Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 31, 2015

မြို့တော်ခန်းမရှေ့ အကြမ်းဖက်မှု စုံစမ်းရေးအစီရင်ခံစာ သမ္မတထံ တင်သွင်းမည်

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့က လက်ပတ် အနီဝတ်ထားတဲ့သူတွေနဲ့ ကျောင်းသား၊ အရပ်သားတချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ်။ Photo: Thiha Tun, Kyaw Lwin Oo/RFA
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော် မရှင်ရဲ့ စစ်ဆေးတွေ့ရှိ ချက်တွေကို နိုင်ငံတော် သမ္မတထံ တင်ပြမှာဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ၀င်တွေက ပြောပါတယ်။

ပါဝင်ခဲ့သူ ၂၀ ကို စစ်ဆေးပြီး ရရှိလာတဲ့အချက် အလက်တွေနဲ့ အစီရင်ခံစာ တင်တာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေက ပြော ပါတယ်။

"အကြမ်းဖျင်းပြောရရင်တော့ ကျနော်တို့စစ်တာ ကတော့ စုစုပေါင်း လူ ၂ဝ ကျော်စစ်တာပေါ့၊ ဒီနေ့ အချောသတ်ပြီးပို့မှာ"

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ရန်ကန်မြို့တော်ခန်းမရှေ့ မှာ လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲတာမလုပ်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြသူတွေကို ရဲတပ်ဖွဲ့နဲ့ လက်ပတ်နီဝတ် အရပ်သားတွေက အကြမ်းဖက်ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းစစ်ဆေးဖို့အတွက် မတ်လ ၁၀ ရက်နေ့က ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း အပါအ၀င် ၅ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ ၅ ဦးနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၈ ဦးက စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ခေါ်ယူစစ်ဆေးမှုကို မတွေ့ဆုံဘဲ ငြင်းပယ်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

ဝှိုက်ကတ် အရေး အစိုးရ ဆောင်ရွက်နေ

ထောင်နဲ့ချီတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ ကျန်နေဆဲ
မြန်မာနိုင်ငံ လူဝင်မှုနဲ့ ပြည်သူ့ အင်အား ဝန်ကြီး ဌာနက ထုတ်ပေးထားတဲ့ ဝှိုက်ကတ် သက်တမ်းဟာ အင်္ဂါနေ့က ကုန်ဆုံး သွားခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မှာ နိုင်ငံသား ဖြစ် မဖြစ် မသေချာတဲ့ အဖြူရောင် ဝှိုက်ကတ်တွေ သက်တမ်း ကုန်ဆုံး သွားပြီ ဖြစ်တဲ့ အတွက် ဝှိုက်ကတ် ဟာ မြန်မာနိုင်ငံမှာ တရားမဝင် တော့ဘူး လို့လည်း သက်ဆိုင်ရာက ပြောပါတယ်။

ဝှိုက်ကတ် ကိုင်ဆောင်သူ အများဆုံး ဖြစ်တဲ့ ရခိုင် ပြည်နယ် မှာ သက်တမ်းကုန် ဝှိုက်ကတ် တွေကို ဧပြီလနဲ့ မေလ အတွင်း သက်ဆိုင်ရာ မြို့နယ် အလိုက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တွေဆီမှာ အပြီးအပိုင် အပ်နှံရမယ် လို့ တရားဝင် အသိပေး ကြေညာပြီး ဖြစ်တယ် လို့ ရခိုင်ပြည်နယ် လဝက ညွှန်မှူး ဦးခင်စိုး က ပြောပါတယ်။

အခုအခါ မှာတော့ မြို့နယ် အချို့မှာ ဝှိုက်ကတ်ကိုင်ဆောင်သူ အပ်နှံဖို့ စီစဉ်မှုတွေ ရှိနေပြီ ဖြစ်တယ် လို့ သူက ပြောပါတယ်။

အပ်နှံသူတွေကို သက်တမ်းကုန် ယာယီ သက်သေခံ လက်မှတ် အပ်နှံပြီးစီးကြောင်း အထောက်အထား စာရွက်ပေးမှာ ဖြစ်ပြီး ဇွန်လဆန်းက စလို့ နိုင်ငံသား လျှောက်လို့ရပြီ လို့ သိရပါတယ်။

ဝှိုက်ကပ် မရှိခဲ့သူတွေမှာလည်း တရားဝင် နေထိုင်ကြောင်း အထောက်အထား ပြနိုင်ရင် နိုင်ငံသား လျှောက်ခွင့် ရှိတယ်လို့ ဆိုပါတယ်။

ဧပြီလနဲ့ မေလအတွင်းမှာ ဝှိုက်ကတ်တွေကို အပြီးပိုင် လက်ခံသွားမှာ ဖြစ်ပြီး နိုင်ငံသားလျှောက်ထားမှုကို တော့ ဇွန်လက နေ စတင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese

ရခိုင်ကမ်းလွန်ရေနံ လုပ်ကွက်အချို့ အီတလီ စွမ်းအင်ကုမ္ပဏီရရှိ

လစ်ဗျားမှာရှိတဲ့ အီတလီ စွမ်းအင်ကုမ္ပဏီ Eni ရဲ့ ရေနံလုပ်ကွက်

မြန်မာနိုင်ငံ ရခိုင်ဒေသမှာရှိတဲ့ ကမ်းလွန်ရေနံလုပ်ကွက် MD-2 နဲ့ 4 တို့အတွက် ထုတ်လုပ်ရေး ရှယ်ယာကန်ထရိုက် PSC သဘောတူစာချုပ်ကို ဒီကနေ့ အီတလီ စွမ်းအင်ကုမ္ပဏီ Eni က လက်မှတ်ရေးထိုးလိုက်ပြီး သူတို့ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံး ထုတ်လုပ်တဲ့ကုမ္ပဏီ ဖြစ်လာတော့မယ်လို့ ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

MD-2 ဟာ ဘင်္ဂလားပင်လယ်ကွေ့တောင်ပိုင်း  ရခိုင်မြေနိမ့်ချိုင့်ဝှမ်းထဲက ရတနာရေနံမြေ အနောက်ဘက်မှာရှိပြီး စတုရန်းမိုင် ၄ ထောင် နီးပါးကျယ်သလို MD- 4 ကတော့ မုတ္တမ ချိုင့်ဝှမ်းတောင်ဘက် ရဲတံခွန်ရေနံမြေ အနောက်ဘက်မှာရှိပြီး စတုရန်းမိုင် ၂၃၀၀ လောက် ကြီးမားပါတယ်။ ဒီလုပ်ကွက်တွေမှာ ရှိနိုင်တဲ့  ရေနံပမာဏ ခန့်မှန်းချက်ကိုတော့ ကုမ္ပဏီက ထုတ်ဖော်မပြောပါဘူး။ အကျိုးအမြတ်အတွက် အီတလီကုမ္ပဏီက ရာနှုန်း ၈၀ ကို ရယူမှာလည်း ဖြစ်ပါတယ်။

အခု ပူးတွဲချုပ်ဆိုတဲ့ စာချုပ်အရ အီတလီကုမ္ပဏီကနေ အဆင့် ၃ ဆင့်ထား လုပ်ဆောင်မှာဖြစ်ပြီး မထုတ်လုပ်ခင်မှာ လေ့လာဆန်းစစ်ကာလ ၂ နှစ်နဲ့ တိုင်းထွာတွက်ချက်မှုတွေ အတွက် ၆ နှစ်ကြာ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ Eni ကုမ္ပဏီဟာ တရုတ်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးဖြစ်ပြီး အခုမြန်မာနိုင်ငံမှာ အကြီးဆုံး တူးဖော်ရေးလုပ်ငန်းအဖြစ် လာရောက်လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး  ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့တဲ့ နောက်ပိုင်း စီးပွားရေးအရ အရေးယူ ဒဏ်ခတ်ထားမှုတွေ လျှော့ချပေးခဲ့တာမို့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မတရားမှုကို နှုတ်ဆိတ်နေတဲ့ ဒီမိုကရေစီ ခေါင်းဆောင်


ဒီလိုဝေဖန်ချက်တွေရှိခဲ့တယ်။

■ လက်ပံတန်းမှာ အကြမ်းဖက်ခံရပြီး မတရားဖမ်းဆီးထောင်ချ ခံထားရတဲ့ ကျောင်းသားပြည်သူတွေ အတွက် လွှတ်တော်မှာ တရားဝင် ဆွေးနွေးမှုမျိုးတွေ ခုချိန်ထိမရှိသေးပါဘူး ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ပြောခဲ့ပါတယ် - ဒီမိုကရေစီနိုင်ငံတွေမှာ လွှတ်တော်ဟာ အုပ်ချုပ်ရေးပိုင်းကို ထိန်းကြောင်း ဖို့တာဝန်ရှိတယ် ။ ဒီမိုကရေစီ နိုင်ငံဖြစ်အောင် သွားဖို့ကြိုးစားနေတယ်ဆိုရင်တော့ လွှတ်တော် အနေနဲ့ အုပ်ချုပ်ရေးပိုင်းကို ထိန်းကြောင်းနိုင်ဖို့ ကြိုစားမှုတွေ လုပ်ကြည့်ရတော့မှာပေါ့ ။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ပံတန်း အကြမ်းဖက်မှုကိစ္စနဲ့ပက်ပြီး မေးမြန်းချက်တွေကိုလည်း ဖြေကြားရာမှာ အဖွဲ့ချုပ်က ဘယ်တုန်းကမှ အကြမ်းဖက်တာတွေကို လက်မခံဘူးဆိုပြီး သမန်ကာရှန်ကာသာ ပြောဆိုခဲ့တာတွေရှိပါတယ် ။ လက်ပံတန်း အကြမ်းဖက်မှုမှာ လူ့အခွင့်အရေးရှုထောင့်ကနေ အစိုးရကို ခုခံတာတွေ မတွေ့ရပေမဲ့ အကြမ်းဖက်တာကို မလိုလားကြောင်းပြတဲ့အတွက် ကြားနေတာမဟုတ်ဘူး လို့ နားလည်ပေးလို့ရပါတယ် ။

■ အခု ကိစ္စကတော့ မတာရားဖမ်းဆီးအကျဉ်းကျခံရပြီး ၊ မတရားတရားဆွဲဆို ခံထားရမှုတွေပါ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်အဆင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရဲ့ ဥက္ကဌ ဖြစ်တယ် ။ ကျမဟာ "တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ " ရဲ့ ဥက္ကဌပါ ဆိုပြီး ပြီးခဲ့တဲ့နှစ်တွေမှာ ကမ္ဘာပတ်ပြီး ပြောဆိုခဲ့တယ် ။ ဒီ ကော်မတီရဲ့ ဥက္ကဌ အနေနဲ့ မတရားဖမ်းဆီးခံထားရသူတွေရဲ့ အရေးကို ဘာမှ ကြိုးစားပေးတာမျိုးတွေ မတွေ့ရသေးပါဘူး။ အဲဒီ ကော်မတီက တရားရေးမဏ္ဍိုင်ကို လွတ်လပ်မှုရှိလာအောင် ဘာမှ မလုပ်ပေးနိုင်ဘူး ၊ အုပ်ချုပ်ရေးပိုင်းကို ဘာမှ ထိန်းကြောင်းလို့မရဘူး၊ ဘာအလုပ်မှမဖြစ်ဘူးဆိုရင်လဲ .. ဒီကော်မတီဟာ ဟန်ပြသက်သက်သာဖြစ်တယ် ဆိုပြီး ပြည်သူကို ရှင်းလေ ။ ကော်မတီ ဥက္ကဌ အဖြစ်ကလဲထွက်လေ ။ ကော်မတီရဲ့ အလုပ်မဖြစ်ပုံတွေကျတော့ ကမ္ဘာပက်တုန်းက ဘာလို့မပြောခဲ့လဲ ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးက အဓိက ဖြစ်တဲ့အတွက် အစိုးရနဲ့ စေ့စပ်ညှိုနှိုင်းရေးအတွက် အဓိက ကြိုးစားနေရတယ် ဆိုရင်လဲ အစကတည်းက ဒီ ကော်မတီရဲ့ ဥက္ကဌ တာဝန်ကို မယူခဲ့သင့်ပါဘူး ။ အခုတော့ လွှတ်တော်က ဟန်ပြ လုပ်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အားဖြည့်ဖြီး ပြည်သူကို ညာနေတော့တာပေါ့ ။

■ NLD ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ အချက် (၃) ချက်ထဲက ပထမဦးဆုံးအချက်ဟာ " တရားဥပဒေ စိုးမိုးရေး " ဖြစ်တယ်။ အခု လွှတ်တော်ထဲရောက်ပြီးနေချိန်မှာ ဒေါ်အောင်းဆန်းစုကြည် ဦးဆောင်တဲ့ NLD ဟာ တရားဥပဒေစိုးမိုးရေးကို ဘယ်အတိုင်းအတာအထိ ကြိုးစားလို့ရခဲ့လဲ။ လူ့အခွင့်အရေးဆိုတာ တရားဥပဒေနဲ့ အကာအကွယ်ပေးရမှာဖြစ်တယ် ။ ဒါကိုလည်း သူကိုယ်တိုင်ပြောခဲ့တာဖြစ်တယ် ။ အခု လက်ပံတန်းကိစ္စမှာ အခြေခံအကျဆုံး လူ့အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်တွေအတွက် ကျောင်းသားပြည်သူတွေ ရိုက်နှပ်ဖမ်းဆီးခံလိုက်ရတယ်၊ မတရားတဲ့ ဥပဒေ တွေနဲ့ တရားဆွဲဆိုခံထားရတယ် ။

တရားမျှတမှုမရှိတဲ့ တရားစီရင်ရေးအောက် ကျောင်းသားပြည်သူတွေ မတရားခံနေရချိန်မှာ
" တရားဥပဒေစိုးမိုးရေး " အတွက် လွှတ်တော်ထဲဝင်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှုတ်ဆိတ်စွာနဲ့ပဲ ကျနော်တို့နားမလည်နိုင်တဲ့ သူယုံကြည်ရာကို သူလုပ်နေမှာပေါ့ ။

ဘုန်းပြည့်ကြွယ်
မတ်လ ၃၁ ၊ ၂၀၁၅ ။

https://www.facebook.com/photo.php?fbid=626188354149040&set=a.176708832430330.28502.100002736421479&type=3&theater

မစုပုံချစ် တိုက်ခန်းပြန်သိမ်းခံရမှု ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့မှုနှင့် မသက်ဆိုင်ဟု ဖခင်ရှင်းလင်း


ရန်ကုန် (မဇ္ဈိမ) ။ ။မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂိုလ် ၁၀၀ စာရင်းတွင်ပါဝင်သူ မစုပုံချစ်ကို လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက နေထိုင်ရန် တိုက်ခန်းတစ်ခန်း ပေးအပ်ထားရာ အဆိုပါတိုက်ခန်းကို ပြန်လည်ပေးအပ်ရန် တောင်းဆိုမှုသည် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သူများထဲတွင် မစုပုံချစ် ပါဝင်ခြင်းကြောင့်မဟုတ်ဟု ဖခင်ဖြစ်သူ ဦးအုန်းကျော်က ပြောသည်။
su-pone-chit
ရွှေဂုံတိုင်မြို့နယ် ကလေးစောင့်ရှောက်ရေးဌာနရှိ တိုက်(ဗ) အခန်းအမှတ် ၂၀၃ ကို ပြန်လည် အပ်နှံရန် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြန်လည်အပ်နှံရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် အကြောင်းကြားခဲ့သည်။ ယင်းနောက် မစုပုံချစ်သည် ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ကျောင်းသားသပိတ် ဆန္ဒပြပွဲများတွင် ပါဝင်လာခဲ့သည်။

ထိုကဲ့သို့ အချိန်မတူသည့် အကြောင်းအရာ နှစ်ခု ဆက်စပ်ကာ ကျောင်းသားသပိတ်တွင် မစုပုံချစ် ပါဝင်ခဲ့ခြင်းကြောင့် တိုက်ခန်းပြန်လည် သိမ်းခံရသည်ဟူသည့် ထင်မြင်ချက်များကို ဖခင်ဖြစ်သူက ပြန်လည်ရှင်းလင်းခြင်းဖြစ်သည်။

ကျောင်းသားသပိတ်စစ်ကြောင်းတွင် မစုပုံချစ် ပါဝင်မှုနှင့် တိုက်ခန်းပြန်လည်အပ်နှံရမှုသည် သက်ဆိုင်မှုမရှိသော်လည်း
ဧရာဝတီစစ်ကြောင်းနှင့် မစုပုံချစ် ပူးပေါင်းပါဝင်ပြီးနောက် ဖေဖော်ဝါရီလ ၁၀ ရက်က အခန်းပြန်လည်အပ်နှံရန် ဒုတိယအကြိမ်
ထပ်မံပေးပို့ခဲ့သည်ဟု ဦးအုန်းကျော်ကဆိုသည်။

