ရခုိင္အမ်ဳိးသားပါတီတြင္း ပဋိပကၡမ်ားရွိေနၿပီး ႏွစ္ပုိင္းကြဲမည့္ အေျခအေနႏွင့္ ႀကဳံေတြ႕ေနရဟု ဆုိ

ရခုိင္ျပည္နယ္ လႊတ္ေတာ္အတြက္ အမတ္ေနရာ အမ်ားဆံုး အႏုိင္ရရွိထားသျဖင့္ ျပည္နယ္အစုိးရ ဦးေဆာင္ဖြဲ႕စည္းခြင့္ ေတာင္းဆုိေနသည့္ ရခုိင္အမ်ဳိးသားပါတီ (ANP) သည္ ပါတီတြင္း ပဋိပကၡမ်ားရွိေနၿပီး ႏွစ္ပုိင္းကြဲမည့္ အေျခအေနႏွင့္ ႀကဳံေတြ႕ေနရသည္ဆုိသည္။ ANP ပါတီဌာနခ်ဳပ္၌ ျပဳလုပ္ခဲ့သည့္ ၂ ရက္ၾကာ တံခါးပိတ္ အစည္းအေ၀းအၿပီးတြင္ ပါတီသည္ စည္းလံုးညီညြတ္ေသာ တုိင္းရင္းသား လူမ်ဳိးမ်ား မဟာမိတ္အဖြဲ႕ (UNA) ႏွင့္ ဆက္ဆံေရး ျဖတ္ေတာက္လုိက္ေၾကာင္း က ေၾကညာခဲ့သည္။

UNA ႏွင့္ ဆက္ဆံေရး ျဖတ္ေတာက္သည့္ ပါတီ၏ ဆံုးျဖတ္ခ်က္ကုိ ပါတီ၀င္အခ်ဳိ႕က ကန္႔ကြက္ခဲ့ေသာ္လည္း ျပန္လည္သံုးသပ္ ျပင္ဆင္မည္မဟုတ္ သိရသည္။ ANP သည္ ညီေနာင္တုိင္းရင္းသားပါတီမ်ား ဖက္ဒေရးရွင္း (NBF) အဖြဲ႕၀င္ ရခုိင္တုိင္းရင္းသားမ်ား ဖြံ႕ၿဖဳိးတုိးတက္ေရးပါတီ (RNDP) ႏွင့္ UNA အဖြဲ႕၀င္ ရခုိင္ဒီမုိကေရစီအဖြဲ႕ခ်ဳပ္ (ALD) တုိ႔ လြန္ခဲ့ေသာ ၂ ႏွစ္က ပူးေပါင္း တည္ေထာင္ခဲ့ျခင္းျဖစ္သည္။

အဆုိပါ ေၾကငွာခ်က္တြင္ UNA ၏ ေလးစားမႈမရွိေသာ ဆက္ဆံပံုေၾကာင့္ ဆက္ဆံေရး ျဖတ္ေတာက္ရျခင္း ျဖစ္သည္ဟု ေၾကဌာခ်က္တြင္ ေဖာ္ျပခဲ့သည္။ သုိ႔ေသာ္ ANP ပါတီတြင္း လုပ္ပုိင္ခြင့္အာဏာႏွင့္ ေနရာမ်ားေၾကာင့္ ျဖစ္ဖြယ္ရွိသည္ဟု ေလ့လာသူမ်ားက ယူဆၾကသည္။ ANP ပါတီတြင္းတြင္ RNDP ေဟာင္းမ်ားက ပုိမုိလႊမ္းမုိးမႈ ရွိသည္ဟု အမ်ားက ႐ႈျမင္ၾကသည္။

ပါတီအတြင္း RNDP ေဟာင္းမ်ားက လႊမ္းမုိးမႈရွိေနသည့္ အေျခအေနကုိ စိန္ေခၚမႈ ျဖစ္ေစသည့္ အျဖစ္အပ်က္ ၂ ခု ျဖစ္ေပၚခဲ့သည္။ ပထမတစ္ခုမွာ ပါတီက ျပည္နယ္အတြင္း ေနရာ အမ်ားအျပား အႏုိင္ရခဲ့ေသာ္လည္း ပါတီဥကၠ႒ျဖစ္သူ RNDP ေခါင္းေဆာင္ေဟာင္း ေဒါက္တာေအးေမာင္မွာ ယင္း၏ မဲဆႏၵနယ္တြင္ ႐ံႈးနိမ့္ခဲ့ျခင္း ျဖစ္သည္။ ဒုတိယ အျဖစ္အပ်က္မွာ NLD လႊမ္းမုိးထားသည့္ အမ်ဳိးသားလႊတ္ေတာ္၏ ဒုတိယ ဥကၠ႒အျဖစ္ ALD ေခါင္းေဆာင္ေဟာင္းျဖစ္သူ ANP မွ ဦးေအးသာေအာင္ကုိ NLD က ခန္႔အပ္ခဲ့ျခင္း ျဖစ္သည္။ ANP က ရခုိင္ျပည္နယ္အစုိးရအဖြဲ႕ ဖြဲ႕စည္းခြင့္မရပါက NLD ႏွင့္ ပူးေပါင္းေဆာင္ရြက္မည္ မဟုတ္ဟု ေၾကဌာခ်က္ထုတ္ျပန္ခဲ့သည္။

