ANP မွ လႊတ္ေတာ္ ဥကၠ႒၊ ဒုဥကၠ႒ တင္ေျမာက္ခံရျခင္း အေပၚ NLD ျပည္နယ္ လႊတ္ေတာ္အမတ္မ်ားၾကိဳဆို

8 February 2016


နိရဥၥရာ၊ ေဖေဖာ္၀ါရီ ၈

ရခိုင္အမ်ိဳးသားပါတီမွ ရခိုင္ျပည္နယ္ လႊတ္ေတာ္တြင္ လႊတ္ေတာ္ ဥကၠ႒ႏွင့္ ဒု ဥကၠ႒ ေရြးခ်ယ ္တင္ေျမာက္ခံရျခင္း အေပၚ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ျပည္နယ္ လႊတ္ေတာ္အမတ္မ်ားက ၾကိဳဆိုလိုက္သည္။

“ကၽြန္ေတာ္တို႕က ၾကိဳဆိုပါတယ္။ ခုလို ျပည္နယ္ လႊတ္ေတာ္မွာ ANP လႊတ္ေတာ္ကိုယ္စားလွယ္ ဥကၠ႒၊ ဒုဥကၠ႒ တင္သြင္း တဲ့အေပၚမွာ ကုိယ့္လူမ်ိဳးအခ်င္းခ်င္း ဘာမွ ကန္႕ကြက္စရာ မရွိပါဘူး။ ANP က တင္ေတာ့ ကၽြန္ေတာ္တို႕ဘက္က တင္စရာမလိုေတာ့တဲ့ အတြက္ မတင္တာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႕ လႊတ္ေတာ္ကိုယ္စားလွယ္ ၉ ဦးစလံုးက ၀မ္းသာစြာနဲ႕ၾကိဳဆိုပါတယ္” ဟု NLD ဗဟုိေကာ္မတီ၀င္ ေတာင္ကုတ္အမွတ္ (၂) ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းေအာင္က နိရဥၥရာသို႕ ေျပာဆိုသည္။

ရခိုင္ျပည္နယ္ လႊတ္ေတာ္တြင္ ရခိုင္အမ်ိဳးသား ပါတီက ၂၂ ေနရာ၊ အမ်ိဳးသား ဒီမုိကေရစီအဖြဲ႕ခ်ဳပ္က ၉ ေနရာ၊ ျပည္ခိုင္ျဖိဳးက ၃ ေနရာႏွင့္ ခ်င္းေရးရာ လႊတ္ေတာ္ကိုယ္စားလွယ္ ၁ ေနရာ၊ တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္က ၁၂ ေနရာ ရရွိထားသည္။

ဒုတိယ အၾကိမ္ လႊတ္ေတာ္သက္တမ္း ပထမဆံုးေန႕ လႊတ္ေတာ္ကို ယေန႕ ေဖေဖာ္၀ါရီ ၈ ရက္ေန႕ စတင္က်င္းပရာ ရခိုင္အမ်ိဳးသားပါတီမွ ပု႑ားကၽြန္းျမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစံေက်ာ္လွအား လႊတ္ေတာ္ ဥကၠ႒ အျဖစ္လည္းေကာင္း၊ ရခိုင္အမ်ိဳးသား ပါတီ ရေသ့ေတာင္ျမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဖိုးမင္းအား ဒုဥကၠ႒ အျဖစ္လည္းေကာင္း တင္ေျမာက္ခဲ့ၾကသည္။

“ ကၽြန္ေတာ္ကို လႊတ္ေတာ္ ဥကၠ႒ အျဖစ္ အဆိုျပဳ တင္သြင္း သူက ေက်ာက္ေတာ္ျမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ ျဖစ္ပါတယ္။ ျပိဳင္ဆိုင္တင္တဲ့သူ မရွိသလို ကန္႕ကြက္တာလဲ မရွိတဲ့ အတြက္ ကၽြန္ေတာ္ဘဲ တင္ေျမာက္ခံရတာ ျဖစ္ပါတယ္။ ဒုဥကၠ႒ အျဖစ္တင္ေျမာက္ခံရသူကေတာ့ ဦးဖိုးမင္း ျဖစ္ပါတယ္” ဟု ဦးစံေက်ာ္လွက နိရဥၥရာသို႕ ေျပာသည္။

