒရှင်တွေ ဘယ်လောက်အထိ မျှော်လင့်လို့ရပါသလဲ ခင်ဗျ။

၀န်ကြီး ဦးရဲထွဋ်။        ။ တကယ်တော့ဗျာ၊ ဟုတ်လား၊ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့အကြီးအကဲဖြစ်ဖို့ဆိုတာ ၅၉(စ) တွေဘာတွေလည်း ပြင်ဖို့မလိုပါဘူး။ တကယ်တမ်း ကျနော့်ရဲ့ သုံးသပ်ချက် ထောက်ပြရမယ်ဆိုရင်၊ သူ့ရဲ့သား (၂) ယောက်နဲ့ ချွေးမရှိမယ်ဆိုရင်၊ ချွေးမ (၂) ယောက်၊ လူ (၄) ယောက်ပဲ မြန်မာနိုင်ငံသားခံယူလိုက်လို့ရှိရင် ဒီပြဿနာတွေအားလုံး ပြေလည်သွားမှာပါ။ ဘာမှ ကျနော်တို့ ဒါကြီးကို ၅၉(စ) တွေလာတွေလည်း ပြင်ဖို့ မလိုပါဘူး။ အဲဒီတော့ လူ (၄) ယောက်ရဲ့ အဆုံးအဖြတ်နဲ့ လုပ်တာကတော့ ပိုပြီးတော့ကောင်းတာပေါ့ဗျာ။ ဒါကြီးကို အဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးလို့ ပြောဖို့တောင် မလိုပါဘူး။ တကယ်တန်း သူ့သားသမီးတွေအနေနဲ့ သူတို့ရဲ့မိခင် သမ္မတဖြစ်တာ လိုချင်လို့ရှိရင် ၁၉၈၂ ခုနှစ် ဥပဒေအရ မြန်မာနိုင်ငံသား လျှောက်ထားလိုက်ယုံပါဘဲ။



မေး။    ဒါပေမဲ့လည်းဝန်ကြီး အရွယ်ရောက်ပြီးသား လူတွေအနေနဲ့ ကလေးတွေလည်း မဟုတ်တဲ့အခါကျတော့ ဒီလိုမျိုး သူတို့ရဲ့ကိုယ်ပိုင် ဘဝပေါ့လေ၊ ကိုယ်ပိုင်ဘဝကို စွန့်လွှတ်ပြီးတော့ ပေးဆပ်ရမယ်ဆိုတာကရော၊ မျှတတယ်လို့ ပြောလို့ရပါ့မလား။

၀န်ကြီး ဦးရဲထွဋ်။        ။ သူတို့ရဲ့မိခင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း (၂၀) ကျော် စွန့်လွှတ်ခဲ့ပြီးပြီ။ သူ့အမေ အုပ်ချုပ်တဲ့နိုင်ငံမှာ သူမနေချင်ဘူးဆိုရင်တော့၊ နိုင်ငံသားမခံယူဘူးဆိုရင် ဒါက သူတို့ရဲ့ မိသားစုပြဿနာပဲ။ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာ မဟုတ်ဘူး။

မေး။    ။ ၀န်ကြီးကိုယ်တိုင်အနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ပုဂ္ဂိုလ်ရေးအမြင် ဘယ်လိုရှိပါသလဲ ခင်ဗျ။

၀န်ကြီး ဦးရဲထွဋ်။        ။ ကျနော် ပုဂ္ဂိုလ်ရေးအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ခင်မင်စရာကောင်းတယ်။ လေးစားစရာကောင်းတယ်။ သူ့ရဲ့ စိတ်ဓါတ်ခိုင်မာမှုပေါ့နော်၊ ဒါတွေလည်း ကျနော်တို့ လေးစားပါတယ်။ အဲ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် တချို့ကိစ္စတွေမှာတော့ အမကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် သဘောထား မတူတာတွေ ရှိပါတယ်။ ဒါကလည်း တကယ်ကျတော့လည်း ဒီမိုကရေစီမှာတော့ ဒီလိုပဲ ဖြစ်မှာပေါ့လေ။

မေး။    ။ နောင်အစိုးရအသစ်အတွက် ၀န်ကြီးအနေနဲ့ အပေးချင်ဆုံး အကြံဉာဏ်ပေါ့လေ၊ တစ်ခု၊ နှစ်ခု၊ သုံးခုရှိတယ်ဆိုရင် နဲနဲပြောပြပါလား ၀န်ကြီး။

