Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 30, 2015

၂၀၁၅ ရွေးကောက်ပွဲမှာ NLD နဲ့ ၈၈ ပူးပေါင်းနိုင်ပါ့မလား


Thursday, April 30, 2015
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ နိုင်ငံရေး အရ ပူးပေါင်းပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အလားအလာတွေ ရှိနေတယ်ဆိုတဲ့ သတင်း တွေ ထွက်ပေးနေပေမယ့် လတ်တလောအချိန်အထိ ၂ ဖက်ပူးပေါင်းမယ့် ထင်သာမြင်သာ အခြေအနေတွေ မတွေ့ရသေးပါဘူး။
ဧရာဝတီရဲ့ စုံစမ်းချက်တွေအရ ၂ဖက်စလုံး က နိုင်ငံရေး အခြေအနေအရ လိုအပ်ရင် လိုအပ်သလို ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ယေဘုယျဆန်ဆန်ပဲ ထုတ်ဖော် ပြောဆိုပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ပူးပေါင်း ဆောင် ရွက်ကြမလားဆိုတဲ့ မေးခွန်းကိုတော့ နှုတ်ဆိတ်နေကြပါတယ်။
၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဦးလှရွှေကတော့ “ကျနော်ကြားတာက ၈၈ က ဒေါ်အောင်ဆန်း စုကြည် ဆီကနေ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်နေရာ ၄၀ ကို ၈၈ ကိုပေးဖို့ တောင်းတယ်လို့ သိရတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒနယ် ၁၀ ခုပဲ ပေးနိုင်မယ်လို့ ပြောတယ်။ အခု နောက်ပိုင်းကျမှ ဒေါ်အောင်ဆန်းစုကြည်က မဲဆန္ဒနယ် ၅၀ အထိ ပေးမယ်ဆိုတဲ့ သတင်းထပ်ကြားနေရ တယ်” လို့ ဧရာဝတီကို ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဘက်ကတော့ လတ်တလောမှာ NLD ပါတီနဲ့ နိုင်ငံရေး အမြင် ဖလှယ် တာမျိုးတွေရှိပြီး နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုတွေကတော့ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနဲ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလို ကိစ္စမျိုးတွေမှာ ပူးပေါင်း ဆောင်ရွက်တာတွေ ရှိနေတယ်လို့ ၈၈ မျိုးဆက် ခေါင်းဆောင် တဦး ဖြစ်တဲ့ ဦးပြုံးချိုက ပြောပါတယ်။ ၈၈ တွေ အနေနဲ့ ဘာတွေ ရှေ့ဆက် ဆောင်ရွက်ကြမလဲ ဆိုတာကတော့ ဆုံးဖြတ် ချက်တွေ ရွေးချယ်မှုတွေ ရှိလာ ခဲ့တဲ့အခါ တကယ့်လက်တွေ့ အလုပ်တွေ ပေါ်လာတဲ့အခါ အသိပေး ထုတ်ပြန် မယ်လို့ ဦးပြုံးချိုက ဆက်ပြောပါတယ်။
“ကျနော်ကတော့ ဘာမှ မဖြစ်ခင်မှာ ဘာမှ မပြောချင်ဘူး” လို့ ဦးပြုံးချိုက ဧရာဝတီကို ပြောပါတယ်။
တကယ်တော့ NLD ပါတီအတွင်းမှာ အမတ်လောင်းဖြစ်ဖို့ ရည်မှန်းထားတဲ့သူတွေ အများကြီးဖြစ်နေပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းကလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ရိုက်ရွေးချယ်မှု အမတ်လောင်းတွေ ရွေးချယ် မယ်ဆိုရင် ပါတီတွင်း ကွဲလွဲမှု ပြဿနာတွေအကြီးအကျယ် ပေါ်ပေါက်မယ့် အခြေအနေ ရှိနေပါတယ်။ လတ်တလော အခြေအနေမှာတင်ပဲ NLD တွင်းမှာ အမတ်လောင်းနေရာရဖို့ အကြီးအကျယ် ပြိုင်ဆိုင် မှု၊ အငြင်းပွားမှုတွေ ဖြစ်ပေါ် နေတာပါ။
ဒါ့အပြင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးချယ်မှုနဲ့ အမတ် လောင်း အဖြစ် ရွေးချယ်ခံရပြီး အမတ် ဖြစ် လာတဲ့ NLD အဖွဲ့ ပြင်ပ နိုင်ငံရေးသမား၊ ကျောင်းသား ခေါင်းဆောင် တချို့ ကို လည်း NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့က မကြိုဆိုသလို ပါတီတွင်းမှာလည်း နေရာမပေးချင်ကြပါဘူး။
ပါတီတွင်း တိုက်ပွဲများစွာ ပြင်းထန်နေချိန်မှာ ၈၈ ကျောင်းသားခေါင်းဆောင်တွေအတွက် မဲဆန္ဒနယ်တွေ ပေးဖို့ လွယ်ကူပါ့မလား၊ ပေးခဲ့ရင်တောင်မှ ရွေးကောက်ပွဲ အနိုင်ရဖို့ အောက်ခြေ NLD ပါတီဝင်တွေဘက်က စည်းရုံး ရေး လုပ်ဆောင်ပေးပါ့မလား ဆိုတာတွေက စဉ်းစားစရာအချက်တွေဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင် တွေ မကြိုဆိုတဲ့ NLD ပါတီ ထိပ်တန်းခေါင်းဆောင်တချို့လည်း ရှိကောင်း ရှိနေနိုင်ပါတယ်။
NLD ပါတီညီလာခံ ပြန်လည်ကျင်းပချိန်နဲ့ NLD ပါတီ မြို့နယ်၊ ပြည်နယ်၊ တိုင်း ဦးစီးအဖွဲ့တွေ ပြန်လည် ရွေး ကောက် မှု တွေ ပြုလုပ်ချိန်မှာ အငြင်းပွားမှုတွေ အတော်ကို ဖြစ်ထွန်းခဲ့တာမို့ ရွေးကောက်ပွဲ အမတ် လောင်း စာရင်း ထွက်ရှိလာမယ့်အချိန်ကလည်း အငြင်းပွားမှု၊ ကွဲလွဲမှုတွေ အကြီးအကျယ် ပေါ်ပေါက်နိုင်တဲ့ အခြေ အနေရှိပါတယ်။
NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ NLD ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ၀င် အရွေးချယ်ခံမယ်ဆိုတဲ့ အခြေအနေမျိုး လောလောဆယ် မရှိသေးဘူးလို့ ပြောဆိုပါတယ်။
“နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောထားတာတော့ မရှိသေးပါဘူး။ သို့သော် ကျနော်တို့က ရည်ရွယ် ချက်ချင်း တူတဲ့ အုပ်စုတွေ ဖြစ်နေတဲ့အတွက် မကြာခဏ တွေ့ဆုံတဲ့ အခြေအနေတွေ ရှိပါတယ်။ လက်ရှိ ဖြစ် ပေါ် နေတဲ့ နိုင်ငံရေး အခြေအနေတွေကို အပြန်အလှန် နားလည်မှုရှိအောင် ဆွေးနွေးကြတဲ့ သဘောပါ”လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေအနေနဲ့ ကိုယ်တိုင်ပါတီထောင်မလား၊ လူထုပါတီလို့ သတ်မှတ်ခံ ထားရတဲ့ NLD ပူးပေါင်းမလားဆိုတဲ့ ရွေးချယ်စရာ ၂ ခုထဲက ၁ ခုကိုတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ မဖြစ်မနေ ရွေးချယ်ရတော့မှာဖြစ်ပါတယ်။
“၈၈ တွေ ထောင်က ထွက်လာပြီးနောက်ပိုင်းမှာ Party Politics ကို လုပ်ဖို့ ဆွေးနွေးခဲ့ကြ ဖူးတယ်။ အဲဒီမှာ ၈၈ ငြိမ်း/ပွင့် ဆိုပြီးတော့ ဆက်သွားချင်တဲ့သူတွေ ရှိသလို ပါတီ နိုင်ငံရေးလိုင်းနဲ့ ဆက်သွား ချင်တဲ့သူတွေလည်း ရှိတယ်။ အဲဒီမှာ သဘောတူညီမှု ယူထားတာက ကိုယ်လုပ်ချင်တဲ့ လိုင်းကို လုပ်ကြဆို တာမျိုးပေါ့” ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမင်းဇေယျက ဆိုပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေထဲမှာလည်း ကျန်းမာရေး မကောင်းတဲ့သူ၊ နိုင်ငံရေး စိတ်မ၀င်စား တဲ့သူ၊ နိုင်ငံရေးနဲ့ တဖြည်းဖြည်း ကင်းကွာသွားသူတွေရှိနေတာမို့ လတ်တလော NLD ပါတီနဲ့ ပူးပေါင်းပြီး ရွေးကောက် ပွဲဝင်ရမယ့် လမ်းကြောင်းက ပိုပြီး လက်တွေ့ကျမယ့်ကိန်းဆိုက်နေပါတယ်။
၈၈ နဲ့ NLD လက်တွဲပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက် လာနိုင် မယ်ဆိုရင် တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ပိုပြီးတော့ အကျိုးရှိမယ်လို့ ထင်မြင်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။
“၈၈ အနေနဲ့ ရွေးကောက်ပွဲကို ဖြတ်သန်းမယ်ဆိုရင် NLD နဲ့ ပူးပေါင်းပြီး ဖြတ်သန်းတဲ့ နည်းလမ်းကပဲ အောင်ပွဲ ရလိမ့်မယ်။ အဲလို မဟုတ်ဘဲနဲ့ ၈၈ ပဲ ပါတီဖွဲ့ပြီး ၀င်မယ်ဆိုရင်တော့ အနိုင်ရဖို့ အလားအလာ နည်းတယ်လို့ ပြောလို့ရတယ်”လို့ သူက ဆိုပါတယ်။
NLD နဲ့ ၈၈ ပူးပေါင်း ရွေးကောက်ပွဲဝင်မယ်ဆိုရင် ဒီပူးပေါင်းမှုက နိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်တယ်လို့ NLD ပါတီရဲ့ အမည်မဖော်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးက ဆိုပါတယ်။
“တလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပံ့ပိုးလာတာ သူတို့ပဲ ရှိတယ်။ ၂ ဖက် ပူးပေါင်း ဆောင် ရွက်မယ်ဆိုရင် နိုင်ငံအပြောင်းအလဲမှာ လူထုလက်ရှိ ခေါင်းဆောင်နဲ့ အနာဂတ် ခေါင်းဆောင်တွေ ပေါင်း ကြ တာ ကောင်းတယ်။ ပြီးတော့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုအပြင် နိုင်ငံရေး အရ ပူးပေါင်းဖို့ လိုသလို တခြား ကိစ္စရပ်တွေမှာပါ ပူးပေါင်းသွားဖို့ လိုတယ်” လို့ NLD လွှတ်တော်အမတ်က ဆို ပါတယ်။
၁၉၆၂ ခုနှစ် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးလှရွှေကတော့ ၈၈ တွေ အနေနဲ့ အခုလို ကျောင်းသား ခေါင်းဆောင်ဆိုတဲ့ အမည်ခံ မနေသင့်တော့ဘဲ ကိုယ်နဲ့ ထိုက်တန်တဲ့ လိုင်းတခုကို ရွေးချယ်သင့်နေပြီလို့ အကြံ ပြုပါတယ်။
လတ်တလော ပြည်သူလူထုကြားမှာ အတိုက်အခံတွေရဲ့ အသံ မှေးမှိန်ပျောက်ကွယ်နေတာမို့ NLD နဲ့ ၈၈ ပူးပေါင်း သည်ဖြစ်စေ၊ မပူးပေါင်းသည်ဖြစ်စေ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အများစု အနိုင်ရဖို့ အတော်ကို ရုန်းကန်ရမယ့် အခြေအနေပါပဲလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်၌ တွေ့ဆုံစဉ် (ဓာတ်ပုံ – ၈၈ မျိုးဆက်)
ဧရာဝတီ

ကမ္ဘာ့ပထမဆုံးပြေးမလွတ်၊ပစ်မလွဲကျည်ဆံ


အမေရိကန်ကာကွယ်ရေးဝန်ကြီးငှါန DARPA ဟာပစ်မှတ်ကိုလိုက်၍ထိအောင်ပစ်နိုင်သော
ကျည်ဆံတမျိုးကိုစမ်းသပ်ထုတ်လုပ်နေပါတယ်။၎င်းကျည်ဆံကိုတမင်တကာပစ်မှတ်နှင့်လွှဲ၍

ပစ်လွှတ်လိုက်သော်လည်းလေထဲတွင်တမိုင်ကျော်အကွာအဝေးတွင်ရှိသောပစ်မှတ်ကို
မိမိဘာသာပဲ့ထိမ်းပြီးပစ်မှတ်ကိုလိုက်ပြီးထိအောင်ပစ်နိုင်ပါတယ်။၎င်းကျည်ဆံကိုကြိုက်သည့်အချိန်နေ့

ညမရွေးလေထန်နေသည်ဖြစ်စေ၊ရွေ့လျားနေသည်ဖြစ်စေပစ်မှတ်ကိုထိအောင်ပစ်နိုင်တယ်လို့သိရပါတယ်။ အခုစမ်းသပ်ထုတ်လိုက်ပြီဖြစ်ပါတယ်။
တမိုင်ကျော်ထိအကွာအဝေးကိုပစ်နိုင်တဲ့အပြင်ရွေ့လျားတာကိုလဲလိုက်ပြီး
ထိအောင်ပစ်နိုင်တယ်ဆိုတော့ပြေးမလွတ်၊ပစ်မလွဲကျည်ဆံလို့ပြောလို့ရနိုင်ပါတယ်။ကတုတ်ကျင်း၊

နံရံဘယ်အကာအကွယ်မှယူလို့မရတော့ပါ။
smart bullets/self-guided bullets

Ohn Mar Oo

 

နိုင်ငံအလိုက်ထူးထူးဆန်းဆန်းအယူအဆများ


- လွန်ခဲ့တဲ့နှစ်ပေါင်း ၂၆၀၀လောက်ကအနောက်ဥရောပနိုင်ငံတွေမှာ
ယုန်ခြေထောက်တွေဟာကံကောင်းခြင်းပေးတယ်လို့ယုံကြည်ကြပါတယ်။
- ပီရူးမှာအဝါရောင်အတွင်းခံဘောင်းဘီကိုနှစ်သစ်ကူးတဲ့နေ့မှာဝတ်ဆင်ရင်
ကံကောင်းမယ်လို့ယုံကြည်ကြပါတယ်။
- ဂျာမနီမှာတော့မီးခိုးခေါင်းတိုင်လှည်းတဲ့တံမျက်စည်းကိုထိရင်ကံကောင်းတယ်
လို့ယူဆယုံကြည်ကြပါတယ်။
- တရုပ်ပြည်မှာတော့ဂဏန်းနံပတ် ရှစ်ဟာကံကောင်းခြင်းကိုယူဆောင်လာတဲ့
နံပတ်အဖြစ်ယုံကြည်ကြသလိုစုံတွဲပေါင်း ၃၀၀၀၀၀ ကျော်ဟာ ၈ရက်၈လ၂၀၀၈ မှာမဂံလာဆောင်ခဲ့ကြပါတယ်။
- အမေရိကားမှာမြင်းသံခွါကိုတံတားခလောက်အဖြစ်တံခါးမှာတပ်ဆင်ရင်ကံကောင်းခြင်း
ကိုယူဆောင်လာတတ်တယ်လို့ယုံကြည်ကြပါတယ်။
- နိုင်ငံတော်တော်များများမှာနံပတ်၇ ဟာကံကောင်းစေတဲ့ဂဏန်းအဖြစ်ယူဆတတ်ကြပါတယ်။အမေရိကန်နိုင်ငံမှာ၇ရက်၇လ၂၀၀၇တုန်းကမဂံလာဆောင်တဲ့နှုန်းသုံးဆဖြစ်သွားပါတယ်။
စပိန်နိုင်ငံမှာနှစ်သစ်ကူးနေ့မှာစပျစ်သီး၁၂လုံးကိုသန်ခါင်ယံအချိန်တိတိမှာစားရင်ကံကောင်းခြင်းတွေယူဆောင်လာမယ်လို့ယုံကြည်ကြပါတယ်။
- သမ္မတအိုဘားမားဟာသမ္မတလောင်းအရွေးခံဖို့အတွက်ပြိုင်ပွဲဝင်
ချိန်မှာကံကောင်းခြင်းတွေယူဆောင်လာဖို့အတွက်စစ်သားတွေဝတ်တဲ့လက်ကောက်၊လောင်းကစားသမားတွေဆောင်လေ့ရှိတဲ့တိုကင်ရယ်အခြားဘာသာရေးနဲ့
ဆိုင်တဲ့အမှတ်အသားပစ္စည်းလေးတွေကိုဆောင်ခဲ့တယ်လို့ပြောစမှတ်ရှိခဲ့ပါတယ်။
- ၁၉ ရာစုနှစ်လောက်တွေတုံးကတော့ အမျိုးသားတွေဟာ အိမ်ထောင်ပြုပြီးကြ
တဲ့ အခါမှာဆလတ်ရွက်တွေကိုစားမိယင်သားသမီးမရနိုင်ပဲ မြုံသွားတတ်တယ်လို့ ယုံကြည်ခဲ့ ကြလို့ဆလတ်ရွက်တွေကိုမစားကြတော့ဘူး
လို့ပြောစမှတ်ရှိပါတယ်။ - ၁၄ ရာစုနှစ်တွေတုံးကတော့ တံမြက်စည်းဆိုတာ စုံး၊ကဝေတွေရဲ့ ခြေနင်းစင်္ကြာ၊
ယာဉ်လို့ အယူရှိခဲ့ ကြတာမို့  လူတစ်ယောက်ကိုတံမြက်စည်းနဲ့ လိုက်(ရိုက်)
ဖို့ ကြိုးစားတယ်ဆိုယင်ကံမကောင်းတတ်ဘူးလို့ အယူရှိကြပါတယ်။
- ရုရှားမှာတော့ ပန်းပွင့် တွေကို စုံဂဏာန်းအရေအတွက်နဲ့ ပေးခြင်းဟာ
သေဆုံးသူတွေအတွက်ပန်းခြင်းလက်ဆောင်ဖြစ်တယ်လို့ယုံကြည်ကြပါတယ်။
-ရှေးခေတ်ဗြိတိသျှအမျိုးသမီးတွေဟာဝက်သစ်ချသီးတွေဟာနုပျိုစေနိုင်တယ်
လို့ယူဆတဲ့အတွက်ထာဝစဉ်နုပျိုဖို့ရန်ဝက်သစ်ချသီးတွေဆောင်ထားခဲ့ ကြပါတယ်။
-ရှေးခေတ်ကထဲကနိုင်ငံတော်တော်များများမှာငှက်ချီးပါချရင်
ကံကောင်းတော့မယ်ဆိုပြီးယုံကြည်မှူတွေရှိခဲ့ကြပါတယ်။
OMO

