Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 31, 2015

ကျနော်နဲ့ ကိုခင်ဝမ်း

ရန်ပိုင်
ပြည်မြို့သား အနုပညာရှင် အဆိုတော် ကိုခင်ဝမ်း လူ့လောကကို စွန့်ခွာသွားတာ လာမယ့် ဖေဖော်ဝါရီလ ၃ ရက်နေ့ ဆိုရင် ၁၅ နှစ် ပြည့်ပါပြီ။
သူ့ရဲ့ သီချင်းတွေ ကြားရပြန်တော့ သူ့အကြောင်း အတွေးထဲဝင်လာသလို၊ သူ့အကြောင်း တွေးမိပြန်တော့ သူနဲ့အတူ ရင်းရင်းနှီးနှီး နေထိုင်ခဲ့ကြတဲ့ အချိန်တွေကို ပြန်လည် အမှတ်ရမိပါတယ်။
အရာရာကို “သုဂတော” လို့ ရှုတတ်၊ မျက်မှောက်ပြုတတ်တဲ့ ကိုခင်ဝမ်းနဲ့ ကျနော် တွေ့ဆုံရင်းနှီးကာ သူငယ်ချင်းလို ပေါင်း သင်းခဲ့တဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က အချိန်တွေကိုလည်း သတိရမိပါတယ်။
ကျနော် ကလေး ဘ၀ကတည်းက ကိုခင်ဝမ်းကိုသိတယ်လို့ ပြောရင်မမှားပါဘူး။ ဒါပေမယ့် ကိုခင်ဝမ်းထက် သူ့အဖေ ဦးအောင်ခကို သိတယ်ဆိုရင် ပိုပြီး မှန်မှာပါ။
ဦးအောင်ခက ကျနော်တို့ မြို့မှာ နာမည်ကြီး၊ တခါတလေ Kawaski ဆိုင်ကယ် အစိမ်းနဲ့၊ တခါတလေ ဂျပန် ပြည်လုပ် အညိုရောင် စက်ဘီးလေးကို စီးကာ အသားဖြူဖြူ၊ မျက်မှန်နဲ့ အင်္ကျီင်္ီင်္ီအဖြူ ဘောင်းဘီရှည် အညိုရောင် ၀တ်ပြီး စမတ်ကျကျ သွားလာနေတဲ့ ဦးအောင်ခကို အများက ဂျပန်ကြီးလို့ ခေါ်တော့ ကျနော်တို့ ကလေးတွေကလည်း လွယ်လွယ်ပဲ ဂျပန်ကြီးပေါ့။
ကျနော်တို့ရဲ့ ဟိုဘက်ရပ်ကွက် မြို့လယ် ဗိုလ်ချုပ်ကျောက်ရုပ်နားက ဦးအောင်ခ၊ ဒေါ်သိန်းတင်ရဲ့ စက်မှု လက်မှု အလုပ်ရုံ ကြီးကို အားလုံးက “ဂျပန်ကြီး ၀ပ်ရှော့” လို့ခေါ်ပါတယ်။
အဲဒီအချိန်တွေက ကျနော် ကိုခင်ဝမ်းကို မြင်ဖူးသလားဆိုရင် မမြင်ဖူးပါ၊ တခါကတော့ ကလေးဘ၀ ရုပ်ရှင် သွားကြည့်ရင်း မြို့လယ် ဗိုလ်ချုပ်ကျောက်ရုပ်ဘေးက သဲပုံပေါ်မှာ လူတယောက် ပက်လက်လှန်ကာ ဘယ်သူ့ကိုမှလည်း ဂရုမစိုက်၊ အေးအေးလူလူ၊ ဒီလူကြီးက ဂျပန်ကြီးသားက အဆိုတော်ခင်ဝမ်းတဲ့။ အဆိုတော်ဆိုတာ စတိတ်စင်ပေါ်မှာ ၀တ်ကောင်းစားလှနဲ့ ဖျော်ဖြေနေတာသာ တွေ့ဖူးတဲ့ ကျနော့် အဖို့ ဘယ်လို လူကြီးလဲလို့ ထင်မိပါတယ်။
နောင် ၈ နှစ်လောက်အကြာမှာ ကျနော်က သူနဲ့အတူ လမ်းဘေးက သဲပုံပေါ်၊ သစ်သားတန်းပေါ်၊ အုတ်ခုံပေါ် စတဲ့ နေရာ တွေမှာ ထိုင်ရင်း သီချင်းတွေ အော်ဟစ်သီဆိုရလိမ့်မယ့်လို့ မထင်ခဲ့မိ။
ကျနော် လက်ဘက်ရည်ဆိုင် ထိုင်တတ်ချိန်မှာတော့ သူနဲ့ စတင်တွေ့ပြီ။ အဲဒီတုန်းက ပြည်မြို့ ဗိုလ်ချုပ် ကျောက်ရုပ် အနီးက “မင်းမင်းကဖီး” မှာ ကျနော်တို့ထိုင်ပါတယ်။
အဲဒီဆိုင်က လူငယ်ထက် လူကြီးလူလတ်များ အထိုင်များပြီး ထူးခြားတာက သူ့နယ်ပယ်နဲ့သူ တတ်သိ နားလည်သူတွေ ဖြစ်ကြပါတယ်။ အများစုက စာဖတ်အား၊ လေ့လာ အားကောင်းသူများ ဖြစ်ပါတယ်။
ကိုခင်ဝမ်းရှိတယ်၊ ကိုချော (ကဗျာဆရာ မောင်ချောနွယ်) ရှိတယ်၊ ချစ်ကောင်းအတွက် “မစဉ်းစားချင်ဘူး” သီချင်းကိုရေး ခဲ့တဲ့ အသေစောခဲ့သူ တရုတ်လေး သန်းဦး (တေးရေး – စစ်အိမ်) ရှိတယ်၊ ကဗျာဆရာ ချမ်းငြိမ်းအေးရှိတယ်၊ ကိုဌေး လို့ခေါ်တဲ့ သြဂတ်စ်လင်းလည်း ရှိတယ်၊ တခါတလေ လိမ္မော်သီးတလုံး ကိုဆွေ လာတတ်သလို ကိုခင်ဝမ်းရဲ့ Rainbow Bridg Band က ကိုမော်စီ၊ ကိုအောင်မြတ်ထွန်း၊ ကိုမိုးဇက်တို့ ထိုင်တယ်၊ ဒါ့အပြင် မြို့မျက်နှာဖုံး သူဌေးသားတွေ ထိုင်တယ်၊ လူမိုက်တွေလည်း ရှိတယ်၊ ဒါပေမယ့် သုခမိန်လှိုင် ကတော့ အဲဒီ အချိန် ပြည်မှာ မရှိတော့။
ဆယ်တန်း အောင်ကာစ ကျနော်က အသက်အငယ်ဆုံး၊ ဒါကြောင့်လည်း ကိုခင်ဝမ်းက ကျနော့်ကို အငယ်လေးလို့ ခေါ် တတ်သလို၊ တခါတရံတော့ ငပိုင်လို့ ခေါ်ပါတယ်။ သူ့ကို လက်ဖက်ရည် မတိုက်ရင်တော့ ကျနော့်ကို ကပ်စေးနဲတဲ့ ရဟူဒီ လေးလို့ လှောင်ပြောင်ပြီး ခေါ်တတ်ပါတယ်။
ကျနော်တို့က သူ့ကို အစ်ကိုကြီးဟု ခေါ်ပေမယ့် အမှန်တော့ ကျနော်တို့က ကိုခင်ဝမ်း သမီးအကြီးနဲ့မှ သက်တူရွယ်တူ။
နောက်ပိုင်းတော့ သူ့ကိုယ်သူ ၀ိဇ္ဇာ မောင်ခင်၊ ၀ိဇ္ဇာမောင်ခင်လို့ ရင်ဘတ်ကိုပုတ်ပုတ် ပြောတတ်တဲ့ ကိုခင်ဝမ်းကို ကျနော်တို့ တသိုက်က ၀ိဇ္ဇာကြီးလို့ ခေါ်ကြပြန်တယ်။
မနက် ၉ နာရီလောက်ဆိုရင်တော့ ကိုခင်ဝမ်း သူ့စတိုင်အတိုင်း လက်ထဲမှာ ပိုက်ဆံကိုဆုပ်ပြီး အေးအေးလူလူ မင်းမင်း လက်ဖက်ရည်ဆိုင်ကို လမ်းလျှောက် ချီတက်လာပါပြီ။
လက်ဖက်ရည်ဆိုင် ရောက်ရင်တော့ အရုပ်ကြိုးပြတ် ထိုင်ချကာ အနီးကလူကို မှီလိုက်ပြီး လက်ဖက်ရည် တခွက်၊ စီးကရက် တလိပ် မှာသောက်တတ်ပါတယ်။ အလုပ်ရှိရင်တော့ ၁ နာရီလောက်ပဲ ထိုင်ပြီး ပြန်သွားတတ် ပါတယ်။
တခါတလေ သူ့ဖာသာ သူတယောက်ထဲတွေးကာ ဆိုင်နံရံကိုမှီပြီး မြို့မငြိမ်းရဲ့ ချစ်ဗိမ္မာန် ကျွန်းသာစွမြေ ဆိုတဲ့ “ ပြုံးတဲ့ မေ” သီချင်း၊ ဒါမှမဟုတ် ကိုစောညိန်းရဲ့ “သစ္စာ၊ ချစ်ပြုံးနှင်းဆီ” စတဲ့သီချင်းတွေကို တဖွဲ့တနွဲ့ ညည်းတတ်ပါတယ်။
စိတ်လိုလက်ရရှိရင်တော့ သူငယ်ငယ်က အကြောင်းတွေကို ပြောပြပါတယ်။ ကိုခင်ဝမ်း ငယ်ငယ်က သူ့အမေ ဒေါ်သိန်းတင်ရဲ့ ရွာကို သွားလည်တဲ့အခါ ဂျစ်ကားကို ကိုယ်တိုင်မောင်းပြီး ရွာစည်းရိုးကို ၀င်တိုက်ပုံ၊ အဆော့လွန်တဲ့ သူ့ကို ဦးလေးဖြစ် သူက မြင်းစီး သင်ပေးမယ်ဆိုပြီး မြင်းပေါ်တက်စေကာ နောက်ကနေ ဇီးခက်နှင့် ရိုက်လိုက်လို့ မြင်းကလန့်ပြီး အိမ်ကြိုအိမ်ကြား လျှောက်ပြေးပုံ၊ သူက ကြောက်လန့်တကြား အိမ်ခါးပန်းကို တွဲလောင်းခိုကာ ကျန်ခဲ့ပုံတို့ကို ပြောပြတဲ့အခါ ကျနော် တို့မှာ တ၀ါးဝါး တဟားဟား ရယ်မောရပါတယ်။
သူ ရန်ကုန်မှာ နေတုန်းက ပိုက်ဆံပြတ်တဲ့ အခါ ပန်းချီ မောင်ဒီနဲ့ နှစ်ယောက်သား ပြစ်မှုမဂ္ဂဇင်းမှာ ဖော်ပြမယ့် လူသတ်မှု တွေမှာ လူသေအလောင်းတွေ အဖြစ် ဓာတ်ပုံအရိုက်ခံပြီး ငွေရှာပုံ၊ သူကျောင်းသားဘ၀ ကြုံတွေ့ခဲ့ရတဲ့ တရုတ်- ဗမာ အရေးအခင်းမှာ တရုတ်တွေက “မော်စီတုန်း သက်တော်ရာကျော် ရှည်ပါစေ” လို့ ကြွေးကြော်ပြီး တိုက်ဝရန်တာက ခုန်ချ သတ်သေကြပုံ၊ ကျွန်းဆွယ် အရေးအခင်းမှာ မီးရှို့တဲ့ သူငယ်ချင်းတွေကို တားရင်း သူ့ကို ထောက်လှမ်းရေးက ဖမ်းဖို့ ကြိုးစားပုံ၊ သူ ဂျပန်ကို အသွား ဟောင်ကောင်လေဆိပ်မှာ နောက်ကျနေတဲ့အတွက် ၀န်ထမ်း ၂ ဦးက သူ့ကို ပုခုံးကနေ ကိုင်ကာ စက်လှေကားပေါ် ဆွဲတင်ပြီး ပြေးပုံ တွေကို စိတ်လိုလက်ရ ပြောပြတတ်ပါတယ်။
ဆီဦးထောပတ် စားရင် အသားအရေလှကြောင်း၊ အိမ်အမြင့်ကြီးနဲ့ နေရင် အရပ်ရှည်ကြောင်း စတာတွေ ပြောရင်တော့ ကျနော်တို့က “ဟင်” လို့ အာမေဋိတ်သံပြုရင်း ခန္ဓာကိုယ်မှာ ညှင်းစွဲနေပြီး အိမ်ပုပုလေးနဲ့ နေပေမယ့် အရပ် ၆ ပေလောက်ရှိတဲ့ ဆီစက်ပိုင်ရှင်သား ကိုမော်ကြီးကို ဥပမာပေး ကဏ္ဍကောဇလုပ် ငြင်းခုန်လိုက်တဲ့အခါ သူ အသာ ပါးစပ်ပိတ် သွားတတ်ပါတယ်။
တခါတလေလည်း သူဟာ ဆာမူရိုင်းသွေး ပါကြောင်းပြောတတ်ပြီး ကျနော်တို့ သူငယ်ချင်း ကာရာတေးသမား တယောက်နဲ့လည်း နပန်းလုံးတတ်ပါ သေးတယ်။
တရက်မှာ သူနဲ့ ကျနော် လက်ဖက်ရည်သောက်နေတုန်း ပန်းချီဆရာကိုဝင်းနိုင်နဲ့ သူ့မိန်းမ မသန်းစိန်တို့ ၀င်လာပါတယ်၊ မသန်းစိန်က “အစ်ကိုကြီးရေ အကိုကြီးလူ ညကမအိပ်ဘူး၊ တစ်ညလုံး ဆေးတွေတိုက် နေရတယ်” လို့ သူဝသီအတိုင်း တရစပ် ပြောပါတယ်။ ကိုခင်ဝမ်းက ခပ်အေးအေးပဲ “ဒါဆို မုန်လာဥနီလေးကို ကျွေးကျွေးပေး ပျောက်တယ်” လို့ပြောတော့ မသန်းစိန်လည်း အားရ၀မ်းသာနဲ့ “ကျေးဇူးတင်တယ် အစ်ကိုကြီး” လို့ ဆိုပြီး ထွက်သွားပါတော့တယ်။
မသန်းစိန် ထွက်သွားတော့ ကျနော်က “အစ်ကိုကြီး၊ အစ်ကိုကြီးပေးတဲ့ ဆေးနည်း ဟုတ်လား” လို့ မေးတော့ ကိုခင်ဝမ်းက “ငါမသိဘူး၊ အခု ငါ့စိတ်ထဲမှာ မုန်လာဥနီ စားချင်နေတာနဲ့ ပြောလိုက်တာ” လို့ ဆိုပါတယ်။ ကိုခင်ဝမ်းဆိုတာ အဲဒီလိုလူမျိုးပါ။
ကိုခင်ဝမ်းဟာ ဘာသာဗေဒတွေရဲ့ သော့ချက်ကို သိသူပါ။ ၁၉၈၈ ခုနှစ် နွေဦး မဂ္ဂဇင်းမှာပါတဲ့ “မဟာသံခ ဂန္ဓာရီ” ပါဠိ ကဗျာဟာ လက်ဖက်ရည်ဆိုင်က စီးကရက်ဘူးခွံပေါ်မှာ ကိုခင်ဝမ်း လက်တန်း ရေးပြီး ပေးခဲ့တာပါ။ ဒီကဗျာနဲ့ ပတ်သက်ပြီး ချီးကျူးရင် “ဒါတောင် ဦးသော်ဇင် ဘာသာပြန်တာ နည်းနည်း လိုသွားတယ်” ဆိုပြီး ကျနော်တို့ အပေါ် အသားယူ ပြောတတ်ပါတယ်။
သူနဲ့ကျနော် ခင်မင်ခဲ့ရတဲ့ ကာလမှာ စိုင်းခမ်းလိတ် ရေးတဲ့ “စိတ်ညှို့ရှင်” သီချင်းနဲ့ စိုးစိုးလွင်ရဲ့ “ကိုယ်ချစ်” ဆိုတဲ့သီချင်း ၂ ပုဒ်ကို သဘောကျတာ တွေ့ရပါတယ်။ စိတ်ညှို့ရှင် သီချင်းထဲက “မင်းစိတ်ကိုမင်း ထိန်းပါအုံး၊ ရှောင်ပါဦး၊ ဆောင်ပါဦး ဂုဏ်တော် ပုတီး စိတ်လိုက်ပါဦး” ဆိုတဲ့ စာပိုဒ်လေးကို ကိုခင်ဝမ်း အရမ်းသဘော ကျတတ် သလို၊ “ရိုးရိုးသားသား ချစ်ခဲ့တယ်၊ အသွေးအသားလေးတွေ တံတားခင်းမယ်” တဲ့ ဆရာလို့ ဆိုရင်း စိုးလွင်လွင်ရဲ့ သီချင်းစာသားလေးကို မကြာခဏရွတ်ပြီး တအံ့တသြ ပြောတတ်ပါတယ်။ သူဘာကြောင့် ကြိုက်မှန်းတော့ ကျနော်မသိပါ။
ကိုခင်ဝမ်းရဲ့အချစ်ဆုံး သူငယ်ချင်းက ကိုကျော်ဦးပါ။ ကိုကျော်ဦး ဆိုးသမျှ၊ ရစ်သမျှ သီးခံပါတယ်။ ကိုကျော်ဦး မြို့ပတ်ပြီး အော်နေရင်လည်း သူ ဘေးနားက အပြုံးမပျက်ပါ။ ကိုကျော်ဦးဆိုတာ “မိုးတွေရွာစွေ” သီချင်းကို မူရင်း သီဆိုခဲ့တဲ့ အဆိုတော် မိုးမိုးရဲ့ အကိုဖြစ်ပါတယ်။
ကိုကျော်ဦး ရုံးမသွားဘဲ သူတို့ ၂ ယောက် သောက်ကြတဲ့နေ့ဆိုရင်တော့ နောက်တနေ့မှာ “ကျော်ဦးကတော့ ဆရာ၊ ကျော်ဦး ကတော့ ဆရာ” လို့ ပြုံးပြုံးကြီးနဲ့ ကိုကျော်ဦး လုပ်သမျှကို ကိုခင်ဝမ်းက တအံ့တသြ ပြန်လည် ဖောက်သည် ချတတ်ပါတယ်။
ဒါပေမယ့် ကိုခင်ဝမ်းက ဂျပန်ပီသသူပါ။ သူအလုပ်လုပ်ပြီဆိုရင် အလုပ်ထဲမှာပဲ အာရုံ စူးစိုက်တတ်ပါတယ်။ တခါတလေ ၂ ရက် ၃ ရက် အပြင်မထွက်တော့ပါဘူး။ သွားခေါ်ရင်လည်း အပြင်မထွက်ပါ။ အိမ်ထဲမှာ ဂစ်တာ တလုံးနဲ့ သီချင်း ရေးနေတတ်ပါတယ်။
အလုပ်ပြီးရင်တော့ တလောကလုံးကို ကျေနပ်နှစ်သက်တဲ့ ပုံမျိုးနဲ့ လေလေးချွန်ကာ ထွက်လာပါတော့တယ်။ ပြီးရင် မင်းတို့က ငါ့ဆီတောင် မလာဘူးလို့ စကားနာ ထိုးတတ်ပါတယ်။
အဲဒီအချိန်က “လိုတရ အကြည့်နဲ့ မင်းလျှောက်ခဲ့လမ်း” စီးရီးအတွက် သီချင်းရေးနေချိန်လည်း ဖြစ်ပါတယ်။ အဲဒီစီးရီးတွေက သူ့ အတွက် အချိန် တော်တော်ယူရပါတယ်။ တခါတခါ ကျနော့် သူငယ်ချင်း နေလင်းနဲ့ “မေရှင်ရဲ့ ကျေးစေတမန်” သီချင်း အကြောင်း ပြောတတ်သလို၊ ကျနော့်ဆီက ဇိနထ္တပကာသနီ ကျမ်းကိုလည်း ငှားဖတ်တတ်ပါတယ်။ မြားတွေ အကြောင်း သိချင်လို့ စာကြည့်တိုက်မှာ သွားရှာတတ်တဲ့ ကိုခင်ဝမ်း၊ အခုလို အရာရာ ရှာဖွေနိုင်တဲ့ Google ခေတ်မှာသာ သူရှိခဲ့ရင် အတိုင်းထက် အလွန်ပေါ့။
မှတ်မှတ်ရရ ၁၉၈၇ ခုနှစ် နွေဦးမှာ ကိုခင်ဝမ်း၊ ကိုကျော်ဦးနဲ့ ကိုပေါက် (ကွယ်လွန်) တို့ ငပလီသွားကြပါတယ်။ ပြန်လာတော့ သူတို့ရဲ့ မျက်နှာနဲ့ ရင်ဘတ်မှာ ရေကူးရင်း ကျောက်ဆောင်နှင့်တိုက်မိလို့ရတဲ့ အစင်းအခြစ်ရာ တွေနဲ့ပါ၊ ဒါပေမယ့်သူ့ အတွက် “သောင်ကမ်းခြေ” ဆိုတဲ့ လှပတဲ့ သီချင်းတပုဒ်ပါလာတယ်။
သူနဲ့ ပန်းချီမောင်ဒီတို့ ပုပ္ပားကို အသွား လမ်းတလျှောက် နီရဲအောင်ပွင့်နေတဲ ကသစ်ပွင့်တွေတွေ့ပြီး “အဝေးပြေး” သီချင်း ဖြစ်လာသလို၊ ပြည်တောင်တန်းပေါ်က တောရကျောင်းလေးက သူငယ်ချင်းနေလင်းရဲ့ အလှူကိုသွားရင်း နွေဦးပေါက် မြင်ကွင်းကို မြင်ရတဲ့အခါ “လွမ်းစေတီဦး” ကို ရေးခဲ့ပါတယ်။
ကိုခင်ဝမ်းက ကလေးချစ်တတ်သူပါ၊ ဆိုင်က ၆ နှစ်၊ ၇ နှစ်လောက်ရှိတဲ့ ဆန်းဦးတို့၊ မင်းမော်တို့ တွေ့ရင် “သားတော်ရေ၊ သားတော်” လို့ ခေါ်ပြီး စတတ်ပါတယ်။ ကလေးတွေက သူ့ရဲ့ ကျောကုန်းကို အုန်းကနဲထုကာ တုန့်ပြန်လိုက်မှပဲ သူ စိတ်ကျေနပ်သွား ပါတယ်။
အဲဒီအချိန်က ကိုခင်ဝမ်းဟာ ကောင်းတာလုပ်ရင်၊ ကောင်းတာဖြစ်မယ်ဆိုတဲ့ သဘောကို ယုံကြည်သက်ဝင် တဲ့အတွက် အရာရာကို အကောင်းသာတွေး၊ အကောင်းသာမြင်၊ အကောင်းသာပြောပြီး အာရုံ ရှင်းရှင်းနေကာ ထွေလီကာလီ မတွေး၊ အာရုံ အနောက်မခံပါ။
ကျနော်က မကောင်းတာ အပျက်သဘောပြောရင်တောင် “မင်းကလည်းကွာ၊ သူလည်း ကောင်းပါတယ်” လို့ ပြောတတ်ပါတယ်။ ပထမ ဒီလူကြီး ငါ့များ ကြပ်နေသလားလို့ ကျနော်က ထင်နေပေမယ့်၊ သူက အတည်ပြော နေခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် အရာရာကို သုဂတောလို့ ရှုတတ်တဲ့ သူ့ကို ကိုချောနွယ်က ဆိပ်ကမ်းကဗျာ ထဲမှာ သုဂတော သင်္ဘော ဆိုက်လာပြီလို့ ဆို ထားပါတယ်။
အရာရာ အကောင်းကိုသာရှုတဲ့ ကိုခင်ဝမ်းဟာ နောက်ပိုင်း သူရေးတဲ့ သီချင်းတွေမှာ ဂိုဏ်းသင့်၊ ဒေါသသင့်မယ့် စကားလုံး စာသားတွေကို ရှောင်ပါတယ်။ ဆင်းရဲတာ၊ စိတ်ညစ်တာ၊ ရှုံးနိမ့်တာ၊ ရူးတာ၊ ဘ၀ပျက်တာ၊ ကွဲကာ၊ ခွဲခွာ စတဲ့ စာသားတွေကို မထည့်သလို၊ ဆိုလည်း မဆိုတော့ပါ။
တခါက ကိုနေ၀င်းနဲ့ စောဂျက်ဆင်ရေးတဲ့ “မငိုမိတယ်” သီချင်းကို ကျနော်က သူ့ရှေ့ ဘာရယ်မဟုတ် ညည်းမိတော့ “ဟေ့ကောင် ငပိုင် မင်း အဲဒီသီချင်းကို မဆိုနဲ့ကွ၊ ဒီသီချင်းက နိမိတ်မကောင်းဘူး” လို့ တားပါတယ်။ ဒီသီချင်းကြောင့် ကိုနေ၀င်း ရည်းစားနဲ့ ကွဲရသလို၊ သူလည်း အဲဒီလိုဖြစ်ကြောင်း၊ မင်းလည်း အဲဒီလိုဖြစ်မှာပဲ လို့ ဆိုတာကြောင့် ကျနော်လည်း သီချင်း ဆိုနေတာကို ရပ်လိုက်ရ ဖူးပါတယ်။
ကျနော်တို့က အစ်မလို့ ခေါ်တဲ့ ကိုခင်ဝမ်း ဇနီး ဒေါ်ခင်လေးမြင့်နဲ့ သမီးတွေ ခရီးထွက်သွားရင်တော့ ကိုခင်ဝမ်း အိမ်မှာ ကျနော်တို့ အတွက် ၀ိုင်းကောင်းတ၀ိုင်း ဖြစ်ပြီလို့ ဆိုရမှာပါ။ ကိုခင်ဝမ်းနဲ့ ကိုသန်းဦး (စစ်အိမ်) ရဲ့အဆို၊ အတီးအပြင် ကိုသန်းဦးရဲ့ လက်ရာ ၀က်ပုန်းရည် ချက်ရော ပါပါတယ်။
ကိုသန်းဦးက သူ ၀က်ပုန်းရည်ကို ဘယ်လို အချက်ကောင်းကြောင်း ပြောရင် ကိုခင်ဝမ်းကလည်း အားကျမခံ သူသိတဲ့ အစားအသောက်တွေ အကြောင်းကို ပြောပြီး ထမင်းစားပြီးရင် ဘရန်ဒီနဲ့ ဘယ်လိုပိတ်ရကြောင်း ပြောပါတော့တယ်။
တခါတော့ ကိုခင်ဝမ်း စပျစ်သီးတွေကို ၀ယ်ပြီး ၀ိုင်ဖောက်ပါတယ်။ နောက်ပိုင်းမှာတော့ ဂေါ်ဖီဝိုင်၊ မန်းကျည်း ၀ိုင်ဆိုပြီး အဆန်း ထွင်လာပါတော့တယ်။ သူဖောက်တဲ့ မန်ကျည်းဝိုင်ကို သောက်မိတဲ့ ကျနော်တို့ သူငယ်ချင်း အေးကြူခမျာ တနေကုန် ၀မ်းသွားပြီး ချမ်းလွန်းလို့ နွေခေါင်ခေါင် အိပ်ရာထဲမှာ စောင်ခြုံကာ တဂတ်ဂတ်တုန် နေပါတော့တယ်။
၁၉၈၈ ခုနှစ် အရေးအခင်းအပြီး ခေတ်ကာလ အပြောင်းအလဲမှာတော့ ကိုခင်ဝမ်းလည်း သူသဘောကျတဲ့ စာရေးဆရာ သော်တာဆွေလို ဆန်ကုန်သယ် ဖြစ်သွားပါသေးတယ်။ ဒါပေမယ့် အနုပညာသမားနဲ့ ဒီလိုကိစ္စ တွေဟာ ဘုန်းကြီးနဲ့ဘီးလိုပဲ ဘယ်လိုမှ မအပ်စပ်လေတော့ “ကျနော် ဆန်ကုန်သည်ဖြစ်စဉ်က” ဆိုသလို တဒင်္ဂပဲ ခံလိုက်ပါတယ်။
၁၉၉၁ ခုနှစ် ကိုခင်ဝမ်းရဲ့ “အမှောင်ကို ထွန်းညှိမယ့်မီးအိမ်” စီးရီး ထွက်ပြီး နောက်ပိုင်းမှာ ကိုခင်ဝမ်းအပါ အ၀င် ကျနော်တို့ အဖွဲ့ဟာ ပြည်မြို့ ပန်းထိမ်တန်း လမ်းက သူငယ်ချင်း ကိုကိုမောင်ရဲ့အိမ်ကြီးမှာ အမေရိကန် စာရေးစာရာကြီး ဂျွန်စတိန်း ဘတ်ရဲ့ Tottilla Flat ၀တ္တုထဲက ပီဆာနိုးတွေရဲ့ အနေအထိုင်မျိုးနဲ့ စုပြီးနေခဲ့ ကြပါတယ်။
အဲဒီကာလက အရမ်းပျော်ဖို့ ကောင်းပါတယ်။ တခါတလေ ပန်းချီ မုတ်သုန်လည်း အဲဒီအိမ်ကြီးမှာ လာနေတတ် သလို၊ ကိုချော နွယ်ရယ်၊ ကိုခင်ဝမ်းရယ်၊ “မေဃဒူတ” လို့ ကိုခင်ဝမ်း ကိုယ်တိုင် အမည်ပေးထားတဲ့ ဂစ်တာဝိုင်း လေးရယ်က ကျနော်တို့ အဖို့ ပြီးပြည့်စုံစေပါတယ်။
အဲဒီအချိန်က ကျနော်တို့အဖွဲ့ ကိုရဲလွင်၊ ကိုနေ၀င်းတို့ရဲ့ မဇ္ဈိမလှိုင်း (Medium Wave) အဖွဲ့ကို ဖိတ်ပြီး စတိတ်ရှိုး တပွဲကို ကြံဖန်ပြီး သွင်းလိုက်ပါသေးတယ်။
ရုပ်ရှင်ထဲကလို ဆိုရင်တော့ ၃ နှစ်ခန့်အကြာလို့ စာတမ်းထိုးရမယ့် ၁၉၉၄ ခုနှစ်မှာ ပြည်မြို့ ပန်းထိမ်တန်းလမ်းက ပီဆာနိုးတွေလည်း Tottila Flat ၀တ္တုထဲကလို သူ့အလိုလိုပဲ အပြီးတိုင် လမ်းခွဲသွားခဲ့ကြ ပါတယ်။
ကိုခင်ဝမ်းလည်း အနုပညာအလုပ်ကို ပြန်လည်ဇောက်ချ လုပ်နိုင်ဖို့ ရန်ကုန် မြေနီကုန်း ဗိုလ်မိုးလမ်းကို ပြောင်းရွှေ့သွားသလို၊ သြဂတ်စ်လင်း၊ ငညိုလို့ခေါ်တဲ့ နောင် ကိုခင်ဝမ်း သားမက်ဖြစ်လာမယ့် ညိုထွန်းအေး စတဲ့သူတွေလည်း ပြည်ကို စွန့်ခွာသွားပါ တော့တယ်။
၁၉၉၇ ခုနှစ် ကိုခင်ဝမ်း တကိုယ်တော် ပန်းချီပြပွဲလုပ်ဖို့ ပြင်ဆင်နေချိန်မှာတော့ အမှတ်မထင် ၄၅ လမ်းက သူ့အခန်းမှာ ကျနော်ရယ်၊ ငညိုရယ်၊ သူရယ် တကြိမ် ဆုံလိုက်ပါသေးတယ်။ နောက်ပိုင်းမှာတော့ သူ ကွယ်လွန်တဲ့အထိ မတွေ့ဖြစ်တော့ ပါဘူး။
ကိုခင်ဝမ်းဟာ အနုပညာမာန အပြည့်ရှိသူပါ၊ အရက်တခွက်နဲ့ အနုပညာကို ဘယ်တော့မှမလဲပါ။ သူ့ဖာသာ သူ စိတ်ပါ လို့သာ ဂစ်တာတီးရင် တီးပါလိမ့်မယ်။ ခင်ဗျားတို့၊ ကျနော်တို့ တိုက်တဲ့ အရက်တခွက်ကြောင့်တော့ မဟုတ်တာ သေချာပါတယ်။
စစ်အစိုးရ မိုးကောင်းနေစဉ် ကာလမှာ တိုင်းစစ်ဌာနချုပ်တခုက သူအပါအ၀င် တခြား နာမည်ကြီး အဆိုတော်တွေကို ဖိတ်ပြီး စတိတ်ရှိုး ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ညစာစားပွဲမှာ အဆိုတော်တွေကို စစ်တပ်အရာရှိတွေက ခွဲခြား ဆက်ဆံ ကျွေးမွေးတဲ့အတွက် ကိုခင်ဝမ်းက မခံမရပ်နိုင်ဖြစ်ပြီး အော်ဟစ် ပြောဆိုတာကြောင့် တိုင်းမှူးအမိန့်နဲ့ ချက်ခြင်းလေယာဉ်နဲ့ ပြန်ပို့ခံရသူပါ။
အနုပညာ မာနရှိတယ် ဆိုပေမယ့် ဟိတ်ဟန်ကြီးကြီး၊ ဘ၀င်မြင့်မြင့် နေတတ်သူမဟုတ်ပါ။ သာမန်လူတယောက် ထက်တောင် ပိုပြီး လွတ်လပ်စွာ နေထိုင်သွားခဲ့ပါတယ်။
ကဗျာဆရာ မောင်ညီညွတ်ကတော့ သူ့သူငယ်ချင်း ခင်ဝမ်းဟာ အနုပညာသမားတွေရဲ့ နိဂုံးကမ္မတ်ကိုသိထား သူလို့ ဆိုပါတယ်။ ကျနော်ကတော့ ဒါတင်မကဘူး ကိုခင်ဝမ်းဟာ ဘ၀မှာ နေနည်းထိုင်နည်းကိုလည်း သိထားသူ တယောက်လို့ ထပ်မံ ဖြည့်စွက် ချင်ပါတယ်။
ဒီအချိန်မှာတော့ ကျနော်တို့ ချစ်ခင်ရတဲ့ ကိုခင်ဝမ်း (၀ိဇ္ဇာကြီး) တယောက် လမ်းရဲ့သယ်ဆောင်ရာ ဟိုအဝေးကို ထွက်သွား တာ အခုဆိုရင် ၁၅ နှစ်တိုင်ခဲ့ပါပြီ။
http://burma.irrawaddy.org/entertainment/2015/01/31/70608.html

