Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 31, 2014

ပုသိမ်မြို့ ရှုခင်းသာအား ကျပ်သိန်းပေါင်း (၄၅၀) အကုန်ကျခံ ပြင်ဆင်မည်

ပုသိမ်
မျိုးမင်းပိုင်
                           ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ရှခင်းသာအား ကျပ်သိန်းပေါင်း (၄၅၀) အကုန်ကျခံကာ 3D အကွက် များဖြင့် ပြင်ဆင် သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်က The Messenger Media သို့ ပြောသည်။ ပုသိမ်မြို့ ရှုခင်းသာကို ရေရှည် တည်တံ့ ခိုင်မြဲ စေချင်တယ်။ ဒါကို လုပ်ရင်းနဲ့ တစ်လက် စတည်း 3D အကွက် တွေကို ဆန်းသစ် တီထွင်ပေး ခဲ့တာ။ အခုလို ဓာတ်ပုံ ရိုက်ဖို့  ခံစားမှု ရသ ဖန်တီးပေး ထားတာ ကတော့ မြန်မာပြည်မှာ တစ်ခြား တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာ မရှိသေးပါဘူး ဟု ဦးအောင်မင်းနိုင် က ပြောသည်။ အဆိုပါ 3D အကွက် များကို ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့နှင့် ပန်းချီ ကိုသက်နောင် (ပုသိမ်) တို့က ဖန်တီး ရေးဆွဲခဲ့ ခြင်းဖြစ်သည်။
                             ပုသိမ်မြို့နယ် စည်ပင်က လာအပ်တာ။ ကျွန်တော် ကလည်း လိုလိုလားလား လက်ခံခဲ့တယ်။ နိုင်ငံတကာမှာ ဒီလို ပုံတွေတော့ မြင်ဖူးတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ မရှိသေးတဲ့ အခါ ကျွန်တော်လည်း ဆွဲချင်တယ်။ ဆွဲဖို့လည်း အတော် ကြိုးစားခဲ့ ရတယ်။ လွယ်လွယ် ကူကူတော့ မဟုတ်ဘူး။ ခုဆိုလည်း လူကြိုက်များ ကြတယ်။ လာကြည့်ကြတယ်။ ဓာတ်ပုံတွေ ရိုက်ကြတယ် ဆိုတော့ ပြယုဂ် တစ်ခု အဖြစ် အောင်မြင်တဲ့ အတွက် ၀မ်းသာပါတယ် ဟု ပန်းချီ သက်နောင် (ပုသိမ်) က ပြောသည်။
                             မြို့တော် ခန်းမရှေ့တွင် တည်ရှိနေသော ကမ်းနား ရှုခင်းသာ နေရာသည် မူလက အလှဆင် မီးလုံးများ၊ စတီးလက်ရန်း များဖြင့် လှပခဲ့ သဖြင့် မိသားစုများနှင့် အပန်းဖြေသူများ လာရောက် အပန်းဖြေ မှုများ ရှိခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် လူအုပ်စုဖွဲ့ အရက် ထိုင်သောက် ခြင်းများ၊ ပစ္စည်းများကို ဖျက်ဆီးခြင်းများနှင့် မကြာခဏ ရန်ပွဲများ ဖြစ်ပွားနေမှု တို့ကြောင့်  ယခုအခါ အပန်းဖြေသူများ ယခင် ကလောက် လာရောက်ခြင်း မရှိတော့ပေ။ ယခုအခါ အဆိုပါ ရှုခင်းသာအား ပြန်လည် ပြုပြင် မွမ်းမံနေခြင်း ဖြစ်ပြီး တည်ဆောက် ပြီးစီး သွားပါက စည်းကမ်း သတ်မှတ်ချက်များ၊ လုံခြုံရေး များဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
                              ကျွန်တော် အစိုးရိမ်ဆုံး ကတော့ လူငယ်တွေ စည်းကမ်းမဲ့မှု ကိုပဲ ။ ကျွန်တော် ဒီ 3D အကွက်တွေကို တစ်ညလုံး ဆွဲရတာ။ အဲဒီမှာ လူငယ် လေးငါးဆယ်ယောက်က အရက်သောက် နေတယ်။ လာကြည့်လိုက် ဆွဲနေရင်း ဟိုဟာ လုပ်တော့မလို ဒီဟာလုပ် တော့မလိုနဲ့ သူတို့ ကိုလည်း မပြောရဲဘူး။ ပြောကာမှ မူးနေတော့ ဆေးဘူးတွေ မှောက်သွားမှာ စိုးလို့၊ အဲဒီလို ပြီးသွားတဲ့ အခါကျ ကွမ်းတံတွေး ထွေးသွားမှာ ဖျက်ဆီး မှာပေါ့။ ဒါပေမဲ့ ကျွန်တော် စိုးရိမ်လို့ပဲ ရတယ် ကာကွယ်ဖို့ ဆောင်ရွက်ပေး ရမှာက သက်ဆိုင်ရာ တာဝန်ရှိသူတွေပဲ ဖြစ်တယ် ဟု ပန်းချီ  သက်နောင် (ပုသိမ်) က The Messenger Media သို့ပြောသည်။
                              အောက်တိုဘာလ (၉) ရက်နေ့က ဖွင့်လှစ် ထားသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အဆင့်မြင့် ရေပေါ်ဈေးတွင် မူးယစ် သောက်စားခြင်း မပြုရဟု ရေးသားထား သော်လည်း လူငယ် အချို့ အရက်သေစာနှင့် ဘီယာ သောက်စားမှုများ ရှိကြောင်း အဆင့်မြင့် ရေပေါ်ဈေး ကော်မတီဝင် တစ်ဦးက ပြောသည်။
Messenger

ပုဂံတွင် ဘုရားစေတီ မြင်ကွင်း ကွယ်စေသည့် ဟိုတယ် (၂၈) လုံးအား ဖြိုဖျက်ရန် ညွှန်ကြား

