Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 31, 2014

လက်ပံတောင်း တောင်သူတွေရဲ့ ဒုက္ခတွေကို ဘယ်လို ကုစားမလဲ ကျော်ခ


သံဆူးကြိုး၊ သံဆန်ခါ နှစ်ထပ် ကာရံထားတဲ့ ခြံစည်းရိုး အတွင်းဘက်မှာတော့ ကြီးမားတဲ့ လိမ္မော်ရောင် ဘူဒိုဇာ ကားကြီးက ပေ ၂၀၊ ပေ ၃၀ လောက်မြင့်တဲ့ ထန်းပင်ကြီးတွေကို လွယ်လင့်တကူ ထိုးလှဲနေပါတယ်။ ထန်းပင်ကြီးတွေလည်း မြေပေါ်ကို တဝုန်းဝုန်း ပြိုကျနေပါတယ်။

ဒီမြင်ကွင်းကို ခပ်လှမ်းလှမ်း ကုန်းမြင့်လေးပေါ်ကနေ ပုဆိုးတိုတိုဝတ်ထားပြီး ဓားမ ခါးကြားထိုးထားတဲ့ အသက် ၄၀ ဝန်းကျင် အသားညိုညို အမျိုးသားတယောက်က နေပူကြီးထဲမှာ ရပ်ပြီး ငေးကြည့်နေပါတယ်။ သူက ရွှေလှေရွာသား ကိုတင်ထွန်းဖြစ်ပြီး မိသားစု စားဝတ်နေရေးအတွက် ထန်းတက်ပြီး အသက်မွေးဝမ်းကျောင်းနေရသူပါ။

“ကျနော်က ထန်းတက်စားတဲ့သူ။ တရက်ကို အပင် ၅၀ ပုံမှန်တက်တယ်။ ထန်းလျက်ကြိုတယ်။ ထန်းရည်ရောင်းတယ်။ တရက်ကို ပုံမှန်ဝင်ငွေ တသောင်းကျော်လောက် ရှိတာပေါ့။ သူတို့ စည်းရိုးတားလိုက်တဲ့ နေ့ကစပြီး ကျနော် ထန်းမတက် ရတော့ဘူး။ အခုတော့ ကျနော်က အလုပ်လက်မဲ့ ဖြစ်သွားတာပေါ့” လို့ ကိုတင်ထွန်းက ထန်းပင်တွေကို ဘူဒိုဇာနဲ့ ထိုးနေတာကို ငေးကြည့်နေရင်းက မချိတင်ကဲလေသံနဲ့ ပြောပါတယ်။

သူ့မှာ ကိုယ်ပိုင်ထန်းတောမရှိပေမယ့် တဦးနဲ့တဦး ရိုင်းပင်းကူညီတတ်ကြတဲ့ ရွာက ထန်းပင်ပိုင်ရှင်တွေဆီမှာ ထန်းပင်ခ ပေးပြီး နှစ်ပေါင်းများစွာ မိသားစုရဲ့ ဝမ်းရေးကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သံဆူးကြိုးတွေနဲ့ ခြံစည်းရိုးကာလိုက်တဲ့ နေ့ကစပြီး ထန်းတက်တဲ့ လုပ်ငန်းကို ရပ်တန့်လိုက်ရတယ်။

တချိန်တည်းမှာပဲ မိသားစု အနာဂတ်အရေးကို ဘယ်လို ဆက်သွားမလဲဆိုတာ သူ့အတွက်တော့ ခေါင်းနားပန်းကြီးစရာ ဖြစ်လာပါတယ်။ လက်ပံတောင်းတောင်ကြီးနဲ့ ထန်းတောကြီးကို တွေတွေကြီးငေးနေတဲ့ ကိုတင်ထွန်းရဲ့ အတွေးထဲမှာတော့ မကြာခင် ကြုံတွေ့ရတော့မယ့် သူ့မိသားစု စားဝတ်နေရေး အခက်ခဲအတွက်ပါ။

“ဒီမှာ ခင်ဗျားမြင်တဲ့ အတိုင်းပဲ၊ နွားတွေ၊ ဆိတ်တွေတောင် စားကျက်မရှိတော့တဲ့ အခြေအနေမျိုးမှာ ကျုပ်တို့က ဘာလုပ် စားရတော့မလဲဆိုတာတောင် မသိတော့ဘူး” လို့ ပြောပါတယ်။ ကိုတင်ထွန်းရဲ့ မျက်နှာပေါ်မှာတော့ မိသားစု ဝမ်းရေးအတွက် ဘာဆက်လုပ်ရမလဲဆိုတဲ့ သောကအပူမီးတွေကတော့ အထင်းသား ပေါ်လွင်နေပါတယ်။

သူနဲ့ ခပ်လှမ်းလှမ်းနေရာက မြေကွက် ကျဉ်းကျဉ်းလေးတွေပေါ်မှာတော့ ခပ်ကျဲကျဲ ပေါက်နေတဲ့ မြက်ခြောက်တွေကို ရှာဖွေ စားသောက်နေကြတဲ့ နွားအုပ်တအုပ်လည်း တွေ့ရပါတယ်။ သံဆူးကြိုးတွေ၊ သံဆန်ခါတွေ ထပ်ဆင့်ကာရံလိုက်တဲ့အတွက် တိရစ္ဆာန်တွေလည်း စားကျက်ပျောက်သွားပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ဦးပိုင် ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက ဝမ်ပေါင် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေကြတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီးအတွက် လက်ပံတောင်းတောင်ကြီး အပါအဝင် တောင်အနီးတဝိုက်မှာရှိတဲ့ ဒေသခံတွေရဲ့ ယာခင်းတွေကို စီမံကိန်းနယ်မြေအဖြစ် သိမ်းယူခံလိုက်ကြရတာ ဖြစ်ပါတယ်။

ဒေသခံတွေက သူတို့ငယ်ငယ်ကတည်းက အတူရှိနေတဲ့ လက်ပံတောင်းတောင်ကြီး ပြိုလဲသွားမှာကို မလိုလားကြသလို ဘိုးဘွားစဉ်ဆက် အမွေဆက်ခံခဲ့ကြတဲ့ ယာမြေတွေကိုလည်း ပျောက်ကွယ်မခံနိုင်ကြတဲ့အတွက် စီမံကိန်းက ပေးတဲ့ လျော်ကြေးတွေကို ငြင်းဆိုထားကြတာပါ။

ဒါပေမယ့်လည်း သူတို့ရဲ့ယာမြေတွေကို အာဏာပိုင်တွေက အဓမ္မ သိမ်းယူခြင်းကို ခံခဲ့ကြရပါတယ်။ ၂၀၁၄ ဒီဇင်ဘာလ ထဲမှာတော့ ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ ပဲစင်းငုံ၊ နေကြာ၊ ဂျုံ၊ ကုလားပဲနဲ့ နွားစားပျောင်းခင်းတွေ အပါအဝင် ထန်းတောတွေကိုပါ ရဲအင်အားတွေ အသုံးပြုပြီး သံဆူးကြိုး၊ သံဇကာတွေကို အထပ်ထပ် ကာရံလိုက်ပါတော့တယ်။

ယာမြေတွေ၊ ထန်းပင်တွေကို ဘူဒိုဇာနဲ့ ထိုးလှဲဖျက်ဆီးနေတဲ့ မြင်ကွင်းကို ကိုတင်ထွန်း နည်းတူ လာရောက် ကြည့်ရှုနေသူက အသက် ၅၀ ကျော်အရွယ် ဆည်တည်းရွာသူ ဒေါ်ကြည်သန်းပါ။ သူ့မှာ ယာမြေ ၁၆ ဧကရှိတဲ့ အနက် ရိတ်သိမ်းခါနီးပြီ ဖြစ်တဲ့ ပဲစင်းငုံ ၂ ဧကလည်း ခြံစည်းရိုး အခတ်ခံရတဲ့အထဲမှာ ပါသွားပါတယ်။

“ဒီယာတွေက အဒေါ်တို့ အဘိုးအဖွားတွေ အဆက်ဆက်ကတည်းက အမွေပေးခဲ့တာ။ အဒေါ်လက်ထက်မှာ ကျမှ သားသမီးတွေကို အမွေလက်ဆင့် မကမ်းနိုင်တော့တဲ့ အဖြစ်မျိုး ကြုံနေရတယ်။ စိတ်ထဲ တော်တော်မကောင်းဘူး။ ရွာလည်းပျောက်တော့မယ်။ အဒေါ်ကတော့ ဆုံးဖြတ်ပြီးသား။ အဘိုးအဘွားတွေ ခေါင်းချခဲ့တဲ့ ဒီနေရာကနေ သူတို့ရွှေ့ခိုင်းတဲ့နေရာကို မရွှေ့နိုင်ဘူး။ နေစရာမရှိရင် လမ်းဘေးမှာပဲနေမယ်” လို့ ခပ်ပြတ်ပြတ်ပဲ ပြောတယ်။

ယာမြေတွေ သိမ်းယူခံလိုက်တဲ့အတွက် ဒီစီမံကိန်းကြီးအပေါ် နာကြည်းမှုတွေ ဘယ်လောက် ရှိနေမလဲ ဆိုတာကတော့ သူ့ရဲ့တင်းမာနေတဲ့ မျက်နှာထားပေါ်မှာ အထင်းသား တွေ့မြင်နေရပါတယ်။ အားမသန်လို့ မာန်ချနေရပေမယ့် အစိုးရနဲ့ ကုမ္ပဏီဘက်က အကြမ်းဖက် ရှင်းလင်းလာခဲ့ရင်တော့ သူ့ရွာလေးနဲ့ အနီးဆုံးမှာရှိတဲ့ လမ်းဘေးမှာပဲ သူ့ဘဝကို အဆုံးသတ်သွားဖို့အထိ ဆုံးဖြတ်ချက် ချထားသူပါ။

ဒေါ်ကြည်သန်းက “ဒီစီမံကိန်းနဲ့ ပတ်သက်လို့ရှိရင် အစိုးရက အဒေါ်တို့ တောသူတောင်သားတွေဘက်မှာ လုံးဝ ရှိမနေဘူး။ ဝမ်ပေါင်ဘက်မှာ ရပ်တည်တယ်။ အခုလုပ်တဲ့ လုပ်ရပ်ဟာလည်း အဒေါ်တို့ ပြည်သူတွေအပေါ်မှာ ရက်စက်လွန်းတယ် ဆိုတဲ့ စကားထက် ပြောစရာတောင် မရှိတော့ဘူး” လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က တောင်သူတွေကို သူတို့ယာခင်းတွေအထဲ ဝင်လို့မရတော့အောင် ကုမ္ပဏီက ရဲတပ်ဖွဲ့ကို အကာအကွယ်ယူပြီး စစ်ဆင်ရေးသဖွယ် ခြံစည်းရိုးတွေ စ ကာခဲ့ပါတယ်။ ဒါကို လက်မခံနိုင်တဲ့ ဒေသခံတွေက သွားရောက် တားမြစ်ရာမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ်ခဲ့လို့ မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်း  သေနတ်မှန် သေဆုံးပြီး ရွာသူ၊ ရွာသား ၄၀ ကျော် ဒဏ်ရာရကုန်ပါတယ်။

ဒီအကြမ်းဖက် ပစ်ခတ်မှုတွေ လုပ်ပြီးနောက်မှာတော့ ဒေသခံရွာသားတွေဟာ သူတို့လို ပြည်သူလူထုတွေရဲ့ အကျိုးကို မငဲ့ဘဲ တရုတ် ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ရဲ့ အကျိုးစီးပွားကိုသာ ကာကွယ်တယ်ဆိုပြီး ကြေးနီစီမံကိန်းအပေါ်မှာ အမျက်ဒေါသတွေ ပိုပြီး ပြင်းထန်လာခဲ့ကြသလို အစိုးရကိုလည်း ပြစ်တင်ရှုတ်ချနေကြပါတယ်။

မိုးကြိုးပြင် ရွာသားတဦးက “ကျနော်တို့အစိုးရက နိုင်ငံရဲ့အရှေ့တံခါး၊ အနောက်တံခါးတွေကိုသာ စည်းရိုးလုံအောင် မကာနိုင်တာ။ ပြည်သူတွေဖြစ်တဲ့ ကျနော်တို့ ယာတွေကိုကျတော့ တရုတ်ကုမ္ပဏီအတွက် အနိုင်ကျင့်ပြီး စည်းရိုးလုံအောင် ကာပေးတယ်။ ကိုယ်စိုက်ထားတာတောင် ရိတ်သိမ်းခွင့် မပေးတော့ဘူး” လို့ ထောက်ပြပြောဆိုပါတယ်။

မိုးကြိုးပြင် ရွာသူရွာသားတွေ အကြမ်းဖက် ပစ်ခတ်ခံရပြီး နောက်တနေ့မှာတော့ ဆည်တည်းရွာသူ၊ ရွာသားတချို့ဟာ နွားလှည်းတွေနဲ့ တမျိုး၊ ထော်လာဂျီတွေနဲ့တဖုံ အိမ်ရှိပစ္စည်းတွေကို ရွှေ့ပြောင်းနေကြပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ စစ်ကိုင်းတိုင်း ရဲတပ်ရင်း (၁၆) ရဲမှူးက ဆည်တည်းရွာကို ပြာကျတဲ့အထိ မီးရှို့ဖျက်ဆီးပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့အတွက် စိုးရိမ်ပြီး ပြောင်းရွှေ့နေကြတာလို့ ဆိုပါတယ်။

ဆည်တည်း ရွာသားတွေကတော့ ရွာစည်းရိုးတွေမှာ နေ့ညမပြတ် အလှည့်ကျ ကင်းတွေချထားပြီး စောင့်ကြပ် ကြည့်ရှုနေကြတဲ့အထိ စိုးရိမ်နေကြပါတယ်။ ဆည်တည်းရွာဟာ စီမံကိန်းနေရာ သတ်မှတ်မှုထဲမှာ ပါဝင်နေပေမယ့် ရွာသားတွေကတော့ သူတို့ရွာလေး မပျက်စီးသွားအောင် ကာကွယ်သွားကြဖို့ ပြင်ဆင်နေကြတာပါ။

လက်ပံတောင်းတောင်မှာ ဒေသခံတွေကို ရဲက အကြမ်းဖက် ပစ်ခတ်နှိမ်နှင်းမှုတွေ ပြုလုပ်ပြီး နောက်တနေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက မမီးမီး၊ မနီလာသိန်းနဲ့ မနုနုအောင်တို့ ဦးဆောင်တဲ့အဖွဲ့က ရောက်ရှိလာကြပြီး ဒဏ်ရာရရှိသူတွေ ဆေးကုသနိုင်ရေးနဲ့ အကြမ်းဖက်နှိမ်နှင်းမှုကို တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ရွာသားတွေဘက်က ကူညီလုပ်ဆောင်နေကြတာလည်း တွေ့မြင်ရပါတယ်။

ဒေသခံ တောင်သူတွေကို ရဲအင်အားတွေ အသုံးပြုပြီး အကြမ်းဖက် ဖြေရှင်းတဲ့အပေါ် မနုနုအောင်က “အာဏာရှင် စနစ်ကြီးက အခုအထိ ရှိနေတုန်းပဲ။ အပြောင်းအလဲဆိုတာ အရင်အတိုင်းပါပဲဆိုတာ သက်သေခံနေပြီ” လို့ သေဆုံးသူ ဒေါ်ခင်ဝင်း တရားမျှတရေး လိုက်ပါဆောင်ရွက်နေရင်းက သတင်းထောက်တွေကို ရှင်းပြသွားတာပါ။