မြန်မာနိုင်ငံတွင် မယ်စကြ၀ဠာပြိုင်ပွဲ ကျင်းပလိုကြောင်း ကမ်းလှမ်း



Miss Universe 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရန် မယ်စကြ၀ဠာအဖွဲ့အ စည်းဘက်မှ ကမ်းလှမ်းခဲ့ကြောင်း Miss Universe Myanmar အဖွဲ့အစည်း၏ National Director ဒေါ်စိုး ယုဝေကပြောသည်။

မြန်မာနိုင်ငံဘက်မှ မယ်စကြ၀ဠာပြိုင်ပွဲကို ၂၀၁၅ခုနှစ်အတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်၊ မကျင်း ပနိုင်ကို စဉ်းစားပြင်ဆင် နိုင်ရန် အချိန်တစ်လပေးလိုက်ပြီး တစ်လကြာတွင် အကြောင်းပြန်ရမည်ဖြစ်သည်။

‘‘သူတို့ဘက်ကနေ စပြီးကမ်းလှမ်းတာ။ ဒီနိုင်ငံမှာလုပ်ရင် တကယ်ကို လှပတဲ့ပွဲတစ်ခုဖြစ်မယ်လို့ ယူဆ တယ်ဆိုပြီး အစ်မတို့ဘက်က လုပ်နိုင်မလားဆိုပြီးမေးတယ်။ သူတို့က မြန်မာနိုင်ငံကို စိတ်ဝင်စားနေတဲ့ အချိန်လည်း ဖြစ်တယ်။ အစ်မတို့ ၂နှစ် လုပ်ခဲ့တဲ့ ပွဲတွေကိုလည်း ကြိုက်တော့ ဦးစားပေးပြီး ကမ်းလှမ်းတာ။ အစ်မတို့ မလုပ်နိုင်ဘူးဆိုမှ တခြားနိုင်ငံကို ဆက်ကမ်းလှမ်းမယ်ထင်တယ်’’ဟု ဒေါ်စိုးယုဝေကပြောသည်။

(၆၄)ကြိမ်မြောက်မယ်စကြ၀ဠာပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ကျင်းပရန် မယ်စကြ၀ဠာအဖွဲ့အစည်းဥက္ကဋ္ဌ မစ္စပေါ်လာအမ်ရှူ ဂတ်ဒ်နှင့် ဒုတိယဥက္ကဋ္ဌ မစ္စတာ လာရီပါရာတို့က ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရ ရှိသည်။

‘‘အစ်မတို့ဘက်ကဖြစ်နိုင်ရင် လုပ်ချင်တယ်။ ဒါပေမဲ့ ဒါက အစ်မတို့တစ်ယောက်တည်းရဲ့ အင်အားနဲ့ မရ ဘူးလေ။ ကုန်ကျစရိတ်လည်းရှိတော့ တကယ်ပံ့ပိုးမယ့်လူတွေရှိနိုင်၊မရှိနိုင် ဆွေးနွေးမှုတွေအများကြီးလုပ်ရ ဦးမှာဆိုတော့ ဆွေးနွေးပြီးမှ အကြောင်း ပြန်ရမယ်’’ဟု ဒေါ်စိုးယုဝေက ပြောသည်။

အဆိုပါကမ်းလှမ်းမှုသည် မြန်မာနိုင်ငံ၏ သဘာဝအလှတရားများ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများသို့ ထုတ်ဖော်ပြသနိုင်မည့် အခွင့်အရေးတစ် ခုဖြစ်ကြောင်း ဒေါ်စိုးယုဝေကပြောသည်။

‘‘ဒီပြိုင်ပွဲကျင်းပခွင့်ရဖို့က တခြားနိုင်ငံတွေကလည်း စိတ်ဝင်စားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နိုင်ငံကို အဲဒီအချိန်မှာ လူတွေစိတ်ဝင်စားတယ်။ ဧည့်သည်တွေလာတယ်။ ခရီးသွားလုပ်ငန်းတွေ တိုးတက်တယ်။ အဲဒါကြောင့် တခြားနိုင်ငံတွေကလည်း လုပ်ချင်တယ်’’ဟု ၎င်းက ပြောသည်။

၂၀၁၄ခုနှစ်အတွက် မယ်စကြ၀ဠာပြိုင်ပွဲကို ၂၀၁၅ဇန်န၀ါရီ ၂၅ရက်က အမေရိကန်နိုင်ငံ မီယာမီကမ်းခြေ တွင် ကျင်းပပြီးစီးခဲ့ သည်။

မယ်စကြ၀ဠာမြန်မာပြိုင်ပွဲ ၂၀၁၅ အတွက် နောက်ဆုံးပြိုင်ပွဲကြီးကို အောက်တိုဘာလအတွင်း ပြုလုပ်သွား မည်ဖြစ်ပြီး မြို့နယ်အလိုက် အလှမယ်ရွေးချယ်ပွဲများကို မတ်၊ ဧပြီလများတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဒေါ် စိုးယုဝေကပြောသည်။

ဇွဲဉာဏ် | 7day.

မဇ္ဈိမ နေ့စဉ်သတင်းစာကို မတ်လ ၁ ရက်နေ့မှ စတင်၍ ရပ်နားတော့မည်

မြန်မာဘာသာဖြင့် ထုတ်ဝေလျှက်ရှိသည့် မဇ္ဈိမ နေ့စဉ်သတင်းစာကို မတ်လ ၁ ရက်နေ့မှ စတင်၍ ရပ်နားတော့မည် ဖြစ်ကြောင်း Mizzima Media Group (MMG) က ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် ကြေညာလိုက်သည်။ ပြည်တွင်း လုပ်ငန်းရှင်တဦးဖြစ်သော Mr. Serge Pun ခေါ် ဦးသိမ်းဝေက ၎င်းမီဒီယာ အဖွဲ့အစည်းမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပြီး နောက်တွင် ထိုသို့ ကြေညာခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ပေါ်ထွန်းစ မီဒီယာဈေးကွက်အတွင်းသို့ ပထမဆုံးအကြိမ် ၀င်ရောက်လာခဲ့ပြီး ၂၂ လ ခန့်ကြာမြင့်ခဲ့ပြီး နောက်ပိုင်းတွင် နေ့စဉ်ထုတ် ပုံနှိပ်သတင်းစာကို ရပ်နားလိုက်ပြီးနောက် ဒီဂျစ်တယ် စနစ်ဖြင့်သာ ဆက်လက်ထုတ်ဝေ တော့မည်ဟု MMG ၏ ကြေညာချက်တစောင်တွင် ဖော်ပြထားသည်။
MMG က ဇန်န၀ါရီလ ၂၈ ရက်နေ့က ပြောကြားရာတွင် အင်္ဂလိပ်ဘာသာဖြင့် အပတ်စဉ်ထုတ်ဝေသည့် မဂ္ဂဇင်း၊ နေ့စဉ် အွန်လိုင်း (အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာ ဖြင့်) သတင်းဝက်ဘ်ဆိုက်၊ အခပေး ရုပ်သံနှင့် ရေဒီယို သတင်း အစီအစဉ်နှင့် အခြား မီဒီယာ ၀န်ဆောင်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။
MMG ၏ အယ်ဒီတာချုပ် နှင့် မန်နေးဂျင်းဒါရိုက်တာ ဦးစိုးမြင့်က ပုဂ္ဂလိကပိုင် နေ့စဉ် သတင်းစာတစောင် ထုတ်ဝေ ရေးသည် အခက်အခဲမြောက်များစွာရှိနေပြီး ကုန်ကျစရိတ် ကြီးမားသည့်အတွက် ထိုသို့ ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။“ ခုချိန်မှာ အွန်လိုင်းက စာဖတ်သူ အရေအတွက်ကလည်း တိုးလာနေပါတယ်။ ဒါကြောင့် ကျနော် တို့က အွန်လိုင်း ဒီဂျစ်တယ် သတင်းစာတစောင်အဖြစ် ပြောင်းလဲလိုက်တာဖြစ်ပါတယ်” ဟု သူကထပ်ပြောသည်။
“ယေဘုယျအနေနဲ့ ပြောရရင် ပုဂ္ဂလိက သတင်းစာ အားလုံးနီးပါးဟာ အမြတ်အစွန်း မရှိဘဲလုပ်ကိုင်နေရပြီးတော့ ရှုံးတောင် ရှုံးကြတယ်လို့ ကျနော်သိရပါတယ်” ဟု ဦးစိုးမြင့်က ပြောသည်။ ထိုသို့ ဆုံးဖြတ်လိုက်ရခြင်း၏ ရလဒ်အဖြစ် ၀န်ထမ်း မည်မျှ အလုပ်အကိုင် ဆုံးရှုံးသွားမည်ဆိုသည်ကို အတိအကျ မပြောနိုင်ဟုလည်း သူက ဆိုသည်။
ဝန်ထမ်း ၁၄၀ ခန့် ရှိသည့်အထဲမှ ပြည်တွင်းဝန်ထမ်း ၄၀ ခန့်ကို ဆုံးဖြတ်ချက် ထွက်ပေါ်မလာမီ ပြီးခဲ့သည့် လကထဲက အလုပ်မှ ရပ်ဆိုင်းခဲ့ပြီး ဖြစ်သည်။ လကုန်တွင် ဒါဇင်နှင့် ချီသောဝန်ထမ်းများ ထပ်မံလျှော့ချမည်ဟု မျှော်လင့်ရသည်။ ၎င်းတို့ထဲတွင် သတင်းထောက်များ၊ ဓာတ်ပုံဆရာများ နှင့် ဒီဇိုင်းနာများ ပါဝင်သည်။
မဇ္ဈိမ နေ့စဉ်သတင်းစာသည် စောင်ရေ ၁၂၀၀၀ ခန့် ဖြန့်ချိနေပြီး မြန်မာနိုင်ငံတွင် ရောင်းအားအကောင်းဆုံး ပုဂ္ဂလိက နေ့စဉ် သတင်းစာ ၅ ခုတွင် တခု အပါအ၀င်ဖြစ်သည်။
ဦးသိမ်းဝေနှင့် အမှုဆောင်အရာရှိချုပ် ဦးဆန်နီဆွေတို့က MMG ကို စွန့်ခွာရန် ဆုံးဖြတ်ခဲ့ကြပြီး ၎င်းတို့၏ ရှယ်ယာ များကို ပြီးခဲ့သည့် အပတ်အတွင်းက ပြန်လည်ရုပ်သိမ်းသွားခဲ့ကြသည်ဟု ဦးစိုးမြင့်က ပြောသည်။ “သူတို့က ပိုင်ဆိုင်ခွင့် ကို ကျနော်နဲ့ ဒေါ်သင်းသင်းအောင် ကိုပေးခဲ့ပါတယ်” ဟုလည်း သူက ဆိုသည်။ ဦးစိုးမြင့်၏ ဇနီးဖြစ် သော ဒေါ်သင်းသင်းအောင် က MMG ၏ ဒါရိုက်တာ အသစ်ဖြစ်လာမည်ဟု သိရသည်။
“ဦးဆန်နီဆွေက မဇ္ဈိမမှာ အလုပ်မလုပ်ချင်တော့ဘူး။ ဒါကြောင့် သူ နုတ်ထွက်သွားတာပါ။ Mr. Serge Pun ကတော့ မဇ္ဈိမ ကို အစကထဲက ကူညီပေးချင်တာ သက်သက်ပါပဲ” ဟု ပူးပေါင်းမှု ပျက်ပြားသွားရခြင်းနှင့် ပတ်သက်၍ ရှင်းပြသည်။
သတင်းလုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန် အတွက် အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း MMG က ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကြေညာခဲ့သည်။ ဦးသိမ်းဝေက ဒါရိုက်တာ အဖွဲ့ဝင်နှင့် ရှယ်ယာပိုင်ဆိုင်သူ ဖြစ်လာသည်။ အင်္ဂလိပ် ဘာသာနှင့် ထုတ်ဝေသည့် အပတ်စဉ်ဂျာနယ် The Myanmar Times ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်သော ဦးဆန်နီဆွေ နှင့် ဦးစိုးမြင့်တို့က အစုရှယ်ယာဝင်များ ဖြစ်သလို အမှုဆောင်အရာရှိချုပ်နှင့် အယ်ဒီတာချုပ်များ အသီးသီး ဖြစ်လာခဲ့ကြ သည်။
လုပ်ငန်းတိုးချဲ့ရန် အတွက် MMG က Mr. Serge Pun ထံမှ ငွေချေးယူခဲ့သည်ဟု ပြောသော်လည်း ပြန်လည်ပေးဆပ်ရ မည့် ငွေကြေးအတိုင်းအတာကို ပြောပြရန် ဦးစိုးမြင့်က ငြင်းသည်။ မီဒီယာ လုပ်ငန်းများကို ရေရှည် ဆက်လက် လုပ်ကိုင်နိုင်ရန် ပုဂ္ဂလိက ကဏ္ဍမှ စီးပွားဖက်များ ဆွဲဆောင်နိုင်ရန် မျှော်လင့်ထားသည်ဟုလည်း သူက ဆက်ပြောသည်။
မည်သည့်အတွက်ကြောင့် MMG မှ ထွက်ခွာခဲ့ရသည်ဆိုသည်ကို ဦးဆန်နီဆွေက တိုက်ရိုက်ဖြေဆိုခဲ့ခြင်း မရှိပါ။ သူနှင့် ဦး စိုးမြင့်တို့ကြားတွင် “ပြဿနာ မရှိ”ဟုသာ ပြောသည်။ “ဒါပေမယ့် ကျနော်တို့ စီမံခန့်ခွဲမှုပုံစံ ကွဲပြားမှု ရှိခဲ့ပါတယ်” ဟု သူက ဆိုသည်။
သူနှင့် ဦးသိမ်းဝေတို့က သူတို့ အစုရှယ်ယာများ ပိုင်ဆိုင်မှုကို ဦးစိုးမြင့်ထံသို့ မိမိဆန္ဒအလျှောက် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု ဦးဆန်နီဆွေ ပြောသည်။ မြန်မာနိုင်ငံ၏ မီဒီယာ လုပ်ငန်းကဏ္ဍတွင် ဆက်လက်လှုပ်ရှားနိုင်မည်ဟု မျှော်လင့် ကြောင်းလည်း ပြောသည်။ “တကယ်လို့ Mr. Serge Pun က ကျနော်နဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ ဆန္ဒရှိမယ်ဆိုရင် ကျနော့်ဖက်က ငြင်းစရာ အကြောင်းမရှိပါဘူး” ဟု သူကပြောသည်။
မြန်မာနိုင်ငံမှ လေယာဉ်တစီးကို အပိုင်စီးခဲ့မှုမှ အိန္ဒိယ တရားရုံးတရုံးက တရားသေလွှတ်ပေးခြင်းခံခဲ့ရသော ဦးစိုးမြင့်သည် အိန္ဒိယတွင် အခြေချနေထိုင်ပြီး ယခင်စစ်အစိုးရကို ဆန့်ကျင်ခဲ့သူတယောက်ဖြစ်သည်။ သူက စစ်အုပ်ချုပ်ရေး လက်အောက်မှ သတင်းများကို ဖြန့်ဝေပေးနိုင်ရန် မဇ္ဈိမ သတင်းဌာနကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၁၉၉၈ ခုနှစ်က စတင် တည်ထောင်ခဲ့ပါသည်။
ဦးသိမ်းဝေက မြန်မာနိုင်ငံတွင် Serge Pun & Associates Myanmar Limited (SPA) ကို ၁၉၉၁ ခုနှစ် ၌ တည်ထောင် ခဲ့ပြီး တနှစ် အကြာတွင် ရိုးမဘဏ်ကို တည်ထောင်ခဲ့သည်။ ထိုအချိန်မှ စ၍ SPA သည် ဘဏ္ဍာရေး ၀န် ဆောင်မှု၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေလုပ်ငန်း၊ မော်တော်ကားထုတ်လုပ်ရေး နှင့် ကျန်းမာရေး ၀န်ဆောင်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည့် ကုမ္ပဏီလုပ်ငန်းစုကြီး တခုဖြစ်လာခဲ့သည်။
မဇ္ဈိမ နေ့စဉ်သတင်းစာသည် သမ္မတ ဦးသိန်းစိန်၏ အရပ်သားအမည်ခံ အစိုးရက ၂၀၁၃ ခုနှစ်တွင် နေ့စဉ်သတင်းစာများ ထုတ်ဝေခွင့်ပြုလိုက်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် မြန်မာနိုင်ငံ၏ မီဒီယာအပေါ် ထိန်းချုပ်ကန့်သတ်ခြင်းများ ကို ဖယ်ရှားလိုက်ပြီးနောက် အသစ်ထွက်ပေါ်လာသည့် သတင်းအဖွဲ့အစည်းများ ထဲမှတခု ဖြစ်သည်။
မြန်မာစာနယ်ဇင်းသမားများကလည်း စိတ်အားထက်သန်စွာဖြင့် လွတ်လပ်သည့် သတင်းစာများတည်ထောင်ခဲ့ကြသည့် အတွက် မြန်မာနိုင်ငံ၏ မီဒီယာလောကတွင် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရသည်။ The Voice၊ 7 Day Daily၊ Daily Eleven နှင့် The Messenger အစရှိသည် တို့က မြန်မာဘာသာနှင့် ထုတ်ဝေခဲ့ကြပြီး The Myanma Freedom Daily က အင်္ဂလိပ် ဘာသာဖြင့် နေ့စဉ် ထုတ်ဝေခဲ့ကြသည်။
ထုတ်ဝေသော သတင်းစာများသည် စီးပွားရေးအရ အကျိုးအမြတ်ရရှိရန် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ကြရပြီး အစိုးရပိုင် သတင်းစာများနှင့် ယှဉ်ပြိုင်ရန်လည်း ခက်ခဲသည်။ အစိုးရပိုင် သတင်းစာများက တန်ဘိုး နည်းနည်းဖြင့် ရောင်းချနိုင် သလို ဖြန့်ချိရေး အတွက်လည်း ကွန်ရက်များ ရှိနှင့် ပြီးဖြစ်သည့်အတွက် အားသာမှုရှိနေသည်။ စောင်ရေကလည်း ၃၀၀၀၀၀ ကျော်ခန့် ရှိသည်။ ၂၀၁၃ ခုနှစ် ဧပြီလနောက်ပိုင်းတွင် ပိတ်သိမ်းခဲ့ရသည့် သတင်းစာ ၅ ခုခန့် ရှိပြီး ၂၀၁၄ ခုနှစ် မတ်လက ရပ်ဆိုင်းခဲ့သည့် The Myanma Freedom လည်း အပါအ၀င်ဖြစ်သည်။
(Paul Vrieze ပူးပေါင်းရေးသားသည်)