"ဒီဇင်ဘာလ လဆန်းပိုင်းကမှ လူမှုဝန်ထမ်းဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ်။ ဒီဇင်ဘာ ၆ ရက်ညထိ အဲ့ဒီတိုက်ခန်းမှာ အိပ်ပြီး ၇ ရက် မနက်ထပြီးညောင်တုန်းကို ပြန်လာတယ်။ ၈ ရက်ရောက်တော့ အခန်းပြန်အပ်ဖို့ စာထွက်လာတယ်" ဟုပြောသည်။ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက် နောက်ဆုံးထား ပြန်လည်အပ်နှံပေးရန် အကြောင်းကြားစာတွင် ပါဝင်သဖြင့် တိုက်ခန်းကို မတ်လ ၂၇ ရက်က ပြန်လည်အပ်နှံ ခဲ့သည်ဟုလည်း ဆိုသည်။

လူမှုဝန်ထမ်းဦးစီးဌာန၏ တိုးချဲ့လုပ်ငန်းများနှင့် ၀န်ထမ်းအင်အား များပြားလာမှုကြောင့် နေရာအခက်အခဲများ ရှိလာ၍
ပြန်လည်အပ်နှံ စေခဲ့ခြင်းဖြစ်သည်ဟု အကြောင်းကြားစာတွင် ပါဝင်သည်ကြောင်း ဦးအုန်းကျော်က ပြောသည်။

ဒီဇင်ဘာလ ၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနကိုယ်စား မစုပုံချစ်သည် ကျေးဇူးတင်စကား ပြောကြားခဲ့သေးသည်။ မစုပုံချစ်သည် မြန်မာနိုင်ငံကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း၏ ဗဟို အလုပ်အမှုဆောင်ဖြစ်ပြီး သြစတြေးလျနိုင်ငံမှ ပညာတော်သင်ဆုကို ရရှိခဲ့ကာ
ဆစ်ဒနီတက္ကသိုလ်မှ မူဝါဒလေ့လာရေးဆိုင်ရာ မဟာဘွဲ့ကို ရရှိခဲ့သူတစ်ဦးဖြစ်သည်။

အဆိုပါတိုက်ခန်းကို မစုပုံချစ် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ အတွင်း ယခင်အစိုးရလက်ထက်က တစ်သက်တာနေထိုင်ခွင့်ဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

mizzima

န၀တ စစ်အစိုးရ တက်ပြီးနောက် ၁၉၈၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ် တစ်ကျပ်တန် ငွေစက္ကူ များ၏ ရေစာတွင် ထည့်သွင်းကာ ပုံနှိပ်ထုတ်ဝေခဲ့


န၀တ စစ်အစိုးရ တက်ပြီးနောက် ၁၉၈၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ် တစ်ကျပ်တန် ငွေစက္ကူ များ၏ ရေစာတွင် ထည့်သွင်းကာ ပုံနှိပ်ထုတ်ဝေခဲ့http://mp4you.co.uk/assk/14Middle-Burmese-1-kyat-democracy-note.html
Posted by The Melting Pot 4 U on Tuesday, 31 March 2015

၂၀၁၅ ရွေးကောက်ပွဲမှာ ဗေလုဝနဲ့ ဦးလှဆွေ ဘယ်သူ့ကိုမဲပေးမလဲ


Tuesday, March 31, 2015
မကြာသေးခင်လောက်က လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေတယောက် ရုပ်ရှင်သရုပ်ဆောင်၊ လူရွှင်တော်တဦးဖြစ်တဲ့ ဗေလုဝကို Facebook ကနေပြီး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလို ဦးလှဆွေရဲ့ပြောဆိုမှုတွေဟာ လွှတ်တော် ကိုယ်စားလှယ်တဦးအနေနဲ့ မပြောသင့်တာကို ပြောဆိုခဲ့ခြင်းဖြစ်ပြီး၊ ထပ်မံတိုက်ခိုက်မှုတွေ ပြုလုပ်လာရင်လည်း တရားစွဲဆိုဖို့ စီစဉ်ထားတယ်လို့ ဗေလုဝက ပြောပါတယ်။
ဗေလုဝက ၂၀၁၅ ရွေးကောက်ပွဲမှာ ဦးလှဆွေနဲ့အပြိုင် ကြိုက်တဲ့မြို့နယ်မှာ ယှဉ်ပြိုင် အရွေးခံရဲတယ်လို့ ပုတီးကုန်းမြို့ ဗိုလ်ချုပ်အောင်ဆန်းရာပြည့် စာပေဟောပြောပွဲမှာ ဟောပြောဖို့ ရောက်ရှိနေတဲ့ ဗေလုဝက ပြောဆိုလိုက်ပါတယ်။
“ အဲဒီဘူးလတ်နဲ့ ပတ်သက်ရင် ဘယ်သူကဘာလဲဆိုတာ သန်းငါးဆယ်ကျော်ပြည်သူတွေသိပါတယ်။ facebook ကနေပဲ အာချောင်မနေနဲ့ လူထုရဲ့မေတ္တာနဲ့ ထောက်ခံမှုကို ယုံကြည်တယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲမှာ ကြိုက်တဲ့မြို့နယ်ကနေ စိန်ခေါ်လို့ရတယ်။ ကိုယ့်အခြေအနေကို ကိုယ်သိဖို့လိုတယ်။” လို့ သူကပြောပါတယ်။
နောက်ပြီး ဗေလုဝက သူ့အနေနဲ့ facebook သုံးစွဲမှု မရှိကြောင်း၊ သူကိုဦးလှဆွေမှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေကို အသိမိတ်ဆွေတွေက ဖုန်းဆက်ပြောဆိုမှသာ သိရခြင်းဖြစ်ပြီး၊ Facebook မှာ အပြန်အလှန် ပြောဆိုနေခြင်းဟာ သူပြောဆိုရေးသားနေခြင်းမဟုတ်ဘူးလို့ဆိုပါတယ်။
“ကျနော်က facebook မသုံးဘူး။ ပတ်ဝန်းကျင်က မခံမရပ်နိုင်တဲ့လူတွေက ဖုန်းဆက်တော့မှ ကျနော်သိတာ။ ဗေလုဝဆိုတဲ့ facebook ကနေလည်း ဘယ်လိုတုန့်ပြန်တယ်ဆိုတာ ကျနော်မသိဘူး။ ကျနော်ကို တိုက်ခိုက်လို့ ပြောနေတာမဟုတ်ဘူး၊ ကျနော်ကိုတိုက်ခိုက်မယ်ဆိုရင် ကျနော်အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်သိဖို့လိုတယ်။ လူရွှင်တော်လုပ်တာလောက်ကိုပဲ ကြည့်လို့မရဘူး။ ကျနော်မျိုးရိုးကဘာလဲဆိုတာသူသိရမှာပေါ့။” သူကဆက်ပြောပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ လွှတ်တော်ထဲမှာ လုပ်ကိုင်ရမယ့်အလုပ်များစွာရှိကြောင်းနဲ့ သာမန် လူတွေလို ပေါက်ပန်းလေးဆယ်ပြောဆိုနေဖို့မသင့်ဘူးလို့ သူကဆက်ပြောပါတယ်။
“ လွှတ်တော်မှာအလုပ်မရှိတော့ဘူးလား။ ပေါက်ပန်းလေးဆယ်လျှောက်ပြောနေတာက အလုပ်ရှိရင် သူဒီစကားတွေမပြောဘူးဗျ။ သူလူတိုင်းကို သူပြောချင်တာလျှောက်ပြောနေတယ်။ သီတဂူဆရာတော်ကြီးပြောသလိုသာ ပါးစပ်မှာ ခဲဖျက်ပါရင် သူပါးစပ်က စုတ်ပျက်နေလောက်ပြီ။” လို့ သူကဆက်ပြောပါတယ်။
လူထုရဲ့ချစ်ခင်မှုတွေ၊ ထောက်ခံမှုတွေကြောင့်သာ အနုပညာရှင်တဦးအနေနဲ့ ရပ်တည်နိုင်ခြင်းဖြစ်တဲ့အပေါ်မှာ ယုံကြည်မှု အပြည့်ရှိတဲ့ ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော်ဗေလုဝကတော့ လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ မြန်မာပြည်ရဲ့ ဘယ်မြို့နယ်ကနေမဆို ဦးလှဆွေနဲ့အပြိုင် အမတ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရဲတယ်လို့ ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။
သရုပ်ဆောင် လူရွှင်တော် ဗေလုဝ(ဓာတ်ပုံ -ကောင်းမြတ်မင်း)
ဧရာဝတီ

အဖမ်းခံရမှာကြောက်လို့ နံရံပေါ် (၂) ရက်ကြာ တွယ်ကပ်နေခဲ့တဲ့ သူခိုး


ရဲအဖမ်းမခံချင်တဲ့ သူခိုးတစ်ယောက်ဟာ အဆောက်အဦးတစ်ခုရဲ့ အပြင်ဘက် လေအေးပေးစက်တစ်လုံးပေါ် နာရီပေါင်း ၄၀ ကြာတွယ်ဖက်နေခဲ့တယ်လို့ Sina သတင်းဌာနက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီအမျိုးသားကို တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ် Shenzhen ရှိ အဆောက်အဦး အပြင်ဘက် နံရံမှာ တပ်ဆင်ထားတဲ့ လေအေးပေးစက် တစ်လုံးပေါ် ထိုင်နေတာ တွေ့ရှိခဲ့ပါတယ်။ ဝိုင်ယာကြိုးတွေ ခိုးယူခဲ့လို့ ထွက်ပြေးလွတ်မြောက်ဖို့ အဆောက်အဦးပေါ် တွယ်တက်ခဲ့ပြီး အဲဒီနေရာမှာ နှစ်ရက်ကြနေထိုင်သွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ပြောဆိုချက်အရ ရာဇဝတ်မှု ကျူးလွန်တဲ့ ၄င်းအမျိုးသားဟာ ပြင်းထန်တဲ့ ပြစ်ဒဏ်မကျခံခဲ့ရပေမယ့် သူ့ကိုယ်သူ အညံ့ခံဖို့ ပစ်ပစ်ခါခါ ငြင်းဆို ခဲ့တယ်လို့ သိရပါတယ်။
http://www.trend.com.mm/2015/03/31/lifestyle-6221

ပူစပ်တဲ့ အစားအစာတွေကို ကြိုက်နှစ်သက်သူတွေဟာ ဘယ်လိုလူမျိုးတွေ ဖြစ်တတ်


စပ်တဲ့အစားအစာတွေကို ကြိုက်နှစ်သက်သူတွေဟာ ဘယ်လိုလူမျိုးတွေ ဖြစ်သလဲ။ တစ်ချို့တွေက အစပ်ကို တက်တက်မက်မက်ကို စားတတ်ကြပါတယ်။ ဒီလိုလူမျိုးတွေရဲ့ ပြောကြားချက်နဲ့ လေ့လာချက် အသစ်အရ အစပ်စားရတာ နှစ်သက်သူတွေက အစွန်းတစ်ခုမှာ ရပ်နေရသလိုမျိုး ၊ ဆံ့တငံ့ငံ့နဲ့ရင်ခုန်ရတဲ့ ဇာတ်ကားတွေကြည့်နေရသလိုမျိုး ခံစားချက်ကို ရတယ်လို့ဆိုပါတယ်။ ဒါဟာ အဒရီနယ်ဂလင်း လို့ခေါ်တဲ့ စွမ်းအင်နဲ့တုံ့ပြန်မှုကို ပိုမိုထက်မြက်စေတဲ့ အရည်တွေ ထွက်လာတဲ့အတွက် ကြောင့်ပါပဲ။ သက်စွန့်ဆံဖျား အပြုအမူ တွေကိုနှစ်သက်လို့လဲ ဖြစ်ပါတယ်။

ယခင်ကတည်းက ယူဆလာခဲ့တဲ့ အယူအဆအရ စွန့်စားမှုနှစ်သက်သူတွေဟာ အဒရီလင်း လိုအပ်သူတွေဖြစ်ပြီး စွန့်စားမှု တစ်ခုလုပ်ဆောင်ခြင်းဖြင့် အဒရီလင်းကို ရယူလိုက်ရတဲ့အခါ ပိုပြီး နေသာထိုင်သာ ရှိသွားပါတယ်။ ဒါကြောင့် လက်ပစ်ဗုန်း အစရှိတဲ့ အန္တရာယ်ရှိတဲ့ အရာတွေနဲ့ လုပ်ကိုင်လိုက်ရရင် သာမန်ပြန် ဖြစ်သွားပါတယ်။ အလားတူပဲ အပူအစပ် စားလိုက်ခြင်းအားဖြင့် အနည်းငယ်နာကျင်မှုရသွားခြင်းက သင့်ရဲ့ အဒရီလင်း နှုန်းကို ပြန်လည် ထိန်းသိမ်းပေးပါတယ်။

Smell and Taste Treatment and Research Foundation မှ Dr.Alan Hirsch ရဲ့ ပြောကြားချက်အရ “စွန့်စားလိုသူတွေနဲ့ စပ်တဲ့အစားအစာတွေဟာ အပြန်အလှန် ဆက်စပ်နေကြောင်း သိစေခဲ့ပါတယ်”တဲ့။
http://www.trend.com.mm/2015/03/31/lifestyle-6223

ကာမစိတ် နိုးကြွစေတဲ့ အစားအစာများ


ကာမစိတ် နိုးကြွစေတဲ့ အစားအစာများhttp://mp4you.co.uk/health/13Chew-On-This-Foods-That-Will-Boost-You.html
Posted by The Melting Pot 4 U on Tuesday, 31 March 2015

အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်းဟာ ဦးနှောက်ကို ပြင်းထန်စွာ ထိခိုက်နိုင်


အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်းဟာ ဦးနှောက်ကို ပြင်းထန်စွာ ထိခိုက်နိုင်တယ်လို့ သုတေသန အသစ်တစ်ခုအရ သိရပါတယ်။

ဗြိတိန်နိုင်ငံမှာရှိတဲ့ Sussex တက္ကသိုလ်က သုတေသီတွေဟာ လူတွေရဲ့ အလုပ် နှစ်ခုမှာ တစ်ပြိုင်နက်စီးမျောခြင်း ( ဥပမာ. တီဗီ ကြည့်ရင်း ဖုန်းမက်ဆေ့ဂ်ျ ရိုက်နေခြင်း ) ဖြင့် အချိန်ကုန်ဆုံးနှုန်း နဲ့ ဦးနှောက်ရဲ့ MRI စစ်ဆေးချက်တွေကို နှိုင်းယှဉ်ကြည့်ခဲ့ကြပါတယ်။

အဲဒီလို အလုပ်တွေအများကြီး တစ်ပြိုင်နက်တည်း လုပ်ဆောင်တတ်တဲ့ လူတွေဟာ ဦးနှောက်ရဲ့ အပြင်ပိုင်း အင်္ဂါတစ်ခုဖြစ်တဲ့ Cingulate Cortex မှာ သိပ်သည်းမှု နည်းပါးနေတာကို သုတေသီတွေက ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ ထို အင်္ဂါအစိတ်အပိုင်းဟာ ခံစားမှုနဲ့ သိမြင်နိုင်စွမ်းကို ထိန်းချုပ်တဲ့ အပိုင်းပဲ ဖြစ်ပါတယ်။

အလုပ်များစွာကို တစ်ပြိုင်နက် လုပ်ဆောင်ခြင်းဟာ ဦးနှောက်ကို ရုပ်ပိုင်းဆိုင်ရာ အရ ထိခိုက်နိုင်သလား ဆိုတာကိုတော့ ဆက်လက် လေ့လာဖို့ လိုဦးမှာဖြစ်ပေမယ့် အလုပ်များစွာကို တစ်ပြိုင်နက် လုပ်ဆောင်ခြင်းဟာ ဦးနှောက်ကို ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်စေတယ် ဆိုတာကိုတော့ သုတေသီတွေက အတည်ပြုနိုင်ခဲ့ပါတယ်။
http://www.trend.com.mm/2015/03/31/health-6226

ဆန္ဒပြကျောင်းသားတွေအပေါ် အရေးယူမှု မြန်မာကို အမေရိကန် ဝေဖန်

ဒီမိုကရေစီပညာရေး တောင်းဆိုရင်း၊ အမျိုးသားပညာရေး ဥပဒေမူကြမ်း ပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ထိုင်သပိတ်ဆင်နွဲခဲ့ကြတဲ့ ကျောင်းသားများ။ (ဓာတ်ပုံ-Soe Nyein Oo Poet-fb)

