
သတင်း - ကိုပေါက်
.................
AA နှင့် TNLA တို့ နှစ်ဖွဲ့ ပေါင်းပြီး တရားမဝင်အဖွဲ့ ဖွဲ့ကာ နယ်မြေချဲ့ရာမှ RCSS/SSA အဖွဲ့နှင့်တိုက်ပွဲ ဖြစ်ခဲ့ဟု တပ်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမောင်မောင်ဦး လွှတ်တော်သို့ တင်ပြဆွေးနွေး

ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများနှင့် စစ်ဘေးရှောင် ဒုက္ခသည်များ အရေးကြီး အဆိုနှင် ့စပ်လျဉ်းပြီး ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦး ယနေ့ အစည်းအဝေးတွင် စတင်ဆွေးနွေးသည်။
တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမောင်မောင်ဦးက " AA နှင့် TNLA တို့ နှစ်ဖွဲ့ ပေါင်းပြီး တရားမဝင်အဖွဲ့ ဖွဲ့ကာ နယ်မြေချဲ့ရာမှ RCSS/SSA အဖွဲ့နှင့်တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
RCSS/SSA အဖွဲ့ ဟာလည်း NCA နဲ့ချုပ်ဆိုထားတဲ့စာချုပ်ပါ COC လိုက်နာရမည့် အချက်အလက်များ ပျက်ကွက်ခဲ့ခြင်းများ တွေ့ရှိရပါတယ် " ဟု ဆွေးနွေးသွားသည်။
ကိုယ်စားလှယ်များ ဆွေးနွေးရာတွင် နိုင်ငံတော်နှင့် ပြည်သူလူထု ထိခိုက်စေနိုင်သော စကားအသုံးအနှုန်းများ ၊ ဘာသာရေး လူမှုရေးနှင့် လူပုဂ္ဂိုလ်ကို သော်လည်းကောင်း ၊ အဖွဲ့ အစည်းတစ်ခုခုကို
သော်လည်းကောင်း၊ တည်ဆဲဥပဒေများကို သော်လည်းကောင်း ပုတ်ခတ် ပြောဆိုဆွေးနွေးခြင်း မပြုရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။
သတင်း - ကိုပေါက်
The Ladies News Journal



Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)