Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 31, 2015

ဒီနေ့ အတွက်ဓာတ်ပုံ(ရောင်စုံ ဈေးခင်း)


Photo from Sai Min,Lwin Oo

တန်ဖိုးအလွန်ရှိသော သဘာဝဆေးမြီးတိုများ(အရိုးစူးလျှင်ပျောက်နည်း/ခြေထောက်ကို သံစူးလျှင် သက်သာနည်း/အဆူးစူလျှင် နှုတ်နည်း......)

ဝက်ခြံပျောက်နည်း ....
ကြက်ဟင်းခါးအစေ့ကို ဆားနှင့်ရောပြီးညက်အောင်ကြိတ်ပါ။ ရလာသောအနှစ်ကိုအရက်အနည်းငယ်နှင့်သင့်ရုံဖျော်ပြီးနောက် ရလာသော အရည်နှင့်ဝက်ခြံများကိုလိမ်းပေးပါက သက်ခြံများ ပျောက်ပါသည်။

အရိုးစူးလျှင်ပျောက်နည်း ....
ငါးရိုးစူးလျှင် လည်ချောင်းထဲမှ ထုတ်မရပါကလျှင်မြန်စွာကြက်ဥအစိမ်းကိုခွဲပြီး တစ်ခါတည်းမျိုချလိုက်ပါက ငါးရိုးသည်တစ်ခါတည်းလျှောကျသွားပါလိမ့်မည်။

ခြေထောက်ကို သံစူးလျှင် သက်သာနည်း ....
သံစူးသောနေရာတွင် ဆားနှင့်ဂျင်းကိုကြိတ်ပြီး အုံပေးပါ။ သံအဆိပ်ရှိသမျှ၎င်းဂျင်းထဲသို့ကျလာပါလိမ့်မည်။တစ်နေ့လျှင် နှစ်ခါအုံပေးရပါသည်။

ဆံပင်မကျွတ်စေသောနည်း....
အမျိုးသမီးများ ဆံပင်ကျွတ်သည်ဆိုပါကပျားရည်နှင့်ဂုံညင်းခဲတို့ကိုသွေးပြီး ဆံပင်ကို လိမ်းပေးပါက ဆံပင်များကျွတ်ထွက်ခြင်း မဖြစ်နိုင်တော့ပါ။

အိပ်ပျော်နည်း ....
ဒန်းကျွဲစေ့ခြောက်ကိုမီးနှင်လှော် အမှုန့်ပြုပြိးကော်ဖီနှင့်ရောသောက်ပါ။

ခေါင်းကိုက်သက်သာနည်း ....
ကိုယ်လက်ပင်ပန်းပြီးခေါင်းကိုက်လျှင် သံပုရာသီးတစ်ခြမ်းကိုအနှပ်ရည်ကျကျထဲသို့ ထည့်ပြီးသောက်ပါက ခေါင်းကိုက်သက်သာပျောက်ကင်းပါသည်။

နှလုံးရောဂါနှင့် နှလုံးတုန်ပျောက်နည်း ....
ဗာဒံစေ့အနည်းငယ်ကို ညက်အောင်ထောင်းပြီး နွားနို့နှင့်ေ၇ာစပ်ပြီးနေ့စဉ်မှန်မှန်သောက်ပါက နှလုံးရောဂါနှင့်နှလုံးတုန်မောပန်းတာ ပျောက်ကင်းပါသည်။

ငါးခြောက်မငံနည်း ....
ဆားအလွန်ပါသော ငံလွန်းသည့်ငါးခြောက်ကို မငံစေလိုလျှင်ဆားများကိုရေနှင်ဖျော်ပြီး ထိုဆားရည်ထဲတွင် ဆားအလွန်ငံသောငါးခြောက်ကိုစိတ်ပြီးထားလျှင် မငံတော့ဘဲ့ အရသာ အလွန်ကောင်းလာပါသည်။

ညှီိနံ့ ပျောက်နည်း ....
အမဲသား၊ ဆိတ်သားချက်သောဟင်းအိုးထဲသို့မီးသွေး အနည်းငယ်ထည့်ပြီး ချက်ပါကမကောင်းသော်အညှီနံ့ များပျောက်ပါသည်။

သွေးတိုးပျောက်နည်း....
သဘာဝကျောက်သွေးအား ဘယဆေးဆိုင်မှာ ၀ယ်ယူပြီးမကျီးစေ့ခန့်အားသံပရာရည်နှင့်ဖျော်ပြီး မနက်တစ်ကြိမ်ညတစ်ကြိမ်ပုံမှန်နှစ်ဆယ့်လေးရက်ပတ်လည်အောင် သောက်သုံးခြင်းဖြင့်သွေးတိုးရောဂါများအားပျောက်ကင်းစေပါသည်။

ဘုရာပန်းများ တာရှည်ခံနည်း....
ပန်းခိုင်၊ ပန်းခက်ထည့်သည့် ပန်းအိုးထဲသို့ ယမ်းစိမ်း အနည်းငယ်ထည့်ပြိးမွှေပေးပါက ပန်းများတာရှည်ခံပါလိမ့်မည်။

ကြိမ်ကုလားထိုင် တင်းနည်း....
ကုလာထိုင်များအောက်က ညွတ်နေလျှင် ခိုင်ပြီးဖြောင့်မတ်အောင် လုပ်လိုပါက၄င်းကိုရေနွှေးနှင့် ဆေးကြောပြီးနောက် လေဟာပြင်မှာ လှန်းထားပါ။

စာအုပ်များ ကြာရှည်ခံအောင်ထားနည်း....
စာအုပ်များကို အဖုံးအကာမရှိသော စာအုပ်စင်မှာ ထင်ပြီးထားပါ။

မှင်စွန်းလျှင် ပျောက်အောင်လုပ်နည်း....
အ၀တ်အထည်ပိတ်စများတွင် မှင်စွန်းလျှင် အမဲဆီကို အရည်အဖျော်ပြီးမှင်အစွန်းကွက်ပေါ်သို့ချပါ။ ထို့နောက်ရေနှင့် လျှော်ဖွပ်လျှင်မှင်စွန်းပျောက်ပါသည်။

လက်ဖက်ရည်အစွန်းပျောက်နည်း....
ဝတ်အထည်များ လက်ဖက်ရည်စွန်းလျှင် ရေနွေးပူပူနှင့် ထိုစွန်းနေသောနေရာကိုလောင်းပါက ပျောက်ပါသည်။

မီးကျွမ်းရာပျောက်နည်း....
အင်္ကျီအ၀တ်အထည်များပေါ်တွင် ဆေးလိပ်မီးပွါးကျသော်လည်းကောင်း၊မီးပူကျွမ်းလျှင်လည်းကောင်း၊ ကြက်သွန်ကို ထက်ခြမ်းခွဲပြိး ပွတ်တိုက်ပါကပျောက်ပါသည်။

ကွမ်းသွေးအစွန်းပျောက်နည်း....
အ၀တ်အထည်မျးမှာ ကွမ်းသွေးစွန်းလျှင် နို့ရည်ကို စွန်းနေသောနေရာပေါ်သို့ဆွတ်ဖြန်းပေးပါက နို့ရည်ခြောက်သွားလျှင် အစွန်းပျောက်ပါသည်။

ကြက်ဥ၊ ဘဲဥရည်အစွန်းကွက်ပျောက်နည်း....
ကြက်ဥ၊ ဘဲဥရည်အစွန်းကွက်သော အ၀တ်များကို ရေမှာ ကြာကြာစိမ်ထားပါ။ပြီးတော့မှ နာနာပွတ်ပြီးလျှော်လျှင် ပျောက်ပါသည်။

သံချေးစွန်းပျောက်အောင်လုပ်နည်း....
အ၀တ်အထည်များ သံချေးစွတ်းလျှင် သံပုရာရည်တွင့် ဆားဖျော်ပြီးထိုအစွန်းကွက်နေသောနေရာကို ဆွတ်ဖြန်းပြီးလျှင် အထည်ကိုနေပူတွင်လှန်းပါ။အကွက်မပျောက်လျှင် နှစ်ခါသုံးခါထပ်ပြီးသုတ်လိမ်းပေးပါ။

ဆီအစွန်းဖျောက်နည်း....
အ၀တ်အထည်ပေါ်ရှိသော ဆီကွက်ကို ဇ၀တ်သာပါသောရေနွေးပူပူဖြင့်ဆေးကြောလျှော်ဖွပ်ပေးပါက ဆီအစွန်းပျောက်ပါသည်။

အ၀တ်အထည်ပေါင်းတင်နည်း....
ဆော်ဒါမှုန့်ကို ရေနွေးပူပူတွင်ဖျော်ပြီး ဆပ်ပြာရည်ထဲသို့ ထည့်ပြီးလျှော်ပေးပါ။

ဖားဥစွဲပျောက်နည်း....
စင်ကြယ်သော အ၀တ်ဖြူကိုရေဆွတ်ပြိး ဖားဥစွဲနေသော အမဲပျောက်များအပေါ်ကဖုံးအုပ်ပြီး မီးကူတိုက်လျှင် ဖားဥများ ပျောက်ကင်းသွားပါလိမ့်မည်။

အ၀တ်မတွန့်အောင် လုပ်နည်း....
သက္ကလပ်ထည်၊ ဖလန်နယ်စသည်တို့ကို လျှော်ဖွပ်ပြီးကြိုးတန်းပေါ်တွင်အ၀တ်ကိုရေမညှစ်ဘဲ ဖြန့်လှန်းထားပါက အ၀တ်မတွန့်တော့ပါ။

သွေးစွန်းပျောက်နည်း....
ရေထဲတွင် ဇ၀တ်သာရည်ခပ်ပြစ်ပြစ်ထည့်ပြီး သွေးပေနေသောအ၀တ်အထည်ကိုအတော်ကြာကြာစိမ်ထားပြီးမှလျှော်ဖွပ်ပေးပါက သွေးစွန်းပျောက်ပါသည်။

ပုရွက်ဆိတ်ပြေးနည်း....
သခွားသီးအခွံပိုပါးပါးလှီးပြီး ပုရွက်ဆိတ်နေသောနေရာများတွက်ချထားလျှင်ပုရွက်ဆိတ်များထွက်ပြေးပါလိမ့်မည်။

သွားကိုက်သက်သာနည်း....
လှော်ပြီးသား ဆိုဒါမှုန့်နှင့်သွားတိုက်ပြိး ရေနွေးနှင့် ကျင်းပစ်လျှင်သွားကိုက်သွားနာသက်သာပါသည်။

အဆူးစူလျှင် နှုတ်နည်း....
ရေနွေးအပြည့်ရှိသည့် ပေါက်ဝကျယ်သောပုလင်းတစ်လုံးကိုယူပြီးဆူးစူးသောနေရာကို ပုလင်းပေါ်မှဖိနှိပ်ပါ။အသားသည်ပူနွေးသည့်အငွေ့ ဖြင့်ပုလင်းထဲသို့အနည်းငယ်စူးဝင်သည်နှင့်(၃. ၄ ) မီနစ်ကြာသောအခါအဆူးကျလာပါလိမ့်မည်။

အကြောအချဉ် အကိုက်အခဲပျောက်နည်း....
နူးညံ့သောအ၀တ်စကို နို့ထဲတွင်စိမ်ပြိး ကိုက်ခဲသောနေရာကိုပွတ်ပေးလျှင်အလွန်ဆိုးသောရောဂါဖြစ်စေကာမူ ချက်ချင်းပျောက်ကင်းစေပါသည်။

အပူလောင်သက်သာနည်း....
ရေနွေးဖြစ်စေ၊ မီးပူဖြစ်စေ၊ လက်ခြေ စသည်တို့ကို အပူလောင်လျှင်ရေတွင်ဆားကိုများများထည့်၊ ပြစ်နေအောင်ဖျော်ပြီး ၄င်းအပူလောင်သည့်နေရာကိုသုတ်လိမ်းပေးပါ။

ကြွက်ပြေးနည်း....
ကြွက်များသွားလာလေ့ရှိသော နေရာများမှာ ပူစီနံရွက်ဖြစ်စေ၊ပင်စိမ်းရွက်ဖြစ်စေထားပါက ကြွက်များသေချာပေါက်ထွက်ပြေးပါလိမ့်မည်။

ငှက်ဖျားပျောက်နည်း....
စင်ကိုမြက်အား ဆွဲနှုတ်ပြီး အမြစ်ဖြူဖြူလေးတွေကို ဓါးနှင့်ဖြတ်ယူပါ။နို့ဆီဗူးတစ်လုံးစာအားေ၇ပြောင်အောင် ဆေးပြီး ဒန်အိုးထဲသို့ထည့်ပါ။နနွင်းမှုန့်ကော်ဖီတစ်ဇွန်းစာလောက် ထည့်ပါ။ ကြက်ခိုးမှိုင်းအနည်းငယ်ထည့်ပါ။ ရေသောက်ရေခွက်နှင့်သုံးခွက်စာထည့် ပြိး တစ်ခွက်စာကျန်သည်အထိကြိုချက်ပါ။ ပြီးလျှင်သေချာစွာ အမှိုက်များစစ်ပြိး နေ့ စဉ်သောက်ပါ။ရောဂါရင့်လျှင့် ခုနှစ်ရက်၊ ရောဂါနုလျှင် ငါးရက်နှင့် ပျောက်ပါသည်။

နှလုံးသွေးကြောကျဉ်းသူများတွက်....
နှလုံးသွေးကြောကျဉ်းပြီး အသက်ရှူမ၀ခြင်း၊ လေးလံထိုင်းမှိုင်းခြင်း၊မကြာဏသက်ပြင်းချခြင်း၊ မောခြင်းများအတွက် ဂျင်းဆယ့်ငါးကျပ်သားအားကြေအောင်ထုထောင်းပြိး ပြည်ဝင်ဒန်အိုးထဲသို့ထည့်ပါ။ဆားလက်တစ်ဆုပ်ထည့်ပါ။ပြီးလျှင်ရေများများထည့်ပြိးဆူအောင်ပြုတ်ပါ။ ခြေထောက်စိမ်ရန်ဇလားတစ်ခုခုထဲသို့ လောင်းထည့်ပါ။ ခြေဖ၀ါးအား ပရုတ်ဆီ(သို့) လိမ်းဆေးအဆီတမျိုးမျိုးသုတ်လိမ်းပါ။ပြီးလျှင် ခြောက်ထောက်နှစ်ချောင်းစလုံးအားဂျင်းပြုတ်ရေ အပူခံနိုင်ရုံထားပြိး စိမ်ပါ။ နောက်တစ်ဦးမှခြေဖ၀ါးမှာရှိသော အကြောများပြေအောင် လက်မဖြင့် နှိပ်နယ်ပေးပြီးခြေခုံနှင့် ခြေသလုံး အား သွေးလှည့်ပတ်မှူကောင်းအောင် နှိပ်နယ်ပေးပါ။ထိုနည်းအတိုင်း သုံးရက်တစ်ကြိမ်ပြုလုပ်ခြင်းဖြင့် သက်သာလာပါလိမ့်မည်။

(အလင်းမေ - လွင်ပြင်သတင်း)

ဒဂုံတောင် ၅၅ ရပ်ကွက် နတ်မောက်လမ်းနှင့် လှော်ကား လမ်းထိပ် ယာဉ်တိုက်မှု


31,8,2015
ဒဂုံတောင် ၅၅ ရပ်ကွက် နတ်မောက်လမ်းနှင့် လှော်ကား လမ်းထိပ် ယာဉ်တိုက်မှု့တစ်ခု ဖြစ်ခဲ့ရာ
ပွဲခြင်းပြီး သေဆုံးသွားခဲ့ပါသည်။
လိုင်စင်မရှိသော ယဉ်မောင်းနှင့်စပါယ်ယာတို့ကြောင့် အပစ်မဲ့ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး
ယဉ်မောင်းနှင့်စပါယ်ယာ တို့မှထွက်ပြေးသွားခဲ့ပါသည်။