မြန်မာ့ကြယ်လိပ် အပါအ၀င် အာရှမျိုးစိတ် ၁၀ မျိုးကို တရားမ၀င် ဖမ်းဆီး ရောင်းဝယ်ခြင်းမှ ကာကွယ်ပေးရန် သက်ဆိုင်ရာ အစိုးရများအား WWF တိုက်တွန်း


Sunday, February 1, 2015
ရန်ကုန်- တောရိုင်းတိရစ္ဆာန်ထိန်း သိမ်းရေးများကို ကမ္ဘာတစ်ဝန်း လုပ်ဆောင်နေသော ကမ္ဘာလုံး ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန် ပုံငွေအဖွဲ့ (ယခင်ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့-WWF)က အာရှနိုင်ငံများတွင် တ ရားမ၀င်ဖမ်းဆီးရောင်းချခံနေရ ပြီး လူအများဂရုမပြုမိသေးသော အာရှရှားပါး တောရိုင်းတိရစ္ဆာန် နှင့် သစ်ပင်ပန်းမန်(၁၀)မျိုးစာရင်း ကို ထုတ်ပြန်လိုက်ပြီးထိုတောရိုင်း တိရစ္ဆာန်များကျန်ရှိရာ နိုင်ငံများမှ အစိုးရများကိုလည်း ယင်းသို့ ဖမ်း ဆီးသတ်ဖြတ်ခံရမှုဘေးမှ လုံးဝ ကာကွယ်ပေးရန် တိုက်တွန်းလိုက် ရာ ထို(၁၀)မျိုးတွင် မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာ တွေ့ရသည့် မြန်မာ့ကြယ်လိပ်များလည်းပါဝင်သည်။
တောရိုင်း တိရစ္ဆာန်များ မှောင်ခိုရောင်းဝယ်သည့် ဈေး ကွက်အတွင်း ဖမ်းဆီးရောင်းချ ခံနေရသော်လည်း လူသိနည်း သည့် အာရှမျိုးစိတ် တောရိုင်းတိရစ္ဆာန်များကို ဆိုင်ရာအစိုးရများ ဂရုပြုမိပြီး တရားမ၀င် ဖမ်းဆီး ရောင်းချနေခြင်းများ တားဆီး ကာ လုံးဝကာကွယ်ပေးရန် မီး မောင်းထိုးပြလိုသဖြင့် မျိုးစိတ် ၁၀ မျိုးကို ထုတ်နုတ်ရွေးချယ် လိုက်ကြောင်း WFF က ဆိုထား သည်။
ထိုမျိုးစိတ်(၁၀)မျိုးကျက်စား ရာနိုင်ငံများမှ အစိုးရများအား တ ရားဝင် ဖမ်းဆီးရောင်းဝယ်ခြင်း များကို ထိထိရောက်ရောက်ကိုင် တွယ်နှိမ်နင်းရန်၊ ထိုသို့ကိုင်တွယ် ရာတွင် နည်းပညာ အသစ်များအသုံးပြုပြီး မြေပြင်တွင် ထိထိ ရောက်ရောက် ဆောင်ရွက်ရန် လည်း ပြောကြားတိုက်တွန်းထား သည်။
မြန်မာနိုင်ငံမှ ကြယ်လိပ်မျိုး စိတ်သည် မျိုးသုဉ်းလုနီးပါးအ န္တ ရာယ်နှင့် ရင်ဆိုင်နေရသော မျိုး စိတ် (Critically Endangered Species)ဖြစ်ပြီး အာရှတစ်ခွင် တွင် အသားနှင့်ရိုးရာတိုင်းရင်း ဆေး ဖော်စပ်ရန် မှောင်ခိုဈေးကွက်ဝယ်လိုအား ရှိနေကြောင်း WWFကပြောကြားထားသည်။
ထို့အပြင် ကြယ်လိပ်ကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူရန် ဥ ရောပနှင့်မြောက်အမေရိကဒေသ တို့မှ ဒေါ်လာထောင်ချီပေးဝယ်နေ ခြင်းတို့ကြောင့် ကြယ်လိပ်များမှာ သဘာဝတောအတွင်းဆိုးရွားစွာ လျော့နည်းလာနေကြောင်း WWF ကဆိုထားသည်။
မြန်မာနိုင်ငံတွင် ကြယ်လိပ် ထိန်းသိမ်းရေးကို သစ်တောနှင့် ပူး ပေါင်းကာ ဆောင်ရွက်နေသော လိပ်ထိန်းသိမ်းရေးပညာရှင်တစ် ဦးဖြစ်သည့် ဦးဝင်းကိုကိုကလည်း ‘‘သဘာဝ တောထဲမှာ မရှိသ လောက်ရှားပါးနေပြီ’’ ဟု ပြော ကြားသည်။
ကြယ်လိပ်များကို မင်းစုံ တောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တော၊ လောကနန္ဒာအမျိုးသားဥယျာဉ်နှင့် ရွှေစက်တော် ဘေးမဲ့ တောစသည့် နေရာသုံးနေရာတွင် ခြံခတ် မွေးမြူကာ ကောင်ရေတိုးပွားအောင် ပြုလုပ်သည့်နည်း(Captive Breeding) ဖြင့်ကောင်ရေ ပြန်လည်တိုးအောင် ၁၉၉၅ ကတည်းက စတင် လုပ်ဆောင်လျက်ရှိသည်။
မျိုးပွားထားသော ကြယ်လိပ် များကို ပြီးခဲ့သည့်နှစ်မှစတင်ကာ သဘာဝတောအတွင်း ပြန်လွှတ် ခြင်းဖြင့် ကောင်ရေတိုးပွားအောင် ပြုလုပ်သည့်နည်းကို စမ်းသပ် လျက်ရှိကြောင်း သတင်းရရှိ သည်။ တောရိုင်းတိရစ္ဆာန်မှောင်ခို ဈေးကွက်၏ အချက်အချာဟုပင် ဆိုနိုင်သည့် တရုတ်နိုင်ငံနှင့် ဘေး ချင်းကပ်လျက် တည်ရှိနေသဖြင့် မြန်မာနိုင်ငံမှ ကုန်းလိပ်၊ ရေလိပ် အမျိုးမျိုးမှာ နည်းလမ်းအမျိုးမျိုး၊ လမ်းကြောင်းအမျိုးမျိုးဖြင့် မှောင် ခိုတင်ပို့လျက်ရှိပြီး လိပ်များကိုအစားအစာနှင့် တိုင်းရင်းဆေးဖော်စပ်ရန် အဓိက ၀ယ်ယူနေကြသည်။
‘‘လိပ်တော်တော်များများ တရားမ၀င်ဖမ်းပြီးမှောင်ခိုပို့ခံရ တယ်။ ကြယ်လိပ်တော့ သိပ်မ တွေ့ရဘူး။ ဝေဟင်ကနေ သွား လားတော့မသိဘူး’’ဟု လိပ်ထိန်း သိမ်းရေးလုပ်ဆောင်နေသူတစ်ဦး ကမှတ်ချက်ပြုသည်။
WWFက ထုတ်ပြန်သည့်အာ ရှဒေသမျိုးစိတ် ၁၀မျိုးတွင် မြန်မာ နိုင်ငံသာ တွေ့ရသည့် ကြယ်လိပ်နှင့် မြန်မာနိုင်ငံတွင် ကျန်ရှိကျက်စားနေသေးသည့် ဆိုက်ဘေးရီးယားသမင်မျိုးစိတ်တို့ အပါအ၀င် အာရှဒေသ၌သာ ကျက်စားရှင်သန်သည့် ၀က်ဝံ၊ သင်းခွေချပ်၊ တောက်တဲ့၊ သစ်ခွ၊ ထိုင်းသစ်မွှေး၊ မြန်မာ စပါးကြီးမြွေ၊မျောက်လေပွေနှင့် မျောက်မျိုးစိတ်များဖြစ်သည်။
အာရှဒေသတွင် တောရိုင်း တိရစ္ဆာန်များကို တရားမ၀င်ဖမ်းဆီးကာ မှောင်ခိုတင်ပို့နေခြင်းများလုံးဝပပျောက်ရေးကို Zero Poa−ching လှုပ်ရှားမှုအနေနှင့် နိုင်ငံတ ကာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်း ရေး အဖွဲ့အစည်းများက ဆောင် ရွက်နေကြသည်။
အာရှတွင် နီပေါနိုင်ငံက တစ်နှစ်တာအတွင်း တောရိုင်းတိရစ္ဆာန်အကြီးစားများ ဖြစ်သည့် ကြံ့၊ ကျားနှင့်ဆင်မျိုးစိတ် သုံးမျိုးကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ တရားမ၀င်ဖမ်းဆီးခံရခြင်း လုံးဝကင်းစင်အောင် ဆောင်ရွက်နိုင်ခဲ့သည့် စံပြနိုင်ငံအဖြစ်သတ်မှတ်ခံခဲ့ရသည်။
လာမည့်ဖေဖော်ဝါရီ ၂ရက် မှ ၆ရက်အထိ နီပေါနိုင်ငံတွင် အာရှဒေသ၌ တောရိုင်းတိရစ္ဆာန်တရားမ၀င် ဖမ်းဆီးရောင်းဝယ်ဖောက်ကားခြင်း လုံးဝကင်းစင်စေရေးအတွက် စုံညီဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပ၍ ပညာရှင် များ ဆွေးနွေးသွားရန်ရှိနေသည်။
အာရှ ရှားပါးတောရိုင်းတိရစ္ဆာန် စာရင်းဝင် ကြယ်လိပ်များကို တွေ့ရစဉ် (asianturtlenetwork.org
 
)
7Day Daily

ရွှေစက်တော် ဘုရားဖူးယာဉ် တိမ်းမှောက်၍ လေးဦးသေ ခြောက်ဦးဒဏ်ရာရ


Sunday, February 1, 2015
ပြည်ခရိုင်၊ ရွှေတောင်မြို့ နယ်အ၀င် ရန်ကုန်-ပြည်လမ်းမ ကြီးတွင် ရွှေစက်တော်ဘုရားပွဲသို့ဘုရားဖူးလာသည့် လိုက်ထရပ်ကားတစ်စီးမှ လမ်းဘေးသစ်ပင် ကို ၀င်တိုက်မိရာမှ ခရီးသည် လေးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရ ရှိသည်။
ဇန်န၀ါရီ ၃၁ရက် နံနက် ၄ နာရီခွဲခန့်တွင် ရန်ကုန်-ပြည်လမ်း မကြီး၊ ရွှေတောင်မြို့နယ်အ၀င် ၀ါးလည်ရွာအနီး၌ ခရီးသွား လိုက်ထရပ်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ မလေးရှား ပိတောက်ပင်ကို ၀င်တိုက်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။အ ဆိုပါကားပေါ်တွင် ဝေါမြို့နယ်မှ ဘုရားဖူးခရီးသည် ၁၅ဦးလိုက်ပါ လာခဲ့ရာ ယာဉ်တိုက်မှုကြောင့်လူ လေးဦးသေဆုံးခဲ့ပြီး ခြောက်ဦးမှာ အတွင်းလူနာအဖြစ်တက်ရောက် ကုသခဲ့ရကြောင်း ပြည်ခရိုင်ရဲတပ် ဖွဲ့မှ သိရသည်။
‘‘အမျိုးသမီးသုံးဦးက အခင်း ဖြစ်နေရာမှာပဲ သေဆုံးသွားပြီး နောက်အမျိုးသမီးတစ်ဦးကတော့ ပြည်ဆေးရုံကြီးမှာဆုံးသွားတယ်။ ဘုရားဖူးယာဉ်ပေါ်မှာ သံဃာနှစ် ပါးလည်းပါလာပြီး တစ်ပါးက တော့ ဒဏ်ရာရခဲ့တယ်။ အရှိန်မ ထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ၀င်တိုက်တာလို့ သိရတယ်’’ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။
ယာဉ်တိုက်မှုကြောင့် ဝေါမြို့ နေယာဉ်မောင်းကိုရဲဝင်းအား ယာဉ်မဆင် မခြင်မောင်းနှင်မှုဖြင့် ရွှေတောင် မြို့နယ်ရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၀၄ (က)/၃၃၈/၃၃၇ အရအမှုဖွင့် အရေးယူထားကြောင်း သိရသည်။
‘‘နယ်ဘုရားဖူးကားတွေကို ပြောချင်တယ်။ အဲဒီရွှေတောင်မြို့ အ၀င်နေရာလမ်းတွေက အကွေ့ အ၀ိုက်တွေ အတော်ဖြတ်ရတယ်။ အန္တရာယ်ကွေ့တွေရှိတယ်။ ဖြစ် လိုက်ရင် ရွှေတောင်မြို့နယ်ထဲမှာ များတယ်။ လွန်ခဲ့တဲ့လကလည်း ယာဉ်တိုက်မှုဖြစ်တာ လေးဦးသေ သွားတယ်။ လမ်းကြောင်းအထာ ကို မသိရင် အရှိန်လျှော့ပြီးဆင် ဆင်ခြင်ခြင်မောင်းကြပါလို့’’ဟု ရွှေတောင်မြို့နယ်ဒေသခံတစ်ဦး ကပြောသည်။
7Day Daily

ကောလာဟလတွေကြောင့် နာမည်ပိုကြီးခဲ့တယ်ဆိုတဲ့ မေမြတ်နိုး


Sunday, February 1, 2015
မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အလှမယ်သရဖူကို ပထမဆုံးရယူနိုင်ခဲ့သော မေမြတ်နိုးက ၎င်းကိုပရိသတ်များ ပို၍သတိထားမိလာသည်မှာ ကောလာဟလသတင်းများကြောင့် ဟု ထင်မြင်ကြောင်း ဆိုသည်။
သရဖူရပြီးနောက် ထွက်ရှိခဲ့သည့် ကောလာဟလများကြောင့် နာမည်ကြီးလာခြင်းဖြစ်ပြီး ထိုသတင်းများကြောင့်လည်း ၎င်းနှင့် မြန်မာနိုင်ငံကိုတွဲ၍ မြင်လာခြင်းကြောင့် ကောလာဟလကို ကောင်းစွာအသုံးချခဲ့သည်ဟုလည်း မေမြတ်နိုးက ပြောသည်။
ယင်းကောလာဟလများကြောင့်ပင် လူကဲခတ်တတ်လာ ပြီး အတွေ့အကြုံများစွာ ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။
အနုပညာနှင့်ပတ်သက်၍ ရုပ်ရှင်နှင့်ဂီတပိုင်းတွင် စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်လိုပြီး လက်ရှိအချိန်ထိ ဇာတ်ကားရှစ် ကားရိုက်ကူးထားပြီး ဂီတပိုင်း၌ အတွဲခွေသုံးခွေထွက်ရှိထား ပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ လက်ရှိတွင် သရုပ်ဆောင် မိုးအောင်ရင်နှင့်အတူ‘ကိုပေသီးတို့ရပ်ကွက်’အမည်ရှိ ဟာသဇာတ် ကားတစ်ခု ရိုက်ကူးနေပြီး ယင်းဇာတ်လမ်းထဲတွင် မင်းသမီးရူး ရူး နေသည့် ကောင်မလေးတစ်ဦးနေရာ၌ ပါဝင်ထားကြောင်းသိရသည်။ သရုပ်ဆောင် မေမြတ်နိုးသည် အိပ်မက်ဆုံရာ Senson6 တွင် နံပါတ်(၈) နေရာရရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် Miss Asia Pacific World 2014 တွင် သရဖူရရှိ ထားသူဖြစ်ပြီး ၂၀၁၃ အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၌ ရွှေကြိုအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။
7Day Daily

အပြန်အလှန် သတ်ကြတော့မယ်

ဘင်္ဂလားဒက်ရှ် ပလပ်စတစ် စက်ရုံမီး ၁၃ ဦးသေဆုံး



ဘင်္ဂလားဒက်ရှ် နိုင်ငံမှာ စနေနေ့က မြို့တော်ဒက္ကာရဲ့ ဆင်ခြေဖုံး Mirpur အရပ်က ပလပ်စတပ်ထုပ်ပိုး စက်ရုံးမှာ မီးလောင်မှု ဖြစ်ပွါးခဲ့တဲ့အတွက် လူ ၁၃ ဦးထက်မနဲ သေဆုံးခဲ့ရပါတယ်။ စက်ရုံလုပ်သား အများအပြားလည်း ဆိုးဝါးတဲ့ မီးလောင်ဒဏ်ရာတွေရခဲ့ပြီး ၃ ယောက်ကတော့ ဒက္ကာ ဆေးကောလိပ်က ဆေးရုံကို တင်ထားရပါတယ်။

မီးသတ်သမားတွေက အထပ် ၆ ထပ်ရှိတဲ့ စက်ရုံမီးလောင်မှုဖြစ်ပွါးရာနေရာကနေ မီးလောင်ကျွမ်းနေတဲ့ အလောင်းတွေကို သယ်ထုတ်ခဲ့ကြပြီး အလောင်း ၁၃ လောင်းကို ဆေးရုံ ရင်ခွဲရုံကို ပို့ခဲ့ပေမယ့် ဆိုးဆိုးဝါးဝါး လောင်ကျွမ်းထားတဲ့ အလောင်းတွေကို ဘယ်သူဘယ်ဝါ ဆိုတာ ခွဲဖို့ အခက်အခဲ တွေ့နေရပါတယ်။

