Friday, February 19, 2016
တာခ်ီလိတ္၌ ဇနီးျဖစ္သူမွ ခင္ပြန္းျဖစ္သူအား ဓားျဖင့္ထိုးရာ ခင္ပြန္းေသဆံုး
တာခ်ီလိတ္ၿမိဳ႕ ဟိုတယ္တစ္ခု၏ ကာရာအိုေကခန္းထဲတြင္ ဇနီးျဖစ္သူမွ ခင္ပြန္းျဖစ္သူအား ဓားျဖင့္ထိုးမႈ ျဖစ္ပြားခဲ့ၿပီး ခင္ပြန္းျဖစ္သူမွာ ေဆးရံုအေရာက္တြင္ ေသဆံုးသြားေၾကာင္း သိရသည္။
ေဖေဖာ္၀ါရီလ (၁၉)ရက္ေန႔ မနက္ (၂)နာရီခြဲ၀န္းက်င္က တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ရွိ 1G1 ဟိုတယ္၌ ဖြင့္လွစ္ထားသည့္ ကာရာအိုေက အခန္းထဲတြင္ ခင္ပြန္းျဖစ္သူ ဦးအားဂါ သီခ်င္းဆိုေနစဥ္ လင္မယားအခ်င္းခ်င္း စကားမ်ား ရန္ျဖစ္ရာမွ ဇနီးျဖစ္သူက စိတ္မထိန္းႏိုင္ဘဲ ခင္ပြန္းျဖစ္သူ ဦးအားဂါ၏ ၀ဲဘက္ရင္အုံအား ဓားျဖင့္ထိုးခဲ့ၿပီး မိမိတြင္ပါလာေသာ ေမာ္ေတာ္ကားျဖင့္ ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။
ဓားျဖင့္ထိုးခံရသူ ဦးအားဂါသည္ ေဆးရံုအေရာက္တြင္ ေသဆံုးသြားေၾကာင္းႏွင့္ ၎တို႔တြင္ (၂)ႏွစ္အရြယ္ သားတစ္ဦးရွိၿပီး တရားခံျဖစ္သူ မအားတီအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ (ပ)၃၇/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ထားရွိၿပီး အျမန္ဆံုး ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ထားရွိေၾကာင္းသိရသည္။
Tachileik News Agency
http://www.tachileik.net
........
တာချီလိတ်မြို့ ဟိုတယ်တစ်ခု၏ ကာရာအိုကေခန်းထဲတွင် ဇနီးဖြစ်သူမှ ခင်ပွန်းဖြစ်သူအား ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့ပြီး ခင်ပွန်းဖြစ်သူမှာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၁၉)ရက်နေ့ မနက် (၂)နာရီခွဲဝန်းကျင်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ 1G1 ဟိုတယ်၌ ဖွင့်လှစ်ထားသည့် ကာရာအိုကေ အခန်းထဲတွင် ခင်ပွန်းဖြစ်သူ ဦးအားဂါ သီချင်းဆိုနေစဉ် လင်မယားအချင်းချင်း စကားများ ရန်ဖြစ်ရာမှ ဇနီးဖြစ်သူက စိတ်မထိန်းနိုင်ဘဲ ခင်ပွန်းဖြစ်သူ ဦးအားဂါ၏ ၀ဲဘက်ရင်အုံအား ဓားဖြင့်ထိုးခဲ့ပြီး မိမိတွင်ပါလာသော မော်တော်ကားဖြင့် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
ဓားဖြင့်ထိုးခံရသူ ဦးအားဂါသည် ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်းနှင့် ၎င်းတို့တွင် (၂)နှစ်အရွယ် သားတစ်ဦးရှိပြီး တရားခံဖြစ်သူ မအားတီအား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၃၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားရှိပြီး အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ထားရှိကြောင်းသိရသည်။
Tachileik News Agency
http://www.tachileik.net
တာခ်ီလိတ္၌ ဇနီးျဖစ္သူမွ ခင္ပြန္းျဖစ္သူအား ဓားျဖင့္ထိုးရာ ခင္ပြန္းေသဆံုး
Reviewed by MP4 YoU
on
February 19, 2016
Rating: 5

Subscribe to:
Post Comments (Atom)