ရိတ်သိမ်းချိန် ရောက်နေပြီဖြစ်တဲ့ ကောက်ပဲသီးနှံတွေကို ရိတ်သိမ်းခွင့်မပြုဘဲ ခြံစည်းရိုးတွေ ကာလိုက်သလို လာရောက် တောင်းဆိုတဲ့ ဒေသခံတောင်သူတွေကို အကြမ်းဖက် ပစ်ခတ်တဲ့အပေါ် မမီးမီးကလည်း အစိုးရနဲ့ ရဲတပ်ဖွဲ့အပေါ် ပြစ်တင် ပြောဆိုခဲ့ပါတယ်။

“ကူညီပါရစေ။ မိဘပြည်သူတွေရဲ့ ရပ်ရွာအေးချမ်းတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ကိုယ်နှိုက်က မြန်မာနိုင်ငံသားတွေဖြစ်တဲ့ တောင်သူလယ်သမားတွေကို မကာကွယ်ဘဲနဲ့ တရုတ်လူမျိုးတွေကို အကာအကွယ် ပေးပြီးတော့မှ ပြည်သူတွေအပေါ်မှာ အသက်သေလောက်တဲ့ ပစ်ခတ်နှိမ်နှင်းမှုတွေ ပြုလုပ်တာကို ကျမတို့အနေနဲ့ အပြင်းအထန်ရှုတ်ချပါတယ်။ အဲဒီအပေါ်မှာလည်း ကျမတို့က တရားဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပတယ်” လို့ မမီးမီးက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ ခြံစည်းရိုးမခတ်ဖို့ တောင်းဆိုနေကြတဲ့ ဒေသခံ ဆည်တည်းရွာသူ အမျိုးသမီးတွေကို ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းတွေက ခြေထောက်နဲ့ ကန်ကျောက်ခြင်း၊ တူနဲ့ ထုခြင်း ပြုလုပ်ခဲ့တဲ့ အပေါ်မှာလည်း ဒေသခံတွေက ကျေနပ်မှုမရှိတဲ့အတွက် တရားဥပဒေအရ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

လက်ပံတောင်း ဒေသခံတွေရဲ့ ရင်ဘက်ထဲမှာတော့ အစိုးရဟာ သူတို့ဒေသခံတွေကို ဖိနှိပ်ပြီး ကုမ္ပဏီဘက်ကိုသာ အကူအညီပေး နေတယ်လို့ ရှင်းရှင်းလင်းလင်း မြင်နေရချိန်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ၈၈ မျိုးဆက် အဖွဲ့နဲ့ လူမှုကူညီရေး အဖွဲ့တွေ၊ တက်ကြွလှုပ်ရှားသူတွေက ဒေသခံတွေရဲ့ အခက်အခဲတွေကို တတ်နိုင်တဲ့ ဘက်ကနေ ကူညီမှုတွေကိုတော့ ရရှိနေကြပါတယ်။

မမီးမီးက “ကျမတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ကာကွယ်ဖို့ရာကတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာ နေထိုင်တဲ့ ပြည်သူလူထုတိုင်းမှာ တာဝန်ရှိပါတယ်။ ကျမတို့ မိခင်ဧရာဝတီကို တဖက်နိုင်ငံလက်က ကယ်ထုတ်နိုင်ခဲ့သလို ဒီမိုကရေစီကို လိုလားတဲ့၊ လူ့အခွင့်အရေးကို မြတ်နိုးတဲ့၊ သဘာဝသယံဇာတကို မျက်နိုးတဲ့ အဖွဲ့အစည်းအားလုံး၊ လှုပ်ရှားတက်ကြွတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ပြည်သူလူထုအားလုံး ပူးပေါင်းပြီးတော့ လက်ပံတောင်းတောင်မှာရှိတဲ့ ကျေးရွာတွေကို ကျမတို့ ပြည်သူလူထုအားနဲ့ အသက်နဲ့လဲပြီးတော့ ကာကွယ်ဖို့ အချိန်ရောက်နေပြီလို့ ပြောချင်တယ်” လို့ မမီးမီးက သတိပေး ပြောဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီးမှာ အဓိက တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဝန်ကြီးချုပ် ဦးသာအေးကို အကြမ်းဖက် နှိမ်နှင်းမှုတွေနဲ့ ပတ်သက်ပြီး NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒီဇင်ဘာ ၂၄ ရက်မှာ မျက်နှာချင်းဆိုင် သွားရောက် တွေ့ဆုံခဲ့ပြီး ဒေသခံတွေအပေါ်မှာ အလားတူ အကြမ်းဖက်နှိမ်နင်းမှုတွေ နောက်ထပ်မပြုလုပ်ဖို့ ဆွေးနွေးခဲ့သလို ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့လည်း တာဝန်ဖြေရှင်းပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

“ကျမအနေနဲ့ကတော့ ဒီကနေပြန်သွားရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ဒေါ်အောင်ဆန်းစုကြည် ဆီကိုလည်း ဒီမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေ အားလုံးနဲ့ ဝန်ကြီးချုပ်နဲ့ တွေ့ခဲ့ရတဲ့ အခြေအနေတွေအားလုံးကို အစီရင်ခံစာ တင်မယ်။ ပြီးပြီဆိုလို့ရှိရင်တော့ ဒီဘက်က ဖြေရှင်းပုံ ဖြေရှင်းနည်းဟာ နည်းလမ်းမကျဘူး ဆိုရင်တော့ ဒါနဲ့ပတ်သက်ပြီး တရားဥပဒေ လမ်းကြောင်းအတိုင်း သွားနိုင်ဖို့ရာအတွက် ဒေသခံပြည်သူ လူထုနဲ့ ကျမတို့ ပူးပေါင်းမယ်” လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ဝန်ကြီးချုပ် ဦးသာအေးက ခြံစည်းရိုးခတ်မှုတွေ ထပ်မလုပ်တော့ဘူးလို့ ပြောဆိုနေပေမယ့်လည်း လက်ရှိခတ်ထားတဲ့ အနေအထားဟာ ပြီးဆုံးသလောက် ရှိနေပါပြီ။ ဒေသခံတွေကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းမှုနဲ့ ပတ်သက်ပြီးတော့ လက်ပံတောင်းဒေသမှာ တောင်သူတွေက နေ့စဉ် ဆန္ဒဖော်ထုတ်နေသလို ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာလည်း ဆန်ကျင် ဆန္ဒပြမှုတွေ ပျံ့နှံ့နေပါတယ်။

လက်ပံတောင်းတောင် အရေးကိစ္စနဲ့ ပတ်သက်ပြီး လက်ပံတောင်းတောင် အစီရင်ခံစာ ရေးဆွဲရေး ကော်မရှင် ဥက္ကဋ္ဌ တဦး အဖြစ် ၂၀၁၂ ခုနှစ်ထဲမှာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဒေသခံပြည်သူတွေနဲ့ ကုမ္ပဏီတို့အကြား အဆင်ပြေနိုင်ဖို့ အစီရင်ခံစာ ရေးဆွဲတင်ပြခဲ့ပါတယ်။ ဒါပေမယ့် အစိုးရ စိတ်ကြိုက်ဖွဲ့စည်းပေးထားတဲ့ အစီရင်ခံစာ အကောင်အထည် ဖော်ဆောင်ရွက်ရေး အဖွဲ့က တိတိကျကျ လိုက်နာဆောင်ရွက်မှု မရှိတဲ့ အတွက် အခြေအနေက ပိုမိုဆိုးရွားလာပါတယ်။

လူသေလောက်တဲ့အထိ အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ လက်ပံတောင်း ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းမှာ တာဝန် ရှိကြောင်း၊ အခုလ ၂၆ ရက်နေ့က ကော့မှူးခရီးစဉ်မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ပြောဆိုလိုက်ပါတယ်။

“အကြံပြုချက်တွေကို လုံလုံလောက်လောက် ပေးထားတယ်။ ဒီအကြံပြုချက်တွေကို တိတိကျကျ မလုပ်တာ အုပ်ချုပ်ရေးမှာ တာဝန်ရှိတယ်။ ကိုယ့်အပိုင်းနဲ့ ကိုယ့်အပိုင်း တာဝန်ယူရမှာပေါ့။ အဲဒါဆိုရင် အားလုံး လုပ်စေချင်ရင်လည်း အုပ်ချုပ်ရေး အာဏာပါ အပ်လိုက်၊ အဲဒါဆို အားလုံး လုပ်ပေးလို့ ရတာပေါ့” လို့ ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းဖြစ်စဉ်ကို ရည်ညွှန်းပြောဆိုပါတယ်။

ဒီစီမံကိန်းကို စတင်လုပ်ဆောင်တဲ့ အချိန်ကစပြီး ယခုအချိန်အထိ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုဟာ ပြေလည်နိုင်စရာ မရှိကြောင်း၊ ဒီနည်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ အဓိကခံစားနေရတဲ့ လက်ပတောင်းဒေသခံတွေရဲ့ ဒုက္ခ၊ သောကတွေကို ကုစားပေးနိုင်မှာမဟုတ်သလို ဒေသခံတွေရဲ့ ရင်ဘတ်ထဲမှာ ဖွဲမီးလို တမြေ့မြေ့ လောင်ကျွမ်းနေမှုဟာလည်း အရှိန်မြင့် လာဖို့သာရှိကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။
Irrawaddy

ပရိသတ်တွေနဲ့ ပရဟိတအစီအစဉ်လုပ်ဖို့ ကြိုးစားနေတဲ့ မိုးစက်ဝိုင်


၂၀၁၅နှစ်ဆန်းတွင် ပရိသတ်များနှင့်အတူ လှူဒါန်းနိုင် မည့် ပရဟိတအစီအစဉ်တစ်ခုအ ကောင်အထည်ဖော်နိုင်ရန် ကြိုး စားနေသည်ဟု မိုးစက်ဝိုင်ကပြော သည်။
‘‘မိုးစက်ကို အားပေးတဲ့ ပရိ သတ်တွေပါဝင်နိုင်မယ့် ပရဟိတ အစီအစဉ်တစ်ခုလုပ်နိုင်အောင် ကြိုးစားပြီး စီစဉ်နေပါတယ်။ အစီ အစဉ်အတိအကျကို မကြာခင်အ သိပေးသွားပါမယ်’’ဟု မိုးစက်ဝိုင် ကပြောသည်။
ယင်းအစီအစဉ်ကို ယခင်က ဇန်န၀ါရီအတွင်း ပြုလုပ်နိုင်ရန် စီစဉ်ခဲ့သော်လည်း ပြင်ဆင်ချိန် နည်းနေသောကြောင့် ဖေဖော်ဝါရီ မှသာ ပြုလုပ်တော့မည်ဟု မိုးစက်ဝိုင်၏ မန်နေဂျာကပြောသည်။
‘‘ဇန်န၀ါရီလထဲမှာ မီဒီယာ ကနေ လှူလို့ရမယ့် ဘဏ်အ ကောင့်တွေကို အသိပေးသွားပါ မယ်။ အလှူငွေကောက်တာကို တစ်လလောက်အချိန်ယူပြီး ကြို့ ပင်ကောက်က မိဘမဲ့ကလေး ကျောင်းကိုလှူဖို့လောလောဆယ် စီစဉ်ထားပါတယ်’’ဟု ၎င်းကပြော သည်။
Amazing Cities အစီအစဉ် အတွက် ရိုက်ကူးရေးကို ပြီးခဲ့သည့် ရက်က မြိတ်နှင့် ကော့သောင်းတွင် ခက်ခက်ခဲခဲရိုက်ကူးခဲ့ရသော ကြောင့် ပင်ပန်းခဲ့ရသကဲ့သို့ ပျော် ရွှင်စရာလည်းကောင်းခဲ့ကြောင်း မိုးစက်ဝိုင်ကပြောသည်။
‘‘သံပခြုပ်တွေလည်းကိုင်ခဲ့ တယ်။ ငါးဖမ်းတဲ့သင်္ဘောပေါ် တက်ပြီး ငါးတွေလည်းအများကြီး ကိုင်ခဲ့တယ်။ နောက်ပြီး ကဏန်း ပျော့တွေလည်းကိုင်ခဲ့တယ်’’ဟု မိုးစက်ဝိုင်က ခရီးစဉ် အမှတ်တရ များကိုပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်းက ရုပ်ရှင်တစ်ကားတွင်ပါဝင်သရုပ် ဆောင်ရန်စီစဉ်ခဲ့သော်လည်း လက်ရှိအချိန်အထိ မရိုက်ကူးဖြစ် သောကြောင့် ၂၀၁၅အတွင်း သရုပ်ဆောင်အနေဖြင့် ဇာတ်ကားတစ်ကားရိုက်ကူးဖြစ်မည်ဟု ဆိုသည်။
‘‘၂၁၀၅ထဲမှာ အခုလက်ခံ ထားတဲ့ ကားကမဆက်သွယ်ရင် တစ်ကားမဟုတ်တစ်ကားတော့ ရိုက်ဖို့အစီအစဉ်ရှိပါတယ်’’ဟု မိုးစက်ဝိုင်ကပြောသည်။

7Day Daily

ကျူးကျော်တဲတွေကို ကုမ္ပဏီက ဖျက်ဆီး


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်ထဲက မြစိမ်းရောင်အိမ်ယာစီမံကိန်းမြေမှာ ၀င်ရောက်နေထိုင်နေကြတဲ့ ကျူးကျော်တဲ ၈ဝဝ လောက်ကို အိမ်ယာဆောက်လုပ်နေတဲ့ ၀ါဝါ၀င်းကုမ္ပဏီက စက်ယန္တရားတွေနဲ့ ဒီနေ့ ဝင်ရောက်ဖြိုဖျက်ခဲ့တယ်လို့ သိရပါတယ်။
ဝါ၀ါဝင်းကုမ္ပဏီဝန်ထမ်း ၃ဝဝ ကျော်လောက်က ဝင်ရောက်ဖျက်ဆီးတာဖြစ်တယ်လို့ တဲအဖျက်ခံလိုက်ရတဲ့ ဦးခင်မောင်ညွန့်က ပြောပါတယ်။
"မနက် ၄ နာရီ ၂ဝ ကဖျက်တယ်၊ ၁ဝ နာရီကျော်ကျော်လောက် နားပြီးတော့ အခုညနေ ၂ ချက်တီးလောက်ကနေ ပြန်ဖျက်တာ အခုဘာမှကိုမကျန်တော့ဘူး၊ အကုန်လုံးဆို ၈ဝဝ ကျော်လောက်ပါတာပေါ့၊ အခုလက်ရှိအနေအထားကတော့ ဝင်းထဲကလူတွေပါ အကုန်လုံးမောင်းထုတ်လို့ ထွက်ပြေးနေရပြီ၊ တလောတုန်းက ၅ဝဝ လောက်ပဲ ဖျက်ပစ်တာ၊ ကျန်တဲ့အိမ်တွေရှိသေးတယ်"
မြစိမ်းရောင်အိမ်ယာစီမံကိန်းမြေထဲက ကျူးကျော်တဲ ၂၀၀၀ ကျော်ကို ဒီလ ၁၅ ရက်နေ့ကလည်း ရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အမည်မသိလူတစ်စုက ဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ အဲဒီ့လို ၀င်ရောက်ဖျက်ဆီးသူတွေနဲ့ အဖျက်ခံရသူတွေအကြား အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် ၀ါဝါ၀င်းကုမ္ပဏီက မြစိမ်းရောင်အိမ်ယာစီမံကိန်းမြေပေါ် မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ် တွေကို ဒီလ ၂၇ ရက်နေ့က ကပ်ခဲ့တယ်လို့ သိရပါတယ်။
အဖျက်ခံရတဲ့ နေရာမှာ တဲတွေ ပြန်လည်ဆောက်လုပ်နေထိုင်သူတွေကို ဒီနေ့ ထပ်မံဖယ်ရှားတာဖြစ်ပါ တယ်။
အဲ့ဒီမြေနေရာဟာ အိုးအိမ်ဦးစီးဌာနက သိမ်းဆည်းထားတဲ့မြေနေရာတွေဖြစ်ပြီး ဝါဝါဝင်းကုမ္ပဏီ ကို လွှဲပြောင်းပေးထားတာဖြစ်ပါတယ်။