၀န်ကြီး ဦးရဲထွဋ်။        ။ အခုကတော့ဗျာ၊ ဘာဘဲပြောပြော ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူလူထုရဲ့ Mandate ကို သူတို့ ရထားပြီပေါ့လေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့။ အဲဒီတော့ အဲဒီ Mandate ကို အသုံးပြုတဲ့အခါမှာတော့ ကိုယ်ဖြစ်ချင်တာရယ်၊ ဖြစ်နိုင်တာရယ်၊ နောက်တခါ ကျနော်တို့နိုင်ငံရဲ့ ထူးခြားတဲ့အခြေအနေတွေရယ်၊ ဒါတွေကို ထည့်သွင်းစဉ်းစားပြီးတော့ လုပ်ဖို့ အကြံးပြုချင်တာပေါ့။ တကယ်တော့လည်း ဒေါ်အောင်ဆန်းစုကြည် အခုချိန်ထိ ကိုင်တွယ်ဆောင်ရွက်နေတာတွေကတော့ အဲဒီလိုမျိုး ထည့်သွင်းစဉ်းစားပြီး လုပ်နေတယ်လို့ ကျနော်တို့ မြင်ပါတယ်။

မေး။    ။ NLD ဦးဆောင်တဲ့ အစိုးရသည် မြန်မာနိုင်ငံကို အခုဝန်ကြီးတို့အစိုးရချခဲ့တဲ့ အခြေခံအပေါ်မှာ အခိုင်အမာရပ်တည်ပြီးတော့ ဒီထက်ဒီ ပိုပြီးတော့ တိုးတက်သွားအောင်၊ ရှေ့ရောက်သွားအောင် ဒေသတွင်းမှာ၊ နိုင်ငံတကာမှာ၊ ပြောရရင်တော့ နိမ့်ပါးခဲ့တဲ့ နိုင်ငံအနေနဲ့ နောင် (၅) နှစ်ကြာတဲ့အခါမှာ ဒီထက်ပိုပြီးတော့ ရှေ့ရောက်သွားအောင် လုပ်နိုင်မယ်လို့ ၀န်ကြီးကိုယ်တိုင် အခိုင်အမာ ယုံကြည်ပါသလားခင်ဗျ။

၀န်ကြီး ဦးရဲထွဋ်။        ။ ကျနော့်အမြင်အရပေါ့ဗျာနော်၊ ဘယ်အစိုးရမဆို တာဝန်ယူပြီဆိုရင်တော့ နိုင်ငံနဲ့ လူမျိုးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်ကြမှာပဲပေါ့။ ကျနော်တို့ အစိုးရကတော့ စံနစ်ဟောင်းကနေ စံနစ်သစ်ကို လုပ်ကြတဲ့အခါမှာ ကျနော်တို့က အခြေခံကိုပဲ ကျနော်တို့က ပြုပြင်ပြောင်းလဲပေးနိုင်တာပေါ့။ အဲဒီတော့ လက်ရှိကတော့ အခြေအနေကောင်းလဲ ရနေပြီ။ နောက်တခါ နိုင်ငံတကာကလည်း ကူညီမယ့်သူတွေ ရှိနေပြီ။ ပြည်တွင်းမှာလည်း ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုတွေ ရနေပြီဆိုတော့ ဒီအခြေအနေကိုသာ မှန်မှန်ကန်ကန် ကိုင်တွယ်အသုံးချနိုင်မယ်ဆိုရင်တော့ ကျနော်တို့နိုင်ငံသည် နောက် (၅) နှစ်မှာ ပိုပြီးတော့မှ တည်ငြိမ် အေးချမ်းတဲ့၊ ပိုပြီးတော့မှ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ် ရောက်မယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။
VOA Burmese

ဒီေန ့အတြက္ စေတးတပ္သို႕/ဦးရဲထြဋ္…ဒီအတိုင္းေတာင္ က်ဳပ္ တို႕ က ေဒၚေအာင္ဆန္းစု ၾကည္ ရဲ႕ သားႏွစ္ေယာက္ ကို အားနာ လြန္းလွ...

