ပဲခူးမြို့ စိန်သာလျှောင်းဘုရားလမ်းတွင် လူသတ်မှု ဖြစ်ပွား









အခင်းဖြစ်ရပ် ပါတ်ဝန်းကျင်ရှိ မြင်/သိသက်သေများ ရှာဖွေစုံစမ်းပြီး သတင်းစုံစမ်း ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်သူမှာ နန်းတော်ရာ ရပ်ကွက်အင်းဝင်(၁၄)နေထိုင်သူ ကျော်ကြီး(ခ)ကျော်ဇေထိုက်ဆို သူဖြစ်ကြောင်းသိရ၍ ၎င်းနေထိုင်ရာအိမ်သို့ စခန်းမှူးဒုရဲမှူးစိုပိုင်နှင့် ရဲတပ်ဖွဲ့ ဝင်များဖမ်းဆီးရန် ဆောင်ရွက်နေစဉ်အတွင်း ပဲခူးမြို့ ဥာဏဗလဆရာတော်ကိုယ်တိုင် ကျော်ကြီး(ခ)ကျော်ဇေထိုက်အား ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သောစကေဘာနှင့်အတူ လာရောက်ပို့ အပ်ခဲ့၍ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိကာ သေဆုံးသူကိုပေ(ခ)ကျော်ဆန်းဦး၏ ဇနီးဖြစ်သူမှ အရေးယူပေးပါရန် တရားလိုပြု တိုင်တန်းချက်အရ ပဲခူးမြို့မရဲစခန်း(ပ)၁၃၁/၂၀၁၆ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၃၀၂ဖြင့် အမှုအားရေးဖွင့်၍ ပဲခူးမြို့မစခန်းမှူးဒုရဲမှူးစိုးပိုင်မှအမှုအား ဆက်လက် ဆောင်ရွက်နေကြောင်း သိရပါသည်

သတင်း - ဓါတ်ပုံ ။ ။ ဇော်ရှင်း (facebook)
..........


ဖေဖေါ်ဝါရီ ၂၁ရက်နေ ့ နေ ့လည်ဝ၂းဝဝ အချိန်ခန် ့က ပဲခူးမြို  ့ ကတွင်းခြံကျေးရွာအုပ်စု တောင်သူစုကျေးရွာအပိုင်အတွင်းရှိ စိန်သာလျှောင်းဘုရားလမ်းတွင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ လူသတ်မှုအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးရာမှာ စိန်သာလျှောင်းဘုရားလမ်း ယာဘက်ခြမ်း လမ်းဘေးချိုင်းအတွင်း အမျိုးသားတစ်ဦး ယာဘက်ရင်အုံတွင် ထိုးသွင်းရာ တစ်ချက်ဖြင့် လဲကျသေဆုံးနေသည်ကို တွေ ့ရသည်။


စုံစမ်းစစ်ဆေးချက်အရ သေဆုံးသူမှာ ကိုပေ(ခ)ကျော်ဆန်းဦး(၄၃)နှစ် (ဘ) ဦးအောင်ကြည် တောင်သူစုကျေးရွာနေသူ ဖြစ်ကြောင်းသိရပြီး စခန်းမှူ း ဒုရဲမှူ းစိုးပိုင်နှင့် အဖွဲ ့သည် အခင်းဖြစ်ရပ် ပတ်ဝန်ကျင်ရှိ သက်မဲ့သက်သေများ ရှာဖွေစစ်ဆေးခြင်း မြေပုံကြမ်းရေးဆွဲခြင်း မှတ်တမ်းဓါတ်ပုံများ ရိုက်ခြင်းတို့ကို ဆောင်ရွက်ပြီး သေဆုံးသူကိုပေ(ခ)ကျော်ဆန်းဦး၏ အလောင်းကို ဆေးစစ်ချက်ရယူနိုင်ရန် ရဲဆေးစာနှင့်အတူ ပဲခူးပြည်သူ့ဆေးရုံကြီးသို ့ လူမှုအသင်းအဖွဲ ့ကား အကူအညီဖြင့် ပို ့ဆောင်ပေးခဲ့သည်။


အခင်းဖြစ်ရပ် ပါတ်ဝန်းကျင်ရှိ မြင်/သိသက်သေများ ရှာဖွေစုံစမ်းပြီး သတင်းစုံစမ်း ပေါ်ပေါက်ချက်များအရ ပြစ်မှုကျူးလွန်သူမှာ နန်းတော်ရာ ရပ်ကွက်အင်းဝင်(၁၄)နေထိုင်သူ ကျော်ကြီး(ခ)ကျော်ဇေထိုက်ဆို သူဖြစ်ကြောင်းသိရ၍ ၎င်းနေထိုင်ရာအိမ်သို့ စခန်းမှူးဒုရဲမှူးစိုပိုင်နှင့် ရဲတပ်ဖွဲ ့ဝင်များဖမ်းဆီးရန် ဆောင်ရွက်နေစဉ်အတွင်း ပဲခူးမြိ့ု ဉာဏဗလဆရာတော်ကိုယ်တိုင် ကျော်ကြီး(ခ)ကျော်ဇေထိုက်အား ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သောစကေဘာနှင့်အတူ လာရောက်ပို ့အပ်ခဲ့၍ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိကာ သေဆုံးသူကိုပေ(ခ)ကျော်ဆန်းဦး၏ ဇနီးဖြစ်သူမှ အရေးယူပေးပါရန် တရားလိုပြု တိုင်တန်းချက်အရ ပဲခူးမြိ့ုမရဲစခန်း(ပ)၁၃၁/၂၀၁၆ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၃၀၂ဖြင့် အမှုအားရေးဖွင့်၍ ပဲခူးမြိ့ုမစခန်းမှူးဒုရဲမှူးစိုးပိုင်မှအမှုအား ဆက်လက် ဆောင်ရွက်နေကြောင်း သိရပါသည်

သတင်း - ဓါတ်ပုံ ။ ။ ဇော်ရှင်း (facebook)
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)