RFA Burmese

ခန္ဓာကိုယ်တွင်းတစ်ခုလုံး ဆေးကြောသန့်စင်ပေးမယ့် စွမ်းအားပြည့် အချိုရည်

ခုဖော်ပြပေးမယ့် အချိုရည်က သင့်ခန္ဓာကိုယ်ကို လုံးဝအသစ်ဖြစ်လာမှာတော့ မဟုတ်ပေမယ့် အထပ်ထပ် စုစည်းစုပုံထားတဲ့ အဆိပ်တွေ အားလုံးကိုတော့ ရှင်းလင်းပေးသွားပါလိမ့်မယ်။

လိုအပ်သော ပစ္စည်းများ

ရေသန့် (၂) လီတာ
လီမွန်သီး (၁) လုံး (သို့) သံပုရာသီး (၂) လုံး
လတ်ဆတ်တဲ့ သခွားသီး (၁) လုံး
ပူစီနံ (၁၀) ရွက်

ပြင်ဆင်ခြင်း

သခွားသီးနဲ့ လီမွန်သီးကို ရေကောင်းကောင်းဆေးပြီး အချပ်လိုက်ပါးပါး လှီးပါ။ အဲဒီနှစ်ခုကို ကောင်းစွာရောစပ်ပြီးပြီဆိုရင် ပူစီနံရွက်ပေါင်းထည့်လိုက်ပါ။ အဲဒီသုံးမျိုးပေါင်းစပ်လိုက်ပြီဆိုရင်တော့ ရေ (၂) လီတာ ပမဏအေးဆေး ဆန့်မယ့် ဇလုံတစ်ခုထဲ ပြောင်းထည့်ပြီး ရေခဲသေတ္တာထဲ အအေးခံပြီး သောက်လို့ရပါပြီ။

Source: Jewsnews

Trend Myanmar

စမတ်ဖုန်းများက ယနေ့ လူသားများ၏ ဦးနှောက် ပုံစံကိုပါ ပြောင်းလဲပစ်နေ

ယနေ့ လူသားများ၏ ဦးနှောက်သည် ထိတို့ ဖန်သားပြင် နည်းပညာ နှင့် လိုက်ဖက်အောင် ပြုပြင်ပြောင်းလဲ လာနေကြောင်း သုတေသန ပညာရှင်များက ပြောကြားလိုက်သည်။

သုတေသန ပညာရှင်များသည် အီလက်ထရို အန်စီဖလိုဂရပ်ဖီ (EEG) နည်းပညာဖြင့် ဦးနှောက်လှိုင်း လှုပ်ရှားမှုများကို လေ့လာခဲ့ခြင်း ဖြစ်သည်။ စမတ်ဖုန်း သုံးသူများ၏ ဦးနှောက်နှင့် ရိုးရိုးဖုန်းသုံး သူများ၏ ဦးနှောက်များ လှုပ်ရှား တုံ့ပြန်ပုံချင်း ကွာခြား နေသည်ကို လေ့လာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စမတ်ဖုန်း သုံးသူများ၏ ဦးနှောက်တွင် လက်မနှင့် လက်ညှိုးဆိုင်ရာ နေရာများ၏ အာရုံခံ စနစ်သည် အခြား လက်ချောင်းများ၏ အာရုံခံ စနစ်ထက် ပိုကြီးမားသလို လှုပ်ရှားမှုလည်း ပိုများနေကြောင်း တွေ့ခဲ့ရသည်။ အကြောင်းမှာ စမတ်ဖုန်း သုံးသူများသည် လက်မနှင့် လက်ညှိုးကို သုံးကာ ဖုန်းမျက်နှာပြင်တွင် အများဆုံး လှုပ်ရှားကြသောကြောင့် ဖြစ်သည်။

လေ့လာမှုတွင် (၃၇) ဦး ပါဝင်သည်။ (၂၆) ဦးသည် စမတ်ဖုန်းသုံး သူများဖြစ်ပြီး (၁၁) ဦးမှာ ရိုးရိုး ခလုတ် ဖုန်းသုံးသူများ ဖြစ်သည်။ လက်ကို ထိန်းချုပ်သော အာရုံကြောများနှင့် ဦးနှောက် အကြား အပြန်အလှန် သတင်း ပေးပို့သည့် လျှပ်စစ်လှိုင်းများကို EEG စနစ်ဖြင့် စောင့်ကြည့် မှတ်တမ်း တင်ခဲ့သည်။

ရိုးရိုးခလုတ်ဖုန်း သုံးသူများ နှင့် ယှဉ်လျှင် စမတ်ဖုန်း သုံးသူများ၏ ဦးနှောက်သည် လက်မ၊လက်ညှိုး၊ လက်ခလယ်ဆိုင်ရာ ကြွက်သား နေရာများ ပိုတက်ကြွ လှုပ်ရှားနေသလို၊ တုံ့ပြန်မှုလည်း ပိုသွက်လက် နေကြောင်း တွေ့ခဲ့ရသည်။ လူတစ်ယောက်နဲ့ တစ်ယောက်လည်း အနည်းငယ်စီ ကွာခြားလျက် ရှိသည်။ စမတ်ဖုန်း များများ သုံးလေ အထက်ပါ လက်သုံးချောင်းနှင့် ဆိုင်သော ဦးနှောက် နေရာများသည် ပိုတက်ကြွ၊ ပိုအလုပ် လုပ်နေလေ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။

လေ့လာ တွေ့ရှိမှုကို Current Biology ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ ဦးနှောက်က လူသားကို ဖန်တီးသည် ချည်းမဟုတ်၊ လူသား၏ အပြုအမူများ ကလည်း ဦးနှောက်ကို ကြီးစေ သေးစေ မြန်ဆန်စေ နှေးကွေး စေအောင် တန်ပြန် သက်ရောက် နိုင်သည်ကို ယခုသုတေသနက ထောက်ပြလျက် ရှိသည်။

ဇူးရစ် တက္ကသိုလ် လက်အောက်ရှိ နာ့ဗ်ကြော သတင်း နည်းပညာ သိပ္ပံမှ အာကိုဂို့ရှ်နှင့် အဖွဲ့က သုတေသနပြုခဲ့ခြင်း ဖြစ်သည်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=29007

မိလ္လာယာဉ် ပေါက်ကွဲမှုကြောင့် အားလုံး ဒုက္ခရောက်ခဲ့

ဒီလို အဖြစ်မျိုး ဘယ်သူမှ ကြုံချင်ကြမှ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အညစ်အကြေးတွေ သယ်ဆောင်လာတဲ့ မိလ္လာယာဉ်ဟာ မတန် တဆ တင်လာခြင်း အကျိုးဆက်ကြောင့် ပေါက်ကွဲမှု ဖြစ်သွားပြီး လမ်းသွား လမ်းလာတွေနဲ့ဆိုင်တချို့ ဒုက္ခရောက်သွားခဲ့ တာမို့ ဖြစ်ပါတယ်။ မိလ္လာယာဉ် ဟာ သတ်မှတ်ထားတဲ့ ပမာဏထက် ပိုမို သယ်ဆောင်လာတာ ဖြစ်ပြီး လူစည်ကားရာ နေရာမှာ ပေါက်ကွဲ ထွက်သွားတာ ဖြစ်ပါတယ်။ အနီးအနား မှာ ရှိ တဲ့လူတွေဟာ မစင်တွေ ပေကျံခဲ့ တာကြောင့် စိတ်ဆိုးခဲ့ကြပြီး ၀ရုန်းသုန်းကား ဖြစ်သွား ခဲ့ပါတယ်။

အထူးသဖြင့် ဆိုင်ဖွင့်ထားတဲ့သူဟာ ဒီဖြစ်ရပ်ကို မယုံကြည်နိုင်အောင် ဖြစ်သွားပြီး သူ့ဆိုင်ကို ဘယ်လို သန့်ရှင်းရေး လုပ်ရမလဲ ဆိုတာ မတွေး တတ်အောင် ဖြစ်သွားပါတယ်။ မျက်မြင် သက်သေ တစ်ဦးက မိမိအနေဖြင့် ယာဉ် မတော်တဆ ဖြစ်ခဲ့တယ်လို့ ထင်ခဲ့ကြောင်း၊ သို့သော်လည်း မိလ္လာယာဉ် ပေါက်ကွဲခြင်းသာ ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားရာတွင် အားလုံး စိတ်မချမ်းမသာ ဖြစ်ခဲ့ကြောင်း၊ အနံ့အသက် ကလည်း အလွန်ဆိုးရွားကြောင်း၊ မိမိလည်း အမြန်ဆုံး ပြန်ထွက်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ မိလ္လာယာဉ်ကို ပြုပြင် ထိန်းသိမ်းမှု မပြုလုပ် တာကြောင့် ယခု ဖြစ်ရပ်နဲ့ ကြုံခဲ့ ရကြောင်း ရဲတပ်ဖွဲ့က သုံးသပ် ခဲ့ပါတယ်။ တာဝန်ရှိသူ တစ်ဦးက ထိခိုက် ဒဏ်ရာရမှု မရှိခဲ့ပေမယ့် ဆိုးရွားတဲ့ အညစ်အကြေး တွေကြောင့် ရောဂါဘယတွေ မ၀င်ရေး သန့်ရှင်းရေးကို ထိရောက်စွာ ပြုလုပ်သွား ရမည် ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ မိလ္လာယာဉ် ကိုင်တွယ် အသုံးပြုရာမှာ စနစ်မကျခဲ့ တာကြောင့် ပေါက်ကွဲ ထွက်သွားခြင်းဖြစ် နိုင်တယ်လို့လည်း သုံးသပ်နေကြ ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=28986

မြန်မာ့ အလင်း သတင်းစာတိုက်မှ တာဝန်ရှိသူ သုံးဦး ထောင်ဒဏ်နှစ်(၄ဝ)စီ ကျခံစေရန် အမိန့်ချမှတ်


နေပြည်တော် ဒီဇင်ဘာ ၃၁

မြန်မာ့အလင်း သတင်းစာတိုက် (ရန်ကုန်)တွင် မန်နေဂျာ တာဝန် ထမ်းဆောင်ခဲ့သည့် ဦးထွန်းထွန်းလတ်နှင့် လက်ထောက်မန်နေဂျာ တာဝန်ထမ်းဆောင်ခဲ့ကြသူ ဦးဝင်းမြင့်နှင့် ဦးကျော်မင်းဦးတို့အား နိုင်ငံတော်ဘဏ္ဍာ ငွေအလွဲသုံးစားမှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်း ခရိုင်တရားရုံးက ပြစ်မှုတစ်ခုလျှင် ထောင်ဒဏ် (၁ဝ)နှစ်နှင့် ပြစ်မှုလေးခုတို့ အတွက် ထောင်ဒဏ်နှစ်(၄ဝ)အား အသီးသီး ကျခံစေရန် ဒီဇင်ဘာ ၃ဝ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုသည် မြန်မာ့အလင်း သတင်းစာတိုက်၏ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ပေါ်ပေါက်ခဲ့သော ငွေကြေးကွာဟမှု၊ အလွဲသုံးစားမှုနှင့် ငွေကြေးလိမ်လည်ထုတ်ယူမှုတို့အတွက် ၂ဝ၁၁ ခုနှစ်တွင် တရားစွဲဆိုခဲ့သည့် အမှုဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်ဘဏ္ဍာ မဆုံးရှုံးစေရေးအတွက် ဝရမ်းကပ်သိမ်းဆည်းထား သော တရားခံသုံးဦး၏ နေအိမ်နှင့်တိုက်ခန်းများအား လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

(သတင်းစဉ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ကျားသားစားသည့်တရုတ်နိုင်ငံသားကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်

ပေကျင်း ဒီဇင်ဘာ ၃၁

မျိုးသုဉ်းလု နီးပါး အန္တရာယ် ကြုံတွေ့နေရသည့် ကျားများကို ဝယ်ယူစားသောက်ကာ ကျားသွေးများဖြင့် ဝိုင်ပြုလုပ်မှုကြောင့် တရုတ်နိုင်ငံသား တစ်ဦးကို ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ ဆင်ဟွာက ဒီဇင်ဘာ ၃ဝ ရက်တွင် ဆိုသည်။ ချမ်းသာသည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်သူ မိသားစု အမည်အားဖြင့် ''ရှု''ဆိုသူသည် ပြီးခဲ့သည့် နှစ်က ကျားများဝယ်ယူရန် နိုင်ငံ တောင်ပိုင်းရှိ ဂွမ်ဒေါင်း ပြည်နယ်သို့ ခရီးသုံးကြိမ်ထွက်ရန် စီစဉ်ခဲ့ကာ ဝယ်ယူပြီးသည့် ကျားများအား ၎င်း၏ မွေးရပ်မြေ ကွမ်ရှီးပြည်နယ် သို့ တင်ပို့ခဲ့ကြောင်း သိရသည်။

ရှုနှင့် အပေါင်းပါများမှာ ကျားသုံးကောင်သတ်ဖြတ်မှု တွင် ကျားရောင်းသူများနှင့် အပေးအယူသုံးကြိမ်ပြုလုပ်ခဲ့သည်ကို တွေ့ရှိခဲ့ပြီး ကျားတစ်ကောင်မှာ လျှပ်စစ်ရှော့ခ် တိုက်၍ အသတ်ခံခဲ့ရသည်။ ၎င်းတို့ သူငယ်ချင်းများသည် ကျားသားများကို စားသောက်ခဲ့ကြပြီး တစ်စုံတစ်ယောက်က မေးမြန်းပါက အမဲသား၊ မြင်းသားသို့မဟုတ်ကြောင် သားဟု ပြောရန်ရှုက ပြောကြားခဲ့သည်။ ၎င်းတို့ပြုလုပ်ခဲ့သည့် အပေးအယူသုံးခုအနက် တစ်ခုကို တစ်ဦးဦးက မှတ်တမ်းတင်ကာ ရဲထံတိုင်ကြားမှုကြောင့်ရှုမှာ ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။

ရှုအား မူလက ဧပြီလတွင် ပြစ်ဒဏ်ချမှတ်ခဲ့သော် လည်း အယူခံဝင်ခဲ့ပြီး ယခုရက်သတ္တပတ်တွင် တရားရုံးက အယူခံကိုပယ်ချခဲ့သည်။ ကျားသားစားခြင်းကို တရုတ်လူမျိုးအချို့က ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာစေပြီး ကာမအားတိုးဆေးတစ်ခုအဖြစ် ယုံကြည်ကြပြီး မကြာသေးမီ နှစ်များအတွင်း ကျားမှထွက်ရှိသည့်ပစ္စည်းများမှာ ရောင်းဝယ်မှု ရုတ်တရက် ကောင်းလာခဲ့သည်။