စက်ရုံရှေ့မှာ ရပ်ထားတဲ့ ကားတစီးဟာလည်း မီးလောင်ခဲ့ပြီး ဓါတ်ငွေ့အိုး အတော်များများ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့တယ်လို့လည်း ဒေသ သတင်းတွေမှာ ဖေါ်ပြပါတယ်။

ဒီစက်ရုံဟာ ပလပ်စတိတ်တွေကို ပြန်ကြိုပြီး အစားအသောက်တွေ ထုပ်ပိုးဖို့ ပလပ်စတိတ်အိတ်တွေ ထုတ်လုပ်တာ ဖြစ်ပါတယ်။ မီးလောင်ချိန်မှာ အလုပ်သမား ၇၀ လောက် စက်ရုံမှာ အလုပ်လုပ်နေကြတယ်လို့ ရဲကပြောပါတယ်။ မီးက အလျင်အမြန်ပျံ့နှံ့ခဲ့တာ ဖြစ်ပြီး အများအပြား လွတ်မြောက်ခဲ့ပေမယ့် ပိတ်မိနေသူတွေလည်း ရှိပါတယ်။ မီးသတ်ဌာန ၁၈ ခုက ၂ နာရီကြာလောက် မီးကိုညှိမ်းသတ်ခဲ့ရတာပါ။ ဘင်္ဂလာဒက်ရှ် နိုင်ငံဟာ စက်ရုံလုပ်သားတွေအတွက် အလုပ်ခွင့် ဘေးကင်းလုံခြုံမှု မရှိတဲ့ နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/bangladesh-plastic-factory-fire-killed-13-/2623276.html

ကျောင်းသားတွေ ဆက်လက် ချီတက်


ရန်ကုန်မှာ အစိုးရနဲ့ ဆွေးနွေးပွဲ လုပ်ဖို့ သဘောတူ
ကျောက်ပန်းတောင်း ကနေ ရေနံချောင်း ကို ဆက်လက် ချီတက် နေ တဲ့ ဆန္ဒပြ ကျောင်းသား တွေကို အာဏာပိုင် တွေ ဘက် က လမ်း မှာ တားဆီးမှု တချို့ ရှိခဲ့ တယ် လို့ ကျောင်းသား တွေ ဘက်က ပြောကြား ပါတယ်။

ပုဒ်မ ၁၈ နဲ့ ဟန့်တား နှောင့်ယှက် တာ ဖြစ်ပြီး အရင် မြင်းခြံမှာ စွဲဆို ထား တယ် ဆိုတဲ့ အမှု ကိစ္စ တွေ ကို အကြောင်းကြား ခြင်း လည်း မရှိသေးဘူး လို့ သိရပါတယ်။

နေပြည်တော်မှာ အာဏာပိုင် တွေနဲ့ ညှိနှိုင်း ဆွေးနွေး စဉ် ကတော့ ဆန္ဒပြ မှုတွေ ရပ်ပေးရင် ပုဒ်မ ၁၈ နဲ့ စွဲထား တာ တွေ ရုပ်သိမ်း ပေးမယ် လို့ အာဏာ ပိုင် တွေက ကမ်းလှမ်း ခဲ့တယ် လို့ ဆိုပါတယ်။

စနေနေ့ ည ရေနံချောင်း မရောက်ခင် ဂွေးပင်ရွာ အနား က ထန်းခြောက်ပင် ဘုန်းကြီး ကျောင်း မှာ အိပ်စက် ပြီး နောက် ရက် မှာ ရန်ကုန် တက္ကသိုလ် စိန် ရတု ခန်းမ မှာ အစိုးရနဲ့ လေး ပွင့်ဆိုင် ဆွေးနွေးပွဲ တွေ လုပ်သွား မယ် လို့ သိရ ပါတယ်။

ဆွေးနွေးပွဲ လုပ်တဲ့ အခါ မှာ လည်း မူလ တောင်းဆိုချက် ၁၁ ချက် ကို ရအောင် တောင်းဆို သွားကြ မှာ ဖြစ်ပြီး တလ အတွင်း ပြင်ဆင် ပေးဖို့၊ တကယ်လို့ တောင်းဆို တာတွေ မရ ခဲ့ရင် ရန်ကုန်ထိ ဆက်လက် ချီတက် တောင်းဆို သွား မယ် လို့ ဗကသ တွဲဘက် အတွင်း ရေးမှူး ကို မင်းသွေး သစ် က ပြော ပါတယ်။

ဆွေးနွေးပွဲ စတဲ့ ရက်မှာ စခန်းချ နေတဲ့ ဂွေးပင် ရွာမှာ တရားပွဲတွေ ကျင်းပ သွားမယ် လို့ လည်း ကိုမင်းသွေးသစ် က ပြော ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2015/01/150131_students_march

ဆန္ဒပြကျောင်းသား စစ်ကြောင်း မကွေးတိုင်း ဝင်ရောက်

မကွေးတိုင်း၊ ကြံတိုင်ရွာရောက် သပိတ်မှောက်ကျောင်းသားများ။ (ဇန်နဝါရီ ၃၁၊ ၂၀၁၅။ ဓာတ်ပုံ-သိန်းအောင်မြင့်)
အမျိုးသား ပညာရေး ဥပဒေ ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ ရန်ကုန်အထိ ချီတက် လမ်းလျှောက် ဆန္ဒပြနေကြတဲ့ သပိတ်မှောက် ကျောင်းသား ပင်မစစ်ကြောင်း အခုဆိုရင် မန္တလေးတိုင်းကနေ မကွေးတိုင်းထဲ ဝင်ရောက် ချီတက်သွား ကြပြီ ဖြစ်ပါတယ်။ မကွေးမြို့ အာဏာပိုင်တွေ ဘက်က ပုဒ်မ ၁၈ နဲ့ ဖိအားပေး တားမြစ်တာမျိုး လုပ်ပေမယ့် ကျောင်းသား သပိတ်ချီတက်ပွဲ ရှေ့ဆက်ခဲ့ကြတယ်လို့ သပိတ်ခေါင်းဆောင် ကျောင်းသားတွေက ဆိုပါတယ်။ မြန်မာနိုင်ငံအဝှမ်း ခရိုင်အသီးသီးက ကျောင်းသားတွေက ရခိုင်လမ်းကြောင်း၊ ဧရာဝတီ လမ်းကြောင်းတွေကနေ ရန်ကုန်အထိ ချီတက်လာ နေကြပါတယ်။ ပညာရေးဆန့်ကျင် သပိတ်မှောက် ချီတက်လမ်းလျှောက် နေကြတဲ့ ကျောင်းသား သပိတ်အခြေအနေ အသေးစိတ် မဆုမွန်က တင်ပြပေးထားပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ ကျောက်ပန်းတောင်းမြို့မှာ ၃၀ ရက်နေ့ တစ်ရက်တာ သပိတ်နားပြီးနောက်မှာတော့ အခု ဇန်နဝါရီလ ၃၁ ရက်နေ့ စနေနေ့ မနက်ပိုင်းကစတင်လို့ သပိတ်မှောက်ကျောင်းသားတွေ ကျောင်းသားအလံတွေ ကိုင်ဆောင်ပြီး ဆက်ပြီးတော့ ချီတက်လာခဲ့ကြတာ အခုဆို မန္တလေးတိုင်းကို ကျော်လွန်လို့ မကွေးတိုင်းထဲ ဝင်ရောက်သွားပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမှာ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပနေချိန် တစ်ရက်ကိုတော့ သပိတ် ခေတ္တရပ်နားထားမှာဖြစ်ပြီး အစည်းအဝေးရလာဒ်ပေါ် မူတည်ပြီး ကျောင်းသားသပိတ်ကို ဆက်လက် ဆောင်ရွက်လှုပ်ရှားကြမှာဖြစ်တယ်လို့ သပိတ်ဦးဆောင်လမ်းလျှောက်နေတဲ့ ဗကသများအဖွဲ့ချုပ်က ကိုမင်းသွေးသစ်က ပြောပါတယ်။

“ကျောက်ပန်းတောင်းကနေပြီး မနက် ၉ နာရီ ထွက်လာတယ်ဗျ။ လမ်းမှာကျနော်တို့နားတယ်၊ ဂွေးချိုရွာမှာနားပြီး ထမင်းစားတယ်။ ပြီးတော့ ဂွေးပင်ရွာကိုဆက်သွားတယ်။ အခု ဆားတောင်ရွာဆိုတဲ့ …လမ်းခွဲကိုရောက်နေကြတယ်။ ”

မန္တလေးတိုင်းထဲကအထွက် မကွေးတိုင်းအဝင်မှာ မကွေးတိုင်းအာဏာပိုင်တွေဘက်က သပိတ်မှောက်ကျောင်းသားတွေကို ဟန့်တားပြီး ပုဒ်မ ၁၈ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ ခွင့်ပြုမိန့်ယူပါ-ဆိုပြီး ဖိအားပေးတာတွေကြုံခဲ့ရပေမဲ့ သပိတ်မှောက်ကျောင်းသားတွေဘက်က ခရီးဆက်ခဲ့ကြပါတယ်လို့ ဗကသများအဖွဲ့ချုပ်ကပြောပါတယ်။

“မန္တလေးတိုင်းကနေပြီး မကွေးတိုင်းဝင်လာတယ်။ အဲဒီ နယ်နိမိတ်ဆိုင်းဘုတ်အကျော်လေးနားမှာပဲ မကွေးတိုင်းဘက်က အဖွဲ့လိုက် လာစောင့်နေတယ်။ ပြီးတော့ ကျနော်တို့ကို ပုဒ်မ ၁၈ နဲ့တင်ဖို့ စာလာဖတ်ပြတယ်။ ကျနော်တို့ကလည်း သူတို့ဖတ်ပြတာ နားမထောင်ဘဲ ကျော်တက်လာခဲ့တယ်။ ကျနော်တို့နေ့ခင်း ထမင်းစားပြီး ပြန်ထွက်လာတဲ့အချိန်မှာလည်း ဘုန်းကြီးကျောင်းရှေ့က လာတားတယ်။ ….မြို့နယ်တိုင်းပေါ့၊ တိုင်းတခုနဲ့တခု ကျော်တဲ့နေရာမှာ အခက်အခဲပေါ့လေ။”

အခုဆိုရင်တော့ မကွေးတိုင်း ချောက်မြို့နယ်ထဲက အာသောကဓမ္မဗိမာန်ကျောင်း မှာ နားနေကြတယ်လို့သိရပါတယ်။ တပြိုင်နက်တည်းမှာ ဧရာဝတီတိုင်းဘက်က တက္ကသိုလ်ကျောင်းပေါင်းစုံက ကျောင်းသားတွေကလည်း ချီတက်ဆန္ဒပြကြနေကြပါတယ်။ ရန်ကုန်အထိ ချီတက်ဖို့ကို ဖေဖော်ဝါရီ ၁ ရက် အစည်းအဝေးရလာဒ်ပေါ်မူတည်ပြီး ကျောင်းသားတွေ ဆုံးဖြတ်ကြမှာဖြစ်တယ်လို့ ဧရာဝတီတိုင်း သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ကိုအောင်ခန့်ဇော်ကပြောပါတယ်။

“၃၀ ရက်နေ့စထွက်တဲ့ ဧရာဝတီသပိတ်စစ်ကြောင်းမှာ မအူပင်ကျောင်းသားတွေလည်းပါပါတယ်။ ဟင်္သာတကျောင်းသားတွေလည်း ပါပါ တယ်။ ဒဂုံတက္ကသိုလ်က ကျောင်းသားတွေလည်း ပါတယ်။ နည်းပညာတက္ကသိုလ်ကကျောင်းသားတွေလည်းပါတယ်။ ၁ ရက်နေ့ ဆုံးဖြတ်ချက်ကနေ၊ နောက်ပိုင်းဆွေးနွေးပွဲတွေကတော့ ၁ ရက်နေ့ဆိုတာက တစ်ရက်တည်းနဲ့တော့ ပြီးမှာမဟုတ်ဘူးလေ၊ နောက်ပိုင်း အကောင်းဘက်ကိုဆောင်ပြီးတော့ တကယ် ကောင်းမွန်တဲ့ ဒီမိုကရေစီပညာရေးတစ်ခု ရလဒ်မျိုး ဖြစ်စေချင်ပါတယ်။ အဲလိုမျိုးဖြစ်ဖို့လည်း ကျနော်တို့ အကောင်းဘက်ကနေ ဆွေးနွေးတယ်ဆိုရင် ကျနော်တို့လည်း အမြဲတမ်းအားပေးနေမှာပါ။ တကယ်လို့ အဲလိုမျိုးနဲ့ သွေဖြည်တဲ့ ကိစ္စမျိုးဆိုရင်တော့ ကျနော်တို့က ဧရာဝတီစစ်ကြောင်းအနေနဲ့ရော၊ ကျနော်တို့ကျောင်းသားတွေအနေနဲ့ပါ ဒါကို ဆက်လက် တိုက်ပွဲဝင် သွားမှာ ဖြစ်ပါတယ်။”

ရခိုင်ပြည်နယ်ဘက်က တက္ကသိုလ်ကျောင်းသားတွေလည်း ရန်ကုန်အထိ ချီတက်လမ်းလျှောက်ဆန္ဒပြနေကြပါတယ်။ အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်ဆန္ဒပြတဲ့အနေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ တက္ကသိုလ်ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်တို့က ကျောင်းသားတွေဦးဆောင်ပြီး မန္တလေးကနေ ရန်ကုန်အထိ လမ်းလျှောက်ချီတက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။ လမ်းခရီးတလျှောက် ဒေသခံပြည်သူတွေက တခဲနက် ထောက်ခံအားပေးကြပြီး နယ်ခံကျောင်းသားလူငယ်တွေကလည်း အင်အားဖြည့် ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာ သပိတ်စခန်းဖွင့်လှစ်ပြီး အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြန်ဆင်ပေးရေး တောင်းဆိုတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သပိတ်မှောက်ကျောင်းသားတွေကပြောပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/long-match-of-student-protesters-now-in-magwe-division-/2622825.html

ဒုတိယ​မြောက် ဂျပန်​ဓားစာခံ ကို ခေါင်း​ဖြတ်သတ်​တဲ့ ဗီ​ဒီ​ယို IS တွေ ထု​တ်ပြန်

အသက် ၄၇ နှစ် အရွယ် မစ္စတာ ဂိုတိုဟာ ထင်ရှားတဲ့ အလွတ် သတင်းစာ ဆရာ တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ လိုက်တုန်းက ဆီးရီးယား နိုင်ငံထဲမှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။
အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့ IS က သူတို့ ဖမ်းဆီး ထားတဲ့ ဂျပန် စာနယ်ဇင်း သမား ကင်ဂျီ ဂိုတို ကို ခေါင်းဖြတ် သတ်လိုက်တာ ကို ရိုက်ပြ ထားတာ လို့ ယူဆရ တဲ့ ဗီဒီယို ထုတ်ပြန် လိုက်ပါ တယ်။

မနေ့ အစောပိုင်းတုန်း က ဂျပန် အာဏာပိုင် တွေ ရဲ့ အဆိုအရ ဓားစာခံ လွတ်မြောက်ရေး အတွက် IS တွေ နဲ့ ဆွေးနွေး နေမှု ဟာ တိုးတက်မှု မရှိ ဖြစ်နေ ရတယ် လို့ ပြောထား ပါတယ်။

အသက် ၄၇ နှစ် အရွယ် မစ္စတာ ဂိုတိုဟာ ထင်ရှားတဲ့ အလွတ် သတင်းစာ ဆရာ တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ လိုက်တုန်းက ဆီးရီးယား နိုင်ငံထဲမှာ ဖမ်းဆီး ခံခဲ့ရ တာ ဖြစ်ပါတယ်။

အခု ISတွေ ထုတ်ပြန် လိုက်တဲ့ ဗီဒီယို ဟာ အစစ်အမှန် ဟုတ် မဟုတ်၊ စစ်ဆေးနေတယ် ဆိုပြီး၊ ဂျပန် အာဏာပိုင် တွေ က ပြောနေပါတယ်။

IS တွေ လက်ထဲ မစ္စတာ ဂိုတို လိုပဲ အဖမ်းခံ ထားရ တဲ့ ဂျော်ဒန် လေသူရဲ နဲ့ ပတ်သက် လို့တော့ ဘာမှ မသိရ သေးပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150131_is_japan_hostage

အချိန်မှန် အိပ်စက်ခြင်းသည် သင်ကြားမှု အတွက် အကောင်းဆုံး သော့ချက်ဖြစ်



သက်အောင်
လန်ဒန် ၊ ဇန်န၀ါရီ ၁၆
            ကလေး သူငယ်များ အနေဖြင့် ကောင်းမွန်စွာ အချိန်ကြာကြာ အိပ်စက် ရခြင်းသည် နောင်တစ်ချိန်တွင် သင်ယူမှုနှင့် မှတ်ဉာဏ် ဖွံ့ဖြိုးဖို့ အတွက် အကောင်းဆုံး သော့ချက် ဖြစ်ကြောင်း သိပ္ပံ ပညာရှင်တို့က ပြောသည်။
            အသက် (၁၂) လ အရွယ်ရှိသော ကလေးငယ် (၂၁၆) ယောက်ကို စမ်းသပ် ကြည့်ရာတွင် အိပ်ရေးကောင်းစွာ မ၀ဘဲ နိုးထခဲ့ရပါက အဆိုပါ ကလေးငယ်များ အနေဖြင့် ပုံမှန် လုပ်ငန်း ဆောင်တာများကို မှတ်မိခြင်း မရှိကြောင်း သိရသည်။ ရှဖီးတက္ကသိုလ်မှ ပါမောက္ခများက ကလေးများကို အိပ်ရာ မ၀င်ခင် သို့မဟုတ် အိပ်စက်ခြင်း မပြုခင် သင်ကြား ရသည်မှာ ပိုမိုတတ်လွယ်ပြီး အကောင်းဆုံး ဖြစ်ကြောင်းနှင့် ကလေးများ အိပ်ရာဝင်ချိန်မှာလည်း စာဖတ်ပြဖို့ လိုကြောင်း၊ စာဖတ်ရာတွင်လည်း ဂရုသံ ပေါက်အောင် ဌာန်ကရိုဏ်း ကျကျ ဖတ်ပြသင့်ကြောင်း အကြံ ပေးထားသည်။
            ကလေး အထူးကု ဆရာဝန်များက အကြံပေးရာတွင် ကလေးများ အနေဖြင့် အသက်အရွယ် ငယ်ရွယ်ချိန်တွင် ကောင်းမွန်စွာ အိပ်စက်သင့်ကြောင်း ထိုအရွယ်တွင် အိပ်ရေး ကောင်းစွာဝဖို့လိုပြီးကျန်သည် အသက်အရွယ်ထက် ပိုမို အရေးကြီးကြောင်း ပြောသည်။ လူအများ အနေဖြင့် အိပ်စက်ခြင်းဖြင့် အချိန်ကုန်လေ့ရှိပြီး ကလေးများ အနေဖြင့် ထိုထက်ပိုမို အိပ်စက် သင့်ကြောင်းလည်း အကြံ ပေးထားကြသည်။
              ထို့ကြောင့် ကလေးနှင့် ပတ်သက်သည့် ပညာရှင်များက ကလေးများ၏ ပထမဆုံးနှစ် အတွင်း အိပ်စက်ခြင်းဟာ အရေးကြီးဆုံး ဖြစ်ကြောင်း ထုတ်ဖော် ပြောခဲ့သည်။ ထို့ကြောင့် အင်္ဂလန် အမျိုးသား သိပ္ပံ အကယ်ဒမီက ကလေးများကဲ့သို့ အိပ်စက်ခြင်းသည် သင်ယူမှုအား အကောင်းဆုံး ရရှိစေကြောင်း ထုတ်ပြန်ခဲ့သည်။ ရှဖီးလ် တက္ကသိုလ် စိတ်ပညာဌာနမှ ဒေါက်တာဂျိန်း ဟာဘတ်ကလည်း ““ အကောင်းဆုံး အိပ်စက်တဲ့ သူတွေက အကောင်းဆုံး သင်ယူနိုင်ပြီး ကောင်းကောင်း မအိပ်ရသူတွေ ကတော့ ဘယ်တော့မှ သင်ယူလို့ အဆင်ပြေနိုင်မှာ မဟုတ်ဘူး”” ဟု ပြောသည်။
            သူမက အိပ်ရေးဝခြင်းဟာ အကောင်းဆုံး ပါပဲဟုလည်း ပြောသည်။ နောက်ဆုံး လေ့လာတွေ့ရှိချက်များ အရ ကောင်းမွန်စွာ အိပ်စက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ် စီးဆင်းမှုနှင့် ဦးနှောက် ဆဲလ်များနှင့် ချိတ်ဆက်မှုအား ပိုကောင်းစေကြောင်းလည်း သိရသည်။ အထူးသဖြင့် ကလေးများ အိပ်ရေး ကောင်းမွန်စွာဝဖို့ လိုအပ်ပြီး အိပ်ရေး မ၀ပါက အာရုံစုစည်းမှုအား မကောင်းနိုင်ကြောင်း ပြောကြားခဲ့သည်။      
 Source: BBC

မပျော်နိုင်သူတို့ရဲ့ လက္ခဏာ (၇) ချက်

စိတ်ပညာ သုတေသန မဂ္ဂဇင်း Psychology Today ၏ အဆိုအရ လူသားများ ပျော်ရွှင်မှု၏ (၄၀) ရာခိုင်နှုန်း ထိသည် လူသားများ လွှမ်းမိုးပြုပြင် ချယ်လှယ်နိုင်သော အပိုင်း ဖြစ်ကြောင်း သိရသည်။ လူသားများ ပျော်ခြင်း မပျော် ခြင်းကို ပြင်ပ ကိစ္စများက လွှမ်းမိုးမှု ရှိသည် မှန်သော်လည်း ထိုကိစ္စများ အပေါ် ခံယူသည့် လူသား၏ စိတ်ဓာတ် ကလည်း ထိုလူကို ပျော်စေ စိတ်ညစ်စေဟူ၍ ကွဲပြား သွားတတ်သည်။

အောက်တွင် စိတ်ခံယူပုံ လွဲမှား၍ မပျော်ရွှင်နိုင်သူတို့တွင် တွေ့ရသည့် လက္ခဏာ (၇) ချက်ကို တင်ပြသွားပါမည်။ ထိုလက္ခဏာများ မိမိတွင် ရှိနေလား စစ်ဆေးကြည့်ပါ။ ရှိနေသည် ဆိုလျှင် ဖယ်ရှားပစ်ဖို့ ပြင်ဆင်ပါ။

၁။ ဘ၀ဆိုတာ ခက်ခဲ ကြမ်းတမ်းသည်ဟုသာ အမြဲ ခံယူထားသူ။

ပျော်ရွှင်သော လူများသည် ဘ၀ဆိုတာ ခက်ခဲ ကြမ်းတမ်းသည်ဟု နားလည်သည်။ သို့သော် တစ်ပြိုင်တည်းမှာပင် အခက်အခဲကို စူးစမ်းသည့် မျက်လုံးဖြင့် ကြည့်ကာ ပေါ့ပါး သွက်လက်သော စိတ်ဖြင့် ခုန်ပျံ ထွက်ရမည်ဟုလည်း ခံယူထားသူများ ဖြစ်သည်။ အခက်အခဲ အကျပ်အတည်းထဲသို့ သူတို့ မည်သို့ ကျရောက်ခဲ့ကြောင်း စူးစမ်းကာ ခုန်ထွက်နိုင်မည့် အခွင့်အရေး ကိုလည်း ရုန်းကန် ကြိုးပမ်းရင်း သတိမပြတ် စောင့်ကြည့် နေသူများ ဖြစ်သည်။