မြန်မာနိုင်ငံမှာ ပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒပြခဲ့ရင်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ ကျောင်းသားတွေကို အာဏာပိုင်တွေက ရာဇ၀တ်မှု ပုဒ်မတွေနဲ့ စွဲချက်တင်လိုက်တဲ့ အပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း အမေရိကန် ပြည်ထောင်စု ကပြောလိုက်ပါတယ်။ ဒါ့အပြင် ရန်ကုန်နဲ့ လက်ပံတန်းတို့မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေ အပေါ် အကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ ဖြစ်ရပ်တွေကို တရားနည်းလမ်းတကျနဲ့ ဘက်လိုက်မှုကင်းတဲ့  စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ မြန်မာအစိုးရကို တောင်းဆိုကြောင်း မတ်လ (၃၀) ရက်နေ့မှာ ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့ ဒီမိုကရေစီပညာရေးသပိတ်မှာ ပါဝင်သူတွေကို ပြီးခဲ့တဲ့သတင်းပတ်ထဲမှာ အစိုးရက ရာဇ၀တ်မှု ပုဒ်မတွေနဲ့ စွဲချက်တင်လိုက်တာကို အမေရိကန်နိုင်ငံခြားရေးဌာနက ကန့်ကွက်လိုက်ပါတယ်။ ပညာရေးဥပဒေပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အခုလိုမျိုးစွဲချက်တင်လိုက်တာကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်းဖြစ်ကြောင်း၊ သူတို့ကိုချက်ချင်း လွှတ်ပေးဖို့  အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီးက အခုလိုပြောပါတယ်။

“အမျိုးသားပညာရေးဥပဒေပြင်ဆင်နိုင်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ်မှာ မြန်မာအစိုးရက ရာဇ၀တ်ပြစ်မှုနဲ့ စွဲချက်တွေတင်ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်မှုနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်းဖြစ်ပါတယ်။ ငြိမ်းချမ်းစွာစုဝေးပိုင်ခွင့်ဆိုတဲ့အခွင့်အရေးတွေကို ကျင့်သုံးခဲ့တဲ့အတွက် နိုင်ငံအတွင်းမှာ ဖမ်းဆီးခံထားရသူတွေ အားလုံးကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုပါတယ်။ နိုင်ငံအတွင်းမှာ လူမှုရေးတည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် မြန်မာအစိုးရက ထုတ်ဖော်ပြောကြားခဲ့တဲ့ ဦးတည်ချက်တွေ ဖော်ဆောင်ရေးမှာ ထင်သာမြင်သာရှိမှု၊ တာဝန်ယူတတ်မှုနဲ့ တရားနည်းလမ်းတကျ ဖြစ်နိုင်မှုတို့က အရေးကြီးလှပါတယ်။”

သာယာဝတီထောင်မှာ ထိန်းသိမ်းထားတဲ့ လက်ပံတန်းက ကျောင်းသားသပိတ်စစ်ကြောင်းမှာပါဝင်သူ (၆၅)  ဦးကို လက်ပံတန်းမြို့မှာ မတ်လ (၂၅) ရက်နေ့က ရုံးထုတ်ခဲ့ပြီး တရားလိုအဖြစ် ရဲအာဏာပိုင်တွေဘက်ကနေ လူစုခွဲဖို့ ငြင်းဆန်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု၊ ဆူပူ အုံကြွစေမှု၊ နိုင်ငံ့ဝန်ထမ်းတွေကိုစော်ကားမှုစတဲ့ပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့တာပါ။

မတ်လ (၅) ရက်နဲ့ (၁၀) ရက် နေ့တွေက ပညာရေးဥပဒေပြင်ဆင်ရေးငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို ရဲအာဏာပိုင်တွေ၊ တာဝန်တံဆိပ် လက် ပတ်နီ ၀တ်ထားသူတွေက ကျောင်းသူတွေအပါအ၀င် ဆန္ဒပြသူတွေကို အင်အားသုံးချုပ်နှောင်ဖမ်းဆီးပြီး နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ဖြိုခွင်း ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကို  စုံစမ်းစစ်ဆေးအရေးယူပေးဖို့ မြန်မာအစိုးရကို အမေရိကန်ကတိုက်တွန်းကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

“မတ်လ ၅ ရက်နဲ့ ၁၀ ရက်နေ့တွေတုန်းက ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ဘက်လိုက်မှုကင်းပြီး ယုံကြည်ကိုးစားမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက အလေးအနက်တိုက်တွန်းပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုတွေကို အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ ပူးတွဲဆောင်ရွက်ဖို့ လိုအပ်ပြီး အင်အားအလွန်အကျွံအသုံးပြုခဲ့တဲ့ လုံခြုံရေးတပ်တွေအပါအ၀င် အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်ခဲ့ကြသူတွေ အားလုံးကို အရေးယူပေးဖို့ တိုက်တွန်းပါတယ်။ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူနိုင်မှသာ နိုင်ငံအတွင်း အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအပြင် စိတ်ဝမ်းကွဲမှုတွေ မနက်ရှိုင်းစေရေး စတဲ့ ဦးတည်ချက်တွေကို ဖော်ဆောင်ရာမှာ တိုးတက်မှုရရှိမှာ ဖြစ်ပါတယ်။”

ဒီအတောအတွင်း  နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂဌာနချုပ်က တာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ နယူးရောက်မြို့ကိုရောက်နေတဲ့  လူ့အခွင့်အရေး ရှေ့နေကြီးဦးအောင်သိန်းကလည်း  လက်ပံတန်းကျောင်းသားသပိတ် အပါအ၀င် လက်ပံတောင်းက တောင်သူတွေရဲ့ ဆန္ဒပြပွဲတွေကို အစိုးရက နှိမ်နှင်းဖြိုခွဲရာမှာ တရားဥပဒေနဲ့ကိုက်ညီမှုမရှိကြောင်း တင်ပြဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

“လတ်တလော ပူပူနွေးနွေးဖြစ်နေတဲ့ အဲဒီလက်ပံတောင်းတောင် ကိစ္စနဲ့ ဒေါ်ခင်ဝင်းပေါ့လေ - အဲဒီကိစ္စနှစ်ခုရယ်၊ နောက်ဆုံးအခု လက်ပံတန်းမြို့နယ်မှာဖြစ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး ကျောင်းသားတွေကိစ္စ - အဲဒါတွေကို ကျနော်တို့ တင်ပြဆွေးနွေးကြတယ်ခင်ဗျ။ ကျနော်တို့ တင်ပြဆွေးနွေးတဲ့အချက်အလက်တွေမှာ ကျနော်တို့က အာဏာပိုင်တွေရဲ့ မတရားပြုကျင့်မှုတွေ လုပ်နေတယ်။ ကျနော်တို့ဆီမှာက နိုင်ငံ့အကြီးအကဲ သမ္မတကိုယ်တိုင်က ယခု လက်ပံတန်းမြို့နယ်မှာ ဖြစ်တဲ့ အဖြစ်အပျက်ဟာ ဥပဒေနဲ့ညီညွတ်ပါတယ်လို့ ပြောနေတဲ့အချက်အလက်တွေဟာ ကျနော်တို့ လုံးဝ လက်မခံနိုင်တဲ့အချက်အလက်တွေဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့ ပြောဆို ဆွေးနွေးခဲ့တာတွေ ရှိတယ်။”

ရှေ့နေကြီးဦးအောင်သိန်းနဲ့အတူ မြန်မာအာဏာပိုင်တွေကို ပြန်ပြီးတရားစွဲဆိုထားတဲ့ မီးလောင်ဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးတိက္ခဉာဏလည်း နယူးရောက်မြို့ကိုရောက်ရှိနေတာပါ။

လက်ရှိမြန်မာနိုင်ငံမှာ ပညာရေးဥပဒေပြင်ဆင်ဖို့ တောင်းဆိုနေတဲ့ကျောင်းသားတွေရဲ့လှုပ်ရှားမှုကို ဥရောပသမဂ္ဂက အနီးကပ် စောင့်ကြည့် နေပြီး လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးခွင့် ကိုလေးစားဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ဂျီနီဗာမှာကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်က ပြောသွားပါတယ်။

မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

လက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့ ဒီမိုကရေစီပညာရေးသပိတ်မှာ ပါဝင်သူတွေကို ပြီးခဲ့တဲ့သတင်းပတ်ထဲမှာ အစိုးရက ရာဇ၀တ်မှု ပုဒ်မတွေနဲ့ စွဲချက်တင်လိုက်တာကို အမေရိကန်နိုင်ငံခြားရေးဌာနက ကန့်ကွက်လိုက်ပါတယ်။ ပညာရေးဥပဒေပြင်ဆင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အခုလိုမျိုးစွဲချက်တင်လိုက်တာကိုလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်းဖြစ်ကြောင်း၊ သူတို့ကိုချက်ချင်း လွှတ်ပေးဖို့အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီးက အခုလိုပြောပါတယ်။

“အမျိုးသားပညာရေးဥပဒေပြင်ဆင်နိုင်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ်မှာ မြန်မာအစိုးရက ရာဇ၀တ်ပြစ်မှုနဲ့ စွဲချက်တွေတင်ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်မှုနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်မကင်းဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ စုဝေးပိုင်ခွင့်ဆိုတဲ့အခွင့်အရေးတွေကို ကျင့်သုံးခဲ့တဲ့အတွက် နိုင်ငံ အတွင်းမှာ ဖမ်းဆီးခံထားရသူတွေ အားလုံးကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုပါတယ်။ နိုင်ငံအတွင်းမှာ လူမှုရေး တည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် မြန်မာအစိုးရက ထုတ်ဖော်ပြောကြားခဲ့တဲ့ ဦးတည်ချက်တွေ ဖော်ဆောင်ရေးမှာ ထင်သာမြင်သာရှိမှု၊ တာဝန်ယူတတ်မှုနဲ့ တရားနည်းလမ်းတကျ ဖြစ်နိုင်မှုတို့က အရေးကြီးလှပါတယ်။”

သာယာဝတီထောင်မှာ ထိန်းသိမ်းထားတဲ့ လက်ပံတန်းက ကျောင်းသားသပိတ်စစ်ကြောင်းမှာပါဝင်သူ (၆၅)ဦးကို လက်ပံတန်းမြို့မှာ မတ်လ (၂၅) ရက်နေ့က ရုံးထုတ်ခဲ့ပြီး တရားလိုအဖြစ် ရဲအာဏာပိုင်တွေဘက်ကနေ လူစုခွဲဖို့ ငြင်းဆန်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု၊ ဆူပူ အုံကြွစေမှု၊ နိုင်ငံ့ဝန်ထမ်းတွေကိုစော်ကားမှုစတဲ့ပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့တာပါ။

မတ်လ (၅) ရက်နဲ့ (၁၀) ရက် နေ့တွေက ပညာရေးဥပဒေပြင်ဆင်ရေးငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို ရဲအာဏာပိုင်တွေ၊ တာဝန်တံဆိပ် လက် ပတ်နီ ၀တ်ထားသူတွေက ကျောင်းသူတွေအပါအ၀င် ဆန္ဒပြသူတွေကို အင်အားသုံးချုပ်နှောင်ဖမ်းဆီးပြီး နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ဖြိုခွင်း ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကိုစုံစမ်းစစ်ဆေးအရေးယူပေးဖို့ မြန်မာအစိုးရကို အမေရိကန်ကတိုက်တွန်းကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။

“မတ်လ ၅ ရက်နဲ့ ၁၀ ရက်နေ့တွေတုန်းက ဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ဘက်လိုက်မှုကင်းပြီး ယုံကြည်ကိုးစားမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ဖို့ အမေရိကန်ပြည်ထောင်စုက အလေးအနက်တိုက်တွန်းပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုတွေကို အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ ပူးတွဲဆောင်ရွက်ဖို့ လိုအပ်ပြီး အင်အားအလွန်အကျွံအသုံးပြုခဲ့တဲ့ လုံခြုံရေးတပ်တွေအပါအ၀င် အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်ခဲ့ကြသူတွေ အားလုံးကို အရေးယူပေးဖို့ တိုက်တွန်းပါတယ်။ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူနိုင်မှသာ နိုင်ငံအတွင်း အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအပြင် စိတ်ဝမ်းကွဲမှုတွေ မနက်ရှိုင်းစေရေး စတဲ့ ဦးတည်ချက်တွေကို ဖော်ဆောင်ရာမှာ တိုးတက်မှုရရှိမှာ ဖြစ်ပါတယ်။”

ဒီအတောအတွင်းနိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂဌာနချုပ်က တာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ နယူးရောက်မြို့ကိုရောက်နေတဲ့လူ့အခွင့်အရေး ရှေ့နေကြီးဦးအောင်သိန်းကလည်းလက်ပံတန်းကျောင်းသားသပိတ် အပါအ၀င် လက်ပံတောင်းက တောင်သူတွေရဲ့ ဆန္ဒပြပွဲတွေကို အစိုးရက နှိမ်နှင်းဖြိုခွဲရာမှာ တရားဥပဒေနဲ့ကိုက်ညီမှုမရှိကြောင်း တင်ပြဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

“လတ်တလော ပူပူနွေးနွေးဖြစ်နေတဲ့ အဲဒီလက်ပံတောင်းတောင် ကိစ္စနဲ့ ဒေါ်ခင်ဝင်းပေါ့လေ - အဲဒီကိစ္စနှစ်ခုရယ်၊ နောက်ဆုံးအခု လက်ပံတန်းမြို့နယ်မှာဖြစ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး ကျောင်းသားတွေကိစ္စ - အဲဒါတွေကို ကျနော်တို့ တင်ပြဆွေးနွေးကြတယ်ခင်ဗျ။ ကျနော်တို့ တင်ပြဆွေးနွေးတဲ့အချက်အလက်တွေမှာ ကျနော်တို့က အာဏာပိုင်တွေရဲ့ မတရားပြုကျင့်မှုတွေ လုပ်နေတယ်။ ကျနော်တို့ဆီမှာက နိုင်ငံ့အကြီးအကဲ သမ္မတကိုယ်တိုင်က ယခု လက်ပံတန်းမြို့နယ်မှာ ဖြစ်တဲ့ အဖြစ်အပျက်ဟာ ဥပဒေနဲ့ညီညွတ်ပါတယ်လို့ ပြောနေတဲ့အချက်အလက်တွေဟာ ကျနော်တို့ လုံးဝ လက်မခံနိုင်တဲ့အချက်အလက်တွေဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့ ပြောဆို ဆွေးနွေးခဲ့တာတွေ ရှိတယ်။”

ရှေ့နေကြီးဦးအောင်သိန်းနဲ့အတူ မြန်မာအာဏာပိုင်တွေကို ပြန်ပြီးတရားစွဲဆိုထားတဲ့ မီးလောင်ဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးတိက္ခဉာဏလည်း နယူးရောက်မြို့ကိုရောက်ရှိနေတာပါ။

လက်ရှိမြန်မာနိုင်ငံမှာ ပညာရေးဥပဒေပြင်ဆင်ဖို့ တောင်းဆိုနေတဲ့ကျောင်းသားတွေရဲ့လှုပ်ရှားမှုကို ဥရောပသမဂ္ဂက အနီးကပ် စောင့်ကြည့် နေပြီး လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးခွင့် ကိုလေးစားဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်က ဂျီနီဗာမှာကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်က ပြောသွားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ချီလီတွင် ကန္တာရအတွင်း ရေကြီးမှုကြောင့် ၁၄ ဦးသေဆုံး


ဆန်တီရာဂို မတ် ၃ဝ

လွန်ခဲ့သောအပတ်က ချီလီ နိုင်ငံမြောက်ပိုင်း အတာကမာဒေသ တွင် ရုတ်တရက် ရေလွှမ်းမှုဖြစ်ပြီး နောက် လူ ၁၄ ဦးသေဆုံးပြီး ၂ဝ ပျောက်ဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောခဲ့သည်။

ကမ္ဘာမြေကြီး၏ အခြောက်သွေ့ ဆုံးနေရာတစ်ခုဖြစ်သည့် အဆိုပါ ဒေသတွင် လွန်ခဲ့သော အင်္ဂါနေ့က စတင်ခဲ့သော မိုးကြောင့် ရေလွှမ်း မှုမှာ နှစ်ပေါင်း ၈ဝ အတွင်း အဆိုးရွားဆုံးဖြစ်ကြောင်း သိရ သည်။

လူ ၁၁ဝဝဝ မှာ ရေလွှမ်းမှု ဒဏ်ကို ခံစားခဲ့ရပြီး လူ ၄၅ဝဝ ကို နေစရာနေရာများ စီစဉ်ပေးခဲ့ရ သည်။

ပြည်ထဲရေးဝန်ကြီးက မြို့ တစ်ခုလုံးသောက်သုံးရေ ပြတ်လပ် မှုနှင့်ကြုံတွေ့နေရကြောင်း ပြောခဲ့ သည်။

ကျွန်တော်တို့ နိုင်ငံသည့် ဤပြဿနာကို ကျော်လွှားနိုင်အောင် အားသွန်ခွန်စိုက် ကြိုးစားရမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောခဲ့သည်။

မိုးအကြီးအကျယ် ရွာသွန်းမှု ကြောင့် အန်ဒီးစ်ဒေသတွင် မြစ်ရေ လျှံမှုများ ဖြစ်ပွားခဲ့သည်။