Ohn Mar Oo

Tonsillitis အာသီးရောင်ခြင်း



ဆရာရှင့် မိုးရွာလိုက်နေပူလိုက်နဲ့ ခုလည်ချောင်းနာ အာသီးရောင်တာ ခဏခဏဖြစ်နေတာလေးအတွက် ကုသပုံနဲ့ ကာကွယ်မှု ကြိုတင်ကာကွယ်မှုလေး ပြောပြပေးစေလိုပါတယ်ရှင့်။ လေးစားပါတယ်ရှင့်။ အမှားပါရင်ခွင့်လွှတ်ပါရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

မေးတဲ့သူ အသက် မသိရပါ။ လူတိုင်းမှာ အာသီးရှိတယ်။ ဘယ်-ညာ ၂ ခု။ ကောင်းနေရင် မျက်စိနဲ့မြင်ရဘူး။ ရောင်လာမှသာ ကြီးတာ၊ နီတာ၊ ပြည်တည်တာတွေ မြင်ရ၊ ခံစားရတယ်။ ပါးစပ်ဟခိုင်းရင် နီရဲ-ရောင်နေတဲ့ အာသီး တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် မြင်ရမယ်။ အစာမျိုရမဲ့လမ်းကို ကျဉ်းရာကနေ ပိတ်လုလုအထိ ကြီးနေနိုင်တယ်။ ရောင်ရင် လည်ချောင်းနာပြီး ဖျားမယ်။ ရက်တိုရောင်ရာကနေ ပြည်တည်နိုင်တယ်။

Strep throat လို့ခေါ်ကြတယ်။ အများစုက ဆေးမလိုဘဲပျောက်တယ်။ ၄ဝ% က ၃ ရက်သာကြာပြီး ၈၅% က တပါတ်သာ ကြာတယ်။ Sore throat လည်ချောင်းနာနဲ့ Tonsillitis အာသီးရောင်တာကို ဖြစ်စေတဲ့ ပိုး (ဗိုင်းရပ်စ် နဲ့ ဗက်တီးရီးယား) တွေထဲက Group A beta-haemolytic Streptococci ဗက်တီးရီးယားဟာ Acute rheumatic fever ရက်တို ရူမက်တစ် အဖျား ရောဂါ နဲ့ Post-Streptococcal Glomerulonephritis ကျောက်ကပ်ရောင်ရောဂါကို ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် Antibiotics ပိုးသေဆေးပေးရတယ်။ သုတေသနတချို့က ဒီလိုဆေးပေးတာ အကျိုးနည်းနည်းသာရှိတယ်တဲ့။ တာရှည်ပေးဘို့လိုသူကို Azithromycin ပေးနိုင်တယ်။ Tympanostomy tube ပြွန်ထည့်ဘို့လိုသူကို ထည့်ပေးရမယ်။

ရှားပေမဲ့ဆိုးတဲ့ Staphylococcus aureus ဗက်တီးရီးယားကနေလဲ ဖြစ်တယ်။ MRSA ဆိုရင်တော်တော့ဆေးကို ယဉ်တယ်။ Streptococcus pneumoniae, Mycoplasma pneumoniae, Chlamydia pneumoniae, pertussis, Fusobacterium, diphtheria, syphilis, and gonorrhea တွေကနေလဲဖြစ်နိုင်တယ်။ ကျန်တာတွေလဲရှိသေးပြန်တယ်။
ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစားတွေက adenovirus, rhinovirus, influenza, coronavirus နဲ့ respiratory syncytial virus တွေဖြစ်ကြတယ်။ Epstein-Barr virus, herpes simplex virus, cytomegalovirus, or HIV ဗိုင်းရပ်စ် တွေကနေလဲ ဖြစ်တယ်။

ဆေးကုတဲ့အခါ အနာသက်သာဆေး Paracetamol/Acetaminophen/Ibuprofen တခုခု ပေးရမယ်။ အနာသာမက အရောင်လဲလျော့၊ အဖျားလဲကျတယ်။ ဆားရေနွေး၊ ငုံဆေး၊ ရေခဲငုံတာတွေကလဲ သက်သာစေလို့ သုံးသင့်တယ်။ Listerine mouth wash ကောင်းတယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တာ ကြာမယ်။ ခဏခဏဖြစ်နေသူဟာ အလာဂျီဖြစ်နိုင်တယ်။ ဗက်တီးရီးယားဆေးနဲ့ မရပါ။ Cetrizine ည ၁ လုံးကောက်ပါ။ မတည့်တာကိုရှောင်ပါ။ နာတာရှည်နေသူကို Tonsillectomy ခွဲစိတ်ရတယ်။

Penicillin or amoxicillin ကို ဗက်တီးရီးယားတွေအတွက် ပဌမတန်းစားအဖြစ်သုံးတယ်။ Cephalosporins နဲ့ Erythromycin တွေကဒုတိယဆေးအုပ်စုတွေဖြစ်တယ်။ ပနယ်စလင်ဆေး မတည့်သူကို Erythromycin ပေးနိုင်တယ်။ နောက်တဆင့် Clindamycin or Amoxicillin-Clavulanate ဆေးပေးမယ်။ Abscess ပြည်တည်ရင် ခွဲထုတ်ရမယ်။

(၁) Amoxicillin အမောက်ဆာစလင်
• အသက်ရှူလမ်း အထက်ပိုင်းပိုးဝင်ခြင်း = တခါသောက် 250 - 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 - 875 mg တနေ့ ၂ ခါ၊
• လေပြွန်ရောင်ခြင်း = တခါသောက် 250 - 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 - 875 mg တနေ့ ၂ ခါ၊
• အာသီး-အာခေါင်ရောင်ခြင်း = တခါသောက် 250 - 500 mg တနေ့ ၃ ခါ၊ ၇-၁ဝ ရက်။ ဒါမှမဟုတ် တခါသောက် 500 - 875 mg တနေ့ ၂ ခါ၊
• Amoxicillin အမောက်ဆာစလင် ဘေးထွက်ဆိုးကျိုးများ = ဝမ်းပျက်၊ အရေပြားအနီပြင်ထွက်၊ ဆေးမတည့်ဖြစ်ခြင်း။

(၂) Azithromycin (အဇစ်သရိုမိုင်စင်)
ဆေးနာမည်ရင်းဖြစ်တယ်။ (မက်ခရိုလိုက်အုပ်စု) ပဋိဇီဝဆေး ဖြစ်တယ်။ ဆေးကုမ္ပဏီတွေက Zithromax, Zithromax TRI-PAK, Zithromax, Z-PAK, Zmax နာမည်တွေ ပေးထားတယ်။

Aluminum နဲ့ Magnesium ပါတဲ့ Antacids လေနာသက်သာဆေးတွေနဲ့ တွဲမသောက်ပါနဲ့။ ဆေးကို အစာနဲ့ နီးနီး-ဝေးဝေး ပေးနိုင်တယ်။ ဆေးကြောင့် ပျို့-အန်ချင်သူတွေက အစာနဲ့သောက်ပါ။ ရေဖန်ခွက်တခွက် သောက်ပါ။ နေ့တိုင်း အချိန်တူမှာ သောက်ပါ။ ဆေးသက်တမ်း ကောင်းပါစေ။ Azithromycin extended-release suspension (Zmax) အမျိုးအစား ဆေးရည်ဆိုရင် အစာမစားခင် ၂ နာရီကြိုတင် သောက်ထားပါ။

• ရက်တို နားအလည်ပိုင်းရောင်ခြင်း၊ လူစုလူဝေးက ရတဲ့ နူမိုးနီးယား၊ အာသီး-အာခေါင်ရောင်ခြင်း၊ အရေပြားအနာများ၊ ဆိုင်းနပ်စ် ရောဂါ။ STD (ကလာမိုင်ဒီးယား) ကြောင့် ဆီးပြွန်အဝ-သားအိမ်အဝ ရောင်ခြင်း၊ = ပဌမနေ့မှာ 500 mg ပေး၊ ဒိနောက် 250 mg တရက်တခါ၊ ၄ ရက်။
• နာတာရှည် လေပြွန်ရောင်၊ (လိုင်မ်) ရောဂါ၊ လိင်မှတဆင့် ကူးစက်ရောဂါများ၊ နှလုံးအတွင်းသား-အရိုးအဆစ်-အစာခြေလမ်း- သားအိမ်အဝ ရောင်ခြင်း၊ နားပြည်ယိုခြင်း၊ သာမန် တိုက်ဖွိုက်၊ အသက်ရှူလမ်း၊ အရေပြား ပိုးဝင်ခြင်း၊ နူမိုးနီးယား = 250-500 mg Daily (7.5-20 mg/kg) တနေ့တခါသောက်ပါ။
• နာတာရှည် အသက်ရှူလမ်းပိတ် ရောဂါ ပြန်ထခြင်း = 500 mg တရက်ပေး၊ ဒိနောက် 250 mg တရက်တခါ၊ ၄ ရက်ပေး။
• (ဂနိုရီးယား) ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း = 2 g တခါတည်းပေး။
• လိင်လမ်း (ရှန်ကာ) အနာ၊ (ဂနိုရီးယား) မဟုတ်တဲ့ ဆီးပြွန်ရောင်ခြင်း၊ သားအိမ်ဝရောင်ခြင်း = 1 g တခါတည်းပေး။
• ဂိုနိုးရီးယားကြောင့် မျက်စိနာခြင်း = 20 mg/kg တခါတည်းပေးပါ။ 1% မျက်စဉ်းခပ်ပါ။
• ရက်တိုဖြစ်တဲ့ တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း = 500 mg IV ကို သွေးပြန်ကြောထဲ ၁ နာရီအတွင်းသွင်းပါ၊ ၁-၂ ရက်။
• STD လိင်ကတဆင့်ကူးစက်ရောဂါ ကာကွယ်ရန် = 1 g တခါတည်းသောက်ပါ။
• STD လိင်ကတဆင့်ကူးစက်ရောဂါ ကာကွယ်ရန် = ဆေး ၃ မျိုးတွဲနည်းအရ (Ceftriaxone or Cefixime + Metronidazole + Azithromycin or Doxycycline) ပေးပါ။

ကလေးတွေအတွက် Azithromycin ဆေးရည် 100mg/5mL နဲ့ 200mg/5mL လာတယ်။ ထိုးဆေးမှာ 500mg ပါတယ်။ 250mg, 500mg, 600mg လာတယ်။
• နားအလည်ပိုင်းရောင်ခြင်း၊ အသက် ၆ လ အထက်ကလေး = 30 mg/kg for 3 days or 10 mg/kg x 1 on day 1 followed by 5 mg/kg 2 – 5 days
• လူစုလူဝေးကနေရတဲ့ နူမိုးနီးယား၊ အသက် ၆ လ အထက်ကလေး = 10 mg/kg x 1 on day 1 followed by 5 mg/kg days 2 – 5 days
• ရက်တို ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ ဆိုင်းနူဆိုက်တစ် = 10 mg/kg oral suspension PO qDay x 3 days
• အာသီး၊ အာခေါင်ရောင်ခြင်း၊ ၂ နှစ်အထက် = 12 mg/kg PO qDay x 5 days; maximum 500 mg/day
• MAC ကာကွယ်ရန်၊ ၆ နှစ်အထက် ကလေး = 20 mg/kg တပါတ်တခါပေးပါ။
Azithromycin (အဇစ်သရိုမိုင်စင်) ဘေးထွက်-ဆိုးကျိုး = ပျို့၊ ဝမ်းပျက်၊ အန်၊ ကြွက်တက်၊ ဗိုက်အောင့်၊ ခေါင်းကိုက်။

(၃) Ofloxacin (အိုဖလောက်ဆာစင်)
• Generic ဆေးနာမည်ရင်းဖြစ်တယ်။ ဆေးကုမ္ပဏီတွေက နာမည်တွေပေးထားတယ်။ ဥပမာ Floxin ပဋိဇီဝဆေး၊ (ဗက်တီးရီးယား) တွေကိုနိုင်တယ်။ ဆေးပြား 200mg, 300mg, 400mg နဲ့လာတယ်။
• Haemophilus influenzae နဲ့ Streptococcus pneumoniae ပိုးတွေကြောင့်ဖြစ်တဲ့ နူမိုးနီးယား နဲ့ လေပြွန်ရောင်တာကို အများဆုံးသုံးတယ်။
• Staphylococcus aureus နဲ့ Streptococcus pyogenes ပိုးတွေကြောင့်ဖြစ်တဲ့ အရေပြားနာတွေ အတွက်လဲ သုံးတယ်။
• STDs လိင်ကတဆင့် ကူးစက်ရောဂါများတွေဖြစ်တဲ့ (ဂနိုးရီးယား) နဲ့ (ကလာမိုင်ဒီးယား) အတွက်လဲ သုံးတယ်။ (ဆစ်ဖလစ်) ကို မနိုင်ဘူး။
• E. Coli ပိုးကြောင့်ဖြစ်တဲ့ ဆီးလမ်းရောင်တာနဲ့ ဆီးကျိတ်ရောင်တာတွေအတွက်လဲ သုံးတယ်။
• Streptococcus, Enterococcus နဲ့ Anaerobic bacteria တွေကို ဒီဆေးကမနိုင်ဘူး။
• ပန်းနာအတွက်သုံးတဲ့ Theophylline နဲ့တွဲရင် သတိထားရမယ်။ အတက်ရောဂါရှိသူတွေကိုလဲ သတိထားရတယ်။ အသက် ၁၈ နှစ်အောက်ကေလး မပေးသင့်ဘူး။
• ဒီဆေးသောက်နေချိန်မှာ နေရောင်သိပ်မထိတာကောင်းတယ်။ သွေးယိုတာ နဲနဲဖြစ်နိုင်တယ်။ ဆီးချို နဲနဲတက်နိုင်တယ်။
• ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်တွေမှာ ဒီဆေးမပေးတာကောင်းတယ်။

ဘေးထွက်-ဆိုးကျိုး = ပျို့၊ ဝမ်းပျက်၊ အန်၊ ခေါင်းကိုက်။ အိပ်မရတာ၊ ခေါင်းမူးတာ၊ ယားတာ၊ အမျိုးသမီးတွေ (ဗဂျိုင်းနား) ရောင်တာတွေဖြစ်နိုင်တယ်။ ဖနောင့်ကြောကိုထိခိုက်နိုင်လို့ ဆေးပေးနေတုံး ပြင်းပြင်းထံထံ လေ့ကျင့်ခန်း-အလုပ်လုပ်တာ ရှောင်ရမယ်။

(အင်တီဘိုင်အောတစ်) ပဋိဇီဝဆေးတွေကြောင့် အူတွေထဲမှာ ပုံမှန်နေကြတဲ့ (ဗက်တီးရီးယား) တွေ အခြေအနေ ပြောင်းစေတယ်။ အူမကြီးရောင်တာ ဖြစ်စေနိုင်တယ်။ (ဖန်းဂတ်စ်) မှိုပိုးလဲဝင်လာနိုင်တယ်။ တချို့အမျိုးသမီးတွေ အဖြူဆင်းတာ အဲတာကြောင့်ဖြစ်တယ်။ မလိုပဲမသောက်သင့်ပါ။ လိုသူတွေက မသောက်ပဲမနေသင့်ပါ။ လိုတဲ့သူ မသောက်ရင် လေးဖက်နာဆက်ဖြစ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
Dr. Tint Swe

ပညာရေးဥပဒေကိုပြဌာန်းခြင်းနိုင်ငံတော်အဆင့်လိမ်လည်မှု(မင်းသွေးသစ်)


ပညာရေးဥပဒေကိုပြဌာန်းခြင်းနိုင်ငံတော်အဆင့်လိမ်လည်မှု(မင်းသွေးသစ်)https://www.youtube.com/watch?v=2mXBp9qbXkw&feature=youtu.be
Posted by The Melting Pot 4 U on Thursday, 30 April 2015

အင်န်အယ်လ်ဒီပါတီတွင် ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ ကျန်ပါတီဝင်များအား သမ္မတရာထူး ရွေးချယ်ထားခြင်းမရှိ

