ဖိႏွိပ္တဲ့ဥပေဒေတြ ပယ္ဖ်က္ေပးဖို႔ ျမန္မာကို AI တိုက္တြန္း


မၾကာမီ သက္တမ္းကုန္ဆုံးေတာ့မယ့္ ျမန္မာအစုိးရလက္ထက္ အတြင္း ႏုိင္ငံေရး အက်ဥ္းသားေတြကုိ ဆက္လက္ ဖမ္းဆီးထားတဲ့ ကိစၥအပါအ၀င္ တျခားဖိႏွိပ္ခ်ဳပ္ျခယ္တဲ့ ဥပေဒေတြ ရွိေနေသးတဲ့အေပၚနဲ႔ စစ္ျဖစ္ေနတဲ့ ေဒသေတြမွာ အျပစ္မဲ့ အရပ္သားျပည္သူေတြ အသက္ဆုံး႐ႈံးေနရတဲ့ ျဖစ္ရပ္ေတြအေပၚ Amnesty International ႏုိင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ အဖြဲ႔ႀကီးအေနနဲ႔ စုိးရိမ္ပူပန္ေၾကာင္း ေဖေဖာ္၀ါရီလ ၂၄ ရက္ေန႔က ထုတ္ျပန္တဲ့ ႏွစ္ပတ္လည္ လူ႔အခြင့္အေရး အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ျမန္မာ့အေရး ေလ့လာသူေတြကလည္း အဲဒီလုိ ဖိႏွိပ္ခ်ဳပ္ျခယ္တဲ့ ဥပေဒေတြ မရွိသင့္ေတာ့ဘူးလုိ႔ ေထာက္ျပၾကပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္၀င္းလႈိင္က စုစည္းတင္ျပေပးထားပါတယ္။

၂၀၁၅ ခုႏွစ္အတြင္း ျမန္မာႏုိင္ငံရဲ႕ လူ႔အခြင့္အေရး အေျခအေနဟာ ေယဘုယ်အားျဖင့္ က႑အသီးသီးမွာ တုိးတက္မႈ မရွိခဲ့ဘူးလုိ႔ Amnesty International ႏုိင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ႀကီးက ၂၀၁၅ ခုႏွစ္အတြက္ ထုတ္ျပန္တဲ့ ႏွစ္ပတ္လည္ လူ႔အခြင့္အေရး အစီရင္ခံမွာ ေဖာ္ျပထားတာပါ။

အထူးသျဖင့္ေတာ့ ႏုိင္ငံေရးအက်ဥ္းသားေတြကုိ ဆက္လက္ ဖမ္းဆီးထားတဲ့ကိစၥနဲ႔ လြတ္လပ္စြာ ေျပာဆုိခြင့္ေတြ ပိတ္ပင္ခံထားရမႈေတြ ျဖစ္ေပၚေနတဲ့အေပၚ စုိးရိမ္ပူပန္ေၾကာင္း AI အဖြဲ႔ရဲ႕ အာရွေရးရာ ညြန္ၾကားေရးမွဴး T Kumar က ေျပာပါတယ္။