တရုတ်နိုင်ငံ အထူးသဖြင့် ဝေးလံခေါင်ပါးသည့် အရှေ့မြောက်ဘက်မှာ ကျားများ ကျက်စားရာနေရာဖြစ်ပြီး အစိုးရ၏ ထိန်းသိမ်းရေးကြိုးပမ်းမှုများ ဆောင်ရွက်သော် လည်း ခိုး၍ဖမ်းဆီးမှုနှင့် ကျက်စားရာနေရာများ ဆုံးရှုံးမှုကြောင့် ကျားကောင်ရေ သိသာစွာ နည်းပါးသွားသည်။ ကမ္ဘာ့အရှားပါးဆုံး မျိုးစိတ်တစ်မျိုးဖြစ်ပြီး တရုတ်နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းတွင် ပေါက်ဖွားသည့် တောင်တရုတ်ကျားများမှာ မျိုးသုဉ်းသွားမည်ကို စိုးရိမ် ရသည့် တိရစ္ဆာန်များဖြစ်သည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

လက်ပံတောင်းတင်းမာမှု သတ္ထုတွင်းဝန်ကြီး တွေ့ဆုံဖြေရှင်းလို


လက်ပံတောင်းတောင် ဒေသခံတွေက ကိုယ့်လယ်မြေ ပြန်ရရေး သပိတ်စခန်း ဖွင့်ထားတဲ့ အတွက် နှစ်ဘက်ပြေလည်မှု တွေရဖို့် အကောင်အထည် ဖော်ရေး ကော်မတီ ဥက္ကဌလည်းဖြစ်တဲ့ သတ္ထုတွင်းဝန်ကြီးနဲ့ ဒေသခံသံဃာဖြစ်တဲ့ ဦးတိက္ခဥာဏ ဦးဆောင်ပြီး ဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ပါဘူး။

ဒီအတွက် တောင်သူတွေ ဘက်ကလည်း သပိတ်စခန်း ဆက်ဖွင့်ထားသလို အာဏာပိုင်တွေ ဘက်ကလည်း လုံခြုံရေး အင်အားတွေနဲ့ ဆက်လက် နေရာယူထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက လူသေဆုံးမှုဖြစ်ရတဲ့အထိ တင်းမာမှုဖြစ်နေရတဲ့ လက်ပံတောင်းတောင်မှာ တောင်သူတွေဘက်ကလည်း သူတို့မြေပြန်ရရေး သပိတ်စခန်းဖွင့်ထားသလို အာဏာပိုင်တွေကလည်း လုံခြုံရေးအင်အားတွေနဲ့ နေရာယူထားတာကြောင့် နှစ်ဘက်တင်းမာမှုတွေကတော့ ပြေလည်မှုတွေ မရသေးဘူးလို့ ဆိုပါတယ်။ ဒေသခံသံဃာဖြစ်တဲ့ ဦးတိက္ခဥာဏနဲ့ အာဏာပိုင်တွေ ညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ဘူးလို့ စန်းမြ၀တီကျောင်းတိုက်က ဆရာတော် ဦးစန္ဒာသီရိက မိန့်ပါတယ်။

“သတ္ထုတွင်းဝန်ကြီး ဦးသန်းထိုက်က ဆရာတော် ဦးတက္ခဥာဏနဲ့ ဆွေးနွေးထားတဲ့ဟာကနေပြီးတော့ ဒေသခံတောင်သူလယ်သမားတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးဖြေရှင်းမယ်လို့ ပြောပေမဲ့လည်း ဟုတ်လား ညနေ ၃ နာရီမှာ သူ လာရောက်ခြင်း မရှိခဲ့ဘူးပေါ့။ သူလာရောက်ခြင်းမရှိတဲ့အတွက် ဖုန်းဆက်ပြီး အကြောင်းကြားတဲ့အခါကျတော့ သတ္ထုတွင်းဝန်ကြီး ဦးသန်းထိုက်ကိုယ်တိုင်က သူ ဒီကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းမပေးနိုင်ပါဘူးဆိုပြီး ဖုန်းဆက်တဲ့အတွက် နောက် သူကိုယ်တိုင်လည်း မလာရောက်နိုင်ကြောင်း ပြောတဲ့အတွက် သူတို့က ဒေသခံတွေနဲ့ ညှိနှိုင်းမယ်လို့ ပြောပေမဲ့ ညှိနှိုင်းဖို့ အဆင်မပြေလိုက်ဘူး သူကလေ။”

ပြီးခဲ့တဲ့အပတ်က ပဋိပက္ခဖြစ်ပွားခဲ့ရတဲ့ အရေးအခင်းအတွင်းမှာ တောင်သူတွေဘက်က ဒေသခံတဦး သေဆုံးမှုကို သေမှုသေခင်း ဖွင့်ခဲ့တာပါ။ ဒီရက်ပိုင်းအတွင်း ခြံစည်းရိုးတွေကို ချိုးဖျက်ပြီး သူတို့လယ်တွေပြန်ရရေး ကြိုးစားကြတဲ့ ဒေသခံတောင်သူတွေကို အာဏာပိုင်တွေက အမှုဖွင့်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

“တရားရုံးက ကျနော်တို့ဆီကို အကြောင်းမကြားသေးဘူး။ တကယ်စွဲထားသလား၊ မစွဲထားသလားဆိုတာ ကျနော်တို့လည်း သေချာမသိသေးဘူးပေါ့နော်။”

မေး။    ။ ဒါဆို မြန်မာဝမ်ပေါင်ကုမ္ပဏီက မသိသေးဘူးဆိုတော့ မြန်မာဝမ်ပေါင်ကုမ္ပဏီက စွဲတာ မဟုတ်သေးဘူးပေါ့။

ဖြေ။    ။ “စွဲမယ်ဆိုရင်တော့ ဦးပိုင်က စွဲမလားမသိဘူး။ ၀မ်ပေါင်စွဲမလား၊ ဦးပိုင်စွဲမလားဆိုတာ အခုက ဆွေးနွေးနေတုန်းပဲ။ နောက်ဆုံးဟိုဟာ မဖြစ်သေးဘူး။ သူတို့ကလည်း မိမိတို့ဝန်ထမ်းကို ၀ိုင်းပြီးတော့ လာချတဲ့အခါကျတော့ ကျနော်တို့က ဒီဘက်မှာ တော်တော်များများ ဒဏ်ရာရတာလေ။”

တောင်သူတွေကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အပြုသဘောလက်ခံကြောင်းနဲ့ ဒီအစီရင်ခံစာကို လိုက်နာဆောင်ရွက်မှု မရှိတဲ့အတွက် သူတို့လယ်မြေပြန်ရရေးအတွက် သပိတ်စခန်း ဖွင့်ထားရတာဖြစ်ကြောင်းကို ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာအရ အစားထိုးမြေပြန်ပေးဖို့ ပြောဆိုထားတာပါ။ ဒေသခံတွေကတော့ သူတို့မြေယာတွေကိုသာ ပြန်လိုချင်တယ်လို့ ဆည်တဲရွာသူတဦးက ဆိုပါတယ်။

“ဒေသခံတွေအပေါ်မှာ အစီရင်ခံစာအတိုင်း လုပ်ဆောင်တာတွေ အခုထိ မတွေ့ခဲ့ရသေးဘူးအမ။ အစီရင်ခံစာအတိုင်းဆိုရင်တော့ ညီမတို့ ဒေသခံတွေရဲ့ တောင်းဆိုတဲ့ အချက်အလက်တွေ ပြီးပြည့်စုံအောင် လိုက်နာဆောင်ရွက်ပေးမယ်ဆိုရင် ညီမတို့အနေနဲ့ စဉ်းစားမယ်။ နောက်တချက်က အခု ညီမတို့ကိုပေါ့နော် ဒီ ယာကို ပြန်လည်ရရှိရေးဆိုတဲ့ ကိစ္စမှာလည်း ညီမတို့ ဒေသခံတွေက လျော်ကြေးစကားမပြေဘူး။ ဒီညဆိုရင် ညီမတို့ရဲ့ တောင်သူတွေကပေါ့နော် ၁ ဧကကို နှမ်း ၁၀ ကျော် ၂၀ ထွက်ပါတယ်။ ဒီနှစ်ဆိုရင် တောင်ပိုကြီးတဲ့သူက နှမ်း ၁၅၀ ကျော်ရပါတယ်။ အဲ့ဒီ နှမ်း ၁၅၀ အပေါ်မှာ ညီမတို့ တောင်သူတွေက နှမ်း ၁ တင်းကို ၄ သောင်းနှုန်းရတယ်။ နှမ်း ၁၀၀ ဆိုရင် သိန်း ၄၀၊ နှမ်း ၁၅၀ ဆိုရင် ဒီညတည်းနဲ့ သိန်း ၆၀ ၀င်နေတဲ့အတွက် ဒီတောင်သူလယ်သမားတွေက ကိုယ်လယ်ယာကိုယ်ပဲ ပြန်ရချင်ပါတယ်။ ကိုယ့်လယ်ကိုယ်ပဲ ပြန်လိုချင်တယ်။”

လက်ပံတောင်းမှာ အခုလို လူသေဆုံးမှုအထိ ဖြစ်ရတဲ့အခြေအနေနဲ့ ပတ်သက်လို့ မြန်မာပြည်တ၀ှမ်း ဆန္ဒပြမှုတွေဖြစ်ခဲ့ရာမှာ မနေကတော့ ကျောက်ပန်းတောင်းမြို့က သံဃာတွေ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့က တရုတ်သံရုံးရှေ့ ဆန္ဒပြဖို့ ကြိုးစားသူတွေကိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ အပါအ၀င် ပုဒ်မ ၇ ခုနဲ့ ဒဂုံတရားရုံးမှာ တရားစွဲဆိုပြီး  အာမခံမပေးဘဲ ဖမ်းဆီးလိုက်ပါတယ်။

လက်ပံတောင် ကြေးနီစီမံကိန်းဟာ မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာစီးပွာရေး ဦးပိုင်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းလုပ်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ ၂၀၁၂ မှာ သပိတ်စခန်းဖွင့် ကန့်ကွက်သူတွေကို မီးလောင်ဗုံးနဲ့ ဖြိုခွဲမှုဖြစ်အပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးစေခဲ့ပြီးတဲ့နောက်မှာတော့  စာချုပ်အသစ် ပြန်လည်ချုပ်ဆိုခဲ့ပြီး အကျိုးခံစားခွင့်ထဲမှာ မြန်မာအစိုးရပါ ပါဝင်လာတာ ဖြစ်ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/letpadaung-update/2580596.html

ဒီနှစ်အကယ်ဒမီမရတာ ကျွန်တော့်သရုပ်ဆောင်ချက်တွေ အကယ်ဒမီတန်းမ၀င်လို့လားဆိုပြီး အောက်မေ့သုံးသပ်မိတယ်လို့ ဆိုလာတဲ့ နေတိုး