ကန္တာရမြို့ဖြစ်သော ချန်နရယ် တွင် မိုးအကြီးအကျယ်ရွာသွန်းမှု ကြောင့် မြစ်ရေလျှံခြင်းဖြစ်ကာ လမ်း များပေါ်တွင် ရွှံ့များမြင်မကောင်း အောင် ဖုံးအုပ်ခဲ့သည်။

တာရာအမရီလာတွင်လည်း ကယ်ဆယ်ရေး လုပ်သားများက မိုင်းတွင်းအလုပ်သမား ၁၃ ဦးကို ကယ်ဆယ်ခဲ့သည်။

ထို့အပြင် လူ ၂ဝ ပျောက်ဆုံး မှုကိုလည်း ဆက်လက်ရှာဖွေလျက်ရှိ သည်။ ဗစ်တာဇာမိုရာဒေသတွင် လူ ထောင်ပေါင်းများစွာသည် အိမ်များကို ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

(ဘီဘီစီ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ထိုင်းနိုင်ငံတကာ လေကြောင်းပျံသန်းမှု အန္တရာယ်ရှိကြောင်း ကုလသုံးသပ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သုဝဏ္ဏဘုမိ လေယာဉ်ကွင်းက ခရီးသည်တင်လေယာဉ်များ။
ကုလသမဂ္ဂရဲ့နိုင်ငံတကာ အရပ်ဘက်လေကြောင်း ပျံသန်းမှု အဖွဲ့အစည်းကြီး ICAO က ထိုင်းနိုင်ငံပိုင် လေကြောင်းတွေဟာ နိုင်ငံတကာ လေကြောင်းပျံသန်းမှု ခရီးစဉ်တွေပိတ်ဆို့မှုကို ရင်ဆိုင်နိုင်ဖွယ်ရှိတဲ့ သိသာတဲ့ ဘေးအန္တရာယ် စိုးရိမ်မကင်းဖြစ်မှုတွေ ရှိတယ်လို့ တနင်္လာနေ့က ကြေညာခဲ့တဲ့အတွက် ဒီကိစ္စကို အလျင်အမြန်ဖြေရှင်းဖို့ ထိုင်းအစိုးရကကြိုးပမ်း ဆောင်ရွက်နေပါတယ်။

ICAO ရဲ့အခုလို အနုတ်လက္ခဏာဆောင်တဲ့ သုံးသပ်မှုကြောင့် ဂျပန်နဲ့တောင်ကိုရီးယားတို့က ထိုင်းနိုင်ငံက နောက်ထပ် လေယာဉ် ပျံသန်းမှုတွေကို ပိတ်ဆို့ဖို့ အရေးယူ ဆောင်ရွက်ခဲ့ပါတယ်။

ICAO ကထိုင်းနိုင်ငံရဲ့လေယာဉ်ပျံသန်းမှုကို အဆင့် (၁) ကနေ (၂) ကိုလျှော့ချမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအပါအ၀င် အခြား နိုင်ငံတွေကလည်း အလားတူအရေး ယူဆောင်ရွက်ဖို့ အလားအလာရှိနေပါတယ်။

ဂျပန်နဲ့တောင်ကိုရီးယားတို့ လေကြောင်း ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ပတ်သက်ပြီးတော့ ကိုယ်ပိုင်အကဲဖြတ်မှုတွေ မပြုလုပ်ဘဲ ICAO ရဲ့ တွေ့ရှိချက်တွေပေါ် မူတည်ပြီး အရေးယူ ဆောင်ရွက်တာဖြစ်ပါတယ်။

ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ ထိုင်းခရီးသည်လေယာဉ်ပျံသန်းမှုဌာနကို အထူးသဖြင့် စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ အခုလို ICAO ရဲ့အကဲဖြတ်စစ်ဆေး တွေ့ရှိချက်နဲ့ ပတ်သက်ပြီး လက်ရှိလေယာဉ်ပျံသန်း မှုတွေကိုတော့ ထိခိုက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဧပြီလလယ်ရှိ ထိုင်းသင်္ကြန်ကျချိန်မှာ လေယာဉ်ပျံသန်းမှုတွေကို ရပ်ဆိုင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခရီးသွားအေဂျင်စီ ကြိုတင်ရောင်းချထားတဲ့ လေယာဉ်လက်မှတ်တွေကို ထိခိုက်မှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

ပညာရေးဆန္ဒပြမှုမှာပါသူ အမှုပေါင်း ၃၈ မှုစွဲချက်တင်

အမှုပေါင်း (၃၈) မှုခန့်နဲ့ ရင်ဆိုင်ရဖွယ်ရှိတဲ့ ဗကသအဖွဲ့က ကိုနန္ဒစစ်အောင်။ (ဓာတ်ပုံ- ကိုကျော်နိုင်ဦး)
ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင်လည်းဖြစ်၊ ဗကသများ အဖွဲ့ချုပ် ခေါင်းဆောင်တဦး လည်းဖြစ်တဲ့ ကိုနန္ဒစစ်အောင်ကို အာဏာပိုင်တွေက ဆူပူအောင်လှုံ့ဆော်မှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည်လည်မှု ပုဒ်မတွေ အပါအ၀င် အမှုပေါင်း (၃၈) မှုနဲ့ တရားစွဲ ဆိုထားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန္ဒစစ်အောင်ကို အာဏာပိုင်တွေက ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်မှုနဲ့ မြို့နယ်တိုင်းကနေ တရားစွဲဆိုခဲ့သလို လက်ပံတန်းမြို့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက်လည်း ၀ရမ်းထုတ်ထားခဲ့ပါတယ်။ မတ်လ (၂၇) ရက်နေ့ကတော့ ရန်ကုန်မြို့မှာ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးဖို့အပါအ၀င် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုတွေကို ဆက်လက် ဆောင်ရွက်ခဲ့တဲ့အတွက် သူ့ကို ဖမ်းဆီးပြီး အမှုပေါင်း (၃၈) မှုလောက်နဲ့ စွဲချက်တင်ထားကြောင်း ဖခင်ဖြစ်သူရှေ့နေ ဦးဌေးက ပြောပါတယ်။

“၃၈ မှုလောက်ရှိတယ်လို့ ကျနော်တို့ကို ပြောပါတယ်။ မနေ့က ဆယ်မိနစ် ကျနော်တို့ တွေ့ခွင့်ရပါတယ်။ အဓိက-ကတော့ ဆန္ဒထုတ်ဖော်တဲ့အမှုတွေမှာ မြို့နယ်အလိုက် စွဲတာတွေလည်းပါတယ်ပေါ့နော်၊ ကျန်တဲ့ဟာကတော့ လက်ပံတန်းမှာ အခု ကျန်တဲ့ကျောင်းသားများနည်းတူ စွဲထားတဲ့ပုဒ်မတွေနဲ့ နောက်ဆုံး သူတို့ လှည်းတန်းမှာ ဆန္ဒထုတ်ဖော်တာပေါ့နော်၊ ၁၀ ရက်နေ့က အဲဒီကိစ္စရယ်၊ နောက် ၂၇ ရက်နေ့က ပန်းပဲတန်းမှာ နောက်ဆုံး ဆန္ဒ ထုတ်ဖော်တဲ့ကိစ္စတွေပေါ့နော်၊ ကျန်တဲ့ဟာတွေကတော့ ၂ ပိုင်းအတွင်းက လူငယ်တွေ ဆန္ဒထုတ်ဖော်တာတွေမှာ သူလည်းပါတဲ့အခါကျတော့- ဒါပေမယ့် သူ့ခေါင်းစဉ်နဲ့ အဲဒါတွေက အမှုဖွင့်ထားတယ်လို့ သူကပြောပါတယ်။ ကျန်တဲ့ဟာတွေက မြို့နယ်တွေ ဖြတ်ကျော်တဲ့အလိုက်လည်း ဖွင့်တယ်လို့ ပြောပါတယ်။ အမှုတွေကတော့ သူ့အသက်ထက်တောင် များနေပါတယ်။”

တွေ့ဆုံဆွေးနွေးရေးယဉ်ကျေးမှုကို ဖော်ဆောင်နေတဲ့ အစိုးရသစ်လက်ထက်မှာ ကျောင်းသားတွေအေါ် အခုလို စွဲချက်တင်တာက မဖြစ်သင့်ဘူးလို့လည်း ဆိုပါတယ်။

“တည်ဆဲအစိုးရကနေ အဲလိုပေါ့- ပြင်းထန်စွာပေါ့နော်၊ အမှုပေါင်း မြောက်များစွာနဲ့အရေးယူတာကတော့ ဒါ ကျောင်းသားတွေအပေါ်မှာ စိန်ခေါ်လိုက်သလို အာဃာတပြင်းပြင်းနဲ့ ဆောင်ရွက်လိုက်ပုံက အားလုံး ဒီနှစ် ၂၀၁၅ ခုနှစ်အတွက် အံ့အားသင့်စရာ ဖြစ်ရပ်ဖြစ်သွားပါတယ်။ ပညာရေးဥပဒေပြင်ဆင်မှု အပေါ်မှာ ဒီလို ပြင်းထန်စွာ ရိုက်နှက်ဖြိုခွင်းတယ်၊ အမှုများစွာနဲ့ အရေးယူတာတွေဟာ ဒါဟာ တည်ဆဲအစိုးရရဲ့အနှစ်သာရကို သူက ပုံဖော်စေတယ် ပေါ့နော်၊ ဘယ်လိုမှ ဟန်ဆောင်လို့မရတဲ့ပုံပေါ်တာ။ တဘက်ကလည်း ကျနော်တို့ တွေ့ဆုံဆွေးနွေးရေး ယဉ်ကျေးမှုဆိုတာ တဖွဖွပြောပေမယ့် နည်းဗျူဟာအရဆိုရင်… မဟာဗျူဟာအရဆိုရင် ချေမှုန်းရေးဖြစ်နေပါတယ်။ အဲဒါသည်ပင်လျှင် စဉ်းစားစရာပေါ့နော်။ ကျောင်းသားတွေက ငြိမ်းချမ်းစွာ ဥပဒေဘောင်အတွင်းက ဆွေးနွေးဖို့ ကြိုးစားရင်းနဲ့ ချေမှုန်းခံရတဲ့အခါမှာ ဘာပဲဖြစ်ဖြစ် လွှတ်တော်ထဲမှာ ဥပဒေပြင်ဖို့ ဆက်ပြီးတော့ သူတို့ကိုယ်တိုင် လိုက်လျောလိုက်ရတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် …..power တခုတည်းနဲ့ မရဘူး၊ smart power ပါ ရတယ်ဆိုပါတော့။ အားလုံးကို ကျောင်းသားတွေက သင်ခန်းစာပေးလိုက်ပြီပေါ့။”

ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင်လည်း အမိန့်တွေချတဲ့အခါ တပေါင်းတည်းချနိုင်တယ်လို့ ဥပဒေပြဌာန်းချက်မှာ ပါပေမယ့် နိုင်ငံရေး၊ လယ်သမား အရေး၊ အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သူတိုင်းကို ပြစ်ဒဏ်တွေ ချတဲ့အခါမှာ အမြင့်ဆုံးပြစ်ဒဏ်တွေချသလို အမှုတမှုချင်းအလိုက် ပြစ်ဒဏ်ချမှတ်တာတွေ ရှိနေကြောင်းလည်း ရှေ့နေ ဦးဌေးက ပြောပါတယ်။

“အမိန့်တွေချရင် တပေါင်းတည်းခံစားခွင့်တွေ ဥပဒေအရရှိပါတယ်။ ဒါပေမယ့် အခုထိကတော့ အဲဒီလို တပေါင်းတည်း ခံစားခွင့်ပေးတာတွေကလည်း မတွေ့ရဘူးပေါ့နော်။ ဒီလို ဥပဒေအရေးယူပြန်တော့လည်း သူက ပြစ်ဒဏ်က အမြင့်ဆုံးချတယ်။ ဆိုလိုတာက ကျန်တဲ့ ခိုး၊ ဆိုး၊ လုယက်၊ လူသတ်မှုတွေက အဲဒီလောက် အပြစ်မကြီးပါဘူး။ မြန်မာနိုင်ငံမှာက နိုင်ငံရေးနဲ့ဆက်စပ်တဲ့ ပုဒ်မတွေက ပြစ်ဒဏ်က ကြီးနေတာ။ ဒါကြောင့်မို့လည်း ရာဇ၀တ်မှုတွေ များနေတာပေါ့။ ”

မြန်မာအစိုးရပြန်ကြားရေးဝန်ကြီးဌာနက လက်ပံတန်းကျောင်းသားလှုပ်ရှားမှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ ဥပဒေနဲ့အညီ ဖမ်းဆီးစစ်ဆေးကြောင်းနဲ့ ကျောင်းတက်ဆဲ ကျောင်းသားတွေနဲ့ အမျိုးသမီး၊ အမျိုးသား (၅၀) ကို ပြန်လွှတ်ပေးခဲ့ပြီးကြောင်း ပြောပါတယ်။ မတ်လ (၂၅) ရက်နေ့တုန်းကတော့ ကျောင်းသားနဲ့ ၀န်းရံအင်အားစုတွေထဲက (၆၉) ဦးကို ပုဒ်မ (၅) ခုနဲ့ လက်ပံတန်းတရားရုံးကနေ စွဲချက်တင်ခဲ့ပြီး နောက်ထပ် (၁၁) ဦးကို ပုဒ်မ (၃) ခုနဲ့ စွဲချက်တင်ထားပြီး အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ ကျောင်းတက်ဆဲ ကျောင်းသားတချို့ ရှိပေမယ့် ပြန်လည်လွတ်မြောက်လာတာတော့ မရှိသေးပါဘူး။

ဒီမိုကရေစီလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေနဲ့ ဗကသများအဖွဲ့ချုပ်က ခေါင်းဆောင်တွေဟာ ကျောင်းတက်နေဆဲ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ကြပါတယ်။ သူတို့ အကျဉ်းထောင်က လွတ်မြောက်လာချိန်ကစလို့ ကျောင်းပြန်တက်ခွင့် မရကြတော့ပါဘူး။ အခု ကိုနန္ဒစစ်အောင်ကလည်း ရန်ကင်း ပညာရေးကောလိပ်မှာ ဒီပလိုမာတက်နေတဲ့ ကျောင်းသားဖြစ်ပြီး စာမေးပွဲဖြေပြီးချိန် ၂၀၀၃ ခုနှစ်၊ ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းစဉ်မှာပါဝင်ခဲ့တာကြောင့် ထောင်ဒဏ် နှစ် ၂၀ ကျခံခဲ့ရသူဖြစ်ပါတယ်။ သူပြန်လွတ်လာချိန်ကစပြီး အခုချိန်ထိ ကျောင်းပြန်တက်ခွင့်မရတော့ကြောင်း မိသားစုက ပြောပါတယ်။

 လက်ရှိမှာတော့ ဗကသများအဖွဲ့ချုပ်မှာ ဦးဆောင်ကျောင်းသားတဦးဖြစ်ပြီး ပညာရေး ဥပဒေ ပြင်ဆင်ပြောင်းလဲနိုင်ရေး လှုပ်ရှားဆောင်ရွက်နေသူ တဦးလည်းဖြစ်ပါတယ်ရှင်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

တနိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း သမ္မတရှေ့မှောက် သဘောတူလက်မှတ်ထိုး


တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (အန်စီအေ) စာချုပ်မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(ယူပီဒဗလျူစီ)နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(အန်စီစီတီ)တို့ အကြား ဒီကနေ့  ပဏာမ သဘောတူ လက်မှတ်ထိုး လိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေစင်တာမှာ ကျင်းပတဲ့  အန်စီအေ သဘောတူစာချပ်ဆိုင်ရာ ၇ ကြိမ်မြောက် ဆွေးနွေးပွဲ ၈ ရက်မြောက်နေ့မှာ နှစ်ဖက်ကိုယ်စားလှယ်တွေက သမ္မတ ဦးသိန်းစိန်ရှေ့မှောက်မှာ  သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်ကို အပြန်အလှန် လဲလှယ်ခဲ့ ကြတာ ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ အခုလို နှစ်ဖက်သဘောတူညီမှု ရရှိတဲ့အတွက် ၀မ်းသာ ကြောင်းလည်း ဒီလက်မှတ်ရေးထိုးပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ ပဏာမ သဘောတူညီချက်ရထားတဲ့ စာချုပ်မူကြမ်းကို  သက်ဆိုင်ရာ ခေါင်းဆောင်တွေထံ  နှစ်ဖက်စလုံးက  ပြန်လည်တင်ပြပြီး   တပြည်လုံးအပစ်ရပ်စာချုပ် ချုပ်ဆို နိုင်ရေး လုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်ကြရဦးမှာဖြစ်ပါတယ်။