Posted by The Melting Pot 4 U on Wednesday, 17 February 2016

Blog Archive

Shwe Hmone Yati

Tags

၊ ဇရစ္ေခ်ာင္ေက်းရြာ ၊ သထံုၿမိဳ႕နယ္ ၊ အင္းတိုင္စုေက်းရြာ ၀က္လက္ ၀တၱဳ ၀တ္မွံဳေရႊရည္ ၀မ္းတြင္း ၀မ့္ဟိုင္း ၀ါးခယ္မ ၀ိုင္းစုခိုင္သိန္း ၀ိုင္းေမာ္ ၀ုိင္းစုခိုင္သိန္း ၅၉(စ) 7 July 8888 88gens AA ABSDF accident ad advice Afghan Africa AI ALD ALP amaze America America's Got Talent Angelina jolie Anonymous ANP arak Arakan Archaelogy Argentina Army ARSA art article Astronomy attakyaw Aung San Suu Kyi Australia Austria Bagan Bago Bangladesh Bank BCP beau beauty Belgium BGF bingal Bingali Bobby Soxer (ထက္ထက္) Bogyoke Aung San Bomb book Border Bosnia Botswana Brazil British Brunei buddhi Buddhism Buddhist Burmese Movieclips Trailers Burundi business Butan c Cambodia camera Cameroon Canada car cartoon celebs Chicken Soup Chile Chin China chinese Christian CIA city City Life Buffalo cival war CNF Colombia Congo Cook couple CPB crime Criticism Crony CRPP cssu Cuba Daily Popular Dailymotion dance DASSK Days Denmark dhamma DKBA Donation DPNS DR.Tint Swe Dutch earth Ecuador Education Egypt EindraKyawZin ele Election ElSalvador Embassy Eng England entertainment environment essay Ethiopia Ethnic EU eurpoe Exile Facebook News fashion fashion show fb FDA feature FIFA Fiji for sale Foreign Affairs France Free Burma Rangers(FBR) funny Gambia game GandaWin gay general general knowledge Generation Wave Georgia Germany Ghana ghost story go gossip column Gov greece Guatemala Gwa Ha Ha health herbal Heritage Hindu History HIV Hluttaw Hong Kong Htet Htet Moe Oo htun koko HumanRight Hungary ICC Iceland IMF India Indonesia interview Iran Iraq Ireland Irrawaddy ISIS Islam Israel Italy Ivory Coast J. Krishnamurti Japan Jewellery JMC job Jobs joke Jordan ju justin bieber Kachin KAF Karen Kayah Kazakhstan KBC Keanu Reeves Kenya khaingHninWai KhinLayNwe) KHRG KIA KIO KNDO KNPC KNPP KNSO KNU KPP KSDP Kuwait Labadawn Ladyboy learning english Lebanon LEBT letter Libya Liechtenstein lifestyle link LNDP london lottery love Luxembourg M Seng Lu Ma