Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 23, 2015

အမျိုးသား ၀န်ထမ်းများ စိတ်မသက်မသာ မဖြစ်စေရန် ကျောင်းသူများ စကတ်အတို မ၀တ်ရဟု ပိတ်ပင်

 ဗြိတိန်နိုင်ငံ အိစ်တ်ရိုက်ဒင်းရှိ ဘရစ်ဒ်လင်တန် စာသင်ကျောင်းတွင် ကျောင်းသူများက စကတ်အတိုများ၊ ဘောင်းဘီ ခပ်ပါးပါး အကျပ်များ ၀တ်ဆင်မှုကြောင့် စာသင်ကျောင်းရှိ အမျိုးသား ၀န်ထမ်းများ စိတ်မသက်မသာ ခံစားရသဖြင့် စာသင်ကျောင်းတွင် စကတ်အတို ၀တ်ဆင်မှု ပိတ်ပင်ကာ ဘောင်းဘီကိုလည်း ကျောင်းအုပ်ချုပ်ရေး အဖွဲ့က ချမှတ်ထားသော စည်းမျဉ်းများနှင့် ကိုက်ညီသည်များကို ၀တ်ဆင်ရန် စည်းကမ်း ချမှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ကျောင်းသူများသည် စည်းကမ်း လိုက်နာခြင်း မရှိဘဲ စကတ် အတိုများကို ၀တ်ဆင်ခဲ့ပါက သီးသန့် အခန်းများတွင် ပိတ်လှောင် ခံရခြင်း ဆိုသည့် အပြစ်ပေးမှုကို ခံယူရမည် ဖြစ်သည်။ သို့သော် စာသင်ကျောင်း အုပ်ချုပ်ရေး အဖွဲ့၏ အစီအစဉ်ကိုဆန့်ကျင်မှုများ ရှိခဲ့ပြီး ယင်းအစီအစဉ်ကို ဖျက်သိမ်းပေးရန် တောင်းဆိုလွှာ တစ်စောင် ထွက်ပေါ်နေပြီ ဖြစ်သည်။ တောင်းဆိုလွှာတွင် လက်မှတ် ရေးထိုးသူ (၁၀၀၀) ရှိသွားပြီ ဖြစ်သည်။

ကျောင်းသူများသည် ပါးလွှာသော ဘောင်းဘီ အကျပ်များကို ၀တ်ဆင်နေမှုကြောင့် ယခုမှ စပြီး စာသင်ကျောင်း၏ ခွင့်ပြုချက် ရရှိထားသော အ၀တ်အထည်ချုပ် လုပ်ငန်းများမှ ဘောင်းဘီများကိုသာ ၀ယ်ယူ ၀တ်ဆင်ရမည် ဖြစ်ကြောင်း ကျောင်းအုပ် ဆရာမကြီး ဆာရာပါရှ်လေ ပြောဆိုခဲ့သည်။

သို့သော် စာသင်ကျောင်းရှိ အမျိုးသမီး ၀န်ထမ်း တချို့သည်လည်း ဒေါက်မြင့် ဖိနပ်များ၊ စကတ် အတိုများ၊ ခါးတိုအင်္ကျီများ၊ ရင်ဟိုက်လွန်းသော အင်္ကျီများကို ၀တ်ဆင် နေသောကြောင့် ၄င်းတို့ကိုသာ ဦးစွာ ပြောင်းလဲသင့်ကြောင်း မိဘများက ပြောဆိုခဲ့သည်။

ကျောင်းသူလေးများအား စကတ်တို ၀တ်ဆင်ခွင့် ပိတ်ပင်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုသာ ဖြစ်ကြောင်း မိဘတချို့က ပြောဆိုခဲ့သည်။

စာသင်ကျောင်းတွင် အမျိုးသား ၀န်ထမ်းများနှင့် ကျောင်းသူများ ထိပ်တိုက် တွေ့ဆုံရာတွင် အမျိုးသားများသည် မျက်လုံးချင်း မဆုံမိစေရန် ခေါင်းကို ငုံ့ထားပါကလည်း ယင်းကို ကျောင်းသူ၏ ခြေသလုံးများကို ကြည့်နေသည်ဟု ထင်မြင်မှုများ ရှိနေသဖြင့် ၀န်ထမ်းများ စိတ်မသက်မသာ ခံစားနေရခြင်း ဖြစ်ကြောင်း မစ္စပက်ရှ်လေက ပြောဆိုခဲ့သည်။
http://messengernewsjournal.com

No comments:

Post a Comment