ရခိုင္ျပည္နယ္ လႊတ္ေတာ္ ဥကၠ႒ အျဖစ္ တင္ေျမာက္ခံရသျဖင့္ တာ၀န္ၾကီး တစ္ခု ပခံုးေပၚသို႕ က်ေရာက္လာသည္ဟု ခံစားမိျပီး ရခိုင္ျပည္နယ္ အက်ိဳး၊ ျပည္ေထာင္စု၏ အက်ိဳးကို အတတ္ႏိုင္ဆံုး ထမ္းရြက္သယ္ပိုးသြားမည္ ျဖစ္ေၾကာင္း ဦးစံေက်ာ္လွက ေျပာၾကားသည္။

Arakan State
https://www.facebook.com/NarinjaraNews

..............................................................

ANP မှ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တင်မြောက်ခံရခြင်း အပေါ် NLD ပြည်နယ် လွှတ်တော်အမတ်များကြိုဆို
8 February 2016 
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၈

ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ် လွှတ်တော်တွင် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒု ဥက္ကဋ္ဌ ရွေးချယ ်တင်မြောက်ခံရခြင်း အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြည်နယ် လွှတ်တော်အမတ်များက ကြိုဆိုလိုက်သည်။

“ကျွန်တော်တို့က ကြိုဆိုပါတယ်။ ခုလို ပြည်နယ် လွှတ်တော်မှာ ANP လွှတ်တော်ကိုယ်စားလှယ် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တင်သွင်း တဲ့အပေါ်မှာ ကိုယ့်လူမျိုးအချင်းချင်း ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ ANP က တင်တော့ ကျွန်တော်တို့ဘက်က တင်စရာမလိုတော့တဲ့ အတွက် မတင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ၉ ဦးစလုံးက ၀မ်းသာစွာနဲ့ကြိုဆိုပါတယ်” ဟု NLD ဗဟိုကော်မတီဝင် တောင်ကုတ်အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က နိရဥ္စရာသို့ ပြောဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် ရခိုင်အမျိုးသား ပါတီက ၂၂ နေရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာ၊ ပြည်ခိုင်ဖြိုးက ၃ နေရာနှင့် ချင်းရေးရာ လွှတ်တော်ကိုယ်စားလှယ် ၁ နေရာ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ၁၂ နေရာ ရရှိထားသည်။

ဒုတိယ အကြိမ် လွှတ်တော်သက်တမ်း ပထမဆုံးနေ့ လွှတ်တော်ကို ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ စတင်ကျင်းပရာ ရခိုင်အမျိုးသားပါတီမှ ပုဏ္ဍားကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်လှအား လွှတ်တော် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ရခိုင်အမျိုးသား ပါတီ ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးမင်းအား ဒုဥက္ကဋ္ဌ အဖြစ်လည်းကောင်း တင်မြောက်ခဲ့ကြသည်။

“ ကျွန်တော်ကို လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အဆိုပြု တင်သွင်း သူက ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် ဖြစ်ပါတယ်။ ပြိုင်ဆိုင်တင်တဲ့သူ မရှိသလို ကန့်ကွက်တာလဲ မရှိတဲ့ အတွက် ကျွန်တော်ဘဲ တင်မြောက်ခံရတာ ဖြစ်ပါတယ်။ ဒုဥက္ကဋ္ဌ အဖြစ်တင်မြောက်ခံရသူကတော့ ဦးဖိုးမင်း ဖြစ်ပါတယ်” ဟု ဦးစံကျော်လှက နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တင်မြောက်ခံရသဖြင့် တာဝန်ကြီး တစ်ခု ပခုံးပေါ်သို့ ကျရောက်လာသည်ဟု ခံစားမိပြီး ရခိုင်ပြည်နယ် အကျိုး၊ ပြည်ထောင်စု၏ အကျိုးကို အတတ်နိုင်ဆုံး ထမ်းရွက်သယ်ပိုးသွားမည် ဖြစ်ကြောင်း ဦးစံကျော်လှက ပြောကြားသည်။

Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)