အဆိုပါ စာချုပ်မူကြမ်းနဲ့ ပတ်သက်ပြီး ၇ ကြိမ်မြောက်ဆွေးနွေးပွဲကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့  ယူပီဒဗလျူစီအဖွဲ့နဲ့  တိုင်းရင်းသားတွေဘက်က နိုင်ဟံသာ ဦးဆောင်တဲ့ အန်စီစီတီအဖွဲ့တို့အကြား    မတ် ၁၇ ရက်နေ့ ကတည်းက ရန်ကုန်မှာ  စတင် ဆွေးနွေးခဲ့ကြတာပါ။

သီတင်းတပတ်ကြာရပ်နားပြီး မနေ့က ပြန်ကျင်းပတဲ့ ဆွေးနွေးပွဲမှာတော့ အန်စီအေ အပစ်ရပ်စာချုပ်မူကြမ်းပါ အခန်းပေါင်း ၇ ခန်း၊ အပိုဒ်ပေါင်း ၃၃ ပိုဒ်နဲ့ အပိုဒ်ငယ်ပေါင်း ၈၆ ပိုဒ်ပါအချက် အားလုံးကို နှစ်ဖက်ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

ရှုတင်မှာ ဘတ္ထရီတုံး ခေါင်းပေါ်ပြုတ်ကျလို့ ခေါင်းပေါက်သွားခဲ့တဲ့ သွန်းဆက်က သင်္ကြန်ကို အိမ်မှာနားဖြစ်မယ်လို့ ဆို

သွန်းဆက်က ၂၀၁၅ သင်္ကြန်ကို သူမဖြတ်သန်းမဲ့အကြောင်းနဲ့ မကြာသေးခင်ကမှ အသက် ၂၄ နှစ်ပြည့်သွားတဲ့ သူမရဲ့ မွေးနေ့ကို ဖြတ်သန်းဖြစ်ပုံ အကြောင်း ခုလို ပြောပြသွားပါတယ်။

“မွေးနေ့ မနက်ပိုင်းမှာ ဘုရားပဲသွားဖြစ်လိုက်တယ်။ ညီမလဲနေမကောင်းလို့ ယတြာတွေ ဘာတွေချေတယ်။ အလှူလဲလှူခဲ့တယ်။ နေမကောင်းတာကတော့ ညီမရှုတင်မှာ ဖိုက်တင်ပေးတဲ့ အခန်းက ဘတ္ထရီတုံးကြီး ခေါင်းပေါ်ပြုတ်ကျတာ နဲနဲပေါက်သွားတယ်။ အရမ်းကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ညီမ ဒီအလုပ်လုပ်လို့ဒီလိုဖြစ်တယ်လို့တော့မတွေးမိပါဘူး။ ညီမမွေးနေ့နားနီးတော့ ထိခိုက်ဒဏ်ရာရတယ်လို့ပဲသဘောထားပါတယ်။ ညီမတို့အနုပညာရှင်တွေဆိုတာ ကိုယ့်အန္တရယ်ကို ကိုယ်မသိကြပါဘူး။ ဇာတ်ကားကောင်းဖို့ကိုပဲ ဦးစားပေးကြတဲ့အတွက် အာရုံစိုက်ကြတဲ့အတွက် ကိုယ်ဖြစ်နေတဲ့ ဒဏ်ရာတွေကို သတိမထားမိပါဘူး။ ပရိသတ်ရဲ့အားပေးမှုကိုပဲ မျှော်လင့်တယ်။ မက်မောပါတယ်။ ခု ကိုဇေရဲထက်နဲ့ ၂ ကား ရိုက်ဖို့ရှိတယ်။”လို့ သူမက ပြောပါတယ်။

သင်္ကြန်နဲ့ ပတ်သက်ပြီးတော့လည်း သူမက “ညီမ သီချင်းမဆိုပေးဖြစ်ဘူးဆိုတော့ အိမ်မှာပဲ ရှိမှာပါ။ သင်္ကြန်ပြီးရင်လဲ ညီမ ကိုနေဒွေးနဲ့တစ်ကားရှိတယ်။ သင်္ကြန်ကတော့ ညီမ ပျော်ပါတယ်။ သူများတွေ ပျော်နေတာကို ကြည့်ပြီးတော့လဲ ညီမပျော်တယ်။ ကိုယ်ကိုတိုင်ကျတော့လဲ အရမ်းပျော်ရွှင်ခဲ့ရတာမျိုး ရှိတော့ မရှိခဲ့ဘူး။ ညီမမဏ္ဍပ်ထိုင်တာကိုတော့ ၀ါသနာပါတယ်။ ကားနဲ့လည်တာကျတော့ အသားလဲ မဲတယ်။ ပင်လဲပင်ပန်းတယ်။ ပြီးတော့ ခွက်စောင်းခုတ်တာ၊ မီးသတ်ပိုက်တွေနဲ့ထိုးတာကို မခံနိုင်တော့ မဏ္ဍပ်ပဲ ထိုင်ဖြစ်တာများတယ်။ ဒီနှစ်သူငယ်ချင်းတွေကတော့ ခေါ်ထားတယ်။ ဒါပေမဲ့ ညီမသွားချင်မှ သွားမှာပါ။ ခေါင်းကလဲထိထားတော့ အိမ်မှာပဲ နားဖြစ်ဖို့များပါတယ်။ နှစ်ဆန်း ၁ ရက်နေ့ကျရင်လဲ ကားရိုက်ပြန်ဝင်မှာ ဆိုတော့လေ။ နားဖြစ်ဖို့ပဲ များပါတယ်။ သင်္ကြန်တွင်းမှာ စတုဒီသာကျွေးတာမျိုးတော့ လုပ်ဖြစ်မယ်ထင်ပါတယ်”တဲ့။

trend myanmar

တစ်နိုင်ငံလုံး အပစ်ရပ်ဖို့အတွက် လက်မှတ်ထိုးချိန် မသိသေး

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆွေးနွေးမှု တစ်ခုအတွင်း ဦးနိုင်ဟံသာကို တွေ့ရစဉ် (Credit: ABC) 
တစ်နိုင်ငံလုံး ​အပစ်အခတ် ​ရပ်စဲနိုင်ဖို့ ​ရေးဆွဲထားတဲ့ ​မူကြမ်းကို ​မူအားဖြင့် ​သဘောတူခဲ့ကြပေမယ့် ​ဘယ်အချိန်မှာ ​လက်မှတ် ​ထိုးမလဲ ​ဆိုတာ ​မသိရသေးပါဘူး။

ဒီသဘောတူညီချက်က ​အပစ်အခတ်ရပ်စဲရေး ​ဆွေးနွေးမှုအတွက် ​မူဘောင်တွေ ​ချမှတ်ပေးတာ ​ဖြစ်ပြီး ​နိုင်ငံရေးဆွေးနွေးမှု ​ဖြစ်လာစေမယ့် ​ခြေလှမ်းတစ်လှမ်း ​ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေး ​ကိုယ်စားလှယ် ​ဦးလှမောင်ရွှေကတော့ ​မြန်မာအစိုးရအနေနဲ့ ​ဘာမှ ​ဆွေးနွေးစရာမလိုတော့ပဲ ​လက်မှတ်ထိုးဖို့ ​အသင့်ဖြစ်ပြီလို့ ​အေအက်ဖ်ပီကို ​ပြောပါတယ်။

တိုင်းရင်းသား ​လက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ​ဘယ်အချိန်မှာ ​ဆွေးနွေးမှုတွေ ​လုပ်မလဲ ​ဆိုတာ ​ပြောဆိုထားခြင်း ​မရှိသေးပါဘူး။

အခုလောလောဆယ် ​တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့ ​၁၄ ​ဖွဲ့နဲ့ ​အပစ်အခတ် ​ရပ်စဲရေးယူထားတာဖြစ်ပြီး ​တအောင်းပလောင်အဖွဲ့နဲ့ ​ကချင် ​ကေအိုင်အေ ​အဖွဲ့နဲ့တော့ ​အပစ်အခတ် ​ရပ်စဲရေး ​လက်မှတ် ​မထိုးနိုင်သေးပါဘူး။

မြန်မာစစ်တပ်က ​၂၀၀၉ ​ခုနှစ်က ​ကိုးကန့်တပ်ကို ​တိုက်ထုတ်ထားတာကြောင့် ​ဒီကိစ္စမှာ ​ကိုးကန့်ကို ​ထည့်မပြောထားပေမယ့် ​တိုင်းရင်းသား ​လက်နက်ကိုင်တွေကတော့ ​အနာဂတ်မှာ ​ပြုလုပ်မယ့် ​ဆွေးနွေးပွဲအတွင်း ​ကိုးကန့်ကိစ္စကိုပါ ​ထည့်သွင်းဖို့ ​ဆန္ဒရှိနေတယ်လို့ ​တိုင်းရင်းသားဘက်က ​ဦးနိုင်ဟံသာက ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

အိုဘားမား ပတ်စ်ပို့ ပေါက်ကြားတဲ့ ကိစ္စကို စုံစမ်းမှုလုပ်နေ

နိုဝင်ဘာတုန်းက ကျင်းပတဲ့ G20 အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ကန်သမ္မတ အိုဘားမားနဲ့ သြစီ ဝန်ကြီးချုပ် တိုနီအာဘော့တ်နဲ့ တွေ့ရစဉ် (Credit: ABC licensed) 
အမေရိကန် ​သမ္မ ​ဘာရက် ​အိုဘားမားရဲ့ ​နိုင်ငံကူး ​လက်မှတ် ​အသေးစိတ် ​အချက်အလက်တွေကို ​ပေါက်ကြားအောင် ​လုပ်တဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​စုံစမ်းမှုတွေ ​လုပ်နေပြီလို့ ​အမေရိကန် ​အိမ်ဖြူတော်က ​ပြောပါတယ်။

အရင်နှစ်ကုန်ပိုင်းတုန်းက ​သြစတြေးလျနိုင်ငံမှာ ​ကျင်းပတဲ့ ​စက်မှုထိပ်သီးနိုင်ငံများ ​၂၀ ​G-20 ​အစည်းအဝေးကို ​တက်ရောက်နိုင်ဖို့ ​ပို့ပေးထားတဲ့ ​အမေရိကန် ​သမ္မတရဲ့ ​နိုင်ငံကူး ​လက်မှတ် ​အသေးစိတ်ကို ​သြစတြေးလျ ​လူဝင်မှုကြီးကြပ်ရေးဌာနက ​ပေါက်ကြားခဲ့တာလို့ ​ဆိုပါတယ်။

အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားရဲ့ ​နိုင်ငံကူးလက်မှတ်သာမက ​ရုရှားသမ္မတ ​ဘလာဒီမီယာ ​ပူတင်၊ ​ဂျာမနီ ​ဝန်ကြီးချုပ် ​Angela ​Merkel ​လို ​ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ​ပတ်စ်ပို့ ​အချက်အလက်တွေ ​ပေါက်ကြားသွားတာပါ။

ပတ်စ်ပို့နံပတ်တွေ၊ ​မွေးသက္ကရာဇ်တွေ၊ ​ဗီဇာအချက်အလက်တွေကို ​သြစတြေးလျ ​လူဝင်မှု ​ကြီးကြပ်ရေးဌာနက ​အာရှဖလား ​ဘောလုံးအဖွဲ့ချုပ်ရဲ့ ​ပွဲဖြစ်မြောက်ရေး ​ကော်မတီကို ​ပို့ပေးခဲ့တာပါ။

လူဝင်မှုကြီးကြပ်ရေးဌာနက ​အမှုထမ်းက ​မှားယွင်းစွာ ​ပို့ခဲ့မိတာဖြစ်ပြီး ​အဲဒီ ​အချက်အလက်တွေ ​မှားပို့မိပြီဆိုတာကို ​လက်ခံတဲ့လူက ​သိရှိတဲ့အတွက် ​တခြားလူတွေရဲ့ ​လက်ထဲ ​ထပ်မံ ​ဖြန့်ချီတာမျိုးတွေ ​မလုပ်ပဲ ​လက်ခံသူက ​ဖျက်လိုက်ပြီလို့ ​လူဝင်မှုကြီးကြပ်ရေးက ​ဖြေရှင်းထား ​ပါတယ်။

နေရပ်လိပ်စာတွေ၊ ​ဘဏ်စာရင်း ​အချက်အလက်တွေ ​မပါတဲ့အတွက် ​နိုင်ငံခေါင်းဆောင်တွေအတွက် ​အသက်အန္တရာယ် ​မဖြစ်လောက်ဘူးလို့ ​သြစတြေးလျက ​ယူဆခဲ့ပါတယ်။

နောက်နောင်ကျရင် ​အဲဒီလို ​အမှားမျိုး ​ထပ်မဖြစ်ရအောင် ​အရေးကြီးတဲ့ ​ပုဂ္ဂိုလ်တွေရဲ့ ​အကြောင်းပါဝင်တဲ့ ​အီးမေးလ်တွေကို ​ပို့မယ့် ​ကိစ္စမှာ ​အပြောင်းအလဲ ​လုပ်လိုက်ပြီလို့ ​သြစတြေးလျ ​နိုင်ငံက ​အဲဒီအချိန်တုန်းက ​တုန့်ပြန်ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

Monday, March 30, 2015

တပ်မတော်က ကန့်ကွက်တဲ့ ကာတွန်း ကိစ္စ မြန်မာတိုင်းမ် တုံ့ပြန်

မြန်မာတိုင်းမ် ဂျာနယ် ၂၅-၃၁ မတ်လ ၂၀၁၅ တွင် ပါရှိတဲ့ ကာတွန်းနဲ့ ပတ်သက်ပြီး မြန်မာတိုင်းမ်က လွန်စွာ စိတ်မကောင်း ဖြစ်ရကြောင်း တနင်္လာနေ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ သရော်စာ ကာတွန်း တခုကို တပ်မတော်က ကန့်ကွက်ကြောင်း အစိုးရ သတင်းစာ တွေမှာ ဖော်ပြ ပါရှိခဲ့ပြီးနောက် မြန်မာတိုင်းမ်က အခုလို ထုတ်ပြန်တာ ဖြစ်ပါတယ်။

ကာတွန်းကတော့ ''တောင်ကုန်းတွေကို စစ်တပ်က လိုက်သိမ်းနေပြီတဲ့'' လို့ တယောက်က ပြောတာကို နောက်တယောက်က ''လယ်မြေတွေ သိမ်းလို့ အားမရသေးဘူးနဲ့ တူပါရဲ့'' ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

တပ်မတော် ဘက်တော့ ဒါကို လောက်ကိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရည်ရွယ် ရေးဆွဲတယ် ဆိုပြီး ကန့်ကွက်ကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာတိုင်းမ် အယ်ဒီတာချုပ် ဦးသီဟစော ကတော့ ဒီကာတွန်းဟာ တပ်မတော် ဘက်က ထင်သလို မဟုတ်ပါဘူးလို့ ပြောပါတယ်။

အခုလို စစ်တပ်ကနေ သတင်းစာက တဆင့် ဖော်ပြ ကန့်ကွက်တာဟာ ဒါ ပထမဆုံး အကြိမ် ဖြစ်တယ်လို့လည်း ဦးသီဟစောက ပြောပါတယ်။

ရေးတဲ့ သူက ရည်ရွယ်ချက် တမျိုး ဖြစ်ပြီး၊ ဖတ်ရှုသူက တမျိုး နားလည်မှုတွေ မဖြစ်အောင် နောင်ကို သတိထား ဖော်ပြသွားဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese

သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့သူ တိုက်ခန်းပြန် အတောင်းခံရ

မစုပုံချစ် ပုံ/Photo: Su Pon Chit Facebook
ကိုယ်ခန္ဓာမသန်စွမ်းပေမဲ့ ပညာထူးချွန်သူ မစုပုံချစ်ကို သက်ဆိုင်ရာက နေထိုင်ခွင့်ပေးထားတဲ့ တိုက်ခန်းကနေ မနက်ဖြန် နောက်ဆုံးထားပြောင်းရွှေ့ပေးဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး သပိတ်မှောက်နေတဲ့ ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်းမှာ ပါဝင် ခဲ့ပြီးတဲ့နောက် အခုလို အမိန့်ထုတ်ပြန်ခဲ့တာလို့ မစုပုံချစ်က ပြောပါတယ်။

"ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ညီမလိုက်တယ်၊ ဖေဖော် ဝါရီ ၉ ရက်နေ့မှာ သတင်းစာမှာပါတယ်၊ ဖေဖော်ဝါရီ ၁ဝ ရက်နေ့မှာ ဒုတိယအကြိမ်စာထုတ်တယ်၊ ညီမ ကတော့ ပတ်သက်မှုရှိတယ်လို့ထင်ပါတယ်၊ သူတို့ရဲ့ အကြောင်းပြချက်ကို သူတို့ပဲသိမှာပေါ့နော်၊ ညီမက သူတို့အကူအညီတောင်းတဲ့ ကိစ္စတွေအကုန်လုံးကို ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီအထိ ညီမလုပ်ပေးခဲ့တယ်၊ ဒါပေမဲ့ ညီမ ဒီဇင်ဘာ ၇ ရက်နေ့မှာ အိမ်ပြန်တယ်၊ ဒီဇင်ဘာ ၈ ရက်နေ့မှာ ညီမကို ဒီလိုသိမ်းတဲ့အတွက်ကြောင့်မို့ ညီမခုချိန်အထိ နားမလည်နိုင်သေးဘူး၊ သူတို့လုပ်ခိုင်းတဲ့ အလုပ်တွေ လုပ်ပေးပြီးတဲ့အချိန်မှာပဲ သူတို့ကညီမကို အိမ်ခန်းကို ပြန်အပ်နှံခိုင်းတာပေါ့နော်"