Thursday, April 30, 2015 NLD ပါတီတွင် ပါတီဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်မှလွဲ၍ ကျန်ပါတီဝင်များအား သမ္မတရာထူးကိုရွေးချယ်ထားခြင်းမရှိဟု ပါ တီဗဟိုအလုပ်အမှုဆောင်တစ်ဦးက ရန်ကုန် တိုင်းမ်ဂျာနယ်သို့ ပြောသည်။
အဆိုပါ သမ္မတရာထူးအား ဒေါ်အောင် ဆန်းစုကြည်တစ်ဦးတည်းအား ရွေးချယ်ထား မှုကို ပါတီဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ် သူ ဒေါ်နန်းခင်ထွေးမြင့်အား ဆက်သွယ်မေး မြန်းရာတွင် ''ပါတီကတော့ ၂ဝ၁၅ရွေးကောက် ပွဲအတွက် သမ္မတရာထူးကို ဘယ်သူ့ကိုမှ ရွေး ချယ်ထားခြင်း မရှိသေးပါဘူး။ ပါတီဥက္ကဋ္ဌ သမ္မတဖြစ်ဖို့အတွက် အတားအဆီးဥပဒေတွေ ကို ကျန်ရှိလွှတ်တော်သက်တမ်းမှာ ပြင်ဆင် နိုင်ဖို့ ကြိုးစားသွားမယ်''ဟုပြောသည်။
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ပြည်တွင်းပြည်ပခရီးစဉ်များတွင် နိုင်ငံ တော်သမ္မတရာထူးကို မျှော်လင့်ကြောင်း၊ လူ တိုင်း သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားသော ဥပဒေများကို လူထုဆန္ဒနှင့်အညီ သက်ဆိုင် ရာအဖွဲ့မှ ဖယ်ရှားပေးသင့်ကြောင်း ပြောဆို ထားပြီး ဖြစ်သည်။ ထိုနည်းတူ ဖွဲ့စည်းပုံပြင် ဆင်ရေးနှင့် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထား သော ဥပဒေများကို NLD ပါတီနှင့် ပွင့်လင်း အဖွဲ့မှ လူထု လက်မှတ် ငါးသန်းကောက်ခံပြီး လွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်သည်။ သို့ သော်လည်း အဆိုပါလက်မှတ်ငါးသန်းကျော် သည် ပြည်သူလူထုဆန္ဒအားလုံးကို ကိုယ်စား မပြုနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားထားပြီးဖြစ် သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအေးမောင်က ''ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ဆိုတာ လွယ်တဲ့အရေးမဟုတ်ဘူး။ အားလုံးက နိုင်ငံတော်သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပေါ်မှာပဲ မူတည်တယ်'' ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သည် ၁၉၉ဝပြည့်နှစ်နှင့် ၂ဝ၁၂ခုနှစ် ကြား ဖြတ်ရွေးကောက်ပွဲတွင် ပြိုင်ဘက်ပါတီများ ကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသောပါတီ လည်းဖြစ်သည်။

Yangon Media Group

သမ္မတအကြံပေး ဦးနေဇင်လတ် ရာထူးမှနုတ်ထွက်


Thursday, April 30, 2015
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီတစ်ခုတွင် နာယကအဖြစ် တာဝန်ယူထားသူ ဦးနေဇင်လတ်သည် နိုင်ငံတော် သမ္မတအကြံပေး အဖြစ်မှ ဧပြီလ ၃၀ ရက်နေ့တွင် နုတ်ထွက်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“နုတ်ထွက်တဲ့ အကြောင်းအရင်း ကိုတော့ မသိပါဘူး၊ သတင်းစာတွေကနေ တစ်ဆင့် ထုတ်ပြန် ပေးပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။
ဦးနေဇင်လတ်၏ လူမှုကွန်ရက် စာမျက်နှာတွင်လည်း မိမိသည် နိုင်ငံတော်သမ္မတ အကြံပေးရာထူးမှ နုတ်ထွက်ပြီး အသစ် တည်ထောင်သော အမျိုးသားပါတီလုပ်ငန်းများကို လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ရေးသားထားသည်။
ဦးနေဇင်လတ်ထံ ဆက်သွယ် မေးမြန်းရာတွင်မူ ဖုန်းကိုင် ဖြေဆိုခြင်းမရှိပေ။
နိုင်ငံရေးပါတီ တစ်ခုတွင် နာယကအဖြစ် ပါဝင်မည်ဟု ပြောဆိုထား သူတစ်ဦး လက်ရှိအစိုးရ၏ နိုင်ငံတော် သမ္မတ အကြံပေးအဖွဲ့တွင် ပါဝင်နေခြင်းသည် အခြားပါတီများနှင့် ပြည်သူများက အစိုးရအပေါ်တွင် သံသယ ဖြစ်လာနိုင်ဖွယ် ရှိသောကြောင့် အကြံပေးအဖြစ်မှ နုတ်ထွက်ခြင်း ဖြစ်နိုင်ကြောင်း ဖက်ဒရယ် ပြည်ထောင်စုပါတီ FUP ဒုတိယ ဥက္ကဋ္ဌ ဦးစောသန်းမြင့်က မှတ်ချက်ပြုသည်။
“နိုင်ငံတော်သမ္မတ အကြံပေးတစ်ယောက်က နိုင်ငံရေးပါတီ အသစ်တစ်ခုမှာ နာယကအဖြစ် တာဝန် ယူမယ်ဆိုတော့ သမ္မတကပဲ ပါတီအသစ်တစ်ခု ထောင်သလိုလို ထင်ရတာပေါ့၊ သီးသန့် လုပ်ကိုင်တာ အကောင်းဆုံး ဖြစ်ပါမယ်” ဟု သူကဆိုသည်။
The Voice Weekly

ယနေ့ခေတ်အိမ်ထောင်ပြိုကွဲမှုများ၏ တရားခံမှာ facebook ဖြစ်နေ


ယနေ့မျက်မှောက်ခေတ် အိမ်ထောင်ရေးပြိုကွဲခြင်းရဲ့ နောက်ကွယ်မှာ လူမှုကွန်ယက်တွေဖြစ်တဲ့ facebook, twitter တို့က အဓိကတရားခံတွေဖြစ်နေကြောင်း လေ့လာမှုစစ်တမ်းတစ်ခုက ဖော်ထုတ်လိုက်ပါတယ်။ အိမ်ထောင်ပြိုကွဲမှု ပိုများလာတာဟာ ဒီလိုလူမှုကွန်ယက်တွေကြောင့် အဓိကဖြစ်နေကြောင်းကို ရှေ့နေတွေက ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။


အိမ်ထောင်ပြိုကွဲမှု ၇ ခုမှာ အနည်းဆုံး ၁ ခုလောက်က သူတို့ခင်ပွန်း၊ ဇနီးသည်တွေရဲ့ facebook သုံးစွဲမှုကြောင့် ပြဿနာဖြစ်နေရပါတယ်။ ကိုယ့် ခင်ပွန်း၊ ဇနီးသည်ရဲ့ လူမှုကွန်ယက်အကောင့်တွေကို ခြေရာခံရင်း ဖောက်ပြားမှုရှိ၊ မရှိ စုံစမ်းမှုတဆင့် အိမ်ထောင်ကွဲမှုတွေ ပိုမိုဖြစ်လာလျှက်ရှိကြောင်း လေ့လာမှု လုပ်ခဲ့တဲ့ ရှေ့နေတွေကဆိုပါတယ်။ ဒီလေ့လာချက်ကို Slater and Gordon ဆိုတဲ့ ရှေ့နေအတိုင်ပင်ခံ ကုမ္ပဏီတစ်ခုက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်သည် အမျိုးသား၊ အမျိုးသမီးပေါင်း ၂၀၁၁ ဦးကို မေးမြန်းပြီးနောက် ဒီလိုအဖြေထွက်လာခဲ့တာဖြစ်ပါတယ်။


အိမ်ထောင်သည် ငါးဦးမှာ တစ်ဦးခန့်က သူတို့အိမ်ထောင်ဖက်တွေရဲ့ facebook အသုံးပြုမှုကြောင့် နေ့စဉ် စကားများ၊ ရန်ဖြစ်နေကြရကြောင်း ဝန်ခံထားကြပါတယ်။ ‘‘ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက facebook လို ဝက်ဘ်ဆိုက်တွေကတဆင့် ဒီပြဿနာတွေဖြစ်ခဲ့ကြတယ်။ ဒီနေ့ခေတ်မှာတော့ သိပ်တောင်မထူးဆန်းတော့ပါဘူး’’ လို့ ရှေ့နေနယူးဘာရီက ပြောပါတယ်။ တစိမ်းများနဲ့ စကားပြောထားခြင်း၊ တဖက်သားကိုစွဲဆောင်တဲ့ပုံများတင်ခြင်းစတဲ့ လုပ်ရပ်တွေကြောင့် အိမ်ထောင်သည်တွေဟာ ကွာရှင်းတဲ့အထိ ဖြစ်လာကြရပါတယ်။
http://www.planet.com.mm/detail/27694/World

မတေးနုယဉ်တွင် ပြင်ပဒဏ်ရာ မတွေ့ရကြောင်း မင်းအုပ်စိုး၏ မိသားစုဆရာဝန်ထွက်ဆို


လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသော သရုပ်ဆောင် မင်းအုပ်စိုးအမှု၏ ကိုးကြိမ်မြောက်ရုံးချိန်း၌ မင်းအုပ်စိုး၏ မိသားစုဆရာဝန်အား စစ်ဆေးရာ သေဆုံးသူ မတေးနုယဉ်တွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ခဲ့ရကြောင်း ၎င်းက ထွက်ဆိုခဲ့သည်။


ဧပြီ ၂၉ ရက်က ကိုးကြိမ်မြောက်ရုံးချိန်းတွင် သေဆုံးသူ မတေးနုယဉ်ရရှိသည့် ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ တရားလို ရှေ့နေက မေးမြန်းမှုကို မင်းအုပ်စိုး၏ မိသားစုဆရာဝန်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်ပြီး မတေးနုယဉ်၏ မျက်နှာ နှင့် ခြေထောက်တို့တွင်လည်း မည်သည့်ဒဏ်ရာမှ မရှိကြောင်း ဖြေကြားခဲ့သည်။ သို့သော် ၎င်းသည် ပြင်ပဆရာဝန်တစ်ဦးဖြစ်သောကြောင့် တေးနုယဉ် မည်သည့်ဒဏ်ရာကြောင့် သေဆုံးခဲ့သည်ကိုမူ အတိအကျ မပြောနိုင်ကြောင်း ဆက်လက်ထွက်ဆိုခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီခန့်တွင် ၎င်းထံသို့ မင်းအုပ်စိုး၏ အိမ်မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သောကြောင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး မတေးနုယဉ်အား စမ်းသပ်စစ်ဆေးခဲ့ရာ မျက်စိသူငယ်အိမ်ကျယ်နေသည့်အပြင် တုံ့ပြန်မှု တစ်စုံတစ်ရာမရှိသောကြောင့် သေဆုံးသည်ဟု ယူဆရကြောင်း မင်းအုပ်စိုးကို ပြောကြားခဲ့သည်ဟု မင်းအုပ်စိုး၏ မိသားစုဆရာဝန်က ထွက်ဆိုခဲ့သည်။

အဆိုပါ ရုံးချိန်းတွင် မင်းအုပ်စိုး၏ မိသားစုဆရာဝန်နှင့်အတူ အမျိုးသမီးတစ်ဦးကိုလည်း ဆက်လက်စစ်ဆေးခဲ့ပြီး မေလ ၄ ရက်သို့ ပြန်လည်ရုံးချိန်းခဲ့သည်။ အဆိုပါ ရုံးချိန်းတွင် မှုခင်းဆရာဝန်အား စစ်ဆေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီတွင် ဗဟန်း မြို့နယ် ဖိုးစိန်လမ်းရှိ သရုပ်ဆောင်မင်းအုပ်စိုး၏နေအိမ်၌ သရပါမဂ္ဂဇင်းအယ်ဒီတာ မတေးနုယဉ်(ခ)မနုနုယဉ်သည် ရင်ဘတ်၊ မျက်နှာနှင့် ကျောဘက်တို့ ၌ အညိုအမည်းဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး သရုပ်ဆောင် မင်းအုပ်စိုးကို ဇန်န၀ါရီ ၂၂ ရက်က အနောက်ပိုင်းခရိုင်တရားရုံး၌ လူသတ်မှုဖြင့် တရားစွဲဆိုခဲ့သည်။
http://www.7daydaily.com/story/36131#.VUJQz5OIXap

Facebook Messenger တွင် သင်သိသင့်တဲ့ အချက်များ


 နောက်ဆုံး ထွက်ရှိလာတဲ့ Facebook Messenger ရဲ့ Version အသစ်မှာတော့ Facebook ဟာ ပိုမိုစုံလင်လာတဲ့ Feature တွေကို ထည…့်သွင်းလာခဲ့ထားပါတယ်။ ဒီအချက်တွေကို အချို့ User တွေအနေနဲ့ မသိကြသေးတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် Facebook Messenger အသစ်မှာ ပါဝင်လာတဲ့ Feature အသစ်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါ တယ်။

၁။ Message Notifications ကို မိမိကြိုက်နှစ်သက်သည့် ကြာချိန်ထား၍ Mute လုပ်နိုင်ခြင်း

၂။ မိမိမကြိုက်သည့် Message စာကြောင်း တစ်ကြောင်းတည်းကိုပဲ ဖျက်နိုင်ခြင်း

၃။ တစ်ဖက်လူမှ သင့် Message ကို ဖတ်ခြင်း ၊ မဖတ်ခြင်းများကို icon အသစ်များဖြင့် ပြသခြင်း

၎။ iPhone အသုံးပြုသူများတွင်အသုံးပြုနိုင်သည့် တည်နေရာကို View and Hide ကြည့်နိုင်ခြင်း

၅။ Facebook Messenger ၏ Group Chat Conversation တွင် မိမိအလိုရှိသည့် Group များအား လျင်မြန်စွာ အသုံးပြုနိုင်ရန် Group Chat List ၏ ထိပ်ဆုံးတွင် Pin လုပ်၍ ထားနိုင်ခြင်း

၆။ မိမိတို့ Facebook User အချင်းချင်း မည်သည့် ဖုန်းနံပါတ်မှ သိစရာမလိုပဲ Facebook Messenger တွင် ဖုန်းခေါ်ဆိုနိုင်ခြင်း

၇။ တစ်ဦးနှင့် တစ်ဦး အသံဖိုင်းများ ပေးပို့နိုင်ခြင်း

၈။ အရင်က PHP Language ကိုသာ အဓိကထားအသုံးပြုနေတဲ့ Facebook ဟာ အခုချိန်မှာတော့ Web Language မျိုးစုံကို အသုံးပြုလာခဲ့ပါတယ်။ ဒါကြောင့် Facebook Messenger မှာလည်း Animation Gif File လေးတွေကိုလည်း အသုံးပြုလာနိုင်ပြီဖြစ်ပါတယ်။

၉။ အခြားနိုင်ငံများတွင် အသုံးပြုလို့ရနိုင်ပြီဖြစ်နေတဲ့ Video Call ခေါ်ဆိုမှု
၁၀။ အခြားနိုင်ငံများတွင်သာ အသုံးပြုနိုင်သေးသည့် Facebook Messenger အချင်းချင်း ပိုက်ဆံလွှဲနိုင်သည့် အစီအစဉ်
စတဲ့အချက်များ သည် Facebook Messenger အသုံးပြုသူတို့ သိထားသင့်တဲ့ အချက်တွေအဖြစ် ဖော်ပြပေးလိုက်ရပါတယ်။

Ref : mashable

အောင်ကိုထက်

yoyarlay

One Direction နောက်ထပ် အဖွဲ့သားတစ်ဦး ဆုံးရှုံးဖွယ်ရှိနေ


Zayn Malik နောက်လိုက်ပြီး One Direction အဖွဲ့ဝင် Harry Styles ကလည်း အဖွဲ့မှ စွန့်ခွာမယ့် နောက်ထပ် အဖွဲ့ဝင်တစ်ဦး လာလိမ့်မယ်လို့ သတင်းတစ်ခုက အခိုင်အမာ ဆိုထားပါတယ်။ အဖွဲ့မှ နှုတ်ထွက်ဖို့ Harry ရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး  ဝမ်းနည်းကြေကွဲစရာ သတင်းမှာ…
တစ်ကိုယ်တော်ဖျော်ဖြေသူ အနေနဲ့ Harry လျှောက်လမ်းမယ်ဆိုတာ တခြားသူတွေအားလုံး ဟိုး..အရင်ကတည်းက သိထားပြီးသားပါ။ ဒါဟာ သူ့ရဲ့ နောင်အစီအမံပါ။ သူတို့တွေ ဆက်ပြီး ခဏတာပဲ အတူလက်တွဲ ဖြစ်ကြပါလိမ့်မယ်။ နောက်ပြီး တစ်နည်းနည်းနဲ့ Harry အဖွဲ့ကို စွန့်ခွာ သွားပါလိမ့်မယ်လို့ အတွင်းသိသူတစ်ဦးက Life&Style ကို ဖွင့်ချခဲ့ပါတယ်။
၂၀၁၄ နွေရာသီတုန်းက ယင်းအဖွဲ့ ဥရောပရောက်ရှိနေစဉ် တစ်ကိုယ်တော် အယ်လ်ဘမ်တစ်ခုနဲ့ ပတ်သက်ပြီး LA မှာ Harry အချိန်အတော်ကြာ ကုန်ဆုံးစေခဲ့ပါတယ်။
အဲဒီအချက်က One Direction အဖွဲ့ရဲ့ စည်းလုံးမှုအနေအထားကို ပျက်ပြားစေခဲ့ပါတယ်။ One Direction အဖွဲ့ရဲ့ ဆန်းသစ်မှုအားလုံး ပျောက်ကွယ်လုနီးနီးဖြစ်ပြီး လူအစားထိုးလိုက်ခြင်းဟာလည်း ပရိသတ်အတွက် မြိုချရခက်တဲ့ ဆေးတစ်လုံးကဲ့သို့ဖြစ်စေပါလိမ့်မယ်လို့ ကျွမ်းကျင်သူတစ်ဦးက ပြောဆိုခဲ့တယ်။
One Direction အဖွဲ့ရဲ့ အနာဂတ်
Louis Tomlinson ၂၃၊ Naill Horan ၂၁ နဲ့ Liam Payne ၂၁ တို့ကတော့ Harry  ၂၁ ရဲ့ အဖွဲ့မှ စွန့်ခွာမယ့် အခြေအနေကြောင့် မကြာမီ ၄င်း Band တစ်ခုလုံး တစ်စစီပြိုကွဲမယ်ဆိုတာ အားလုံးကြိုသိပြီးဖြစ်ကြပါတယ်။ Liam တစ်ယောက် Juicy J စတဲ့ အခြားအနုပညာရှင်တွေနဲ့ ပူးပေါင်းနေတဲ့အချိန်မှာ Louis က သူ့ကိုယ်ပိုင် တေးသံသွင်း အမှတ်တံဆိပ်တစ်ခုရအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ Niall လည်းပဲ တစ်ကိုယ်တော် ဂီတလှုပ်ရှားမှု တချို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
Ref: Hollywoodlife
 http://www.trend.com.mm/2015/04/30/music-6488