ရန်ကုန်
ပလိုင်း
      ပုဂံဒေသတွင် ဘုရားစေတီ ပုထိုး များအား မြင်ကွင်းကွယ် စေသည့် ဟိုတယ် (၂၈) လုံး၏ အမြင့်ပေများ ဖြိုဖျက်ရန် ညွှန်ကြား ထားကြောင်း ဟိုတယ် နှင့် ခရီးသွား လာရေး လုပ်ငန်း ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးစိုင်းကျော်အုန်းက The Messenger Media သို့ ပြောသည်။ သူတို့က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ မညီတဲ့ အတွက် ဖြိုခိုင်း ထားတာ။ ဒါကိုမှ လုပ်ငန်း ဆက်ပြီး ဆောင်ရွက် နေရင် ပြင်းပြင်းထန်ထန် အရေးယူ သွားမယ် ဟု ဒုတိယ၀န်ကြီး ဦးစိုင်းကျော်အုန်းက ဆိုသည်။ လက်ရှိ၌ ပုဂံဒေသ အတွင်း ဟိုတယ်များ ဆောက်လုပ် ခွင့်ပြုရာတွင် အမြင့်ပေ (၃၀) အများဆုံးနှင့် ဘုရားစေတီ ပုထိုး များနှင့် ပေ (၉၀) အကွာ တွင်သာ ဆောက်လုပ် ခွင့်ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ သတ်မှတ်ထား သော်လည်း ဟိုတယ် (၂၈) လုံးမှာ ဘုရားစေတီ ပုထိုးများ မြင်ကွင်းကွယ် နေခြင်း၊ ကန့်သတ် နယ်မြေများထဲ ၀င်ရောက် နေခြင်း စသည် တို့ကြောင့် ပြန်ဖျက်ရန် ညွှန်ကြား ထားခြင်း ဖြစ်ကြောင်း သိရသည်။
     အခု အသစ်ဆောက် တာတွေက အသင်းဝင် တာတွေ မရှိတဲ့ အတွက် သိပ် မသိဘူး။ ဒါပေမဲ့ ပုဂံရဲ့ ယဉ်ကျေးမှု အမွေအနှစ် ကွယ်ပျောက် စေရင် တော့ ဖျက်သိမ်းသင့် ပါတယ် ဟု ပုဂံ ဟိုတယ်ဇုန် အတွင်းရေးမှူး ဦးဇော်ဝိတ်က ပြောသည်။ ပုဂံဒေသရှိ ရှေးဟောင်း ဘုရား စေတီ ပုထိုး များအား မြင်ကွင်းကွယ် စေသည့် ဟိုတယ်များအား ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ တို့ ပူးပေါင်း စစ်ဆေးကာ အရေးယူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိ ပုဂံဒေသတွင် တရားဝင် စည်းမျဉ်းများနှင့် အညီ ဖွင့်လှစ် ထားသည့် ဟိုတယ် (၇၇) လုံးရှိပြီး၊ ယင်းတို့ အနက် အမြင့်ဆုံး အဖြစ် ကြယ်လေးလုံး အဆင့်ရှိ ဟိုတယ် တစ်လုံးတည်းသာရှိ သေးကြောင်း ပုဂံ ဟိုတယ်ဇုန်မှ သိရသည်။
the messenger
http://messengernewsjournal.com/news/local/detail.php?id=25549

တောင်ကြီးမီးပုံပျံပွဲ မတော်တဆမှု




Sad news!
Unexpected Accidents at Taung Gyi Taung Zaung Tine Hot Air Balloon Festival (တန်ဆောင်တိုင် မီးပုံးပျံပွဲ)
http://mingalapar.com/…/4221-unexpected-accidents-at-taung…/
 
Photo- Sai SanWinBo/TaungGyi.

ငွေကြေး ရင်းနှီးမြှုပ်နှံသူများ ဒေါ်လာဘက်သို့ လှည့်လာ

ရန်ကုန် ၊ ၃၀-၁၀-၂၀၁၄

ပြည်တွင်း၌ သာမက ပြည်ပဈေးကွက် များတွင်ပါ ရွှေဈေးနှုန်း များမှာ ကျဆင်းသွားပြီး အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းမှာ မြင့်တက် လာခဲ့ရာ မြန်မာနိုင်ငံ တွင်လည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ခြောက်သိန်း ခြောက်သောင်းကျပ် ခန့်ထိ ကျဆင်းသွားပြီး အမေရိကန် ဒေါ်လာ ငွေလဲနှုန်းမှာမူ ယခုရက်ပိုင်း တွင် ပြင်ပ ဈေးကွက်၌ တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၂၀၀ နီးပါးအထိ မြင့်တက် လာခဲ့သည်။

ထိုသို့ ဒေါ်လာဈေး မြင့်တက် လာရခြင်းမှာ ကမ္ဘာ့ ရွှေဈေးကွက် တွင် ရွှေထုတ်လုပ်မှု ပမာဏ များပြားလာခြင်း၊ ရွှေဝယ်လိုအား ကျဆင်း သွားခြင်း တို့ကြောင့် ရွှေဈေးနှုန်း မှာလည်း ကျဆင်း သွားသဖြင့် အမေရိကန် ဒေါ်လာ ရောင်းဝယ်ရေး ဘက်သို့ ပြောင်းကာ ငွေကြေး ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်လာကြ သည့်အတွက် ကြောင့် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ရှိ ကုမ္ပဏီကြီး များနှင့် ဆက်စပ်လျက် ရှိသော ပြင်ပငွေလဲ ဈေးကွက်မှ ဒေါ်လာဝယ် - ရောင်း အကျိုးဆောင် တစ်ဦး ကလည်း ''နိုင်ငံတကာမှာ ရွှေဈေးတွေက ဆက်တိုက်ကျ နေတော့ အခု လောလောဆယ် ရွှေကို ရင်းနှီးမြှုပ်နှံမှု မလုပ်ကြ တော့ဘဲ ပိုပြီး တန်ဖိုးခိုင်မာတဲ့ အမေရိကန် ဒေါ်လာဘက် ကို လှည့်လာ တာကြောင့် ငွေလဲနှုန်းတွေ တက်လာခဲ့ တာပါ။ ကျွန်တော်တို့ အပြင် ဈေးကွက်မှာ တစ်ဒေါ်လာ ကို ရောင်းဈေး က ၁၂၀၀ ကျပ် လောက်အထိ ဖြစ်လာတယ် ၊ ဈေးတက် လာတော့ ပို့ကုန် သမားတွေ အရင်ကထက် ပိုပြီး အဆင်ပြေ လာတာပေါ့။ ဗဟိုဘဏ် ကလည်း ရည်ညွှန်း ငွေလဲနှုန်း တွေကို နေ့စဉ်ထုတ်ပြန် ပေးပါတယ် ... '' ဟု ပြောဆို သွားသည်။