“မိမိရဲ႕ ယုံၾကည္ခ်က္ေၾကာင့္ ၿငိမ္းခ်မ္းစြာ ႏုိင္ငံေရးလႈပ္ရွားၾကသူေတြကုိ ဆက္လက္ ဖမ္းဆီးထားတဲ့အေပၚ ႏုိင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ အဖြဲ႔ႀကီးအေနနဲ႔ စုိးရိမ္မိပါတယ္။ က်ေနာ္တုိ႔အဖြဲ႔က တျခား စုိးရိမ္မိတဲ့ အခ်က္ေတြကေတာ့ ဖိႏွိပ္ခ်ဳပ္ျခယ္တဲ့ ဥပေဒေတြ တည္ရွိေနတဲ့ကိစၥ၊ အျပစ္မဲ့ အရပ္သား ျပည္သူလူထုေတြ သတ္ျဖတ္ခံေနရတဲ့ ပဋိပကၡျဖစ္ေနတဲ့ ေဒသေတြက အေျခအေနေတြ၊ ရခုိင္ျပည္နယ္အတြင္းက ႐ုိဟင္ဂ်ာမူဆလင္ေတြရဲ႕ အေျခအေနေတြ ပါ၀င္ပါတယ္။ ဒါေၾကာင့္လည္း ျမန္မာအစုိးရအေနနဲ႔ ဖိႏွိပ္ခ်ဳပ္ျခယ္တဲ့ ဥပေဒေတြကုိ ျပန္လည္ ႐ုပ္သိမ္းေပးဖုိ႔၊ ယုံၾကည္ခ်က္ေၾကာင့္ အက်ဥ္းက်ေနသူေတြကုိ ျပန္လႊတ္ေပးဖုိ႔နဲ႔ ၿငိမ္းခ်မ္းစြာ သေဘာထား ကြဲလြဲသူေတြအတြက္ လမ္းေၾကာင္းေတြ ဖြင့္ေပးဖုိ႔အတြက္ က်ေနာ္တုိ႔ ေတာင္းဆုိပါတယ္။”

ဒါ့အျပင္ သတင္းမီဒီယာေတြအေပၚ ကန္႔သတ္ခ်ဳပ္ျခယ္မႈေတြ ရွိေနတဲ့ကိစၥကုိလည္း AI အဖြဲ႔အေနနဲ႔ စုိးရိမ္ပူပန္ေၾကာင္း၊ သတင္းေထာက္ေတြအေနနဲ႔ တုိင္းျပည္အတြင္း ျဖစ္ေပၚေနတဲ့ သတင္းေတြကုိ လြတ္လပ္စြာ တင္ျပခြင့္ ရွိသင့္ေၾကာင္းလည္း T Kumar က ေျပာပါတယ္။

ေဒါက္တာ စိန္၀င္းဟာ NCGUB ေခၚ အေ၀းေရာက္ ျပည္ေထာင္စု ျမန္မာႏုိင္ငံ အမ်ဳိးသားညႊန္႔ေပါင္းအစုိးရအဖြဲ႔ တည္ရွိစဥ္က ၀န္ႀကီးခ်ဳပ္အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့သူ တဦးျဖစ္သလုိ၊ ၁၉၉၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲမွာ အႏုိင္ရခဲ့တဲ့ လႊတ္ေတာ္အမတ္ေဟာင္းတဦးလည္း ျဖစ္ပါတယ္။ သူက အဲဒီလုိ ဖိႏွိပ္ခ်ယ္တဲ့ ဥပေဒေတြ မရွိသင့္ေတာ့ဘူးလုိ႔ ေထာက္ျပ ေျပာဆုိပါတယ္။

“တကယ္လို႔ AI ကေန ေျပာေနရင္ ဒီလို ဒီလို ျဖစ္ေနတယ္ဆိုရင္ ဒီလို ဒီလို မဟုတ္ပါဘူး။ ဒီလို ဒီလိုပါ ဆုိၿပီးေတာ့ ေျပာဖို႔တာ၀န္ရွိတာက အစိုးရက တာ၀န္ရွိတယ္။ တကယ္တမ္းက်ေတာ့ ဒါေပမဲ့လို႔ အစိုးရက အခုအခ်ိန္မွာ အေျပာင္းအလဲနဲ႔ မသိခ်င္ေယာင္ေဆာင္ေနသလား ဘာလဲေတာ့ မသိဘူးေပါ့ဗ်ာ။ ဆုိေတာ့ က်ေနာ္တုိ႔အျမင္ကေတာ့ လြတ္လပ္စြာေျပာဆုိခြင့္ ကိုယ့္ရဲ႕ယံုၾကည္ခ်က္ကို တင္ျပခြင့္၊ ကိုယ္မႀကိဳက္တဲ့ ဒီဟာကို ကန္႔ကြက္ခြင့္၊ ဒါကို ဘယ္လုိမ်ိဳးေသာ ပုဒ္မေတြတပ္တပ္ အၾကမ္းဖက္တာတို႔ ဖမ္းဆီးတာတုိ႔ဟာ လံုး၀ မျဖစ္သင့္ဘူး။ ဒါ ႏုိင္ငံေရးအက်ဥ္းသားေတြ မ်ားလာတာလည္း ဒီအေၾကာင္းေၾကာင့္ ပါတယ္။ အဲေတာ့ ဒါေတြဟာ ဆင္ျခင္ဖို႔ လိုတယ္လို႔ က်ေနာ္ ေျပာခ်င္ပါတယ္။”