၂၀၁၃ အကယ်ဒမီနဲ့ပတ်သတ်ပြီး ကိုယ့်ရဲ့အမြင်ကို အပိုင်း ၃ ပိုင်းခွဲပြီး ပြောပြသွားတဲ့ နေတိုးက အကယ်ဒမီဆုနဲ့လွဲချော်ခဲ့ပေမဲ့ ပရိသတ်အတွက် သူပေးဆပ်မဲ့ အနုပညာ အရည်အသွေးကိုတော့ တစ်စက်မှမချပဲ ပုံမှန်အတိုင်းပဲ ကြိုးစားသွားမယ့်အကြောင်း ခုလို ပြောပြပေးသွားပါတယ်။ “အကယ်ဒမီပွဲကို ရုပ်ရှင်အစည်းအရုံးက ကျင်းပတယ်။ အဲ့ဒီတော့ ကျွန်တော်နဲ့ပတ်သတ်ပြီး ဆန်ကာတင်ကားတွေ ပါတဲ့တွက် ပရိသတ်ကလဲ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ မျှော်လင့်တဲ့တိုင်း ဖြစ်မလာခဲ့ဘူး။ အဲ့ဒီအပေါ်မှာတော့ စိတ်မကောင်းဖြစ်မိတယ်။ ပြောစရာကတော့ ဒီလောက်ပါပဲ။ ဒါပေမဲ့ ပွဲအမြင်ကို အစအဆုံး သုံးသပ်ရရင်တော့ ပွဲက ပျော်စရာကောင်းနေတယ်။ ပထမပိုင်းမှာ၊ နောက် အလယ်လောက်မှာတော့ အရမ်းဝမ်းသာဖို့ကောင်းတယ်။ နောက်ဆုံးတော့ ရယ်စရာ ကောင်းသွားတယ်လို့မြင်မိတယ်။ ခံစားမှု သုံးမျိုးဖြစ်သွားတယ်ပေါ့။ ပွဲနဲ့ပတ်သတ်ပြီးတော့ပေါ့။ ပရိသတ်လဲ သေချာပြန်ကြည့်ကြည့်မယ်ဆိုရင် ကျွန်တော်ပြောတဲ့ ရသမျိုးခံစားရမှာပါ။ အကယ်ဒမီနဲ့ ပတ်သက်ပြီး ပွဲတစ်ဝက်လောက်မှာကတည်းက ကျွန်တော် သိပြီးသား။ ဒါပေမဲ့ ဒီလိုမျိုး ပွဲတစ်ခုမှာ ကျွန်တော်တို့အနုပညာရှင်တွေ စုံစုံညီညီ ရှိနေတာက ပရိသတ်တွက်၊ နောက်ပြီးတော့ ကြည့်နေတဲ့ ပြည်သူတွေတွက် ပိုပြီးတော့ ပြည့်စုံစေတယ်။ ကျွန်တော့ကိုလဲမြင်မှာပါ။ နှစ်တိုင်း ကျွန်တော် ဆုရတဲ့သူတွေကို ဂုဏ်ပြုတယ်။ သူတို့တွက်လဲ တကယ့်ကို ၀မ်းသာပေးတာပါ။ ပွဲပြီးဆုံးအောင်လဲ နေခဲ့ပါတယ်။
အဓိက က အနုပညာအလုပ်လုပ်တယ်ဆိုတာ ပရိသတ်ကို ဖျော်ဖြေချင်တာ၊ နောက်ပရိသတ်ကို ပေးဆပ်တာပေါ့။ ကိုယ်ကိုတိုင်ကလဲ အနုပညာသမား တစ်ယောက်ဖြစ်တဲ့တွက် ပရိသတ်ကို ဖျော်ဖြေချင်တယ်။ ကျွန်တော့်အနုပညာကို ပရိသတ်အားပေးတယ်ဆိုရင် ဒါကျွန်တော် ကြိုးစားရကျိုးနပ်တယ်။ ဒီလိုမျိုးဆုတွေ ပေးတဲ့အချိန်မှာ ကိုယ့်ကိုချစ်တဲ့ပရိသတ်တွေကတော့ ရစေချင်မှာ အမှန်ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အနုပညာအလုပ် လုပ်တယ်ဆိုတာ ပရိသတ်တွေကို ပေးဆပ်နေတာပါ။ အဲ့ဒီတွက် ရခဲ့ရင်လဲ အရမ်းကြီး ကျွန်တော့်တွက် ပျော်ရွှင်မှုဆိုတာမရှိသလို မရခဲ့ရင်လဲ ၀မ်းနည်းမှုဆိုတာ မရှိပါဘူး။ အကယ်ဒမီနဲ့ပတ်သတ်ပြီး လွဲတာကတော့ ဒါပဲလို့ပဲ ပြောချင်ပါတယ်။ ပညာရှင်တွေလဲ ဆုံးဖြတ်ထားတာပဲ၊ ဒီအပေါ်မှာတော့ ကျွန်တော့် အနေနဲ့ပြီးပြီးသား ကိစ္စတစ်ခုအပေါ်မှာ အပြစ်မြင်တာတို့ ဘာတို့မရှိပါဘူး။ တစ်ခုပြန်တွေးကြည့်မိတာကတော့ ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုတွေက အကယ်ဒမီ တန်းမ၀င်တာလို့လားတောင် ပြန်အောက်မေ့ မိတယ်။”လို့ သူက ပြောပြပါတယ်။
ဇာတ်ကားလက်ခံရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး သူထပ်ပြောသွားတာက “ဇာတ်ကားတွေ လက်ခံတဲ့ အပေါ်မှာလဲ ကျွန်တော် ဘယ်တော့မှ ဒီနှစ်တွက် ဒီကား ၊ နောက်နှစ်အတွက် နောက်ကားဆိုပြီး အကယ်ဒမီကိုကြည့်ပြီး ရိုက်ခဲ့တာမျိုးလဲမရှိခဲ့ဘူး။ တစ်နှစ်စာမှာ ပရိသတ်အားလုံး ရသစုံခံစားရရင် ပြီးရော အဲ့ဒီပေးဆပ်မှု တစ်ခုတည်းနဲ့ရိုက်ခဲ့တဲ့တွက် ကျွန်တော့်ကားတွေဆို အကယ်ဒမီ ဆန်ကာတင်ပါတဲ့ နှစ်ဆို ၄ ကား၊ ၅ ကား၊ ထပ်တာမျိုးတွေ ရှိတယ်။ ကျွန်တော့်အနေနဲ့ ရုပ်ရှင်ကားကြီး ရိုက်တဲ့အခါမှာ အကယ်ဒမီလိုချင်လို့ တည်ရိုက်တဲ့ကားဆိုတာ မရှိခဲ့ပါဘူး။ အကောင်းဆုံးပဲ သရုပ်ဆောင်ခဲ့တယ်။ အဲ့ဒီဇာတ်ကားတွေကို အကယ်ဒမီမပေးဘူးဆိုတော့လဲ မတတ်နိုင်ဘူးပေါ့။ ကိုယ်တွေက လိုချင်တဲ့သူမှမဟုတ်တာ။ ပရိသတ်ကို ပုံမှန်ပေးဆပ်တဲ့ပုံနဲ့ပဲ ပေးဆပ်ပါတယ်”တဲ့။
ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ၆ဆုနဲ့အဆုံးသတ်ခဲ့တဲ့အပေါ်သူ့ရဲ့အမြင်ကိုလဲ “အဲ့ဒါကတော့ ကျွန်တော် သိပ်သဘောမကျချင်တဲ့ အပိုင်းမှာ ပါတယ်။ လွဲနေတာပေါ့။ ဥက္ကဌကြီးကတော့ အသံတွေ အရုပ်တွေ တိုးတက်လာပြီလဲ ပြောတယ်။ ဒီဖက်ကလဲ ဆုတွေကလဲ မပေးဘူးဆိုတော့ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မသိလို့ပဲလား။ ဒါမှမဟုတ်လဲ ရိုက်ကူးမှု နည်းပညာနဲ့ပတ်သတ်ပြီး သူတို့ အကဲဖြတ်တဲ့ အချိန်မှာ ကင်မရာနည်းပညာကိုပဲ အကဲဖြတ်မဲ့သူ မရှိလို့ပဲလား။ အရမ်းအံ့သြမိတယ်။ ဇာတ်ညွှန်းလဲ နှမြောတယ်။ ဓာတ်ပုံဆုကိုပဲ နှမြောတယ်။ ဇာတ်ကားဆုကိုပဲ နှမြောမိတယ်။ အဓိက က အဲ့ ၃ ဆုပေါ့။ နှစ်ဆုလောက်တော့ ပေးသင့်တယ်လို့ကျွန်တော်မြင်မိပါတယ်”လို့ ပြောသွားပါတယ်။
Trend Myanmar

ဆည်တည်းရွာ မြောက်ဖက်ကို တရုတ် ဝန်ထမ်းတွေ ရောက်လာ

ရွာသားတွေ ကဆက်ပြီး ဆန္ဒပြနေ
ခြံစည်းရိုးတွေ ဖျက်ထားတဲ့ ဆည်တည်းရွာ မြောက်ဖက် ကို တရုတ် ကုမ္ပဏီ ဝန်ထမ်းတွေ နဲ့ မြေတူးစက်တွေ ရောက်လာတယ် လို့ အဲဒီ နေရာမှာ စခန်းချပြီး ဆန္ဒပြ နေတဲ့ ရွာသား တွေက ပြောပါတယ်။

မြေကော်စက် နှစ်စီးနဲ့ ဘူဒိုဇာ မြေညှိစက် နှစ်စီး တို့နဲ့အတူ တရုတ် ဝန်ထမ်း ၅၀ လောက် ရောက်ရှိလာ တယ်လို့ သပိတ် စခန်းမှာ ရှိနေတဲ့ ကျေးရွာသူ တဦးက ဘီဘီစီကို ပြောပြပါတယ်။

တကယ်လို့ ခြံစည်းရိုး ခတ်ဖို့ ကြိုးစားမယ် ဆိုရင် ရွာသား တွေဖက်က ခြံစည်းရိုး နေရာတွေမှာ ဝင်ထိုင်ပြီး တားဆီးဖို့ အစီအစဉ် ရှိတယ်လို့လည်း သူက ဆိုပါတယ်။

အခုလို ဆန္ဒပြ ရွာသား တွေနဲ့ ရဲတွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်နေတာကို ကြားဝင် ဖြေရှင်းပေးဖို့ ကြိုးပမ်းတာ ရှိပေမယ့် မအောင်မြင် ပါဘူး။

၂၀ ၁၂ နိုဝင်ဘာလ တုန်းက လက်ပန်းတောင်းတောင် သပိတ်စခန်း ကို ရဲက ဖြိုခွဲ စဉ်မှာ မီးလောင် ဒဏ်ရာ ရခဲ့တဲ့ ဦးပဇင်း ဦးတိက္ခဉာဏ က စစ်ကိုင်းတိုင်း သတ္တုတွင်း ဝန်ကြီးနဲ့ မနေ့က သွားရောက် တွေ့ဆုံ ပြီး အခြေ အနေကို ညှိနှိုင်း နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ရွာသားတွေ သပိတ် စခန်းချထား တဲ့နေရာမှာ နောက်တကြိမ် ချိန်းတဲ့ အခါ သူကမလာ ရောက်ခဲ့ ဘူးလို့ ဦးတိက္ခဉာဏက ဆိုပါတယ်။

လက်ပန်းတောင်း ဒေသမှာ အခုလို ပြဿနာ တွေဆက်ဖြစ်တာဟာ လက်ပန်းတောင်းတောင်စီမံကိန်း စုံစမ်း စစ်ဆေးရေး အစီရင်ခံစာ အတိုင်း လိုက်နာ ဆောင်ရွက် ခြင်းမရှိတာ ကြောင့် ဖြစ်တယ်လို့ အဲဒီကော်မရှင် ရဲ့ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကပြောခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ အစီရင်ခံစာ အကောင်အထည် ဖော်ရေး ကော်မီတီ တာဝန်ခံတွေကို ဘီဘီစီက ကြိုးစား ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြားမယ့်သူ မရှိပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/12/141231_lapasaung_update

ဦးသိန်းစိန် အစိုးရလက်ထက် အောင်မြင်သော ပြုပြင်ပြောင်းလဲရေး ကဏ္ဍကို ထောက်ပြရန်မရှိဟု ဒေါ်အောင်ဆန်းစုကြည်ဆို


အစိုးရသက်တမ်း လေးနှစ်နီးပါး ရှိလာပြီဖြစ်သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အောင်မြင်သော ပြုပြင်ပြောင်းလဲရေး ကဏ္ဍကို ထောက်ပြရန် မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့တွင် NLD ပါတီရုံးချုပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ၎င်းကအထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“အောင်မြင်တဲ့ ပြုပြင်ပြောင်းလဲရေး တစ်ခုခုကို ပြောပါဆိုရင် အဖြေမရှိပါဘူးလို့ပဲ ပြောရပါမယ်” ဟု ၎င်းကဆိုသည်။

သို့သော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အုတ်မြစ်ကို အချိန်ယူ ချမှတ်နေမှုကြောင့် ပြုပြင်ပြောင်းလဲရေး ကိစ္စတချို့ နှေးကွေးနေခြင်း ဖြစ်ကြောင်း ပြောကြားထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် ဆက်သွယ်ရေး ကဏ္ဍနှင့် ပို့ဆောင်ရေး ကဏ္ဍများတွင် ပြောင်းလဲမှုအချို့ ရှိလာသော်လည်း အစိုးရသက်တမ်း သုံးနှစ်ကျော် ကာလအထိ အောက်ခြေ ပြည်သူများ အကျိုးခံစားရသည့် ပြောင်းလဲမှုများ မမြင်တွေ့ရသောကြောင့် ပြုပြင်ပြောင်းလဲရေး ရပ်တန့်နေကြောင်း ပြည်တွင်းပြည်ပ မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူများက ထောက်ပြ ပြောဆိုလာကြသည်။

ထို့အပြင် အစိုးရ ဗျူရိုကရေစီ ယန္တရားသည် ဒီမိုကရေစီစနစ်နှင့် အံချော်နေသောကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ နှေးကွေးနေခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ထောက်ပြ ပြောဆိုထားသည်။

ယင်းအပြင် ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များတွင် လုပ်ငန်းအလိုက် အသေးစိတ် ဖြစ်နိုင်မှုများကို တစ်နှစ်မှ သုံးနှစ်အထိ အချိန်ယူ ဆွေးနွေးပြီးမှသာ အခြေခံ အုတ်မြစ်ချနိုင်ရန် လုပ်ဆောင်နေမှုကြောင့်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အုတ်မြစ်ကို အချိန်ယူ ချမှတ်နေမှုကြောင့် ပြုပြင်ပြောင်းလဲရေး ကိစ္စအချို့ နှေးကွေးနေခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလအတွင်းက ပြောကြားထားသည်။

the voice weekly

နှစ်သစ်ကူးည ပြည်လမ်း၊အင်းလျားကန်ဘောင်တွင် ရပ်သည့်ကားများကို ကရိန်းဖြင့်ဆွဲမည်ဟုဆို


ရန်ကုန်- နှစ်သစ်ကူးပွဲတော်ညတွင် ပြည်လမ်း၊ အင်းလျားကန်ဘောင်ကားမရပ်ရသည့် နေရာများတွင် ရပ်နားသောကားများကို ကရိန်းကားများဖြင့် ဆွဲယူသယ်ဆောင်သွားမည်ဟု သတင်းရရှိသည်။

‘‘ကားတွေကို ကရိန်းနဲ့ သယ်ဖို့အတွက်တော့ အခုနေ့လယ်ကပဲပြောပါတယ်။ ညမိုးချုပ်တဲ့အထိ ရပ်ထားခဲ့တဲ့ကားတိုင်းကို ကရိန်းနဲ့ဆွဲမှာပါ။ ကားမရပ်ဖို့လည်း သက်ဆိုင်ရာအဖွဲ့တွေနဲ့ ရှင်းမှာပါ’’ဟု စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်လမ်းရှိ အင်းလျားကန်ဘောင်သည် လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့ နယ်နိမိတ်ထိစပ်နေသောကြောင့် နှစ်ဖက်ရဲစခန်းမှလည်း လုံခြုံရေးကို ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်မှူးများကဆိုသည်။

‘‘ဒီလို နှစ်သစ်ကူးညဥ့်နက်ပိုင်းတွေမှာ လူငယ်တွေအလာများပြီး သောက်စားထားတော့ ရန်ဖြစ်ကြတာတွေရှိတယ်။ အများပြည်သူတွေအနှောင့်အယှက်မဖြစ်အောင် တော့ လုံခြုံရေးဆောင်ရွက်ပေးသွားမှာပါ’’ဟု ရဲအရာရှိတစ်ဦးကပြောသည်။

အင်းလျားကန်ဘောင်ကို ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ တက်ရောက်ခွင့် ပိတ်ထားသော်လည်း ပွဲတော်ရက်များတွင် အချိန်တိုးမြှင့်ပေးကြောင်း လုံခြုံရေးတာဝန်ကျသော ရဲအရာရှိများကဆိုသည်။
http://7daydaily.com/story/28248#.VKQ2N3uIVdd

သာယာဝတီထောင်မှ ငရဲခန်းများ

ကရင်ရွာမှ ပဟေဠိလူသား


အိမ်ဦးခန်း ဘုရားစင်ရှေ့ ပလ္လင်ပေါ်တွင် သစ်လွင်တောက်ပသော အ၀ါရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အသက်(၃၀)ကျော် အမျိုးသားတစ်ဦး ထိုင်နေသည်။ ပလ္လင်ရှေ့တွင် ၀တ်ဖြူစင်ကြယ်နှင့် သက်ကြီးရွယ်အို နှစ်ဆယ်ခန့်က လက်အုပ်ချီမိုး ရှိခိုးနေကြသည်။ ပေနှစ်ဆယ်ပတ်လည်ခန့်သာကျယ်သည့် ထိုအိမ်လေးပေါ်တွင် လူအပြည့်ဖြစ်သည်။ ထို့ကြောင့် ၀တ်ဖြူစင်ကြယ်ဝတ်အချို့မှာ အိမ်ရှေ့မြေကွက်လပ်မှနေ၍ပင် ၎င်းရှိရာဘက်သို့ မျက်နှာမူကာ လက်အုပ်ချီလျက်။

ပလ္လင်ပေါ်မှပုဂ္ဂိုလ်က ၎င်း၏ရှေ့ အနီးဆုံးနေရာတွင် လက်အုပ်ချီထားသည့် ဆေးပိုက်တန်းလန်းနှင့် လူနာအဘွားအို၏ ခန္ဓာကိုယ်ကို လက်ဖြင့်လှမ်းထိကာ စူးရှနက်ပြာသောအသံဖြင့် ကရင်ဘာသာစကားအချို့ အော်ပြောနေပြီး ကျန်သူများက သူပြောသည့်အတိုင်း တိုင်မင်ကိုက် လိုက်ပြောကြသည်။ သုံးမိနစ်ခန့်အကြာတွင် ပလ္လင်ပေါ်မှထ၍ ပြန်ရန်ဟန်ပြင်ချိန်၌ အိမ်ရှင်က အသေအချာ စည်းနှောင်ထားခြင်းမရှိသည့် ငါးသောင်းကျပ်ခန့်ရှိမည်ဟု ခန့်မှန်းရသည့် တစ်ထောင်တန်အထုပ်တစ်ထုပ်ကို လက်အုပ်ချီလျက်ဖြင့် ၎င်းပုဂ္ဂိုလ်ထံပေးလိုက်သည်။ အိမ်ရှင်နည်းတူ ဒေသခံအချို့ကလည်း လက်အုပ်ချီလျက် ငွေစက္ကူအချို့ လှူဒါန်းကြသည်။ ထို့နောက် အဆိုပါအိမ်ကလေးမှ ၎င်းပုဂ္ဂိုလ် ထွက်ခွာသွားသည်။