ယနေ့ နေ့လည် ပိုင်းတွင် ရန်ကုန်မြို့ရှိ ငွေလဲ စင်တာများမှ အမေရိကန် ဒေါ်လာ ရောင်းဈေး တစ်ဒေါ်လာလျှင် ၁ဝ၁၆ ကျပ်အထိ ရှိပြီး ရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၆၀၅၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်
https://www.facebook.com/TheMyawadyDaily?fref=photo

"Will Power"

ဒီစကားလုံးဟာ စိတ်ဝင်စားစရာ စကားလုံးတစ်လုံ့းါပဲ။ အောင်မြင်မှုတွေရဲ့နောက်ကွယ်က လျှို့ဝှက်စွမ်းအင် ကမ္ဘာကျော်တွေရဲ့ နောက်ကွယ်ကအရှိန်အဝါ။ မြန်မာမှုပြုကြည့်တော့ စိတ်တန်ခိုးတဲ့။
သုတေသနအများကြီးကို သေချာ ပြုစုထားတဲ့ စိတ်ပညာစာတမ်းတစ်စောင်မှာ ဖော်ပြထားတာက
လူတစ်ယောက်ရဲ့ စိတ်တန်ခိုးဆိုတာ
(၁) ရေတိုအပျော်ကိစ္စတွေကို ရေရှည်အကျိုးအတွက် ဆင်ခြင်လို့တောင့်ခံနိုင်တဲ့ စွမ်းရည်ပါတယ်
(၂) စိတ်ဓာတ်ကျ စိတ်ညစ်ညူးစရာတွေကို ဖြတ်ကျော်နိုင်တဲ့ ကြံ့ခိုင်မှုရှိခြင်း စွမ်းရည်ပါတယ်။ စိတ်ညစ်စရာအတွေးတွေကို လက်မခံဘဲ ငြင်းပယ်ပစ်တဲ့ စိတ်အင်အားလက္ခဏာပါတယ်။
(၃) ခေါင်းအေးအေးနဲ့ဆင်ခြင်သုံးသပ်နိုင်စွမ်း (Cool cognitive system) ဟာ ကမူးရှုးထိုး စိတ်ခံစားမှုနောက်လိုက်ပြီး တုန့်ပြန်တတ်တဲ့ (hot emotional system) ထက် ပို အားကြီးနေတယ်
(၄)သတိမလွတ်ဘူး လုပ်စရာရှိရင်လဲ ထိထိရောက်ရောက်ကြိုးစားအောင်မြင်နိုင်စွမ်းရှိတယ်
(၅)သူ့မှာ စိတ်ခွန်အားကုန်ခန်းသွားတဲ့ အနေအထားတွေ ဖြစ်တောင် အဖြစ်နည်းတယ်။ တော်ရုံတန်ရုံနဲ့ စိတ်မညစ်တတ်ဘူး။
အထက်ပါ လက္ခဏာတွေ အားလုံးဟာ စိတ်တန်ခိုးရဲ့ လက္ခဏာတွေပဲလို့ ဖော်ပြကြပါတယ်။ စိတ်တန်ခိုး ကြီးမားတဲ့သူတွေဟာ ဘာလုပ်လုပ် ဖြစ်ထွန်းတယ်။ ကိုယ်လုပ်ရင် ဖြစ်မဖြစ်ကို သေသေချာချာ သိတော့ လုပ်ရင် ဖြစ်တယ်။ မနေ့က ပြောခဲ့တဲ့ SE လဲ ကြီးမားမြင့်မားတယ်။ ဘဝဟာ အောင်မြင်တယ်ပေါ့။
ဒီစိတ်တန်ခိုးဟာ ဘယ်ကနေ ဆင်းသက်လာပါသလဲ။ ဒီစိတ်တန်ခိုးနဲ့ အထူးခြားဆုံးဆက်နွယ်နေတဲ့ သဘောတရားကတော့ "မိမိကိုယ်ကိုထိန်းချုပ်ခြင်း" ( self control, self regulation) ပဲဖြစ်ပါတယ်။
ဒီ self control အကြောင်းကို ၂၀၁၃ ခုနှစ်က အနည်းငယ် မိတ်ဆက်ဖော်ပြခဲ့ဖူးပါတယ်။ အခုတော့ စိတ်တိခိုးအကြောင်းနည်းနည်းဆွေးနွေးချင်ပါတယ်။
စိတ်တန်ခိုးဟာ "အပြင်သွေးဆောင်မှုတွေကို ကြံ့ကြံ့ခံခြင်း" ကနေ တက်လာပါတယ်။ နာမည်ကျော် သုတေသနကတော့ "ချိုချဉ်သုတေသန" ပါပဲ။ ကလေးတစ်ယောက်ကို အခန်းထဲမှာ ထည့်ထားတယ်။ ချက်ခြင်း ဆိုရင် ချိုချဉ်လေး အသေးလေးတလုံးရမယိ။ နောက် ၁၅ မိနစ်လောက်စောင့်နိုင်ရင်တော့ ချိုချဉ်များများ ဒါမှ မဟုတ် ကွတ်ကီးထုပ်ကြီးကြီးရမယ် ဆိုတဲ့ သဘောတရား။ အဲ့ဒီမှာ ရလာဒ်ကောင်းအတွကိ စိတ်ရှည်သည်းခံစောင့်စားနိုင်တဲ့ ကလေးတွေဟာ နောက်ပိုင်းမှာ ပညာရေးမှာပါ ထူးချွန်ကြသူတွေဖြစ်တာကိုတွေ့ရပါတယ်။