ဟိုတယ်စာရေး


 လွန်ခဲ့သော နှစ်ပေါင်းများစွာက လေမိုးထန်သော ညတစ်ညမှာ အဘိုးကြီးနဲ့ ဇနီးဖြစ်သူတို့ဟာ အမေရိကန်ပြည်ထောင်စု ဖီလာဒီဖီးယားရှိ ဟိုတယ်လေးတစ်လုံးရဲ့ ဧည့်ခန်းလေးထဲ ဝင်လာခဲ့ပါတယ်။ သူတို့စုံတွဲဟာ မိုးခိုဖို့ ကြိုးစားရင်း တစ်ညတာ ခိုလှုံရာရရန် မျှော်လင့်လျှက် ဧည့်ကြိုစားပွဲဆီ ရောက်လာကြပါတယ်။

“ကျွန်တော်တို့အတွက် အခန်းတစ်ခန်းလောက် ရနိုင်မလား” အမျိုးသားဖြစ်သူက မေးလာပါတယ်။ဖော်ရွှေတတ်တဲ့ စာရေးဟာ စုံတွဲကို နှစ်လိုဖွယ်ရာ ပြုံးကြည့်ရင်း မြို့ထဲတွင် အစည်းအဝေး သုံးခုရှိကြောင်း ရှင်းပြခဲ့ပါတယ်။“အခန်းအားလုံး ပြည့်နေပါပြီ”လို့ စာရေးက ပြောပါတယ်။ “ဒါပေမယ့် မွန်ရည်တဲ့ ခင်ဗျားတို့စုံတွဲကို နံနက်တစ်နာရီ အချိန်မျိုးမှာ မိုးရွာကြီးထဲ မလွှတ်ရက်ပါဘူး။ ကျွန်တော့်အခန်းထဲ အိပ်နိုင်မလား။ ပရိဘောဂ အစုံအလင် မရှိပေမယ့် ခင်ဗျားတို့နှစ်ယောက် သက်သောင့်သက်သာ အနားယူဖို့အတွက်တော့ လုံလောက်ပါတယ်”စုံတွဲက ငြင်းဆိုတဲ့အခါ
လူငယ်လေးက ဆက်လက်ပြောဆိုပါတယ်။ “ကျွန်တော့်အတွက်တော့ မပူပါနဲ့ဗျာ။ ကျွန်တော် အဆင်ပြေအောင် လုပ်လိုက်ပါမယ်” လို့ စာရေးက သူတို့ကို ရှင်းပြခဲ့ပါတယ်။

ဒီတော့မှ စုံတွဲက (သူ့အခန်းထဲအိပ်ဖို့) သဘောတူလိုက်တယ်။
နောက်တစ်နေ့နံနက်တွင် အဘိုးကြီးက စာရေးကို ငွေပေးချေရင်း ပြောဆိုလိုက်ပါတယ်။ “ခင်ဗျားဟာ ကြင်နာတတ်တဲ့ မန်နေဂျာတစ်ယောက်ပါ။ အကောင်ဆုံး ဟိုတယ်ရဲ့ သူဌေးပဲ ဖြစ်သင့်ပါတယ်။ တစ်နေ့နေ့မှာတော့ ကျွန်တော် ခင်ဗျားအတွက် အကောင်းဆုံးဟိုတယ်တစ်လုံး တည်ဆောက်ပေးနိုင်ကောင်းပါရဲ့”စာရေးက သူတို့ကိုကြည့်ရင်း ပြုံးလိုက်ပါတယ်။

သူတို့သုံးယောက်လုံး ပျော်ရွှင်နေခဲ့ကြပါတယ်။ သူတို့စုံတွဲ ကားမောင်း
ထွက်လာစဉ် ဖော်ရွှေမှုရော၊ အကူအညီပေးမှုရော နှစ်မျိုးလုံးရှိတဲ့ လူမျိုးဟာ တွေ့ဆုံရဖို့ ခက်ခဲပေမယ့် ဒီစာရေးကတော့ ခွင်းချက်ပင်ဖြစ်ကြောင်း
အဘိုးကြီးက လက်ခံသဘောတူလိုက်ပါတယ်။နှစ်နှစ်တာ ကုန်ဆုံးခဲ့ပေပြီ။
စာရေးဟာ ဒီအဖြစ်အပျက်ကို မေ့ပျောက်လုနီးပါး ဖြစ်နေတဲ့အချိန်မှာ အဘိုးကြီးထံကနေ စာတစ်စောင် လက်ခံရရှိခဲ့ပါတယ်။

စာထဲမှာ လေမိုးထန်တဲ့ ညတစ်ညအကြောင်း ပြန်ပြောပြထားပြီး လူငယ်လေးကို နယူးယောက်မြို့သို့ အလည်လာရောက်ဖို့ အသွားအပြန် လက်မှတ်တစ်စုံကိုလည်း စာအိတ်ထဲ ထည့်ပေးလိုက်ပါတယ်။
အဘိုးကြီးက သူ့ကို နယူးယောက်မှာ တွေ့တဲ့အခါ ရိပ်သာ(၅)လမ်းနဲ့ (၃၄)လမ်းထောင့်သို့ ဦးဆောင်ခေါ်သွားပါတယ်။

အဲဒီနောက် သူဟာ ကောင်းကင်ပြင်ထိ ထိုးထွက်နေတဲ့ မျှော်စင်တွေနဲ့အတူ နီကြန်ကြန် ကျောက်တုန်းများဖြင့် တည်ဆောက်ထားတဲ့ အဆောက်အဦး
အသစ်ကြီးကို ညွှန်ပြလိုက်ပါတယ်။

“ခင်ဗျား စီမံအုပ်ချုပ်ဖို့အတွက် ဒီဟိုတယ်ကို ကျွန်တော် တည်ဆောက်ထားတာပါ”လို့ အဘိုးကြီးက ပြောလိုက်ပါတယ်။
“ခင်ဗျား ရယ်စရာ ပြောနေတာပဲ ဖြစ်ရမယ်”လို့ လူငယ်လေးက ပြောပါတယ်။
“ကျွန်တော် ရယ်စရာ ပြောတာမဟုတ်ကြောင်း အာမခံရဲပါတယ်”လို့ အဘိုးကြီးက ဝေခွဲရခက်သော အပြုံးဖြင့် ပြောဆိုလိုက်ပါတယ်။

အဘိုးကြီးရဲ့ နာမည်ကတော့ ဝီလီယံ ဝေါ့ဒေါ့ဖ် အက်စ်တာဖြစ်ပြီး ခမ်းနားတဲ့ အဆောက်အဦး အသစ်ကြီးကတော့ ဝေါ့ဒေါ့ဖ် အက်စ်တိုရီးယား ဟိုတယ်ဖြစ်ပါတယ်။ ဒီဟိုတယ်ရဲ့ ပထမဦးဆုံး မန်နေဂျာဖြစ်လာတဲ့ စာရေးလေးကတော့ ဂျော့ဂ်ျ စီဘိုးဒ်ထ် ဖြစ်ပါတယ်။ လူငယ်စာရေးလေးဟာ သူပြုလုပ်ပေးခဲ့တဲ့ လုပ်ရပ်ကြောင့် ကမ္ဘာ့အကောင်းဆုံးဟိုတယ်တစ်ခုရဲ့ မန်နေဂျာ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့မိပါဘူး။

credit: Nay Lin Aung

အမေရိကန်၊မေရီလန်းပြည်နယ်၊ဘော်လ်တီမိုးမြို့ က အဓိကရုန်း


အမေရိကန်၊မေရီလန်းပြည်နယ်၊ဘော်လ်တီမိုးမြို့ က အဓိကရုန်းမှာ ရဲကားမှန်ကိုခွဲနေကြတဲ့ပုံတွေပါ။ ဒီပုံထဲက ကားမှန်ကို ရိုက်ခွဲနေ...
Posted by The Melting Pot 4 U on Thursday, 30 April 2015

ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးချယ်ခွင့် ပြုသင့်ဟု ဦးခင်အောင်မြင့် ပြောကြား

 အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ပုံ။ Photo: RFA
 အမျိုးသားလွတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် က နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အဓိကထားစဉ်းစားတဲ့ အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်ခွင့်ပြုသင့်တယ်လို့ မနေ့က ပြောကြား လိုက်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ဦးခင်အောင်မြင့်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးချယ်ခွင့်ကနေ ပိတ်ပင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကို ရည်ညွန်းပြီး ဒီမိုကရေစီပြောင်းလဲရေးအတွက် လူတစ်ဦးတစ်ယောက်ကို အဓိကမထားပဲ တိုင်းပြည် တစ်ခုလုံးရဲ့ အကျိုးကိုရှေ့ရှုပြီး ဆုံးဖြတ်သင့်တယ် လို့ ပြောပါတယ်။

ဒ့ါအပြင် သူ့အမြင်အရ နိုင်ငံရေးဦးဆောင်ကဏ္ဍမှာ လူတိုင်းပါဝင်ခွင့်ရှိသင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥာဏ်ပညာ အမျှော်အမြင်ကြီးမားသူဖြစ်ပြီး နိုင်ငံရေးပုံရိပ်ကောင်းသူဖြစ်တဲ့အတွက် သူ့ကိုလည်း မိမိတို့နိုင်ငံ ရဲ့ ခေါင်းဆောင်ပိုင်းမှာ ပါဝင်စေချင်ပါတယ်လို့ ဦးခင်အောင်မြင့် က ပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ လာမယ့်ရွေးကောက်ပွဲအပြီးမှာ ဘယ်သူပဲ သမ္မတအဖြစ်အရွေးခံရသည်ဖြစ်စေ၊ တိုင်းပြည် အကျိုးကို ရှေးရှုပြီး လူတိုင်းပါဝင်ကြိုးပမ်းရမှာဖြစ်တယ်လို့ ကိုးရီးယား Yonhap သတင်းဌာနနဲ့ တွေ့ဆုံရာမှာ သူကပြောပါတယ်။

နိုင်ငံ့ခေါင်းဆောင်ခြောက်ဦးဆွေးနွေးပွဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် က အခုလာမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးကြောင်းနဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက် ပွဲလွန် ကာလတွေမှာ တိုင်းပြည်တည်ငြိမ်မှုရှိဖို့လိုကြောင်းဖြင့်လည်း ပြောကြားခဲ့ပါတယ်။

ဦးခင်အောင်မြင့်ဟာ တောင်ကိုးရီးယား လွတ်တော်ဥက္ကဌ ချုံအီးဝါ Chung Eui-hwa နဲ့တခြား ခေါင်းဆောင်တွေ ကို တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးဖို့အတွက် ဒီရက်ပိုင်းအတွင်း ဆိုးလ်မြို့ ကိုရောက်ရှိနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Xiaomi ရဲ့ ရေစိုခံ Yi ကင်မရာငယ် ထွက်ပေါ်လာ


စမတ်ဖုန်းလောက မှာ အောင်မြင်မှုတွေ ရလာခဲ့တဲ့ Xiaomi ရဲ့ Yi ကင်မရာတွေထဲကမှာ ကြို တင်သတင်း ထွက်ထားတဲ့ အတိုင်းပဲ ကမ္ဘာ့ ကင်မရာ ဈေးကွက်မှာ နာမည် အကြီးဆုံး ကင်မရာငယ် GoPro ကဲ့သို့သော အသွင် သဏ္ဍာန်ရှိတဲ့ ဒေါ်လာ ၆၅ ကျပ် တန် ကင်မရာ ငယ်တစ်မျိုးကို ထပ်မံ ထုတ်လုပ်လိုက်ပါပြီ။ GoPro လိုမျိုးကောင်းမွန်တာ တစ်ခုက Yi ကင်မရာမှာလည်း ၄၀ မီတာ အထိ ရေစိုခံနိုင်ပါတယ်။
 64GB အထိ သိုလှောင်နိုင်တဲ့ ပမာဏ ရှိပြီး SD ကတ် ထည့်သွင်းပြီးတော့လည်း 128 GB အထိ တိုးချဲ့ နိုင် ပါတယ်။ ဒါပေမယ့်လည်း Yi ကင်မရာကို Xiaomi ကုမ္ပဏီရဲ့ လက်အောက်ကနေ ထုတ်လုပ်မှာ မဟုတ်ပဲ Xiaoyi ဆိုတဲ့ ကုမ္မဏီနာမည်နဲ့ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 
Xiaomi ရဲ့ ထုံးစံအတိုင်း တရုတ်ဈေးကွက်ကိုပဲ ဦးတည်ရောင်းချ သွားမှာ ဖြစ်ပြီး အမေရိက မှာတော့ ရောင်း ချဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ Xiaomi ကုမ္မဏီ ကို engadget သတင်းဌာနက စမ်းသပ် ပစ္စည်း အဖြစ်တောင်း ဆိုကြည့်ခဲ့သော်လည်း ကုမ္ပဏီ ဘက်က ပြန်လည် ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။
Crdedit : http://www.engadget.com
http://technology.thithtoolwin.com/2015/04/xiaomi-yi.html

ကနေဒါ ဖုန်းဆက်သွယ်ရေးဈေးကွက် လိုအပ်ချက် ဖြစ်လာနိုင်တဲ့ Google Fi


အမေရိကန် လူမျိုးတွေ သီးသန့်အတွက် စရိတ် သက်သာလှတဲ့ မိုဘိုင်းဖုန်း ၀န်ဆောင်မှုသစ် တစ်ရပ်ကို Google က စတင်ပါတော့မယ်။ သတင်းတွေထွက်လာခဲ့သလိုပဲ၊ Google Fi ဟာကနေဒါရဲ့  ဖုန်းဆက် သွယ်ရေးလောက ကို ၀င်ဆံ့လာနိုင်ပါတယ်။ Google Fi နဲ့ ဖုန်းပြောခြင်း၊ မက်ဆေ့ခ်ျ ပို့ခြင်း၊ Wi-Fi ချိတ် ဆက်ခြင်း တို့ကိုတစ်လလုံး အသုံးပြု လျှင်တောင် ကန်ဒေါ်လာ ၂၀ကုန်ဖို့ ခဲယဉ်းပါတယ်။ 
အသုံးပြု သူတွေဟာမိမိအသုံးပြုလိုက်တဲ့ Data အတွက်ပဲငွေပေးချေ ရမှာဖြစ်ပြီး အသုံးမပြု ထားတဲ့ Data တွေ အတွက် ပြန်လည်ပေးအပ်ငွေ ကိုတောင် ရရှိနိုင်ပါတယ်။ “Google Fi ဟာ ကျွန်ုပ်တို့ သိပ်လို ချင်နေတဲ့ ၀န်ဆောင်မှုမျိုးပေါ့။ ကနေဒါမှာ ဖုန်းဆက်သွယ်ရေး အတွက် ကုန်ကျ စရိတ်က သိပ်ကိုကြီး လွန်း ပါတယ်။ ကမ္ဘာ့ဈေး အကြီးဆုံးတစ် ချို့ ထဲမှာတောင် ပါနေပါတယ်။ 
ဝန်ဆောင်မှုလဲ သိပ်မကောင်းဘူးပေါ့ဗျာ။” ဟု အင်တာနက် ရယူ သုံးစွဲခွင့် ပိုမိုကောင်းမွန်ရေးနှင့် စားသုံးသူ အခွင့်အရေး လှုပ်ရှားရေး အုပ်စု မှ Josh Tabish မှပြောသွားပါတယ်။ Google Fi ဟာ Sprint နဲ့ T-Mobile တို့ရဲ့ ကွန်ရက် များပေါ်ကနေ လုပ်ဆောင် သွားမှာဖြစ်ပြီးပိုကောင်းတဲ့ ချိတ်ဆက်မှုရှိနေတဲ့ ကွန်ရက်ဆီ  ကိုအလို အလျှောက် ပြောင်းလဲ ချိတ် ဆက်ပေး တဲ့ ၀န်ဆောင်မှုလဲ ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

Credit : http://www.cbc.ca/news
http://technology.thithtoolwin.com/2015/04/google-fi.html

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်သည့် ဒီအန်အေ ပြန်စစ်မည်


ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ  ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အမှုနဲ့ သက်ဆိုင်တဲ့ မျိုးဗီဇ ဒီအန်အေတွေကို စစ်ဆေးဖို့ ထိုင်း အမျိုးသားမှုခင်းဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖွန်းထစ်ထံ ပေးပို့ဖို့ ကော့စမွီခရိုင် တရားသူကြီးက ညွှန်ကြားလိုက်ပါတယ်။

ဒီကနေ့ ဧပြီ ၃၀ ရက် မနက်က ကော့စမွီခရိုင်တရားရုံးမှာ တရားလိုပြသက်သေတွေ စစ်ဆေးစဉ် ခုလို ညွှန်ကြားလိုက်တာလို့ အမှုမှန် ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အတိုင်ပင်ခံ အန်ဒီဟောလ်က ဒီဗွီဘီကို ပြောပါတယ်။


“ကျနော်တို့ဘက် က ရှေ့နေတွေ တောင်းဆိုထားတဲ့အတိုင်း တရားသူကြီးက ဒီအမှုနဲ့ ဆက်စပ်နေတဲ့ သက်သေပစ္စည်းတွေ ဒုတိယအကြိမ် ပြန်လည်စစ်ဆေးဖို့အတွက် ထိုင်း တရားရေးဝန်ကြီးဌာန မှုခင်းဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူး ဒေါက်တာဖွန်းထစ်ပ်ဆီ အမြန်ဆုံးပေးပို့ဖို့ ညွှန်ကြားပါတယ်။ ရဲတပ်ဖွဲ့ဆီမှာရှိနေတဲ့ သက်သေပစ္စည်းတွေပါ။”

ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စမှာ အသတ်ခံရတဲ့သူဆီက တွေ့ရှိတဲ့ ဒီအန်အေနဲ့  တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့ ဒီအန်အေ တူညီကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပေမယ့် သူတို့ဆောင်ရွက်ချက်ဟာ မှုခင်းဆေးသိပ္ပံစစ်ဆေးမှု လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်ဘူးလို့ ဒေါက်တာဖွန်းထစ်ပ်က သတင်းမီဒီယာတွေကို ပြောကြားခဲ့ဖူးပါတယ်။