ဖိုးတခေတ်ကို အလှူအိမ်တစ်ခုတွင် ကိုးကွယ်သူများနှင့်အတူတွေ့ရစဉ်/ဓာတ်ပုံ - အောင်သစ်လွင်

ဒီဇင်ဘာလကုန်တွင် ကရင်ပြည်နယ် ဘားအံ-ကော့ကရိတ် ကားလမ်းဘေးရှိ ကော့ကသောင်ရွာမှ မြင်ကွင်းတစ်ခုဖြစ်သည်။ ထိုနေ့က ကော့ကသောင်ရွာဒေသခံ အဘွားအိုတစ်ဦး ကျန်းမာရေးမကောင်းသောကြောင့် အ၀ါရောင်ဝတ်ရုံဝတ် ၎င်းကို ပင့်ကာ တရားနာ၍ သဒ္ဓါဆွမ်းကျွေးခြင်းဖြစ်ကြောင်း အိမ်ရှင်က ရှင်းပြသည်။ ၀တ်ဖြူစင်ကြယ်များနှင့် ဒေသခံသက်ကြီးရွယ်အိုများက အဘိုးဟုခေါ်ကာ လက်အုပ်ချီကန်တော့ခံနေသူမှာ မှတ်ပုံတင်အမည် စောကျော်လှသန်းဟုခေါ်သည့် အဝေးသင်တက္ကသိုလ်တက်နေဆဲ အမျိုးသားတစ်ဦး။ အသက်က(၃၈)နှစ်ခန့်။ ၎င်းမှာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများကြား ကရင်စာပေအရ ဖူးတခီးတစ်ဖြစ်လဲ ဒေသတွင်းတွင် ဖိုးတခေတ်ဟု လူသိများနေသည့် ပဟေဠိလူသားတစ်ဦးဖြစ်သည်။

‘‘သူတို့က သက်သတ်လွတ်စားတယ်။ ဘုရားတည်တယ်။ ဒါပေမဲ့ ဘုရားတည်တဲ့ပုံလေးတွေက ကျမ်းဂန်ပါဠိတော်နဲ့တော့ သိပ်မညီဘူးပေါ့လေ။ အဲဒီလိုလေး တွေ့ရတယ်။ ဒါက သူတို့အယူအဆပေါ့လေ။ သူတို့ဘာသာ အဖွဲ့နဲ့နေတာပဲ။ သူတို့က စာပေရေးရာဖော်ထုတ်တဲ့ အဖွဲ့တစ်ဖွဲ့ပေါ့။ ဒါပေမဲ့ ဗုဒ္ဓဘာသာလိုင်းနဲ့တော့ နည်းနည်းလွဲနေတယ်’’ဟု ကရင်ပြည်နယ် သာသနာရေးမှူး ဦးထွန်းသန်းက ပြောသည်။

ကရင်နှင့် မွန်ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများအကြား ဖိုးတခေတ်ကို မသိသူမရှိ။ သူက ဘားအံမြို့နယ် ဂျိုင်းရွာအနီးတွင် ကိုယ်ပိုင်ကရင်အမျိုးသားရွာတစ်ရွာ ထူထောင်ထားပြီး ယင်းရွာတွင် ဘုရင်တစ်ပါးကဲ့သို့ နေထိုင်သူဟု ဒေသခံများက ပြောသည်။ နေရာတစ်ခုမှတစ်ခုသို့သွားလျှင် မည်သည့်ရိုးရာဝတ်စုံမှန်း ပြောရန်ခက်ခဲသည့် ၀တ်ရုံဆန်းဝတ်ဆင်လျက် ဝေါယာဉ်ဖြင့်သွားသည်။ ယခုမူ ကားဖြင့်သွားသည်။ ဖိုးတခေတ်ဦးဆောင်သည့် ကရင်တိုင်းရင်းသားရိုးရာပွဲများတွင် ဆိတ်ငါးကောင်ဖြင့်ဆွဲသည့်လှည်းကို စီးလေ့ရှိသည့်အပြင် သမင်များကိုပါ လှည်းဆွဲခိုင်းသောကြောင့် ၎င်းကို ထူးဆန်းသော လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် စိတ်ဝင်စားကြသည်။ တစ်ခါတစ်ရံ ပွဲတော်မဟုတ်သည့်တိုင်အောင် အနီးဝန်းကျင်နေရာများသို့ ဆိတ်ငါးကောင်ဆွဲသော လှည်းစီးကာ ထွက်လာလေ့ရှိကြောင်း ဂျိုင်းကျေးရွာဒေသခံများက ပြောသည်။


ဖိုးတခေတ်အသုံးပြုသော ဝေါယာဉ်အချို့/ဓာတ်ပုံ - အောင်သစ်လွင်

ဖိုးတခေတ်ထံတွင် ၎င်း၏သားသမီးများအဖြစ် ခံယူထားသည့် ၀တ်ဖြူစင်ကြယ်ဝတ်အလှူခံပုဂ္ဂိုလ် သက်ကြီးရွယ်အိုများရှိနေပြီး ၎င်းတို့က ကရင်နှင့် မွန်ပြည်နယ်အနှံ့ အလှူခံထွက်၍ရသော အလှူငွေများကို ဖိုးတခေတ်ထံတွင် အပ်ကြရသည်။ ဖိုးတခေတ်ရွာ၌ အိမ်ခြေတစ်ရာကျော်ရှိကြောင်း ဖိုးတခေတ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခင်သိန်းကပြောပြီး အိမ်တိုင်းတွင် ဘုရားပုံတော်၊ သာမညဆရာတော်ပုံတော်နှင့် တစ်တန်းတည်းထားကာ ဖိုးတခေတ်၏ဓာတ်ပုံကို ဘုရားစင်တင်၍ ကိုးကွယ်ထားသည်။ အချို့အိမ်များတွင် ဖိုးတခေတ်၏ ဓာတ်ပုံတစ်ပုံတည်းသာ ပန်း၊ ရေချမ်းတို့ဖြင့် ကိုးကွယ်ထားသည်။

ထိုလုပ်ရပ်များကိုသိသည့် ကရင်တိုင်းရင်းသားအများစုက ဖိုးတခေတ်သည် ရိုးသားသည့် ကရင်တိုင်းရင်းသားအချို့အပေါ် သူလိုချင်သည့်ပုံစံတစ်ခုကို ရည်ရွယ်ချက်ရှိရှိ သွတ်သွင်းနေသူဖြစ်ကြောင်း သုံးသပ်ဝေဖန်ကြသည်။ အချိန်နှင့်အမျှ တိုးတက်နေသော နည်းပညာခေတ်တွင် ဖိုးတခေတ်က ရှေးရိုးစွဲအယူအဆများဖြင့် လူ့အဖွဲ့အစည်းတစ်ခုကို အရည်းကြီးကိုးကွယ်သူများကဲ့သို့ဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း ဝေဖန်သံများလည်း ဆူညံစွာထွက်ပေါ်နေသည်။

‘‘သူ့အယူက တစ်မျိုးဗျ။ သူပြောဆိုနေတာတွေက ယုတ္တိတော့မတန်ဘူး။ ဘာသာရေးပဋိပက္ခတွေဖြစ်လို့ သွေးချောင်းစီးရန်ပွဲတွေဖြစ်ပြီး နောက်ဆုံး ဘာသာအားလုံးပျောက်သွားရင် ပေါ်လာမှာက ဖိုးတခေတ်သာသနာလို့ ပြောတယ်။ မယုံကြည်သူတွေရှိသလို ယုံနေတဲ့သူတွေလည်းရှိနေတယ်။ မယုံသူတွေအတွက်ကတော့ သူက ရူးနေတာလို့ ပြောကြတာပေါ့’’ဟု ကရင်တိုင်းရင်းသား စောဖိုးလှကပြောသည်။

ဖိုးတခေတ်နှင့် အနီးကပ်နေသူ အဖွဲ့ဝင်များက ၀တ်ဖြူစင်ကြယ်ဝတ်ရသည်။ ဆံပင်လုံးဝမညှပ်ရဘဲ အရှည်ထားရသည်။ အမျိုးသမီး၊ အမျိုးသားအားလုံး နားကပ်ပန်ရသည်။ ပုတီးများ ချိတ်ဆွဲထားရသည်။ မည်သည့်နေရာသွားသွား ဖိနပ်မစီးရ။ ထိုအချက်များသည် ပုဂံခေတ်က ထွန်းကားခဲ့ဖူးသည့် အရည်းကြီးများနှင့် ဆင်တူနေကြောင်း ကရင်တိုင်းရင်းသား စောဖိုးလှက ပြောသည်။

ဖိုးတခေတ်၏ဇာတိမှာ ဘားအံမြို့ ဇွဲကပင်တောင်ခြေရှိ ဒုံရင်းရေတံခွန်အနီး ကော့မူးနုပ်ရွာဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်နီးပါးက လူမျိုးစုတစ်စု၏ ဘုရင်တစ်ပါးအဖြစ် မိမိကိုယ်ကိုယ်သမုတ်ကာ ဒုံရင်းရေတံခွန်အနီး၌ ၀ိနည်းနှင့် လွဲချော်နေသော ဘုရားစေတီများ တည်ဆောက်ရာမှ ဒေသခံ ကရင်ဗုဒ္ဓဘာသာများနှင့် ထိပ်တိုက်တွေ့ကာ ဘားအံမြို့နှင့် မိုင် ၃၀ ကျော်ဝေးသော ဂျိုင်းရွာသို့ ပြောင်းရွှေ့သွားခဲ့ရခြင်းဖြစ်ကြောင်း ဘားအံမြို့ဒေသခံအများစုက ပြောသည်။ ဂျိုင်းရွာအနီး ဖိုးတခေတ်၏ ရွာမြေနေရာကိုလည်း ကရင်ပြည်နယ်အစိုးရကိုယ်တိုင် ပေးခဲ့ခြင်းဖြစ်ကြောင်း ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အတည်ပြုနိုင်ခဲ့သော်လည်း အသေးစိတ်ကို ရှင်းမပြတတ်ကြောင်း အဆိုပါရုံးမှ ၀န်ထမ်းအချို့က ပြောသည်။

ဂျိုင်းရွာအနီး ဖိုးတခေတ်၏ ကရင်အမျိုးသားရွာတွင် ခန့်မှန်းလူဦးရေ ကိုးရာနီးပါးရှိကြောင်း ဖိုးတခေတ်၏ လူယုံ ဦးခင်သိန်းက ပြောသော်လည်း ဂျိုင်းရွာအုပ်ချုပ်ရေးမှူးကမူ ထိုရွာမှာ ဒေသအုပ်ချုပ်ရေးမှူးအောက်တွင် ရှိမနေသကဲ့သို့ ဖြစ်နေကြောင်း ပြောသည်။ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းစစ်ဖို့ကိုပင် ဖိုးတခေတ်က ခွင့်မပြုသောကြောင့် စစ်ဆေး၍မရသေးကြောင်း ဂျိုင်းရွာအုပ်ချုပ်ရေးမှူး ဦးစိုးသန်းက ပြောသည်။

‘‘ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကျေးရွာအုပ်စုအလိုက် ကောက်နေတယ်။ သူ့ကျေးရွာအတွက် စာရင်းဇယားမှန်မှန်ကန်ကန်ဖြစ်ဖို့ စာရင်းတောင်းတာ အခုထိမရသေးဘူး။ ဟိုမှာ ဒုံးသွားကတယ်တို့၊ ဟိုကိုသွားတယ်လို့ ပြောတယ်။ ဒါ နိုင်ငံတော်နဲ့ ပတ်သက်ရင် သူလုပ်ပေးရမယ့် တာဝန်ရှိတယ်လေ။ သွားတွေ့တော့ အတွေ့မခံတာလို ဟိုရှောင်ဒီရှောင်နဲ့ လုပ်နေတာ’’ဟု ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်သည့် (၅)နှစ်အောက် ကလေးများ ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးရေး စီမံချက်တွင်လည်း ၎င်း၏ ခွင့်ပြုချက်မရသောကြောင့် ကလေးများအား ကာကွယ်ဆေးမတိုက်ခဲ့ရသည့် အတွေ့အကြုံရှိခဲ့ကြောင်း ဦးစိုးသန်းက ပြောသည်။

ထိုရွာတွင် ကျောင်းနေအရွယ်ကလေးများစွာ တွေ့ခဲ့ရသော်လည်း မိဘများကိုယ်တိုင် ကျောင်းပညာရေး စိတ်မ၀င်စားသကဲ့သို့ ကလေးများအား အစိုးရကျောင်းတွင် မထားကြပေ။ ဒေသတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ၊ အင်န်ဂျီအိုများက ကလေးများပညာရေးအတွက် အကောင်အထည်ဖော်ရန် တိုက်တွန်းကြသော်လည်း ဖိုးတခေတ်က လက်မခံခဲ့ကြောင်း သိရသည်။ ရွာတည်ထောင်ခဲ့သည်မှာ နှစ်နှစ်ဆယ်နီးပါးရှိနေပြီဖြစ်သော်လည်း စာသင်ကျောင်းဖွင့်ခြင်းမရှိခဲ့ဘဲ ဝေဖန်မှုများကြောင့် ပြီးခဲ့သည့်နှစ်က သစ်သားကျောင်းဆောင်တစ်ဆောင် ဆောက်ခဲ့သည်။ သို့သော် အဆိုပါကျောင်းသို့ အစိုးရပညာရေးဝန်ထမ်းများ သင်ခွင့်မပြုဘဲ ၎င်း၏အစီအစဉ်ဖြင့်သာ စာသင်သည်။

‘‘သူ့ပါရမီနဲ့သူလေ။ သူများလိုက်လို့မထိတာ သူလိုက်ရင်ထိတယ်။ သူက ပြောတယ်။ မင်းတို့ ငါ့စကားနားထောင်။ မင်းတို့လုပ်လို့ မထိတာ ငါလုပ်ပေးမယ်။ သက်သတ်လွတ်ပဲ စားရတယ်။ ဘာမှမလုပ်ရဘူး’’ဟု ဖိုးမိုက်ကဆိုသည်။ ထို့ပြင် ဖိုးတခေတ်၏ သားသမီးအဖြစ် သစ္စာခံပြီးပါက အရက်သေစာမသောက်ရန် ကျိန်စာဆိုထားရကြောင်း ပြောသည်။ ထို့ပြင် ဖိုးတခေတ်မှာ ၎င်းထက် အသက်ငယ်သော်လည်း ပါရမီနှင့် တန်ခိုးအာဏာရှိသည်ဟု ယုံကြည်ကြောင်း ပြောသည်။

ဖိုးတခေတ်ရွာအနီးတွင် သီတင်းသုံးသည့် သံဃာတော်တစ်ပါးက ဖိုးတခေတ်အနေဖြင့် ၎င်းထူထောင်ထားသည့် ကျေးရွာကို အမှန်တကယ်တိုးတက်စေချင်သည့်စိတ်ဖြင့် ဒေသတွင်းလူမှုရေးအဖွဲ့အစည်းများ၊ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ပါက ထိုရွာတွင် ဆယ်စုနှစ်နှစ်ခုအတွင်း အလယ်တန်းအဆင့်ကျောင်းတစ်ကျောင်းပင် ဖြစ်သင့်နေပြီဖြစ်ကြောင်း သုံးသပ်သည်။