ကိုယ့်ရဲ့ ရည်မှန်းတစ်ခုအတွက် ပြင်ပသွေးဆောင်မှုတွေကို ကြံ့ကြံ့ခံတယ်ဆိုတာ လွယ်မှ မလွယ်တာပဲ။ ရေတို အပျော်တွေကို ခုခံနိုင်ခြင်းဟာ ဘဝရဲ့ အောင်မြင်ခြင်းလမ်းစ ဆိုတာ လူအများသိကြပြီးသားပါပဲ။
ထူးခြားတာက ဒီလို စိတ်တန်ခိုးဟာ အသေးအဖွဲ လေးတွေကို တဆင့်ပြီးတဆင့် ကြံ့ကြံ့ခံရင်း လေ့ကျင့်ခန်းယူတဲ့ကြွကိသားများလို သန်မာလာတယ်ဆိုတဲ့သဘောပါပဲ။
ပထမဆုံး ဆေးလိပ်သောက်တဲ့သူဆိုရင် တလိပ်မသောက်ပဲနေကြည့်တယ်။ နောက် နည်းနည်း ပိုလျှော့ပြီးခုခံတယ်။ ဒီလို အသေးအဖွဲကလေးတွေကနေ စိတန်ခိုးကြီးမားဖွံ့ဖြိုးလာဖို့ လမ်းစရှိပါတယ်။
သက်ဆိုင်ရာ ဘာသာရေး စည်းကမ်းတွေကို လိုက်နာခြင်းဟာ စိတ်တန်ခိုးထူးခြားကြီးမားဖို့ အထောက်အကူပါပဲ။ ပြင်ပသွေးဆောင်မှုတွေကို ကြံ့ကြံ့ခံရတဲ့ သဘောချင်းဆင်လို့ပါ။
ထူးခြားတာက ဒီလို ကြံ့ကြံ့ခံတဲ့အခါ စိတ်ဟာ ပင်ပန်းအားကုန်လာတတ်တယ်။ ဒီလိုအချိန်မှာ အနားပေး အနားယူရင်း တဖြည်းဖြည်း ပြန်ကျင့်ယူသွားရပါတယ်။ နောက်စိတ်ဝင်စားစရာတစ်ခုက အားကစားလုပ် ကျန်းမာရေးမျှတနေရင် စိတ်အင်အားကြီးပို့ ပိုလွယ်တယ်ဆိုတာပါပဲ။ အားကစားမှန်သမျှဟာ "ငါလုပ်နိုင်တယ်" ဆိုတဲ့ အောင်နိုင်ခြင်းခံစားချက်ကို ပေးပါတယ်။ အထောက်အကူဖြစ်ပါတယ်။
ဒီလို စံနစ်တကျ အချိန်နဲ့ ကျင့်ယူထားတဲ့ စိတ်တန်ခိုးဟာ ကျန်းမာရေးအတွက် အရက်ဖြတ် ဆေးလိပ်ဖြတ် ခန္ဓာကိုယ် လှလှလေးဖြစ်အောင် ကစားတာကနေ စီးပွားရေးကိစ္စ ဆုံးဖြတ်ချက်တွေအထိ အရေးပါပါတယ်။ စတော့နဲ့ forex မှာ ဆိုရင် ကျနော်တို့ကို ဒုက္ခပေးတာ ဈေးတက်မလား ကျမလား ဆိုတာ ရင်တထိတ်ထိတ်နဲ့ လောချင် အောချင်တဲ့ လောဘပါပဲ။ ဒီလို ဟာတွေအတွက်လဲ အများကြီးအထောက်အကူရပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ သတိနဲ့စိတ်မှာကပ်ထားတဲ့ သတိပဌာန် လေ့ကျင့်ခန်းဟာ အလွန်မြန်ဆန်စွာ စိတ်အင်အားကြီးစေနိုင်ပါတယ်။
စမတ်ကျကျ ဝတ်စားလေ့ရှိမယ်
ပြောရင်ဆိုရင် ဆွဲဆောင်လွှမ်းမိုးမှုရှိနေမယ်
ကိုယ့်ကိုယ်ကို ယုံကြည်မှုအားကောင်းမယ်
အရေးကိစ္စကြုံလာရင် တုန်လှုပ်သွားတောင် ရင်ဆိုင်နိုင်မယ်
အားကိုးချင်စရာကောင်းတဲ့ တည်ငြိမ်သူ တစ်ယောက်အဖြစ် မိသားစု သူငယ်ချင်းတွေက မြင်ကြမယ်
အလုပ်ထဲမှာ ခေါင်းဆောင်ကောင်းအဖြစ်လျာထားခြင်းခံရမယ်
အဲ့လိုအနေအထား လူရည်လူသွေးတွေ ကို လူတွေဖြစ်ချင်ကြမှာပါ။ လူတိုင်း ဖြစ်နိုင်ပါတယ်။ လူတိုင်းမချမ်းသာနိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘဝကို ကျေနပ်တဲ့ အရည်အသွေးမြင့်လူသားဖြစ်အောင် လူတိုင်းလေ့ကျင့်လို့ရနိုင်ပါတယ်။ ဒါတွေဟာ လေ့ကျင့်လို့ရတဲ့ အရာတွေဖြစ်ပါတယ်။
ပိုပြီး စမတ်ကျတဲ့ သူတွေဖြစ်နိုင်ကျပါစေဗျာ