သူ့ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ကစပြီး ရွှေဂုံတိုင်ကလေးပြုစုစောင့်ရှောက်ရေးဝင်းထဲမှာ နေထိုင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
မစုပုံချစ် ဟာ ကြို့ကုန်းနည်းပညာတက္ကသိုလ်မှာ ဘွဲ့လွန်ပညာသင်ကြားနေဆဲဖြစ်ပြီး သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်ကလည်း မဟာသိပ္ပံဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တိုက်ခန်းကိုပြန်လည်ပေးအပ်ဖို့ ပထမအကြိမ် သတိပေးစာထုတ်ပြန်ပြီးကတည်းက မစုပုံချစ်က ညောင်တုန်းမြို့မှာ မိဘတွေနဲ့အတူ ပြန်လည်နေထိုင်နေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

အရပ်ခြောက်ပေကျော် ချစ်သူကိုပိုင်ဆိုင်ထားတဲ့ လူပုလေးရဲ့အချစ်ဇာတ်လမ်း


အရပ်ခြောက်ပေကျော် ချစ်သူကိုပိုင်ဆိုင်ထားတဲ့ လူပုလေးရဲ့အချစ်ဇာတ်လမ်း
30, March 2015
Total View : 112
ထူးခြားဆန်းပြားတဲ့ အချစ်ရေးကိစ္စတွေ များစွာရှိတဲ့အထဲကမှ လူပုကလေးခရက်ဖ်နဲ့ လိင်အင်္ဂါ ပြောင်းလဲထားသူ ချိုင်းနားဘဲလ်တို့ရဲ့ ဇာတ်လမ်းကတော့ ဒီနေ့ရေပန်းစားနေပါတယ်။
အရပ် ၄ ပေ ၄ လက်မသာရှိတဲ့ လူပုကလေး ခရက်ဖ်ဟာ ဝိတ်မသူတစ်ယောက်ဖြစ်ပြီး ၃၆ စတုန်အထိ မ,မြှောက်နိုင်သူဖြစ်ပါတယ်။ ဖလော်ရီဒါမှာနေတဲ့ လူပုကလေး ခရက်ဖ်ဟာ လွန်ခဲ့တဲ့ ခြောက်လက မိန်းကလေး တစ်ဦးနဲ့ ချိန်းတွေ့ပြီး ချစ်သူတွေ ဖြစ်သွားခဲ့ကြတာပါ။ ထူးခြားတာက ခရက်ဖ်ရဲ့ ကောင်မလေးဟာ အရပ် ၆ ပေ ၃ လက်မအထိရှိနေတာပါပဲ။ ခရက်ဖ်ဟာ အရပ်ပုလွန်းတဲ့အတွက် ချစ်သူနှစ်ယောက် ယှဉ်ပြီးလမ်းလျှောက်ရင် ကောင်မလေး ဘဲလ်ရဲ့ခြေထောက်က ခရက်ဖ်ထက် ပိုရှည်နေပါတယ်။ ပိုပြီးထူးခြားတာကတော့ ချိုင်းနားဘဲလ်ဟာ မူလက အမျိုးသားတစ်ဦးဖြစ်ပြီး လိင်အင်္ဂါ ခွဲစိပ်ကုသမှု ခံယူကာ အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲထားတာဖြစ်ပါတယ်။
ခရက်ဖ်က အရပ်ပုပေမယ့် အလေးမနေတဲ့ အချိန်ဆိုရင် အရမ်းကိုဆွဲဆောင်မှုရှိတဲ့သူလို့ သူ့ကောင်မလေးက ပြောပါတယ်။ သူတို့နှစ်ယောက်လုံး သာမန်လူတွေနဲ့ မတူတဲ့အချက်ကိုယ်စီရှိကြလို့ မတူသူနှစ်ဦးပေါင်းစပ်တဲ့ အခါပိုပြီးအဆင်ပြေကြောင်း ဘဲလ်က ပြောပြပါတယ်။ ‘‘ ကျွန်တော်က ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး သူဖြစ်မယ်ထင်တယ်။ သူမနဲ့ ကျွန်တော်လက်ထပ်လို့ရတယ်လေ။ ဖလော်ရီဒါမှာ လိင်တူခြင်း လက်ထပ်လို့ ရတဲ့ ဥပဒေရှိတာပဲ မဟုတ်လား’’ လို့ လူပုလေး ခရက်ဖ်ကလည်း ပြောပါတယ်။

Ref - dailymail

အိုင်ဖုန်းသိမ်းယူထားတဲ့ မိခင်ဖြစ်သူကိုသမီးက အဆိပ်ခတ်သတ်ရန် ကြိုးပမ်း


ကိုလိုရာဒို-

အိုင်ဖုန်းသိမ်းယူထားလို့ မိခင် ဖြစ်သူကို သမီးက အဆိပ်ခတ်သတ်ရန်ကြိုး စားခဲ့တဲ့ ဖြစ်ရပ်တစ်ခု အမေရိကန်နိုင်ငံ ကို လိုရာဒိုပြည်နယ် မှာ ဖြစ်ပွားခဲ့ ပါတယ်။

အဆိုပါဖြစ်ရပ်ကတော့ အသက် ၁၂နှစ်အရွယ်ခန့်သာရှိသေးတဲ့ မိန်းကလေး ငယ်ဟာ သူမရဲ့အိုင်ဖုန်းကို သိမ်းယူထား တဲ့မိခင်ကို လက်စားပြန်ချေတဲ့ အနေနဲ့ နှစ် ကြိမ်တိတိ အဆိပ်ခတ်သတ်ရန် ကြိုးပမ်း ခဲ့ပေမယ့် သူမရဲ့လက်စားချေမှုဟာ မအောင် မြင်ခဲ့ပါဘူး။


မိန်းကလေးရဲ့ ပထမအကြိမ် မိခင်ကို အဆိပ်ခတ်သတ်ရန် ကြိုးပမ်းပုံ က တော့ သူမရဲ့အမေအသုံးပြုနေတဲ့ ဖန်ခွက် မှာ လူကိုသေစေနိုင်တဲ့ အရောင်ချွတ်ဆေး သုတ်လိမ်းပေးခဲ့ပြီး ယင်းခွက်နှင့် ရေသောက် သုံးမိခဲ့တဲ့မိခင်မှာ အသက်မသေဘဲ နေ မကောင်းရုံလောက်သာ ခံစားခဲ့ရပါတယ်။

မိခင်ဖြစ်သူ Prentup ကတော့ ''ဖန်ခွက်ကို အရောင်ချွတ်ဆေး သုတ်လိမ်း နေတယ်လို့မထင်ဘဲ သန့်ရှင်းပေးနေတယ် လို့သာ ထင်ခဲ့တာပါ။ ပထမအကြိမ် သတ် တာ မအောင်မြင်တော့ နှစ်ပတ်လောက်အ ကြာမှာ ကျွန်မအိပ်ရာထဲမှာ အဆိပ်ခတ် ထားတဲ့ ဖန်ခွက်တစ်လုံးကို ထပ်ပြီး လာ ထားခဲ့တယ်''လို့ KDVR.TV ကို ပြောပြ ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သမီးဖြစ်သူ က သူမရဲ့အိုင်ဖုန်းကိုသိမ်းထားလို့ အဆိပ် ခတ်သတ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်တယ်လို့ သက်ဆိုင်ရာကို ပြောပြခဲ့ပါတယ်။ ယင်းသို့ ကြံစည်မှုဖြင့် အဆိုပါမိန်းကလေးကို သက် ဆိုင်ရာက အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရ ပါတယ်။


Ref: UPI
Yangon Media Group

အင်ဒီယားနားပြည်နယ် လမ်းမအလယ်က အမှတ်တရ အုတ်ဂူ

မခုန်တော့သည့် နှလုံးဖြင့် အစားထိုးကုသခြင်းကို ဥရောပတွင် ပထမဆုံးအကြိမ် လုပ်ဆောင်နိုင်



‘Dead’ hearts transplanted into living patients in world first



ကိန်းဘရစ်ရှိုင်းယား တက္ကသိုလ်မှ ခွဲစိတ် ဆရာဝန်ကြီး များသည် မခုန်တော့သည့် နှလုံးကို အသုံးပြုကာ အစားထိုး ကုသမှု ပထမဆုံး အကြိမ် အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ကြောင်း သိရသည်။

နှလုံးအလှူရှင် ထံမှ နှလုံးကို အလှူရှင် သေအံ့မူးမူး ဖြစ်နေပြီး နှလုံးနှင့် အဆုတ်တို့  အလုပ် မလုပ်တော့ဘဲ သွေးလည်ပတ်မှု ရပ်ဆိုင်း သွားသည့် အချိန်တွင် ထုတ်ယူ လိုက်ပြီး အခြား လူနာတွင် အစားထိုး ကုသပေးခြင်း ဖြစ်သည်။ နှလုံးခုန် ရပ်တန့်သွားပြီ ဖြစ်သည့် နှလုံးဖြင့် အစားထိုး ခွဲစိတ်ကုသမှု မျိုးကို ဥရောပတွင် ပထမဆုံး အကြိမ် အောင်မြင် လိုက်ခြင်းပင် ဖြစ်ပြီး ဤ အောင်မြင်မှု ကြောင့် နောက်ပိုင်း တွင် နှလုံး အစားထိုး ကုသမှုများ ယခင်ကထက် ၂၅ ရာခိုင်နှုန်း ပို၍ အောင်မြင် လာနိုင်ဖွယ် ရှိကြောင်း သိရသည်။

UK တွင် လွန်ခဲ့သော ၁၂ လအတွင်း နှလုံးအစားထိုး ခွဲစိတ်ကုမှု (၁၇၁)ကြိမ် ပြုလုပ်ခဲ့ရာ ၄င်းတို့ အားလုံးမှာ ခုန်နေဆဲ နှလုံးဖြင့် အစားထိုး ကုသမှု ဖြစ်ကြောင်း၊ နှလုံးမခုန် တော့သည့် ခန္ဓာကိုယ် အလှူရှင် ထံမှ ကျောက်ကပ်၊ အသည်းနှင့် အခြားအင်္ဂါ အစိတ်အပိုင်း များကိုသာ ထုတ်ယူ နိုင်ခဲ့ကြောင်း၊ မခုန်တော့သည့် နှလုံးကို အစားထိုး ကုသရန် ဆေးပညာရှင်များ မဝံ့ရဲ ခဲ့ကြောင်း၊ လူနာများသည် နှလုံး အစားထိုး ကုသမှု ခံယူခွင့် ရရှိရန် အနည်းဆုံး သုံးနှစ် စောင့်ဆိုင်းရလေ့ ရှိပြီး အချို့မှာလည်း နှလုံးမရရှိမီ သေဆုံးကြောင်း၊ ထို့ကြောင့် ခုန်နေဆဲ နှလုံးထက် ပို၍လွယ်ကူစွာ ရရှိနိုင်သော မခုန်တော့သည့် နှလုံးဖြင့် အစားထိုး ကုသမှုကို ပထမဆုံး အကြိမ် စမ်းသပ် ကြည့်ရာမှ အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PyiChitThar

အာကာသအတွင်း ၁၂လကြာ နေထိုင်မည့် အာကာသသူရဲနှစ်ဦး နိုင်ငံတကာ အာကာသစခန်းသို့ ရောက်ရှိ



NASA astronaut Scott Kelly (bottom left) and Russian cosmonauts Gennady Padalka (bottom center) and Mikhail Kornienko (bottom right) are seen on the International Space Station after arriving at the outpost on March 27, 2015. Kelly and Kornienko are beginning a one-year mission to the station. In the top row are (from left): Samantha Cristoforetti of ESA, Anton Shkaplerov of Russia and Terry Virts of NASA.

နိုင်ငံတကာ အာကာသစခန်း သမိုင်းတွင် အာကာသ သူရဲများ အားလုံး ခြောက်လသာ တာဝန် ထမ်းဆောင်ခြင်း ရှိခဲ့သော်လည်း ယခုအခါ ပထမဆုံး အကြိမ်အဖြစ် ၁၂ လကြာ နေထိုင်သွားမည့် အာကာသ သူရဲနှစ်ဦးမှာ အာကာသ စခန်းသို့ ရောက်ရှိပြီဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ အမေရိကန် အာကာသယာဉ်မှူး စကော့ကယ်လီ နှင့် ရုရှားနက္ခတ်တာရာ ပညာရှင် မစ်ခိုင်ကော်နီယင်ကို တို့ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ မြေမျက်နှာပြင်မှ အမြင့်မိုင် ၂၅ဝ တွင် လှည့်ပတ် နေသော နိုင်ငံတကာ အာကာသစခန်း ပေါ်တွင် ၄င်းတို့နှစ်ဦးက အချိန် အကြာဆုံး နေထိုင်သွားမည် ဖြစ်ပြီး ၄င်းတို့ နှစ်ဦးကို တင်ဆောင် ထားသော Soyuz အာကာသယာဉ် သည် နိုင်ငံတကာ အာကာသစခန်း သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း NASA က ထုတ်ပြန် ကြေညာသည်။

ဆွဲငင်အား မိုက်ခရို အဆင့်သာ ရှိသော အခြေအနေတွင် ၁၂ လကြာ နေထိုင်ခြင်းဖြင့် လူ့ခန္ဓာကိုယ် ၌ မည်ကဲ့သို့သော အကျိုး သက်ရောက်မှုများ ဖြစ်လာ နိုင်သည်ကို သိပ္ပံပညာရှင် များက လေ့လာလို ကြပြီး တွေ့ရှိချက် များက အင်္ဂါဂြိုဟ် အပေါ် လူသားများအား စေလွှတ် နေထိုင်ခိုင်း ရာတွင် များစွာ အထောက်အကူ ပြုမည်ဟု ယုံကြည် ကြသည်။

ကယ်လီ နှင့် ကော်နီယင်ကို တို့နှစ်ဦး လိုက်ပါထားသော Soyuz ယာဉ်ကို ကာဇက်ကစ္စတန် နိုင်ငံ၊ ဘိုင်ကိုနူ ဒုံးလွှတ်စင်မှ မတ်၂၈ ရက် စနေနေ့က လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး နက္ခတ်ပညာရှင် ဂယ်နဒီပဒေါ်ကာ လည်း လိုက်ပါသွား ခဲ့သော်လည်း ပဒေါ်ကာ သည် ပုံမှန်အတိုင်း ခြောက်လသာ နေထိုင်ရန် ဖြစ်သည်။

ကယ်လီ နှင့် ကော်နီယင်ကို တို့နှစ်ဦးသည် နိုင်ငံတကာ အာကာသ စခန်းတွင် ခြောက်လထက် ပို၍ ပထမဆုံး နေထိုင်ကြမည့် သူများ ဖြစ်လာသော်လည်း အာကာသထဲ တွင် ခြောက်လထက် ပို၍ ပထမဆုံး နေထိုင်သူများ ဖြစ်လာမည် မဟုတ်ပေ။ ရုရှားနိုင်ငံ၏ Mir အာကာသ စခန်းတွင် အာကာသ ယာဉ်မှူး များသည် ၁၂ လထက်ပင် ပို၍ နေထိုင် ဖူးကြောင်း သိရသည်။

One-Year Crew Begins Epic Trip on International Space Station

#PyiChitThar

စက်မှုဇုန်များတွင် တည်ဆောက်မည့် အဆောက်အအုံများ၏ ခေါင်မိုးများကို သစ်ပင်စိုက်ရန် နှင့် ဆိုလာပြားများ တပ်ဆင်ရန် ဥပဒေထုတ်ပြန်


France decrees new rooftops must be covered in plants or solar panels



ပြင်သစ်နိုင်ငံ စီးပွားရေးဇုန် များတွင် အသစ ဆောက်လုပ် ခဲ့သည့် အဆောက်အအုံ မှန်သမျှ၏ ခေါင်မိုးများတွင် သစ်ပင်၊ ပန်းပင်များ (သို့) ဆိုလာပြားများ တပ်ဆင် ဆောက်လုပ် ရမည့် ဥပဒေသစ် ထုတ်ပြန် လိုက်ကြောင်း သိရသည်။