‘‘အသက်(၃၀)ကျော်ကျော်လောက်မှာ ဒီအင်အားတွေနဲ့၊ အဖွဲ့အစည်းတစ်ခုနဲ့ နေရတယ်ဆိုတာ လုပ်ရည်ကိုင်ရည်တော့ ရှိပါလိမ့်မယ်။ သူ့ရွာမှာ သူအကြီးဆုံးဆိုတော့ ဘုန်းကြီးမကိုးကွယ်ကြတော့ဘူး’’ဟု ဂျိုင်းကျေးရွာအုပ်စုမှ ဆရာတော်တစ်ပါးက မိန့်သည်။

ဖိုးတခေတ်၏ ရွာထဲရှိ အိမ်များမှာ ဧက ၁၇၀ နီးပါးရှိနေသည်ဆိုသည့် မြေနေရာတွင် နေရာကွက်၍ ဟိုတစ်စုသည်တစ်စု ဆောက်ထားကြခြင်းဖြစ်ပြီး အားလုံးက ဖိုးတခေတ်ပေါ်တွင် ယုံကြည်အားကိုးမှုရှိသည်ကို အရှင်းသားတွေ့ရသည်။

အသက်(၆၀)အရွယ် ဖိုးတခေတ်၏ တပည့်ဆိုသူ ဒေါ်ကြည်မြင့်က ၎င်းနေထိုင်သည့်အိမ်၏ ဘုရားစင်တွင် ဖိုးတခေတ်ပုံကိုသာတင်၍ ကိုးကွယ်ထားသည်။ ဖိုးတခေတ်ကို ညတိုင်းရှိခိုး၍အိပ်ကြောင်း ပြောသည်။ ထို့ပြင် ကျန်းမာရေးမကောင်း၍သာ အိမ်တွင်နေခြင်းဖြစ်ပြီး မကြာမီတွင် အဘိုးအတွက် အလှူခံထွက်မည်ဖြစ်ကြောင်း ပြောသည်။

ဘားအံ-ကော့ကရိတ်ကားလမ်းမဘေးတွင် ဖိနပ်မပါခြေဗလာဖြင့် တွေ့ရသည့် ဖိုးတခေတ်၏ သားတပည့်ဖြစ်သူဟုဆိုသူ အသက်(၇၀)အရွယ်ခန့်ရှိ အဘိုးကောက်ရက ဖိုးတခေတ်အတွက် အလှူခံထွက်လာခြင်းဖြစ်ပြီး သံလွင်မြစ်အရှေ့ဘက်ပိုင်းအနှံ့ အလှူခံထွက်မည်ဖြစ်ကြောင်း ပြောသည်။ အလှူခံတစ်ခါထွက်လျှင် ဆယ်ရက်ခန့်ကြာတတ်ပြီး ကျပ်ဆယ်သိန်းခန့်ရကာ အားလုံး ဖိုးတခေတ်ထံအပ်ကြောင်း ပြောသည်။

‘‘အများအကျိုးဆောင် ကိုယ့်အကျိုးအောင်လေ။ ထိုင်နေလို့ ဘာသွားရမလဲ’’ ၎င်းကပြောသည်။

သက်ကြီးရွယ်အိုတစ်ယောက် ဖိနပ်ဗလာဖြင့် လမ်းလျှောက်နေသည့်အပေါ် မေးမြန်းရာ ရှေးရှေးတုန်းက ဖိနပ်မပေါ်မီက ရှေးလူကြီးများလည်း ဖိနပ်မစီးကြကြောင်း ရယ်မောပြောဆိုသည်။ ရသည့်အလှူငွေဖြင့် ၎င်းတို့အတွက် အဆောက်အအုံများဆောက်ကာ သာရေးနာရေးကိစ္စများတွင် အသုံးပြုကြောင်း အဘိုးကောက်ရက ပြောသော်လည်း ရွာထဲတွင် ပြောပလောက်အောင် သေသပ်သော အဆောက်အအုံမတွေ့။ အစားအသောက်နေရာမှာလည်း သန့်ရှင်းမှုမရှိ။ ၀တ်ဖြူစင်ကြယ်ဝတ်ကြသော်လည်း ညစ်ပတ်ပေရေနေသော အသွင်အပြင်သာ တွေ့ရသည်။ ၎င်း၏ထိန်းသိမ်းမှုအောက်တွင် ကျောင်းသား၊ ဥပါသကာ၊ ဖိုးသူတော်၊ ကပ္ပိယ၊ ကိုရင်၊ ဦးပဉ္စင်းဟူ၍ အဆင့်ဆင့်ရှိပြီး အားလုံးဆံပင်အရှည်ထားရသည်။ ကရင်တိုင်းရင်းသားဝတ်စုံကိုသာ ၀တ်ရသည်။ သို့သော် အဖွဲ့ဝင်လူငယ်များအတွက် ရွာထဲတွင် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးလေ့ရှိကြောင်း ပြောသည်။

‘‘ကာလသမီး၊ ကာလသားတွေကျတော့ ပုတီးစိပ်ခိုင်းရင် မစိပ်နိုင်ဘူးလေ။ မစိပ်နိုင်ရင် ကဲ ပျော်ပါးချင် ဇာတ်သွားက၊ သက်သတ်လွတ်စား၊ လူပျိုတွေကျတော့ ပုတီးစိပ်ခိုင်းလို့ရမလား။ အပျော်အပါးလိုက်ချင်ရင် ဇာတ်သွားကလေ။ လောကီလေ။ ကလေးက များတယ်လေ။ အကြိုက်ချင်း မတူဘူးလေ။ အချိုကြိုက်ရင် အချိုပေးတယ်။ အခါးကြိုက်ရင် အခါးပေးတယ်’’ဟု ဖိုးတခေတ်၏ရွာထဲမှ ၎င်း၏အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သော နိုဝင်ဘာအတွင်း ဖိုးတခေတ်၏ မွေးနေ့ပွဲတွင် လေးရက်ဆက်တိုက် ဇာတ်ပွဲ ၁၂ ပွဲ စင်ပြိုင်ကပြစေခဲ့၍ အနီးအနားရွာဒေသခံများက ယင်းလုပ်ရပ်ကို အံ့သြခဲ့ရကြောင်း ပြောသည်။

‘‘ကရင်တိုင်းရင်းသားတွေရဲ့ တကယ့်ပွဲတော်တွေမှာတောင် လွန်ရောကျွံရော ဇာတ်နှစ်ခုပဲ။ အခုက ၁၂ ဇာတ်။ ပြီးတော့ ညဥ့်သန်းခေါင်အချိန်မှာ ပွဲခင်းထဲရှိနေသေးတဲ့ လူတွေကို တစ်ယောက် မုန့်ဖိုးငါးထောင်လိုက်ပေးတယ်။ ဘာတွေလုပ်တာလဲတော့ နားမလည်ဘူး’’ဟု ဂျိုင်းရွာဒေသခံတစ်ဦးကဆိုသည်။

ဖိုးတခေတ်က ကရင်ရိုးရာယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်ရာထူးဖြင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနေသူအဖြစ် ၎င်း၏ရပ်တည်ချက်ကို အကောင်းမြင်သူများလည်း ရှိသည်။

‘‘ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရိုးရာအမွေအနှစ်တွေကို သူက ထိန်းသိမ်းထားတာပဲ။ ဖိုးတခေတ်ကို ကရင့်ရိုးရာရဲ့အချုပ်လို့ဆိုရင် ပိုမှန်နိုင်မယ်ထင်တယ်။ သူ့ကို ယုံကြည်သူတွေ ဖွဲ့ထားတဲ့ အဖွဲ့လည်း ရှိတယ်။ တိုင်းရင်းသားရိုးရာပွဲတွေမှာ သူတို့ဆိုတဲ့ တေးသီချင်းတွေက ကရင်ရိုးရာသီချင်းတွေ။ ကရင်ယဉ်ကျေးမှုရဲ့ အဆင့်မြင့်ဆုံးတွေပဲ။ တစ်ခုကျေးဇူးတင်ရမှာက သူတို့ရှိလို့ ကရင်ယဉ်ကျေးမှုအစစ်တွေကို ဖော်ထုတ်ခွင့်ရနေတာပဲဗျ’’ဟု ကရင်တိုင်းရင်းသားလူငယ်တစ်ဦးက ပြောသည်။

ကရင်ပြည်နယ် ယဉ်ကျေးမှုဦးစီးအရာရှိ ဦးစောဝင်းကျော်ကျော်က ဖိုးတခေတ်မှာ ကရင်တိုင်းရင်းသား ရိုးရာအလေ့အထကို တန်ဖိုးထားထိန်းသိမ်းသည့်အဖွဲ့ဖြစ်ကြောင်း ပြောသည်။ သို့သော် ကရင်လူမျိုးသမိုင်းတွင် အသိအမှတ်ပြုထားသည့် တလခုမ်းနှင့် လဲကယ်လူမျိုးစုတို့၏ ယုံကြည်ကိုးကွယ်ကဲ့သို့ ဖိုးတခေတ်ကိုးကွယ်ယုံကြည်မှုကို ယဉ်ကျေးမှုဝန်ကြီးဌာနက တရားဝင်အသိအမှတ်ပြုမထားကြောင်း ပြောသည်။

‘‘အထက်လမ်းတွေ၊ အောက်လမ်းတွေ၊ ဘာသာရေးတွေ၊ နိုင်ငံရေးတွေ၊ လူမျိုးရေးတွေမပါဘဲ သူတို့ ဓလေ့ထုံးစံကို ကြည့်မယ်ဆိုရင် သူတို့ယုံကြည်ရာကို ဘယ်သူမှမထိခိုက်ဘဲလုပ်နေတာကို တွေ့ရပါတယ်။ နှစ်သစ်ကူးပွဲမှာဆိုရင်တော့ သူပါရင် ရိုးရာပွဲပိုစည်ကားတယ်’’ဟု ဖိုးတခေတ်နောက်သို့ မှတ်တမ်းလိုက်ယူခဲ့သည့် ဓာတ်ပုံဆရာတစ်ဦးကပြောသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်သို့ ခရီးဆန့်သူများ လမ်းခရီးတွင် နွမ်းပါးသော ၀တ်ဖြူစင်ကြယ် သက်ကြီးရွယ်အိုအချို့ တွေ့ရနိုင်သည်။ ၎င်းမှာ ပြည်တွင်းရော ပြည်ပမှ ကရင်တိုင်းရင်းသားများကိုယ်တိုင် တိတိပပသိချင်နေသည့် စောကျော်လှသန်း (ခေါ်) ဖိုးတခေတ်၏အဖွဲ့ဝင်များပင် ဖြစ်ပါသည်။

7daydaily

Tuesday, December 30, 2014

စင်ကြိုင် ကချင်စစ်ပြေးဒုက္ခသည် စခန်း မီးလောင်



ဆဒုံး - ကန်ပိုက်တီ ဒေသတွင်းရှိ အိမ်ထောင် မိသားစုပေါင်း (၁၈၀) ခိုလှုံ နေသော စင်ကြိုင် ကချင် စစ်ပြေးဒုက္ခသည် စခန်းသည် ယမန်နေ့  ဒီဇင်ဘာ (၂၉) ရက်ည (၁၀) နာရီ မှ စတင်ကာ ည (၁၂) နာရီထိ ပြင်းထန်သော မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

၎င်းမီးလောင်မှုတွင် အိမ်ခြေ (၁၀၀)ကျော် နှင့် ဘုရားကျောင်း တစ်ကျောင်း ၊ ၄င်းဒုက္ခသည် စားခန်း၏ ရိက္ခာဂို ဒေါင် တို့ မီးလောင်သည့်အထဲ ပါသွားကြောင်း သိရှိရပါသည်။

ဝါယာကြိုး ရှော့ ဖြစ်ရာမှ မီးစတင် လောင်ကြွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်ရာတွင် လူသူ အသေအပျောက်မရှိသော်လည်း ဆိုင်ကယ် (၆) စီး ပါသွားကြောင်းလည်း ထပ်မံ သိရှိရပါသည်။

ယနေ့ (၃၀.၁၂.၂၀၁၄) ရက်နေ့ နံနက် ပိုင်း တွင် ဦးဝမ်ထည် ဒိုင်ခေါင် ဦးဆောင်သော နယ်ခြားစောင့်တပ်အမှတ် (၁၀၀၃) (ယခင် -NDAK) အဖွဲ့ မှ မီးဘေးဒဏ်သင့် သူများအား ဆန်အိတ် (၇၀) နှင့် အခြား သောအရေးပေါ် လိုအပ်ချက်များအား လာရောက် ကူညီထောက်ပံ့ ပေးပြီး မီးလောင် ပြင်အား ဘက်ဖိုး ဖြင့် လာရောက်ရှင်းလင်း ပေးခဲ့ ကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။

(By-Lachid Kachin)
https://www.facebook.com/lachid.kachin

အကယ်ဒမီစင်မြင့်ပေါ်တွင် ပြောခွင့်မရသည့် စန္ဒရား တင်ဝင်းလှိုင်၏ ရင်တွင်းစကားများ

ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ခြင်းကို ဆက်လုပ်မည်ဟု စစ်ကိုင်းတိုင်းသတ္တုတွင်းဝန်ကြီးပြော တရုတ်ကို ကာကွယ်ပေးခြင်း မဟုတ်ဟုပြော

ဆားလင်းကြီး (မဇ္ဈိမ)။ ။ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုး ခတ်ခြင်းကို ဆက်လက်လုပ်ဆောင်ရဦးမည်ဟု စစ်ကိုင်းတိုင်း သစ်တောနှင့် သတ္တုတွင်း ဝန်ကြီး ဦးသန်းထိုက်က ဆိုလိုက်ပြီး ယင်းသို့ ပြောကြားခြင်းသည် တရုတ်ကို ကာကွယ်ပြောခြင်း မဟုတ်ဟုလည်း ၎င်းက ဆိုသည်။

Minister-and-Monk-at-lappadaung

(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)

"ခြံစည်းရိုးက ဆက်ခတ်ရမှာပါ။ ခြံစည်းရိုးခတ်မှလည်း သူတို့လုပ်ငန်းက ဆက်လုပ်လို့ရမှာပေါ့။ တရုတ်ဘက် ကာကွယ်နေတာ မဟုတ်ပါဘူး။ နိုင်ငံတော်အတွက်လည်း အကျိုးရှိလို့ ဆက်လုပ်နေတာပါ။" ဟု မဇ္ဈိမ ကို ပြောသည်။

သတ္တုတွင်းဝန်ကြီးက ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းရွာသစ်ရှိ လက်ပံတောင်းတောင် စီမံကိန်း နယ်မြေအတွင်းရှိ ဒေသခံပြည်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ကော်မတီ၏ ဆက်ဆံရေးရုံးတွင် ဒီဇင်ဘာ ၃၀ ရက် မွန်းတည့် ၁၂ နာရီ ခွဲက ထိုဒေသမှ ဆရာတော် ဦးတိက္ခဥာဏ် အပါအဝင် သပိတ်ခေါင်းဆောင် ငါးဦးခန့်နှင့် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပေ။ သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းထိုက်က ဆက်ဆံရေးရုံး၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ဆရာတော် ဦးတိက္ခဥာဏ က "ဘုန်ကြီး ကြားကနေ သတ္တုတွင်း ဝန်ကြီးနဲ့ ဒေသခံတွေအတွက် ညှိတယ်။ လက်မခံဘူး။ သူတို့မှာ တာဝန်ယူမှုတာဝန်ခံမှုမရှိဘူး။ ဘာဆက်လုပ်ရမလဲ။ ဒီအတိုင်းဆို အကုန်ဒုက္ခရောက်မယ့် အနေအထားပဲ။" ဟု မဇ္ဈိမကို မိန့်ကြားသည်။