Facebook ပို့စ်ကြောင့် ဆရာတဦး အသရေဖျက်မှုဖြင့် တရားစွဲခံရ

မြ၀တီမြို့တွင် အသက်မပြည့်သေးသူ မိန်းကလေးတဦးအား ကာမလိမ်လည်ရယူ ပေါင်းသင်းပြီး စွန့်ပစ်ထားခဲ့ခြင်းကို မခံမရပ်နိုင်သော ပြည်သူတဦးက Facebook စာမျက်နှာပေါ် တင်လိုက်သဖြင့် ၎င်းဖြစ်စဉ်နှင့် ပတ်သက်နေသည့် အမျိုးသားက Facebook တင်သူကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အသက်မပြည့်သေးသူမိန်းကလေးအား ကာမလိမ်လည်ရယူပေါင်းသင်းပြီး စွန့်ပစ်ထားမှုသတင်းကို အောက်တိုဘာလ (၂၈)ရက်နေ့ထုတ် အတွဲ(၉)၊ အမှတ်(၂၃) News Watch ဂျာနယ်စာ(၂၇)တွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သလို မြ၀တီမြို့ နယ် တရားရုံးတွင် လက်ရှိတရားရင်ဆိုင်နေသည့်အမှုလည်း ဖြစ်သည်။ အဆိုပါအမှုတွင် မိန်းကလေးဘက်မှ မခံမရပ်နိုင်ဖြစ်သော ပြည်သူတဦးက မြ၀တီမြို့၊ အမှတ် (၃)ရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်း အမှတ်(က/၃၈၆)နေ စာသင်ပြပေးနေသော ဦးဝင်းချိုဆိုသူ၏အမည်ဖြင့် Facebook စာမျက်နှာပေါ် တင်လိုက်ရာ ဆရာဦးဝင်းချိုမှာ ဘုမသိဘမသိဖြင့် ယခုအခါ မြ၀တီမြို့နယ်တရားရုံးတွင် ပုဒ်မ(၅၀၀)ဖြင့် အမှုရင်ဆိုင်နေရသည်ဟု ဆိုသည်။

“ကျွန်တော်က (၁၀)တန်းကလေးတွေကို စာသင်ပြပေးနေတဲ့ ဆရာတဦးလည်းဖြစ်သလို ရပ်မိ/ရပ်ဖလည်းဖြစ် တော့ ကျွန်တော့်ကို လူသိများတယ်။ ဒါကြောင့် ကျွန်တော့်အမည်ကိုအသုံးပြုပြီး ပြည်သူတဦးက မှာတင်လိုက် တာဖြစ်ပါတယ်။ ကျွန်တော်တင်တာတော့ မဟုတ်ပါဘူး။ ဒါကို အဲဒီအမှုနဲ့ပတ်သက်နေသူက ကျွန်တော်တင်ပါတယ်ဆိုပြီး အသရေဖျက်မှုနဲ့ မြို့နယ်တရားရုံးမှာ တရားစွဲတဲ့အတွက် ပုဒ်မ-၅၀၀နဲ့ အမှု ရင်ဆိုင်နေရတာပါ။ ဒီအမှုက လက်ရှိမြို့ နယ်တရားရုံးမှာ တကယ်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ တင်တဲ့လူကလည်း လုပ်ကြံ လိမ်လည်ပြီး Facebook စာမျက်နှာမှာ တင်လိုက်တာတော့ မဟုတ်ပါဘူး။ ဒါကို တရားသူကြီးက လက်ခံလိုက်တဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်”ဟု တရားရင်ဆိုင်နေရသူ ရပ်မိ/ရပ်ဖ ဆရာဦးဝင်းချိုက News Watch သို့ ပြောသည်။

သက်ဦးနိုင်(မြ၀တီ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf

ဘာမှဖြေစရာ မရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ပြောကြားချက် လူကြီးများ၏ သဘောထား မဟုတ်ကြောင်း မြန်မာသံတော်ဆင့် အမှုဆောင်အရာရှိချုပ် မှတ်ချက်ပြု

ရန်ကုန်၊ အောက်တိုဘာ ၃၀

တပ်မတော်မှ ပစ်ခတ်မှုဖြင့် သေဆုံးခဲ့ရသည့် အလွတ်တန်း သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ အစိုးရဘက်မှ သဘောထားမှတ်ချက် တောင်းခံရာ တွင် မြန်မာသံတော်ဆင့်၏ မူဝါဒကို မနှစ်သက်သည့် အတွက် မဖြေပေးနိုင်ကြောင်း ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်က အောက်တိုဘာလ ၃၀ ရက်နေ့တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

အစိုးရ၏ သဘောထားမှတ်ချက် ရရှိရန်အတွက် ပြန်ကြားရေး ပြည်ထောင်စု ၀န်ကြီးနှင့် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်ထံ မြန်မာသံတော်ဆင့် မှ အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း ဖုန်းဖြင့် ဆက်သွယ် ခဲ့သော်လည်း ပြန်ကြားရေး ၀န်ကြီးရုံး ၀န်ထမ်းများက ၀န်ကြီး အလုပ်များနေသည် ဆိုသည့်အတွက် အီးမေးလ်ဖြင့်လည်း မေးခွန်း များ ပေးပို့မေးမြန်းခဲ့သည်။

သို့သော် အောက်တိုဘာလ ၃၀ နေ့အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် ဖုန်းဖြင့် ထပ်မံ ဆက်သွယ်ခဲ့ရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

““သံတော်ဆင့် ဆိုရင်တော့ ကျွန်တော် ဘာမှဖြေစရာ အကြောင်းမရှိဘူးဗျ။ ခင်ဗျားကိုတော့ လေးစားပါ တယ်ဗျာ။ ခင်ဗျားတို့ဂျာနယ်ရဲ့ မူဝါဒက ကျွန်တော် မနှစ်သက်တဲ့ အတွက်ကြောင့်မို့လို့ မဖြေပေးနိုင်တာ ခွင့်လွှတ်ပါ””ဟု ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးနှင့် သမ္မတပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

