Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 31, 2016


7Day News Journal
...................
ယနေ့လွှတ်တော်သည်နိုင်ငံအတွက်ဂုဏ်သိက္ခာမြင့်မားစေသည်ဟုသူရဦးရွှေမန်းဆို
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးပထမနေ့သို့ လေ့လာသူ အဖြစ်တက်ရောက်လာသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းသူရဦးရွှေမန်းကယနေ့လွှတ်တော်နှင့်ပတ်သက်၍
“ပြည်သူ့လွှတ်တော်ကို စတင်ကျင်းပပြီးတော့ ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌရွေး ချယ်ပေးနိုင်တဲ့အတွက် တို့နိုင်ငံတွင် ဂုဏ်သိက္ခာအားဖြင့်မြင့် မားစေပါတယ်။အဲဒီနည်းတူပဲ ဒုတိယအကြိမ်ပြည်သူ့ လွှတ်တော်ကို အောင်မြင်အောင်ဆောင်ရွက်ပေးနိုင်ပြီး တို့နိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေးအတွက် နောက်လွှတ်တော်ကနေဆက်လက်ဆောင်ရွက်သွားနိုင်ဖို့အတွက် ပြည်သူတွေကရော ၊မီဒီယာတွေကရော အားလုံးဝိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံပါတယ်”ဟုသတင်းထောက်များကိုပြောကြားခဲ့သည်။
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day News Journal


No comments:

Post a Comment