ဆက်ဆံရေးရုံးတွင် သတ္တုတွင်းဝန်ကြီးနှင့် ဒေသခံများ ညှိနှိုင်းမှု မပြေလည်၍ ဆည်တည်းရွာတွင် ဖွင့်လှစ်ထားသော သပိတ်စခန်းသို့ နာရီဝက်အတွင်း လာရောက်ကာ ဆက်လက်ညှိနှိုင်းမည်ဟု ဝန်ကြီး ဦးသန်းထိုက်က ပြောခဲ့သော်လည်း ညနေစောင်းသည်အထိ ရောက်မလာခဲ့ဟု ဒေသခံများက ပြောသည်။

ကုမ္ပဏီနှင့် ဒေသအာဏာပိုင်များက ဝမ်ပေါင်ကုမ္ပဏီအတွက် ခြံစည်းရိုး တိုးမြှင့်ခတ်ရန် ကြိုးပမ်းနေချိန်တွင် ဒီဇင်ဘာ ၃၀ ရက် ညနေ ၃နာရီခန့်မှ စတင်ကာ ဒေသခံများက ဝမ်ပေါင်ကုမ္ပဏီက ကာရံထားသည့် ခြံစည်းရိုးများကို ဖျက်ဆီးကာ ရွာမြေသတ်မှတ်၍ ခြံစည်းရိုး ပြန်လည်ခတ်လျက်ရှိသည်။
ဒေသခံ ၇၀ကို အမှုဖွင့်ထား

ယင်းသို့ ကုမ္ပဏီ၏ ခြံစည်းရိုးများကို ဖျက်ဆီးကာ အသစ်ခတ်သည့် တုံရွာနှင့် ဆည်တည်းရွာမှ ဒေသခံ ၇၀ဦးကို ဆားလင်းကြီး မြို့နယ် ရဲစခန်းက ပုဒ်မ ၃၇၉ (ခိုးမှု)၊ ပုဒ်မ ၄၂၇(အကျိုးဖျက်ဆီးမှု) တို့ဖြင့် ထိုနေ့ ညနေကပင် အမှုဖွင့်လိုက်ပြီဖြစ်သည်။

"ကျွန်မတို့က ကျွန်မတို့မြေကို ကာကွယ်နေတာပါ။ သူတို့ဖက်က အကြမ်းဖက် ဖြိုခွဲဖို့လုပ်နေတယ်။ကျွန်မတို့အသေခံသွားမယ်။ ဒီသပိတ် စခန်းကနေ တစ်ဖဝါးမှမခွာဘူး။ အခု စည်းအနေနဲ့ ခြံစည်းရိုးခတ်နေတယ်။"ဟု ဆည်တည်းဒေသခံ မရီဝင်းက မဇ္ဈိမကို ပြောသည်။

ဒေသခံများဘက်လည်း ဒီဇင်ဘာ ၂၉ရက်မှ စတင်ကာ ဆည်တည်းရွာတွင် သပတ်စခန်းဖွင့်၍ ခြံစည်းရိုး ဆက်လက်မခတ်ရန်၊ ဒေသခံ များ ပြန်လည်ခတ်ထားသည့် ခြံစည်းရိုးကို မဖျက်ဆီးရန်၊ ဒေါ်ခင်ဝင်းသေဆုံးမှု အမှုမှန်ဖော်ထုတ်ပေးရန်၊ ဝမ်ပေါင်ကုမ္ပဏီ အလိုမရှိ အပါအဝင် ဒေသခံများ၏ အခက်အခဲများ ဖြေရှင်းပေးရန် ဖွင့်ထားသည့် ဆက်ဆံရေးရုံးမှာ ညှိနှိုင်းပေးနိုင်ခြင်း မရှိ၍ ဆက်ဆံရေးရုံးအလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုလျက်ရှိသည်။

သပိတ်စခန်းတွင် အလယ်ရွာ၊ ရွာသစ်၊ လယ်တီ၊ ဖောင်ကတော၊ မိုးကြိုးပြင်၊ ရွှေလှေ၊ တောကျောင်း စသည့်ကျေးရွာများမှ ဒေသခံ ၁၀၀ကျော်တို့က ဆန္ဒပြနေသည်။

လက်ပံတောင်းတောင် လုံခြုံရေးယူထားသော လုံခြုံရေးရဲများကလည်း သပိတ်စခန်း ရုပ်သိမ်းပေးရန်နှင့် ဝမ်ပေါင်မှ ခတ်ထားသော ခြံစည်းရိုးများအား ဆက်လက် မဖျက်ဆီးရန် အသံချဲ့စက်ဖြင့် အော်ဟစ် သတိပေးလျက်ရှိသည်။

ယင်းအပြင် သပိတ်စခန်းကို ဒီဇင်ဘာ ၃၀ရက် ညပိုင်းတွင် ဖယ်ရှားရှင်းလင်းမည်ဟု လုံခြုံရေးယူထားသည့် ဒု-ရဲအုပ်တစ်ဦးက မဇ္ဈိမကို အသိပေးသည်။

လက်ပံတောင်းတောင် စီမံကိန်းအတွက် ဝမ်ပေါင်ကုမ္ပဏီက မြေယာလျော်ကြေး ယူမထားသည့် မြေပေါ်တွင် ခြံစည်းရိုးခတ်ရာမှ အစပြုကာ ဒေသခံများနှင့် ဒီဇင်ဘာ ၂၂ရက်နှင့် ၂၃ရက်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၂၂ရက်က ပဋိပက္ခ အတွင်း ဒေသခံတောင်သူ ဒေါ်ခင်ဝင်း ဦးခေါင်းသို့ သေနတ်ကြည်ထိမှန်ကာ သေဆုံးခဲ့ရပြီး ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

ယင်းနောက်တွင် နှစ်ဖက် ပဋိပက္ခ ဆက်လက်ရှိနေပြီး ဒေသခံများက သပိတ်စခန်းဖွင့်လှစ်သည်အထိ ဖြစ်ပွားခဲ့ရသည်။

ယင်းဖြစ်စဉ်ကို အခြေခံ၍ ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့တွင် ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ဒီဇင်ဘာ ၂၉ရက်က ဆန္ဒပြသူများအနက် ၅ဦးကို ဒဂုံမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထားပြီး ပြည်မြို့တွင်လည်း ဆန္ဒပြသူများကို ပုဒ်မ ၁၈၊ ၁၉တို့ဖြင့် အမှုဖွင့်အရေးယူထားသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/35981-2014-12-30-13-43-49

ဘာသာပြန် စာအုပ် (၄၅)free download


ဘာသာပြန် စာအုပ် (၄၅)free download
__________________________________

(၁)သူသေကိုယ်သေ (မြန်မာပြန်)(တက္ကသိုလ်နေ၀င်း)
http://www.mediafire.com/?eehk5bux345f68v

(၂)အင်ဖာတိုက်ပွဲ (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?4y8v8pctbcgfma7

(၃)တိုင်တန်းနစ် (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?laz45o2adjaz6ak

(၄)ပျောက်ဆုံးနေသောကမ္ဘာ(ဌေးမောင်)
http://www.mediafire.com/?fomlkhbfbutj224

(၅)သန်းကောင်ယံ ခုနှစ်မိနစ် (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?soehqh7gf7rr3ik

(၆)ဘင်လာဒင်ရှာပုံတော် (စိန်ဝင်းစိန်)
http://www.mediafire.com/?r7b5brt2r9blkb8

(၇)ဂျူလိယက်ဖူးချစ် - ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဘာသာပြန်-အိုးဝေထွန်းအောင်နှင့်ဦးစံရွှေ)
http://www.mediafire.com/?5pih1dcttkly4vt

(၈)နေဝင်ဘုရင်များ (ကျော်အောင်)
http://www.mediafire.com/?j7em79774th5pbp

(၉)အို ဂျေရုဆလမ် (ကျော်အောင်)
http://www.mediafire.com/?9w964qgos05veef

(၁၀)အိုင်းစတိုင်း(ဆန်းလွင်)
http://www.mediafire.com/?ijzbeazsij9uijz

(၁၁)မေတ္တာရှင်မလေးပ်ါလီယာနာ(ထင်လင်း)
http://www.mediafire.com/?egecbrvap2rymvm

(၁၂)တစ်ကျွန်းစံ၏ အပြန်လမ်း(ထင်လင်း)
http://www.mediafire.com/?w5ppjwanfp61ose

(၁၃)အဆိပ်(ထင်လင်း)
http://www.mediafire.com/?1gl6ar75j4uf33v

(၁၄)စည်းအပြင်ကလူ(ထင်လင်း)
http://www.mediafire.com/?rj0ia7r0905ers0

(၁၅)လေယာဉ်ပြန်ပေးနှင့်အစ္စရေးဓါးစာခံ (မောင်မောင်ညွန့်)
http://www.mediafire.com/?l3twnmtd33m88j3

(၁၆)ဘ၀ကိုကြက်ခြေခတ်ခဲ့ရပေမယ့်(မြတ်ငြိမ်း)
http://www.mediafire.com/?nn8xctc1qxhsddd

(၁၇)အဖေပေးတဲ့အမွေ(မြတ်ငြိမ်း)
http://www.mediafire.com/?36faok93aices7f

(၁၈)လက်ဆောင်မွန်(မြတ်ငြိမ်း)
http://www.mediafire.com/?o531p156bqbvzh5

(၁၉)ဖိနပ်ခြောက်ရန်ဆောင်ရွက်နည်း(မြတ်ငြိမ်း)
http://www.mediafire.com/?qv7diz42rdauyg7

(၂၀)ဘယ်သူ့ဒိန်ခဲငါနေရာရွှေ့လို့ရမည်လဲ(မြတ်ငြိမ်း)
http://www.mediafire.com/?3dvq18mg1rpplbp

(၂၁) ချစ်သွေးသစ္စာ(မောင်ထွန်းသူ)
http://www.mediafire.com/?14lhi0x4qx5x3x8

(၂၂) ဂျပန်ဘာကြောင့် အောင်မြင်ခဲ့သလဲ(မောင်ထွန်းသူ)
http://www.mediafire.com/?qp8847mi30scdnn

(၂၃)နှစ်လောက (ဘာသာပြန်)(မောင်ထွန်းသူ)
http://www.mediafire.com/?q16ltol1jhqyckq

(၂၄)ကာမင်း(ဘာသာပြန်)(မောင်ထွန်းသူ)
http://www.mediafire.com/?hk8schhswm14919

(၂၅)မော်ရေးဗီးယား ၀တ္ထုတိုများ(မောင်ထွန်းသူ)
http://www.mediafire.com/?9f8blckobv12l9k

(၂၆)မောင်ထွန်းသူ- ဒေါသမာန်(မောင်ထွန်းသူ)
http://www.mediafire.com/?h6lqwizdwxc6amo

(၂၇)ရဲတိုက် အတွဲ(၁) – (မောင်ထွန်းသူ)
http://www.mediafire.com/?1f0u1d65rt71n4l

(၂၈)ရဲတိုက် အတွဲ(၂) – (မောင်ထွန်းသူ)
http://www.mediafire.com/?13mr2rj4bipmcgs

(၂၉)တော်စတွိုင်းဝတ္ထုတိုများ(မောင်ထွန်းသူ)
http://www.mediafire.com/?r0crw254sx62we3

(၃၀)ဆိုင်ဂုံ (၁+၂+၃)(မောင်ထွန်းသူ)
http://www.mediafire.com/?iqdbuy7y7ewnnpi

(၃၁)ဆိုင်ဂုံ (၄+၅+၆)(မောင်ထွန်းသူ)
http://www.mediafire.com/?7275mmq27q6p6ms
or
https://docs.google.com/open?id=0B9UcDHcVpAz6Ny1QTHhPMmpuVHM
(Google Doc သည် ဆိုက်၏ ဘယ်ဘက် အပေါ်ဆုံးရှိ File ကိုနှိပ် Download ကိုနှိပ်၍ ဒေါင်းပါ)

(၃၂)ဆိုင်ဂုံ (၇+၈)(မောင်ထွန်းသူ)
http://www.mediafire.com/?ho2rnp44i2jr4rr

(၃၃)ဆင်ကုန်သည်(မောင်ထွန်းသူ)
http://www.mediafire.com/?mm8ghhdkosa8yod

(၃၄)ပီကင်း(မောင်ထွန်းသူ)
http://www.mediafire.com/?4bcfy33r82nmcbv

(၃၅)ခွင့်လွှတ်ခြင်းသူခိုးနှင့် မိုဆွန်ပါ ၀တ္ထုများ(မောင်ထွန်းသူ)
http://www.mediafire.com/?5jbcjxaqj33dbbb
or
https://docs.google.com/open?id=0B674PBCHce-mMXZTV3hjcmJhd0U
(Google Doc သည် ဆိုက်၏ ဘယ်ဘက် အပေါ်ဆုံးရှိ File ကိုနှိပ် Download ကိုနှိပ်၍ ဒေါင်းပါ)

(၃၆)တို့ဘ၀တို့ကမ္ဘာ(မောင်ထွန်းသူ)
http://www.mediafire.com/?39i9wyv6d18h8td

(၃၇)ချစ်မျက်ရည် ဘယ်ခါစဲလေလိမ့်(မောင်ထွန်းသူ)
http://www.mediafire.com/?7147v33z16yk3u4

(၃၈)အနန္တမေတ္တာ (Three Loves ) (ပထမပိုင်း)(မောင်ထွန်းသူ)
http://www.mediafire.com/?0k5nvyuobbgbyxm

(၃၉)အနန္တမေတ္တာ (Three Loves ) (ဒုတိယပိုင်း)(မောင်ထွန်းသူ)
http://www.mediafire.com/?yea8aadtl1jnqaj

(၄၀)အကျဉ်းစံ(မောင်ထွန်းသူ)
http://www.mediafire.com/?mltfbexn2554naq

(၄၁)အိုဟင်နရီ၏ ၀တ္ထုတိုများ(မောင်ထွန်းသူ)
http://www.mediafire.com/?vjt7sry7u0mnrnu

(၄၂) စူဇီဝေါင်း(မောင်ထွန်းသူ)
http://www.mediafire.com/?4g7u3nre34b7bd5

(၄၃)ပင်လယ်ပြာနှင့် တံငါအို(မောင်ဆုရှင်-မြန်မာပြန်)
http://www.mediafire.com/?3pog6mpd8u4a2z4

(၄၄)စစ်နှင့် ငြိမ်းချမ်းရေး (အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ) (မောင်သိန်းလွင်)
http://www.mediafire.com/?166nb2cv3u9aluv

(၄၅)ရှိတ်စပီးယားပုံပြင်များ (အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ) (မောင်သိန်းလွင်)
http://www.mediafire.com/?5p63nav3q6t167j
_______________________
Credit mmcybermedia