သတင်းထောက် ကိုပါကြီးနှင့် သေဆုံးရမှုနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့် မှ ပေးပို့ခဲ့သည့် မေးခွန်းများတွင် ““သမ္မတ ဦးသိန်းစိန် အစိုးရက မီဒီယာများနှင့် အဆင်ပြေစေရန် လုပ်ဆောင်နေချိန် ယခုကဲ့သို့ စစ်တပ်မှ ပစ်ခတ်မှုကြောင့် ကိုပါကြီး သေဆုံးရမှုကြောင့် ဘယ်လောက်အထိ အဟန့်အတား ဖြစ်သွားစေ မလဲ””၊ ““ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် စစ်တပ်ဘက်မှ လုပ်ဆောင်မှု အပေါ် သဘောထား ထုတ်ပြန်သွားရန် အစီအစဉ်ရှိ၊ မရှိ””၊ ““စစ်ဘက်နှင့် အရပ်ဘက် ပြဿနာ ဖြစ်သည့်အခါ အစိုးရပိုင်းမှ ၀င်ရောက် ဖြေရှင်းပေးမှု အားနည်းခြင်းမှာ စစ်ဘက်ဆိုင်ရာအပေါ် အခြေခံ ဥပဒေအရ အကြီးဆုံးဖြစ် သည့် သမ္မတ ဦးသိန်းစိန် အနေနှင့် ၀င်ရောက် ဖြေရှင်းပေးနိုင်ခြင်း မရှိသည့် သဘောများ သက်ရောက် နေပါသလား”” အပါအ၀င် မေးခွန်း ၉ခုအား အီးမေးလ်ဖြင့်ပေးပို့ မေးမြန်းထားသည်။

““ကျွန်တော် ကိုအံ့ခေါင်မင်းကို တစ်ခါပြောပြီးပြီ။ ကျွန်တော်နဲ့ ဖြေတဲ့ဟာကို ကုတ်လုပ်ပြီးတော့ မျက်နှာဖုံး တင်ကတည်းက ခင်ဗျားတို့ကို ကျွန်တော်ပြောပြီးသား။ အဲဒါကိုပြင်မပေးရင် ကျွန်တော် မဖြေပေးဘူးလို့ ပြောပြီးသား”” ဟုလည်း ၀န်ကြီး ဦးရဲထွဋ်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဦးရဲထွဋ် ပြောကြားချက်နှင့် ပတ်သက်၍ မြန်မာသံတော်ဆင့် ဒုတိယအယ်ဒီတာချုပ် ဦးအံ့ခေါင်မင်းက ““ဦးရဲထွဋ် အခုမဖြေဘူးလို့ ပြောတာက မရှင်းလင်းဘူး။ ကျွန်တော်တို့ မြန်မာသံတော်ဆင့် မူဝါဒကို မကြိုက်လို့ မဖြေဘူးလို့ ဆိုလိုချင်တာလား။ သူပြောတဲ့ ဟာတစ်ခုကို မျက်နှာဖုံးတင် ဖော်ပြခဲ့လို့ အဲဒါကို မကျေလည်လို့ မဖြေတာလားဆိုတာ မရှင်းလင်းဘူး။ ကျွန်တော်တို့ မြန်မာသံတော်ဆင့် မူဝါဒကို မနှစ်သက်လို့ မဖြေဘူး ဆိုရင်တော့ သူ့အပိုင်းပဲ။ ဒါပေမယ့် သူပြောတဲ့ အကြောင်းအရာကို ကုတ်လုပ်ပြီး မျက်နှာဖုံးတင်လို့ မဖြေဘူး ဆိုတာကတော့ ကျွန်တော် ထင်တယ် ကျွန်တော်တို့ ဂျာနယ် အတွဲ(၂)၊ အမှတ်(၅၂)မှာ သူ့အင်တာဗျူး ပြောကြားချက် တစ်ခုကို မျက်နှာဖုံးတင်ခဲ့လို့ ဒါနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မကျေလည်တာဆိုရင် သူ့ရဲ့ ပြောကြားချက်ကို ကျွန်တော်တို့ အတွဲ(၃)၊ အမှတ်(၂၄)မှာ အသေအချာ ရှင်းပြီးသားပါ။ ဒါကို သူ့ဘက် ကလည်း ပြန်ငြင်းတာမျိုး မရှိဘူး။ ဒီ့နောက်ပိုင်းလည်း သူ့အနေနဲ့ ကျွန်တော်တို့ဂျာနယ်က မေးရင်ဖြေတာ မျိုးတွေရှိတာပဲ။ ဖြစ်နိုင်တာက အခု နောက်ပိုင်းမှာ မူဝါဒပိုင်းအရ သူရပ်တည်တဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ ကျွန်တော်တို့ ဂျာနယ်က သတင်းဖော်ပြမှုတွေ ထိပ်တိုက်တွေ့တာတွေ ရှိတယ်။ ဒီအပေါ်မှာ သူ့အနေနဲ့ မကျေလည်တာမျိုး ဖြစ်မယ်ထင်တယ်””ဟုပြောသည်။ ““သူက ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဖြစ်နေတဲ့အပြင် တပ်က ဗိုလ်မှူးကြီး အဆင့်နဲ့ အနားယူခဲ့ရတော့ ကျွန်တော်တို့ မီဒီယာတွေအပေါ် ပြောချင် သလိုပြော နေတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ကလည်း သူပြောတာလောက်ကို ဘာမှ ထည့်စဉ်းစားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ သူပြောတိုင်း လူကြီးတွေ(အစိုးရအဖွဲ့) သဘော မဟုတ်လို့ပါ””ဟု မြန်မာ သံတော်ဆင့် အမှုဆောင် အရာရှိချုပ်က မှတ်ချက်ပြု ပြောကြားသည်။