တာဝန်ရှိသူများမှ လိုင်စင်မဲ့မောင်းနှင်မှု့များကိုမည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးမည်နည်း။

Post from Myint Win Fb




မဘသ တရားပွဲတော်ကြီး



မဘသ တရားပွဲတော်ကြီး။အမျိုးတွေ ကွန်မင့်လေးတွေပေးပြီး ဒီဗီဒီယိုအပေါ်ကိုယ်မြင်တဲ့အမြင်တွေပြောခဲ့ကြပါဦး။admin ကတော့နစ္စ၊ ဂ...
Posted by The Melting Pot 4 U on Monday, 31 August 2015

ဖဲသုံးချပ်အုပ်စုဖွဲ့ လိမ်လည်မှု


ဖဲသုံးချပ်အုပ်စုဖွဲ့ လိမ်လည်မှု ။ဈေးရှေ့ မှတ်တိုင် တွင် လူအုပ်စု ဖွဲ့ပီးဖဲသုံးချပ် သုံး၍ လူငယ်တဦးထံ မှာ ငွေ၂သိန်းဆြွဲ...
Posted by The Melting Pot 4 U on Saturday, 29 August 2015

တုတ်ချောင်းအသွင် လိပ်သိမ်းနိုင်တဲ့ LG ရဲ့ ခရီးဆောင်ကီးဘုတ်အသစ် Rolly

LG ဟာ tablet နဲ့ မိုဘိုင်းဖုန်းတွေအတွက် bluetooth စနစ်ပါဝင်ပြီး အသုံးမပြုလိုတဲ့အခါ တုတ်ချောင်း အသွင်လိပ်သိမ်းလို့ ရတဲ့ ခရီးဆောင်ကီးဘုတ်အသစ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။

ခရီးဆောင်ကီးဘုတ်ဆိုတာ တော်တော်အခက်အခဲများတဲ့ gadget တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက် စာရိုက်နိုင်ဖို့ အတွက်လည်း အရွယ်အစားကြီးရမှာဖြစ်ပြီး အလွယ်တကူသယ်ဆောင်သွားနိုင်ဖို့ အတွက် လည်း သေးနိုင်သလောက် သေးရမှာဖြစ်ပါတယ်။

LG ဟာ သာမန် ကီးဘုတ်အရွယ်အစားနီးပါး ရှိပြီး တုတ်ချောင်းတစ်ချောင်းအဖြစ် သိမ်းဆည်းနိုင်တဲ့ Rolly Keyboard နဲ့  ဒီပြဿနာကို ဖြေရှင်းလိုက်နိုင်ပါပြီ။

သာမန်ကီးဘုတ်ရဲ့အလျားအတိုင်းရှိပြီး အိတ်ထဲ ထည့်ယူသွားလို့ ရတယ်လို့ LG က ကြေငြာထားပါတယ်။ အရွယ်အစားအတိအကျကိုတော့ LG က ထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။
ပုံမှန်မြင်နေကျ ကီးဘုတ်တွေထက် ခလုတ်အတန်း နှစ်ခုနည်းပါးကာ လေးခုပဲပါရှိပြီး နံပါတ်နဲ့ Fn ကီး အတန်း မပါပါဘူး။ ဒါပေမယ့် နံပတ်တွေကို အောက်မှာပါဝင်တဲ့ Fn ကီးကနေ ရိုက်နှိပ်နိုင်ပါတယ်။

Rolly ကို ပြင်ပဒဏ်ခံနိုင်စွမ်းရှိပြီး ကြာရှည်ခံတဲ့ ပိုလီကာဘွန်နိတ်နဲ့ ABS ပလတ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။ အရွယ်အစား ၁၀ လက်မအထိရှိတဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်တွေကို တင်ထားနိုင်မယ့် ခေါက်သိမ်းနိုင်တဲ့လက်တံလည်းပါဝင်ပါတယ်။ ကြိုးမဲ့စနစ်ဖြစ်ပြီး AAA ဓာတ်ခဲတစ်လုံး ထည့်ထားရုံနိုင်နဲ့ ပျှမ်းမျှ သုံးလအထိ သုံးစွဲနိုင်တယ်လို့ LG က ဆိုပါတယ်။

Rolly ကီးဘုတ်ကို စက်တင်ဘာလထဲမှာ အမေရိကန်ဈေးကွက်မှာ စတင်ဖြန့် ချိမှာဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ၂၀၁၅ နောက်ဆုံးသုံးလထဲမှာ ရရှိမှာဖြစ်ပါတယ်။ ဈေးကိုတော့ ကြေငြာထားခြင်း မရှိသေးပါဘူး။

( Ye Wint )

ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေ ဘုရားရှင်ဗျာဒိတ်ထဲက ပုဂ္ဂိုလ်ဟုဆို


အနည်းဆုံးအခကြေးငွေ ပြဋ္ဌာန်းနိုင်တော့ သပိတ်တွေ လျော့ကျသွားနိုင်တယ် – ဦးအောင်လင်း

ဦးအောင်လင်း။ (ဓာတ်ပုံ - အာကာ)
By အေးနိုင်
အစိုးရက အနည်းဆုံးအခကြေးငွေ ကျပ် ၃,၆၀၀ သတ်မှတ်ကြောင်း သြဂုတ်လ ၂၈ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီနှုန်းထားဟာ နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစား မခွဲဘဲ စက်တင်ဘာ ၁ ရက်နေ့ကစလို့ ခံစားခွင့်ရကြမှာဖြစ်ပါတယ်။

၂ နှစ်ကျော်ကြာ အချိန်ယူကြိုးပမ်းခဲ့ပြီးနောက် သတ်မှတ်ခဲ့တဲ့ ဒီနှုန်းထားဟာ လုပ်သား ၁၅ ဦးအောက် လုပ်ငန်းတွေနဲ့ မိသားစုတပိုင်တနိုင်လုပ်ငန်းတွေ အကျုံးမ၀င်ဘူးလို့ ဆိုပါတယ်။

ဒီသတ်မှတ်နှုန်းထားကို မပေးနိုင်တဲ့အတွက် စက်တင်ဘာလမှာ စက်ရုံပိတ်မယ်ဆိုတဲ့ အထည်ချုပ်လုပ်ငန်းတွေထံက တကယ်ပိတ်တော့မယ်ဆိုတဲ့အသံ မထွက်တော့ပဲ ပြေလည်မှု ရသွားတဲ့သဘော ရှိပါတယ်။

ဒီနှုန်းထားကြေညာချိန်ဟာ ဒေါ်လာဈေးမြင့်တက်မှုနဲ့အတူ ကုန်ဈေးနှုန်းကြီးမြင့်နေတာကြောင့် အလုပ်သမားတွေအတွက် သိပ်ထူးခြားမှုမရှိဘူးလို့ အလုပ်သမားအရေးဆောင်ရွက်သူ ဦးအောင်လင်းက ပြောပါတယ်။

(မှတ်ချက်။ ။ အနည်းဆုံးအခကြေးငွေမှာ မည်သည့်အလုပ်သမားဆို အနိမ့်ဆုံးအားဖြင့် ရှစ်နာရီအတွက် တရက်လုပ်ခကို ဆိုလိုသည်။ အခြေခံလစာမှာမူ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင် တာဝန်ကွဲပြားမှုအလိုက် စတင်ပေးအပ်သည့် လစာကို ဆိုလိုပြီး ကြိုးစားမှုအလိုက်၊ လုပ်သက် အလိုက်တိုးသွားမည်။ (ဥပမာ စက်ရုံလုပ်သား၊ အလုပ်ကြီးကြပ်သူ၊ မန်နေဂျာ စသဖြင့်။)
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းကို ဆက်သွယ် မေးမြန်းထားပါတယ်။

အနိမ့်ဆုံး အခကြေးငွေနှုန်းထားကို တရက် ၃၆၀၀ ကျပ်သတ်မှတ်လိုက်ပြီဆိုတော့ ဒီနှုန်းထား အပေါ်မှာ ကျေနပ်သံ၊ မကျေနပ်သံတွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲအခြေအနေ သိပါရစေခင်ဗျ။
“လတ်တလောကတော့ ၃၆၀၀ ကိုလည်းပဲ လုပ်ငန်းရှင်တွေဘက်က ပထမတုန်းက ကွန်ပလိန်း လုပ်နေတာတွေ လျော့ကျသွားတဲ့အတွက် ၃၆၀၀ အတည်ဖြစ်လာတယ်။ အလုပ်သမားတွေ ဘက်ကလည်းပဲ ဒီ ၃၆၀၀ ကို ကြိုဆိုလိုက်တဲ့အလုပ်သမားတွေရှိသလို ဒီ ၃၆၀၀ နဲ့ပတ်သက်ပြီးတော့လည်း လုံလောက်မှုမရှိဘူးဆိုတဲ့ အသံဗလံတွေလည်း ထွက်လာတာပေါ့ ဆရာရယ်။ ကျနော်တို့အမြင်အရတော့ ဒီ ၃၆၀၀ က အနိမ့်ဆုံးပေါ့နော် လူမှုဘ၀ကုန်ကျစရိတ်ကို ကာဗာဖြစ်နိုင်တဲ့အခြေအနေမျိုးကိုတော့ မရောက်သေးပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီရက်ပိုင်းထဲမှာပဲ ဒေါ်လာဈေးက ၁၂၇၀ အထိကို ဗဟိုဘဏ်က မြှင့်လိုက်တဲ့ အတွက်ကြောင့်မို့လို့ ကုန်ဈေးနှုန်းတွေ ၂၀ ရာခိုင်နှုန်းလောက် တက်လာတယ်။ တက်လာတော့ အလုပ်သမားတွေက ပိုပြီးတော့ ၀န်ပိတယ်ပေါ့ဆရာရယ်။ ဆိုတော့ ကျနော်တို့ပြောချင်တာက ၃၆၀၀ နဂိုက မရသေးဘဲနဲ့ ၂၀၀ ကျော်ကျော်လောက်နဲ့ အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေ အတွက်ကတော့ ဥပဒေအရ ကာဗာဖြစ်သွားပြီဆရာရဲ့ ၃၆၀၀ သတ်မှတ်လိုက်တော့လေ။ သို့သော်လည်းပဲ ပေးကားပေး၏ မရဆိုတဲ့အခြေအနေမျိုး ရောက်သွားတာပေါ့နော်။ အဲသလိုမျိုးဖြစ်တယ်။

အရင်တုန်းက တဒေါ်လာကို ကျပ် ၁ ထောင်ကျော်ကျော်လောက်တုန်းက အလုပ်သမားတွေ တောင်းဆိုတာက ခြောက်ထောင်၊ ခုနှစ်ထောင် ရဖို့။ အခု တဒေါ်လာ ၁၂၇၀ ကျပ်ထိအောင် ဒေါ်လာဈေးပေါက်တယ်ဆိုတော့ အလုပ်ရှင်တွေဘက်က ကျေနပ်နေပုံရတယ်နော်။
“ဟုတ်တယ်၊ ဟုတ်တယ်ဆိုတာက ပထမပိုင်းမှာက ကျနော်တို့ ၂၅၀၀ ထိပဲပေးနိုင်မယ်။ ၃၆၀၀ ဆိုရင် စက်ရုံပိတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေလေ။ အခုဒီရက်ပိုင်းမှာတော့ ၃၆၀၀ ကို အသံတိတ်သွားကြတယ်ပေါ့။ ဒေါ်လာဈေး မြင့်တက်လာတဲ့အတွက်ကြောင့်မို့လို့ သူတို့ လုပ်သာကိုင်သာရှိတယ်ဆိုတဲ့ အနေအထားမျိုး ရောက်သွားလို့ ဒီအသံ ငြိမ်သွားတယ်ပေါ့နော်။ ဒါဆိုရင် ဒီဟာကို ဒေါ်လာဈေးပြန်မကျသွားအောင် ဒီထုတ်ကုန်သွင်းကုန် အနေအထားတခုမှာ ဆက်ပြီး ထိန်းညှိထားမယ်ဆိုရင်တော့ လုပ်ငန်းရှင်တွေဘက်က အသာစီးရသွားတယ်လို့ ပြောလို့ရမယ်။ အလုပ်သမားတွေအတွက်ကတော့ နစ်နာတယ်လို့ ပြောရမှာပဲ ဒီအခြေအနေအရ ဒါ တချက်ရှိမယ်။ ဒီဘက်ကအပိုင်းက ပြည်ထောင်စုဝန်ကြီးအဆင့်အထိ ၃၆၀၀ ကို ထပ်ဆောင်းပေးဖို့ရန် အချက်တွေပေါ့နော်။ သယ်ယူပို့ဆောင်ရေး စရိတ်ပေါ့။ နောက်တခုက လုပ်ငန်းခွင်မပျက် ပညာသင်ကြားရေးတို့၊ တတိယအချက်ကတော့ နှစ်စဉ် နှစ်တိုးကြေးပေါ့နော် ဧပြီဘတ်ဂျက်လတိုင်းမှာ။ စတုတ္ထအချက်ကတော့ နေထိုင်မှုနဲ့ပတ်သက်တဲ့ ၀န်ထမ်းအိမ်ရာစနစ် တွေ အကောင်အထည်ဖော်ပေးဖို့ ပေါ့နော်။ ဒါတွေက ပြည်ထောင်စုအစိုးရ သဘောတူညီချက်နဲ့ ထွက်လာတဲ့အခါမှာ အဲဒါတွေ ပြုတ်ကျန်ခဲ့တယ်ဗျာ။ စိတ်မကောင်းစရာပါ။ တကယ်လို့များ ဒီ ၃၆၀၀ အပေါ်မှာ ဒီလိုမျိုးထပ်ဆောင်းပံ့ပိုးမှုတွေအားကောင်းတယ်ဆိုလို့ရှိရင် အလုပ်သမားက ၃၆၀၀ ကို ဘယ်ငြင်းပါ့မလဲ။ အဲဒါမျိုးပေါ့။ တချို့တွေကျတော့လည်း အဲလိုမျိုးတွေရှိတယ်။ နောက်တချက်က ၃၆၀၀ အနည်းဆုံးအခကြေးငွေဥပဒေမှာ ၃၆၀၀ ခံစားခွင့်မရှိတဲ့ အလုပ်သမား ၂ ပိုင်းရှိတယ်ဆရာ။ အလုပ်သင်လုပ်သားပေါ့။ အလုပ်သင်လုပ်သားက အလုပ်သင်လုပ်သား ၃ လ ကာလမှာ သူက ၅၀ ရာခိုင်နှုန်းပဲရမယ်ဆရာ (၁၈၀၀ ကျပ်)။ နောက် အိပ်စတန်းရှင်း နောက်ထပ် ၃ လက အစမ်းခန့်ဝန်ထမ်းပေါ့။ အစမ်းခန့်ဝန်ထမ်းဆို သူက ၇၅ ရာခိုင်နှုန်း (၂၇၀၀ ကျပ်)။ ဆိုတော့ သူတို့က ၃၆၀၀ မရနိုင်သေးတဲ့ အလုပ်သမားပေါ့။ အဲဒီမှာ အလုပ်ရှင်က ၃၆၀၀ ပေးရတော့မယ်။ ပါမစ်နစ် (အမြဲတမ်း) ခန့်ရတော့မယ်ဆိုတဲ့အခါမှာ သူ့အရည်အသွေးကို မကြိုက်ရင် ဖြုတ်ပစ်မယ်လေ။ ဖြုတ်ပစ်ရင် သူက ဒီလျော်ကြေးဥပဒေကို ပြင်ဆင်လိုက်တဲ့အခါမှာ ခြောက်လကနေ ၁ နှစ်အတွင်းဆိုရင် နှစ်ပတ်၊ ၁၅ ရက်စာပဲ လျော်ကြေးပေးရမှာ၊ အဲဒီတော့ ပေါ့ပေါ့ပါးပါးလေးပဲ ၁၅ ရက်စာ လျော်ကြေးပေးပြီးတော့ သူ့ကို ရှင်းထုတ်ပစ်လိုက်လို့ရတယ်။ အဲဒီတော့ အလုပ်သင်လုပ်သားဘ၀မှာ သံသရာ လည်လာနိုင်တဲ့ အလားအလာမျိုးလည်း မြင်ရတယ်။ အဲဒီတော့ အလုပ်သမားကိုတော့ အားကုန်အလုပ်လုပ်အောင်တော့ ဒါက တွန်းအားပေးတဲ့ အနေအထားလို့မြင်တယ်ပေါ့ ဒီနှစ်ချက်ကလေ။ ”