အဆောက်အအုံ များ၏ အမိုးများတွင် အစိမ်းရောင်ဖြင့် စိုစိုပြည်ပြည် ဖြစ်နေစေ ရမည်ဟု ညွှန်ကြားထား ခြင်းကြောင့် ကောင်းမွန်သော ပတ်ဝန်းကျင် အကျိုး ကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည်။

သစ်ပင်များ၊ မြက်ခင်းများနှင့် ပန်းမန်၏ အဆောက်အအုံ အမိုးပေါ်တွင် ရှိနေခြင်းကြောင့် နွေရာသီတွင် ပူလောင်ခြင်းနှင့် ဆောင်းရာသီတွင် အအေးလွန်ခြင်း စသည့် အစွန်းနှစ်ခုမှ ကင်းလွတ်စေမည် ဖြစ်သည်။ မိုးရာသီ တွင်လည်း သစ်ပင်များ၊ မြက်ခင်းများက မိုးရေများ စုပ်ယူ ထားလေ့ရှိရာ ရေမြောင်းများ ရေလျှံခြင်းကို ထိန်းသိမ်း ပေးသွားမည်ဟု ရှင်းပြ ထားသည်။

သစ်ပင် ပန်းမန်များ ရှိနေခြင်းကြောင့် ငှက်ကလေးများ အတွက်လည်း နားခိုစရာများ ပိုမို ရရှိစေလာမည် ဖြစ်ကြောင်း မြို့ပြ ပတ်ဝန်းကျင တစ်ခုရှိ လေထုသည် သိသိသာသာ သန့်ရှင်းလတ်ဆတ် လာခြင်းကြောင့် စသည့် အကျိုးများ ရရှိ လာနိုင်သည်။ အဆောက်အအုံ များ၏ အမိုးပေါ်တွင် သစ်ပင်၊ ပန်းပင်များနှင့် စိမ်းစို နေခြင်းကြောင့် ယခင်က ပူလောင်အိုက်စပ် နေလေ့ရှိသော မြို့ပြများ၏ ပတ်ဝန်းကျင်ကို သိသိသာသာ ပြောင်းလဲ သွားစေနိုင်ကြောင်း၊ အပူရှိန်ကို ထင်သာ မြင်သာ လျှော့ချ သွားစေ နိုင်သည်။

နိုင်ငံအတွင်းရှိ အဆောက်အအုံ များ၏ ခေါင်မိုးများတွင် စိမ်းရောင်စိုရေး တို့ကို ပြင်သစ် ပါလီမန်က ဥပဒေဖြင့် အတည်ပြု ပေးလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် သစ်ပင်ပန်းပင် များကို နေရောင်ခြည်မှ လျှပ်စစ်ဓာတ်အား ထုတ်လွှတ် ပေးသော ဆိုလာပြားများ တပ်ဆင်ခြင်း နှင့် သစ်ရွက်များ တင်ထားခြင်း တို့ကိုပါ ဥပဒေက ခွင့်ပြုထားသည်။

ပါရီမြို့တော်တွင် ယခုနှစ် ကုန်ပိုင်း ကုလသမဂ္ဂ အဖွဲ့၏ ကမ္ဘာ့ ရာသီဥတု ဆိုင်ရာ ထိပ်သီး အစည်းအဝေး ကျင်းပရန် ရှိသည်။ ထို့ကြောင့် အစည်းအဝေး အမီ ပြင်သစ်မြို့ကြီး ပြကြီးများ၏ ''မြေယာ ရှုခင်းများ'' အပြောင်းအလဲ ကို ကမ္ဘာ့ ခေါင်းဆောင်များ တွေ့မြင်သွား စေရန် ပြင်သစ် အစိုးရက လိုလား နေကြောင်း သိရသည်။

#PyiChitThar

၂၀၁၅ ထဲမှာ ရုပ်ရှင်ကားကြီး ၅ ကား လက်ခံထားတဲ့ အိချောပို


၂၀၁၅ ထဲမှာ ရုပ်ရှင်ကားကြီး ၅ ကား လက်ခံထားပြီး ၂ကားမြောက်ကို နေပြည်တော်မှာ ဒီလ ၂၇ရက်နေ့ သွားရောက်ရိုက်ကူးမယ်လို့သိရပြီး ဒီကားဟာ ထူးခြားဆန်းပြားတဲ့ ပျူခေတ် တစ်ခေတ်တစ်ခါကို ပြန်လည်ရိုက်ကူးပုံဖော်မဲ့ ရုပ်ရှင်ကားကြီးလို့ ဆိုပါတယ်။
“ကားနာမည်က အော်တိုဘုရင်တဲ့။ ဒီ ၂၇ မှာ နေပြည်တော် သွားရိုက်မယ်။ ဒါရိုက်တာက ဦးညီညီထွန်းလွင်၊ တွဲဖက်ဒါရိုက်တာက ကိုသြရသပါမယ်။ ဦးဇာဂနာရယ်၊ ကိုကျော်ကျော်ဗိုရယ် တခြားသရုပ်ဆောင်တွေ အများကြီးပါပါတယ်။ ပျူခေတ်ပုံစံပေါ့။ ပျူခေတ်မိဖုရားဘုရင်မ ပုံစံဝတ်ရမယ်။ နောက်ဘ၀အဆက်ဆက် ခေတ်အဆက်ဆက် ကိုကျော်ကျော်ဗိုနဲ့ကွဲတာပေါ့။ ရှင်မွှေးလွန်း၊ မင်းနန္ဒာ၊ ရိုမီယိုနဲ့ ဂျူးလိယက်လိုပုံစံလေးတွေလဲ ပါတယ်။ အရင်ခေတ်ကပုံစံကို ပုံဖော်ရိုက်ကူးမှာပါ။ ၀တ်ရမှာလဲ ရာဇ၀င်အ၀တ်အစားတွေပဲ။ ပျူခေတ်အ၀တ်အစားကိုတော့ သူတို့စီစဉ်ပေးတယ်။ ရှင်မွှေးလွန်း၊ မင်းနန္ဒာနဲ့ ၊ ရိုမီယို၊ ဂျူးလိယက်ဝတ်စုံကတော့ ကိုကျော်ကျော်ဗိုနဲ့တိုင်ပင်ပြီးစီစဉ်ဖြစ်ပါတယ်”လို့ သူမက ပြောပါတယ်။
ဒီနှစ်အတွင်း ရိုက်ကူးထားတဲ့ ကားကြီးတွေနဲ့ ပတ်သက်ပြီးတော့လည်း သူမက “ကားကြီးက နှစ်ကားရှိပြီ။ ရှေ့မှာ ငပလီမှာ ဟန်းနီးမွန်းဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ထားတယ်။ ဒါရိုက်တာက ကိုဇော် ( အရုဏ်ဦး ) ၊ ဦးကျော်ရဲအောင်ရယ်၊ ကိုမြင့်မြတ်ရယ်၊ ကိုကျော်ကျော်ဗိုရယ်၊ အိချောရယ်၊ ရွှေမှုန်ရတီရယ်ပါ။ ရုပ်ရှင်ကားကြီးဆို ကိုယ့်အတွက် လုပ်ကွက်ရပြီး နေရာရတယ်ဆိုရင် ရိုက်ပါတယ်။ ဒီနှစ်အတွက် ရုံတင်ကားကြီး အနေနဲ့ကတော့ စုစုပေါင်း ၅ကား လက်ခံထားတာပါ”တဲ့။
လက်ရှိမှာ သူမဟာ အစွဲချွတ်ပွဲဆိုတဲ့ ကားကို ဇေရဲထက်နဲ့ရိုက်ကူးနေပြီး ဘော်ကျော့နေတဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်
 http://www.trend.com.mm/2015/03/30/yollywood-6191

၂၀၁၅ အတွက် ကလေးများရွေးချယ်သော ဆုပေးပွဲမှာ ဗီလိန်ဆုကို Maleficent ဇာတ်ရုပ်နဲ့ Angelina Jolie ရရှိ


Angelina Jolie ဟာ သူမရဲ့ သမီး ၂ ယောက်ဖြစ်တဲ့ Shiloh နဲ့ Zahara တို့ကို ခေါ်ပြီး ၂၀၁၅ခုနှစ်အတွက် ကလေးများရွေးချယ်သော 2015 Kids’ Choice Award ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။
Shiloh နဲ့ Zahara တို့ ၂ ယောက်ဟာ သူတို့ရဲ့မိခင်က လူကြိုက်အများဆုံး ဗီလိန်ဆုကို Maleficent ဇာတ်ရုပ်နဲ့ ရရှိခဲ့တဲ့ အခါမှာတော့ ထိုင်ခုံကနေ ထပြီး သူတို့ မိခင်အတွက် ပျော်ရွှင်ခဲ့ရပါတယ်။
ထိုပွဲမှာ Angelina  Jolie က ပရိတ်သတ်တွေအတွက် မိန့်ခွန်းစကား တစ်ခုကိုပြောခဲ့ပါတယ်။
“မတူညီတာဟာ ကောင်းပါတယ်။ ဒါကြောင့် အံဝင်ခွင်ကျ မဖြစ်ပါစေနဲ့။ ဒီအတိုင်းပဲ ထိုင်မနေပါနဲ့။ သင်ဘာလဲ ဆိုတာထက် လျော့နည်းသွားအောင်လည်း မကြိုးစားပါနဲ့။ ပြီးတော့ တစ်ယောက်ယောက်က သင့်ကို မတူညီဘူးလို့ ပြောလာတဲ့အခါမှာ ပြုံးလိုက်ပါ။ ပြီးရင် ခေါင်းကို မော့ထားလိုက်ပြီး ဂုဏ်ယူလိုက်ပါ” လို့ Jolie က ပြောခဲ့ပါတယ်။
ဒါဟာ Angelina Jolie အတွက် ကင်ဆာရောဂါကို ရင်ဆိုင်ဖို့အတွက် မမျိုးအိမ် နဲ့ သားအိမ်ပြွန်တွေ ခွဲစိတ် ဖယ်ရှားပြီးတဲ့နောက် ပထမဆုံး ပရိတ်သတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာတဲ့ အခမ်းအနားပဲဖြစ်ပါတယ်။
ထိုပွဲမှာ အခြားဆုရရှိခဲ့တဲ့ သူတွေကတော့ -
Favorite Movie Actress - Emma Stone (The Amazing Spider-Man 2)
Favorite Family TV Show - Modern Family
Favorite TV Show - Austin & Ally
Favorite TV Actress - Laura Marano (Austin & Ally)
Favorite TV Actor - Ross Lynch (Austin & Ally)
Favorite Cartoon - Spongebob Squarepants
Favorite New Music Artist - Fifth Harmony
Favorite Movie - The Hunger Games: Mockingjay -Part 1
Favorite Male Action Star - Liam Hemsworth (The Hunger Games: Mockingjay - Part 1)
Favorite Movie Actor - Ben Stiller (Night at the Museum: Secret of the Tomb)
Favorite Talent Competition Show - The Voice
Favorite Animated Movie - Big Hero 6
Favorite Female Action Star - Jennifer Lawrence (Hunger Games: Mockingjay - Part 1)
Favorite Music Group - One Direction
Favorite Book - Diary of a Wimpy Kid series
Most Addicting Game - Minecraft
Favorite Reality Show - Dance Moms
Favorite Villain - Angelina Jolie (Maleficent)
Favorite Male Singer - Nick Jonas
Favorite Female Singer - Selena Gomez
Favorite Song of the Year - Bang Bang by Jessie J, Ariana Grande & Nicki Minaj တို့ပဲဖြစ်ပါတယ်။

Ref:starpulse
http://www.trend.com.mm/2015/03/30/hollywood-6203

ယောကျာင်္းလေးတွေ သူ့ချစ်သူကောင်မလေးကို ဖွင့်မပြောတဲ့ အကြောင်းအရာများ




မိန်းကလေးတွေဟာ ခံစားလွယ်တတ်သူတွေဖြစ်သလို စကားများတဲ့သူ တွေလည်းဖြစ်ပါတယ်။ သူတို့စိတ်ထဲမှာ ဖြစ်ပေါ်လာတာတွေကို ထိန်ချန်မထားပဲ ပြောပြလေ့ရှိပေမယ့် ယောကျာင်္းလေးတွေကတော့ သူတို့စိတ်ထဲမှာ ဖြစ်နေတဲ့အတိုင်း ဖွင့်ပြောလေ့မရှိပါဘူး။ ချစ်သူရည်းစား ၂ ယောက်မှာလည်း ယောကျာင်္းလေးက မိန်းကလေးကို အရာရာပြောပြတယ် ဆိုပေမယ့် ဖွင့်မပြောတဲ့ အကြောင်းအရာလေးတွေ ရှိနေပါတယ်။ တစ်ကယ်တော့ အဲဒီအကြောင်းအရာတွေက ချစ်သူ ၂ ယောက် ဆက်ဆံရေး အဆင်ပြေစေဖို့အတွက် ဖွင့်ပြောလိုက်ဖို့လိုပါတယ်။ အဲဒါတွေကတော့ -
၁။ မင်းအရမ်း လှတယ်
ဘယ်မိန်းကလေးမဆို လှတယ်ပြောရင် သဘောကျကြပါတယ်။ ဒါပေယ့် တစ်ချို့ ယောကျာင်္းလေးတွေကတော့ သူတို့ချစ်သူကို လှတယ်ပြောလိုက်ရင် မာန်တက်ပြီး ကိုယ့်ထက်သာတဲ့လူ ရှာသွားမှာကို စိတ်ပူပြီး မပြောကြပါဘူး။ အမှန်တစ်ကယ်တော့ ကိုယ့်ချစ်သူကို နေ့စဉ် လှတယ် ဆိုတဲ့ စကားကို ပြောပေးခြင်းဟာ သူမကို စိတ်ချမ်းသာအောင် ပြုလုပ်ပေးလိုက်တာပါပဲ။
၂။ သတိရတယ်
ယောကျာင်္းလေးတစ်ယောက် အနေနဲ့ သူ့ချစ်သူကောင်မလေးကို တစ်ကယ်ချစ်ရင် သတိရတဲ့ အကြောင်းတွေ  ဖွင့်ပြောဖို့ လိုအပ်ပါလိမ့်မယ်။ တစ်ချို့ ယောကျာင်္းလေးတွေက သတိရတဲ့ အကြောင်းတွေ ပြောဖို့ ရှက်ကြပါတယ်။ ဒါကြောင့် သတိမရတဲ့ ပုံစံမျိုးနေတတ်ပါတယ်။ ဒါဟာ မှားယွင်းတဲ့ အပြုအမူတစ်ခုပါပဲ။
၃။ တစ်ယောက်တည်း မဖြစ်နိုင်ဘူး
မိန်းကလေးတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ တစ်ယောက်တည်း ဘ၀ကို ဖြတ်သန်းဖို့ မဖြစ်နိုင်တော့ပါဘူး။ အဲဒီလိုပဲ ယောကျာင်္းလေးတွေဟာလည်း ဘ၀ကို တစ်ယောက်တည်းဖြတ်သန်းရဲတဲ့ သတ္တိမျိုး မရှိကြပါဘူး။ ဒါမေယ့်လည်း ဒါကို ဖွင့်မပြောချင်ကြပါဘူး။ အထာကိုင်နေတတ်ကြပါတယ်။ အမှန်တော့ ချစ်သူရည်းစား ရယ်လို့ဖြစ်လာကတည်း နှစ်ယောက်ဖြစ်နေပါပြီ။ အဲဒီအချိန်မှာ တစ်ယောက်တည်းတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။
၎။ ယောကျာင်္းလေး သူငယ်ချင်းတွေကို သဘောမကျဘူး
ကိုယ့်ချစ်သူ မိန်းကလေးက သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါမှာ ယောကျာင်္းလေးတွေဘက်က ကြည်ကြည်ဖြူဖြူ ရှိတတ်ပေမယ့် အပြင်သွားတဲ့ သူငယ်ချင်းတွေက ယောကျာင်္းလေးတွေဆိုရင်တော့ ကိုယ့်ချစ်သူက နေမထထိုင်မသာ ဖြစ်နေမယ်ဆိုတာကို မိန်းကလေးတွေ သတိပြုဖို့လိုပါတယ်။ မိန်းကလေးတွေ မှာ သ၀န်တိုတတ်တဲ့ စိတ်များသလိုပဲ ယောကျာင်္းလေးတွေမှာလည်း သ၀န်တိုတတ်တဲ့စိတ် အပြည့်ရှိပါတယ်။ ဖွင့်မပြောတာပါ။ ဖွင့်ပြောဖို့လည်း လိုအပ်ပါတယ်။
Ref:en.amerikanki
 http://www.trend.com.mm/2015/03/30/relationships-6210

အသက် ၂၆ နှစ်ပြည့်မွေးနေ့ ကို ရည်စူးပြီး ၅ လပိုင်း ၁ ရက်နေ့မှာ ပဉ္ဖင်းတက်ဖို့ရှိတဲ့ ဥာဏ်လင်းအောင်