ဒါ့အျပင္ စစ္ျဖစ္ေနတာကုိ အေၾကာင္းျပၿပီး အရပ္သားေတြအေပၚ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ မက်ဴးလြန္မိေအာင္ ေရွာင္ရွားသင့္တယ္လုိ႔လည္း ေဒါက္တာစိန္၀င္းက ေျပာပါတယ္။

“တခုရွိတာကေတာ့ က်ေနာ္တုိ႔ စစ္တိုက္ေနတဲ့အခ်ိန္မွာ အရပ္သားေတြေပါ့ စစ္နဲ႔မပတ္သက္တဲ့ သူေတြအေပၚမွာ အၾကမ္းဖက္မႈေတြ အကုန္လံုးေပါ့ ဒါေတြက ေရွာင္ရမွာ။ စစ္တုိက္လို႔ေပါ့ဗ်ာ က်ဳပ္တို႔က ဒါေတြေတာ့ ခ်ပစ္လုိက္တာပဲ ဒါေတြေတာ့ လုပ္ထည့္လုိက္တာပဲ ဒီလိုေျပာလို႔မရဘူး တကယ္တမ္းက။ အဲေတာ့ စစ္တုိက္လို႔ ဒါေတြ ဒါေတြျဖစ္တာပဲဗ်ာ။ ေအာက္က ငယ္သားကလုပ္လို႔၊ အေပၚက ဒီစစ္ဗိုလ္ကပဲလုပ္လုပ္ အဲ့လိုေျပာတာမ်ိဳးကို က်ေနာ္တုိ႔ လက္ခံလို႔မရဘူး။”

AI အဖြဲ႔ရဲ႕ အာရွေရးရာ ညြန္ၾကားေရးမွဴး T Kumar ကေတာ့ ေနာင္တက္လာမယ့္ အစုိးရသစ္အေနနဲ႔ ယုံၾကည္ခ်က္ေၾကာင့္ အက်ဥ္းခ်ခံထားရသူ အားလုံးကုိ ျပန္လႊတ္ေပးၿပီး ဖိႏွိပ္ခ်ဳပ္ျခယ္တဲ့ ဥပေဒေတြကုိ ႐ုပ္သိမ္းေပးလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။

“မၾကာခင္မွာ တုိင္းျပည္အာဏာကုိ လြဲေျပာင္းရယူေတာ့မယ့္ အစုိးရသစ္အေနနဲ႔ ယုံၾကည္ခ်က္ေၾကာင့္ အက်ဥ္းခ်ခံထားသူ အားလုံးကုိ ႁခြင္းခ်က္မရွိ ျပန္လႊတ္ေပးၿပီး ဖိႏွိပ္ခ်ဳပ္ျခယ္တဲ့ သေဘာသဘာ၀ရွိတဲ့ ဥပေဒေတြ အားလုံးကုိ ျပန္လည္ ႐ုပ္သိမ္းေပးဖုိ႔ က်ေနာ္တုိ႔ ေတာင္းဆုိပါတယ္။ ဒါ့အျပင္ ပဋိပကၡျဖစ္ေနတဲ့ ေဒသေတြမွာ ရွိေနၾကတဲ့ ျပည္သူေတြ ေဘးကင္းလုံၿခံဳမႈရွိၿပီး စားနပ္ရိကၡာနဲ႔ ေနထုိင္စရာေတြ ေထာက္ပံ့ေပးဖုိ႔၊ ႐ုိဟင္ဂ်ာေတြအေပၚ ဖိႏွိပ္မႈေတြ မရွိေတာ့ေအာင္ သူတုိ႔ရဲ႕ကိစၥကုိ အေရးေပၚ အေၾကာင္းရပ္တခုအျဖစ္ အျမန္ဆုံး ကုိင္တြယ္ေျဖရွင္းဖုိ႔အတြက္ ေတာင္းဆုိပါတယ္။”