အလုပ်သမားတွေအတွက် သယ်ယူပို့ဆောင်ရေး၊ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ လျှပ်စစ်မီးရရှိရေးတွေနဲ့ပတ်သက်လို့ ဘာတွေ ခံစားခွင့်ရှိမလဲ။
“စိုးရိမ်မှုတွေရှိတယ်ဆရာ၊ စိုးရိမ်မှုတွေရှိတယ်ဆိုတာ မူလ ၃၆၀၀ လစာမသတ်မှတ်ခင်မှာ လစာပေးတဲ့အခါမှာ တိုင်ထောင်တယ်ခေါ်တာပေါ့။ လိုင်းတွေအမျိုးမျိုးခွဲပြီးတော့ ပေးထားတဲ့ စနစ်ပေါ့။ အဲဒီစနစ်မှာ ၃၆၀၀ ကို အခြေခံလစာသတ်မှတ်ပေးရမယ်ဆိုရင် ဒီတိုင်တွေကို ဖြုတ်ပစ်မှာလေ။ ဖြုတ်ပစ်မယ်ဆို သယ်ယူပို့ဆောင်စရိတ်တို့ တခြားပေးထားတဲ့တိုင်တွေ တော်တော်များများပြုတ်သွားနိုင်တယ်။ ပြုတ်သွားလို့ရှိရင် အလုပ်သမားဘက်က ၀န်ပိမှာဆရာ။ ၀န်ပိမယ်ဆိုတာ ကျနော်တို့ဒီမှာ မထသ ကနေပြီးတော့ ယာဉ်စီးခတွေကို မြှင့်တော့မှာလေဆရာ၊ မြှင့်တော့မယ်ဆိုတာက မိုင်အလိုက်ကို သတ်မှတ်မယ်ဆိုရင် မူလရှိပြီးသား ကားခထက် နှစ်ဆလောက်တက်သွားနိုင်တယ်။ အဲဒီတော့ အလုပ်သွား၊ အလုပ်ပြန် ဥပမာ-တဆင့်တည်း သွားရတဲ့အလုပ်သမားဆိုရင် အသွား ၂၀၀၊ အပြန် ၂၀၀၊ ကားခ ၄၀၀ ကုန်မယ်။ နှစ်ဆင့်သွားရတဲ့ အလုပ်သမားဆိုရင် ကားခ ၈၀၀ သုံးနေရတဲ့ အလုပ်သမားပေါ့နော်။ လက်ရှိအချိန်မှာကို သူ ဒီလောက်အထိ ကားခအကုန်ခံပြီးသွားနရတယ်ဆရာရေ။ တကယ်လို့များ ကားခတွေ ပြင်ဆင်ပြောင်းလဲလိုက်ပြီဆိုရင် နှစ်ဆလောက်တက်တယ်ဆိုရင် သူ တနေ့ကို ၁ ထောင်နဲ့အထက် ခရီးစရိတ်ပြန်သုံးရမယ်ဆိုရင် ၃၆၀၀ ရသည်ပဲထား။ ရတဲ့လစာရဲ့ သုံးပုံတပုံလောက်က ကားခနဲ့တင် ပြန်ကုန်သွားနိုင်တဲ့ပြသနာလေဆရာ။ အဲဒါကတချက်။ နောက်တချက်က အိုဗာတိုင် (အချိန်ပို) မခိုင်းတော့မယ့်ပြဿ နာ ဆရာ။ ၃၆၀၀ (အလုပ်ချိန်ရှစ်နာရီ) ဆိုတော့ နာရီကြေး ၄၅၀ ဆရာရယ်။ နာရီကြေး ၄၅၀ ဆိုတော့ အိုဗာတိုင်ဆို တနာရီ ၉၀၀။ အဲဒီတော့ အိုဗာတိုင် ၂ နာရီခိုင်းမယ်ဆိုရင် အိုဗာတိုင်ကြေး ၁၈၀၀ ပေးပြီး လုပ်ငန်းရှင်တွေက မခိုင်းချင်ကြဘူး။ အဲတော့ သူတို့ မပေးနိုင်ကြဘူးပေါ့နော်။ အဲဒီတော့ အလုပ်သမားတွေက အိုဗာတိုင်ကနေ အပိုဝင်ငွေရနိုင်မယ့်လမ်းလည်းပဲ နောက်ဆုတ်သွားနိုင်တယ်။ ဘာကြောင့်ကျနော်ပြောရလဲဆိုရင် အခု လုပ်ငန်းရှင်တွေက အသံမြည်လာပြီ။ သူတို့ကို အိုဗာတိုင်ကြေးကို နိုင်ငံတကာစံနှုန်းနဲ့အညီ တစ်ဆခွဲ ပြင်ဆင်သတ်မှတ်ပေးဖို့ပေါ့နော် အလုပ်ရှင်တွေ တောင်းဆိုလာပြီ။ တောင်းဆိုလာတော့ ဒီဟာက ဥပဒေပြင်ရမယ်။ အရင် ၅၁ ခုနှစ်နောက်ပိုင်းမှာကို လက်ရှိ တရားဝင်နေတာက ၂ ဆပဲဆရာ အိုဗာတိုင်ကြေးကလေ။ အဲဒါကို ပြင်ပေးရမယ်ဆိုလို့ရှိရင် အဲဒီအိုဗာတိုင်ကြေး ပြင်ဆင်ပေးရမယ်ဆိုတဲ့အသံအပေါ်မှာလည်းပဲ အလုပ်သမားတွေ လက်ခံနိုင်ခြင်းမရှိပါဘူး။ သူတို့က ၂ ဆပဲ လိုချင်တယ်ပေါ့နော်။ အလုပ်သမားတွေဘက်က ကွန်ပလိန်းကလည်းပဲ ‘ဟာ – ခင်ဗျားတို့ပေးထားတဲ့လစာက နိုင်ငံတကာစံနှုန်းနဲ့မှမညီဘဲ၊ ကျနော်တို့ အိုဗာတိုင်ကြေး ၁ ဆခွဲ လျော့မပေးနိုင်ဘူး’ ဆိုတာမျိုးတွေပေါ့နော် ဒီမှာ အပြန်အလှန်ကွန်ပလိန်းတွေ ဒီရက်ထဲမှာ တော်တော်လေး တက်လာကြပါတယ်။

အလုပ်သမားတွေအတွက် လူမှုဖူလုံရေးဌာနဘက်က မြေနေရာတွေ အကွက်ရိုက်ပြီးတော့ တိုက်တန်းလျားတွေ စီစဉ်မှုရှိတယ်မဟုတ်လား။
“ရှိတယ်ဆရာ၊ အဲဒါကတော့ ကောင်းပါတယ်။ ကောင်းတယ်ဆိုတာ ၀န်ထမ်းအိမ်ရာစနစ်ပေါ့နော် အကောင်အထည်ဖော်ဖို့ စီမံကိန်းတွေစဖို့ အလားအလာအများကြီးကောင်းသွားပါပြီ။ ဆွေးနွေးလည်း ဆွေးနွေးနေပြီ။ အကောင်အထည်ပေါ်လာဖို့လည်း ရှိနေပါပြီ။ ဒါပေမယ့် ကာလအကန့်အသတ်တခုထိ ကျနော်တို့ သွားရလိမ့်ဦးမယ်။ ဒီမှာ လူမှုဖူလုံရေး ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းပေါ့နော်။ ဒါ သူ အနားယူသွားပြီပေါ့နော်၊ သူမနားခင်မှာ ကျနော် ဆွေးနွေးကြည့်တော့ အရမ်းကောင်းတဲ့ အစီအမံတွေပါ။ ဥပမာ- အနှစ် ၂၀ တို့၊ အနှစ် ၃၀ တို့ပေါ့။ ဒီလိုစီမံကိန်းတွေနဲ့ သူတို့သွားမယ်။ သွားပြီးတော့ ၀န်ထမ်းကို အိမ်အငှားတင် ထားမယ်ပေါ့နော်။ တင်ထားပြီးတော့ အိမ်ငှားခဟာ၊ သူက မြေတန်ဖိုးမသတ်မှတ်ဘူးဆရာ ဒါတွေ ဆောက်ဖြစ်ခဲ့ရင်လေ။ အဆောက်အဦဖိုးပဲ သတ်မှတ်မယ်ဆိုတဲ့အတွက် စရိတ်စက နည်းမယ်၊ မြေကိုတော့ နိုင်ငံတော်က ကျခံမယ်ဆိုတဲ့သဘောပေါ့နော်ဆရာ။ ဒီအဆောက်အဦ တန်ဖိုးရဲ့ တ၀က် အိမ်လခ သွင်းပြီးရင် သူက ကျန်တဲ့တ၀က်ကို ထပ်သွင်းနိုင်တဲ့အခြေအနေရှိရင် ၀န်ထမ်းအိမ်ပိုင်ပြီဆိုတဲ့ အဆင့်မျိုးအထိကို သူတို့ စီမံကိန်း ရေးဆွဲငှားတာရှိပါတယ်။ ကောင်းပါတယ်။ သို့သော်လည်းပဲ ဒီဟာက ရုတ်တရက် အကောင်အထည်ပေါ်လာဖို့ မလွယ်ဘူးလေ။ ကာလအကန့်အသတ်တခုထိ သွားရဦးမယ်ဆိုတော့ ဒီကြားထဲမှာ အလုပ်သမားတွေရဲ့ အခက်အခဲကတော့ တော်တော်မွန်းကျပ်ဦးမယ်လို့ပဲ တွက်လို့ရပါတယ်။

အနည်းဆုံးအခကြေးငွေ ၃၆၀၀ ကျပ်ကို ဒေါ်လာနဲ့တွက်ချက်ပြီး သတ်မှတ်ရင် မကောင်းဘူးလား။ အလုပ်သမားနဲ့ အလုပ်ရှင် အသာ၊ အနာ နည်းကြအောင်လို့လေ။
”ဒီလိုဆရာရေ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီဟာက ဒေါ်လာဈေးကြောင့် ဖြစ်သွားတာမျိုးတော့ မဟုတ်ဘူး။ အနိမ့်ဆုံးအခကြေးငွေ သတ်မှတ်ရေးကို ၂ နှစ်လောက် ဆောင်ရွက်တဲ့အခါမှာ အနည်းဆုံအခကြေးငွေမသတ်မှတ်ခင် ခြောက်လလောက်အလိုမှာ ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်နဲ့ ကျနော်တို့ အကြိမ်ကြိမ်ဆွေးနွေးပါတယ်။ ဘယ်လို အကြမ်းဖျဉ်းသတ်မှတ်မလဲပေါ့နော်။ အမျိုးသားကော်မတီရဲ့ဆွေးနွေးမှုက သပ်သပ်ပေါ့။ ကျနော်တို့ရဲ့အကြံပြုချက်တွေ ၀န်ကြီးနားထောင်ပါတယ်။ နားထောင်တဲ့အခါမှာ နာရီကြေးကို စဆွေးနွေးတော့ နာရီကြေးကို ကျနော် ၅၀၀ အထိ ဆွဲတင်ခဲ့တယ်ဆရာ။ အလုပ်ချိန် ၈ နာရီဆိုတော့ ၄၀၀၀ ပေါ့။ နောက်ဆုံး နာရီကြေး ၄၅၀ မှာ တန့်သွားတယ်ပေါ့။ အမျိုးသားကော်မတီကလည်း ကျနော်တို့ ခန့်မှန်းတဲ့အတိုင်းပဲ ၃၆၀၀ ထွက်လာတယ်ပေါ့နော်။ နာရီကြေး ၄၅၀ မှာ ရပ်တန့်သွားတယ်။ ဆိုတော့ အဲဒီကာလမတိုင်ခင်မှာ ဒေါ်လာက ၁၂၆၀ မရောက်သေးဘူးဆရာ။ အဲဒီမတိုင်ခင် ၂ လ ကျော်ကျော်လောက် ၃ လ နီးပါးဝန်းကျင်မှာ။ တဒေါ်လာ ၁၀၃၀ လောက်ပဲ ရှိသေးတယ်။ အဲဒီအချိန်မှာ ၃၆၀၀ ဖြစ်တာ။ အမျိုးသားကော်မတီရဲ့ အဆိုပြုချက်နှုန်းထား အတည်ဖြစ်သွားတာ။ ဖြစ်ပြီးမှ ဒေါ်လာဈေးက မြင့်တက်သွားတဲ့အတွက် လုပ်ငန်းရှင်တွေ လက်ခမောင်းခပ်တာပေါ့။ ပထမ မပေးနိုင်ဘူးဆိုတဲ့ အနေအထားကနေ ပေးနိုင်ပြီအနေထားရောက်တယ်။ အလုပ်သမားကတော့ ဂွမ်းတာပေါ့ဆရာရယ် အရပ်စကား ပြောရရင်။ ”
ကနဦးပိုင်းက အနည်းဆုံးအခကြေးငွေ ၃၆၀၀ ဆိုရင် စက်ရုံပိတ်မယ်လို့ဆိုတဲ့ ကိုရီးယားတို့၊ တရုတ်တို့ စက်ရုံလုပ်ငန်းရှင်တွေက ထွက်မယ့်အနေအထားရှိလား။ သူတို့ အခြေအနေကရော။
“တကယ်တမ်းပြောရရင် ကျနော်တို့နိုင်ငံမှာ အရေးယူမှုအရမ်းအားနည်းလို့ ဖြစ်ရတဲ့ပြဿ နာပါ။ ဒီမှာ ထိုင်ဝမ်တရုတ်တွေ၊ အစရှိသဖြင့်ပေါ့ ကိုရီးယားတွေ လာရင်းနှီးမြှုပ်နှံတော့ အမ်အိုင်စီ (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်) မှာ သူတို့တင်ထားတဲ့ ပရိုပိုဆယ် (အဆိုပြုမှု) တွေက ၉၅ (ဒေါ်လာ) တို့၊ ၁၀၀ (ဒေါ်လာ) တို့နဲ့ ပရိုပိုဆယ်တင်ထားတာဆရာ။ အလုပ်သမားတွေ လစာပေးပါမယ်ဆိုပြီး။ တကယ်တမ်းခိုင်းတော့ အခြေခံလစာက တသောင်းခွဲတို့ နှစ်သောင်းတို့နဲ့ လည်ပင်းညှစ်ပြီးခိုင်းခဲ့တာ နှစ်ကိုပေါက်ရောဆရာ။ တချို့စက်ရုံတွေ ၄၊ ၅၊ ၆ နှစ်ရှိသွားပြီ။ ဒါကို အမ်အိုင်စီမှာ သူတို့တင်ထားခဲ့တဲ့ ပရိုပိုဆယ်နဲ့ တကယ်ပေးနေတာတွေနဲ့ ကွဲလွဲပြီးတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ဒီမှာ အလုပ်သမားတွေကို ဂုတ်သွေးစုပ်ပြီး ထင်သလို လုပ်ခဲ့တဲ့ကိစ္စကို ပြည်ထောင်စုအစိုးရက လစ်လျူရှုခဲ့တာဆရာ။ အဲဒီတော့ ဒါကြီး လစ်လျူရှုခဲ့ပြီးတော့ ၃၆၀၀ သတ်မှတ်တော့မယ်ဆိုမှ မပေးနိုင်ပါဘူးဆိုပြီး ပြဿ နာတွေ ရှာကြတော့ ကျနော်တို့က ပြောင်ဘဲပြောတော့တာ။ အဲဒီအချိန်မှာ ဒါကြောင့် ဒီလိုဖြစ်ခဲ့တဲ့ကိစ္စတွေ ဘာကြောင့် အရေးမယူသလဲဆိုတဲ့ဟာကို ကျနော်တို့ အသံထုတ်လိုက်တော့မှ ၃၆၀၀ ကို အလုပ်ရှင်တွေ လက်ခံသွားတဲ့အခြေအနေရောက်သွားတာ။