ပြဿနာ မပြေလည်မချင်း လက်မလျှော့ဘဲ ကြိုးပမ်းတတ်သည် မှာလည်း ပျော်ရွှင်သော လူသားများသာ ဖြစ်သည်။ ဘ၀ဟူသည် ခရီးကြမ်း ဖြစ်သော်လည်း အောင်မြင်စွာ ဖြတ်ကျော်နိုင်သည့် ခရီးကြမ်းသာ ဖြစ်သည်ဟု ပျော်ရွှင်သူများက ခံယူကြသည်။

မပျော်ရွှင်သော လူသားများ ကားဘ၀ကို အရှုံးသမား အမြင်နဲ့သာ ကြည့်ကြသည်။ သူတို့ပေါ် ကျလာသည့် ဒုက္ခတွေကိုသာ စုပ်တသပ်သပ်နဲ့ ကြေကွဲ နေတတ်ကြသည်။ အခက်အခဲကြားက လွတ်အောင် ဘယ်လို ရုန်းရမလဲ လမ်းကြောင်းမရှာ၊ ခုန်ထွက်ဖို့ မကြိုးစားဘဲ ဘ၀ဆိုတာ ကြမ်းတမ်း သည်ဟုသာ ရေရွတ်ကာ ၀မ်းနည်းအား ပျက်နေတတ်ကြသည်။

၂။ လူတွေဆိုတာ မယုံရဘူးဟု ခံယူချက်ရှိသူ။

လူတွေကို သတိထားရမည် မှန်သော်လည်း လူတွေ အားလုံးသည် မယုံကြည်ရ ဟူသော အစွန်းတစ်ဖက်ထိ ရောက်သွားဖို့ မသင့်။ ပျော်ရွှင်သူများသည် သတိထားသင့် သူများကို သတိထားသော်လည်း လူအများစုကြီးကိုကား ယုံကြည် စိတ်ချ ပျော်ရွှင်စွာ ပေါင်းသင်းသူများ ဖြစ်သည်။ ပျော်ရွှင်သူများသည် လူတွေမှာ ရှိသည့် ကောင်းကွက်များကို ရွေးကြည့်ကာ ကျေနပ်ပီတိ ဖြစ်တတ်ကြသည်။ ကြုံလာ ဆုံလာရသူများကို ပွင့်လင်း နွေးထွေးစွာ ဆက်ဆံတတ်ကြသည်။ သူတို့နား ရောက်သည်နှင့် ချစ်ခင်ခြင်း ၀န်းကျင်ထဲ ရောက်သွားသလို ခံစားရသည်။ မိတ်သစ် ဆွေသစ်များကို ပွင့်လင်းသော နှလုံးသားဖြင့် ဆီးကြိုတတ်ကြသည်။

မပျော်ရွှင် နိုင်သူများကား လူအများစုကို မသင်္ကာ မျက်လုံးဖြင့် စိမ်းကားစွာ ကြည့်သည်။ လူစိမ်းတိုင်းကို မယုံရသူများ အဖြစ်သာ သဘောထားသည်။ ထိုအကျင့်ဆိုးသည် မိမိဝန်းကျင်မှာ ရှိထားပြီး သားလူများ လျော့သွားအောင် လုပ်သလို၊ မရသေးသော မိတ်သစ်များ တိုးလာမည့် အရေးကိုလည်း ဖျက်ဆီး ပစ်တော့သည်။

၃။ အဆိုးများ၊ အပျက်များကိုချည်း ရှာနေတတ်သူ။

မပျော်ရွှင်နိုင်သူများသည် ကမ္ဘာကြီးမှာ ဘာမှားနေ၊ လွဲနေလဲ ကိုသာ တစ်ချိန်လုံး စောင့်ကြည့် နေတတ်ကြသည်။ မှန်နေတာများကို မျက်နှာ လွှဲနေတတ်သည်။ အမှန်ကို မည်မျှပြောပြော လက်မခံချင်ကြ။ လုံးဝ မှန်နေသည့် ကိစ္စဆိုလျှင်ပင် “မှန်တော့ မှန်တာပေါ့၊ ဒါပေမယ့်..” ဆိုတာမျိုးနဲ့ အဆိုး တစ်ခုခု မရရအောင် ရှာဖွေပြောရမှ ကျေနပ်ကြသည်။

ပျော်ရွှင်သူများကား မိမိဝန်းကျင်မှာ ဖြစ်ပျက်နေသမျှကို သတိမူပြီး ကြည့်တတ်သည်။ အဆိုးကိုလည်း သင့်တင့်စွာ နှလုံးသွင်းတတ်သလို၊ အကောင်းကိုလည်း ရအောင် ရှာဖွေကြည့်ကာ ပီတိ ဖြစ်တတ်ကြသည်။

၎။ တစ်ချိန်လုံး ကိုယ့် ကိုယ်ကိုယ် သူများနဲ့ နှိုင်းယှဉ်ကြည့်ကာ ကိုယ့်ထက်သာ သူကို မနာလို ဖြစ်တတ်သူ။

မပျော်ရွှင်နိုင် သူများသည် ကံကောင်းသူများကို မြင်လျှင် ထိုသူများ၏ ကံကောင်းသည် သူတို့ထံမှ ခိုးယူသွားခြင်း ဖြစ်သည်ဟု ခံယူတတ်ကြသည်။ မိမိထက်သာ သူများကို မနာလို ၀န်တိုစိတ်ဖြင့်သာ အသက် ရှင်သန်ကြသည်။ပျော်ရွှင်သူများမူကား ကံကောင်းသူများ၊ မိမိထက်သာ သူများကို မြင်လျှင် ထိုသူများထံက ဘာအတု ယူနိုင်မည်နည်းဟု အကောင်းဘက်က ကြည့်တတ် ကြသည်။ ပျော်ရွှင်မှု ဟူသည်သူများ ဆီကလည်း ခိုးယူလို့ မရသလို၊ မိမိထံ ကလည်းသူများ ခိုးယူလို့ မရနိုင်ကြောင်း ပျော်ရွှင်သူများ ခံယူ ထားတတ်ကြသည်။

ပျော်ရွှင်သူများက အဆုံးမဖြစ်သော ဖြစ်နိုင်စွမ်းများ အပေါ် ယုံကြည်မှုရှိသည်။ အခြားသူ တစ်ယောက် ကောင်းစား ခြင်းကြောင့် မိမိအတွက် ထပ်ကောင်းစားရန် အခွင့်အလမ်း မကျန်တော့ ဆိုတာမျိုး ဘယ်တော့မှ မတွေး။

၅။ ဘ၀ကို ထိန်းချုပ်ဖို့ ကြိုးစားသူ။

ကိုယ့် ကိုယ့်ကို ထိန်းချုပ်စီမံကာ ရည်မှန်းချက် ပန်းတိုင် ပေါက်မြောက်အောင် ကြိုးပမ်းခြင်းနဲ့ ဘ၀ကို ထိန်းချုပ်ထားဖို့ ကြိုးပမ်းခြင်း ကြားမှာ သိသိသာသာ ကွာခြားမှုရှိသည်။ ပျော်ရွှင်သူများသည် နေ့စဉ် ရည်မှန်းချက် ပန်းတိုင်များကို အရောက် လှမ်းကြသည်။ တစ်ချိန်တည်းမှာပင် မိမိသည် ဘ၀ကို ထိန်းချုပ်နိုင်စွမ်း နည်းပါးလှကြောင်း ကိုလည်း နားလည်ကာ မှန်းထားသလို ဖြစ်မလာသည့် အခါများတွင် လည်းများစွာ ထိခိုက် ခံစားခြင်း မရှိဘဲလဲ ကျနေရာမှ ရည်မှန်းချက် ပန်းတိုင် လမ်းကြောင်းပေါ်သို့ ပြန်တက်လျှောက်ကာ ဆက်လှမ်းသည်။

မပျော်ရွှင်သူများကား ရလဒ် အားလုံးကို သူတို့စိတ်ကြိုက် ဖြစ် လိုသည်။ မလွန်ဆန်နိုင်သော ၀န်းကျင် သက်ရောက်မှုများအတိုင်း မိမိလိုက်ပါ လှုပ်ရှားနေရသည့် အဖြစ်ကို သတိထားမိခြင်း မရှိကြ။ လိုချင်သော ရလဒ် ရရေးကိုသာ အာရုံစိုက်နေကြရာ ဘ၀က ခြေထိုး ခံလိုက်သည်နှင့် ဒလိမ့်ကောက်ကွေး ဖြစ်ကြ ရတော့သည်။ ဘ၀ဟူသည် ခရီးကြမ်းကြီး ဟူသော မပျော်နိုင်သူတို့၏ ခံယူချက်လည်း ပိုခိုင်မာသွားရသည်။

ပျော်ရွှင်သူများမူကား ဒလိမ့် ကောက်ကွေး ဖြစ်သွားသည့်တိုင် ရည်မှန်းချက် ပန်းတိုင်ကို မျက်ခြေမပြတ်။ ဘ၀ကိုလည်း စိတ်မပျက်။ ပြန်ထပြီး လျှောက်စရာရှိတာ စိတ်ရှင်းရှင်းနဲ့ လျှောက်ကြသည်။

၆။ အနာဂတ်ကို စိုးရိမ်မှု၊ ကြောက်ရွံ့မှုတွေနဲ့ ကြည့်တတ်သူ။

လူသား၏ နားနှစ်ဘက်ကြားမှာ ပူပင်စရာတွေ ထည့်ဖို့ နေရာကျယ်ကြီး ရှိသည်။ သိပ်ကို ကျယ်သည်။ ပူပင်စရာ ဆိုလို့ကတော့ ထည့်ချင်သလောက်ထည့် ဆန့်သည် ဆိုတာမျိုး။ မပျော်ရွှင်နိုင် သူများသည် ဘာမှားလဲကိုသာ ဂရုစိုက် ကြည့်ကြသည်။ ဘာမှန်လဲကို မေ့ထားတတ်ကြသည်။

ပျော်ရွှင်သူများကား သူတို့ရှေ့ အနာဂတ်ကြီး သာယာစွာ ခင်းကျင်းလာမည်ကို ယုံကြည်ကြသည်။ မပျော်ရွှင်သူများသည် ခေါင်းထဲမှာ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုများနဲ့သာ ဖြည့်ထားကြသည်။ ပျော်ရွှင်သူများ သည်လည်း ကြောက်ရွံ့ခြင်း၊ စိုးရိမ် ပူပန်ခြင်း တို့ကို ခံစားရသည်ပဲ ဖြစ်သည်။ သို့သော် ပျော်ရွှင်သူများသည် ကြောက်ရွံ့ခြင်း စိုးရိမ်ပူပန် ခြင်းတို့ကို ခံစားသည့်တိုင် ထိုအရာများနှင့် အတူ နေထိုင်ခြင်းတော့ မပြု။

ကြောက်ရွံ့ခြင်း၊ စိတ်ပူခြင်းများ ကျဆင်း သွားအောင်လုပ်ဖို့ ဘာလုပ်နိုင်မလဲ ဆိုသော အဖြေကို ပျော်ရွှင်သူများက ရှာသည်။ ဘ၀သည် ကြမ်းတမ်းသောကြောင့် ကြောက်ရွံ့ခြင်း၊ စိတ်ပူခြင်းများ ဟူသည် ရုန်းမလွတ်သော ထောင်ချောက် ဖြစ်သည်ဟု မပျော်ရွှင်နိုင် သူများက စိတ်ပျက် အားလျှော့ကြသည်။

၇။ အတင်းတွေ တုပ်သူ၊ အမြဲ ညူစူနေသူ။

မပျော်ရွှင်သူများသည် အတိတ်မှာ နေထိုင်သူများ ဖြစ်သည်။ ဘယ်တုန်းက ဘာတွေ ဒုက္ခရောက်ခဲ့သည်၊ ဘယ်တုန်းက ဘယ်လို အခက်အခဲ ကြုံခဲ့သည်များက သူတို့ ပြောစကားထဲမှာ အမြဲပြန်ပါ နေတတ်သည်။ သူတို့ အကြောင်း ပြောလို့ကုန်လျှင် အခြား သူများအကြောင်း ပြောမည်။ အတင်း အဖျင်းများလည်း ပါမည်။

ပျော်ရွှင်သူများကား ပစ္စုပ္ပန်မှာ နေပြီး အနာဂတ် အတွက် အစီအစဉ်ချသူ ဖြစ်သည်။ လက်ရှိ လုပ်နေတာကို စိတ်ပျော်ရွှင် တက်ကြွနေသူ ဖြစ်သည်။ လက်ရှိ ရထားတာ အတွက် ရောင့်ရဲ ကျေနပ်သည်။ အနာဂတ် အတွက် အိပ်မက်ပြီး ကျေနပ် ပျော်ရွှင်သည်။

ပြီးပြည့်စုံသူဟူ၍ မရှိ။ လူတိုင်းအဆိုး ရေအိုင်ထဲမှာ တစ်ချိန်မဟုတ် တစ်ချိန် ကူးကြရသည်ပဲ ဖြစ်သည်။ သို့သော် ပျော်ရွှင်သူများက ရေကန်ထဲက ရုန်းတက်နိုင်ဖို့ ကြိုးစားကြသည်။ မပျော်ရွှင်သူများက ဘ၀က ကြမ်းသည်ဟု ၀မ်းနည်းကာ ရေနစ်ကြသည်။

ပျော်ရွှင်သူ တစ်ယောက်ဖြစ်ဖို့ အရာရာမှာ ပြီးပြည့်စုံနေဖို့ မလို။ ပျော်ရွှင်စေသော အပြုအမူများ စိတ်နေ စိတ်ထားများ နေ့စဉ်ထားရှိ ကျင့်သုံးသွားဖို့သာ လိုသည်။

Ref: 7 Qualities Of People Who Are Chronically Unhappy (elitedaily.com)
http://www.messengernewsjournal.com/news/Health/detail.php?id=30817

အမေရိကန်နိုင်ငံက ပထမဆုံး အမျိုးသမီးသီးသန့် ဗလီ


အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ်မှာ အမေရိကန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သီးသန့် ဗလီကို မနေ့က ဖွင့်လှစ်လိုက်ပါတယ်။

အစ္စလာမ်ဘာသာရေး ထုံးစံအရ ဗလီဝတ်ပြု ဆုတောင်းမှုတွေကို ဗလီဆရာတွေကသာ ဦးဆောင်ပြီး  ကိုရမ်ကျမ်းစာကို သင်ကြားတာပါ။

ဒါပေမယ့် အမေရိကန်အမျိုးသမီးဗလီမှာတော့ ပထမဆုံး အမျိုးသမီးဗလီဆရာမ ဦးဆောင်ဝတ်ပြုခွင့် ရရှိတော့မှာပါ။

အမျိုးသမီးသီးသန့် ဗလီဖွင့်လှစ်မယ့် အကြောင်း အမေရိကန်တနိုင်ငံလုံးကို အင်တာနက်လူမှု ကွန်ရက်တွေမှာ ဖြန့်ဝေခဲ့ပြီး နိုင်ငံတ၀န်းက အစ္စလာမ်ဘာသာဝင်အမျိုးသမီး ၁၅၀ လောက် ဒီသမိုင်းဝင်အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

နီဗားဒါးပြည်နယ်၊ လာ့ဗေးဂတ်မြို့က လာရောက်သူတဦးကတော့ အခုလို အမျိုးသမီးတွေ သီးသန့်စုစည်းခွင့်ရပြီး ဘာသာရေးဆွေးနွေးခွင့်ရတာဟာ နောက်လာမယ့် မျိုးဆက်လူငယ်တွေအတွက်လည်း အရေးကြီးကြောင်း၊ ဗလီကြီးတွေမှာ လူများပြားလွန်းပြီး အမျိုးသမီးတွေနဲ့ အမျိုးသားတွေကြား ခွဲခြားထားတာရှိတဲ့အတွက် အခုလိုက ပိုအဆင်ပြေလိမ့်တယ်လို့ ပြောဆိုပါတယ်။

ဒီအမျိုးသမီးဗလီကို တည်ထောင်ခဲ့သူ မာဇာဗီ Maznavi ကတော့ ဒီလိုသီးသန့်ဗလီတခုဖွင့်လှစ်ဖို့ ငယ်ငယ်လေးကတည်းက အိပ်မက်ဖြစ်တယ်လို့ ပြောဆိုပါတယ်။

အမျိုးသမီးခေါင်းဆောင်မှုပညာနဲ့ မွတ်စလင်အမျိုးသမီးတွေရဲ့ သမိုင်းကို နှစ်ပေါင်းများစွာ လေ့လာခဲ့အပြီး အခုလို အကောင်အထည်ဖော်ဖြစ်ခဲ့တယ်လို့လည်း ပြောဆိုပါတယ်။

“အမျိုးသားတွေနဲ့ တွဲတက်ရတဲ့ဗလီတွေမှာ ထုံးစံအရ ဗလီဆရာတွေပဲ ဦးဆောင်ကြပြီး ဘာသာရေးအရ ဘာသာရေးခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ဖို့ အမျိုးသမီးတွေအတွက် အခွင့်အရေးနည်းတယ်။ ဒါကြောင့် အခုလိုထူထောင်ဖြစ်ခဲ့တာပါ” လို့ ပြောဆိုပါတယ်။

ထုံးစံအရတော့ မွတ်စလင်အမျိုးသမီးတွေဟာ တလမှာ တခါ ဗလီတက်ဝတ်ပြုရတာဖြစ်ပေမယ့် ဒီအမျိုးသမီး သီးသန့်ဗလီကတော့ တပတ်တခါဝတ်ပြုဗလီတက်ဖို့ စီစဉ်မယ်လို့ ပြောဆိုပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no/archives/79489

နိုင်ငံရေးလမ်းမမှားဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး


နိုင်ငံရေးမှာ လမ်းကြောင်း မှန်ကန်ဖို့ အရေးကြီးပြီး၊ နိုင်ငံရေး ပြေလည်မှုရှိမှ ပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည်နိုင်မယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရွှေပြည်သာဘုရားဝင်းမှာ ဒီနေ့ကျင်းပတဲ့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့်အကြို လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။

"ကျမတို့နိုင်ငံဟာ ကျမတို့ရဲ့ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံဖြစ်တယ်၊ အားလုံးကလည်း တစ်ချိန်တစ်ခါမှာ ကမ္ဘာ့အလယ်မှာ လျှမ်းလျှမ်းတောက်ဖြစ်လာမယ့်နိုင်ငံလို့ တွက်ဆထားတာ ဒါပေမဲ့ဒီလိုမဖြစ်ခဲ့ဘူး၊ ဘာဖြစ်လို့ ဒီလိုမဖြစ်ခဲ့သလဲဆိုတော့ တကယ်တော့ နိုင်ငံရေးအကြောင်းတွေကြောင့် မဖြစ်ခဲ့တာပဲ၊ ကျမတို့နိုင်ငံဟာ နိုင်ငံရေးလမ်းမှားသွားတာနဲ့ စီးပွားရေးရော၊ လူမှုရေးရော အားလုံးခြွတ်ခြုံချတယ်၊ ဒါကြောင့်မို့လို့ နိုင်ငံရေးဟာ အရေးမကြီးဘူး၊ စားဝတ်နေရေးဟာ အရေးကြီးတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်တွေရဲ့ စကားကို လုံးဝနားမယောင်ပါနဲ့လို့"

ဒေါ်အောင်ဆန်းစုကြည်က လူတိုင်းနိုင်ငံရေးကို နားလည်ဖို့ နိုင်ငံအကျိုးကို တတ်နိုင်သမျှ သယ်ပိုးဖို့နဲ့ ဗိုလ်ချုပ်ကို ကျေးဇူးတင်တယ်ဆိုရင် သူချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကိုလိုက်နာပြီး ကျေးဇူးဆပ်ဖို့ ဒီကနေ့ ဟောပြောပွဲမိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဒီနေ့ လူထုဟောပြောပွဲကို ပျော်ဘွယ်မြို့က ဒေသခံလူဦးရေ ရှစ်ထောင်နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

အိန္ဒိယရဲ့ ရွေ့ပြောင်း ဒုံးပစ်စင် စမ်းသပ်အောင်မြင်


အိန္ဒိယရဲ့ တာဝေးပစ် ဒုံးကျည်
အိန္ဒိယနိုင်ငံမှာ နျူကလီးယား ထိပ်ဖူးတပ် တာဝေးပစ် ဒုံးကျည် ပစ်လွှတ်နိုင်တဲ့ ရွေ့ပြောင်းပစ်စင်ကို စမ်းသပ်ရာမှာ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် အိန္ဒိယရဲ့ ကီလိုမီတာ ၅၀ဝ၀ အကွာကို ပစ်လွှတ်နိုင်တဲ့ အန်နီ ၅ ဒုံးကျည်တွေကို ဖြန့်ကျက်ဖို့ ပိုမို လွယ်ကူသွားစေပါတယ်။

အဲဒီ ဒုံးကျည်ဟာ ဥရောပနဲ့ တရုတ်ပြည်အပါအဝင် အာရှ အရှေ့မြောက်ပိုင်းက ပစ်မှတ်တွေကို ချိန်ရွယ် ပစ်ခတ်နိုင်ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီကတော့ အခုလို ရွှေ့ပြောင်းပစ်စင်ကနေ ပစ်လွှတ်နိုင်တာကြောင့် ဒီဒုံးကျည်တွေဟာ တန်ဘိုးတက်လာမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်က သူ့အစိုးရ အာဏာရခဲ့တဲ့ နောက်မှာ အိန္ဒိယ ရဲ့ လက်နက်တပ်ဆင်မှုတွေနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ် ပြင်ဆင်သွားမယ်လို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150131_india_missles

၎ ပွင့်ဆိုင်ဆွေးနွေးရေးအတွက် ကျောင်းသားတွေ ကြိုတင်ညှိနှိုင်း


မနက်ဖြန်မှာ ပြုလုပ်မယ့် ပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ အတွက် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင်တွေနဲ့ NNER ပညာရေး ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် အဖွဲ့ဝင်တွေ ဒီကနေ့ ရန်ကုန်မြို့မှာ အကြိုတွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ဒီကနေ့တွေ့ဆုံ ဆွေးနွေးပွဲမှာ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီက တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုးအောင်က ပြောပါတယ်။

"အဓိကကတော့ ကျမတို့ NNER နဲ့ ကျမတို့နဲ့ဆွေးနွေးမယ့် ဒီအချက် ၁၁ ချက်အပေါ်မှာ မူတည်ပြီးတော့ ကျမတို့ ဘယ်လိုဆွေးနွေးမလဲဆိုတာရယ်၊ နောက်ကျမတို့ ပြန်ပြီးတော့ အပြန်လှန်ညှိနှိုင်းတာပေါ့နော်၊ ဒီအချက် ၁၁ ချက်မှာ ဘယ်လိုကျမတို့ဆွေးနွေးကြမလဲဆိုတာ ပြန်လည်ညှိနှိုင်းတဲ့သဘောမျိုးပါရှင့်"

အဲဒီ ၁၁ ချက်လုံးကို အစိုးရဘက်က သဘောမတူရင် ဆက်လက်သပိတ်မှောက် ဆန္ဒပြသွားမယ်လို့လည်း မဖြိုးဖြိုးအောင်က ပြောပါတယ်။

အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေနဲ့ NNER အဖွဲ့ဝင်တွေ ရန်ကုန်မြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

ရန်ကုန်မြို့အတွင်း အမျိုးသား အနှိပ်ခန်းများနှင့် အမျိုးသား ပြည့်တန်ဆာ လုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်နေသော်လည်း ဖမ်းဆီးအရေးယူခြင်း မရှိသေး


Eleven Media Group

ရန်ကုန်မြို့အတွင်း အမျိုးသား အနှိပ်ခန်းများနှင့် အမျိုးသား ပြည့်တန်ဆာ လုပ်ငန်းများ ဖွင့်လှစ်လုပ်ကိုင်နေမှု တွင်ကျယ်နေသော်လည်း ဖမ်းဆီးအရေးယူခြင်းနှင့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခြင်း မရှိသေးကြောင်း အဆိုပါ အသိုင်းအ၀ိုင်းနှင့် ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

အမျိုးသား အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်နေမှုများကို ရန်ကုန်မြို့အတွင်း လွန်ခဲ့သော နှစ်နှစ်ဝန်းကျင်ခန့်က စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း ပိုမိုကျယ်ပြန့်လာကြောင်း စုံစမ်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ အမျိုးသား အနှိပ်ခန်းများကို အလုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ စမ်းချောင်း၊ ရန်ကင်း စသည့်မြို့နယ်များအပြင် အခြားမြို့နယ်များတွင်လည်း ကျယ်ပြန့်စွာ လုပ်ကိုင်နေကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို အမျိုးသားသီးသန့် Spa အမည်ဖြင့် လည်းကောင်း၊ Health & beauty Spa အမည်ဖြင့် လည်းကောင်း ဖွင့်လှစ်လုပ်ကိုင်နေကြကြောင်း သိရသည်။

အဆိုပါ အမျိုးသားသီးသန့် အနှိပ်ခန်းများကို လာရောက်သူ အများစုမှာ မိန်းမလျာများဖြစ်ပြီး သီးသန့်အခန်းများအတွင်း ဆက်ဆံပျော်ပါးမှုများ ပြုလုပ်လျက်ရှိကြောင်း အဆိုပါ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

ယင်းလုပ်ငန်းများကို ရန်ကုန်မြို့အတွင်း ဖွင့်လှစ်လုပ်ကိုင်နေမှုများ များပြားလာမှုကြောင့် ယခုရက်ပိုင်းအတွင်း ၀န်ထမ်းများကိုလည်း ထပ်မံခေါ်ယူနေမှုများလည်း ရှိနေကြောင်း သိရသည်။

“အွန်လိုင်းမှာ ကြေညာထားတာတွေ့လို့ ကျွန်တော်တို့ဆိုင်ရှိတဲ့ အလုံမြို့နယ်ကို သွားပြီး စုံစမ်းခဲ့တယ်။ လစာကတော့ ၄၀၀၀၀ လောက်ရမယ် ပြောတယ်။ ၀င်ရတဲ့ Section ကြေးပေါ် မူတည်ပြီးတော့ ၁၅ ရာခိုင်နှုန်း ထပ်ရမယ်လို့ပြောတယ်။ အတွေ့အကြုံရှိစရာ မလိုဘူး။ ပညာအရည်အချင်း မလိုဘူး။ အဓိကကတော့ အရပ်အနိမ့်အမြင့်၊ ခန္ဓာကိုယ် အချိုးအစား၊ ရုပ်ရည်ချောမော ပြေပြစ်ဖို့ပဲ လိုတယ်လို့ ပြောတယ်။ ဆိုင်ကိုလာတဲ့ သူတွေကတော့ သူတို့ စိတ်တိုင်းကျ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်တာတွေကို ခံနိုင်ရမယ်။ ဆက်ဆံပေးနိုင်ရမယ်လို့ ပြောတယ်” ဟု ရန်ကုန်မြို့ အလုံမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် အမျိုးသားအနှိပ်ခန်း တစ်ခုအား သွားရောက်စုံစမ်းခဲ့သည့် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးက ပြန်လည်ပြောကြားသည်။

ဆက်လက်၍ “ဒီအလုပ်ကို စိတ်ဝင်စားပြီး CV Form တင်တဲ့နေ့မှာ အလုပ်နဲ့ ပတ်သက်ပြီး ဘာတွေလုပ်ပေးရမယ် ဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောပြပေးသွားမယ်လို့ ပြောပါတယ်။ ဒီအလုပ်က ပင်ပင်ပန်းပန်း မလုပ်ရဘဲနဲ့ ပိုက်ဆံအလွယ်တကူရတဲ့ အလုပ်ပါ။ အလုပ်က ကောင်းပါတယ်။ လာရောက်တဲ့ ဧည့်သည်တွေက ဟိုထိဒီထိ လုပ်တာကိုတော့ သည်းခံပြီး လုပ်ရင်တော့ အဆင်ပြေပါတယ်” ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လိင်တူချစ်သူများ များလာသည့် အချိန်တွင် အမျိုးသားသီးသန့် အနှိပ်ခန်းများလည်း တဖြည်းဖြည်း များပြားလာခဲ့ပြီး ထိုအမျိုးသားသီးသန့် အနှိပ်ခန်းများတွင် အမျိုးသားက အမျိုးသားကို နှိပ်ပေးရခြင်းကြောင့် မိန်းမလျာများ လာရောက်မှု အများဆုံးဖြစ်သည်။ ထို့ကြောင့် အချို့အနှိပ်ခန်းများသည် အနှိပ်သီးသန့်အပြင် အခြားမိန်းမလျာများ အကြိုက်တွေ့စေမည့် လိင်ဝန်ဆောင်မှု လုပ်ငန်းများလည်း ပါဝင်လာခဲ့သည်။

ထို့အပြင် အမျိုးသား အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင်နေသည့် သူများမှာ လူမှုကွန်ရက် စာမျက်နှာတွင် Facebook Page များ ပြုလုပ်ထားပြီး ထိုမှတစ်ဆင့် ဆက်သွယ်လာသည့် အမျိုးသမီးများနှင့် မိန်းမလျာများကို ၎င်းတို့ဆိုင်ရှိ အမျိုးသားဝန်ထမ်းများနှင့် ချိတ်ဆက်ပေးပြီး လိင်ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း အဆိုပါ အသိုင်းအ၀ိုင်းနှင့် လူမှုကွန်ရက် စာမျက်နှာများမှ သိရသည်။

အမျိုးသား ပြည့်တန်ဆာများမှာ အဆိုပါ အမျိုးသား အနှိပ်ခန်းများနှင့် ချိတ်ဆက်လုပ်ဆောင်နေသည့်အပြင် ဗိုလ်ချုပ်ဈေး၊ သိမ်ကြီးဈေး၊ ပန်းဆိုးတန်း စသည့်နေရာများတွင် ညဥ့်နက်အချိန်၌ စုရပ်သဖွယ် ရှိနေပြီး မိန်းမလျာများနှင့် အမျိုးသမီးကြီး အချို့က လာရောက်ခေါ်ယူလျက်ရှိကြောင်း သိရသည်။

ပျမ်းမျှ အသက် ၁၈ နှစ်ခန့်မှ ၃၀ အထိရှိသော ယောက်ျားပြည့်တန်ဆာများသည် ညနေပိုင်းတွင် အဆိုပါ ခုံးတံတားများပေါ်တွင် လမ်းလျှောက်နေကြပြီး ညဥ့်နက်အချိန်အထိ ဈေးကွက်ရှာဖွေလျက် ရှိကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် အမျိုးသမီး အနှိပ်ခန်းများနှင့် ပြည့်တန်ဆာ အမျိုးသမီးများကိုသာ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူမှုများ၊ သတင်းထုတ်ပြန်မှုများ ပြုလုပ်နေသော်လည်း အမျိုးသား ပြည့်တန်ဆာများနှင့် အမျိုးသား အနှိပ်ခန်းများကို ဖမ်းဆီးခြင်းနှင့် စစ်ဆေးအရေးယူသည့် သတင်းများကိုမူ ထုတ်ပြန်တင်ပြခြင်း မရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့ အနေဖြင့် အမျိုးသမီး ပြည့်တန်ဆာများကို ပြည့်တန်ဆာ အက်ဥပဒေ ၃(ခ) အရသော် လည်းကောင်း၊ မှောင်ရိပ်ခိုသည့် အမျိုးသမီးများကို ရဲအက်ဥပဒေ ၃၀(ဃ)အရသော် လည်းကောင်း၊ အမျိုးသမီး အနှိပ်ခန်းများကို မြို့နယ်ထွေအုပ်မှ ထုတ်ပြန်ထားသည့် တားမြစ်အမိန့် စာဖောက်ဖျက်မှု ဥပဒေပုဒ်မ ၁၈၈ ဖြင့် စုံစမ်းစစ်ဆေး ၀င်ရောက်ဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“မြို့ထဲဈေးကွက်ပေါ့။ အဲဒီ ခုံးတံတားတွေပေါ် တက်ကြည့်လိုက်၊ အထူးသဖြင့် သိမ်ကြီးဈေးခုံးတံတားမှာဆို ၁၀ ယောက်၊ ၁၅ ယောက်လောက်တော့ ရှိတယ်။ ဂေးပုံစံတွေနဲ့လည်း ရှိတယ်။ သာမန်ယောက်ျားလို ပုံစံမျိုးတွေလည်း ရှိတယ်။ သတိထားမကြည့်ရင်တော့ မသိသာဘူး။ သတိထားကြည့်ရင်တော့ လာခေါ်တဲ့ ယောက်ျားတွေနဲ့ ခေါ်စေချင်တဲ့ ယောက်ျားတွေ၊ ကြားပွဲစားတွေနဲ့ တိုးတိုးစကားပြောနေတာတွေ တွေ့ရလိမ့်မယ်” ဟု မြို့ထဲအနီးတစ်ဝိုက်တွင် နေထိုင်သည့် တက္ကစီသမားတစ်ဦးက ဇန်န၀ါရီ ၂၁ ရက်ညပိုင်းက ပြောကြားသည်။

ထို့အပြင် လူမှုကွန်ရက်များမှ တစ်ဆင့်ချိတ်ဆက်ခြင်း၊ အသိမိတ်ဆွေ အချင်းချင်း ချိတ်ဆက်ခေါ်ယူ ပေးခြင်းများဖြင့်လည်း လုပ်ကိုင်ဆောင်ရွက်ပေးလျက် ရှိသည်။

“အရင်တုန်းက သိမ်ကြီးဈေး ခုံးတံတားနဲ့ ပန်းဆိုးတန်း ကားဂိတ်တွေမှာ ကောင်လေးတွေက စတစ်ကော်လာနဲ့ နှင်းဆီပန်းထိုးပြီးနေတာတွေ ရှိတယ်။ အဲဒီလိုဆိုရင် အမျိုးသမီးတွေက ကားနဲ့လာခေါ်ပြီးတော့ ဟိုတယ်တို့ အိမ်တို့ကို ခေါ်သွားပြီးတော့ ပိုက်ဆံပေး ပျော်ပါးကြတယ်။ အဲဒီလို လာခေါ်တဲ့ အမျိုးသမီးတွေ အများစုကလည်း တစ်ခုလတ် အမျိုးသမီးတွေ၊ ယောက်ျားက အဝေးရောက်နေတဲ့ အမျိုးသမီးတွေ၊ သင်္ဘောသားကတော်တွေ ဖြစ်တယ်။ ဒါပေမဲ့ ခုနောက်ပိုင်းကျတော့ အဲဒါမျိုးတွေ သိပ်မတွေ့ရတော့ဘူး။ အင်တာနက်တွေ ပေါ်လာတယ်။ ဖုန်းတွေ ရှိလာတယ်။ အဲဒီတော့ အင်တာနက်တွေ၊ ဖုန်းတွေပေါ်ကပဲ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်နေတာတွေ ရှိပဲတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ဆိုသည်။

ထို့အပြင် လုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် လူမှုကွန်ရက်စာမျက်နှာများ၌ မိန်းမလျာများနှင့် အမျိုးသမီးများအား ဆွဲဆောင်နိုင်သည့် အမျိုးသားများ၏ ရုပ်ပုံများကို အသုံးပြု၍ ကျယ်ပြန့်စွာ ကြော်ငြာနေကြောင်းနှင့် လူမှုကွန်ရက်ကို အဓိက အသုံးပြုကာ ၎င်းတို့၏ လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အဆင့်မြင့် ရဲအရာရှိကြီး တစ်ဦးက “ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ အမျိုးသားအနှိပ်ခန်းတွေ၊ အမျိုးသားပြည့်တန်ဆာ လုပ်တဲ့သူတွေကို ဖမ်းဆီးအရေးယူခြင်း မရှိသေးပါဘူး။ ဒီလို လုပ်ကိုင်မှုတွေ ရှိတယ်ဆိုတာလည်း မကြားမိသေးပါဘူး။ အမျိုးသမီး ပြည့်တန်ဆာတွေနဲ့ အမျိုးသမီး အနှိပ်ခန်းတွေကိုပဲ ဖမ်းဆီးအရေးယူတာတွေပဲ ရှိပါတယ်” ဟု ဇန်န၀ါရီ ၂၂ ရက်က ပြောကြားသည်။

“ဒီလိုလုပ်နေတဲ့ လူတန်းစားထဲက အရင်ကထက် ပိုပြီးများလာတယ်လို့ ပြောလို့ရတယ်။ ဒီလိုကိစ္စတွေက HIV ရောဂါပိုး ကူးစက်မှု အများဆုံးဖြစ်နိုင်တဲ့ အကြောင်းအရာတစ်ခု အနေနဲ့ ပါဝင်ပါတယ်” ဟု မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သည့် ကျန်းမာရေးပညာပေး လုပ်ငန်းများ လုပ်ကိုင်နေသည့် MSI မှ ဒေါက်တာစစ်နိုင်က ပြောကြားသည်။

“ပြည့်တန်ဆာတွေနဲ့ ပတ်သက်လို့ကတော့ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေဆိုပြီး သီးခြားပြဋ္ဌာန်းထားတဲ့ ဥပဒေရှိတယ်။ ဒါပေမဲ့ အဲဒါက မိန်းမပြည့်တန်ဆာတွေအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေ။ ရာဇသတ်ကြီးမှာကတော့ ဓမ္မတာမဟုတ်တဲ့ လိင်ဆက်ဆံမှု (ဥပမာ-ယောက်ျားချင်းတို့၊ တိရစ္ဆာန်နဲ့တို့၊ အခြားအခြားသော ပုံစံတွေ)ပေါ့။ အဲဒီလိုမျိုးတွေ ဖြစ်လာခဲ့ရင် အရေးယူလို့ရတဲ့ ပုဒ်မ ရှိတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဝင်းက ဆိုသည်။

ယခုအခါတွင် ရန်ကုန်မြို့အတွင်း ကျယ်ပြန့်စွာ ဖွင့်လှစ်လာသည့် အမျိုးသားအနှိပ်ခန်းများမှာ ခေါင်းစဉ်အမျိုးမျိုးဖြင့် ဖွင့်လှစ်လုပ်ကိုင်နေကြသော်လည်း မိန်းမလျာများအား လိင်ဝန်ဆောင်မှုပေးခြင်း၊ အမျိုးသားများအား လိင်ဝန်ဆောင်မှုပေးခြင်း စသည့်လုပ်ငန်းများကို အဓိက လုပ်ကိုင်နေသည့်အပြင် ၎င်းဆိုင်များမှ အမျိုးသားများနှင့်အတူ ပျော်ပါးလို၍ ဆက်သွယ်လာသည့် အမျိုးသမီးများကိုလည်း လိင်ဝန်ဆောင်မှုများ ပေးနေကြောင်း အဆိုပါ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

ဒဂုံမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းမှ ကျောင်းအုပ်ကြီးတစ်ဦးက “ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ အင်တာနက်တွေကနေ ကြော်ငြာလာတာ တွေ့ရတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီစနစ်ကို သွားနေပေမယ့် စည်းကမ်းကျမှုတွေ မရှိသေးဘူး။ ဒီလိုလုပ်ငန်းတွေကို အစိုးရအနေနဲ့ ထိထိရောက်ရောက် ထိန်းချုပ်သင့်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေအနေနဲ့ အတုယူမှားသွားမှာလည်း တော်တော်လေးကို စိုးရိမ်ရတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီလိုလုပ်ကိုင်မှုတွေ လုံးဝမရှိသင့်ဘူးလို့ ပြောချင်ပါတယ်” ဟု ဇန်န၀ါရီ ၂၂ ရက်က ပြောကြားသည်။

“အမျိုးသမီး အနှိပ်ခန်းတွေကို ၀င်ရောက်ဖမ်းဆီးမှုတွေ မကြာခဏ ပြုလုပ်ကြတယ်။ ရဲတပ်ဖွဲ့တွေက ၀င်ဖမ်းရင် လာရောက်တဲ့ ဧည့်သည်တွေလို အသွင်ယူပြီးတော့ ဖမ်းဆီးမှုတွေ ပြုလုပ်တယ်။ ဒါပေမဲ့ အမျိုးသား အနှိပ်ခန်းတွေနဲ့ အမျိုးသား ပြည့်တန်ဆာတွေကိုလည်း ဖမ်းဆီးမှုတွေ ပြုလုပ်တယ်လို့ မကြားမိဘူး။ ကျွန်တော်တို့ ဆိုင်တွေကို တိုင်ကြားမှု မရှိရင်လည်း အသွင်ယူပြီးတော့ ဖမ်းဆီးသလို အမျိုးသားအနှိပ်ခန်းတွေကိုလည်း အဲဒီလိုပဲ အသွင်ယူပြီးတော့ စုံစမ်းဖမ်းဆီးသင့်ပါတယ်” ဟု တာမွေမြို့နယ်တွင် အမျိုးသမီး အနှိပ်ခန်း ဖွင့်လှစ်ထားသည့် အမည်မဖော်လိုသူ ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆိုပါလုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်နေမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “ရန်ကုန်မှာ ဒီလိုလုပ်ငန်းတွေ ကျယ်ပြန့်နေတာတွေက မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှုနဲ့ ကိုက်ညီခြင်းမရှိတဲ့ အတွက်ကြောင့်မို့လို့ ဒီလုပ်ငန်းတွေကို ထိရောက်စွာ နှိမ်နင်းထိန်းချုပ်ပေးဖို့အတွက် လွှတ်တော်မှာ မေးခွန်းတွေကို မေးသွားပါမယ်” ဟု ဇန်န၀ါရီ ၂၂ ရက်ညနေပိုင်းက ပြောကြားခဲ့သည်။

http://www.news-eleven.com/…/%E1%80%9B%E1%80%94%E1%80%B9%E1…


(အလုံမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် အမျိုးသားအနှိပ်ခန်း တစ်ခုကို ဇန်န၀ါရီ ၂၁ ရက် ညပိုင်းက တွေ့ရစဉ် )

(အလုံမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် အမျိုးသားအနှိပ်ခန်းတစ်ခု (ပုံကြီး)၊ လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုကာ အမြင်မသင့်သည့် ကြော်ငြာထားမှုကို တွေ့ရစဉ် (ပုံသေး) )
Sakura Sakuraflower
Like ·
· Share · 9
World Myanmar
7 hrs ·

ဘတ်ချာရတ် ။ ။ရိုမေးနီးယားနိုင်ငံတွင်အဖော်အချွတ် ပလေးဘွိုင်း မဂ္ဂဇင်းတွင်သမီးဖြစ်သူ၏ ဓာတ်ပုံများကို မြင်တွေ့ လိုက်ရသည့် ဖခင်တစ်ဦးသည် စိတ်ကြေ ကွဲဝမ်းနည်းမှု ကာလရှည် ခံစားရာ မှနောက်ဆုံးတွင် ကြိုးဆွဲချသေ ဆုံးသွားသည်။

လော်ရီဒါနာဆိုသူ ဘတ်ချာရတ်မြို့သူသည် ပလေးဘွိုင်းမဂ္ဂဇင်းတွင် အသက် ၁၈နှစ်အရွယ်က မိမွေးတိုင်း ဖမွေးတိုင်း ဓာတ်ပုံရိုက်ခံ ခဲ့ခြင်းဖြစ်သည်။ ထိုပုံများ ကို ဖခင်ဖြစ် သူတွေ့ ပြီးနောက်လော်ရီကို ပြင်းပြင်း ထန်ထန် စိတ်ဆိုးဒေါသ ထွက်တော့သည်။

"အဖေက ကျွန်မကို စကားမပြောတော့ဘူး။ တော်တေ...
See More
သမီးဖြစ်သူကို ပလေးဘွိုင်း မဂ္ဂဇင်းတွင် တွေ့ လိုက်၍ ဖခင်ဖြစ်သူ ကိုယ်ကိုကို ကြိုးဆွဲချ

Written by...
world-myanmar.com
Sakura Sakuraflower
Like ·
· Share · 181
World Myanmar
7 hrs ·

ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာကျော်ဘုရားကျောင်း တစ်ခုဖြစ်သည့် အန်ကောဝပ်ဘုရား ကျောင်းဝင်းထဲတွင် ဝတ်လစ်စလစ်ဓာတ်ပုံများ ရိုက်ခဲ့သည့် ပြင်သစ်နိုင်ငံသား သုံးဦးကို လုံခြုံရေး အရာရှိများက ဖမ်းဆီးခဲ့ကြောင်း သိရ သည်။

ဇန်နဝါရီ ၂၉ ရက်က အန်ကောဝပ်ဘုရားကျောင်းဝင်း ရှိ ''ဘန်တေကိတ်ဒ်'' ဘုရားထဲတွင် အဆိုပါ ပြင်သစ် နိုင်ငံသားသုံးဦးကို တွေ့ရှိခဲ့ကြောင်း အန်ကောဝပ်ဘုရား ကျောင်းထိန်းသိမ်း စောင့်ရှောက်ရေး အစိုးရအေဂျင်စီ အဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။

''အန်ကောဝပ်ဟာ ဘာသာ...
See More
အန်ကောဝပ်ဘုရားကျောင်းတွင် ကိုယ်လုံးတီး ဓာတ်ပုံများ ရိုက်ကူးခဲ့သော ပြင်သစ်နိုင်ငံ သာ�

World-Myanmar
world-myanmar.com
Sakura Sakuraflower
Like ·

လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရလဒ်ကိုကြည့်ပြီး သပိတ်စစ်ကြောင်း အသွင်ပြောင်းမည်

ဓာတ်ပုံ – ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ
ဖေဖော်ဝါရီ ၁ ရက်နေ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ရလဒ်အပေါ် စောင်ကြည့်ပြီး သပိတ်စစ်ကြောင်းကို အသွင်းပြောင်းသွားမယ်လို့ သပိတ်ကော်မတီ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးရေး ဆန္ဒပြနေတဲ့ သပိတ်မှောက် ကျောင်းသားတွေဟာ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းကနေ ဒီနေ့မနက် စတင်ချီတက်ခဲ့ကြပြီး မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ထဲက ဂွေးပင်ရွာမှာ ဒီညအိပ်ရပ်နားပြီး ဆွေးနွေးပွဲရလဒ်ကို စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