Millar Hniang mafia magic Magway mal Malaysia Mali mandalay Manny Pacquiao Maths Maungdaw Mauritania MCDF MDCF Me N Ma Girls medel media medicine Memory Mexico MFOCN MH 370 miss Miss People MissAmerica MissButtBrazil MissGrandInternational MissInternational MissInternationalQueen MissSupranational MissTourismInternational MissUniverse MissUniversityMyanmar MissWorld MissWorldMuslimah MisterInternationalMyanmar MMCG MNDAA model Model Contest Mon mone money Monthly Popular Morocco movie MP4YOU TUBE MPC MPT MPU MSF MSM music muslim myanmar Myanmar Idol MyaThanTint myint myat NATO nature NCA NCCT ND-Burma NDF NED Nepal new new year newgens news Newzeland NGO Niagara Falls Nicki Minaj nicky Niger Nigeria NLD NMSP NNER NorthKorea Norway Nothern Novel Number obama OIC Opinion osama binladin pagoda Pakistan Palestine Paraguay Party People Peru Phillipines Philosophy photo phyu phyu kyaw thein PJS PoDarli poem Poland Police Politic Political Prisoner PopularPost pp programmer Project PSLF/TNLA Puerto Rico QandA Qatar Quote R.ဇာနည္ rates RCSS/SSA Real Estate RebcaWin Records Refugee Religious report Research Riot RNDP Rohingya Romania RSO Russia Rwanda Rဇာနည္ Saffron Satire Saudi Science Science & Tech scotland SEA Game Serbia sexeducation Shakira Shan show Shwe Dagon Siberia Sierra Leone Singapore singer SNDP SNLD Soe soldier Somalia song sound SouthAfrica SouthKorea Spain Speech sport Sri Lanka SSA SSPP stock Store story Sudan suu foundation Sweden Switzerland Syria Taipei Taiwan Tanzania tatto tech terrorist Thailand ThaZin ThinGyan ThinZarWintKyaw Tibet Tips TNLA tourism Trailer Travel Traverse America true story Tunisia Turkey Turkmenistan U Ko Ni U Thant UAE UEC Uganda Ukrain UN UNA Unesco UNFC UNHCR UNICEF UNODC UPWC Uruguay USAID USDP UWSA UWSP Venezuela vi video vietnam vn War way weather Wedding WFP WHO wonder worker world accident World Bank world celebs world crime World Heritage world history world singer worldn WorldNews yangon YCDC Yemen YHT YIT yoon yoon YunMiOo Zimbabwe က၀ ကခ်င္ ကခ်င္ျပည္နယ္ ကနီ ကန္ ့ဘလူ ကန္ပိုက္တီး ကန္ၾကီးေထာင့္ ကံမ ကမန္ ကမာရြတ္ ကယန္း ကယား ကယားျပည္နယ္ ကရင္ ကရင္နီ ကရင္ျပည္နယ္ ကရင္ျပည္သူ ့ပါတီ ကြတ္ခိုင္ ကြတ္ခိုင္ၿမိဳ႕နယ္ ကြမ္းျခံကုန္း ကြမ္းလံု ကြ်န္းစု ကြ်န္းလွ ကြ်ဲပြဲ ကလလတ ကသာ ကာမိုင္း ကာရံခ်ိ ဳ ကားေမာင္းသူေတြအတြက္ ကိုးကန္ ့ ကိုကိုးကြ်န္း ကိုထက္ ကိုျမေအး ကိုအံ့ၾကီး ကိုေ၀လု ကုိးကန္ ့ ကူမဲ ကေလး ကေလး၀ ကေလာ က်န္းမာေရး က်ိဳက္ထို က်ိဳက္ထီးရိုး က်ိဳက္မေရာ က်ိဳက္လတ္ က်ိဳင္းတံု က်ံဳေထာ္ က်ံဳေပ်ာ္ က်ံုဒိုး ခင္ညြန္ ့ ခင္ဘုဏ္း ခင္ဝင့္ဝါ ခင္သဇင္ ခင္ဦး ခန္ ့စည္သူ ခရစ္ဆီ ၀ဏၰ ခရမ္း ခိုင္သင္းၾကည္ ခိုင္သဇင္ငုဝါ ခိုလမ္ ခူမီး ခေမာက္ၾကီး ခ်င္း ခ်င္းတြင္းျမစ္ ခ်င္းျပည္နယ္ ခ်င္းေရႊေဟာ္ ခ်စ္စႏိုးဦး ခ်စ္သုေ၀ ခ်စ္ဦးညိဳ ခ်စ္ေဗဒင္ ခ်မ္းခ်မ္း ခ်မ္းျမသာစည္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ခ်မ္းေအးသာစံ ခ်ီေဗြ ခႏၱီး ဂန္ ့ေဂါ ဂမၻီရ ဂုတ္ထိပ္ ဂ်င္မီ ဂ်ီလတ္ ဂ်ဴး ငပုေတာ ငဖဲ ငါန္းဇြန္ ငါးသိုင္းေခ်ာင္း ငါ့သေရာက္ စကု စက္စဲ စကၤာပူ စစ္ကိုင္း စစ္ကိုင္းတိုင္း စစ္ေတြ စတီဗင္ဦး စနဲျမိဳ ့ စမ္းေခ်ာင္း စမး္ေခ်ာင္း စံရတီမုိးျမင့္ စြမ္းအားရွင္ စလင္း စဥ့္ကိုင္ စဥ့္ကူး စာေပေဟာေျပာပြဲ စိတ္အဟာရ ရသစာမ်ား စိုက္ပ်ိဳးေရး စိုင္းစိုင္းခမ္းလိွဳင္ စိုးစႏၵာထြန္း စိုးျပည့္သဇင္ စိုးျမတ္နႏၵာ စိုးျမတ္သူဇာ စိုးသူ စီးပြားေရး စုစုေႏြး စေလ စႏၵီျမင့္လြင္ ဆင္ဘို ဆင္ေပါင္၀ဲ ဆြမ္ပရာဘြမ္ ဆြာၿမိဳ႕ ဆားလင္းၾကီး ဆိပ္ျဖဴ ဆိုေတး ဆီဆိုင္ ဆီရာလီယြန္း ဆုပန္ထြာ ဇင္၀ိုင္း ဇန္ႏူး ဇဗၺဴသီိရိ ဇမၺဴသီရိ ဇြန္သင္ဇာ ဇြန္သံစဥ္ ဇလြန္ ဇာဂနာ ဇာနည္ထူးထူး ဇိုမီး တကသ တင္ဇာေမာ္ တင့္တင့္ထြန္း တင္းတိတ္ တစည တံတားဦး တနသၤာရီ တနသၤာရီတိုင္း တန္ ့ဆည္ တန္ ့ယန္း တပ္ကုန္း တမူး တရား တြန္းဇံ တြံေတး တလုပ္ တအာင္း(ပေလာင္) တာခ်ီလိတ္ တာေမြ တာေလ တိုက္ၾကီး တီက်စ္ တီးတိန္ တုိက္ၾကီး တူနီးရွား တႏိုင္း တႏို္င္း ထက္ထက္၀င့္ ထက္ထက္မိုးဦး ထန္းကုန္း ထန္းတပင္ ထန္းပင္ကုန္း ထြန္းထြန္း ထြန္းအိျႏၵာဗို ထားထက္ထက္ ထားဝယ္ ထီးခ်ိဳင့္ ထီးလင္း ထံုးတပိုေက်းရြာ ထူးဆန္းေထြလာ ထူးၾကီး ဒကၡိဏသီရိ ဒဂံု ဒဂံုဆိပ္ကမ္း ဒဂံုျမိဳ ့သစ္ ဒလ ဒလိုင္းလားမား ဒါးက ဒါရိုက္တာ၀ိုင္း ဒါရိုက္တာမိုက္တီး ဒိုက္ဦး ဒီပဲယင္း ဒီမိုကရက္တစ္ပါတီ(ျမန္္မာ) ဒီေမာဆို ဓႏုျဖဴ နတၱလင္း နတ္တလင္း နတ္ေမာက္ နန္းခင္ေဇယ်ာ နန္ဆန္ ့ နန္းဆုရတီစိုး နမၼတီး နမၼတူ နမ့္ခမ္း နမ့္စမ္ နမ့္ဆမ္ နမ့္လန္ နယ္သာလန္ နာဂ နားဟိုင္းလံု နာေရး နာေရးကူညီမွဳအသင္း နီနီခင္ေဇာ္ နႏၵာလိွဳင္ ပက္ထရစ္ရွာ ပခုုကၠဴ ပင္းတယ ပင္လည္ဘူး ပင္လံု ပင္ေလာင္း ပန္၀ါ ပန္ဆိုင္း ပန္းတေနာ္ ပန္းဘဲတန္း ပန္းေတာင္း ပြင့္နဒီေမာင္ ပြင့္ျဖဴ ပလက္၀ ပလိပ္ ပိုင္က်ံဳ ပိုလန္ ပီကင္း ပုဂံ ပုဇြန္ေတာင္ ပုဏၰားကြ်န္း ပုပၸါး ပံုပါက်င္ ပုဗၺသီရိ ပုလဲ ပုသိမ္ ပုသိမ္ခရိုင္ ပုသိမ္ၾကီး ပုေလာျမိဳ ့ ပူတာအို ပေလာင္ ပဲခူး ပဲခူးတိုင္း ပ်ဥ္းမနား ဖယ္ခံု ဖရူဆို ဖြာေထာင္ ဖြဲ႔စည္းပုံအေျခခံဥပေဒ ဖလမ္း ဖားကန္ ့ ဖာပြန္ ဖားေဆာင္း ဖုန္ၾကားရွင္း ဖ်ာပံု ၾကက္ယက္ ေက်းရြာ ၾကံခင္း ၾကည္ျဖဴ သွ်င္ ၾကည့္ျမင္တိုင္ ၾကည့္ျမင္တိုင္ ၾကာအင္းဆိပ္ၾကီး ၾကိဳ ့ပင္ေကာက္ ၾကဴကုတ္ ဗကပ ဗကသ ဗန္းေမာက္ ဗန္းေမာ္ ဗဟန္း ဗိုလ္ခ်ဳပ္ ဂြမ္ေမာ္ ဗိုလ္ခ်ဳပ္ေဟာင္းထြန္းၾကည္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဗိုလ္တေထာင္ ဗိုလ္ၾကင္ေမာင္ ဗိုလ္မွဴးၾကီးေစာဆန္းေအာင္ ဗိႆ ႏိုး ဗီယက္နမ္ ၿမိဳင္ၿမိဳ႕ ၿမိဳင္ႀကီးငူဆရာေတာ္ ဘဂၤါလီ ဘယ္လ္ဂ်ီယံ ဘားအံ ဘားအံၿမိဳ႕နယ္ ဘိုကေလး ဘီးလင္း ဘုတလင္ ဘုတ္ျပင္း ဘုရားၾကီး ဘုရားသံုးဆူ ဘုိကေလး ဘူးသီးေတာင္ မကၠဆီကို မကွေးတိုင်း မခ်မ္းေဘာ့ မဂၤလာဒံု မဂၤလာပြဲ မဂၤလာေတာင္ညြန္ ့ မင္းကင္း မင္းကြန္း မင္းကိုႏိုင္ မင္းတပ္ မင္းတုန္း မင္းဘူး မင္းျပား မင္းလွ မင္းအုပ္စိုး မင္းေမာ္ကြန္း မင္းေသြးသစ္ မင္းေအာင္လိွဳင္ မင်းအောင်လှိုင် မတၱရာ မတူပီ မထက္ မန္စီ မန္တလေးတိုင်း မန္းေဂ်ာ္နီ မဘသ မဘိမ္း မယ္စဲ့ မယ္လ မယ္လိုဒီ မရမ္းကုန္း မြန္ မြန္ျပည္နယ္ မြန္ျပည္သစ္ မြန္အမ်ိဳးသားပါတီ မြန္းေအာင္ မလိွဳင္ မလႊကုန္း မွန်ပြည်နယ် မွဲ ့ မဟန မဟာေအာင္ေျမ မအီ မအူပင္ မာန္ေအာင္ မာယာလူမ်ိဳူး အေၾကာင္း မာရီနာ မာရီလင္မြန္ရိုး မိစႏၵီ မိတီၳလာ မိတီ္ၳလာ မိတၳီလာ မိတ္ကပ္ မိန္ ့ခြန္း မိုးကုတ္ မိုင္းကိုင္ မိုင္းခတ္ၿမိဳ႕နယ္ မိုင္းခုတ္ မိုင္းဆတ္ မိုင္းတံု မိုင္းထား မိုင္းပန္ မိုင္းပြန္ မိုင္းယန္း မိုင္းျပင္း မိုင္းျဖတ္ မိုင္းရွဴး မိုင္းလား မိုင္းေနာင္ မိုင္းေယာင္း မိုးညွင္း မိုးညိဳ မိုးနဲ မိုးမိတ္ မိုးယုစံ မိုးျဗဲ မိုးသီးဇြန္ မိုးေကာင္း မိုးေဇညိမ္း မိုးေမာက္ မိုးေဟကို မိုးေအာင္ရင္ မံုးကိုး မုဏ္း မုဒံု မုန္း၀န္း မုန္းကို မံုရြာ မုံရြာၿမိဳ႕ မုိင္းခတ္ၿမိဳ႕နယ္ မုိးညႇင္းၿမိဳ႕နယ္ မူဆယ္ မေကြး မေကြးတိုင္း မေလးရွား မ်ိဳးေစာင့္ဥပေဒ မႏၱေလး မႏၱေလးတိုင္း ယင္းမာပင္ ယန္ဟီးလီ ယမံုမိုး ယြန္းယြန္း ယီမင္ ယုသႏၱာတင္ ယူကရိန္း ျပင္သစ္ ျပင္ဦးလြင္ ျပဇာတ္ ျပည္ ျပည္ခို္င္ျဖိဳး ျပည္ၾကီးတံခြန္ ျပည္ႀကီးတံခြန္ ျပည္သူ ့ဂုဏ္ရည္ ျပြန္တန္ဆာ ျဖိဳးၾကီး