လာမယ့်ရက်ပိုင်းတွေအတွင်းမှာ အသံဗလံ ကြားရမယ့်အခြေအနေတွေများ ကြားမိသလား။
“မှန်တယ် ဆရာ မှန်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီမှာ အလုပ်ရပ်စဲခံရမယ့် ကလေးတွေ ရှိတယ်ဆရာ။ ဥပမာ-အထည်ချုပ်ရုံတွေဆိုရင် စီ အုပ်စုတွေကို သူတို့ ရှင်းထုတ်ပစ်လိုက် လိမ့်မယ်ဆရာရယ်။ ၃၆၀၀ ကို သူတို့ Productivity (ကုန်ထုတ်စွမ်းအား) မပေးနိုင်ဘူး ဆိုပြီးတော့ အလုပ်ရပ်စဲခံရမယ့်ပြဿ နာတွေ ရှိတယ်။ အခုတောင် လှိုင်သာယာစက်မှုဇုန် ၂ က စက်ရုံက အလုပ်သမား ၁၂၀ လောက် အလုပ်ရပ်စဲလိုက်ပြီ။ အဲဒါကို ဘယ်လို အရေးယူ ကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်နေပါတယ်။ ”

အနည်းဆုံးအခကြေးငွေက ရှစ်နာရီ တရက်လုပ်အားခ ၃၆၀၀ ကျပ် ဆိုတော့ ကျွမ်းကျင်အဆင့် (၁)၊ (၂) တို့ စသဖြင့်တို့ဆိုရင်တော့ ဒီထက်ပိုများများ များသွားမှာပေါ့နော်။ ဟုတ်တယ် မဟုတ်လား။
“နဂို ၃၆၀၀ ထက် ကျော်ပြီးသားလူတွေကတော့ သူတို့ရပြီးသားလစာကို ပြန်လျှော့လို့ မရတော့ဘူး။ အခုမေးခွန်း အရမ်းကောင်းတယ်။ ကျွမ်းကျင်လုပ်သားတွေကလည်းပဲ အောက်က ၂၅၀၀ ရတဲ့သူ ၃၆၀၀ ရမယ်ဆရာရယ်။ ရမယ်ဆိုတော့ နဂို ၃၅၀၀ အစရှိသဖြင့်ပေါ့ ၄၀၀၀၊ ၅၀၀၀ ရနေတဲ့လူတွေကလည်း လစာတက်ချင်ပြီပေါ့ သူတို့ကျွမ်းကျင်ကြေး။ အောက်ကလူ တက်ပြီးတော့ သူတို့ မတက်ဘူးဆိုလို့ရှိရင် အခုမှ အလုပ်ဝင်၊ လုပ်သက် ၂ နှစ်လောက်လူနဲ့ လုပ်သက် ၁၀ နှစ်လောက်လူနဲ့ လစာအတူတူပဲဆိုရင် သူတို့လည်း မခံနိုင်ကြဘူးလေ။ တနေ့က တောင်ဒဂုံကအလုပ်သမားတွေနဲ့ ဆွေးနွေးတော့ အလုပ်သမားတွေရဲ့ ပေါက်ကွဲသံစဉ်တွေ ထွက်လာတယ်။ တော်တော်လေးတော့ dispute (အငြင်းပွားမှု) တွေဖြစ်လာမယ်လို့ ထင်ပါတယ်။”

အနိမ့်ဆုံးအခကြေးငွေကတော့ ၃၆၀၀ သတ်မှတ်လိုက်ပြီ။ ဒီသတ်မှတ်ချက်ရဲ့ လားရာက ဘယ်ကိုသွားနေလဲ။ ကောင်းကွက်၊ အားနည်းချက်တွေ ခြုံငုံပြောပြပါ။
“ကောင်းကွက်ကတော့ ကျနော်တို့ ၁၉၅၄ ခုနှစ် ဆေးလိပ်ခုံများ အနည်းဆုံးအခကြေးငွေ ဥပဒေရှိတယ်ဆရာရယ်။ အဲဒီတုန်းကတော့ ဆေးလိပ်ခုံတွေအတွက်ပဲ ပေးခဲ့တာလေ။ တနိုင်ငံလုံး လုပ်ငန်းမပါဘူး။ အခုဟာ တနိုင်ငံလုံး လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ အားလုံးကို သတ်မှတ်လိုက်တဲ့အတွက် ကျနော်တို့ ကြိုဆိုတယ်။ ဒါ ကောင်းတယ်။ အခြေခံတခု ရသွားပြီပေါ့။ သို့သော်လည်းပဲ ငွေကြေးမတည်ငြိမ်မှုအပေါ်မှာ အလုပ်သမားတွေ ခံစားခွင့်မရတဲ့ အချက်ကတော့ ကာလ၊ ဒေသအပေါ်မှာ မူတည်ပြီး အလုပ်သမားတွေ ခံစားခွင့်မရတာ။ ဥပဒေပါ အခွင့်အရေးကို အပြည့်အ၀ခံစားခွင့်မရတာ ဒီနှစ်ချက်ရှိမယ်။ နောက် တတိယအချက်ကတော့ အရင်တုန်းက လုပ်ခလစာတိုးပေးဖို့တောင်းဆိုတဲ့ သပိတ်တိုက်ပွဲတွေကြောင့်မို့လို့၊ ၂ နှစ်နီးပါး ၂၀၁၃၊ ၂၀၁၄။ တော်တော်များများလည်း အရေးယူခံရ၊ ဖမ်းခံရတာရှိတယ်။ အဲဒီအန္တရာယ်က ကျနော်တို့ ရှောင်သွားနိုင်ပြီ။ ဘာကြောင့်လည်းဆိုတော့ ဥပဒေအရ အခြေခံအခွင့်အရေးရတဲ့ အတွက် စေ့စပ်ညှိနှိုင်းမှုလုပ်လို့ရတဲ့ လမ်းကြောင်းပေါ်ရောက်သွားတယ်ပေါ့ ဆရာရယ်။ အဲဒီအနေအထားရောက်သွားတယ်၊ သပိတ်တွေတော့ လျော့ကျသွားနိုင်တယ်။”
http://burmese.dvb.no/archives/110118

အရှေ့တောင်အာရှ အကောင်းဆုံး ဂိုးသမား ၁၀ ဦးတွင် ကျော်ဇင်ဖြိုး ရွေးချယ်ခံရ

အရှေ့တောင်အာရှ အကောင်းဆုံး ဂိုးသမား ၁၀ ဦး စာရင်းမှာ ဆီးဂိမ်း ငွေတံဆိပ်ဆုရ မြန်မာ ယူ ၂၃ အသင်း ဂိုးသမား ကျော်ဇင်ဖြိုး ကို အီးအက်စ်ပီအန် အားကစား ၀က်ဘ်ဆိုက်က ရွေးချယ်လိုက်ပါတယ်။

စင်ကာပူအခြေစိုက် အီးအက်စ်ပီအန် အယ်ဒီတာက ရွေးချယ်လိုက်တဲ့ ဂိုးသမားတွေထဲမှာတော့ စင်ကာပူ၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်က ဂိုးသမားတွေ ပါဝင်ပါတယ်။
ဓာတ်ပုံ - ASEAN Football

ဓာတ်ပုံ – ASEAN Football

မြန်မာအသင်းက ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ စင်ကာပူကို နိုင်ခဲ့သလို အနာဂတ်အတွက် အလားအလာရှိတဲ့ ကစားသမား တဦးကိုလည်း မွေးထုတ်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာအသင်းက ရှိုင်းသူရနဲ့ နေလင်းထွန်းတို့ကလည်း ရေပန်းစားခဲ့သလို ဆီးဂိမ်းမှာ ဒုတိယရတာကလည်း ကျော်ဇင်ဖြိုးရဲ့ စွမ်းဆောင်မှုက ပါဝင်နေတယ်လို့ ရေးပါတယ်။

ထိုင်းအသင်းက ထိုးဖောက် ဂိုးသွင်းမှုကို ကျော်ဇင်ဖြိုး လက်စွမ်းပြ ကာကွယ်သွားတာဟာ အနာဂတ် မြန်မာအသင်းအတွက် အလားအလာရှိတဲ့ ဂိုးသမားတဦး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မကွေးအက်ဖ်စီ ဘောလုံးကလပ်က ကျော်ဇင်ဖြိုးဟာ အာဆီယံ အကောင်းဆုံး ဂိုးသမား ၁၀ ဦးထဲ နံပါတ် ၈ နေရာမှာ ရပ်တည်နေပြီး လက်ရှိ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၀င်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် အသင်းမှာလည်း လက်ရွေးစင် ဂိုးသမားအဖြစ် ရွေးချယ်ခံထားရပါတယ်။

အီးအက်စ်ပီအန်က ရွေးချယ်တဲ့ အကောင်းဆုံး ဂိုးသမားတွေထဲမှာ စင်ကာပူအသင်းနဲ့ အာမီယူနိုက်တက်အသင်းက ဂိုး ဟာဆန်ဆန်နီက နံပါတ် ၁၊ စင်ကာပူနဲ့ လိုင်းယွန်းXII အသင်းက အီဝမ် မာဘတ်က နံပါတ် ၂၊ ထိုင်းနဲ့ မြောင်သောင်ယူနိုက်တက် ကလပ်အသင်းက ဂိုးသမား ကာဝင်သမ်ဆတ်ချနန်က နံပါတ် ၃၊ မလေးရှားနဲ့ ကီလန်တန်အသင်းက ခိုင်ရူဖာမီချီမတ်က နံပါတ် ၄ နဲ့ ဖိလစ်ပိုင်နဲ့ ၀ယ်လ်ဆယ်ကလပ်အသင်းက နီးလ်အီသာရိုဒ်က နံပတ် ၅ နေရာမှာ ရွေးချယ်ခံရပါတယ်။

ထိုင်းနဲ့ ချွန်ဘူရီကလပ်က ဆင်သာဝီချိုင်းကနံပါတ် ၆၊ မလေးရှားနဲ့ ပီနန်အသင်းက ခိုင်ရူအဇန်ခါလစ်ကနံပါတ် ၇၊ မြန်မာနဲ့ မကွေးအက်ဖ်စီအသင်းက ကျော်ဇင်ဖြိုးက နံပါတ် ၈၊ ထိုင်းနဲ့ ဘူရီယမ်အသင်းက ဆီဝါရတ်တက်ဆန်နီအွန်က နံပါတ် ၉နဲ့ ဗီယက်နမ်က ဂိုးသမား ထရန်ငုရင်မန်းက နံပါတ် ၁၀ အဖြစ် အသီးသီး ရွေးချယ်ထားပါတယ်။
DVB Burmese

သေဆုံးခဲ့သောမိခင်ကို အလွမ်းမပြေ၍ ကလေးတစ်ဦး ကိုယ့်ကိုယ်ကိုယ်သတ်သေ

ဗြိတိန်နိုင်ငံ နော်ဖော့ခ်တွင် နေထိုင် သည့် အသက်(၁၂)အရွယ် မိန်းကလေး တစ်ဦးသည် မိခင်ဖြစ်သူ ရင်သားကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးနောက် မဖြေဆည်နိုင်ဖြစ်ကာ ဆွဲကြိုးချ သတ်သေခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

မိခင်ဖြစ်သူ ကာထရီနာ ရစ်ချတ်ဆင်သည် ၂၀၁၀ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီးနောက် အစ္စဘယ်အန်း ရစ်ချတ်ဆင်သည် ၎င်းကိုယ်၎င်း ဒဏ်ရာအနာတရ ဖြစ်အောင် လုပ်ဆောင်ခဲ့သည်။ မိခင်ဖြစ်သူ သေဆုံးမှုအတွက် ၀မ်းနည်းမိကြောင်း စာသင်ကျောင်းရှိ သူနာပြုဆရာမအား ပြောဆိုခဲ့သော်လည်း သူနာပြုဆရာမက ဂရုစိုက်ခြင်း မရှိခဲ့ချေ။ အစ္စဘယ်အန်း ရစ်ချတ်ဆင်သည် မေလ (၁၂) ရက်နေ့တွင် ဆွဲကြိုးချ သတ်သေခဲ့ခြင်း ဖြစ်သည်။ ၎င်းအား ဖခင်ဖြစ်သူ စတီဖင်က အိပ်ခန်းထဲတွင် တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

အစ္စဘယ်သည် ၎င်းကိုယ်၎င်း ဒဏ်ရာ အနာတရဖြစ်အောင် လုပ်ဆောင်ထားသည်ကို ရိုက်ကူးထားသည့် ဓာတ်ပုံများအား အင်စတာဂရမ် ဓာတ်ပုံဝေမျှရေး ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ နော်ဝစ်ရှ်ရှိ ဟေးဝစ်စာသင်ကျောင်းသည့် အစ္စဘယ်၏ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများနှင့် ပတ်သက်ပြီး အလေးမထား ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း သေမှုစစ်အရာရှိများက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

မေလ (၁၂) ရက်နေ့ ည(၆)နာရီ တွင်စတီဖင်သည် သမီးဖြစ်သူ၏ အိပ်ခန်း တံခါးဝတွင်ရပ်ပြီး ညစာစားရန် ပြောဆိုခဲ့သည်။ သို့သော် သမီးဖြစ်သူက စကားပြန် မပြောသည့် အခါတွင် စတီဖင်က သမီးဖြစ်သူ သီချင်းနားထောင် နေသည်ဟု ယူဆကာ ဆက်လက် ပြောဆိုခြင်း မပြုခဲ့ချေ။ သို့သော် အစ်ကိုဖြစ်သူ ကိုင်းက စတီဖင်ထံသို့ ဖုန်းဆက်ပြီး ညီမဖြစ်သူသည် အင်စတာဂရမ်တွင် ဆိုးရွားသော ဓာတ်ပုံများကို တင်ထားကြောင်း ပြောဆိုခဲ့ပြီးနောက် စတီဖင်သည် သမီးဖြစ်သူ၏ အခန်းထဲသို့ ၀င်ရောက်ခဲ့ရာ ကြိုးဆွဲချ သတ်သေထားသည့် သမီးဖြစ်သူကို တွေ့ရှိခဲ့သည်။ အစ္စဘယ်သည် ဆေးရုံသို့ရောက်ရှိပြီး ခြောက်ရက် အကြာတွင် သေဆုံးခဲ့သည်။
messenger news journal