သတင်းအဖွဲ့

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

လည်ပင်းတွင် ထိုးသွင်းဒဏ်ရာဖြင့် လူငယ်တစ်ဦး အထက်ပန်းဆိုးတန်း လမ်းပေါ်တွင် သေဆုံး

ရန်ကုန် အောက်တိုဘာ ၃၁

အောက်တိုဘာ ၃၁ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က မင်္ဂလာတောင်ညွန့် မြို့နယ် ကန်တော်ကလေး (မြောက်ပိုင်း)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘုန်းမြင့်ဝင်းသည် ကျန်းမာရေးအတွက် ကန်တော်ကြီး ပတ်လမ်း၌ လမ်းလျှောက်ရန် ထွက်လာစဉ် အထက်ပန်းဆိုးတန်းလမ်း မြန်မာမေဖလားဝါးဘဏ်ရှေ့ လူသွား စင်္ကြံပလက်ဖောင်းပေါ်တွင် ခန္ဓာကိုယ်တစ်ဝက်နှင့် ဦးခေါင်းတင်၍ ခြေထောက် နှစ်ဖက်မှာ မော်တော်ကားလမ်းပေါ် ပက်လက်အနေအထားဖြင့် လဲကျနေသည် ကိုတွေ့ရှိ၍ အရက်မူးလဲနေသည်ထင်မှတ်ကာ အနီးကပ်သွားရောက်ကြည့်ရှုရာ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးက မင်္ဂလာတောင်ညွန့်ရဲတပ်ဖွဲ့စခန်းသို့ ချက်ချင်း ဖုန်းဆက်သတင်းပေးပို့ရာ တာဝန်ကျ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးကာ အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်လိုက်သည်။

သေဆုံးသူမှာ အသက်(၂ဝ)အရွယ်ခန့် လူငယ်တစ်ဦးဖြစ်ပြီး အပြာနုရောင် ဂျင်းဘောင်းဘီအရှည် အညိုရောင် တီရှပ်လက်တိုအင်္ကျီဝတ်ဆင်ကာ ငွေစက္ကူ ကျပ်ငါးရာဖိုးခန့် လက်နှစ်ဖက်စလုံးတွင် ဆုပ်ကိုင်ထားလျက်ရှိသည်ကို တွေ့ရသည်။

မည်သူမည်ဝါ အထောက်အထားမတွေ့ရှိ၍ စုံစမ်းရာ မင်္ဂလာတောင် ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက်တွင် ဦးလေးတော်စပ်သူနှင့် လွန်ခဲ့သော တစ်နှစ် ခန့်က အတူနေထိုင်ခဲ့ပြီး ဆိုက်ကားနင်းသည်ဟု ကနဦးစုံစမ်းချက်အရ သိရှိရ သည်။  ဆက်လက်စုံစမ်းစစ်ဆေးရာ သေဆုံးသူမှာ သာကေတ(၄)ရပ်ကွက် ရန်ပြေ (၄)လမ်းနေ ကျောက်ခဲ(ခ)အောင်ဆက်ပိုင်ဖြိုး (၂၃ နှစ်)ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှ သေဆုံးသူအလောင်းကို စစ်ဆေးခဲ့ရာ ထိုးသွင်းဒဏ်ရာ များရရှိထားကြောင်း တွေ့ရှိရသည်။ တိုင်း၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ ချက်ချင်း ရောက်ရှိလာပြီး ဖြစ်စဉ်မှုခင်းဖော်ထုတ်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အောင်သန်း(မင်္ဂလာတောင်ညွန့်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS?ref=stream&fref=nf

ကားတစ်စီးကို ကျပ် ၄,၀၀၀ နဲ့ လေလံဆွဲခဲ့တဲ့ သမီးတော် (သမီးတော်ရာဇ၀င်(၁၄)) – လက်စောင်းထက်

တပ်မတော်ထဲမှာ နှစ်ပေါင်းများစွာ အသုံးပြုပြီး ဆက်လက် အသုံးပြုလို့မရတဲ့ မော်တော်ယာဉ် အဟောင်းအပျက်တွေကို မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ပင်မမော်တော်ယာဉ်တပ်ထဲမှာ လေလံပစ်လေ့ ရှိပါတယ်။ ဒီလေလံပွဲကို တပ်မတော်က တွဲဖက်စစ်ထောက်ချုပ် ဦးဆောင်တဲ့ အဖွဲ့က မောင်းလေး တစ်လုံးနဲ့ ရောက်လာပြီး ကျင်းပပြုလုပ်ပါတယ်။

ဒီလေလံပွဲကို အဲဒီ့ခေတ်က နိုင်ငံပိုင် မီဒီယာတွေဖြစ်တဲ့ ကြေးမုံ၊ မြန်မာ့အလင်း၊ မြ၀တီ သတင်းစာ တွေကနေ ကြော်ငြာလေ့ရှိပါတယ်။ လေလံပွဲကို မည်သူမဆို ၀င်ရောက် လေလံဆွဲခွင့်ရှိပြီး ဈေးအများဆုံး ပေးတဲ့သူက ရလေ့ရှိပါတယ်။ လေလံဝင်ပြိုင်လိုသူတွေဟာ သတ်မှတ်ထားတဲ့ အာမခံကြေးကို ဘဏ်မှာသွင်းပြီး မှတ်ပုံတင်ရပါတယ်။ ပြီးရင် ဘဏ်ချလံနဲ့အတူ လေလံဝင်ဆွဲခွင့် ပုံစံ ဖြည့်ကြရပါတယ်။ ပြီးရင်တော့ သတ်မှတ်ရက်မှာ ကုန်းမြင့်လေးပေါ်က ပင်မယာဉ် သိုလှောင်ရေး တပ်ခန်းမမှာ လေလံပွဲ ကျင်းပပါတယ်။ တစ်ခါတလေတော့ မိတ္ထီလာမှာ တစ်ခါတလေ မန္တလေးမှာ တစ်ခါတလေ လားရှိုးမှာ စသဖြင့် ကားတွေ စုပုံထားတဲ့ နေရာတွေမှာလည်း လေလံပွဲတွေ လုပ်လေ့ရှိပါတယ်။ တစ်ခါတုန်းကတော့ တပ်မတော်မှာ ယာဉ်အိုယာဉ်ဟောင်းတွေ ဖြစ်တဲ့ လင့်ရိုဘာ ကားအစီး ၁၀၀ကျော်ကို လေလံပစ်ဖို့ သတင်းစာ အသီးသီးကနေ ကြော်ငြာခဲ့ပါတယ်။ ဒီကြော်ငြာကို ဖတ်ရတဲ့ တပ်မတော် (လေ)က အရာရှိ တစ်ယောက်နဲ့ တပ်မတော်(ကြည်း)က အရာရှိ သုံးယောက် ပေါင်းပြီး လင့်ရိုဘာ ကားတစ်စီးကို ၀င်ရောက်လေလံဆွဲဖို့ စီစဉ်ပါတော့တယ်။