ဒါ့အပြင် နောက်ထပ် အရေးကြီးသက်သေတခုဖြစ်တဲ့ စီစီကင်မရာက ဖမ်းယူထားတဲ့ အရုပ်တွေ အပြည့်အစုံ ပြန်ယူလို့ ရနိုင်မရနိုင်ကိုလည်း ကြိုးစားဆောင်ရွက်နေတယ်လို့ လည်းပြောပါတယ်။
ဒီကနေ့ တရားရုံးမှာတော့ တရားခံလို့ စွပ်စွဲခံထားရတဲ့  မြန်မာလူငယ်၂ ဦးဘက်က ရှေ့နေ ၂ ဦးအပြင် ထိုင်းရှေ့နေများကောင်စီဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေပါ ၅ ဦး လာရောက်အားပေးခဲ့ပြီး အစိုးရရှေ့နေဘက်ကတော့ ၁ ဦးသာ တက်ရောက်ကာ   ရှေ့နေတွေက သူတို့ရရှိထားတဲ့ သက်သေတွေ လာရောက်တင်ပြခဲ့ကြပါတယ်။

ထိုင်းတရားသူကြီးကတော့ သူတို့အနေနဲ့ ဒီအမှုကို လူမျိုးဘာသာမရွေး၊ အဆင့်အတန်းမရွေး၊ နိုင်ငံသားမရွေးဘဲ တရားမျှတစွာ၊ ပွင့်လင်းမြင်သာစွာ စီရင်ဆုံးဖြတ်မယ့်အကြောင်း၊ လာမယ့် ဇူလိုင်လ ၈ ရက် တရားခံတွေကို ရုံးထုတ်စစ်ဆေးတဲ့အခါမှာ မည်သူမဆို ရုံးတော်မှာ လာရောက် ကြားနာနိုင်တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ကိုတော့ ဒီကနေ့ တရားရုံးမှာ အမှုကိစ္စ ဘာမှမေးမြန်းခြင်းမရှိဘဲ ထောင်ထဲမှာ နေထိုင်ရတဲ့အခြေအနေ၊ အဆင်ပြေမှုရှိမရှိ မေးမြန်းခဲ့ကြောင်း၊ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းက  သူတို့အခန်းက အိမ်သာနဲ့နီးပြီး လူများတဲ့အတွက် အနေအထိုင်ကျဉ်းကြပ်တဲ့အကြောင်း ပြန်ဖြေခဲ့တယ်လို့  အန်ဒီဟောလ်က ပြောပါတယ်။

ဒီကနေ့ တရားလိုပြသက်သေစစ်ဆေးမှုကိုတော့ လိပ်ကျွန်းအမှုအတွက် ကူညီဆောင်ရွက်ဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက ဖွဲ့စည်းထားတဲ့ အထူးကိုယ်စားလှယ်တွေ ကတော့ ရောက်မလာခဲ့ပါဘူး။

ကိုယ်စားလှယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးကျော်သောင်းကတော့ သူတို့အနေနဲ့ တရားလိုပြ သက်သေ စစ်ဆေးမယ့်ကိစ္စ သိရှိပေမယ့်လည်း မြန်မာသံရုံးက တရားဝင်စေ လွှတ်စာ မရောက်တဲ့အတွက် မသွားခဲ့ရဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

 By နန်းမြနဒီ (ဒီဗွီဘီ)
ဓာတ်ပုံ – CSIA
http://burmese.dvb.no

တောင်သမန်အင်းမှာ ငါးတွေသေဆုံး (ဓါတ်ပုံ)

မန္တလေးမြို့ အမရပူရမြို့ နယ် တောင်သမန်အင်းမှာ ဒီကနေ့ ငါးတွေအစုလိုက်အပြုံလိုက် သေဆုံးတာတွေ့ရပါတယ်။ အခုလိုငါးတွေ သေဆုံးတာဟာ အင်းထဲကို ရေဆိုးရေညစ်တွေ ဝင်ရောက်တာတွေ များပြားလာတဲ့အတွက်ဖြစ်တယ်လို့ ဒေသခံ တံငါသည်တွေက ပြောပါတယ်။

အခုလို ငါးတွေအစုလိုက်အပြုံလိုက် သေဆုံးတာကို မြင်ရတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ Photo: Nay Thwae/RFA
https://www.facebook.com/pages/RFA-Burmese

တောင်သမန်အင်းမှာ ငါးတွေသေဆုံး http://www.themeltingpot4u.com/2015/04/blog-post_388.html

Posted by The Melting Pot 4 U on Thursday, 30 April 2015

Wednesday, April 29, 2015

အသံအိုး သွေးထွက်လွန်မှုကြောင့် သြစတြေးလျ ဖျော်ဖြေရေး ခရီးစဉ်ကို ပယ်ဖျက်ခဲ့ရတဲ့ ဆမ်စမစ်


Written by  

ရိုက်တာ (နယူးယော့ခ်)။ ။ ဗြိတိန်အဆိုတော် ဆမ်စမစ်က အသံအိုး သွေးထွက်လွန်မှုကြောင့် သြစတြေးလျ ဖျော်ဖြေရေး ခရီးစဉ်ကို ပယ်ဖျက်ခဲ့ကြောင်း ဧပြီ ၂၈ ရက်တွင် ပြောကြားသည်။
Smith
“အခုလိုခရီးစဉ်ကို ပယ်ဖျက်ခဲ့ရတဲ့အတွက် ပရိတ်သတ်များကို ကျွန်တော် တောင်းပန်ပါတယ်။  အသံအိုး သွေးထွက်လွန်မှုကြောင့် ကျွန်တော်ဆရာဝန်ရဲ့ ပြောကြားချက်ကို လိုက်နာဖို့ဆုံးဖြတ်ခဲ့တယ်။ အဲဒါကြောင့် ဖျော်ဖြေရေး ခရီးစဉ်ကို ပယ်ဖျက်ခဲ့ရတဲ့အတွက် သြစတြေးလျ ပရိတ်သတ်များအတွက်  ကျွန်တော် အရမ်းကို ဝမ်းနည်းရပါတယ်လို့ ပြောချင်ပါတယ်” ဟု ဆမ်စမစ်က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
“ကျွန်တော်မနေ့ညက  ဆစ်ဒနီမှာ ဖျော်ဖြေပွဲ ပြုလုပ်တဲ့အခါ အသံအိုးမှာ သွေးအနည်းငယ် ထွက်ခဲ့တယ်။ ယခုအခါ ကျွန်တော် အသံပိုင်းဆိုင်ရာ နာကျင်မှုကို ခံစားနေရပါတယ်။ ကျွန်တော်ရဲ့အသံအိုး သွေးထွက်လွန်တာ ပျောက်ကင်းတဲ့အထိ  အပြည့်အဝ အနားယူဖို့ လိုအပ်တယ်။ဒီလိုမလုပ်ခဲ့ဘူးဆိုရင် နာတာရှည် ရောဂါဖြစ်လာမယ်လို့ ဆရာဝန်တွေက ကျွန်တော့ကို ပြောခဲ့တယ်” ဟု ဆမ်စမစ်က ပြောကြားသည်။
ဒီဇင်ဘာလတွင် ဖျော်ဖြေရေး ခရီးစဉ်ရက်များကို ထပ်မံစီစဉ်ရန် စမစ်နှင့် လုပ်ဆောင်လျက်ရှိကြောင်း သြစတြေးလျ ဖျော်ဖြေရေးပွဲ ဖြစ်မြောက်ရေးပွဲ စီစဉ်သူ ဖရင့်တီအာတာဝါရင်းက ပြောကြားသည်။ စမစ်သည် မေ ၇ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် In The Lonely Hour အမည်ရှိ ၎င်း၏ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်မတိုင်မီ ဆစ်ဒနီ၊ မဲလ်ဘုန်း၊ အက်ဒီလိတ်ခ်နှင့် ပက်တို့တွင် ဖျော်ဖြေပွဲများ လုပ်ဆောင်သွားရန် စီစဉ်ခဲ့သည်။ ဆမ်စမစ်သည် အက်ခ်လန်း၊ ဘရစ္စဘိန်းနှင့် ဆစ်ဒနီတို့တွင် ဖျော်ဖြေပွဲများ ကျင်းပခဲ့ပြီး ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2014-04-01-06-37-42/item/43859-2015-04-29-08-54-01

နားထောင်ပေးကြရဲ့လား


Written by မောင်ခေတ်

  ကိုဂျိုးသည် သားအငယ်ဆုံးဖြစ်ပြီး၊ အစ်ကိုနှစ်ယောက် အစ်မတစ်ယောက်ရှိသည်။ အငယ်ဆုံးသားဖြစ်သဖြင့် မိဘများ အသည်းစွဲအချစ်ခံရ သူလည်းဖြစ်သည်။ အစ်ကိုနှစ်ယောက်တွင် တစ်ဦးက အင်ဂျင်နီယာ၊ တစ်ဦးက တက္ကသိုလ်ဆရာ၊ အစ်မက ဆရာဝန်ဖြစ်သဖြင့် အားလုံးပညာ တော်ကြသည်ဟုပြောရမည်။ ကိုဂျိုးကို တစ်အိမ်လုံးက အလိုလိုက်ထားသဖြင့် လူဆိုးလေးတစ်ယောက်ဖြစ်နေရသည်။ ကျောင်းတွင် ပြဿနာရှာ၊ ရပ်ကွက်တွင်း ပြဿနာရှာနှင့် လူဆိုးလေးတစ်ယောက်ဖြစ်နေသော်လည်း မိဘများက ချစ်ရှာ သည်။ ကျောင်းတွင်လည်း ပြဿနာကောင်၊ စာမေးပွဲအကြိမ်ကြိမ်ရှုံး၊ ကျောင်းအုပ်ကြီးရုံးခန်းသို့ မကြာခဏ ရောက်သဖြင့် တစ်ကျောင်းလုံးကလည်း ကိုဂျိုးဆိုလျှင် မသိသူမရှိ။ ကျောင်းမှ ပညာရည်မှတ်တမ်းတွင်လည်း အဆင့် C နှင့် D ကမတက်။ သားဖြစ်သူ ဖြစ်ချင်တိုင်းဖြစ်နေသည်ကို မိဘနှင့် ညီအစ်ကိုမောင်နှစ်မများက စိတ်မချမ်းသာကြသော်လည်း ချစ်လွန်းသဖြင့် အရိပ်တကြည့် ကြည့် အလိုလိုက်ထားကြသည်။ တစ်နေ့တွင် ဘုရားကျောင်းမှပြန်လာသည့် မိဘများကို ဆရာမတစ်ဦးကနှုတ်ဆက်လိုက်ပြီး "သားက သိပ်တော်တာပဲ၊ မယုံနိုင်လောက်အောင်ပဲ" ဟုပြောလိုက်လေသည်။ မိဘများက လူမှားနေပြီထင်သဖြင့် သေသေချာချာမေးကြည့်မှ ကိုဂျိုး၏ အတန်းပိုင်ဆရာမဖြစ်နေကြောင်း သိလိုက် ရသည်။ နောက်တစ်နေ့တွင် အိမ်သို့ ပညာရည်မှတ်တမ်းရောက်လာသည်။ ကိုဂျိုးပညာရည်မှတ်တမ်းတွင် အဆင့် A ရသည့် ဘာသာလေးခု၊ အဆင့် B ရသည့်ဘာသာက သုံးခုဖြစ်နေကြောင်း တွေ့လိုက်ရသည်။ မိဘများက မယုံကြည်နိုင်သဖြင့် ကျောင်းသို့လိုက်သွားကာ ကျောင်းအုပ်ဆရာကြီးနှင့်တွေ့ဆုံပြီး အကျိုး အကြောင်း မေးမြန်းစုံစမ်းရသည်။ ကျောင်းအုပ်ကြီးက "ဟုတ်တယ်ဗျ၊ သူပြောင်းလဲသွားပြီ။ သူ့ကိုပြင်လိုက်တဲ့သူကတော့ ကျွန်တော့်သမီးပဲ။ သူက မသန်စွမ်းသူတွေ ကျောင်းမှာ စာသင်ပေးနေရတဲ့ ဆရာမလေ။ ခု ကျောင်းပိတ်တုန်းပြန်လာရင်းက မောင်ဂျိုးကိုတွေ့တော့ သူပြုပြင်ပေးမယ်ဆိုပြီး၊ လမ်းကြောင်းတည့်ပေးလိုက်တာ" ဟုပြောလိုက်သည်။ ထို့နောက် ကျောင်းအုပ် ဆရာကြီးက ပြောပြောဆိုဆိုနှင့် "သမီးရေ" ဟုလှမ်းခေါ်လိုက်ပြီး ကိစ္စရှိသဖြင့် တောင်းပန်ပြီး အပြင်သို့ ထွက်သွားသည်။ ကျောင်းရုံးခန်းအတွင်းသို့ ဆရာမလေးက ခေါင်းကလေးငုံ့ကာ ဝင်လာသည်။ ဆရာမလေးသည် ကိုဂျိုးမိဘများ ရှေ့တွင် သိမ်မွေ့စွာထိုင်ရင်း စာရွက်တစ်ရွက်ယူကာ စာတစ်ကြောင်းချရေးလိုက်သည်။ "ကျွန်မနာမည် မနှင်းဆီပါ။ စကားမပြောနိုင်ပါ။ သိလိုသည်များကို စာရေးပြောခွင့်ပြုပါ" ဟူ၍ဖြစ်သည်။ ဖခင်ဖြစ်သူက မိခင်ဘက်သို့လှည့်ပြီး "ဆရာမလေးက စကားမပြောတတ်ဖူးပဲ" ဟုပြောလိုက်သည်။ အနီးတွင်ထိုင်နေသော ကိုဂျိုးက "ဆရာမလေးက မပြောတတ်ပေမယ့် နားထောင်ပေးတတ်တယ်ဖေဖေ။ သူ ကျွန်တော်ပြောတာမှန်သမျှ တစ်လုံးမကျန် နားထောင်ပေးတယ်။ ဖေဖေနဲ့ မေမေတို့လည်း ဆရာမလေးလို သားပြောသမျှ နားထောင် ပေးရင် သိပ်ကောင်းမှာပဲ" ဟုပြောလိုက်လေသည်။
 ၂၈.၄.၂၁၀၅
http://www.maukkha.org/index.php/book-store/essay-maukkha/7500-2015-04-29-02-13-21

တရုတ် ရုပ်မြင်သံကြား ရှိုးအစီစဉ်တွင် ဂျီချောင် ပါဝင်သရုပ်ဆောင်သွားမည်



ကေပေါ့ဟာရယ် (ဆိုးလ်)။ ။ တောင်ကိုရီးယား မင်းသား ဂျီချောင်သည် တရုတ် ရုပ်မြင်သံကြားကွန်ရက် ဟူနန်က ထုတ်လွှင့်နေသော တရုတ် ရုပ်မြင်သံကြား ရှိုးအစီစဉ်တွင် အထူးဧည့်သည့် သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ် မီဒီယာတစ်ခုက ဧပြီ ၂၇ ရက်တွင် ပြောကြားထာသည်။ ဂျီသည် တရုတ်နိုင်ငံ Changsha မြို့တွင် ဧပြီ၂၈ရက်တွင် ရှိုးအစီစဉ်အတွက် ရိုက်ကူးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အသက် ၂၇ နှစ်အရွယ်ရှိ ဂျီသည် Healer ဒရမ်မာဇာတ်ကား နောက်ဆုံးပိုင်းတွင် ပါဝင်သရုပ်ဆောင်ရန် တရုတ်နိုင်ငံသို့ ဧပြီ ၂၆ ရက်က ထွက်ခွာခဲ့ကြောင်းနှင့် ယင်းနောက်တွင် အစီစဉ်တွင် စတင်သရုပ်ဆောင်သွားမည်ဟု မျှော်မှန်းထားသည်။ ဟူနန် ရုပ်မြင်သံကြားအစီစဉ်မှ ထုတ်လွှင့်နေသာ Happy Camp ရှိုးအစီစဉ်သည် လူကြိုက်များသော အစီစဉ် တစ်ခုဖြစ်ပြီး ၁၉၉၇ ခုနှစ် ဇူလိုင်လက စတင်ထုတ်လွှင့် ပြသခဲ့ခြင်းဖြစ်ကာ လူကြိုက်များမှုများကြောင့် ယင်းအစီစဉ်ကို ဆက်လက်ထုတ်လွှင့်လျက်ရှိသည်။ အဆိုပါရှိုးအစီစဉ်ကို လီဂျောင်ဂီ၊ ရိန်း၊လီမင်ဟိုနှင့် Psy ကဲ့သို့သော တောင်ကိုရီးယား အနုပညာရှင်များက အစီစဉ်မှူးအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