ကိုရဲရင့်ကျော်က “ဖေဖော်ဝါရီ ၁ ရက်ကတော့ လေးပွင့်ဆိုင်တွေ့ဆုံပွဲ စတဲ့နေ့ဖြစ်တယ်။ အဲ့ဒီနေ့မှာတော့ စစ်ကြောင်းမထွက်ဘဲနဲ့ အခြေအနေကို စောင့်ကြည့်မှာ ဖြစ်တယ်။ အဲ့ဒီတွေ့ဆုံပွဲက အဓိက အာမခံ ချက်ပေးရမယ့် အချက်အလက်တွေ ဆွေးနွေးတဲ့အခါ ကျနော်တို့ ကျေနပ်လောက်တဲ့အနေအထားမှာ ရှိတယ်ဆိုရင်တော့ စစ်ကြောင်း အသွင်ပြောင်းမယ်၊ တကယ်လို့ ကျေနပ်အားရစရာ မရှိဘူး၊ အစိုးရဘက်က အချိန်ဆွဲမှုမျိုးတွေ လုပ်ဆောင်လာမယ်ဆိုရင် သပိတ်စစ်ကြောင်းကို ၂ ရက်နေ့မှာ ဆက် ချီတက်မယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ ရန်ကုန်က တက္ကသိုလ်စိန်ရတုခန်းမမှာ အစိုးရ၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) နဲ့ သပိတ်မှောက် ကျောင်းသား ကော်မတီတို့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

သပိတ်မှောက်ကျောင်းသားတွေဟာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ အချက် ၁၁ ချက်ကို အစိုးရထံ တောင်းဆိုထားတာပါ။

အဲ့ဒီဆွေးနွေးပွဲကို ကျောင်းသားသပိတ်ကော်မတီက ၁၅ ဦး တက်ရောက်မှာဖြစ်ပြီး ဗကသကျောင်းသား ၆ ဦး၊ တကသ ကျောင်းသား ၆ ဦးနဲ့ မြေလတ်ဗကသကျောင်းသား ၃ ဦး ပါဝင်တယ်လို့ ဆွေးနွေးပွဲတက်မယ့် မဖြိုးဖြိုးအောင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် ဆွေးနွေးပွဲမှာ ဆွေးနွေးပွဲရလဒ်ထုတ်ပြန်ဖို့ တောင်းဆိုသွားမယ်လို့လည်း သူက ပြောပါတယ်။

“ဆွေးနွေးပွဲတိုင်းမှာ သဘောတူညီချက်တခုခုထုတ်ပြန်ဖို့လိုတယ်။ ဆွေးနွေးပွဲရလဒ်ကို အများပြည်သူ သိအောင် မီဒီယာကနေ တဆင့် ထုတ်ပြန်ပေးဖို့လိုတယ်။ ဒါမှ ဆွေးနွေးပွဲဟာ တိုးတက်မှုရှိလား၊ မရှိဘူးလား မြင်ရမှာပေါ့နော်။ ကျမတို့ဘက်က ဒီလို ထုတ်ပြန်ပေးဖို့ ပြည့်ပြည့်၀၀တောင်းဆို သွားမှာပါ။”

အမျိုးသား ပညာရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ တဖွဲ့ကို ၁၅ ဦးစီ တက်ရောက်နိုင်တယ်လို့ အစိုးရက ဖိတ်ကြားထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေဟာ အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်းအဖြေရှာရေးအတွက် သတ်မှတ်ကာလရက် ၆၀ အလွန် လှုပ်ရှားမှုကို ဇန်န၀ါရီ ၂၀ ရက်နေ့က မန္တလေးနဲ့ ထားဝယ်မြို့ကနေ စတင်ခဲ့ပြီးနောက် နိုင်ငံတ၀န်း  နေရာအနှံ့  ချီတက်ဆန္ဒပြနေကြတာပါ။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/79416

မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်း ရပ်ကွက်တွင် မီးလောင်မှုဖြစ်


ရန်ကုန်၊ ဇန်န၀ါရီ ၃၁

၃၀.၁.၂၀၁၅ ရက်နေ့ ၂၀၃၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ (၁၂၈) လမ်းရှိ (၆)လွှာရှိ ဦးဝင်းမောင်ချစ်၏ တိုက်ခန်း၌ မီးလောင်မှု ဖြစ်ပွားရာ ပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် မီးသတ်ယာဉ်များ ရောက်ရှိ မီးငြှိမ်းသတ် ခဲ့သဖြင့် ၂၀၅၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် တိုက်ခန်း အတွင်းရှိ အခန်းနံရံများ၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ အင်ဗာတာ၊ အိမ်သုံး ပစ္စည်းများနှင့် အ၀တ်အထည်များ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်ရသည့် အကြောင်းအရင်းအား စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

ယင်းသို့ မီးလောင်မှု ဖြစ်ပွားခဲ့သည့် အတွက် ဦးဝင်းမောင်ချစ်အား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း (ပ)၈၀/၂၀၁၅၊ ပြင်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

ဘုရင်အကြည်ညိုပျက်စေမှုဖြင့် ထိုင်းထောက်လှမ်းရေး အကြီးအကဲ ၂ ဦးကို ထောင်ဒဏ်ချမှတ်

ပေါင်ပတ်ချယာပန် (ဓာတ်ပုံ – Apichart Jinakul)

ထိုင်းနိုင်ငံ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံးက ဗဟို ထောက်လှမ်းရေး ဌာန အကြီးအကဲဟောင်း  ပေါင်ပတ်ချ ယာပန်နဲ့ လက်ထောက်တဦး ဘုရင်အကြည်ညို ပျက်စေမှု၊ အဂတိ လိုက်စားမှု စွပ်စွဲချက်နဲ့ မနေ့က ထောင်ဒဏ် ၆ နှစ်ချ မှတ်လိုက်ပါတယ်။

နဂိုပြစ်ဒဏ်က ၁၂ နှစ် ဖြစ်ပေမယ့် နှစ်ယောက်စလုံးက အပြစ်ကို ၀န်ခံခဲ့တဲ့အတွက် လျှော့ပေါ့ ပေးလိုက်တာ ဖြစ်ပါတယ်။

နိုဝင်ဘာလအတွင်း ရဲက သူတို့အိမ်တွေကို ၀င်ရောက် ရှာဖွေတဲ့အခါမှာ ငွေထုပ်တွေ၊ ဇိမ်ခံကားတွေနဲ့ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်ပုံတွေကို တွေ့ရှိခဲ့ရပါတယ်။ စုစုပေါင်းဖမ်းမိတဲ့ ပစ္စည်းတန်ဖိုးဟာ ထိုင်းဘတ်ငွေ သန်း ၁ ထောင်နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

ပေါင်ပတ်ချယာပန်ဟာ ထိုင်းအိမ်ရှေ့မင်းသားရဲ့ မိဖုရားဟောင်း စရီရက်စမီရဲ့ ဦးရီးတော်လည်း ဖြစ်ပါတယ်။

ဒီအမှုaကြာင့် ဒီဇင်ဘာလ ၁၃ ရက်နေ့က မိဖုရား စရီရက်စမီဟာ တော်ဝင်မိသားစုဝင် ဘ၀ကနေ နုတ်ထွက်ခဲ့တယ်လို့ နန်းတော်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/79411

Friday, January 30, 2015

လေးပွင့်ဆိုင်ဆွေးနွေးမှု မပြေလည်ပါက သပိတ်တိုက်ပွဲ အရှိန်မြှင့်မည်ဟု ကျောင်းသားများဆို

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဖေဖော်ဝါရီလဆန်းတွင် ပြုလုပ်မည့် လေးပွင့်ဆိုင် ညှိနှိုင်းမှု မပြေလည်ပါက သပိတ်တိုက်ပွဲများ ထပ်မံအရှိန်မြှင့် ပြုလုပ်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများက ပြောကြားသည်။
လေးပွင့်ဆိုင် တွေ့ဆုံရေးနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ထားဝယ်ခရိုင် သပိတ်မှောက် ကျောင်းသားများက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“သပိတ်လှန်ဖို့ အစီအစဉ် မရှိသေးဘူး။ ဒီမိုကရေစီ စံနှုန်းနဲ့ညီတဲ့၊ ကျောင်းသားတွေအတွက် အာမခံချက်ရှိတဲ့ ပညာရေးဥပဒေကို အတည်ပြုပြီးမှပဲ သပိတ်လှန်နိုင်မယ်” ဟု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောဆိုသည်။
အစိုးရ၊ လွှတ်တော်၊ NNER နှင့် ကျောင်းသားကိုယ်စားလှယ်များ ပါဝင်မည့် လေးပွင့်ဆိုင် ဆွေးနွေးဆဲ ကာလအတွင်း စည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး ဆွေးနွေးပွဲကို ဖျက်သိမ်းခြင်း၊ ကျောင်းသားများ၏ တောင်းဆိုချက်များကို လျစ်လျူရှုခြင်း ပြုလျှင် ယခုထက် ပိုပြင်းထန်စွာ ပြုလုပ်မည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရအဖွဲ့နှင့် ကျောင်းသားသပိတ် ကော်မတီ ကိုယ်စားလှယ် ၁၀ ဦး ဇန်နဝါရီလ ၂၈ ရက် နံနက် ၁၀ နာရီခန့်က နေပြည်တော်တွင် ဆွေးနွေးပြီး လေးပွင့်ဆိုင် ညှိနှိုင်းရေး သဘောတူခဲ့ရာ ဖေဖော်ဝါရီလ ၁ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ် စိန်ရတုခန်းမတွင် ဆွေးနွေးမည် ဖြစ်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
လေးပွင့်ဆိုင်တွေ့ဆုံရေးကို ကြိုဆိုထောက်ခံသော်လည်း တွေ့ဆုံဆွေးနွေးမှုများကို ရိုးသားပွင့်လင်းမှု၊ အပြန်အလှန် လေးစားမှုများဖြင့် ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းကြောင်း မုံရွာတက္ကသိုလ် ဆရာများအသင်းက ဇန်နဝါရီ ၂၉ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။
သက်ဆိုင်ရာ တာဝန်ရှိသူများက တုံ့ပြန်ဆောင်ရွက်ခဲ့ခြင်း မရှိ၍ သပိတ်မှောက်မှုများ ပိုမိုပြင်းထန်လာခြင်း ဖြစ်ပြီး အားကောင်းလာစေသော အဓိကအချက်မှာ ကျောင်းသားနှင့် ဆရာများကို အဓိက အကျိုးသက်ဆိုင်သူများ အဖြစ် သတ်မှတ်ခဲ့မှုမရှိ၍ ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
မန္တလေးမှ ချီတက်လာသော ကျောင်းသားသပိတ် အဖွဲ့သည် ဇန်နဝါရီ ၂၈ ရက်က ပုပ္ပါးသို့ ရောက်ရှိခဲ့၍ ဇန်နဝါရီ ၂၉ ရက်တွင် ဆက်လက်ချီတက်ရာ ယင်းနေ့တွင်ပင် ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိပြီး သုခဝတီကျောင်းတိုက်တွင် တည်းခိုမည် ဖြစ်ကြောင်း၊ ကြိုဆိုသူများမှာ ဒေသခံများ အပါအဝင် အင်အားသောင်းဂဏန်းခန့် ရှိကြောင်း ကျောက်ပန်းတောင်း မြို့ခံများထံမှ သိရသည်။
ပခုက္ကူမြို့ရှိ သပိတ်မှောက် ကျောင်းသားများမှာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပြုလုပ်မည့် ကျောင်းသားသပိတ် လူထုထောက်ခံပွဲသို့ သွားရောက်ရန် ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကားများ ငှားရမ်းထားသောလည်း ရဲသတင်းတပ်ဖွဲ့၏ လိုက်လံခြိမ်းခြောက်မှုများကြောင့် ယာဉ်ပိုင်ရှင်များက ယာဉ်မောင်းများ မရှိဟုဆိုကာ ပြန်လည်ဖျက်သိမ်းလိုက်ကြောင်း သပိတ်မှောက် ကျောင်းသားများက ပြောကြားသည်။
ပညာရေးဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကိုယ်စားလှယ်များ ပါဝင်ခွင့်၊ သမဂ္ဂများကို တရားဝင် အသိအမှတ်ပြုရေး၊ အရေးအခင်းတွင် ကျောင်းထုတ်ခံရသူများကို ပြန်လည်ကျောင်းတက်ခွင့်ပြုရေး၊ အခမဲ့ အလယ်တန်းပညာရေးစနစ်ထိ လုပ်ဆောင်ရေး၊ ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းနှင့်အထက် သုံးစွဲရေး အပါအဝင် နောက်ဆုံးအဆင့် ဆွေးနွေးမည့်အချက် ၁၁ ချက်ကို ဇန်နဝါရီ ၁၄ ရက်တွင် သပိတ်ကော်မတီက ထုတ်ပြန်ခဲ့သည်။
သပိတ်ကော်မတီကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်က နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ပြုလုပ်သော နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးမှ တစ်ဆင့် တကသအဖွဲ့ဝင် ခြောက်ဦး၊ ဗကသအဖွဲ့ချုပ်ဝင် ခြောက်ဦး၊ မြေလတ်ဒေသ ကျောင်းသားကိုယ်စားလှယ် သုံးဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
http://www.thevoicemyanmar.com/index.php/news/item/5612-lps

တောင်သာ နန်းမြင့်တောင်ကြားဖြစ်စဉ် ဇာတ်လမ်း အစဆုံး

မနေ့က တောင်သာ နန်းမြင့်တောင်ကြားဖြစ်စဉ် ဇာတ်လမ်း အစဆုံး (ကာယကံရှင်များ ကိုယ်တိုင်ရေး)
===================================
မြင်းခြံနှင့် တောင်သာနယ်စပ် နန်မြင့်၇ွာအ၀င်လမ်း၏ဘေး
နန်းမြင့်တောင် ကြားလမ်း
"သတ္တိရှိ၇င် ဒါကိုဖြတ်ကြည့်လိုက်လေ အာဖဂန်လိုဖြစ်သွားမယ်"
ဆိုသော တောင်သာမြို့ နာမည်အသုံးပြု ၇ပ်မိ၇ပ်ဖ ဆိုသူတဦး၏ ကြိမ်းဝါးသံနှင့်အတူ
ဖြူ ၀ါ နီ စည်း၃စည်းနှင့် သံဆူးကြိုးအကာအ၇ံ
မီးသတ်ကား၃စီး လုံခြုံေ၇းအင်အား အပြည့်အစုံ နဲ့ တားဆီးထားမှု့တွေနဲ့  အတူ ညနေ၄၇ီလောက်မှာ
ဒေါက်တာ မောင်သင်
ဒေါက်တာကိုကိုမြင့်
ဒေါက်တာစိုးဝင်း
ဒေါက်တာ ခိုင်မြဲ တို့ မှ အမျိုးသားပညာေ၇းဥပဒေ အကြောင်းလာေ၇ာက်ဆွေးနွေး သော်လည်း တစုံတ၇ာ တာဝန်ခံယူနိင်မှု့  အာဏာပါမလာခဲ့ပါ နောက်၇က် နေပြည်တော်မှာ ကျောင်းသားကိုယ်စားလှယ်အချို့ နှင့် တွေ့ ဆုံဆွေးနွေး၇န်လောက်သာ
အတားအဆီးများဖယ်ရှားပေး၇န် မှာ
ဒုဝန်ကြီးတဦးထံအမိန့် ခံနေကြောင်း လုံခြုံေ၇းအဖွဲ့ မှပြောကြား
ဒီလိုနဲ့ အချိန်တွေတစတစကုန်လာတော့ ညနေခင်းအမှောင်အတွက်

လက်စလက်နကိုသိနေသော ၇ွားနီးချုပ်စပ်မှ ဒေသခံမိဘများ
မြင်းခြံ မြို့ မှ လိုက်လံ ထောက်ပံ့မပေးနိင်အောင် အနောက်ပိုင်းလမ်းကြောင်းပိတ်ထားသည့်ုကြားမှ တောထဲတောင်ထဲ ကန္တာ၇ ဆူးတောထဲ ဆိုင်ကယ်ကိုယ်စီဖြင့် မြင်းခြံမှ လိုက်ပါစောင့်ရှောက်ကြသည့် မိဘပြည်သူများ ကစိတ်မရှည်ကြတော့ပါ
ရှေ့ ဆုံးမှ လက်ချင်းချိတ်ပြီး ငါတို့ နယ်မှာဖြစ်၇င် ငါတို့ တာဝန်
နယ်သူနယ်သားတွေ ကျောင်းသားတွေကိုအကာအကွယ်ပေးဘို့ ရှေ့ ဆုံးက အတန်းလိုက်နေ၇ာယူကြ ဘေးကနေလည်း လက်ချင်းချိတ်ပြီးကား၇ံထားကြ ဆိုသော ဒေသခံ ကာလသားခေါင်းတယောက်၏
ညွှန်ကြားမှု့ အောက်မှာ သူ့ ထက်ငါဦးအောင်နေ၇ာဝင်ယူပေးနေကြသောမြင်ကွင်းတွေ အောက်မှာ ကျွန်တော် ကြက်သီးမွေးညင်းတွေထပြီး မျက်၇ည်ဝဲခဲ့မိပါတယ်
Mask cover တွေ ရှေ့တန်းသမားတွေကစွပ်လိုက်ကြပြီ
ကျောင်းသားတွေ မှောင် လာ၇င်မကောင်းဘူးတက်ကြစို့  ဖြတ်ကြစို့ 

မြင်းခြံသားကြီးတွေကလည်း ကျောင်းသားတွေထိကုန်မှာစိုးတော့
ဒီနာမှာ နေပြီး တောင်းဆိုကြကွာ ငါတို့ မီးချောင်းတွေပြန်ယူပြီးဆင်ပေးမယ် အစားအသောက်ကတော့မပူနဲ့  လနဲ့ ချီပြီးကျွေးထားမယ်ဟေ့ ဆိုသော အသံများ
ခေါင်းဆောင်များ ခေါင်းချင်းထပ်၇ိုက်ကြပြန်ပြီ

လုံခြုံေ၇းယူထားသောသူများထံမှ ဘာမှအကြောင်းပြန်ကြားချက်မ၇သေး
တခဏနေ. ကျောက်းသားတဦးမှ လက်ကိုင်ဟွန်းဖြင့် လုံခြုံေ၇းအဖွဲ့ထံတိတိကျကျ ကြေငြာလိုက်ပါတယ်
ယခုအချိန်မှနာက်ထပ် မိနစ်၂၀အတွင်း အကြောင်းပြန်ကြားချက်တစုံတ၇ာမရှိလျင် သပိတ်တပ် သည် အတားအဆီးကိုဖြတ်ပါတော့မယ်. . .
လုံခြုံေ၇းအဖွဲ့ လည်း တတိယ စည်းနားတွင်အားလုံးနေ၇ာယူကြပြီ
လာေ၇ာက်ညှိနှိုင်းသော ဆ၇ာများလည်း မျက်နှာ ညိုးနေပြီ
ကျောင်းသားတပ်လည်း အသင့်အနေအထား နှင့်စောင့်စားနေပြီ

မိနစ်၂၀ ပြည့်ပါပြီ ကျွန်တော်တို့ ရှေ့ ဆက်တက်ပါတော့မယ်
ကျေညာသံနှင့်အတူ တပ်ဦးလှုပ်ခြေပြီ
ရှေ့ဆုံးမှ mask cover တပ်ထားသော သူများမှလည်း
ေ၇တွေ စွပ်ထားကြပြီး တလှမ်းချင်းရှေ့ တိုး
ပထမစည်းစပ် သံဇကာအနီးေ၇ာက်ပြီ
နောက်ထပ်သတင်းတခုဝင်လာပြီ
ကျောင်းတပ်ထဲမှတယောက် လက်ကိုင်ဟွန်း ကိုင်ပြီး ရှေ့ ပြေးထွက်
လုံခြုံေ၇းတာဝန်ရှိသူများကို သတင်းတခုပြောချင်ပါတယ် ဆိုတော့
သူတို့ ဘက်မှ တာဝန်ရှိသူတချို့ ရှေ့ ပြေးထွက်လာ
ဘေးမှ ၀န်း၇ံနေသော လူအုပ်ကြီးနှင့်အတူ media များမှ
အများကြားအောင် ဟွန်းနဲ့ပြောပါ လို့ ဝိုင်းအော်ပြောကြတယ်
ဒါ့ကြောင့် ."ဒီနေ၇ာမှ သတင်းတခုပြောချင်ပါတယ် ယခုကဲ့သို့ ပိတ်ဆို့ ထားပြီး ကျောင်းသားများကိုဆက်လက်နှိပ်ကွပ်မည်ဆိုပါက ကိုကျော်သူခေါင်ဆောက်ပြီး မြန်မာနိင်ငံအတွင်းရှိသော ပ၇ဟိတ အသင်းများ ယခုနေ၇ာသို့  အေ၇ာက်ချီတက်လာကြတော့မည်ဖြစ်ပါတယ် ထို့ ကြောင့် အတားအဆီး ကိစ္စပြန်လည်စဉ်းစားပေးပါ"
ထိုအခါ ခဏ စောင့်ပါ အထက်ကို အစီ၇င်ခံပေးပါ့မယ် ဆိုသောအကြောင်းပြန်ကြားချက် နဲ့ အတူ လုံခြုံေ၇းများအလုပ်ရှုပ်ပေါ့
ကျောင်းသားဘက်မှ တာဝန်ရှိသူများနှင့် ဆ၇ာကြီးများ လုံခြုံေ၇းများ
ပထမ နှင့် ဒုတိယစည်းအတွင်း
တခါခေါင်းခြင်းဆိုင်ကြ၇င်း ဖွင့်တော့မှာလိုလို အမိန့် ဆက်စောင့်၇မှာလိုလိုနဲ့ အချိန် နဲနဲလင့်ခဲ့ပြီ
စိတ်မရှည်လှသောဒေသခံများကတော့ နေမစောင်းခင်ဖြတ်စေချင်ပြီ
လာမည့်ဘေး ပြေးတွေ့  ချင်ကြပြီပေါ့
ဒီလိုနှင့် အများအတွက် စိတ်သက်သာ၇ာ၇စေသောသတင်း
ဝင်လာပါပြီ လုံခြုံေ၇းတပ်များ ဆုတ်ခွာ၇န် ၁၀ မိနစ်အချိန်ပေး၇န်
ပြီး၇င်တော့ ဖြတ်လို့ ၇ပါပြီပေါ့ ဟေး ကနဲအော်သံများနှင့်အတူ လက်ခုပ်သံများလွှမ်းခဲ့ပါပြီ ကျောင်းသားများဘက်မှလည်း စည်းကမ်းရှိရှိဖြတ်သန်း ကြ၇န်နှင့် စနောက်ခြင်း ဆဲဆိုအော်ဟစ်ခြင်းမပြုကြဘို့ သတိပေး အော်သံများနှင့်အတူ အပြုံးများစွာပေါ့

ထို့ နောက် စည်းများကို တစည်းခြင်း ကျော်ခဲ့ကြပြီးနောက်
ချိုမိန် လှသော ဆည်းဆာ နေေ၇ာင်အောက်
သပိတ်မှောက် ကျောင်းသားတပ် နန်းမြင့်တောင်ကြားဖြတ်သန်းနေပုံမှာ နေေ၇ာင် တောင်စွယ် တပ် အလွန်ပနံ၇ လိုက်ဖက်လှပါသည်
စည်းသုံးစည်း ကာ၇ံထားသော
နန်မြင့် တောင်ကြား ကျော်လွန်သွားသော အခါ
ကျွန်တော်တို့ အာဖဂန်ေ၇ာက်မသွားခဲ့ပါ
စိုး၇ိမ်ပူပန်စိတ်များ နွေးထွေးပျုငှါလှသော မျက်နှာများစွာ လမ်းတလျောက်တွေ့ ကြ၇င်း
မြို့ အ၀င်လမ်းတလျောက် အောင်သပြေပန်းများနဲ့ ဆီးကြိုနေကြတာ
အဲဒါ တောင်သာမြို့ ပါ
တချို့ေ၇နံချောင်း ကျောက်ပန်းတောင်းကနေအထိ သတင်းများကြောင့် လာေ၇ာပ် စောက့်ဆိုင်းဆီးကြို နေကြပါတယ်