ထုိျဖစ္ရပ္ႏွစ္ခုက ANP ပါတီအတြင္း ALD ေဟာင္းမ်ား၏ အခန္းက႑ကုိ ျမင့္မားလာေစၿပီး အျငင္းပြားမႈအခ်ဳိ႕ ျဖစ္ေပၚေစခဲ့သည္။ ေလ့လာသူအခ်ဳိ႕၏ အဆုိအရ ANP က UNA ႏွင့္ ဆက္ဆံေရး ျဖတ္ေတာက္ခဲ့ျခင္းမွာ UNA ႏွင့္ နီးစပ္ဆဲ ျဖစ္သည့္ ဦးေအးသာေအာင္၏ အခန္းက႑အား ေလွ်ာ့ခ်ရန္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္ဟု ပါတီႏွင့္ နီးစပ္သူမ်ားက ဆုိသည္။ ဦးေအးသာေအာင္အား အမ်ဳိးသား လႊတ္ေတာ္ ဒုတိယဥကၠ႒အျဖစ္ ေရြးခ်ယ္ရာတြင္ NLD က ANP ကုိ ႀကဳိတင္တုိင္ပင္ျခင္း မရွိဟု သိရသည္။

ANP ကုိ မတုိင္ပင္ဘဲ ယင္း၏ ပါတီ၀င္တစ္ဦးကုိ NLD က အမ်ဳိးသား လႊတ္ေတာ္ ဒုဥကၠ႒ ေရြးခ်ယ္ျခင္းမွာ က်ဴးေက်ာ္ရာေရာက္ၿပီး ပါတီတြင္ အျငင္းပြားမႈ ျဖစ္ေပၚေစကာ NLD ႏွင့္ ဆက္ဆံေရးကုိ ထိခုိက္ေစသည္ဟု ပါတီဥကၠဌျဖစ္သူ ဦးေအးေမာင္က ေျပာၾကားခဲ့သည္။ ရခုိင္ျပည္နယ္ အစုိးရအဖြဲ႕တြင္ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေနရာႏွင့္ ဦးေဆာင္ဖြဲ႕စည္းခြင့္ကုိ ျပည္နယ္တြင္း အမ်ားဆံုး အႏုိင္ရထားသူ ျဖစ္သျဖင့္ ထုိက္တန္သည့္ ေတာင္းဆုိမႈဟု ANP က ယံုၾကည္ထားသည္။

ဦးေအးသာေအာင္ကုိလည္း UNA ႏွင့္ ကင္းကင္းရွင္းရွင္းေနရန္ ANP ပါတီက သတိေပးထားသည္။ အကယ္၍ ဦးေအးသာေအာင္သည္ UNA ႏွင့္ ဆက္ဆံမႈ ဆက္လက္ျပဳလုပ္ေနပါက ပါတီက အေရးယူမည္ဟု ANP ပါတီ၏ ေျပာခြင့္ရ ဗဟုိအမႈေဆာင္ ဦးထြန္းေအာင္ေက်ာ္က ေျပာၾကားခဲ့သည္။

သတင္း - ခုိင္စုိးႏုိင္
The Ladies News
...........
 ရခိုင်အမျိုးသားပါတီတွင်း ပဋိပက္ခများရှိနေပြီး နှစ်ပိုင်းကွဲမည့် အခြေအနေနှင့် ကြုံတွေ့နေရဟု ဆို


ရခိုင်ပြည်နယ် လွှတ်တော်အတွက် အမတ်နေရာ အများဆုံး အနိုင်ရရှိထားသဖြင့် ပြည်နယ်အစိုးရ ဦးဆောင်ဖွဲ့စည်းခွင့် တောင်းဆိုနေသည့် ရခိုင်အမျိုးသားပါတီ (ANP) သည် ပါတီတွင်း ပဋိပက္ခများရှိနေပြီး နှစ်ပိုင်းကွဲမည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ဆိုသည်။ ANP ပါတီဌာနချုပ်၌ ပြုလုပ်ခဲ့သည့် ၂ ရက်ကြာ တံခါးပိတ် အစည်းအဝေးအပြီးတွင် ပါတီသည် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ဆက်ဆံရေး ဖြတ်တောက်လိုက်ကြောင်း က ကြေညာခဲ့သည်။