 mizzima

ခရိုနီများ၏ အနာဂတ်



 အမေရိကန်အစိုးရရဲ့ မြန်မာပြည်အပေါ်ထားတဲ့ ပေါ်လစီဟာ ၂၀၁၅ မှာကျင်းပမယ့် ရွေးကောက်ပွဲရဲ့ ရလဒ် ပေါ် မှာ အများကြီး မူတည်နေပြီ ဖြစ်ပါ တယ်။ ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမလဲ၊ အားလုံးပါဝင် ယှဉ် ပြိုင် အရွေးခံနိုင်တဲ့ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲလား၊ ဘယ်လောက်အထိ သမာသမတ် ကျမှာလဲ၊ ဒါတွေကို စောင့်ကြည့် အမှတ်ပေးမှာဖြစ်ပြီး မြန်မာပြည်ပေါ် ကျန်ရှိနေသေးတဲ့ အရေးယူပိတ်ဆို့ မှုတွေကိုဆက်ပြီး ဖြေလျှော့ ပေးသွားမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ဝါရှင်တန်က ငြိမ်ပြီးစောင့်ကြည့်နေ တဲ့ အနေအထားဟာ အစိုးရအပေါ် ဖိအားတွေ ထပ်ပြီး ပေးစေ ချင်တဲ့ အတိုက်အခံတွေအတွက်တော့ အားမလို၊ အားမရ ဖြစ်နိုင်စရာ ရှိပါတယ်။ ထူးခြားမှု တခုကတော့ ဆန်ရှင် စာရင်းထဲမှာပါတဲ့ (အထူးကန့် သတ်ထားတဲ့ Special Desig- nated Nationals List –SDN လို့လည်း ခေါ်ပါတယ်) မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) ဥက္ကဋ္ဌ ဦးဝင်း အောင် (ဒဂုံဝင်းအောင်လို့ လူသိများပါတယ်) ကို ဆန်ရှင် စာရင်းထဲက ပယ်ထုတ်လိုက်ခြင်းပဲ ဖြစ်ပါ တယ်။ ဒီလိုခြေလှမ်း လှမ်းလိုက်တာဟာ အမေရိကန် ကုမ္ပဏီတွေအတွက် လမ်းဖွင့်ပေးလိုက်တာဖြစ်ပြီး ရွေးကောက်ပွဲ အလွန်ကာလကို အမေရိကန်က မျက်စပစ်နေတယ်ဆိုတာကို အချက်ပြလိုက်တာပဲ ဖြစ်ပါတယ်။ UMFCCI ဦးဝင်းအောင်ဟာ ခရိုနီလို့ မြန်မာ တွေခေါ်ကြတဲ့ သူတွေထဲမှာ တဦးအပါအဝင်ဖြစ်ပြီး သူ့လိုပဲ ဆန်ရှင် စာရင်းထဲမှာ ရှိနေသေးတဲ့ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်တွေ အများအပြား ရှိနေသေး တာဖြစ်ပါတယ်။ အဲဒီသူ တွေထဲမှာ ဦးတေဇ၊ ဦးထွန်း မြင့်နိုင် (စတီဗင်လောလို့လည်း သိကြပါတယ်။ ဘိန်းဘုရင်ဟောင်း လော်စစ်ဟန် ရဲ့ သားတဦးပါ) နဲ့ ဦးဇော်ဇော်တို့လည်း ပါဝင်ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Political Opening လို့ခေါ် တဲ့ တံခါးဖွင့်ခဲ့ပြီးနောက် ခရိုနီတွေဟာအမေရိကန် ရဲ့ စီးပွားရေး ပိတ်ဆို့မှု စာရင်းထဲကနေထွက်ဖို့အမျိုး မျိုးအဖုံဖုံ ကြိုးစားကြတာ တွေ့ရပါမယ်။ သူတို့လုပ်ပြတာကတော့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီရဲ့ ရန်ပုံငွေ တွေ မှာ ငွေကြေးထည့်ဝင် လှူဒါန်းတာတွေ၊ လူမှုရေးလုပ်ငန်းတွေမှာ သူတို့ထောင်ထားတဲ့ ဖောင်ဒေးရှင်း တွေ က နေ ကူညီတာတွေကို အကြီး အကျယ်လုပ်ပြခဲ့တာ တွေ့ရပါတယ်။ အမေရိကန်ဘက်က ပြော တာကတော့ ဒီခရိုနီလုပ်ငန်း ရှင်ကြီးတွေကိုအခု ပြောင်းလဲနေတဲ့ မြန်မာ့နိုင်ငံရေးနဲ့ Political Reform မှာ အကောင်းဘက် က အင်အားနဲ့ ပါဝင်နေတတ်တယ် ဆိုတာကို ပြဖို့ လိုသလို ပြဿနာ တွေရဲ့အဖြေတခု ဆိုတာကို ရဲရဲဝံ့ဝံ့ လုပ်ပြဖို့လို တယ်လို့ ခရိုနီတွေကို ပြောခဲ့ခြင်း ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ အမေရိကန်ရဲ့ အဆင့်မြင့် အရာရှိတွေဟာ ခရိုနီတွေနဲ့ တွေ့ဆုံမှု တွေ ရှိခဲ့ ပါတယ်။ (အမေရိကန် လက် ထောက် နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင် နော့စကီး ဆိုရင် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးဝင်းအောင် စတဲ့သူ တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။) ဒီလိုတွေ့ဆုံမှုတွေမှာ တချို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ခရိုနီကြီးတွေကို အမေရိကန် ကိုယ် စားလှယ်တွေက “ခင်ဗျားတို့ရဲ့ မြေသိမ်းယာသိမ်းတဲ့ ကိစ္စတွေ၊ လက်နက်မှောင်ခို လုပ်တာတွေ၊ ဘိန်း မှောင်ခိုလုပ်ထားတဲ့ ကိစ္စတွေ ကို သိပါတယ်။ ဒါတွေ ကို အခုရော ကင်းပြီလား” ဆိုတာကို တဲ့တိုးမေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နဲ့ မြန်မာ့တပ်မတော်အကြား ဆက်စပ်ပတ်သက်နေတဲ့ လက်နက်ရောင်းဝယ်ရေး ပွဲစား လုပ်ငန်းတွေကို ရပ်တန့်ဖို့ သတိပေးခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါတွေကို ဆက်လုပ်မယ် ဆိုရင်တော့ ဆန်ရှင် စာရင်းက ထွက်မှာမဟုတ်ဘူးလို့ အမေရိကန် ဘက်က အတိအလင်း ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် နာမည်ကောင်း ထွက်နေတဲ့ ခရိုနီ တချို့ကိုတော့ သူတို့ရဲ့ ခေတ်အဆက်ဆက် လုပ် ဆောင်နေတဲ့ လူမှုရေးလုပ်ငန်းတွေ၊ ပြုပြင်ပြောင်း လဲရေးမှာ ဒီမိုကရေစီ အင်အားစုဘက်ကို ကူညီနေ တာတွေ၊ မြေသိမ်း ယာ သိမ်း လုပ်ခဲ့ရင်လည်း ပြန်ပြီး အလျော်ပေးခဲ့တာတွေစတဲ့ အမှတ်ရနိုင်တဲ့ အချက် တွေကို ဆက်လုပ်ဖို့ အားပေး ခဲ့သလို၊ ဟန်ပြမလုပ်ဖို့လည်း ပြောဆိုခဲ့ တာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆန်ရှင် စာရင်းထဲကထွက်ဖို့ဆို တာ နေ့ချင်းညချင်း လုပ်လို့ရတဲ့ ကိစ္စ မဟုတ်သလို အမေရိကန် ဘက်ကလည်း ဒီစာရင်း က ပယ်ဖျက်ပေး ဖို့ကို အဆင့်ဆင့်စဉ်း စားရတာဖြစ်ပါတယ်။ ဒါကြောင့် ခရိုနီ တချို့ကို အမေရိကန်ဘက် ကပေးတဲ့ အကြံကတော့ သူတို့ရဲ့ ငွေစာရင်းတွေကို၊ ပိုင်ဆိုင်မှုတွေ ကို လွတ်လပ်တဲ့ Audit လုပ်ခိုင်းခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဦးဝင်းအောင်၊ ဦးဇော်ဇော်တို့ဆိုရင် Audit လုပ်ပြီး ပြီလို့ ယူဆလို့ ရပါတယ်။ ဒါ့အပြင် ဒီစာရင်းကထွက်ဖို့အတွက် Law Firm ၊ PR Firmကိုငှားရပါသေးတယ်။ အဲဒီအထဲမှာ မကြာခင်က တည်ထောင်ခဲ့တဲ့ အမေရိကန်အဖွဲ့ အစည်းတခုကတော့ ခရိုနီတွေကို စာရင်းကပယ်ဖျက် ဖို့အတွက် ကြိုးစား ပေးနေတာ ရှိပါတယ်။ အဲ့ဒါ ကတော့ Inle Advisory Group ဆိုတာပဲ ဖြစ်ပါတယ်။ တည်ထောင်ခဲ့သူကတော့ Erin Murphy ဖြစ်ပြီး သူဟာ အမေရိကန် နိုင်ငံရေး ဝန်ကြီးဌာနမှာ ထမ်းဆောင်ခဲ့ဖူးပြီး မြန်မာအတွက် အထူး ကိုယ်စား လှယ်တာဝန်ကို ထမ်းဆောင်ခဲ့ဖူးတဲ့ Derek Mitchell (ယခု အမေရိကန်သံအမတ်) ရဲ့ အထူးအရာရှိ (Special Assistant) တာဝန်ကို ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ ခရိုနီတွေက ဆန်ရှင်စာရင်းက ထွက်ဖို့အတွက် PR Firm တွေ၊ Law Firmတွေကို ငွေကြေး အမြောက် အမြားပေးပြီး ဒီစာရင်းကထွက်ဖို့ ကြိုးစား နေတာကတော့ အသေအချာပါပဲ။ ဒီစာရင်း ကထွက် ဖို့ တစ်ပြေးနေတဲ့ သူတွေထဲမှာ ဦးဝင်းအောင်ပါခဲ့ သလို ဦးဇော်ဇော်လည်း ပါဝင်တာဖြစ်ပါတယ်။ ဒီစာရင်းထဲကနေ နောက်ဆုံးမှထွက်မယ်ဆိုပြီး အားလုံးက ခန့်မှန်းနေကြတဲ့အထဲမှာတော့ ဦးတေဇ နဲ့ ဦးထွန်းမြင့်နိုင်တို့ပဲ ဖြစ်ပါတယ်။ Audit ဝင်ပြီးလို့ Clear ဖြစ်သော်လည်း၊ “သန့်ရှင်း” သော်လည်းပဲ အချို့ ခရိုနီတွေကတော့ ဒီစာရင်းက ထွက်ဖို့မလွယ်ပါဘူး။ တသက်လုံး ကျွတ်ဖို့မလွယ်သလိုမျိုး ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဝါရှင်တန် ဘက်ကလုပ်ရမယ့် အချို့ဆုံးဖြတ် ချက် တွေဟာ Political decision ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ ဒီခရိုနီ တွေကိုတော့ သနားပါတယ်၊ ကူညီ စောင်မလိုက်ရအောင် ဆိုပြီး စာရင်းက အလွယ်တကူ ဖျက်ပေးလို့ရတာ မဟုတ်ပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲကို အနီးကပ်စောင့် ကြည့်နေပြီး အလွန်ကာလမှာ စီးပွားရေးကို အင်တိုက် အားတိုက် လုပ်ဖို့ စဉ်းစားနေတဲ့ အမေရိကန် ကုမ္ပဏီ တွေဟာ ရွေးကောက်ပွဲ ရလဒ်ကောင်းခဲ့ရင် အလုံး အရင်းနဲ့ လာနိုင် မှာဖြစ်ပေမယ့် အခုအချိန်မှာတော့ စိတ်ဝင်တစားနဲ့ ၂၀၁၅ နဲ့ ၂၀၁၆ မှာ ဖြစ်ပေါ်လာ မယ့် အခင်းအကျင်းကို စောင့်ကြည့်နေရင်းနဲ့ UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်ကို စာရင်းက ထုတ်ပယ်ပြီး ခြေလှမ်းပြင်လိုက်ပြီ ဖြစ်တယ် လို့ ခန့်မှန်းလို့ရပါတယ်။

http://burma.irrawaddy.org/opinion/viewpoint/2015/04/29/74292.html

ငယ်ငယ်တုန်းက Stylist တစ်ယောက်ဖြစ်ချင်ခဲ့ဖူးတဲ့ နန်းဆုဦးက အောင်ရဲလင်းနဲ့ ဇာတ်ကားတွေ ရိုက်ကူးဖို့ မရှိသေးကြောင်း ဖွင့်ဟ



Waiting For You ဆိုတဲ့ ကားလေးကို ရဲရင့်အောင်နဲ့တွဲဖက် သရုပ်ဆောင်နေတဲ့ နန်းဆုဦးက လက်ရှိရိုက်ကူးနေတဲ့ ကားပြီးတာနဲ့ ပြင်ဦးလွင်တက်ပြီး နေမင်းနဲ့အတူ တစ်လကြာဇာတ်ကားရိုက်ကူးမှုတွေ ရှိမယ်လို့ ဆိုလာပါတယ်။ "ခုလက်ရှိက ကိုရဲရင့်အောင် Waiting For You ဆိုတဲ့ ကားလေးကို ရိုက်နေပါတယ်။ ဒီကားလေးထဲမှာ ညီမက ခပ်သွက်သွက်၊ ခပ်စွာစွာ ပုံစံလေး ပေါ့။ အကုန်လုံးက ဆေးကျောင်းသားတွေကြီးပါပဲ။ ဆေးကျောင်းသူ တစ်ယောက်ဆိုတော့ ညီမ ဆေးကျောင်းအခန်းဆို ထမီဝတ်တယ်။ မြန်မာဝတ်စုံတွေ ၀တ်တယ်။ တခြား ဖန်စီအခန်းလေးတွေဆို ဘောင်းဘီလေးတွေ တီရှပ်လေးတွေပဲ ၀တ်ဖြစ်တယ်။ နန်းဆု ကိုယ်တိုင်က မြန်မာဝတ်စုံကို ၀တ်ရတာ သိပ်မကြိုက်ဘူး။ ပေါ့ပေါ့ပါးပါးနဲ့လွတ်လွတ်လပ်လပ်ရှိတဲ့ ဒီဇိုင်းမျိုးလေးတွေ ၀တ်ဖြစ်တယ်။"လို့ သူမက ပြောပြသွားပါတယ်။
ဒါ့အပြင် ငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့အရာတွေထဲက တစ်ခုကိုလည်း သူမက "နန်းဆုဖက်ရှင်ကို အရမ်းစိတ်ဝင်စားတယ်။ အဲ့ဒါကြောင့်လေ့လာဖြစ်တယ်။ ရှာဝယ်တာမဟုတ်ဘူး။ တွေ့လို့ကြိုက်ရင်အကုန်ဝယ်တယ်။ လိုအပ်တဲ့နေရာမှာ လိုအပ်သလိုဝတ်တယ်။ နန်းဆုကိုယ်တိုင်လဲ ဖက်ရှင်ကို အရမ်းစိတ်ဝင်စားတယ်လေ။ ငယ်ငယ်တုန်းက နန်းဆုဖြစ်ချင်ခဲ့တာက Stylist တစ်ယောက် ဖြစ်ချင်ဖူးတယ်။ ဘာလို့လဲဆိုတော့ ငယ်ငယ်ကတည်းက ဒီဇိုင်းတွေဘာတွေ ကိုယ့်ဟာကိုယ် ဆွဲတယ်။ ဆက်မလုပ်ဖြစ်တော့တာက နန်းဆု ဆက်လုပ်မယ်ဆိုရင် တစ်ယောက်တည်း အမေရိကားမှာ ကျောင်းသွားတက်ရမယ်။ မတက်ဖြစ်ခဲ့ဘူး။ မေမေကလဲ မလွှတ်ချင်တာနဲ့ဒီမှာပဲ မင်းသမီးလုပ်ဖြစ်ခဲ့တာပါ"တဲ့။
သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့သရုပ်ဆောင်ပညာ ပိုမိုတိုးတက်လာအောင် လေ့လာသင့်တာတွေ၊ ကြည့်သင့်တာတွေ ရှိနေပါတယ်။ နန်းဆုဦး ကိုယ်တိုင်းကလည်း မြန်မာဇာတ်ကားတွေနဲ့ ပတ်သက်ပြီး လေ့လာမှုတွေရှိနေ ပါတယ်။ သူလက်ရှိ သဘောကျနေတဲ့ ဇာတ်ကားအကြောင်းကို "ခုလက်ရှိမှာ ညီမ အကြိုက်ဆုံးက ချစ်ဦးမေဆိုတဲ့ ကားလေး။ ဒါရိုက်တာက ဦးဝင်းထွန်းထွန်း ၊ ကိုနေမင်းနဲ့မချစ်သုဝေပေါ့။ မချစ်သုဝေ သရုပ်ဆောင်တာ ညီမ အရမ်းကြိုက်တယ်။ အရမ်းသဘာဝ ဆန်တယ်။ အဲ့ဒီကားမှာ သူတို့၂ ယောက်လုံး သရုပ်ဆောင်တာ အရမ်းကောင်းတယ်။ ညီမဆိုကြည့်ပြီး ငိုတောင်ငိုမိတယ်" လို့ သူမက ပြောပြသွားပါတယ်။
မင်းသမီးတစ်ယောက်ရဲ့ထားဖြစ်တဲ့ စိတ်နဲ့ပတ်သက်ပြီး သူမက "သူတစ်ပါးကို ချေရမှ၊ ချေနေမှ မင်းသမီးတစ်ယောက်ရဲ့စိတ်ဆိုတာ အဓိပ္ပါယ်မရှိဘူး။ မဆိုင်မှ မဆိုင်တာ။ နန်းဆုကတော့ အဲ့ဒီလိုမျိုး စိတ်မရှိပါဘူး။ အစကတည်းက ကိုယ်တိုင်ကိုက အနေအေးတယ်။ ကိုယ်တိုင်က အဲ့လိုစိတ်မရှိတော့ သေချာတော့ မပြောပြတတ်ပါဘူး"တဲ့။
နန်းဆုဦးဟာ သူမရဲ့ လက်ခံထားတဲ့ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး အောင်ရဲလင်းနဲ့တော့ ရိုက်ဖို့မရှိသေးကြောင်း ပြောပြသွားခဲ့ပါတယ်။