၂၀၁၅ ခုႏွစ္ကုန္ခ်ိန္မွာ ျမန္မာႏုိင္ငံအတြင္း ႏုိင္ငံေရးအက်ဥ္းသား ၁၁၄ ေယာက္ အက်ဥ္းေထာင္ေတြထဲမွာ ရွိေနဆဲျဖစ္ၿပီး အမ်ဳိးသားပညာေရးဥပေဒကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ကန္႔ကြက္ဆႏၵျပခဲ့တဲ့ ေက်ာင္းသားေခါင္းေဆာင္ေတြနဲ႔ သူတို႔ကို ေထာက္ခံသူေတြ ရာေပါင္းမ်ားစြာ တရားစြဲခံထားရတာကို AI အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြျဖစ္ေစတဲ့ လုပ္ရပ္ေတြကို စီးပြားေရးလုပ္ငန္းေတြက က်ဴးလြန္တာမ်ဳိး မျဖစ္ရေအာင္ အကာအကြယ္ေပးဖို႔ လံုေလာက္တဲ့ တရားဥပေဒ မရွိတာကိုလည္း AI က ေထာက္ျပပါတယ္။

လူေတြကို ေနအိမ္ေတြကေန အတင္းအဓမၼ ဖယ္ရွားတာမ်ဳိးကုိ တားဆီးကန္႔သတ္တဲ့ ဥပေဒမ်ဳိး မရွိဘူးလို႔လည္း AI က ေျပာပါတယ္။ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ သင္းပင္းဖြဲ႔စည္းခြင့္နဲ႔ ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္ေတြကို ကန္႔သတ္တဲ့ ဥပေဒေတြကို ျပန္သံုးသပ္ဖို႔ ၿပီးခဲ့တဲ့ႏွစ္ ႏုိ၀င္ဘာလမွာ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီက အႀကံေပးတာကို ျမန္မာႏုိင္ငံက ပယ္ခ်ခဲ့သလို ႐ိုဟင္ဂ်ာလူနည္းစုေတြ ခြဲျခားဆက္ဆံခံေနရတယ္ဆိုတာကို အသိအမွတ္ျပဳ လက္ခံဖို႔လည္း ျငင္းပယ္ခဲ့တယ္လို႔ AI အဖြဲ႔ရဲ႕ အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။

ကိုုေဇာ္၀င္းလႈိင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
........................


မကြာမီ သက်တမ်းကုန်ဆုံးတော့မယ့် မြန်မာအစိုးရလက်ထက် အတွင်း နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ဖမ်းဆီးထားတဲ့ ကိစ္စအပါအဝင် တခြားဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေ ရှိနေသေးတဲ့အပေါ်နဲ့ စစ်ဖြစ်နေတဲ့ ဒေသတွေမှာ အပြစ်မဲ့ အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးနေရတဲ့ ဖြစ်ရပ်တွေအပေါ် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေနဲ့ စိုးရိမ်ပူပန်ကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေး လေ့လာသူတွေကလည်း အဲဒီလို ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေ မရှိသင့်တော့ဘူးလို့ ထောက်ပြကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်းတင်ပြပေးထားပါတယ်။

၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ယေဘုယျအားဖြင့် ကဏ္ဍအသီးသီးမှာ တိုးတက်မှု မရှိခဲ့ဘူးလို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့ နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံမှာ ဖော်ပြထားတာပါ။

အထူးသဖြင့်တော့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက် ဖမ်းဆီးထားတဲ့ကိစ္စနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေ ပိတ်ပင်ခံထားရမှုတွေ ဖြစ်ပေါ်နေတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်း AI အဖွဲ့ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး T Kumar က ပြောပါတယ်။