ချမ်းသာလာဖို့နေ့စဉ် အလေ့အကျင့် ၁၀ ချက်

သင့်ရဲ့ နေ့စဉ်လုပ်နေကျ အလုပ်ကလေးတွေက သင့်ရဲ့ ကြွယ်ဝမှုကို သက်ရောက်မှုရှိနေ တယ်ဆိုတာ သိပါသလား။ နေ့စဉ်လုပ်နေကျ အမူအကျင့်ကလေးတွေကပဲ အနာဂတ် သင့်ရဲ့ အောင်မြင်မှုနဲ့ ချမ်းသာနိုင်မှု အခွင့်အလမ်းတွေကို ခန့်မှန်းပေးနိုင်ပါတယ်။ ဒါကြောင့် သင့်အိတ်ကပ် ထဲမှာ ငွေအမြဲ ပြည့်နေဖို့အတွက် သိသင့်တဲ့ အလေ့အကျင့် ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ နေ့စဉ် ရည်မှန်းချက် ချမှတ်ပါ။

ရေရှည်ရည်မှန်းချက် ချမှတ်ကြပြီးတော့ မေ့သွားတတ်ကြတာ လူအများစုရဲ့ သဘာဝပါ။ ဒါကြောင့် ပိုပြီးတော့ လက်တွေ့ဆန်တဲ့ တနေ့တာ ဘာ ပြီးအောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်လေးတွေ ကိုနေ့စဉ် ချမှတ်သွားပါ။

၂။ နားထောင်ကောင်းသူ ဖြစ်ဖို့ လေ့ကျင့်ပါ။

နားထောင်ကောင်းခြင်းဟာ အခြားသူတစ်ဦးက ကိုယ့်ဆီ ဘာလိုချင်တယ်ဆိုတာ သိနားလည် အောင် လုပ်နိုင်တဲ့ အရည်အသွေး တစ်ခုပဲ ဖြစ်ပါတယ်။ ဥပမာ၊ သင်ဟာ လုပ်ငန်းတစ်ခုကို အစပြုသူ ဖြစ်ပါက စကားနည်းပြီး များများနားထောင်ခြင်းဟာ အောင်မြင်မှုအတွက် သော့ချက်တစ်ခု ဖြစ်ပါ တယ်။ များများနားထောင်မှ သင့်ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကို ပိုပြီးကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

၃။ သင့်ကျန်းမာရေးကို ဂရုစိုက်ပါ။

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားတွေ စားသောက်ခြင်း ကအောင်မြင်မှုအတွက် အရေးပါပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သင့်ရဲ့ လုပ်နိုင်စွမ်းပိုပြီး တိုးတက် လာမယ်၊ အလုပ်တွေပိုပြီး လုပ်လာနိုင်တယ်ဆိုတာ တွေ့လာရမှာပါ။

၎။ တီဗီကြည့်ချိန် ကန့်သတ်ထားပါ။

အောင်မြင်နေတဲ့ သူအများစုကို ကြည့်ရင် တီဗီကြည့်ချိန် တစ်ရက်ကို တစ်နာရီထက် မပိုကြ ပါဘူး။ တချို့က ကြည့်တောင် မကြည့်ကြပါဘူး။ ဘာလို့လဲဆိုတော့ တီဗီကြည့်နေတဲ့အချိန်မှာ ပိုပြီး အကျိုးရှိတဲ့ အလုပ်တွေလုပ်ရင် ပိုပြီးထိရောက်တယ်လို့ သူတို့ သိကြပါတယ်။

၅။ မိတ်ဆွေတွေနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့၊ စေတနာ့ဝန်ထမ်း လုပ်ပါ။

မိတ်ဆွေသင်္ဂဟ ပေါများခြင်းရဲ့ အစွမ်းကို အထင်မသေးလိုက်ပါနဲ့။ အသိအကျွမ်းများခြင်းနဲ့ အကူအညီ ပေးတတ်ခြင်းဟာ ချမ်းသာလာမယ်လို့ ခန့်မှန်းနိုင်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

၆။ နေ့စဉ် စာဖတ်ပါ။

စာဖတ်ခြင်းဟာ အသိပညာ တိုးတက်စေရုံမက လောကကြီးကို တခြားသူနဲ့ အမြင်မတူဘဲ ပိုမို မြင်တတ်လာမှာပါ။ သင်ကြိုက်နှစ်သက်တဲ့ စာအုပ်ကို ယူပြီး တစ်ရက်ကို ၃၀ မိနစ်လောက်ဖတ်ပါ။ ဒါမှမဟုတ် သင့်ရဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တိုးတက်ဖို့အတွက် ပညာရပ်ဆိုင်ရာ စာအုပ်တွေ ဖတ်ရှုနိုင်သလို ပညာရပ်ကို အမြဲသစ်လွင်နေအောင်လို့ ဝက်ဘ်ဆိုက်တွေကိုလည်း အမြဲလေ့လာနိုင် ပါ တယ်။

၇။ သင့်ရဲ့ အရည်အသွေးတွေကို ထက်မြက်အောင် လုပ်ပါ။

အရည်အသွေး တိုးတက်လာပါမှ လုပ်ငန်းခွင်မှာ အောင်မြင်လာမှာပါ။ သင့်ရဲ့ ပါရမီနဲ့ ပညာရပ် မှာ ရင်းနှီးမြှုပ်နှံမှသာ လုပ်ငန်းအောင်မြင်မယ်၊ ဒါမှမဟုတ် ရာထူးတိုးမယ်၊ ပိုပြီးဆွဲဆောင်မှုရှိတဲ့ လစာပေး မယ့် အလုပ်မျိုး ရနိုင်မှာပါ။

၈။ အကောင်းမြင်ပါ။

အကောင်းတွေးမြင်ခြင်းဟာ သင့်ရဲ့ အမြင်ဆိုးတွေကို ဖယ်ထုတ်ပေးနိုင်ရုံမကဘဲ ကိုယ့်ကိုယ် ကိုယ် ကန့်သတ်မိတဲ့ အတွေးတွေကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ လာမယ့် အခွင့်အလမ်းတွေအတွက် အမြဲတမ်း တံခါးဖွင့်ထားတဲ့သူ ဖြစ်ပါစေ။

၉။ ပိုက်ဆံစုပါ။

လေ့လာမှုတွေအရ ငွေကို ကောင်းကောင်း စီမံခန့်ခွဲနိုင်သူတွေဟာ ချမ်းသာလာတယ်လို့ တွေ့ရပါတယ်။ သင့်ရဲ့ ကုန်ကျစရိတ်ကို ထိန်းသိမ်းထားနိုင်ပြီး ပုံမှန်ငွေကြေး စုမိပါက အချိန်နဲ့အမျှ သင်ရဲ့ငွေ ဘဏ္ဍာတိုက် ကြီးမားသထက် ကြီးမားလာမှာပါ။

၁၀။ သင့်နဲ့ စိတ်တူကိုယ်တူရှိတဲ့ သူတွေနဲ့ အပြင်ထွက်ပါ။

ကိုယ့်နဲ့ စိတ်တူကိုယ်တူရှိတဲ့ အပေါင်းအသင်းများနဲ့ အချိန်ယူပါက အချင်းချင်း အထင်အမြင်နဲ့ အခွင့်အလမ်းများကို ဝေမျှနိုင်မှာပါ။ သူတို့တွေဟာလည်း သင့်ရဲ့ အောင်မြင်မှုကို ကူပံ့ပေးနိုင်မှာပါ။

mizzima

အိမ်ထောင်ရှိလျက် နောက်အိမ်ထောင်ပြုလျှင် ထောင် ၇ နှစ်ချမှတ်ခံရနိုင်

ထိမ်းမြားမှုအတည်ဖြစ် နေစဉ် ထပ်မံ၍ ထိမ်းမြားမှုပြုပါ က (သို့မဟုတ်)လင်မယားအဖြစ် တရားမဝင် နေထိုင်ပေါင်းသင်း ကြောင်း ပြစ်မှုထင်ရှားပါက ခုနစ် နှစ်ထက်မပိုသော ထောင်ဒဏ်ချ မှတ်နိုင်ကြောင်း ပါဝင်သည့် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက် သည်။

ဥပဒေတစ်ရပ်ရပ်အရဖြစ် စေ၊ ကိုးကွယ်ရာဘာသာအရဖြစ် စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ လင်နှင့်မယား တစ်ဦး(သို့မဟုတ်) တစ်ဦးထက်ပို၍ တရားဝင်ထိမ်း မြားပြီးသည့် ယောက်ျား(သို့မ ဟုတ်)မိန်းမသည် အဆိုပါထိမ်း မြားမှု တည်မြဲနေစဉ် ကာလအ တွင်း ဤဥပဒေအာဏာ တည် သည့်နေ့မှစ၍ အခြားသူတစ်ဦး နှင့်ထပ်မံထိမ်းမြားခြင်းမပြုရ (သို့ မဟုတ်)လင်မယားအဖြစ် တရား မဝင်နေထိုင်ပေါင်းသင်းခြင်းမပြု ရဟု တားမြစ်ထားသည်။ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူး လွန်ပါကလည်း ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင် ကြောင်း အဆိုပါ ဥပဒေတွင် ပြ ဋ္ဌာန်းထားသည်။

နိုင်ငံတော်သမ္မတက သ ဘောထားမှတ်ချက် ( ၆ ) ချက် ဖြင့် ပေးပို့လာသော တစ်လင်တစ် မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို သြဂုတ် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲအတည်ပြုခဲ့ခြင်းဖြစ်သည်။ လွှတ်တော်က အတည်ပြု လိုက်ပြီဖြစ်၍ သမ္မတလက်မှတ် ရေးထိုးပြီးလျှင် ဖြစ်စေ (သို့မဟုတ်) သတ်မှတ်ရက်ပြည့်လျှင်ဖြစ်စေ ဥပဒေမှာ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်မည်ဖြစ် သည်။

‘‘ဆိုလိုတာကဗျာ။ အရင် တုန်းက တစ်ယောက်ထက် ပိုယူ ထားတဲ့လူတွေလည်း ဒီဥပဒေ တည်ပြီးရင် ထပ်ယူလို့မရတော့ ဘူးပေါ့ဗျာ။ တစ်လင်တစ်မယား စနစ်ကျင့်သုံးနေတဲ့လူတွေလည်း ထပ်ယူလို့ မရတော့ဘူး’’ဟု တ ရားရေး ဝန်ထမ်းတစ်ဦးက ရှင်းပြ သည်။

ယခင်က အိမ်ထောင်ပြုခဲ့ဖူး ပါက ယခင်အိမ်ထောင်နှင့်တရား ဝင်ကွာရှင်းပြတ်စဲပြီးကြောင်း ခိုင် မာသည့်အထောက်အထားတင် ပြနိုင်လျှင် အခြားသူတစ်ဦးနှင့် ထပ်မံထိမ်းမြားနိုင်ကြောင်း ဥပ ဒေတွင်ဖော်ပြထားသည်။

ထို့အပြင် အိမ်ထောင်ရှိ သော ယောက်ျား(သို့မဟုတ်)မိန်း မတစ်ဦးဦးသည် ထိမ်းမြားမှုအ တည်ဖြစ်နေစဉ် အိမ်ထောင်ရှိ ကြောင်းကို ထိမ်ချန်၍ အခြား ယောက်ျား(သို့မဟုတ်)မိန်းမတစ် ဦးကို ထပ်မံထိမ်းမြားပါက ၁၀ နှစ်ထက်မပိုသော ထောင်ဒဏ်ချ မှတ်ခံရမည်ဖြစ်ကြောင်း ဥပဒေ တွင် ဖော်ပြထားသည်။

‘‘အမျိုးသမီးတွေဘက်က ကြည့်ရင် အန်တီတို့ကတော့ တစ် လင်တစ်မယားစနစ်ကို ထောက် ခံတယ်။ ချမှတ်တဲ့ပြစ်ဒဏ်က များတယ်လို့တော့ ဆိုနိုင်တာပေါ့။ ဒါပေမဲ့လည်း ပြစ်ဒဏ်လျှော့ချဖို့ ဥပဒေကို ပြင်နိုင်တဲ့အခွင့်အရေး တော့ ရှိတာပေါ့နော်’’ဟု ဥပဒေ ကျွမ်းကျင်သူ အမျိုးသမီးလွှတ် တော်ကိုယ်စားလှယ်ဒေါက်တာညိုညိုသင်းက ပြောသည်။

တရားမဝင် ထိမ်းမြားလက် ထပ်ခြင်း(သို့မဟုတ်)ထိမ်ချန် လက်ထပ်ခြင်းကြောင့် ရရှိလာ သောသားသမီးများသည် ကလေး သူငယ်အခွင့်အရေး ဆုံးရှုံးခြင်း မရှိစေရဟု ဥပဒေတွင် ဖော်ပြ ထားသည်။

‘‘တိုင်ရင်တော့ ကောင်းတာ ပေါ့ဗျာ။ ဒါပေမဲ့ တချို့ပိုက်ဆံ ထောက်ပံ့နိုင်လို့ အကြီးရော၊ အ ငယ်ပါ နှစ်ယောက်စလုံးကျေနပ် လို့ ပေါင်းနေတဲ့ လူတွေကျတော့ ဘယ်လိုအရေးယူမလဲ’’ဟု အိမ် ထောင်ရှင်အမျိုးသားတစ်ဦးက ထောက်ပြသည်။

ယခုအခါ မျိုးစောင့်ဥပဒေ လေးရပ်ကို အတည်ပြုပြဋ္ဌာန်းနိုင် ခဲ့ပြီဖြစ်သည်။ ပြည်ထောင်စုလွှတ် တော်မပြီးဆုံးမီ နှစ်ရက်အလိုက ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းက ‘‘ဒီဥပဒေ ပြ ဋ္ဌာန်းစေချင်တယ်။ မင်းတို့လုပ်နိုင် မလား’’ဟု ဥပဒေကြမ်းကော်မတီ ကို မေးမြန်းခဲ့ကြောင်း၊ ဥပဒေ ကြမ်းပူးပေါင်းကော်မတီက အ စည်းအဝေးပြုလုပ်ပြီး အတည်ပြု နိုင်ရန် ပြင်ဆင်ဆောင်ရွက်ခဲ့ ကြောင်း ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ၎င်း၏လူမှုကွန် ရက်စာမျက်နှာတွင် ရေးသားထား သည်။

‘‘ဒီဥပဒေက ထိမ်းမြားထား သူတွေအတွက် ထုတ်ထားတာ ဖြစ်တဲ့အတွက် ထိမ်းမြားခြင်းကို ရှောင်ရှားပြီး ဥပဒေကို လက်တစ် လုံးခြားလုပ်နိုင်တယ်။ သဘောက လူပျို၊ အပျိုတွေက လက်မထပ် ကြတော့ဘဲ အတူနေထိုင်တဲ့ (Living Together)ကိစ္စတွေ ပို ဖြစ်လာနိုင်တယ်’’ဟု တရားသူ ကြီးဟောင်းတစ်ဦးက သုံးသပ် သည်။

7day daily



သီချင်းစပ်တဲ့သူကလည်းတော်တယ်။ထွက်လာတဲ့ဥပဒေနဲ့ အချိန်ကိုက်ပဲ။အိမ်ထောင်ရှိလျက် နောက်အိမ်ထောင်ပြုလျှင် ထောင် ၇ နှစ်ချမှတ်ခံ...