http://www.trend.com.mm/2015/04/29/yollywood-6469

ထိုင်းမိဖုရား ကရင်သူလေး မုယယ်ဖဲ


ဒီအဖြစ်အပျက်က ထိုင်းနိုင်ငံတော်ဝင်ဘုရင်ရဲ့ (၅)ဆက်မြောက် ဘုရင်လက်ထက် မှာပါ။ ခုနှစ်အားဖြင့် 1870-1910 (ဒီအကြောင်းအရာဟာ ဒဏ္ဍာရီပုံပြင်မဟုတ်တဲ့ တကယ့်အဖြစ်အပျက် သမိုင်းရာဇ၀င်ပါ။ ဒီကနေ့ ထိ မုယယ်ဖဲ သက်ရှိထင်ရှားရှိစဉ်တုန်းက သူမယက်ကန်းယက်တဲ့ အသုံး အဆောင်ပစ္စည်းတွေ သူ့ မရဲ့ ဆွေစဉ်မျိုးဆက်တွေက သိမ်းဆည်းထားတာရှိသေးတယ်)။ မုယယ်ဖဲဆိုတဲ့ သူက ကရင်အမျိုးသမီး
 တောသူမတဦးပါ။ နေရပ်ကတော့ ယခုအခေါ်အရ ကရင်ပြည်နယ် ဖါပွန်ဒေသက ဖြစ်ပါတယ်။ ရုပ်ရည်ချောမောလှပပြီး မိန်းမကောင်း၊ မိန်းမမြတ်တို့ ရဲ့ ကြန်အင်လက္ခဏာနဲ့ ပြည်စုံတဲ့ အလှဘုရင်မလေးတဦးဖြစ်ပါတယ်။ ထိုင်း(ယိုးဒယား)ဘုရင်ရဲ့  (၅)ဆက်မြောက်ဘုရင်လက်ထက်မှာ… ဘုရင့်အနားမှာ ခစားတဲ့ ပုရောဟိတ်ပုနားတွေရဲ့ တွက်ချက်ဟောကိန်းအရ ထိုင်းနိုင်ငံရေရှည်တည်တံ့ခိုင်မြဲအောင်၊ မိန်းမကောင်း မိန်းမမြတ်တဦးဦးရဲ့ သွေးနဲ့  ယိုးဒယားဘုရင်ပိုင်မြေတွေကို ယာဇ်ပူဇော်ရမယ်။ ၄င်းမိန်းမမြတ်ကို ဘယ်အရပ်ဒေသက သွားရှာရင်ရနိုင်တယ်ဆိုတာလည်း တွက်ချက်ထားပါတယ်။ ယခင့်ယခင်က ယိုးဒယားဟာ ကိုလိုနီနယ်ချဲ့ တွေရဲ့ ကျူးကျော်ရန်စမှု၊ ဗမာမင်းတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေကြောင့် တိုင်းပြည်ဟာ ကြာရှည်မခိုင်ဘဲ မကြာခဏဆိုသလို ပျက်ဆီးလိုက် မြို့ ရွာတွေအသစ်ပြန်လည် တည်ဆောက်လိုက်နဲ့ သံသရာလည်နေပါတယ်။ ၅ ဆက်မြောက်ထိုင်းဘုရင်ဟာ ၄င်းရဲ့ ပုရောဟိတ်ပုနားတွေရဲ့ ဟောပြောချက်အရ မုယယ်ဖဲကို မရမကသွားရှာယူဖို့  အမိန့် တော်ထုတ်ညွှန်ကြားလိုက်ပါတယ်။ နောက်ဆုံးတော့ ဘုရင်မင်းမှုထမ်းတွေ ကလိမ်ကကျစ်ညစ်ပတ်နည်းလမ်း ပေါင်းစုံသုံးပြီး ဘုရင်ရှေ့ မှောက်ထံအရောက် မုယယ်ဖဲကို ခေါ်လာခဲ့ပါတယ်။ မုယယ်ဖဲဟာ ဘုရင်ရှေ့ မှောက်ထံမရောက်ခင် လမ်းခုလတ်မှာ မင်းမှုထမ်းစစ်သူကြီးတဦးရဲ့  မတရား သားမယားပြုကျင့်ခြင်းကို ခံခဲ့ရပါသေးတယ်။ မုယယ်ဖဲဟာ မိန်းမကောင်းမိန်းမမြတ်တို့ ရဲ့ ရုပ်ဆင်းအင်္ဂါနဲ့ ပြည့်စုံတဲ့ အလှဘုရင်မလေးတဦးဖြစ်တဲ့ အလျှောက်၊ ထိုင်းဘုရင်ဟာ မုယယ်ဖဲကို တွေ့ မြင်ရတဲ့အချိန်မှာ ယခင်သူမအား သွားရှာခေါ်ခိုင်းတုန်းက မိမိနိုင်ငံတော်ကောင်းစားဖို့ သူမရဲ့ သွေးနဲ့ ယာဇ်ပူဇော်ရန်အတွက်ဆိုတဲ့ ရည်ရွယ်ချက်ဟာ ချက်ချင်း ပျောက်ပျက်သွားပါတယ်။ ထိုင်းဘုရင်ဟာ မုယယ်ဖဲဆိုတဲ့ ကရင်အလှဘုရင်မလေးရဲ့ ညို့ အားကြောင့် မြင်မြင်ချင်း ချစ်စိတ်ဝင် သံယောဇဉ်တွယ်ပြီး မိဖုရားအဖြစ် ချီးမြှင့်မြှောက်စားလိုက်ပါတယ်။ မုယယ်ဖဲဟာ ယခင်သူမရဲ့ ရပ်ရွာမှာနေတုန်းက ချစ်သူရည်းစားတဦးရှိခဲ့ပါတယ်။ ထိုင်းဘုရင်မင်းမှု ထမ်းတွေရဲ့ ကောက်ကျစ်မာမှု၊ အာဏာသုံးမှုကြောင့် မိမိရဲ့ ချစ်သူရည်းစားနဲ့ ခွဲခွါစွန့် လွှတ်ခဲ့ကြရတယ်။ ထိုင်းဘုရင်ထံခေါ်လာခြင်းခံရပြီး လမ်းခုလတ်မှာလည်း မတရားသားမယားပြုကျင့်ခံရတယ်၊ အခုတော့ ထိုင်းဘုရင်မင်းမြတ်ကနေပြီး မိဖုရားမြှောက်စားခံခဲ့ရပေမဲ့ မတတ်သာလို့ သာ မိဖုရားဖြစ်ခဲ့ရတာပါ။ သူတပါးလက်ခုတ်ထဲကရေ ဖြစ်နေတဲ့အနေအထားဖို့  ဘ၀ရဲ့ ခါးသီးမှုဝေဒနာကို ကြိတ်ပြီးခံခဲ့တယ်။ သူမရဲ့ ရင်ထဲမှာတော့ နာကျင်မှုတွေနဲ့ ပြည့်နက်နေတယ်။ အနေအထားတခုအရ ဘုရင်မိဖုရားတဦးဖြစ်ပေမဲ့ ဒီလိုမျိုးကောက်ကျစ်ယုတ်မာတဲ့ထိုင်းလူမျိုးတွေနဲ့  ပါတ်သက်ပြီး မိမိမှာ လူသားမျိုးဆက် မမွေးထုတ်ပေးနိုင်ပါ။ဒါကြောင့်“ဤကဲ့ သို့ ကောက်ကျစ်ယုတ်မာသော ထိုင်းဘုရင်နှင့်ပါတ်သက်ပြီး ကျမရင်သွေးငယ်တဦးဦးမွေးလာပါက မွေးလာသော ရင်သွေးငယ်သည် ဖခင်ဖြစ်သူ ထိုင်းဘုရင်မင်းမြတ်၏ ၀မ်းသာခြင်းအလျဉ်းလုံးဝ မဖြစ်စေရပါလို၏“ လို့ အဓိဌာန်ပြုဆုတောင်းထားပါတယ်။ မကြာခင်မှာဘဲ မုယယ်ဖဲဟာ ကိုယ်ဝန်လေးရလာပါတယ်။ ဘုရင်မင်းမြတ်ဟာ မုယယ်ဖဲကို အလွန်ချစ် ခင်နှစ်သက်တာမို့  ယခုလိုသူမကိုယ်ဝန်ရလာတာဟာ ဘုရင်ကြီးအလွန်ဝမ်းသာ ပီတိဖြစ်ခဲ့ပါတယ်။ မျှော် လင့်ချက်လည်းများစွာ ထားခဲ့ပါတယ်။ ဒါပေမဲ့ မုယယ်ဖဲဟာ ကိုယ်ဝန်ရက်စေ့လို့ သူမရင်သွေးငယ်မွေးဖွါးတဲ့အခါ ဘုရင်ကြီးရဲ့  မျှော်လင့်ချက်ထားသလိုဖြစ်မလာဘဲ မုယယ်ဖဲရဲ့ အဓိဌာန်ပြုဆုတောင်းထားတဲ့ အတိုင်းသာ ဖြစ်လာခဲ့ပါတယ်။ မွေးလာတဲ့ခလေးဟာ အသက်မရှင်ခဲ့ပါဘူး… ဘုရင်ကြီးဟာ မျှော်လင့် ထားသလို ဖြစ်မလာတောအရမ်းစိတ်ထိခိုက်ရပါတယ်။ မုယယ်ဖဲရဲ့  ဒုတိယမြောက်ကိုယ်ဝန်ရတော့လည်း ဘုရင်ကြီးရဲ့ ဝမ်းသာခြင်းမဖြစ်ရပြန်ပါဘူး။ ဒီတခါမှာတော့ တော်ဝင်မိသားစုအပါအ၀င် နန်းတော်သူနန်းတော်သားတွေအကြား အလွန်ပွက်လော ဆူညံလာပါတယ်။ပဒေသရာဇ်ဘုရင်တို့ ရဲ့ စနစ်အရ မိဖုရားများစွာမြှောက်စားကြတယ်။ ယခုဘုရင်ကြီး အနေနဲ့ မိဖုရားများစွာရှိတဲ့အနက် မိဖုရားငယ် မုယယ်ဖဲကို ပိုပြီးချစ်၊ ပိုပြီးအရေးပေးတော့ အခြား မိဖုရားတွေက မကျေနပ်ကြတာ အမှန်ဘဲ။အထူးသဖြင့် မိဖုရားခေါင်ကြီး၊ မိဖုရားခေါင်ကြီးက ယိုးဒယားဗမာကပြားမဖြစ်တယ်။ မုယယ်ဖဲရောက်လာကတည်းက ဒေါသပုန်ထနေတာ နေ့ ရောညရောဘဲ၊ မုယယ်ဖဲကို ဒီနန်းတော်ကနေ ထွက်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အမြဲတမ်းကြံနေတဲ့သူ။ ယခု မုယယ်ဖဲ ကိုယ်ဝန်ဆောင် တာ နှစ်ခေါက်စလုံး ကလေးမွေးပြီး မရှင်တာ သူ့ အတွက် အကွက်ကြီး၊ မဟာအခွင့်အရေးဘဲ၊၊ နန်းတော်သူ၊နန်းတော်သားတွေရော ပုရောဟိတ်တွေပါ သူမအကုန်စည်းရုံးလိုက်တယ်…“မုယယ်ဖဲ ကလေးမွေးပြီး မရှင်တာ သူမကလေးကို သူမပြန်စားတဲ့ စုန်းမဖြစ်နေတယ်။ ဒီစုန်းမဟာ နန်းတော်မှာဆက်ထားနေရင် နန်းတော်ရော တိုင်းပြည်ပါ ပူပင်သောကတွေနဲ့ ပြည့်နက်နေမယ်။ အကောင်းဆုံးက ဒီစုန်းမကို မူလခေါ်လာတဲ့ရည်ရွယ်ချက်အတိုင်း ယာဇ်ပူဇော်ရမယ်“လို့  ဘုရင်ကြီးကို အမျိုးမျိုးအဖုံဖုံ၊ ထပ်ခါတလဲ လျှောက်ထား ကုန်းချော၊ကုန်းတိုက်လုပ်ပါတယ်။ ဘုရင်ကြီးဟာ မုယယ်ဖဲကို အလွန်ချစ်ခင်ကြင်နာတဲ့အတွက်သူများပြောသမျှ ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ မိဖုရားခေါင်ကြီးရော ပုရောဟိတ်တွေပါ ပြောပါများတော့ နောက်ဆုံးတော့ ၄ှင်းတို့ ပြောဆိုတဲ့အတိုင်း ဘုရင်ကြီးအကောင်အထည်ဖေါ်ခဲ့ရပါတယ်။ မုယယ်ဖဲကိုတွင်းထဲမှာနေခိုင်းပြီး မျက်မမြင် ဆင်တကောင်အား မုယယ်ဖဲအပေါ် သစ်တုံးတွန်းချခြင်းဖြင့် ကွပ်မျက်ခဲ့ပါတယ်။ မုယယ်ဖဲဟာ သူမအသတ်ခံရမှာကို လုံးဝကြောက်ရွံ့ တုန်လှုပ်ခြင်းမရှိပါ။ မိမိဘ၀မှာ ချစ်သူ၊ မိဘဆွေမျိုး၊ လူမျိုး၊ ရပ်ရွာတွေနဲ့ အတင်းအဓမ္မ စွန့် လွတ်စွန်ခွါခြင်းခံခဲ့ရတယ်။ အတင်းအဓမ္မ သားမယားပြုကျင့်ခြင်းခံရ၊ အတင်းမိဖုရားမြှောက်စားခြင်းခံရ၊ တော်ဝင်မိသားစုအသိုင်းအ၀ိုင်းမှာလဲ မနာလိုခြင်းခံရနဲ့ သူမဘ၀ မှာ ပျော်ရွှင်တဲ့နေ့ ရက် တရက်မှမရှိ၊ ဒီလိုဘ၀မျိုးဆက်လက်အသက်ရှင်သန်နေရင်လည်း ဘာမှ အဓိပ္ပါယ်မရှိပြီး… မုယယ်ဖဲဟာ မောင်တော်ဘုရင်မင်းမြတ်ရဲ့ အမိန့် နဲ့ ယာဇ်ပူဇော်ခံရမှာကို လုံးဝမညှဉ်းညူပါ။ ဒါပေမဲ့ ကွပ်မျက်ခြင်းမခံရမှီ လင်တော်မောင်ဘုရင်မင်းမြတ်ကို ကတိက၀တ်တွေတောင်းခဲ့တယ်။ ဘုရင်မင်းမြတ်လည်း မုယယ်ဖဲကို ချစ်ခင်ကြင်နာတဲ့စိတ်၊ ဘုရင်မင်းမြတ်တို့ ရဲ့ ကျင့်ကြံရမဲ့ မင်းကျင့်တရားတွေနဲ့ အတူ ကတိက၀တ်တွေကို ကြည်ဖြူစွာနဲ့ ပေးခဲ့ပါတယ်။ “ငါ၏သွေးတော်ဖြင့် ယာဇ်ပူဇော်မည့် ဤတိုင်းပြည်သည် ဖွံ့ ဖြိုးတိုးတက်သာယာဝပြောမည်၊ တိုင်းပြည်ကြာရှည်စွာ တည်တံ့ခိုင်မြဲပြီး ဘေးရန်အပေါင်းမှကင်းဝေးမည်၊ အသင်တို့ ၏တိုင်းပြည် တည်တံ့ခိုင်မြဲဖို့ အတွက် ငါ၏အသက်၊ သွေးတွေနဲ့  စတေးရမည်ဖြစ်သောကြောင့် သင်တို့ အား ငါတောင်းဆိုလိုသည်မှာ ငါ့လူမျိုး(ကရင်)များအား ခွဲခြားဆက်ဆံခြင်း၊ အနိုင်ကျင့်စော်ကားရန်စခြင်း မပြုရ… တနေ့ နေ့  တချိန်ချိန် ငါ့လူမျိုးများ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်ပြီး သင်တို့ ၏ တိုင်းပြည်၊ ရေမြေပေါ်မှာ လာရောက်ခိုလှုံခဲ့သည်ရှိသော် သင်တို့ ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက် ကူညီရမည်…“ စတဲ့အချက်တွေအပါအ၀င် အချက်ပေါင်း(ရ)ချက်ကို မုယယ်ဖဲတောင်းဆိုခဲ့ပါတယ်။ ထိုင်းဘုရင်မင်းမြတ်ဟာ မုယယ်ဖဲတောင်းဆိုအပေါ် မိမိပေးခဲ့တဲ့ကတိက၀တ်တွေအကြောင်း အပါအ၀င် မုယယ်ဖဲကို ဘာကြောင့်ဘယ်လိုခေါ်လာရတယ် ဆိုတဲ့အကြောင်းတွေ၊ ကရင်လူမျိုးတွေကို ထိုင်းတွေက ဘယ်လိုကျေးဇူးပြန်ဆပ်မယ့်အကြောင်းတွေကို စာပေကမ္မည်းတွေ ခိုင်ခိုင်မာမာ ရေးသားထားပါတယ်။ ထိုင်းဘုရင်မင်းမြတ်ဟာ မုယယ်ဖဲ ကွပ်မျက်ခံရပြီး သိပ်မကြာလိုက်ပါ။ မုယယ်ဖဲကို လွမ်းတဲ့စိတ်နဲ့  လွမ်းနာကျပြီး နတ်ရွာစံသွားခဲ့ပါတယ်။ ထိုင်း(ယိုဒယား)ရေမြေဟာ မုယယ်ဖဲရဲ့ သွေးတွေနဲ့ ယာဇ်ပူဇော်ပြီးတာနဲ့ တမဟုတ်ချင်း ကြီးပွါးတိုးတက် လာပါတယ်။ဘုရင်ကြီးနတ်ရွာစံပြီး နောက်ကျန်ခဲ့တဲ့ ဘုရင်ရဲ့ မူးကြီးမတ်ရာ မိဖုရားတွေက ရှင်ဘုရင်ကြီး မှတ်တမ်းတင် ရေးသားခဲ့တဲ့ မုယယ်ဖဲ၊ကရင်လူမျိုးတွေနဲ့ ပါတ်သက်တဲ့အကြောင်းအရာတွေ မီးရွံ့  ဖျက်ဆီးခဲ့ကြတယ်။ ဒီအကြောင်းအရာတွေဟာ ထိုင်း(ယိုးဒယား)လူမျိုးက မုယယ်ဖဲအပေါ် ကရင် လူမျိုးတွေ အပေါ် ကောက်ကျစ်ယုတ်မာ ရက်စက်တဲ့အကြောင်းတွေဖြစ်တဲ့အတွက် နောင်လာနောက် သားများ ဒီအကြောင်းအရာကိုသိရင် အရှက်ရသိက္ခာကျစရာဖြစ်စေတာကြောင့် မီးရွံ့  ဖျက်ဆီးခြင်းဖြစ်ပါတယ်။ သို့သော်…………….. ယနေ့ လက်ရှိထိုင်းဘုရင်(၉.ဆက်မြောက်)ရဲ့ တော်ဝင်မိသားစုအသိုင်းအ၀ိုင်းမှာ မုယယ်ဖဲနဲ့ ပါတ်သက်တဲ့ အကြောင်းအရာ စုံစုံလင်လင်ရှိတယ်လို့ ဆိုပါတယ်။ ကရင်လူမျိုးတွေရှိတဲ့ ထိုင်းနိုင်ငံနေရာအနှံ့ မှာ ယနေ့ သက်ရှိထင်ရှား ထိုင်းဘုရင်နှင့်မိဖုရားက သွားရောက်တိုင်းခန်းလှည့် လည်ပြီး ကရင်လူမျိုးတွေရဲ့ လူမှုဘ၀ဖွံ့ ဖြိုးမှုအတွက် ပေးအပ်လှူဒါန်း၊ ကူညီခဲ့တာရှိပါတယ်။ ယခင် ၅.ဆက်မြောက်ဘုရင်ရဲ့ ကတိက၀တ်အတိုင်း ယနေ့ ထိုင်းတော်ဝင်မိသားစုတွေက အတတ်နိုင်ဆုံး ကရင်တွေကို ခွဲခြားဆက်ဆံမှုမရှိဘဲ ကြည့်ရှုစောင့်ရှောက်တာလား.. ဒါမှမဟုတ် ၄င်းတို့ရဲ့  ရာဇ၀င်အကြွေးတွေကြောင့်မဟုတ်ဘဲ ကိုယ်ပိုင်စေတနာတွေကြောင့် ဖေးမကူညီမှုပေးတာလားတော့ မပြောတတ်ပါ။ တဖန်.. မုယယ်ဖဲရဲ့  ပုံတူပန်းချီကားချပ်တွေဟာ ထိုင်းနိုင်ငံအနှံ့ ယနေ့ ထိ ရောင်းအားကောင်းတဲ့ ပန်းချီပုံစာရင်းထဲမှာပါနေပါတယ်။ မုယယ်ဖဲဟာ ထိုင်းလူမျိုးတွေရဲ့ အရှင်သခင်မ၊သူတို့ ကို ကြည့်ရှုစောင့်ရှောက်တဲ့ တန်ခိုးရှင်လို့ ဆိုပြီး ယုံကြည်ကိုးကွယ်နေကြပါတယ်။ ထိုင်းနိုင်ငံရဲ့  နိုင်ငံရေးစံနစ်က တော်ဝင်မိသားစုတွေဟာ စည်းမျဉ်းခံဘုရင်စံနစ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအစိုးရအပါအ၀င် ထိုင်းလူမျိုးတွေရဲ့ ပြုမူဆောင်ရွက်ချက်၊ ဆက်ဆံပုံကလည်း ကရင်လူမျိုးတွေကို ထိခိုက် နစ်နာခဲ့ပေါင်းများခဲ့ပါပြီး… ဒါကို ၅ ဆက်မြောက်ထိုင်းဘုရင်ရဲ့ ကတိက၀တ်ပြု အကြောင်းတွေကို မသိရောလေသလား၊ သိလျှက်နဲ့ မသိကျိုးကျွံပြုလေသလား။ တကယ်မသိသေးဘူးဆိုရင် ယနေ့ သက်ရှိ ထင်ရှား ၉ ဆက်မြောက် ထိုင်းဘုရင်အနေနဲ့  လူမှာ ကတိ၊ မင်းမှာသစ္စာဆိုတဲ့အတိုင်း ထိုင်းလူမျိုးတွေကို ၅ ဆက်မြောက် ထိုင်းဘုရင်ရဲ့  ကတိက၀တ်ပြုချက်တွေ အသိပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်ဖြင့်…. ထိုင်းလူမျိုးတွေအပေါ်.. ကရင်အလှဘုရင်မလေးရဲ့ မေတ္တာပို့ ထားတဲ့အတိုင်း… “သင်တို့ တိုင်းပြည်ကောင်းစားဖို့ အတွက် ငါ့အသက်၊ သွေးတော်တို့ ဖြင့် ယာဇ်ပူခံ အသက်ပေးသွားမည်။ သို့ သော် ငါနဲ့ ငါ့လူမျိုးများအပေါ် သင်တို့ ပေးခဲ့သော ကတိက၀တ်ပါအချက်များကို တသွေမတိမ်း လိုက်နာရမည်။ ကတိက၀တ်ထဲကအတိုင်း မလိုက်နာဘဲ ငါ့လူမျိုးများအား ရန်ရှာတိုက်ခိုက်ခြင်း အပါအ၀င် အခြားအချက်များ ဖေါက်ဖျက်လာပါက အသင်တို့ လူမျိုး၊ အသင်တို့ တိုင်းပြည် စောစီးလျှင်မြန်စွာ ပျက်သုန်းသွားမည်။ ငါ၏သွေးတော်ဖြင့် ယာဇ်ပူဇော်ပြီး တည်တံ့ခဲ့သော အသင်တို့ ၏တိုင်းပြည်သည် သင်တို့ လူမျိုးဘုရင်မင်းဆက်၏ (၉)ဆက်မြောက်အထိသာ တည်တံ့မည်ဖြစ်ပြီး ၄င်းနောက်ပိုင်း လုံးဝ(လုံးဝ)ဧကန်မုချ ပျက်သုန်းရမည်။ သင်တို့ လူမျိုး၊သင်တို့တိုင်းပြည်ပျက်သုန်းမည့်အကြောင်း ရင်းသည် သင်တို့ အချင်းချင်း ရန်ဖြစ်မှုကြောင့် လည်းကောင်း၊ ပြည်ပ ပရောဂကြောင့်လည်းကောင်း ၊ သဘာဝဘေးအန္တရာယ်ကပ်ဆိုးတွေကြာင့် လည်းကောင်း လုံးဝပျက်သုန်းရပါမည်“ ဆိုတဲ့ကျိန်စာဘဲဖြစ်ပါတယ်။