“မိမိရဲ့ ယုံကြည်ချက်ကြောင့် ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားကြသူတွေကို ဆက်လက် ဖမ်းဆီးထားတဲ့အပေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေနဲ့ စိုးရိမ်မိပါတယ်။ ကျနော်တို့အဖွဲ့က တခြား စိုးရိမ်မိတဲ့ အချက်တွေကတော့ ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေ တည်ရှိနေတဲ့ကိစ္စ၊ အပြစ်မဲ့ အရပ်သား ပြည်သူလူထုတွေ သတ်ဖြတ်ခံနေရတဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေက အခြေအနေတွေ၊ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမူဆလင်တွေရဲ့ အခြေအနေတွေ ပါ၀င်ပါတယ်။ ဒါကြောင့်လည်း မြန်မာအစိုးရအနေနဲ့ ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေကို ပြန်လည် ရုပ်သိမ်းပေးဖို့၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းစွာ သဘောထား ကွဲလွဲသူတွေအတွက် လမ်းကြောင်းတွေ ဖွင့်ပေးဖို့အတွက် ကျနော်တို့ တောင်းဆိုပါတယ်။”

ဒါ့အပြင် သတင်းမီဒီယာတွေအပေါ် ကန့်သတ်ချုပ်ခြယ်မှုတွေ ရှိနေတဲ့ကိစ္စကိုလည်း AI အဖွဲ့အနေနဲ့ စိုးရိမ်ပူပန်ကြောင်း၊ သတင်းထောက်တွေအနေနဲ့ တိုင်းပြည်အတွင်း ဖြစ်ပေါ်နေတဲ့ သတင်းတွေကို လွတ်လပ်စွာ တင်ပြခွင့် ရှိသင့်ကြောင်းလည်း T Kumar က ပြောပါတယ်။

ဒေါက်တာ စိန်ဝင်းဟာ NCGUB ခေါ် အဝေးရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့ တည်ရှိစဉ်က ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သလို၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်အမတ်ဟောင်းတဦးလည်း ဖြစ်ပါတယ်။ သူက အဲဒီလို ဖိနှိပ်ချယ်တဲ့ ဥပဒေတွေ မရှိသင့်တော့ဘူးလို့ ထောက်ပြ ပြောဆိုပါတယ်။

“တကယ်လို့ AI ကနေ ပြောနေရင် ဒီလို ဒီလို ဖြစ်နေတယ်ဆိုရင် ဒီလို ဒီလို မဟုတ်ပါဘူး။ ဒီလို ဒီလိုပါ ဆိုပြီးတော့ ပြောဖို့တာဝန်ရှိတာက အစိုးရက တာဝန်ရှိတယ်။ တကယ်တမ်းကျတော့ ဒါပေမဲ့လို့ အစိုးရက အခုအချိန်မှာ အပြောင်းအလဲနဲ့ မသိချင်ယောင်ဆောင်နေသလား ဘာလဲတော့ မသိဘူးပေါ့ဗျာ။ ဆိုတော့ ကျနော်တို့အမြင်ကတော့ လွတ်လပ်စွာပြောဆိုခွင့် ကိုယ့်ရဲ့ယုံကြည်ချက်ကို တင်ပြခွင့်၊ ကိုယ်မကြိုက်တဲ့ ဒီဟာကို ကန့်ကွက်ခွင့်၊ ဒါကို ဘယ်လိုမျိုးသော ပုဒ်မတွေတပ်တပ် အကြမ်းဖက်တာတို့ ဖမ်းဆီးတာတို့ဟာ လုံးဝ မဖြစ်သင့်ဘူး။ ဒါ နိုင်ငံရေးအကျဉ်းသားတွေ များလာတာလည်း ဒီအကြောင်းကြောင့် ပါတယ်။ အဲတော့ ဒါတွေဟာ ဆင်ခြင်ဖို့ လိုတယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဒါ့အပြင် စစ်ဖြစ်နေတာကို အကြောင်းပြပြီး အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မကျူးလွန်မိအောင် ရှောင်ရှားသင့်တယ်လို့လည်း ဒေါက်တာစိန်ဝင်းက ပြောပါတယ်။