Posted by The Melting Pot 4 U on Monday, 31 August 2015

ဘူးသီးတောင်နှင့် မောင်တော ၂ မြို့နယ်ပေါင်း အမတ်လောင်း ၁၉ ဦး အပယ်ခံရ


ဟိန်းကိုစိုး
ရန်ကုန်၊ သြဂုတ် ၃၀ ။          ။ ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ၂ မြို့နယ်ပေါင်း အမတ်လောင်း ၁၉ ဦးကို ရွေးကောက်ပွဲ ဥပဒေပါနိုင်ငံသား မိဘနှစ်ပါး မှမွေးဖွား သူမဟုတ်သည့် အချက်ဖြင့် ပယ်ချခဲ့ရကြောင်း မောင်တောခရိုင် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့် က မဇ္ဈိမကို ပြောသည်။

"၂ မြို့နယ်လုံး ၁၉ ယောက်၊ နာမည်အတိအကျကိုတော့ ရုံးမှာပဲ သိရမယ်။ နိုင်ငံသားမိဘနှစ် ပါးက မွေးဖွားသူ မဟုတ်သူဆိုတဲ့ ကန့်ကွက်မှုအရပဲ၊ စိစစ်ပြီး ဥပဒေအရပယ်တာ" ဟု ၎င်းက ဆိုသည်။

မောင်တောနှင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ၂၄ ဦး၊ ယင်းမြို့နယ် နှစ်ခု အကျုံးဝင်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၇၊ ၈ နှင့် ၉ အတွက် ၁၇ ဦးနှင့်ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၁ နှင့် ၂ အတွက် ၂၄ ဦး စုစုပေါင်းအမတ်လောင်း ၅၅ ဦးထိ ဝင်ရောက်ယှဉ်ပြိုင် ကြခြင်းဖြစ်သည်။

နှစ်မြို့နယ်ပေါင်း အမတ် ၅၅ ဦးအနက်မှ ၁၉ ဦးကို သက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၇(ဂ) ပါ နိုင်ငံသားမိဘနှစ်ပါးမှ မွေးသူမဟုတ်ခြင်းဟူသည့် အချက်ဖြင့် ပယ်ချခြင်း ဖြစ်သည်။

ပယ်ချခံခဲ့ရသည့်  အမတ်ပေါင်း ၁၉ ဦးသည် ဘူးသီးတောင် ပြည်သူ့လွှတ်တော်အမတ် ဦးရွှေမောင် အပါအဝင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီတို့မှ ဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ အမတ်လောင်းများ အများဆုံး ပါဝင်သည်။ ပယ်ချခံရ သည့် ၁၉ ဦးမှာ ဘူးသီးတောင်မှ ၈ ဦးနှင့်၊ မောင်တောမှ ၁၁ ဦး ပါဝင်သည်။ မောင်တောမှ ၁၁ ဦးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားပြု မောင်တော အမှတ်၂ မဲဆန္ဒနယ် အမတ်လောင်းတစ်ဦး လည်း ပါဝင်သည်။

ဘူးသီးတောင်မှ ၁၀ ဦးမှာ ၂၂ ရက်က ပယ်ချခံရသည့် ဦးရွှေမောင်နှင့် ဒေါ်ခင်ခင်လွင်အပြင် ဦးကျော်မင်း၊ အဘူသာဟဲ (ပြည်သူ့လွှတ်တော်-ဘူးသီးတောင်)၊ ဦးစိုးဝင်း၊ ဒေါ်တင်တင်မြ(ပြည်နယ် အမှတ်၂)၊ ဦးစိုးဦး (ပြည်နယ် အမှတ်၁)နှင့် ဘူးသီးတောင်မြို့နယ်ပါဝင်သည့် အမှတ် ၉ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်မှ ဦးထွန်းမင်း တို့ဖြစ်သည်ဟု ရခိုင်အမျိုးသား ပါတီကိုယ်စားပြု ဘူးသီးတောင် မြို့နယ်မှ ဝင်ရောက်မည့် အမတ်လောင်း ဦးအောင်သောင်းရွှေက မဇ္ဈိမကို ပြောသည်။

" မနေ့က ညနေက သိရတယ်။ ဦးရွှေမောင်၊ ဒေါ်ခင်ခင်လွင်တို့အပြင် ထပ်ပြီးကန့်ကွက်ထားတဲ့ ၆ ယောက်ကိုလည်း ရှေ့ကနှစ်ယောက်လိုပဲ အမတ်လောင်းအဖြစ်က ပယ်ချတယ်ဆိုပြီး မနေ့က ညနေက အသိပေးတယ်" ဟု ၎င်းက ဆိုသည်။

ဘူးသီးတောင်မြို့နယ်မှ ထပ်မံပယ်ချခံခဲ့ရသည့် အမတ်လောင်းများကို မောင်တောခရိုင် ကော်မရှင်က ၂၅၊ ၂၆ နှင့် ၂၇ ရက်တို့တွင် စိစစ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့များတွင်ပင် ကန့်ကွက်သူများက စာရေးသားကာ သွားရောက်ကန့်ကွက် တင်ပြကြခြင်းဟု ဦးအောင်သောင်းရွှေ က ပြောသည်။

မောင်တောမဲဆန္ဒနယ်မှ ပယ်ချခံထားရသည့် ၁၁ ဦးအမည်ကိုမူ ခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့် က မပြောကြားနိုင်သေးကြောင်း သြဂုတ် ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

" သက်ဆိုင်ရာ နေရာအသီးသီးက အမတ်လောင်းတွေက ကန့်ကွက်ထားတာ အားလုံးပေါင်း ၁၁ ယောက်၊ ကျွန်တော်တို့ဆီကိုတော့ အသိပေးတာ မရှိသေးဘူး။ နက်ဖြန်လောက်မှ သိရမယ်ထင် တယ်" ဟု ရခိုင်အမျိုးသား ပါတီကိုယ်စားပြု  မောင်တောမြို့နယ် အမှတ် ၁ မှ ဝင်ရောက်မည့် အမတ်လောင်း ဦးခင်မောင်သန်း က မဇ္ဈိမကို ပြောသည်။

ပယ်ချခံရသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ဥက္ကဋ္ဌ ဦးကျော်မင်းနှင့် ဒုဥက္ကဋ္ဌ ဦးခင်ဇော် တို့ကို မဇ္ဈိမက တယ်လီဖုန်းဖြင့် မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။ နိုဝင်ဘာလ ၈ ရက်တွင်၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး ပါတီပေါင်း ၉၀ မှ ရွေးကောက်ခံမည့် အမတ်လောင်းပေါင်း ၆,၀၀၀ကျော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ အမည်စာရင်းများ တင်သွင်း ထားကြခြင်း ဖြစ်သည်။

တင်သွင်းထားသည့် အမည်စာရင်းများကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်များက သြဂုတ်လ ၁၈ ရက်မှ ၃၁ ရက်ထိ အမတ်လောင်း စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

- See more at: http://mizzimaburmese.com/article/3988#sthash.CM2OHm8k.u4GUpKe0.dpuf

ဆရာဝန်ကို အတွင်းခံဘောင်းဘီ လျှော်ခိုင်းတဲ့ သမီးတော်


သမီးတော်တွေ သမီးတော်တွေလို့ ဆောင်းပါးတွေ ရေးနေပေမဲ့ တကယ်ခွက်ခွက်လန်အောင် ဆိုးတဲ့သမီးတော်က နှစ်ပါးပဲရှိတာပါ။ ခွက်ခွက်လန်အောင် ဆိုးတယ်ဆိုတာက အောက်လက်ငယ်သားတွေကို နှိပ်စက်လွန်းလို့ပါ။ ဈေးဝယ်ကြမ်းတဲ့ နေရာမှာတော့ အားလုံးက လက်ညီပါပေတယ်။ သမီးတော်တွေ ဆိုးသမျှဒဏ်ကို ခါးစည်းခံရတာကလဲ မန္တလေး အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဖြစ်ပါတယ်။ ဒီလိုခါးစည်းခံတဲ့ အတွက် မန္တလေး တိုင်းမှူးတွေ အားလုံးဟာ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်အထိ ရာထူးတက်တဲ့ သူတွေချည်းပါပဲ။ ပြောရရင် အာဏာရှင်ကြီးက ပြန်လည် စောင့်ရှောက်ပေးတာ ဖြစ်တယ်။ ဒါကြောင့် အာဏာရှင်ခေတ်က မန္တလေးတိုင်းမှူးဖြစ်ရင် နောက်တစ်ဆင့် ရာထူးကို မှန်းလို့သေချာပေါက် ရပြီလို့ ပြောနိုင်တယ်။ ဒါကြောင့်လည်း တိုင်းမှူးတွေဟာ သမီးတော်တွေ သုံးသမျှ ဖြုန်းသမျှကို မြို့သစ်တွေ ဖော်ထုတ်ပြီး မန္တလေးမြို့ကြီးကို တရုတ်လက် ၀ကွက်အပ်လိုက်ရတာ ဖြစ်တယ်။ ပြောရရင် သူများတွေ ရေးနေတဲ့ မြန်မာ့ယဉ်ကျေးမှု ခံတပ်ကို တရုတ်လက်ထဲ အပ်လိုက်တာဟာ သမီးတော်တွေပဲဖြစ်တယ်။

သမီးတော်ရာဇ၀င် ဆောင်းပါးကို စီးရီးလိုက်ရေးတဲ့အခါမှာ ဂျာနယ်တိုက်ကို ဖိအားမျိုးစုံပေးတာ ခံရတယ်။ ဒါပေမဲ့ ကိုယ်ပြုသောကံ ပဲ့တင်သံကိုယ့်ထံ ပြန်လာမည်ဆိုတဲ့ စကားလို တစ်ချိန်တုန်းက ဒီလိုပြန်အရေးခံရမယ်လို့ စဉ်းစားခဲ့ရင် ဒီလိုဇာတ်လမ်းတွေ ဘယ်ဖြစ်လာမလဲဗျာ။ သိကြား သာသနာမှာ ၀ဋ်ဆိုတာ ဘ၀မကူးဘူးဆိုတဲ့ စာဆိုကလည်း ရှိတယ် မဟုတ်လား။ သမီးတော် ရာဇ၀င် ရပ်လိုက်တဲ့ အချိန်မှာ ဂျာနယ်တိုက်ကို ဒီဇာတ်လမ်း ဆက်ရေးပါလို့ တောင်းဆိုသူတွေ အများစု ဟာ တပ်မတော်ထဲက မိသားစုဝင်တွေ ဖြစ်နေတာကလဲ အံ့သြစရာ ကောင်းပါတယ်။ ဒုတိယ အများဆုံး တောင်းဆိုသူတွေကတော့ အမျိုးသမီး စာဖတ်ပရိသတ်ဖြစ်တယ်။ ဒါကြောင့် ဘယ်လို ဖိအားတွေရှိရှိ သမီးတော်ရာဇ၀င်ကတော့ ရှေ့ကိုဆက်လက် ရေးသားရတော့မှာ ဖြစ်တယ်။ တကယ်တော့ စာရေးဆရာဟာ သူ့ကိုယ်သူ မပိုင်ပါဘူး။ သူ့ရဲ့စာဖတ်ပရိသတ်ကပဲ ပိုင်တာပါ။ ရှားလော့ဟုမ်း ၀တ္တုတွေ ရေးတဲ့ စာရေးဆရာကြီး ဆာအာသာကိုဒင်နွိုင်းဟာ ရေးရတာ ပျင်းလာပြီး စုံထောက်ကြီး ရှားလော့ဟုမ်းကို ရေတံခွန်ထဲ ပြုတ်ကျသတ်ပစ်ခဲ့ပေမဲ့ ပရိသတ်ရဲ့အားကို မလွန်ဆန်သာပဲ ပြန်ရှင်တဲ့ ဇာတ်လမ်းကို ဖန်တီးပြီး ပြန်လည်အသက်သွင်း ပေးခဲ့ရဘူးပါတယ်။ ဒါကြောင့် တစ်နိုင်ငံလုံး သည်းသည်းလှုပ် ကြိုက်နေတဲ့ သမီးတော် ရာဇ၀င်ကို ပြန်လည် အစပျိုးလိုက်ရပြီ ဖြစ်ပါကြောင်း။

ဒီတစ်ပတ် ဇာတ်လမ်းကို ပြောပြသူက မန္တလေးက အင်ဂျင်နီယာ တပ်မှူးတစ်ယောက် ဖြစ်ပါတယ်။ ထူးဆန်းတာက အဲဒီအချိန်မှာ တိုင်းမှူးကတော်ကအစ မန္တလေးက တပ်မှူးကတော်တွေဟာ ဆရာဝန်တွေ အများစု ဖြစ်နေကြတယ်။ ဒီတစ်ခါ ပြောပြတဲ့ တပ်မှူးကတော့ ဒီဇာတ်လမ်း ပြောပြချိန်မှာ သမီးတော်တွေ နှိပ်စက်တဲ့ဒဏ်ကို သူ့မိန်းမခံရတာကို သနားလွန်းလို့ တပ်မတော်က နှုတ်ထွက်စာ တင်ပြီး ထွက်လိုက်ချိန်လည်း ဖြစ်တယ်။ ဒီဇာတ်လမ်းဟာ ဆယ်စုနှစ် တစ်ခုကျော် ကြာအောင် စာရေးဆရာဆီမှာ ရောက်ပြီးသား ဇာတ်လမ်းပါ။ ဒီမိုကရေစီစနစ်ကြောင့် ပြည်သူတွေ အခုအချိန်မှာ သိခွင့်ရတဲ့ ဇာတ်လမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။

ထုံးစံအတိုင်း သမီးတော်တွေထဲက ခပ်ဆိုးဆိုး တစ်ယောက်ရဲ့ အလုပ်အကျွေး အဖြစ် ဒီတပ်မှူးရဲ့ ဇနီးဆရာဝန်က တာဝန်ကျပါတယ်။ ညနေ ခြောက်နာရီလောက်မှာ အပြင်မှာ ဘယ်သူရှိသလဲ အော်သံကြောင့် ရှိပါတယ် သမီးတော်ဆိုပြီး အခန်းထဲဝင် လိုက်ရပါတယ်။ သမီးတော်က ထမီရင်လျားကြီးနဲ့ ရေချိုးဖို့ ပြင်နေတာပါ။ သူ့ခြေရင်းမှာတော့ သူဝတ်တဲ့ အတွင်းခံ ဘောင်းဘီ ရှိနေပါတယ်။ သမီးတော်က အဲဒီ အတွင်းခံ ဘောင်းဘီကို ခြေထောက်နဲ့ လှမ်းခတ်ပြီး ဆရာဝန်မရှေ့ကို ပို့လိုက်တယ်။ ပါးစပ်ကလည်း ဒီအတွင်းခံက ဒေါ်လာ၂၅၀၀ တန်တယ်။ မနက်ဖန် ငါပြန်ဝတ်မှာ။ ဒါကြောင့် ခုညတွင်းချင်း လျှော်ပြီး မီးပူ တိုက်ပြီးလာပို့။ တစ်ခြားသူကို မခိုင်းနဲ့နော်၊ နင်ကိုယ်တိုင်လျှော်၊ တစ်ခုခု ပျက်စီးလို့ကတော့ သေမယ်သာကြံဆိုတဲ့ အမိန့်တော်ချမှတ် လိုက်ပါတယ်။ တပ်မှူးကတော် ဆရာဝန်ဟာ အဲဒီအချိန်မှာ အသက် ၃၀ကျော် ရှိနေပါပြီ။ သူ့ရဲ့ ညီမအငယ်ဆုံး အရွယ်က နင်နဲ့ငါနဲ့ ပြောရုံမက အတွင်းခံ ဘောင်းဘီကို ခြေနဲ့ကန်ပေးတာကို ကောက်ပြီး စိတ်မကောင်းကြီးစွာနဲ့ အိမ်ကို ပြန်လာပါတယ်။ အိမ်ရောက်တာနဲ့ သူ့ခင်ပွန်း မျက်နှာကို စေ့စေ့ကြည့်ပြီး ရှင့်လိုစစ်ဗိုလ်ကို ယူမိလို့ ကျွန်မ အစော်ကားခံလိုက်ရပြီလို့ တစ်ခွန်းခြင်း ပြောလိုက်ပါတယ်။ သမီးတော်တွေ ဇောင်းထတဲ့ ကာလမှာ ရှင့်လို စစ်ဗိုလ်ကို ယူမိလို့ အစော်ကားခံ လိုက်ရလေခြင်းလို့ ရန်အတွေ့ခံရတဲ့ တပ်မှူးတွေ အတော်များပါတယ်။