 မျှော်လင့်ချက်များစွာဖြင့် ကရင်မောင်နှမအားလုံး သိစေချင်သောစိတ်ဖြင့်
 စီzကညီဝါ (Karen Unity Hope Community)

ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း မှီဝဲသောက်သုံးသင့်တဲ့ ဖျော်ရည်



ကိုယ်ကာယလေ့ကျင့်ခန်း ဆောင်ရွက်ပြီးလို့ ခန္ဓာကိုယ် တစ်ခုလုံးအတွက် လိုအပ်တဲ့ ဖျော်ရည်ကို သောက်သုံးမယ်ဆိုရင် ဘယ်လို အာဟာရအပြည့်အဝ ပါရှိတဲ့ ဖျော်ရည်က သင့်တော်သလဲဆိုတာ သိပ္ပံပညာရှင်တွေက ပြောဆိုလိုက်ပါပြီ။ ဒါ့ကြောင့် အသားဓာတ် shake ဖျော်ရည် နဲ့ အားဖြည့်အချိုရည်တွေ ခေါင်းထဲထုတ်ထားလိုက်ပါ။
နို့ချောကလက်ဖျော်ရည်သည်သာ လေ့ကျင့်ခန်းလုပ်ပြီးနောက် လိုအပ်တဲ့ အရာဖြစ်ပါတယ်။
နို့မှာ ပါဝင်တဲ့ အသားဓာတ်က ကြွက်သားတွေ ပြန်လည်အားပြည့်အောင် ကူညီပေးပါတယ်။ အဆီဓာတ်ပါတဲ့ နို့ချောကလက် ဖျော်ရည်မှာ ပြန်လည်လန်းဆန်းတက်ကြွစေဖို့ အကောင်းဆုံးဖြစ်ပါတယ်။
အသားဓာတ် shakes ဖျော်ရည် လူကြိုက်များတာနဲ့ ပတ်သက်ပြီး ဒီသိပ္ပံနည်းကျမေးခွန်း ထုတ်ထားပါတယ်။ ကို်ယ်ကာယ ဗလလေ့ကျင့်သူတွေနဲ့ အားဖြည့်အချိုရည် သောက်သုံးသူတွေ အားလုံး တစ်နည်းမဟုတ် တစ်နည်းနဲ့ ထိခိုက်မှုဖြစ်စေပါတယ်။
သို့ပေမယ့် နို့ချောကလက်ဟာ အသားဓာတ် shake ဖျော်ရည်ထက် ပိုမိုကောင်းမွန်ကြောင်း Cornell University မှ သုတေသီများ ပြောဆိုချက်အရ သိရပါတယ်။
Ref:naturalhealthcareforyou
http://www.trend.com.mm/2015/04/29/lifestyle-6478

လေထီးခုန်ခြင်းကို ၀ါသနာ ပါတဲ့ နာမည်ကျော် မော်ဒယ်

ပြင်သစ်နိုင်ငံဖွား အသက်(၃၀) နှစ်အရွယ်ရှိ ဇာနော့တီဟာ ထင်ရှားတဲ့ မော်ဒယ်တစ်ဦး ဖြစ်ပါတယ်။ သူဟာ နာမည်ကြီး မဂ္ဂဇင်းတွေ ဖြစ်ကြတဲ့ ပလေးဘွိုင်းစ်၊ ဂျီကျူစတာတွေမှာ မျက်နှာဖုံးရှင် အဖြစ် အကြိမ်ကြိမ် ပါဝင်ခဲ့ဖူး ပါတယ်။ ထူးခြားတာ ကတော့ အလွန် အန္တရာယ်များတဲ့ လေထီးခုန်ခြင်းကို ၀ါသနာပါ နေခြင်း ဖြစ်ပါတယ်။ မော်ဒယ်တစ်ဦး အနေနဲ့ လေထီးခုန်တဲ့ အလုပ်ကို ပြုလုပ်ခြင်းဟာ အလွန်ရှားပါးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာနော့တီဟာ သူ့ရဲ့ ဘ၀တစ်လျှောက်မှာ လေထီးခုန်ခြင်းကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဇာနော့တီဟာ လေထီးခုန်ဖူးတဲ့ အကြိမ် အရေအတွက်ပေါင်း (၁၃၅၀) ကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဇာနော့တီဟာ ပြင်သစ် နိုင်ငံသား ဖြစ်ပေမယ့် အမေရိကန် ပြည်ထောင်စုမှာပဲ အခြေကျ နေထိုင်လေ့ရှိပါ တယ်။ ဇာနော့တီဟာ လေထီးခုန်ခြင်းကို အလွန် နှစ်သက်မိကြောင်း၊ ထိုသို့ပြုလုပ်ပါက အချို့အချိန်များတွင် ဦးနှောက် ရပ်တန့်သွား သကဲ့သို့ ခံစားမှုကို ဖြစ်ပေါ်စေကြောင်း၊ မိမိအနေဖြင့် အလုပ်အကိုင်များ အဆင်မပြေပါက မေ့ပျောက်သည့် အနေဖြင့် လေထီးခုန်မှုများကို မကြာခဏ ပြုလုပ်လေ့ ရှိကြောင်း ပြောကြားသွားခဲ့ ပါတယ်။ ဇာနော့တီဟာ စွန့်စားရတဲ့ အားကစားတွေကို စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ သူဟာ ပြင်သစ်နိုင်ငံမှာ မော်တော် ဆိုင်ကယ်စီးခြင်းကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။ သူငယ်ချင်းတွေရဲ့ တိုက်တွန်း မှုကြောင့် လေထီးခုန်ခြင်းကို စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ အသက်(၁၆)နှစ်အရွယ်မှာ မော်ဒယ် အလုပ်ကို စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အမေရိကန်ကို ရောက်ရှိ လာပြီး နောက်ပိုင်းမှာတော့ ထင်ရှားတဲ့ မော်ဒယ်တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဇာနော့တီဟာ သူ့ရဲ့ လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဒ်တွေမှာ လေထီးခုန်တဲ့ ဓာတ်ပုံတွေကို လွှင့်တင်ပြီး ပရိသတ်တွေ သိရှိအောင် ပြုလုပ်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။

 messenger

“Furious 7” ရုပ်ရှင်ဟာ box office ရဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နေ




ပြိုင်ကား နဲ့ အက်ရှင် ဇာတ်ကွက်တွေကို ရောစပ်ထားတဲ့ အတွက် လူငယ်တွေရော လူကြီးတွေပါ တစ်ခဲနက် အားပေးခဲ့ကြတဲ့ “Furious 7” ရုပ်ရှင်ဟာ box office ရဲ့ ထိပ်ဆုံးနေရာမှာပဲ လေးကြိမ်တိုင်တိုင် ဆက်လက် ရပ်တည်နေတယ်လို့ သိရပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ပရိတ်သတ်တွေရဲ့ အသည်းစွဲ မင်းသား Paul Walker မသေခင်မှာ နောက်ဆုံးရိုက်သွားတဲ့ ဇာတ်လမ်းဖြစ်တဲ့ Furious 7 ဟာ ပထမဆုံး ပွဲဦးထွက်ပြသတဲ့နေ့မှာပဲ ဒေါ်လာ ၁၈.၃ သန်းဝင်ငွေရှိခဲ့ပြီး ၂၀၁၂ ကတည်းက ၀င်ငွေအများဆုံးဖြစ်ခဲ့ဖူးတဲ့ Hunger Game ရဲ့ စံချိန်ကို ချိုးဖျက်လိုက်နိုင်ပါတယ်။

တစ်ကမ္ဘာလုံးက ၀င်ငွေတွေကို ပေါင်းစပ်ကြည့်လိုက်တဲ့ အခါမှာတော့ Furious 7 ဟာ ဒေါ်လာ ၁,၃၂၁,၅၃၆,၀၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ အခြား ၀င်ငွေ အကောင်းဆုံး ဇာတ်ကားတွေ အနေနဲ့ “Paul Blart:Mall Cop 2” ဆိုတဲ့ ဟာသ ဇာတ်လမ်းဟာ ဒေါ်လာ ၁၅.၅ သန်း ပွဲဦးထွက် ၀င်ငွေရရှိခဲ့ပြီး “The Age Of Adaline” ဇာတ်လမ်း ကတော့ ဒေါ်လာ ၁၃.၄ သန်းရရှိခဲ့ပါတယ်။

 အဆိုတော်မလေး Rihanna အသံ သရုပ်ဆောင်ထားတဲ့ “Home” ဆိုတဲ့ ကာတွန်းကား ကတော့ ဒေါ်လာ ၈.၃ သန်း ရရှိခဲ့ပြီး “Unfriended” ဆိုတဲ့ သရဲကားကတော့ ဒေါ်လာ ၆.၂ သန်း ရရှိခဲ့ပါတယ်။ ဆက်စပ် သတင်း တစ်ခုအဖြစ် Marvel ရဲ့ “The Avengers:Age of Ultron” ဇာတ်လမ်းဟာ အခြားနိုင်ငံတွေမှာ ပွဲဦး ထွက်ပြသခဲ့ရာ ဒေါ်လာ ၂၀၁.၂ သန်း ၀င်ငွေရရှိခဲ့ပြီး အမေရိကန် ပြည်ထောင်စု နဲ့ ကနေဒါနိုင်ငံက ရုပ်ရှင် ရုံတွေ မှာတော့ လာမယ့် ကြာသပတေးနေ့မှ စတင်ပြသမှာဖြစ်ပါတယ်။ 


Credit : http://www.starpulse.com/news
http://celebrity.thithtoolwin.com/2015/04/furious-7-box-office.html

ခင်ပွန်းဟောင်း ရဲ့ မကောင်းကြောင်းတွေကို သီချင်းထဲ ထည့်ဆိုခဲ့တဲ့ Mariah Carey



ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက Mariah Carey ဟာ Infinity လို့ ခေါ်တဲ့ သီချင်းသစ် တစ်ပုဒ်ကို ဖြန့်ချိခဲ့ပါတယ်။ အဲဒီ သီချင်းထဲမှာတော့ သူမရဲ့ ခင်ပွန်းဟောင်း Nick Cannon အတွက် မက်ဆေ့ဂ်ျ တွေ ပါဝင်နေတယ်လို့လည်း သိရပါတယ်။
Mariah Carey နဲ့ Nick Cannon တို့ နှစ်ယောက်ဟာ ၇ နှစ်တာ လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမယ့် မနှစ်ကပဲ ကွာရှင်းခဲ့ကြပါတယ်။ ကွာရှင်းပြီးတဲ့ အထိလည်း သူတို့  နှစ်ယောက်ဟာ လူထု တွေ့ဆုံမေးမြန်းမှုတွေမှာ အဆင်ပြေပြေ ထွက်ပေါ်လာခဲ့သေးပေမယ့် Nick တစ်ယောက် Mariah ရဲ့ သီချင်း အသစ်ထဲက စာသားတွေ ကြားပြီးတဲ့နောက်မှာတော့ အခြေအနေတွေ ပြောင်းလဲသွားနိုင်ပါတယ်။
Mariah ရဲ့ သီချင်းထဲမှာပါတဲ့ စာသားတွေရဲ့ အကြောင်းအရာကတော့ Nick Cannon ဟာ Mariah ကို သာ လက်မထပ်ခဲ့ရင် ဒီနေ့မှာ ဒီလို နာမည်ကြီးနေမှာ မဟုတ်ဘူးဆိုတဲ့ သဘောကို သက်ရောက်နေခဲ့ပါတယ်။
Nick Cannon က ထို သီချင်းအသစ်နဲ့ ပတ်သက်တာကိုတော့ ဘာမှ မပြောခဲ့ပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းကတော့ twitter မှာ သူဟာ Mariah Carey အကြောင်းကို အဆိုးတစ်ခုမှ ပြောလိမ့်မှာ မဟုတ်ပဲ သူတို့ဟာ အချစ်ကို အခြေခံထားတဲ့ ထာဝရ မိသားစု ၀င်တွေဖြစ်တယ်လို့ ရေးသား ထားပါတယ်။
ထို Infinity ဆိုတဲ့ သီချင်းအသစ်ကတော့ Mariah Carey ရဲ့ မေလ ၁၈ ရက်မှာ ထွက်ရှိမယ့် အခွေသစ်ထဲက သီချင်းပဲဖြစ်ပါတယ်။
Ref:starpulse.com
http://www.trend.com.mm/2015/04/29/news-6473