သတ်ကွင်းဆင် ထားပုံက ကြောက်စ၇ာ
တဖက်ကကျောက်ပြက်နံ၇ံ တဖက်က ကန္တာ၇ ဆူးတော
ပြေးစ၇ာမြေမရှိ သောက်စ၇ာေ၇မရှိ
လက်နက်မပါ တချို့ တွေ၇ဲ့ခြေထောက်တွေမှာ ဒဏ်၇ာ တွေနဲ့ 
ကျောင်သား လူငယ် လုံမငယ်များကို တာဆီးနိမ်နင်းချင်သောပုံစံထက်
ဒီဝီဇံ တပ်ကြီးတခုလုံး ပြုတ်ပြုတ်ပြုန်းအောင် ချေမှုန်းချင်၇င်တောင်၇သောနေ၇ာ အနောက်ဖက်က အစားအသောက် အကူအပံ့မ၇နိင်အောင်လည်းဖြတ် ပြီးပြီ မို့ ဖြစ်လာသမျှ လည်စင်းခံ၇ုံပါ

အမောင်ကျောင်းသားကျောင်းသူတို့  နှင့်လိုက်ပါလာသူအားလုံးအတွက်
မတွေးဝံ့စ၇ာ ပါ
အခုအခါမှာတော့ လှည့်ကွက်လေလား
လြေည်စ၇ာလားပေါ့
နေပြည်တော်ဆီသို့  ကျောင်းသားခေါင်းဆောင်ကိုယ်စားလှယ်
၂ဦးဖြစ်သော
ကိုအောင်မှိုင်းဆန်း နှင့် ကိုနန္ဒာစစ်အောင် တို့ ကို
ဆွေးနွေး၇န် ညတွင်းချင်းလာခေါ်သော ကားနှင့် ထဲ့ပေးလိုက်ကြပါပြီ
အဖြေကိုတော့ ပြည်သူတ၇ပ်လုံး ဆက်လက်စောင့်ကြည့်ဘို့ 
လိုနေမည်မှာအမှန်ပင်ဖြစ်ပါတော့သည်

ကိုမောင်မောင်ဦး
ဗ က သ များအဖွဲ့ ချုပ်
အထက် ဗမာပြည်
အတွင်းေ၇းမှုး (ဟောင်း)
27/1/2015

ကျောင်းသားသပိတ်အဖွဲ့ ဆက်ချီတက်မည်

အမျိုးသား ပညာရေး ဥပဒေကန့်ကွက် လမ်းလျှောက် သပိတ်မှောက် နေတဲ့ ကျောင်းသားများ (ဓာတ်ပုံ-မာတင်ဆွေ FB)
ကျောက်ပန်းတောင်းမြို့မှာ ရပ်နားနေတဲ့ သပိတ်မှောက် ကျောင်းသားတွေဟာ ဒီကနေ့ စနေနေ့ မှာတော့ ဆက်ပြီး ချီတက် ကြတော့မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၁)ရက်နေ့ မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲ ကို စောင့်ကြည့် နေချိန် အတွင်း ကျောက် ပန်းတောင်းမှာပဲ နားပြီးတော့ ဆန္ဒပြ လှုပ်ရှားမှုတွေကို ဆက်လုပ်သွားမယ် လို့ သောကြာနေ့ အစောပိုင်းမှာ ပြောခဲ့ပြီး တဲ့နောက် အခုတခါ ဆက်လက် ချီတက်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အခုလို ဘာ့ကြောင့်များ ဆုံးဖြတ်လိုက်ကြတာပါလဲ ဆိုတာနဲ့ ပါတ်သက်ပြီး ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေရဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ကျောင်းသားတွေဟာ အစိုးရ လွတ်တော်နဲ့ NNER တို့နဲ့ ဆက်လက် ညှိနှိုင်းသွားမှာဖြစ် သလို ကျောင်းသားတွေ တောင်းဆိုတဲ့ အချက် (၁၁)ချက်ကို အစိုးရနဲ့လွတ်တော်က လိုက်လျောဖို့ မသေချာသေးတာကတကြောင်း အစိုးရအနေနဲ့ ညှိနှိုင်းတဲ့ဖြစ်စဉ်မှာ အချိန်ဆွဲတဲ့ သာဓကတွေ ရှိခဲ့တဲ့အတွက် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကလွဲလို့ ခရီးရှည် ချီတက်မှုကို ဆက်လုပ်သွားမယ်လို့ သပိတ်ခေါင်းဆောင် ကိုမင်းသွေးသစ်က ဆိုပါတယ်။

"ဆွေးနွေးပွဲစမယ်။ ရန်ကုန်မှာ စိန်ရတုခန်းမမှာ ဆွေးနွေးပွဲစမယ်။ ၁ ရက်နေ့ကလွဲလို့ပေါ့။ အဲဒီ ၁ရက်နေ့မှာတော့ ကျနော်တို့ သပိတ်ကို (၁) ရက် ရပ်နားမယ်။ ကျန်တဲ့ရက်မှာတော့ ကျနော်က ရန်ကုန်ရောက်တဲ့အထိ ဆက်ပြီး ချီတက်သွားမယ် ဆိုပြီးတော့ ခရိုင်ပေါင်းစုံမှာ ရှိတဲ့ ကျောင်းသား ကျောင်းသူတွေ အားလုံး သဘောတူ ဆုံးဖြတ်ချက်နဲ့ ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ"

ဇန်နဝါရီလ (၂၈)ရက်နေ့တုန်းကတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲနဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်းသား (၁၀)ဦးတို့ တွေ့ဆုံပြီး ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ ကျောင်းသားတွေ တောင်းဆိုထားတဲ့ (၄)ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေး လုပ်ဆောင်ပေးမယ်လို့ ဆိုပြီး သဘောတူညီမှု လက်မှတ်ရေးထိုး ခဲ့တာပါ။

သဘောတူညီချက်ထဲမှာတော့ ဆွေးနွေးပွဲစတဲ့ ဖေဖေါ်ဝါရီလ (၁)ရက်နေမှာ သပိတ်ရပ်နားမယ် ဆိုပြီး ပါရှိပါတယ်။ ဗကသများအဖွဲ့ချုပ်ကတော့ အဲ့ဒီ (၁)ရက်ကိုသာ ရပ်နားထားမှာဖြစ်ပြီး ဆွေးနွေးမူတွေအောင်မြင်အောင် ပံ့ပိုးတဲ့အနေနဲ့ ဗကသများဦးဆောင်တဲ့ သပိတ်စစ်ကြောင်းကတော့ ရန်ကုန်အထိ ချီတက်သွားမယ်လို့ ဆိုပါတယ်။

"ကျနော်တို့ ဗကသက အစိုးရနဲ့တွေ့ဖို့ နေပြည်တော်ကို လွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေ (၃) ယောက်ပေါ့လေ။ ဒီ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့တဲ့ အတိုင်းပဲ။ (၁) ရက်နေ့မှာ အခြေအနေစောင့်ကြည့်တဲ့ အနေနဲ့ ကျနော်တို့ သပိတ်ကို ရပ်မယ်။ ကျန်တဲ့နေ့တွေမှာတော့ ကျနော်တို့ ဆက်ပြီး ချီတက်မယ်။ ရန်ကုန်ရောက်တဲ့အထိ။ ဘာကြောင့်လည်းဆိုတော့ အစိုးရက ကျနော်တို့ကို စေတနာ အစောကြီးကတည်းက ရှိတယ်ဆိုရင် ရက်ပေါင်း ၆၀ ကာလအတွင်း ကတည်းက တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းခဲ့မှာပေါ့။ အဲဒီ့တော့ သပိတ်စစ်ကြောင်းလျှောက်ရတဲ့ ရည်ရွယ်ချက်က အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရင် ကျနော်တို့ ဗကသ က ခေါင်းဆောင်တွေအတွက် သပိတ်စစ်ကြောင်းက သူတို့ နိုင်နိုင်နင်းနင်း ရပ်တည်ပြီးတော့ ပြောလို့ရအောင် ပံ့ပိုးပေးနေတဲ့ အားတစ်ခုဖြစ်အောင်လို့ပါ"

မန္တလေးကနေ ရန်ကုန်ကို ခရီးရှည်ချီတက်ရင်းကျောက်ပန်းတောင်းမှာ ရပ်နားနေတဲ့ သပိတ်စစ်ကြောင်းဟာ သူတိုရဲ့ သဘောထားထုတ်ပြန်ချက်အရ ဇန်န၀ါရီလ (၃၁)ရက်နေ့မှာ တော့ နောက်မြို့ တမြို့ဆီကို ခရီးရှည်ချီတက်မူ ဆက်လုပ်တော့ မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေ ဘက်က ခြိမ်းခြောက်မှုတွေ ဟန့်တားမူတွေရှိခဲ့တဲ့အတွက် သူတိုရဲ့ ခရီးစဉ်တွေအတွက် စိုရိမ်ပူပန်မှုတွေရှိနေကြောင်း သပိတ်စစ်ကြောင်းရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသီဟ၀င်းတင်က ဆိုပါတယ်။

"ကျနော်တို့တည်းတဲ့ ဘုန်းကြီးကျောင်း မြို့ထဲကိုပေါ့နော် စစ်ကားတွေ ဝင်လာတာတွေရှိတယ်။ မြို့ထဲလမ်းပေါ်မှာ စစ်ကားတို့ ရဲကားတို့နဲ့ ပါတ်ပြီးတော့ အဲလိုမျိုး ဖိအားပေးခြိမ်းခြောက်မှုတွေရှိတယ်။ ကျနော်တို့ တောင်သာကို အထွက် မြင်းခြံ နဲ့ တောင်သာကြားထဲမှာ ကျနော်တို့ကို ကင်းပုန်းချပြီးတော့ သတ်ကွင်းဆင်ပြီးတော့ တောင်ကြားနှစ်ခုကြားမှာ ထိုင်စောင့်နေ တာရှိတယ်။ ပြီးတော့ ကျနော်တို့ မြင်းခြံက ထွက်လာတော့ နောက်ကနေ တစ်ဆင့်ချင်းဆီ လိုက်ပိတ်တာရှိတယ်။ နှစ်ဘက်ချောင်ပိတ်တာပေါ့နော်။ ကျနော်စိတ်ပူတာ တစ်ခုက ကျနော်တို့ အဲလိုထွက်လာမယ်ဆိုတဲ့ အနေအထားမျိုးမှာ သူတို့အနေနဲ့အဲလိုမျိုး လုပ်နေတယ်ဆိုတဲ့ ဥစ္စာကိုတော့ ကျနော့်အနေနဲ့ နည်းနည်းစိတ်ပူတယ်ဆိုတာထက် တွေးမိတာပေါ့နော်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ကျောင်းသားတွေနဲ့ အစိုးရအာဏာပိုင်တွေကြား ပြီးခဲ့တဲ့ရက်က သဘောတူထားတာကတော့ အစိုးရ လွတ်တော် ပညာရေး စနစ်ပြုပြင် ပြောင်းလဲ ရေးနိုင်ငံလုံး ဆိုင်ရာကွန်ရက် (NNER) နဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမူဦးဆောင်ကော်မတီ တို့ (၄)ပွင့်ဆိုင်ဆွေးနွေးမှုတွေ ကို ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှာပြုလုပ်ဖို့ သဘောတူညီမူ ရခဲ့ပါတယ်။ လက်ရှိ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကန့်ကွက် သပိတ်မှောက်နေကြတဲ့ ကျောင်းသားတွေ ကတော့ ဖေဖေါ်ဝါရီလ (၁)ရက်မှာ ထွက်လာမယ့်အဖြေကိုစောင့်ကြည်ြ့ပီး မန္တလေးက ခရီးရှည်ချီတက်နေတဲ့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ပူပေါင်းလုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/marching-students-protesters-will-continue-their-march/2622544.html

ဒီမိုကရေစီ ပညာရေးသပိတ်စစ်ကြောင်းကို မန္တလေးမှထောက်ခံလက်မှတ်ထိုး

ဆေး​ပညာ ခေတ်​သစ်ရောက်​မယ့် အစီ​အစဉ် အို​ဘား​မား ကြေညာ

လူနာ တစ်ဦးချင်းစီ အတွက် လိုအပ် ကိုက်ညီတဲ့ တဲ့ ဆေးဝါး ထုတ်လုပ်နိုင်မယ့် အစီအစဉ် ကို သမ္မတ အိုဘားမား ထုတ်ပြန်။
အမေရိကန် ပြည်ထောင်စု အတွင်းမှာ လူ အယောက် ၁ သန်း ဆီက မျိုးရိုးဗီဇ ဆိုင်ရာ အချက်အလက် တွေ ကောက်ယူပြီး ပိုမို ထိရောက် အစွမ်းထက် တဲ့ ဆေးဝါးတွေ တီထွင်ဖို့ အစီအစဉ် ရှိကြောင်း သမ္မတ အိုဘားမား က ထုတ်ဖော် ပြောကြား လာပါတယ်။

လူနာ တစ်ဦးချင်းစီ အပေါ် မူတည်ပြီး လိုအပ် ကိုက်ညီတဲ့ တဲ့ ဆေးဝါး ထုတ်လုပ်နိုင်ဖို့ အခုလို စတင် ဆောင်ရွက် လာတာ ဟာ အသက်ပေါင်း များစွာ ကို ကယ်တင် နိုင်တဲ့ တွေ့ရှိချက် တွေ ထွက်ပေါ် လာမယ့် ဆေးပညာ ခေတ်သစ် ကို ရောက်ရှိ လာဖို့ ဖြစ်တယ် ဆိုပြီး သမ္မတ အိုဘားမား က ပြောပါတယ်။

၂၀၁၆ ရဲ့ အသုံးစားရိတ် ဘတ်ဂျက် ငွေထဲက ဒေါ်လာ ၂၁၅ သန်းကို အဲဒီ့ စီမံကိန်းတွက် ကျခံ သုံးစွဲဖို့ သမ္မတ အိုဘားမားက အကြံ ပြုထား ပါတယ်။

ဒီ စီမံကိန်း ရဲ့ ရှေးဦး ကာလတွေ မှာ ကင်ဆာ ရောဂါ ကုသရေး ပိုမို တိုးတက်လာဖို့ အဓိက အာရုံစိုက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2015/01/150130_obama_medicine

ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးရေး ကန် ကူညီဖို့ စဉ်းစားနေ


ရှမ်းပြည်နယ် မြောက်ပိုင်းက ကချင်ဆရာမနှစ်ဦး အသတ်ခံရမှု စုံစမ်းစစ်ဆေးရာမှာ မှုခင်းနည်းပညာ အကူအညီပေးနိုင်ဖို့ အမေရိကန် အစိုးရက စဉ်းစားနေတယ်လို့ အမေရိကန် ထိပ်တန်းအရာရှိ တဦးကပြောကြောင်း အမေရိကန်အခြေစိုက် ကချင်အရေး လှုပ်ရှားသူ တွေကပြောပါတယ်။ အမေရိကန်သမ္မတ အိမ်ဖြူတော် ထိပ်တန်းအရာရှိတွေ အပါအ၀င် လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံ ခြားရေး ၀န်ကြီး တို့နဲ့ ဇန်န၀ါရီလ (၃၀)ရက်နေ့က ကချင် မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်တွေ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း မအင်ကြင်းနိုင်ကပြောပြမှာပါ။

အမေရိကန်အစိုးရအနေနဲ့ ကချင်ပြည်နယ်က လက်ရှိအခြေအနေနဲ့ပတ်သက်လို့ အထူးစိုရိမ်မကင်းဖြစ်နေတဲ့ အပေါ်မှာ ဒီရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စု က ကချင်အရေး လှုပ်ရှားသူတွေ နဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။

ကချင်ဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရမှုကို စုံစမ်းစစ်ဆေးရာမှာ ကျွမ်းကျင်သူတွေနဲ့အကူအညီပေးနိုင်တဲ့နည်းလမ်း အမေရိကန်ဘက်က စဉ်းစားနေကြောင်း လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Tom Malinowski ကပြောဆိုခဲ့တယ်လို့ သောကြာနေ့က သူနဲ့တွေ့ဆုံခဲ့တဲ့ ကချင်မဟာမိတ်အဖွဲ့ဥက္ကဋ္ဌ Gum San ကပြောပါတယ်။

" သူတို့က စုံစမ်းရေးမှာ လိုအပ်မယ့် အရာတွေပေါ့။ သူတို့အကူအညီပေးနိုင်မယ့် ဟာကို ရှာဖွေပေးမယ်ပြောပါတယ်။ နောက်တခုကတော့ ဒုက္ခသည်တွေကို အချိန်အကြာကြီး အကူအညီဖြတ်တောက်မှု လုပ်တာကတော့ နိုင်ငံရေးပဲဖြစ်ဖြစ် စစ်ရေးပဲဖြစ်ဖြစ် ဒုက္ခသည်တွေကို ပေးတဲ့အကူအညီကို မဖြတ်တောက်ပဲ ဖွင့်ပေးဖို့ ကျနော်တို့ပြောဖြစ်ပါတယ်။  အဲ့တာကို သူတို့က တောင်းဆိုခဲ့ တယ်။ နောက်ထပ်လည်း တောင်းဆိုပါ့မယ်လို့ ပြောပါတယ်။ အစိုးရကလည်း ဖွင့်ပေးမယ်လို့ ကတိပေးခဲ့တယ်လို့ သူတို့ကပြောပါတယ်။"

အလားတူ အမေရိကန်သမ္မတအိမ်ဖြူတော်က အမျိုးသားလုံခြုံရေး- အာရှ ပစိဖိတ်ဆိုင်ရာ ထိပ်တန်းအရာရှိတွေနဲ့လည်း ကချင်ဆရာမနှစ်ဦး အသတ်ခံရတဲ့ကိစ္စကို ဆွေးနွေးပြောဆိုခဲ့တယ်လို့ Gum San ကပြောပါတယ်။

" အမျိုးသမီးတွေကို ရက်စက်သတ်ဖြတ်မှုနဲ့ အရေးယူမှုတွေမှာ အကူအညီပေးဖို့ ကျနော်တို့ အဓိက ပြောခဲ့တာပါ။ နောက်တခုက ဒီဟာနဲ့ပတ်သက်ပြီးမှ ထိတွေ့ဆက်ဆံမှုအပေါ်မှာ Sanctions ဆိုတဲ့အရာဟာ အရေးကြီးတဲ့ အကြောင်းလည်း ကျနော်တို့ပြောဖြစ်ပါတယ်ခင်ဗျ။"

မအင်ကြင်းနိုင်။   ။ အဲ့လိုပေါ့နော် ကချင်ဆရာမနှစ်ဦး အသတ်ခံရတဲ့ကိစ္စမှာ အချက်အလက်တွေ ခိုင်မာအောင် ဘယ်လိုပြောပြနိုင်ခဲ့လဲရှင့်။

"ဟုတ်ကဲ့။ ကျနော်တို့ပြောဖြစ်ခဲ့တဲ့ ဟာထဲမှာတော့ ရွာသားတွေကို မေးဖြစ်တဲ့ဟာတွေ ရှိတယ်။ မေးတဲ့အခါမှာ ဖြစ်ရိုးဖြစ်စဉ်တွေ အားလုံးကို ကျနော်တို့ ရှင်းပြတယ်။ ဥပမာ ဒီအမျိုးသမီးတွေက စစ်သားတွေ ရောက်လာတဲ့ အချိန်မှာ ရွာသားတွေရဲ့ အိမ်မှာ နေတယ်။ ဒီတစ်ညပဲ မအိပ်ဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မွေးနေ့တခုကအပြန် နောက်ကျသွားလို့ အိမ်ရှင်တွေကို ပြန်နှိုးရမှာ အားနာလို့ သူတို့က ဘုရားကျောင်းဝင်းထဲမှာ အိပ်လိုက်တာ။ အိပ်တဲ့ညမှာပဲ ဒီဟာဖြစ်တယ်။ နောက်တခုက အနီးဆုံး စစ်သားတွေ ကင်းစောင့်တာဖြစ်တဲ့ နေရာက ၆၅ကိုက် အကွာအဝေးမှာ ရှိတယ်။ နောက် ရွာတရွာလုံးမှာ စစ်သားတွေ ရှိတယ်။ နောက်တချို့ အချက်အလက်တွေ သူတို့ ပြောရရင် ပထမဆုံး တွေ့ရှိတဲ့အချိန်မှာ စစ်ဖိနပ် တွေ ကုတင်ပေါ်မှာ ရှိတာနဲ့ နောက်တခုက စစ်သားတွေ ပုံထားတဲ့နေရာ ရိုက်သတ်ထားတဲ့ သစ်ချောင်းရဲ့ပုံထားတဲ့ အနားမှာ စစ်ဖိနပ်ခြေရာတွေ မြင်ခဲ့တာ ကျနော်တို့ပြောဖြစ်ပါတယ်။ နောက်တခုကတော့ မိုးမလင်းခင် အချိန်မှာ စစ်သားအချို့ ကားနဲ့ ဆင်းသွားတယ်ဆိုတာ ကျနော်တို့ပြောဖြစ်တယ်။"

မအင်ကြင်းနိုင်။   ။ အခုလိုပေါ့နော် အမေရိကန်အစိုးရရော၊ အိမ်ဖြူတော်ရောပေါ့နော် နိုင်ငံခြားရေး တာဝန်ရှိသူတွေက ကချင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာကြောင့် အခုလို သူတို့တွေ့ဆုံပြီးတော့ ဆွေးနွေးတယ်လို့ ယူဆလဲရှင့်။

" အော် စိုးရိမ်မှုရှိလို့ပါ။ မငြိမ်မသက်ဖြစ်လာနိုင်တဲ့ အခြေအနေကို ရောက်နိုင် ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူသိန်းနဲ့ချီပြီး လမ်းပေါ်ထွက်လျှောက် လာတယ်ဆိုတာက ပြည်သူလူထုရဲ့ ပေါက်ကွဲလုမတတ် ခံစားမှုက အများကြီးဖော်ပြနေတဲ့ဟာကို သူတို့မြင်တွေ့ရတယ်။ အဲ့လိုဆိုတော့ အစိုးရကလည်း စိုးရိမ်တယ် ဘာဖြစ်လို့လဲဆိုတော့ ဒီဟာတွေက ငြိမ်းချမ်းရေး ဖြစ်စဉ်ဖြစ်ဖြစ် ကျနော်တို့ မြန်မာပြည်ရဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ထိခိုက်လာနိုင်တယ်ဆိုတဲ့အမြင် သူတို့တွေက နားလည်ပုံ ကျနော်တို့ ခံစားရတယ်လေ။"

အမေရိကန်ပြည်ထောင်စုက ကချင်အရေးလှုပ်ရှားနေသူတွေဟာ ဇန်န၀ါရီ (၂၈)ရက်နေ့ကလည်း အရှေ့အာရှပစိဖိတ်ရေးရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Scott Marciel အပါအ၀င် အမေရိကန်နိုင်ငံခြားရေးဌာနက အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံပြီး ကချင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို ဖြေရှင်းပေးရေး မြန်မာအစိုးရကို ဖိအားပေးဖို့ ဆွေးနွေးပြောဆိုခဲ့ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/kachin-news-update/2622519.htm