အရင်ရေးတဲ့ ဇာတ်လမ်း တစ်ခုထဲမှာလည်း တညလုံး အိပ်ခန်းထဲ မတ်တတ်ရပ် ဒဏ်ပေးခံရတဲ့ ဆရာဝန်မလေး အကြောင်းပါဘူးပါတယ်။ သူတို့ကတော့ အခုအချိန်မှာ တိုင်းမှူး ဖြစ်နေပါပြီ။ ဒီတစ်ခါ ဇနီးကို အတွင်းခံ ဘောင်းဘီ လျှော်ခိုင်းခြင်း ခံရတဲ့ တပ်မှူးကတော့ အဲဒီကိစ္စဖြစ်ပြီး မကြာခင်မှာပဲ ထွက်စာတင်လိုက်ပါတယ်။ ဒီတပ်မှူးနဲ့ လက်စောင်းထက် အလွန်ခင်ပါတယ်။ အလွန်တည်တံ့ပြီး အလွန်သဘော ကောင်းတဲ့ တပ်မှူးပါ။ သူက ကျွန်တော်တတ်တဲ့ အင်ဂျင်နီယာ ပညာနဲ့ အပြင်မှာပဲ လုပ်စားတော့မယ်ဗျာ၊ ကိုယ့်ကြောင့် ကိုယ်မြတ်နိုးလို့ ယူထားတဲ့ ဇနီးကို သူများ အနိုင်ကျင့်တာ မခံနိုင်တော့ဘူးလို့ ရင်ဖွင့်သွားခဲ့ပါတယ်။ သမီးတော် ရာဇ၀င်ကို ဘာကြောင့် တပ်မတော်ထဲက မိသားစုတွေ ကြိုက်သလဲဆိုတာ ဒါကြောင့်ပါပဲ။ သမီးတော်တွေ နှိပ်စက်တဲ့ ဒဏ်ကို ပြည်သူတွေထက် တပ်မတော်ထဲက အရာရှိ စစ်သည်တွေတင်မက သူတို့ မိသားစုဝင်တွေပါ အများကြီး ခံခဲ့ရပါတယ်။ ကိုယ်အမူအရာနဲ့ နှုတ်အမူအရာနဲ့ စိတ်တိုင်းကျ စော်ကားတာကို ခံခဲ့ရတဲ့ အတွက် အခုအချိန်မှာ သမီးတော် ရာဇ၀င်ကို ဆက်ရေးပါ။ စာအုပ်ထုတ်ပါ။ ဘာလို့ရပ်လိုက် ရတာလဲ။ ခုထိ အဲဒီအာဏာရှင် မိသားစုက အာဏာရှိဆဲပဲလား ဆိုတဲ့ တယ်လီဖုန်းနဲ့ သတင်းမေးတာတွေ ပေးစာတွေဟာ ဂျာနယ်တိုက်မှာ ပလူပျံနေပါတယ်။ ဒါကြောင့် မီဒီယာရဲ့ တာဝန်ကို ထမ်းဆောင်တဲ့ အနေနဲ့ ဂျာနယ်တိုက်ကို ရောက်ရှိလာတဲ့ သမီးတော် ဇာတ်လမ်းတွေ၊ စာရေးသူ ကိုယ်တိုင် တွေ့ခဲ့ရ၊ ကြားခဲ့ရတဲ့ သမီးတော် ရာဇ၀င်တွေကိုတော့ အလျဉ်းသင့်သလို ဆက်လက် ရေးသားရတော့မယ် ဖြစ်ပါကြောင်း။

လက်စောင်းထက်

Tomorrow

ဘန်ကောက်ဗုံးပေါက်ကွဲမှုသံသယရှိသူနောက်နှစ်ဦးရဲ့ ပုံတွေ ထိုင်းရဲထုတ်ပြန်

ဩဂုတ် ၃၁။ ။ ထိုင်းရဲတပ်ဖွဲ့ဟာ ဘန်ကောက်ဗုံးကွဲမှုအတွက်နောက်ထပ်သံသယရှိသူနှစ်ဦးရဲ့ ရုပ်ပုံတွေကို တနင်္လာနေ့က ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။ ဒုတိယမြောက်တိုက်ခန်းမှာ ဖောက်ခွဲရေးပစ္စည်းတွေလို့ ယူဆရတဲ့အရာတွေ ရှာဖွေတွေ့ရှိပြီးတဲ့နောက် အခုလို ရုပ်ပုံ တွေကို ရဲက အများပြည်သူကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
တစ်ဦးက အသက် ၂၆နှစ်အရွယ် ၀မ်နာဆူအန်ဆန် အမည်ရ ထိုင်းအမျိုးသမီးဖြစ်ပြီး သူ့ရဲ့ ထိုင်းနိုင်ငံသားစိစစ်ရေးကတ်ပြားပုံကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ကာ နောက်တစ်ဦးကိုတော့ ဘယ်နိုင်ငံသားမှန်းမသိရတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်ပုံကြမ်းကို ထုတ်ပြန်ခဲ့တာပါ။ မင်းဘူရီ ဆိုတဲ့ ဘန်ကောက်ဆင်ခြေဖုံးအရပ်ရှိ အဆိုပါ ဒုတိယမြောက်တိုက်ခန်းကို ယင်းအမျိုးသမီးက ပိုင်ဆိုင်ပြီး အဆိုပါ အမည်မသိ အမျိုးသားကို အခန်းငှားရမ်းထားပုံရပါတယ်။ ပထမတိုက်ခန်းမှာလည်း အလားတူဖောက်ခွဲရေးပစ္စည်းတွေ တွေ့ရှိမှုနဲ့အတူ ဧရာဝဏ်ဘုရားကျောင်းဗုံးပေါက်ကွဲမှုရဲ့ အဓိကတရားခံလို့ သံသယရှိသူကို ရဲတွေဖမ်းဆီးမိခဲ့ပြီး တစ်ရက်အကြာမှာ ဒုတိယမြောက်တိုက်ခန်းကို အလားတူ ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။ လောလောဆယ်တော့ ကျန်ရှိတဲ့ တရားခံတွေကို ရှာဖွေဖို့ ထိုင်းရဲတပ်ဖွဲ့က အပူတပြင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ၄င်းသံသယတရားခံနှစ်ဦးကိုလည်း ဖောက်ခွဲရေးပစ္စည်းတွေ လက်ဝယ်ပိုင်မှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။
အခုထိတော့ ဗုံးပေါက်ကွဲမှုဟာ ဘယ်အဖွဲ့၊ ဘယ်သူရဲ့ လက်ချက်ဆိုတာမသိရသေးသလို၊ နောက်ကွယ်က လှုံဆော်တဲ့အကြောင်းရင်း ကိုလည်း မဖော်ထုတ်နိုင်သေးပါဘူး။
Ref: AP
ပုံ – AP

Credit: kumudra

အိမ်ပိုင်ဆိုင်မှု မရှိဘဲ ဘဏ်အကောင့် တစ်ခုသာ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌမှာ အိမ်ပိုင်ဆိုင်မှု မရှိဘဲ ဘဏ်အကောင့် တစ်ခုသာ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နေပြည်တော် ကောင်စီ နယ်မြေ ဥတ္တရသီရိ မြို့နယ် အတွင်းရှိ တောင်ညို ကျေးရွာတွင် ရွေးကောက်ပွဲ ကိစ္စနှင့် ပတ်သက်ပြီး ဟောပြောပွဲ ပြုလုပ်နေစဉ် အတွင်း ပြည်သူတစ်ဦး၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''အခု ရန်ကုန်မှာနေတဲ့ အိမ်ကော၊ နေပြည်တော်မှာ ရှိတဲ့ အိမ်ကော ကျွန်မ မပိုင်ပါဘူး။ စားရေးသောက်ရေး ၀တ်ရေးကတော့ အဆင်ပြေပါတယ်'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိတွင်လည်း အဖွဲ့ချုပ်ရှိ ကိုယ်စားလှယ်လောင်းများမှာ ပိုင်ဆိုင်မှုများကို တင်ပြရမည် ဖြစ်ပြီး မိမိကိုယ်တိုင်သည်လည်း ကိုယ်စားလှယ်လောင်း လုပ်မည် ဖြစ်သောကြောင့် ပိုင်ဆိုင်မှုများကို အဖွဲ့ချုပ်ထံသို့ တင်ပြထားပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။

''ကျွန်မ ကိုယ်ပိုင်ပစ္စည်း သိပ်ရှိတာ မဟုတ်ဘူး။ ကျွန်မ အစစ်ဆေးခံ ၀ံ့တယ်။ မစစ်ဆေးခံ ၀ံ့တယ် ဆိုတာ မခံလို့လည်း မရဘူး။ ကျွန်မက ကိုယ်စားလှယ်လောင်း တစ်ယောက် ဖြစ်တာ ဆိုတော့ တခြားသူတွေနဲ့ နည်းတူ ကျွန်မပိုင်ဆိုင်မှုတွေ တင်ပြရပါတယ်။

အဲဒီတော့ ကျွန်မအိမ်လည်း မပိုင်ပါဘူး။ ကားတော့ ပိုင်ပါတယ်။ ကျွန်မ ဘဏ်အကောင့် တစ်ခု ရှိပါတယ်။ အဲဒါတွေ အားလုံး တင်ပြပေးထားပါပြီ။ ကျွန်မကို အချိန်မရွေး စစ်ဆေးလို့ ရပါတယ်'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် လက်ရှိ တာဝန် ထမ်းဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်၊ ယခင် အရွေးချယ် ခံခဲ့ရသည့် ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ်တွင်သာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်လက အရွေးချယ် ခံသွားမည် ဖြစ်သည်။
messenger news journal

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မင်းကုန်းကျေးရွာဟောပြောပွဲ(၃၀ သြဂုတ် ၂၀၁၅) https://www.youtube.com/watch?v=9ZftMtVeK6k&list=PLzl2CAwehuoymtZt17SYk_Jig2uuPVK-M&index=143

Posted by The Melting Pot 4 U on Sunday, 30 August 2015

ကြောက်ရွံ့ခြင်းမှ လွတ် ကင်းရေး ဒေါ်အောင်ဆန်းစု ကြည် ပြော

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၃၀ ရက်နေ့က နေပြည်တော် ဥတ္တရသီရိမြို့နယ် တောင် ညိုကျေးရွာ၊ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်နဲ့ ဒက္ခိဏသီရိမြို့နယ်တွေမှာ ဒေသခံတွေကို ရွေးကောက်ပွဲနဲ့ပတ်သက် ပြီး ဟောပြောနေစဉ်။ Photo: Win Naung Toe/ RFA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့  ခြိမ်းခြောက်မှုတွေ ကို စိုးရိမ်ကြောက်လန့်ခြင်း မရှိပဲ လာမယ့်ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား မဲသွားပေးကြဖို့ တိုက်တွန်းလိုက် ပါတယ်။

နေပြည်တော်မှာရှိတဲ့ မဲဆန္ဒနယ်တွေကို မနေ့က လှည့်လည်သွားရောက်စဉ် ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက်ပွဲမှာ မိမိ ဘယ်ပါတီ မဲပေးသလဲဆိုတာကို ဘယ်သူမှ မသိနိုင်တဲ့အတွက် ကြောက်ရွံ့စရာ မရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာမှာ ကျင်းပတဲ့ ဟောပြောပွဲမှာ ဒေသခံတွေက ရွေးကောက်ပွဲ ရလဒ်တွေအပေါ် ၁၉၉ဝ ရွေးကောက်ပွဲတုံးကလို အစိုးရက အသိအမှတ်မပြုပဲ ဥပက္ခာပြုတာမျိုး ဖြစ်ပေါ်နိုင်မယ့် အလားအလာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုအချိန်မှာ ကြိုတင် စိုးရိမ်ဖို့ မလိုဘူး လို့ ပြောကြားခဲ့ပါတယ်။

"ဒီဟာတွေကို စဉ်းစားပြီးပြီဆိုရင် အရေးကြီးတာ ပြည်သူဟာ တည်တည်ငြိမ်ငြိမ် ခိုင်ခိုင်မာမာ ပြတ်ပြတ် သားသားနဲ့ ကိုယ်မဲပေးတဲ့ ပါတီဘက်က ရပ်တည်မယ် ဆိုတာ ရှင်းလင်းအောင်လုပ်ဖို့ဘဲအရေးကြီးပါတယ်၊ မဲထည့်ပြီးတော့ ဒီမဲလိပ်ကြောင့် ဖြစ်ပေါ် လာတဲ့ရလာဒ်ကို မလေးစားတဲ့ သူတွေဟာပြည်သူကိုစော်ကား ရာရောက်ပါတယ်၊ ဒါကြောင့်မို့လို့ဒါတွေကို သိပ်ပြီးတော့မစိုးရိမ်ပါနဲ့ တစ်ကမ္ဘာလုံးကကြည့်နေပါတယ်၊ တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံရဲ့၂၀၁၅ ရွေးကောက်ပွဲဟာ ဘယ်လောက်တရားမျှတမလဲ၊ အခုထဲကစပြီးနည်း နည်းမမျှတတာလေးတွေတော့ ရှိတယ်နော်"

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ရှိ ဥတ္တရသီရိ၊ ဇဗ္ဗူသီရိနဲ့ ဒက္ခိဏသီရိမြို့နယ် တွေက နေရာ ၅ နေရာ မှာ ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြော ပွဲတွေပြုလုပ်ခဲ့ပါတယ်။  ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်ကို မနေ့က ရောက်ရှိစဉ် လူ ၂ဝ ခန့်က ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာမူစလင်တွေ ကို ဒေါ်အောင်ဆန်းစု ကြည် ထောက်ခံအားပေးတယ်ဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းမှာတော့ ဒေါ်အောင်ဆန်းစု ကြည် အနေနဲ့ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်တယ်ဆိုပြီး ဝေဖန်နေကြတယ်လို့ AP သတင်း မှာဖေါ်ပြထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

အစိုးရဖွဲ့ ခွင့်မပေးပဲအမေစုကို ၉၀ရွေးကောက်ပွဲတုန်းကလို ထိန်းသိမ်းထားနိုင်သေးသလား(ရွှေခဲအင်းကျေးရွာ)https://www.youtube.com/watch?v=E_TkIdUmaGw&list=PLzl2CAwehuoymtZt17SYk_Jig2uuPVK-M&index=141

Posted by The Melting Pot 4 U on Sunday, 30 August 2015

စည်းလုံးညီညွတ်ကြဖို့ မလေးရှား ၀န်ကြီးချုပ် တောင်းဆို



 မလေးရှားနိုင်ငံ ၀န်ကြီးချုပ် နာဂျစ် ရာဇက်က ရာထူးက နှုတ်ထွက်ဖို့ ငြင်းဆိုလိုက်ပြီး အမျိုးသားစည်းလုံးညီညွတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ် နာဂျစ် ရာဇက်ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြမှုတွေ အပြီးမှာ အခုလို ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် နာဂျစ် ရာဇက်ဟာ သူ့ကိုယ်ပိုင် ဘဏ်စာရင်းထဲ ဒေါ်လာသန်း ရာပေါင်းများစွာ ရှိနေတာနဲ့ ပတ်သက်လို့ အများပြည်သူုပိုင်ငွေထဲမှ ယူတယ်ဆိုပြီး ဆန္ဒပြသူတွေက စွပ်စွဲပြောဆိုကာ ရာထူးမှ ဆင်းပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

