Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 31, 2016

ဆိုင္ေဖာက္ထြင္းမႈႏွင့္ ပတ္သက္၍ သံတြဲတြင္ အထက္တန္းေက်ာင္းသား ၅ ဦးထိန္းသိမ္းခံရ


နိရဥၥရာ၊ ဇန္န၀ါရီ ၃၁

ရခိုင္ျပည္နယ္ သံတြြဲျမိဳ႕တြင္ ေဘာ္ဒါေဆာင္ တစ္ခုမွ အထက္တန္းေက်ာင္းသား ၅ ဦးကို ဆိုင္ေဖာက္ထြင္းမႈႏွင့္ ပတ္သက္၍ ရဲက ေခၚယူ ထိန္းသိမ္းထားသည္ဟု သတင္း ရရွိသည္။

“ ဟုတ္ပါတယ္။ ေခတၱ ေခၚယူ ထိန္းသိမ္းထားပါတယ္။ ခုိးမႈပါဘဲ။ မနက္ျဖန္ အမႈကို စစ္ေဆးမွာ ျဖစ္ပါတယ္။ ကိုးတန္း၊ ဆယ္တန္း ေက်ာင္းသားေတြပါ။ ၁၅ႏွစ္ ၁၆ ႏွစ္အရြယ္ေတြပါ” ဟု သံတြဲရဲစခန္းမွ တာ၀န္က် ရဲအရာရွိက နိရဥၥရာ သတင္းဌာနသို႕ ေျပာၾကားသည္။

ဇန္န၀ါရီလ ၃၀ ရက္ေန႕ ညဥ္႕က သံတြဲျမိဳ႕ ဗိုလ္ခ်ဳပ္လမ္းရွိ ေနလကမၻာ ေစ်းဆိုင္ ေဖာက္ထြင္းခံခဲ့ရျပီးေနာက္ပိုင္း ခိုးသူမ်ားကို ေစာင့္ဆိုင္း ဖမ္းဆီးစဥ္ ၎ေက်ာင္းသား လူငယ္ ၅ ဦးကို ဖမ္းဆီမိခဲ့သည္ဟု သိရသည္။

ဖမ္းဆီးခံရသူမ်ားမွာ သံတြဲျမိဳ႕ ဒြာရာ၀တီ ကြက္သစ္ ပညာ့ဗိမာန္ ေဘာ္ဒါေဆာင္မွ ၉ တန္းေက်ာင္းသား သံုးဦးျဖစ္ၾကသည့္ သံတြဲျမိဳ႕ အမွတ္ (၁) ရက္ကြက္မွ ေမာင္ +++၊ သံတြဲ အမွတ္ (၈) ရပ္ကြက္မွ ေမာင္ ++++ ႏွင့္ +++ တို႕ ျဖစ္ၾကျပီး ဆယ္တန္းေက်ာင္းသားႏွစ္ဦးမွာ သံတြဲျမိဳ႕နယ္ မ်ိဳးကြင္းရြာမွ +++ ႏွင့္ ဆင္ေခါင္းေက်းရြာမွ +++ တို႕ ျဖစ္ၾကသည္။

သူတို႕ ၅ ဦးသည္ ဆိုင္ကယ္မ်ားျဖင့္ လာေရာက္ျပီး ဆိုင္တံခါးကို ရိုက္ဖ်က္ကာ ဘီယာဗူးမ်ား၊ အရက္ပုလင္းမ်ားကို ခိုးယူၾကျခင္း ျဖစ္သည္ဟု ဆိုသည္။

ဖမ္းဆီးစဥ္ အတြင္း ရပ္ကြက္ေနလူထု၏ ရိုက္ႏွက္ မႈေၾကာင့္ အသက္ ၁၅ ႏွစ္အရြယ္ ၉ တန္းေက်ာင္းသားတြင္ ဦးေခါင္းတြင္ ဒဏ္ရာ ရရွိသြားျပီး ယခုအခါ သံတြဲျမိဳ႕နယ္ေဆးရံုကို တင္ထားရသည္။

ေဆးရံုတြင္ လူနာ လာေစာင့္ေသာ ရဲအား အေျခအေနကို ေမးၾကည့္ရာ သူ႕မွာ ဂ်ဴတီ အသစ္ျဖစ္သျဖင့္ ယမန္ေန႕က အမႈ ျဖစ္ပြားခဲ့ျခင္းကို မသိရွိဟု ေျဖၾကားသည္။ မိသားစုမ်ားကမႈ ဓာတ္ပံုရိုက္ျခင္းကို ခြင့္မျပဳခဲ့ေပ။

ေနမင္းႏိုင္ (သံတြဲ)
Arakan State
https://www.facebook.com/NarinjaraNews
.........................