ျဖိဳးျဖိဳးေအာင္ ျဖိဳးေငြစိုး ျဖဴး ျဖဴျဖဴေက်ာ္သိန္း ျမ၀တီ ျမင္းမူ ျမင္းျခံ ျမင့္ျမတ္ ျမစ္က်ိဳး ျမစ္ဆံု ျမစ္ၾကီးနား ျမစ္သား ျမတ္ေကသီေအာင္ ျမန္မာမေလးမ်ား ျမန္မာမေလးမ်ားvideo ျမန္မာ့ရိုးးရာ ပန္းးပုပညာ ျမန္ေအာင္ ျမဝတီ ျမသန္းစံ ျမိတ္ထား၀ယ္ ျမိဳ ့သစ္ ျမိဳင္ ျမိဳင္ၾကီးငူ ရခိုင္ျပည္နယ္ ရခိုင္အမ်ိဳးသားပါတီ ရခိုင္အမ်ဳိးသားပါတီ ရတနာမိုင္ ရတာနာ ရန္ကင္း ရန္ကုန္ ရန္ကုန္စက္မွဳတကၠသိုလ္ ရန္ကုန္တိုင္း ရန္ကုန္ျပည္သူ ့အက်ိဳးေဆာင္ကြန္ယက္ ရန်ကုန်တိုင်း ရပ္ေစာက္ ရမည္းသင္း ရမ္းျဗဲ ရြာငံ ရွင္ဆႏၵာဓိက ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ(က်ားျဖဴပါတီ) ရွမ္းနီ ရွမ္းျပည္နယ္ ရွားေတာ ရွီဘုယဇာနည ရိုဟင္ဂ်ာ ရုရွား ရေသ့ေတာင္ ရဲတိုက္ ရဲထြဋ္ ရဲေလး လက္ပံတန္း လက္ပံေတာင္း လက္ေ၀ွ ့ လင္းေခး လပြတၱာ လမ္းမေတာ္ လယ္သမား လယ္သိမ္းေျမသိမ္း လယ္ေ၀း လြယ္လင္ လြိဳင္လင္ လြိဳင္ေကာ္ လွည္းကူး လွည္းတန္း လွှတ်တော် လွာကာေက်းရြာ လွိဳင္သာယာ လသာ လဟယ္ လားရွိဳး လာအို လိြဳင္လင္ လိြဳင္ေကာ္ လိွဳင္ လိွဳင္းဘြဲ လိွဳင္သာယာ လိုင္ဇာ လိႈင္းဘြဲ႔ၿမိဳ႕နယ္ လီဆူ လံုးခင္း လုလုေအာင္ လူမင္း လူေပ်ာက္ေၾကာ္ျငာ လဲခ်ား လႊတ္ေတာ္ ဝတ္မွဳန္ေရွြရည္ ဝိုင္းစုခိုင္သိန္း ဝိုင္းေမာ္ ဝိုင္းေလး ဝီရသူ ႀကည့္ျမင္တုိင္ သကၠလ သက္မြန္ျမင့္ သခင္တင္ျမ သံဃာ သဃၤန္းကြ်န္း သင္ဇာဝင့္ေက်ာ္ သင္ဇာႏြယ္၀င္း သဇင္ သံတြဲ သတိေပးခ်က္ သထုံ သထံု သနပ္ပင္ သန္လ်င္ သန္းေရႊ သပိတ္က်င္း သံဖြူဇရပ် သၾကၤန္ သံျဖဴဇရပ္ သရက္ သံလ်င္ သဥၹာႏြယ္၀င္း သာစည္ သားညီ သာယာ၀တီ သာေကတ သာေပါငး သာေပါင္းျမိဳ ့နယ္ သိန္းစိန္ သိန္းနီ သိႏၷီ သီတဂူဆရာေတာ္ သီဟ၀င္းတင္ သီေပါ သု၀ဏၰ သု၀ဏၰ၀တီ သံုးခြ သံုးဆယ္ သူရဦးတင္ဦး သူရဦးေရႊမန္း သူရဦးေအာင္ကို သူရေရႊမန္း သူရဲေကာင္း သံေတာင္ၾကီးျမိဳ ့ သေရာ္စာ သဲကုန္း သၪၨာႏြယ္ဝင္း ဟန္၀င္းေအာင္ ဟန္ထူးလြင္ ဟန္သီ ဟသၤာတ ဟားခါး ဟာသ ဟိုင္းၾကီးကြ်န္း ဟိုပံုး ဟိုယာေဒသ ဟုမၼလင္း ဟုိပန္ ဟဲဟိုး အကယ္ဒမီ အကယ္ဒမီ၂၀၁၂ အဂၤပူ အင္ဂ်လီနာ ဂ်ိဳလီ အင္းစိန္ အင္းတေကာ္ အင္လံုရြာ အင္းေတာ္ အင္းေတာ္ႀကီး အင္းေလး အစၥေရး အဆိုအမိန္ ့ အမရပူရ အမ္း အမ်ိဳးသမီးပါတီ အမ်ိဳးသားကြန္ဂရက္ပါတီ အမ်ိဳးသားဒီမိုကေရစီပါတီသစ္ အမ်ိဳးသားပါတီ အျမန္လမ္း အရာေတာ္ အရိုင္း အလွျပင္မယ္ အလံု အသုတ္ အာဆီယံ အာဇာနည္ေန ့ အိမ္မဲ အိေခ်ာပို အိႏၵိယ အီရန္ အီသီယိုးပီးယား အုတ္တြင္း အေကာက္ေတာင္ အေဖ်ာက္ အေမရိကန္ အေျခခံဥပေဒ အေလာင္းေတာ္ကႆ ပ ဥတၱရသီရိ ဦး၀င္းတင္ ဦး၀ီရသူ ဦးဂမၻီရ ဦးထင္လင္းဦး ဦးထင္ေက်ာ္ ဦးထင်ကျော် ဦးနု ဦးပိုင္ ဦးဖိုးက်ား ဦးျမင့္ေဆြ ဦးဝင္းခ်ိဳ ဦးဝင္းတင္ ဦးဝင္းထိန္ ဦးသန္ ့ ဦးေတဇ ဦးေန၀င္း ဧရာ၀တီ ဧရာ၀တီတိုင္း ဧရာဝတီ ဧဝရတ္ေတာင္ ဧဝံေမသုတံ ေ၀ဠဳေက်ာ္ ေ၀ါ ေကတုမတီ ေကအိုင္အို ေကာ့ကရိတ္ ေကာင္းျပည့္ ေကာ့မွဴး ေကာလင္း ေကာ့ေသာင္း ေကာ္နီ ေက်းသီးျမိဳ ့ ေက်ာက္ဆည္ ေက်ာက္တံခါး ေက်ာက္တံတား ေက်ာက္တန္း ေက်ာက္ပန္းေတာင္း ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ေက်ာက္ၾကီး ေက်ာက္မဲ ေက်ာက္ျဖဴ ေက်ာက္ေတာ္ ေက်ာက္ေျမာင္း ေက်ာင္းကုန္း ေက်ာင္းသားလွဳပ္ရွားမွဳ ေက်ာင္းသားသပိတ္ ေက်ာ္ကိုကို ေက်ာ္သူ ေက်ာ္ဟိန္း ေက်ာ္ေက်ာ္ဗို ေခ်ာက္ ေခ်ာင္းဆံု ေခ်ာင္းသာ ေခ်ာင္းဦး ေခ်ာရတနာ ေဂ်ညီညီ ေဂ်ာက္ဂ်က္ ေငြမွဳန္ရတီ ေငြေဆာင္ ေစတုတၱရာ ေစာဘြဲ့မွဴး ေဆာ ေဆာ့ေလာ္ ေဇယ်၀တီ ေဇယ်ာသီရိ ေဇရဲထက္ ေဇာ္ဝင္းထြဋ္ ေဇာ္သက္ေထြး ေညာင္တုန္း ေညာင္ဦး ေညာင္ေျခေထာက္ ေညာင္ေရႊ ေညာင္ေလးပင္ ေတာကြ်ဲအင္း ေတာင္ကုတ္ ေတာင္ငူ ေတာင္တြင္းၾကီး ေတာင္ဒဂံု ေတာင္ၾကီး ေတာင္ျပိဳလက္၀ဲ ေတာင္ျပံဳး ေတာင္သမန္ ေတာင္သာ ေတာင္ဥကၠလာ ေထာက္ၾကန္ ့ ေဒၚၾကိဳင္ၾကိဳင္ ေဒၚေအာင္ဆန္းစုၾကည္ ေဒးဒရဲ ေဒါက္တာညိဳညိဳသင္း ေဒါက္တာတင့္ေဆြ ေဒါက္တာထြန္းလြင္ ေဒါက္တာျမင့္ေထြး ေဒါက္တာရန္မ်ိဳးသိမ္း ေဒါက္တာလွေက်ာ္ေဇာ ေဒါက္တာသန္းထြန္း ေဒါပံု ေနတိုး ေနမ်ိဳးဇင္ ေနမ်ိဳးေ၀ ေနျပည္ေတာ္ ေနာင္ခ်ိဳ ေနာင္ဒြန္းေက်းရြာ ေနာင္လံုး အုပ္စု ေနာ္အုန္းလွ ေပးစာ ေပးစာ - ဗိုလ္ခ်ဳပ္ျမ၀င္း (သို႔) ဗိုလ္ျမ၀ါး ေပါက္ ေပါက္ေခါင္း ေပါက္ေတာ ေပါင္ ေပါင္းတည္ ေပ်ာ္ဘြယ္ ေဖြးေဖြး ေဖာင္ၾကီး ေဖာင္းျပင္ ေၾကးမံုဦးေသာင္း ေၾကာ္ျငာ ေဗဒင္ ေဗလု၀ ေဘာလခဲ ေမ ေမခလာ ေမစံပယ္ညိဳ ေမွာ္ဘီ ေမသက္ခိုင္ ေမသန္းႏု ေမာက္မယ္ ေမာခ်ီး ေမာင္ေဆာင္းခ ေမာင္ေတာ ေမာင္ေမာင္၀မ္း ေမာ့စ္ ေမာ္ခ်ီး ေမာ္လျမိဳင္ ေမာ္လိုက္ ေမာ္္လ္ဒိုဗာ ေျပတီဦး ေျမပံု ေျမာက္ဒဂံု ေျမာက္ဥကၠလာ ေျမာက္ဦး ေျမာင္ ေျမာင္းျမ ေရး ေရစၾကိဳ ေရစႀကိဳၿမိဳ႕နယ္ ေရတာရွည္ ေရနီ ေရနံေခ်ာင္း ေရၾကည္ ေရျဖဴ ေရွြဘိုျမိဳ ့ ေရွြမွဳန္ရတီ ေရွြျပည္သာ ေရဦး ေရႊ၀ါေရာင္ ေရႊကူ ေရႊက်င္ ေရႊစက္ေတာ္ ေရႊည၀ါဆရာေတာ္ ေရႊတိဂံု ေရႊဘို ေရႊမွဳန္ရတီ ေရႊျပည္သာ ေရႊလီ ေရႊေညာင္ ေရႊေတာင္ ေရႊေပါကၠံ ေရႊေသာင္ယံ ေလးမ်က္ႏွာ ေလးျဖဴ ေလွာ္ကား ေလာက္ကိုင္ ေလာင္းလံု ေလာပိတ ေဝါျမိဳ႕နယ္ ေအးခ်မ္းျမတ္မိုး ေအးျမတ္သူ ေအသင္ခ်ိဳေဆြ ေအာင္ဆန္းဦး ေအာင္ပန္း ေအာင္မင္း ေအာင္ရဲလင္း ေအာင္လံ ေအာင္ေျမသာစံ ေအာင္ေသာင္း ေအာ္စကာ ႏြားထိုးၾကီး ႏိုင္ငံေရးအက်ဥ္းသား ႏိုင္မြန္ခ်မ္း

Labels

Recent Post