မစ္စတာ နာဂျစ် ရာဇက်ကတော့ ဒီမိုကရေစီအခြေခံတဲ့ နိုင်ငံမှာ အခုလို ဆန္ဒပြတောင်းဆိုမှုတွေဟာ မှန်ကန်တဲ့ ဖော်ထုတ်တောင်းဆိုမှုတွေ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး အများပြည်သူပိုင်ငွေထဲမှာ ဒေါ်လာ သန်း ၇၀၀ ယူတယ်ဆိုတဲ့စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

မလေးရှား လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ဧဂျင်စီကတော့ မစ္စတာ နာဂျစ်ရာဇက် ရဲ့ငွေတွေဟာ နိုင်ငံခြား အလှူရှင်တွေထံမှ ငွေတွေဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ စနေ့ တနင်္ဂနွေ နှစ်ရက်မှာ ကွာလာလမ်ပူမြို့ လမ်းမတွေမှာ လက်ရှိဝန်ကြီးချုပ် နာဂျစ်ရာဇက်ကို ရာထူးကနေ ဖြုတ်ချဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ လူထောင်ပေါင်းများစွာထဲမှာ ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဒ်လည်း ပါဝင်ခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ဗုံးလုပ်ရာမှာ သုံးတဲ့ပစ္စည်းတွေ နောက်တိုက်ခန်းတစ်မှာ ထပ်မံတွေ့ရှိ


 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဧရာဝဏ် နတ်ကွန်း ဗုံးဖောက်ခွဲ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူလို့ သံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဗုံးလုပ်ရာမှာသုံးတဲ့ ပစ္စည်းတွေကို နောက်ထပ် တိုက်ခန်းတစ်ခုမှာ တွေ့ရှိခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

ဗုံးလုပ်ရာမှာ သုံးတဲ့ပစ္စည်း အစိတ်အပိုင်းတွေနဲ့ ဓာတ်အားသွင်းကိရိယာ တွေကို တွေ့ရှိခဲ့တယ်လို့ ရဲပြောခွင့်ရပုဂ္ဂိုလ် Prawut Thavornsiri က ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးနဲ့ နိုင်ငံခြားသား အမျိုးသားတစ်ဦးတို့ကို ထိုင်းရဲက နောက်ထပ် ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က ဧရာဝဏ်နတ်ကွန်း ဗုံးဖောက်ခွဲမှုကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဗုံးလုပ်ရာမှာသုံးတဲ့ပစ္စည်းတွေကို နိုင်ငံခြားသား တစ်ဦးနေထိုင်တဲ့ ဘန်ကောက်မြို့ ဆင်ခြေဖုံးရှိ Nong Jok အရပ်က တိုက်ခန်းတစ်ခုမှာ ပြီးခဲ့တဲ့ စနေ့နေ့က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီသူကို ဖမ်းဆီးခဲ့ပါတယ်။

ဘန်ကောက်မြို့ မင်ဘူရီမြို့နယ်ရှိ တိုက်ခန်းမှာ အခု ဒုတိယအကြိမ် ရှာဖွေတွေ့ရှိမှုဟာ အဆိုပါ ဖမ်းဆီးထားတဲ့ သံသယရှိသူ နိုင်ငံခြားသားထံမှ သတင်းအရ ရှာဖွေခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

ဓာတ်မြေသြဇာအိတ်တွေ၊ နာရီတွေနဲ့ ရေဒီယိုထိန်းချုပ်မှု ပစ္စည်းတွေ တွေကို တွေ့ရှိခဲ့ပြီး ဒါတွေဟာ ဗုံးလုပ်တဲ့ ပစ္စည်းတွေဖြစ်ကြောင်း၊ ယူရီးယား ဓာတ်မြေသြဇာနဲ့ ယမ်းမှုန့်တွေကို ဗုံးလုပ်ချင်သူတွေက လွဲပြီး ဘယ်သူမှ သိုလှောင်ထားမှာမဟုတ်ကြောင်း ရဲအရာရှိ မစ္စတာ Prawut က ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဖမ်းဆီးမိခဲ့တဲ့ အသက် ၂၈နှစ်အရွယ် နိုင်ငံခြားသားတစ်ဦးထံက ဘောဘယ်ရင်တွေမှာ သုံးတဲ့ဘောစေ့ တွေအပါအဝင် ဗုံးလုပ်ရာမှာ သုံးနိုင် တဲ့ ပစ္စည်းတွေနဲ့အတူ နိုင်ငံကူးလက်မှတ်စာအုပ် ၁၀ အုပ်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါ ဖမ်းဆီးထားတဲ့သူဟာ ထိုင်းရဲကထုတ်ပြန်ထားတဲ့ စီစီတီဗီ စောင့်ကြည့် ကင်မရာထဲက လူမဟုတ်ဘူးလို့လည်း သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

အမေရိကန် ပြည်ထောင်စု ရဲ့ ဒုတိယ သမ္မတ ရွေးကောက်ပွဲကို ၀င်ပြိုင်မယ့် Hulk Hogan



ဟောလီးဝုဒ် အက်ရှင် မင်းသားကြီး Hulk Hogan ဟာ ဒုတိယ သမ္မတ လုပ်ဖို့အတွက် စဉ်းစားနေပါပြီ။ အရင်တုန်းက WWE နပမ်း အားကစားရဲ့ ကြယ်ပွင့်ဟာ ရီပက်ဘလစ်ကန် ပါတီကနေ သမ္မတ အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့် Donald Trump ရဲ့ အစီအစဉ်မှာ ၀င်ရောက်ပါဝင်ဖို့ စဉ်းစားနေတာပဲဖြစ်ပါတယ်။

နာမည်အရင်း Terry Bollea လို့ခေါ်တဲ့ Hulk Hogan ဟာ ရွေးကောက်ပွဲအကြောင်းမေးမြန်းရာမှာတော့ TMZ သတင်းဌာနကို "ကျွန်တော် ကြိုးဝိုင်းထဲမှာ ရှိမနေချင်တော့ပါဘူး။ ကျွန်တော် Trump ရဲ့ လှုပ်ရှားမှု မိတ်ဆွေတစ်ယောက်ဖြစ်ချင်ပါတယ်။ သင်ဒါကိုကြားခဲ့ပါသလား? ဒုတိယ သမ္မတ Hogan ဆိုတာကိုလေ" လို့ ဆိုခဲ့ပါတယ်။

ဒါ့အပြင် WWE အမှုဆောင်အရာရှိ ဖြစ်တဲ့ Vince McMahon က Hogan ရဲ့ သမိုင်းတွေကို နပမ်းအားကစား ၀က်ဘ်ဆိုက်က နေ ပယ်ဖျက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဘာခံစားချက်မှ ပြင်းပြင်းထန်ထန် ရခဲ့တာမရှိပါဘူးလို့ဆိုပါတယ်။ McMahon က အခုလိုလုပ်ခဲ့တာဟာ Hogan တစ်ယောက် သူ့ရဲ့ Sex Tape ထဲမှာ အသားအရောင်ခွဲခြားတဲ့ စကားတစ်ခုကို သုံးခဲ့လို့ပါ။

"ကျွန်တော် ဒီလိုတွေကိုချစ်ပါတယ်။ သူတို့ဟာ မိသားစုဝင်တွေလိုပါပဲ။ Vince နဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရ လိုက်တဲ့ ခံစားချက်ဟာ ကျွန်တော် သူ့ကို ကြိုးဝိုင်းထဲ နောက်တစ်ကြိမ် ခေါ်လာတဲ့အချိန်မှ ဖြစ်ပေါ်လာမှာပါ။ အဲဒါဟာ Wrestlemania XIX ရဲ့ ပြန်လည် ပြသမှု လည်း ဖြစ်လာပါလိမ့်မယ်။" လို့ သူက ဆိုပါတယ်။

Hulk Hogan ရဲ့ Sex Tape ထဲမှာတော့ Hogan ဟာ သူ့ရဲ့ သူငယ်ချင်းဟောင်းဖြစ်သူ Bubba ရဲ့ ဇနီးဟောင်း Heather Clem ကို "The Love Sponge" လို့ ပြောခဲ့ပါတယ်။ Hogan နဲ့ Clem တို့ ကိစ္စတွေပြီးစီးသွားတဲ့အခါမှာတော့ Hogan ဟာ သူ့ရဲ့ သမီးဖြစ်သူ Brooke Hogan ကို လူမည်းတစ်ယောက်နဲ့ ချစ်တင်းနှောစေခဲ့ပါသေးတယ်။ ပြီးတဲ့နောက်မှာတော့ Hulk Hogan ဟာ အာဖရိကန်-အမေရိကန် လူမျိုးတွေကို ညစ်ညမ်းတဲ့ ဝေဖန်မှုတွေကို လူမျိုးရေးခွဲခြားမှုတွေပြည့်နှက်နေတဲ့ စာသားတွေ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

ကင်ဆာ ရောဂါကို အနံ့ ခံရှာဖွေနိုင်တဲ့ခွေးတွေက ဗြိတိန်ဆရာဝန်တွေကို ကူညီပေးသွားမည်



ဆီးနမူနာတွေကနေ ဆီးကျိတ်ကင်ဆာကို အနံ့ ခံစစ်ဆေးပေးနိုင်တဲ့ ခွေးတွေကို လက်တွေ့ စမ်းသပ်ဖို့ အတွက် ဗြိတိန်အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၁၁ နှစ်အရွယ် Daisy လို့ အမည်ရတဲ့ Labrador ခွေးလေးရဲ့ တစ်နေ့ လုပ်ငန်းတာဝန်က ကြီးမားပါတယ်။ ဆီးကျိတ်ကင်ဆာရဲ့ ရှေ့ ပြေးလက္ခဏာတွေကို အဖြေရှာပေးပြီး ခွေးလေးဟာ လူ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Daisy အပါအ၀င် ခွေးလေးတစ်သိုက်ကို ဗြိတိန် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနက ဆီးကျိတ် ကင်ဆာရောဂါကနေ ရနိုင်တဲ့ အနံ့ အသက်ကို ခံနိုင်စွမ်းရှိမှုကို စမ်းသပ်ဖို့ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

ဆေးဖက်ဆိုင်ရာစူးစမ်းရှာဖွေရေးခွေးလေးများ လို့ အမည်ရတဲ့ အသင်းအဖွဲ့ ကို Dr Claire Guest က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး လူသားတွေရဲ့ရောဂါကို အနံ့ ခံနိုင်ဖို့ အတွက် အထူးလေ့ကျင့်သင်ကြားပေးထား ပါတယ်။

ခွေးတွေရဲ့နှာခေါင်းတွင်းမှာ အနံ့ ခံအာရုံဖု သန်းသုံးရာလောက် ပါရှိပြီး လူသားတွေမှာတော့ ငါးသန်းပဲ ပါရှိတယ်လို့ သူမက ဆိုပါတယ်။

ကင်ဆာဆဲလ်တွေမှာ မတူညီတဲ့ အငွေ့ ပျံလွယ်ဒြပ်ပေါင်းတွေ ပါဝင်ပြီး ဒီ အနံ့ ထွက်တဲ့ဒြပ်ပေါင်းတွေဟာ ဆဲလ်တွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ခွေးတွေရဲ့ မယုံကြည်နိုင်လောက်စရာ အနံ့ ခံစွမ်းရည်က ဒီဒြပ်ပေါင်းတွေကို အသက်ရှုထုတ်တာ ဒါမှမဟုတ် ဆီးထဲကနေ တစ်ဆင့် ရှာဖွေပေးနိုင် ပါတယ်။

လေ့ကျင့်မှုအတွင်းမှာ ခွေးတွေကို ဆီးနမူနာရှစ်ခု ချပေးခဲ့ပြီး ကင်ဆာဆဲလ်ပါဝင်တဲ့ဆီးနမူနာကို အနံ့ ခံမိရင် ခွေးတွေဟာ အဆိုပါနမူနာရှေ့ မှာ ရပ်တန့် ထိုင်ချကာ ဟောင်ပြီး အသိပေးသလို သူတို့ ကင်ဆာဆဲလ်ကို အနံ့ ခိကြောင်း ပြသဖို့ အတွက် ပုလင်းကို လျှာနဲ့ ရက်ပြတာကို တွေ့ ရပါတယ်။

အစပိုင်းလေ့လာစမ်းသပ်မှုပြုလုပ်ခဲ့ရာမှာ ဆီးကျိတ်ကင်ဆာစမ်းသပ်မှုပေါင်းအားလုံးရဲ့ ၉၃ ရာခိုင်နှုန်းကို ခွေးလေးတွေက မှန်ကန်စွာ အနံ့ ခံရှာဖွေနိုင်ကြောင်းတွေ့ ရှိခဲ့ရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Reuters

တရုတ် စတော့ ဈေးကွက်၊ ထျန်းကျင်း ပေါက်ကွဲမှု အကြောင်း ကောလာဟလ ဖြန့်ဝေသူ ၁၉၇ ဦး ပြစ်ဒဏ်ချ

တရုတ် စတော့ ဈေးကွက် တစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)
    ပေကျင်း၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

    တရုတ်နိုင်ငံ ရဲတပ်ဖွဲ့သည် စတော့ ဈေးကွက်၊ ထျန်းကျင်း ပေါက်ကွဲမှုနှင့် အခြားအဓိက ကျသော ဖြစ်ရပ်များနှင့် ပတ်သက်၍ အွန်လိုင်းမှ ကောလဟာလများ အား အထူးစုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ရာ စုစုပေါင်း လူ ၁၉၇ ဦး အပြစ်ပေး ခံခဲ့ရသည်။

ဥပဒေ ချိုးဖောက်မှုနှင့် ဆက်စပ်နေသော အွန်လိုင်း အကောင့်ပေါင်း ၁၆၅ ခုအား ပိတ်ထား ခဲ့သည်ဟု တရုတ်နိုင်ငံ ပြည်သူ့ လုံခြုံရေး ဝန်ကြီးဋ္ဌာနက တနင်္ဂနွေနေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။ အပြစ်ပေး ခံရသူများသည် သူတို့ လုပ်ဆောင်မိသော အမှားများကြောင့် စတော့ဈေးကွက် နှင့် လူမှု အသိုင်းအဝိုင်းတွင် စိုးရိမ်မှုများနှင့် မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဝန်ခံခဲ့ကြပြီး ထိုအမှားများ အတွက် နောင်တရကြောင်း ပြောကြားခဲ့ကြသည်။

ကြေညာချက်အရ အပြစ်ပေး ခံရသူများ ကျူးလွန်ခဲ့သော ကောလဟာလများတွင် “စတော့ ဈေးနှုန်းများ ထိုးကျမှုကြောင့် ပေကျင်းမြို့တွင် သေကြောင်း ကြံစည်ကြကြောင်း”၊ “ထျန်းကျင်း ပေါက်ကွဲမှုတွင် အနည်းဆုံး လူပေါင်း ၁,၃၀၀ သေဆုံးခဲ့ကြောင်း”နှင့် တရုတ်နိုင်ငံ၌ ကျင်းပရန်ရှိသော ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် အထိမ်း အမှတ်ပွဲ နှင့် ပတ်သက်၍ နိုင်ငံတော် အကြည်ညို ပျက်စေသော ကောလာဟလ အချို့ ပါဝင်ကြောင်း ဖော်ပြထား သည်။

ဝန်ကြီးဋ္ဌာန၏ ကြေညာချက်တွင် တရားဥပဒေ စိုးမိုးရေး အင်တာနက် ဥပဒေ ချိုးဖောက်သူများအား အရေးယူခြင်း ဥပဒေများကိုလည်း တင်းကျပ် သွားရန်ရှိသလို အင်တာနက် အော်ပရေတာများ ကိုလည်း ဆိုက်ဘာ စနစ်များကို ခိုင်မာအောင် စီမံခန့်ခွဲမှုများ လုပ်ဆောင်ရန် တိုက်တွန်းထား ပါသည်။

 (Xinhua)
http://xinhuamyanmar.com