နိရဥ္စရာ၊ ဇန်နဝါရီ ၃၁

ရခိုင်ပြည်နယ် သံတွွဲမြို့တွင် ဘော်ဒါဆောင် တစ်ခုမှ အထက်တန်းကျောင်းသား ၅ ဦးကို ဆိုင်ဖောက်ထွင်းမှုနှင့် ပတ်သက်၍ ရဲက ခေါ်ယူ ထိန်းသိမ်းထားသည်ဟု သတင်း ရရှိသည်။

“ ဟုတ်ပါတယ်။ ခေတ္တ ခေါ်ယူ ထိန်းသိမ်းထားပါတယ်။ ခိုးမှုပါဘဲ။ မနက်ဖြန် အမှုကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ကိုးတန်း၊ ဆယ်တန်း ကျောင်းသားတွေပါ။ ၁၅နှစ် ၁၆ နှစ်အရွယ်တွေပါ” ဟု သံတွဲရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ ညဉ့်က သံတွဲမြို့ ဗိုလ်ချုပ်လမ်းရှိ နေလကမ္ဘာ စျေးဆိုင် ဖောက်ထွင်းခံခဲ့ရပြီးနောက်ပိုင်း ခိုးသူများကို စောင့်ဆိုင်း ဖမ်းဆီးစဉ် ၎င်းကျောင်းသား လူငယ် ၅ ဦးကို ဖမ်းဆီမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ သံတွဲမြို့ ဒွာရာဝတီ ကွက်သစ် ပညာ့ဗိမာန် ဘော်ဒါဆောင်မှ ၉ တန်းကျောင်းသား သုံးဦးဖြစ်ကြသည့် သံတွဲမြို့ အမှတ် (၁) ရက်ကွက်မှ မောင် +++၊ သံတွဲ အမှတ် (၈) ရပ်ကွက်မှ မောင် ++++ နှင့် +++ တို့ ဖြစ်ကြပြီး ဆယ်တန်းကျောင်းသားနှစ်ဦးမှာ သံတွဲမြို့နယ် မျိုးကွင်းရွာမှ +++ နှင့် ဆင်ခေါင်းကျေးရွာမှ +++ တို့ ဖြစ်ကြသည်။

သူတို့ ၅ ဦးသည် ဆိုင်ကယ်များဖြင့် လာရောက်ပြီး ဆိုင်တံခါးကို ရိုက်ဖျက်ကာ ဘီယာဗူးများ၊ အရက်ပုလင်းများကို ခိုးယူကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖမ်းဆီးစဉ် အတွင်း ရပ်ကွက်နေလူထု၏ ရိုက်နှက် မှုကြောင့် အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသားတွင် ဦးခေါင်းတွင် ဒဏ်ရာ ရရှိသွားပြီး ယခုအခါ သံတွဲမြို့နယ်ဆေးရုံကို တင်ထားရသည်။

ဆေးရုံတွင် လူနာ လာစောင့်သော ရဲအား အခြေအနေကို မေးကြည့်ရာ သူ့မှာ ဂျူတီ အသစ်ဖြစ်သဖြင့် ယမန်နေ့က အမှု ဖြစ်ပွားခဲ့ခြင်းကို မသိရှိဟု ဖြေကြားသည်။ မိသားစုများကမှု ဓာတ်ပုံရိုက်ခြင်းကို ခွင့်မပြုခဲ့ပေ။

နေမင်းနိုင် (သံတွဲ)
Arakan State
https://www.facebook.com/NarinjaraNews

No comments:

Post a Comment