အ႐ွိန္မထိန္းႏိုင္သည့္ယာဥ္ လမ္းေဘးထိုးက် သစ္ပင္ျဖင့္ တိုက္မိ၍ ယာဥ္ေမာင္းေသဆံုး (အရှိန်မထိန်းနိုင်သည့်ယာဉ် လမ်းဘေးထိုးကျ သစ်ပင်ဖြင့် တိုက်မိ၍ ယာဉ်မောင်းသေဆုံး )



ေက်ာင္းကုန္း မတ္ ၁

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခ႐ိုင္၊ ေက်ာင္းကုန္းၿမိဳ႕နယ္၊ ကညင္သံုးဆင့္ေက်းရြာအုပ္စု၊ ေညာင္ဝိုင္းေက်းရြာ တြင္ အ႐ွိန္မထိန္းႏိုင္သည့္ယာဥ္ လမ္းေဘးထိုးက်မႈ ျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ မတ္လ ၁ ရက္ေန႔ နံနက္ (၀၆း၃၀)နာရီ အခ်ိန္ခန္႔ ရန္ကုန္-ပုသိမ္ကားလမ္း မိုင္တိုင္အမွတ္ ၆၃/၃ ႏွင့္၆၃/၄ ၾကား ေညာင္ဝိုင္းရြာ တြင္ ေဒၚၾကဴၾကဴ (၅၀)ႏွစ္(ဘ)ဦးနီေအာင္ ပန္းပဲတန္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ေန သူ ေမာင္းႏွင္ၿပီး၊ ဦးဝမ္(၆၄)ႏွစ္(ဘ) ဦးစစ္ဝါး ပန္းပဲတန္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕ေနသူ လိုက္ပါစီးနင္းလာသည့္ 9X/---------အျဖဴေရာင္ေမာ္ေတာ္ ယာဥ္သည္ ရန္ကုန္ဘက္မွပုသိမ္ဘက္သို႔ ေမာင္းႏွင္လာစဥ္ အ႐ွိန္မထိန္းႏိုင္ပဲ လမ္း၏ယာဘက္ျခမ္းသို႔ ထိုးက်ကာ လမ္းေဘး႐ွိ မေလး႐ွားပိေတာက္ပင္ႏွင့္ တိုက္မိၿပီး ယာဥ္ေမာင္းသူ ေဒၚၾကဴၾကဴတြင္ ဒဏ္ရာမ်ား ျပင္းထန္စြာ ရ႐ွိၿပီး ေဆးရံုသို႔ပို႔ေဆာင္စဥ္ ေသဆံုးသြားခဲ့သည္။

 ဦးဝမ္တြင္ မစိုးရိမ္ရသည့္ ဒဏ္ရာရ႐ွိသျဖင့္ ယာဥ္မဆင္မျခင္ ေမာင္းႏွင္ျခင္းျဖင့္ လူကို ထိခိုက္ေသေစသူ ယာဥ္ေမာင္းေဒၚၾကဴၾကဴအား ေက်ာင္းကုန္းၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ ေဇာ္မင္းသိန္းက တရားလိုျပဳလုပ္၍ အမႈဖြင့္အေရးယူေဆာင္ရြက္ထားေၾကာင္း သတင္းရရွိသည္။

ဝင္းႀကိဳင္(ျပန္/ဆက္)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
..............
 ရေခဲသေတ္တာအပူလွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင်

ကျောင်းကုန်း မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကညင်သုံးဆင့်ကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ တွင် အရှိန်မထိန်းနိုင်သည့်ယာဉ် လမ်းဘေးထိုးကျမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မတ်လ ၁ ရက်နေ့ နံနက် (၀၆း၃၀)နာရီ အချိန်ခန့် ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၆၃/၃ နှင့်၆၃/၄ ကြား ညောင်ဝိုင်းရွာ တွင် ဒေါ်ကြူကြူ (၅၀)နှစ်(ဘ)ဦးနီအောင် ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့နေ သူ မောင်းနှင်ပြီး၊ ဦးဝမ်(၆၄)နှစ်(ဘ) ဦးစစ်ဝါး ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့နေသူ လိုက်ပါစီးနင်းလာသည့် 9X/---------အဖြူရောင်မော်တော် ယာဉ်သည် ရန်ကုန်ဘက်မှပုသိမ်ဘက်သို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ပဲ လမ်း၏ယာဘက်ခြမ်းသို့ ထိုးကျကာ လမ်းဘေးရှိ မလေးရှားပိတောက်ပင်နှင့် တိုက်မိပြီး ယာဉ်မောင်းသူ ဒေါ်ကြူကြူတွင် ဒဏ်ရာများ ပြင်းထန်စွာ ရရှိပြီး ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်။

 ဦးဝမ်တွင် မစိုးရိမ်ရသည့် ဒဏ်ရာရရှိသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်ခြင်းဖြင့် လူကို ထိခိုက်သေစေသူ ယာဉ်မောင်းဒေါ်ကြူကြူအား ကျောင်းကုန်းမြို့မရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းသိန်းက တရားလိုပြုလုပ်၍ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

ဝင်းကြိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/မှုဖြစ်ပွား 
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)