UNA နှင့် ဆက်ဆံရေး ဖြတ်တောက်သည့် ပါတီ၏ ဆုံးဖြတ်ချက်ကို ပါတီဝင်အချို့က ကန့်ကွက်ခဲ့သော်လည်း ပြန်လည်သုံးသပ် ပြင်ဆင်မည်မဟုတ် သိရသည်။ ANP သည် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (RNDP) နှင့် UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ လွန်ခဲ့သော ၂ နှစ်က ပူးပေါင်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြေငှာချက်တွင် UNA ၏ လေးစားမှုမရှိသော ဆက်ဆံပုံကြောင့် ဆက်ဆံရေး ဖြတ်တောက်ရခြင်း ဖြစ်သည်ဟု ကြေဌာချက်တွင် ဖော်ပြခဲ့သည်။ သို့သော် ANP ပါတီတွင်း လုပ်ပိုင်ခွင့်အာဏာနှင့် နေရာများကြောင့် ဖြစ်ဖွယ်ရှိသည်ဟု လေ့လာသူများက ယူဆကြသည်။ ANP ပါတီတွင်းတွင် RNDP ဟောင်းများက ပိုမိုလွှမ်းမိုးမှု ရှိသည်ဟု အများက ရှုမြင်ကြသည်။

ပါတီအတွင်း RNDP ဟောင်းများက လွှမ်းမိုးမှုရှိနေသည့် အခြေအနေကို စိန်ခေါ်မှု ဖြစ်စေသည့် အဖြစ်အပျက် ၂ ခု ဖြစ်ပေါ်ခဲ့သည်။ ပထမတစ်ခုမှာ ပါတီက ပြည်နယ်အတွင်း နေရာ အများအပြား အနိုင်ရခဲ့သော်လည်း ပါတီဥက္ကဋ္ဌဖြစ်သူ RNDP ခေါင်းဆောင်ဟောင်း ဒေါက်တာအေးမောင်မှာ ယင်း၏ မဲဆန္ဒနယ်တွင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယ အဖြစ်အပျက်မှာ NLD လွှမ်းမိုးထားသည့် အမျိုးသားလွှတ်တော်၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် ALD ခေါင်းဆောင်ဟောင်းဖြစ်သူ ANP မှ ဦးအေးသာအောင်ကို NLD က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ANP က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခွင့်မရပါက NLD နှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ဟု ကြေဌာချက်ထုတ်ပြန်ခဲ့သည်။

ထိုဖြစ်ရပ်နှစ်ခုက ANP ပါတီအတွင်း ALD ဟောင်းများ၏ အခန်းကဏ္ဍကို မြင့်မားလာစေပြီး အငြင်းပွားမှုအချို့ ဖြစ်ပေါ်စေခဲ့သည်။ လေ့လာသူအချို့၏ အဆိုအရ ANP က UNA နှင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့ခြင်းမှာ UNA နှင့် နီးစပ်ဆဲ ဖြစ်သည့် ဦးအေးသာအောင်၏ အခန်းကဏ္ဍအား လျှော့ချရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပါတီနှင့် နီးစပ်သူများက ဆိုသည်။ ဦးအေးသာအောင်အား အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ရာတွင် NLD က ANP ကို ကြိုတင်တိုင်ပင်ခြင်း မရှိဟု သိရသည်။

ANP ကို မတိုင်ပင်ဘဲ ယင်း၏ ပါတီဝင်တစ်ဦးကို NLD က အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌ ရွေးချယ်ခြင်းမှာ ကျူးကျော်ရာရောက်ပြီး ပါတီတွင် အငြင်းပွားမှု ဖြစ်ပေါ်စေကာ NLD နှင့် ဆက်ဆံရေးကို ထိခိုက်စေသည်ဟု ပါတီဥက္ကဌဖြစ်သူ ဦးအေးမောင်က ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ပြည်နယ်ဝန်ကြီးချုပ် နေရာနှင့် ဦးဆောင်ဖွဲ့စည်းခွင့်ကို ပြည်နယ်တွင်း အများဆုံး အနိုင်ရထားသူ ဖြစ်သဖြင့် ထိုက်တန်သည့် တောင်းဆိုမှုဟု ANP က ယုံကြည်ထားသည်။

ဦးအေးသာအောင်ကိုလည်း UNA နှင့် ကင်းကင်းရှင်းရှင်းနေရန် ANP ပါတီက သတိပေးထားသည်။ အကယ်၍ ဦးအေးသာအောင်သည် UNA နှင့် ဆက်ဆံမှု ဆက်လက်ပြုလုပ်နေပါက ပါတီက အရေးယူမည်ဟု ANP ပါတီ၏ ပြောခွင့်ရ ဗဟိုအမှုဆောင် ဦးထွန်းအောင်ကျော်က ပြောကြားခဲ့သည်။

သတင်း - ခိုင်စိုးနိုင်
The Ladies News
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)