ပရိသတ်တွေ ချစ်ခင်အားပေးနေကြတဲ့ အဆိုတော် ဥာဏ်လင်းအောင်တစ်ယောက် အချစ်ကို ကြောက်လို့ လူပျိုကြီး လုပ်မယ်လို့အင်တာဗျူးတိုင်းမှာ ပြောပြတတ်ပေမဲ့ လက်ရှိမှာတော့  တက်သစ်စ မော်ဒယ်လ် လမင်းအိမ်နဲ့ချစ်သူတွေ ဖြစ်သွားပြီဆိုတဲ့အကြောင်း သတင်းတွေ ထွက်လာတာမို့ မေးကြည့်လိုက်တဲ့အခါ “ကျွန်တော် အချစ်ကို ကြောက်လို့ အချစ်ရေးကို မစဉ်းစားဘူးလို့ဆုံးဖြတ်ပြီး လူပျိုကြီးလုပ်ဖို့အထိ ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ ကံကြမ္မာရဲ့ ဖန်တီးပေးမှုအရ ကျွန်တော့်အပေါ် သည်းခံနားလည် ပေးနိုင်တဲ့ အေးဆေးတဲ့ မိန်းကလေးတစ်ယောက်နဲ့ မမျှော်လင့်ပဲ တွေ့ဆုံခဲ့တယ်။ ဖူးစာလို့ပဲ ပြောရမှာပေါ့နော်။ ကျွန်တော်နဲ့သူ ချစ်သူဖြစ်တာ ၁ လတောင် မပြည့်သေးပါဘူး။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့လက်တွဲသွားမှာပါ။ ကျွန်တော်လဲ သူနဲ့တွဲနေလို့ ပရိသတ် အားပေးမှုလျော့မှာ ကြောက်တာမျိုး မရှိပါဘူး။ ပရိသတ်တွေလဲ နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ချစ်တတ်တဲ့သူ တစ်ယောက်ပါ။” လို့ သူက ပြောပြခဲ့ပါတယ်။
၂၀၁၅ သင်္ကြန်ကို ဘယ်လိုဖြတ်သန်းမယ်ဆိုတာကိုတော့ သူက “ကျွန်တော်ဒီနှစ်သင်္ကြန် ပဲခုးတိုင်းဒေသကြီး မဏ္ဍပ်မှာရှိပါမယ်။ ကျွန်တော်အပြင် နန်းဆု၊ စန္ဒီမြင့်လွင်၊ ဂျင်းနီ၊ သဇင်ရယ် ပါတယ်လို့ပြောတယ်။ မိန်းကလေးထဲကတော့ တော်တော်များတယ်။ ယောကျာ်းလေးကတော့ ကျွန်တော်ရယ်၊ ဦးဂျေညီညီရယ်၊ ကိုမာရဇ္ဖရယ်ပါ။ သင်္ကြန်ပြီး ဧပရယ် ၂၄ မှာ နှစ်တိုင်းလုပ်တဲ့ ကိုးဘွဲ့ရ ဆရာတော်ရဲ့ ဗုဒ္ဒဘာသာသင်တန်းအဖွင့်အပိတ်ပွဲ အဲ့ဒီမှာ အမြဲတမ်း ကျွန်တော်သွားပြီး ဆိုပေးဖြစ်တယ်။ ကျန်တဲ့ တစ်နှစ်ကတော့ ရန်ကုန်မှာပဲလုပ်တယ်။ ဒီနှစ်ကတော့ ပဲခူးမှာ လုပ်မယ်ဆိုတော့ ပိတ်ပွဲရက် ၂၄ ရက်နေ့မှာ သွားပြီး ကူညီသီဆိုပေးဖြစ်မယ်။ ဒီလက သင်္ကြန်လလဲ ဖြစ်တဲ့အခါကျတော့ ဂီတနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုကတော့ သိပ်မလုပ်ဖြစ်ဘူး။ ပရိုမိုးရှင်းပွဲတွေနဲ့ ရန်ပုံငွေပွဲလောက်ပဲ ရှိမယ်။ ပြီးတော့ ၅ လပိုင်း ၁ ရက်နေ့ကျမှ ကျွန်တော့်ရဲ့ ၂၆ နှစ်ပြည့်မွေးနေ့အတွက်ရယ် ကျွန်တော် ကိုယ်တိုင်က ပဉ္ဖင်းတက်ချင်တာကြောင့်ရယ် စမ်းချောင်း ဝေဠုဝန် ကျောင်းတိုက်မှာ ပဉ္ဖင်းတက်ဖို့ရှိတယ်။ ၃ ရက်လောက်ပေါ့။ မွေးနေ့က သင်္ကြန်မတိုင်ခင် ကြီးဆိုတော့ မအားတော့ ၅လပိုင်းမှပဲ ပဉ္ဖင်းတက်ဖြစ်ပါမယ်”တဲ့။
 http://www.trend.com.mm/2015/03/30/pop-6213

ဆေးခြောက်သောက်သုံးသူတွေ ဘာ့ကြောင့် လေးလံ ထိုင်းမှိုင်းရတယ်ဆိုတာ


ဆေးခြောက်သုံးရတာ အပန်းပြေတယ်ဆိုတာ မယုံမရှိပါနဲ့။ ပြဿနာက ဆေးခြောက်ကြောင့် အပန်းပြေတာ အရမ်းများသွားရင် နှုံးပြီးတော့ တက်တက်ကြွကြွမရှိတော့တာပါပဲ။
အပတ်စဉ် ပုံမှန်လိုလို ဆေးခြောက်သုံးနေတဲ့သူတွေမှာ မသုံးတဲ့သူတွေထက် ဒိုပါမင်း ပမာဏနည်းလာပါတယ်။ ဒိုပါမင်းဆိုတာ ဦးနှောက်နဲ့ ကိုယ်စိတ်လှုပ်ရှားမှုကို ဆက်စပ်ပေးတဲ့ အာရုံကြောဖြန့်ကျက်မှုဆိုင်ရာ ဓာတုဓါတ် တစ်မျိုးပါ။ ဆေးခြောက်အစွမ်းကြောင့် စိတ်ခံစားမှုတွေပြောင်းလဲလာပြီး ဆေးခြောက်သုံးသူတွေမှာ ဒိုပါမင်း ပမာဏများနေလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆခဲ့ကြပါတယ်။ လက်တွေ့မှာ PET ဦးနှောက်ဓါတ်မှန် ရိုက်ကြည့်လိုက်တဲ့အခါ ထင်ထားတာနဲ့တခြားစီဖြစ်နေတာကို အံ့သြစွာနဲ့ပဲ တွေ့ရှိခဲ့ကြ ပါတယ်။ ဆေးခြောက်သုံးတာ အကြိမ်ရေနည်းသူတွေထက် ဆေးစွဲနေသူတွေမှာ ဒိုပါမင်းပမာဏ အနည်းဆုံးဖြစ်နေတာ ကိုတွေ့ရှိရပြီး အဲ့ဒီ့လိုဒိုပါမင်း ပမာဏသိပ်နည်းတဲ့အတွက် ဆေးစွဲသူတွေဟာ တက်တက်ကြွကြွမရှိတော့ပဲ တစ်ခါတစ်လေမှာ စိတ်ကျရောဂါဝင် နေကြတာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဆေးခြောက်သုံးသူတွေဟာ တက်ကြွမှုမရှိပဲ ထုံထိုင်းလေးပင်လာတယ် ဆိုတဲ့အကြောင်း သိပ္ပံနည်းကျ ရှင်းပြနိုင်ခဲ့ပါတယ်။
ဆေးခြောက်ဟာ စိတ်ကျရောဂါ၊ စိတ်ကစဉ့်ကလျား ရောဂါအစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကို ရေရှည်မှာ ဖြစ်စေပါတယ်။ ဦးနှောက် အရမ်းဖွံ့ဖြိုးတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဆေးခြောက်သုံးရင် နောင်တစ်ချိန်မှာ စိတ်ရောဂါတွေဖြစ်လာနိုင်တဲ့ အန္တရာယ်ပိုများပါတယ်။
Ref:mensfitness
http://www.trend.com.mm/2015/03/30/health-6207

ပညာရှင် တစ်ယောက်က ၉ ပေခန့်ရှိတဲ့ ဂြိုလ်သားတစ်ယောက်ကို အာကာသလွန်းပျံ ယာဉ်တစ်ခုပေါ်မှာ တွေ့ခဲ့တယ်လို့ အခိုင်အမာဆို


အမည်မသိ ပျံသန်းကိရိယာ (UFO) တွေနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ သီအိုရီ ပညာရှင်တစ်ယောက်က ၉ ပေခန့်ရှိတဲ့ ဂြိုလ်သားတစ်ယောက်ကို အာကာသလွန်းပျံယာဉ်တစ်ခုပေါ်မှာ တွေ့ခဲ့တယ်လို့ အခိုင်အမာ ဆိုလိုက်ပါတယ်။
NASA မှာ အာကာသယာဉ် အင်ဂျင်နီယာ အဖြစ် ၁၉၅၈ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ ၃၅ နှစ်တိုင် လုပ်ကိုင်ခဲ့တဲ့ Clark McClelland က ၉ ပေခန့်ရှိတဲ့ ဂြိုလ်သားတစ်ယောက်ကို အာကာသလွန်းပျံယာဉ် တစ်ခုပေါ်မှာ တွေ့ခဲ့တဲ့ အမှန်တရား အကြောင်းကို ၀က်ဘ်ဆိုက်တွေ ၊ ရေဒီယိုတွေနဲ့ YouTube ကတစ်ဆင့် ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။
ထိုကဲ့သို့ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို www.stargate-chronicles.com ဆိုတဲ့ ကိုယ်ပိုင် ၀က်ဘ်ဆိုက်မှာ ရေးသားထားသလို သူဟာ အာကာသစင်တာရဲ့ ထိန်းချုပ်ခန်းမှာ ထုတ်ပြောလို့မရတဲ့ လျှို့ဝှက် စစ်ဆင်ရေး တစ်ခုအတွက် စောင့်ကြည့်နေစဉ် မျက်နှာပြင်မှာ လွန်းပျံယာဉ် ရပ်နားရာနေရာမှာ ခြေထောက် ၂ ချောင်းနဲ့ ဂြိုလ်သားတစ်ယောကို ၂၇ လက်မရှိတဲ့ သူ့ရဲ့ စောင့်ကြည့်ရေး ဗီဒီယိုမှာ ၁ မိနစ်နဲ့ ၇ စက္ကန့်ခန့် တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
တစ်ကယ်တော့ Clark McClelland အပါအ၀င် UFO တွေအကြောင်း လေ့လာနေသူတွေဟာ အမေရိကန် အစိုးရ နဲ့ ဂြိုလ်သားတွေနဲ့ ညှိုနှိုင်း ဆွေးနွေးခဲ့ဖူးတယ်ဆိုတဲ့ လွန်ခဲ့သော နှစ်များစွာက ထွက်ပေါ်ခဲ့တဲ့ သီအိုရီတွေကို သက်သေပြဖို့ ကြိုးစား နေသူတွေပဲ ဖြစ်ပါတယ်။
Ref:mirror.co.uk
 http://www.trend.com.mm/2015/03/30/news-6212

တာချီလိတ်၌ ပျောက်သွားသည့် (၆)နှစ်အရွယ် မိန်းကလေး (၄)ရက်မြောက်မှာ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းတွင် အလောင်းတွေ့ရှိ .









တာချီလိတ်မြို့တွင် မတ်လ(၂၇)ရက်နေ့ ညနေပိုင်းက ပျောက်သွားသည့် အသက် (၆)နှစ်အရွယ် မိန်းကလေး တစ်ဦးအား (၄)ရက်မြောက်ဖြစ်သည့် ယနေ့ မတ်လ (၃၀)ရက် ညနေပိုင်းက ပြန်လည်တွေ့ရှိရသော်လည်း သေဆုံးနေကြောင်း သိရသည်။ အသက်(၆)နှစ်ရှိ မနန်းဖွေးဟွမ်သည် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက် အိမ် အမှတ် (၂/၁၇၈)နေတွင် မတ်လ(၂၇)ရက် ည(၇း၃၀)နာရီ အချိန်က ပျောက်ဆုံးသွား ခဲ့တာဖြစ်ပြီး ၎င်းပျောက်နေမှုနှင့် ပတ်သက်၍ မိသားစုဝင်များမှ ကလေးအား အပူ တပြင်းရှာဖွေခဲ့ကြပေမဲ့လည်း (၄)ရက်မြောက်နေ့ဖြစ်သည့် ယနေ့ မတ်လ(၃၀)ရက်နေ့ ညနေပိုင်းမှာ ထိုင်း - မြန်မာ နှစ်နိုင်ငံ နယ်စပ်အကြားရှိ မယ်ဆိုင်ချောင်း ထိုင်းဘက် ကမ်းတွင် သေဆုံးနေလျက်ဖြင့် တွေ့ရှိရသည်။ "ကလေးရဲ့ လည်ပင်းမှာ ကြိုးချည်ထားတာကို တွေ့ရတယ်၊ သူ့ရဲ့အလောင်းကို အိတ်နဲ့ထည့်ပြီး ချောင်းမှာလာပစ်ထားတဲ့ သဘောပဲ၊ ကလေးအလောင်းထည့် ထားတဲ့ အထုပ်ကို ချောင်းမှာ ရေကစားနေတဲ့ ကလေးတွေက တွေ့တာ.."ဟု အလောင်းအား မယ်ဆိုင်ဆေးရုံသို့ သယ်ဆောင်ပေးသည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။ "ကလေးရဲ့အလောင်းကို မြန်မာဘက် ကမ်းမှာ တွေ့တာမဟုတ်ဘဲ ထိုင်းဖက်ကမ်း မှာ တွေ့တာဖြစ်တဲ့ အတွက်ကြောင့် မယ်ဆိုင်ရဲကလည်း စစ်ဆေးမှုတွေ လုပ်မယ် ဆိုတာနဲ့ ကျွန်တော်တို့လည်း မယ်ဆိုင်ချောင်းကနေ မယ်ဆိုင်ဆေးရုံမှာ ပို့ပေးထားခဲ့ ပါတယ်.."ဟု အဆိုပါအဖွဲ့မှ ပြောပြသည်။ ကလေးအလောင်းအား စတင်တွေ့ရှိရာတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ရဲတပ်ဖွဲ့ နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ ရဲတပ်ဖွဲ့ အပါအ၀င် ထိုင်း-မြန်မာ နယ်ခြားကော်မတီမှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီးနောက် မယ်ဆိုင်ဆေးရုံသို့ သေဆုံးသူ၏ မိသားစုဝင်များနှင့်အတူ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)၀င်များ မှလည်း သွားရောက်ခဲ့ကြသည်။

သတင်းဓါတ်ပုံ-TachileikNewsAgency

နိုင်ငံဂုဏ်ကို တက်စေသည့် ကရင်လူငယ် ၅ ဦး

လေယာဉ်မှူး ကရင်အမျိုးသမီး နော်ခူးကူဖော်
နော်ခူးကူဖောဟာ မြန်မာနိုင်ငံမှာ လေယာဉ်မှူး ဖြစ်လာတဲ့ ပထမဆုံး ကရင်အမျိုးသမီး ဖြစ်ပါတယ်။
အင်္ဂလန်ဘောလုံးကလပ်က ကလယ်ဟဲ
နောက်တဦးကတော့ အင်္ဂလန်ဘောလုံးကလပ် ရှက်ဖီးယူနိုက်တက် အကယ်ဒမီ ယူ ၁၈မှာ ကစားနေတဲ့ ကလယ်ဟဲဖြစ်ပါတယ်။
လူမှုကွန်ရက်မှာ နာမည်ရလာတဲ့ ဂျပ်စမင်
အသံချိုချိုနဲ့ သီချင်းတွေကို သီဆိုပြီး အင်တာနက် လူမှုရေးကွန်ရက် စာမျက်နှာမှာ နာမည်ရလာတဲ့ ဂျပ်စမင် ဖြစ်ပါတယ်။ အင်တာနက်က သူရဲ့ ဗွီဒီယိုဖိုင်ကိုလူပေါင်း သန်းနဲ့ချီကြည့်ရှုကြပါတယ်။
အမေရိကန်ရဲတပ်ဖွဲ့ဝင် လယ်ထူး
နောက်တဦးကတော့ အမေရိကန်ပြည်ထောင်စု ရဲတပ်ဖွဲ့ဝင်တဦး ဖြစ်လာတဲ့ လယ်ထူး ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် နိုင်ငံအဆင့် အလေးမ ပြိုင်ပွဲမှာ ယှဉ်ပြိုင်တဲ့ ကနေဒါနိုင်ငံက အားကစားသမား မာရီယာထီးပဲ ဖြစ်ပါတယ်။ ကနေဒါ ၅၇ ကီလိုတန်း အလေးမပြိုင်ပွဲမှာ မာရီယာက ဒုတိယရခဲ့ဖူးပါတယ်။
(DVB)