“တခုရှိတာကတော့ ကျနော်တို့ စစ်တိုက်နေတဲ့အချိန်မှာ အရပ်သားတွေပေါ့ စစ်နဲ့မပတ်သက်တဲ့ သူတွေအပေါ်မှာ အကြမ်းဖက်မှုတွေ အကုန်လုံးပေါ့ ဒါတွေက ရှောင်ရမှာ။ စစ်တိုက်လို့ပေါ့ဗျာ ကျုပ်တို့က ဒါတွေတော့ ချပစ်လိုက်တာပဲ ဒါတွေတော့ လုပ်ထည့်လိုက်တာပဲ ဒီလိုပြောလို့မရဘူး တကယ်တမ်းက။ အဲတော့ စစ်တိုက်လို့ ဒါတွေ ဒါတွေဖြစ်တာပဲဗျာ။ အောက်က ငယ်သားကလုပ်လို့၊ အပေါ်က ဒီစစ်ဗိုလ်ကပဲလုပ်လုပ် အဲ့လိုပြောတာမျိုးကို ကျနော်တို့ လက်ခံလို့မရဘူး။”

AI အဖွဲ့ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး T Kumar ကတော့ နောင်တက်လာမယ့် အစိုးရသစ်အနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူ အားလုံးကို ပြန်လွှတ်ပေးပြီး ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေကို ရုပ်သိမ်းပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“မကြာခင်မှာ တိုင်းပြည်အာဏာကို လွဲပြောင်းရယူတော့မယ့် အစိုးရသစ်အနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားသူ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး ဖိနှိပ်ချုပ်ခြယ်တဲ့ သဘောသဘာဝရှိတဲ့ ဥပဒေတွေ အားလုံးကို ပြန်လည် ရုပ်သိမ်းပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒါ့အပြင် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ ရှိနေကြတဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံမှုရှိပြီး စားနပ်ရိက္ခာနဲ့ နေထိုင်စရာတွေ ထောက်ပံ့ပေးဖို့၊ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ မရှိတော့အောင် သူတို့ရဲ့ကိစ္စကို အရေးပေါ် အကြောင်းရပ်တခုအဖြစ် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့အတွက် တောင်းဆိုပါတယ်။”

၂၀၁၅ ခုနှစ်ကုန်ချိန်မှာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသား ၁၁၄ ယောက် အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲဖြစ်ပြီး အမျိုးသားပညာရေးဥပဒေကို ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ သူတို့ကို ထောက်ခံသူတွေ ရာပေါင်းများစွာ တရားစွဲခံထားရတာကို AI အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်စေတဲ့ လုပ်ရပ်တွေကို စီးပွားရေးလုပ်ငန်းတွေက ကျူးလွန်တာမျိုး မဖြစ်ရအောင် အကာအကွယ်ပေးဖို့ လုံလောက်တဲ့ တရားဥပဒေ မရှိတာကိုလည်း AI က ထောက်ပြပါတယ်။

လူတွေကို နေအိမ်တွေကနေ အတင်းအဓမ္မ ဖယ်ရှားတာမျိုးကို တားဆီးကန့်သတ်တဲ့ ဥပဒေမျိုး မရှိဘူးလို့လည်း AI က ပြောပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကို ကန့်သတ်တဲ့ ဥပဒေတွေကို ပြန်သုံးသပ်ဖို့ ပြီးခဲ့တဲ့နှစ် နို၀င်ဘာလမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အကြံပေးတာကို မြန်မာနိုင်ငံက ပယ်ချခဲ့သလို ရိုဟင်ဂျာလူနည်းစုတွေ ခွဲခြားဆက်ဆံခံနေရတယ်ဆိုတာကို အသိအမှတ်ပြု လက်ခံဖို့လည်း ငြင်းပယ်ခဲ့တယ်လို့ AI အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ကိုုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)