အဲဒီခေတ်က ကားတင်သွင်းခွင့်တွေ ပိတ်ထားတဲ့အတွက် ကားပါမစ်က ဈေးအရမ်းကြီးပြီး လေလံဆွဲတဲ့ ကားတွေ ၀ပ်ရှော့မှာ စိတ်တိုင်းကျပြင်ပြီး ပြန်ရောင်းရင်တောင် ပိုက်ဆံ အဆမတန် မြတ်တဲ့ ခေတ် ဖြစ်ပါတယ်။ လေလံကားတောင် ကျပ်သိန်း ၁၀၀အထက် ပေးပြီး ဆွဲရတဲ့ ၂,၀၀၀ ပြည့်နှစ် နောက်ပိုင်းကာလလည်း ဖြစ်ပါတယ်။ လူပျိုတွေဖြစ်တဲ့ ဒီအရာရှိ လေးယောက်ကတော့ လင့်ရိုဘာ ကားလေးကို လေလံဆွဲပြီး ၀ပ်ရှော့မှာ စိတ်တိုင်းကျ ပြင်မယ်လို့ စိတ်ကူးထားပါတယ်။ ပြီးတော့မှ ပြင်ထားတဲ့ လင့်ရိုဘာကားကို အရာရှိ ယူနီဖောင်း အပြည့်အစုံဝတ်ပြီး တပ်မမှူး၊ ဗျူဟာမှူးရဲ့ သမီးတွေရှေ့မှာ အပြတ်ဂိုက်ပေးကြမ်းဖို့ စိတ်ကူးတွေလည်း ယဉ်လျက်ရှိပါတယ်။

အားလုံးမျှော်လင့်ထားတဲ့ အတိုင်း တစ်နေ့မှာတော့ မင်္ဂလာဒုံ မြို့နယ်မှာရှိတဲ့ ပင်မ မော်တော်ယာဉ် တပ်မှာ တွဲဖက် စစ်ထောက်ချုပ်က တပ်မတော်မှာရှိတဲ့ လင့်ရိုဘာကားတွေ လေလံပစ်ပါတယ်။ လေလံပွဲတိုင်း မပါမဖြစ်တဲ့ တရုတ် သူဌေးတွေရော၊ ကုလား သူဌေးတွေပါ မကျန် လာရောက် ကြသလို လင့်ရိုဘာကားကို လေလံ ဆွဲချင်တဲ့ စစ်ဗိုလ်လေးယောက်လည်း ရောက်လာကြပါတယ်။

လေလံပစ်ခါနီးမှာတော့ မျက်နှာပျက်နေတဲ့ တွဲဖက် စစ်ထောက်ချုပ်က လေလံပစ်တဲ့ အထဲမှာ လင့်ရိုဘာ ကားတွေ မပါဘဲ တခြား ယာဉ်အိုယာဉ်ဟောင်းတွေကိုပဲ လေလံပစ်ဖို့ ကြေညာခဲ့ပါတယ်။ အားလုံးက လင့်ရိုဘာကားတွေ မပါလို့ စုံစမ်းမေးမြန်းတဲ့ အခါကျမှ လင့်ရိုဘာကား အားလုံးကို ခေါင်းဆောင်ကြီးရဲ့ သမီးတော် တစ်ယောက်က အားလုံး လေလံဆွဲသွားကြောင်း အသိပေးခဲ့ပါတယ်။

ဒီသတင်းကို ကြားရတဲ့ အရာရှိစစ်ဗိုလ် လေးယောက်လည်း ပက်လက်လန် သွားတာပေါ့။ နောက်မှ တိုးတိုးတိတ်တိတ် ကြားသိရတာက လင့်ရိုဘာ ကားတွေကို ဈေးပြိုင်ပေးမယ့်သူ မရှိဘဲ တစ်စင်းကို မြန်မာငွေကျပ် ၄,၀၀၀တည်းနဲ့ လေလံပစ်မယ့် Lot တစ်ခုလုံး တစ်ဦးတည်း ရယူသွားတယ်လို့ သိခဲ့ရတာပါပဲ။

တပ်မတော်က သမီးတော် တစ်ဦးတည်း လေလံဆွဲသွားတဲ့ လင့်ရိုဘာ ကားအစီးရေဟာ ၁၀၀ကျော် ရှိပါတယ်။ ဒီကားတွေဟာ မောင်းလို့ မရအောင် ပျက်စီး ဟောင်းနွမ်းနေပေမယ့် လေလံ ကားနံပါတ်ကတော့ အရမ်းတန်ဖိုး ရှိပါတယ်။ ဒါကိုသိတဲ့ သမီးတော်က ဖခင်ဖြစ်သူရဲ့ သြဇာအာဏာကို ကောင်းကောင်း အသုံးချလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီနောက် လင်ရိုဗာ မိုဒယ်မြင့် ကားတွေကို နိုင်ငံခြားက သင်္ဘောနဲ့ မှာယူတင် သွင်းလိုက်ပြီး လင့်ရိုဘာ ကားအစုတ်တွေက လေလံ နံပါတ်နဲ့တွဲပြီး တစ်စီးကို သိန်း၂,၀၀၀ကျော်နဲ့ ရောင်းလိုက်တာ ကားရှားနေတဲ့ မြန်မာနိုင်ငံ အတွက်တော့ ၀ယ်သူတွေ အလုအယက် မြင်မကောင်းအောင် ဖြစ်ခဲ့ပါတယ်။

သမီးတော် အတွက်လည်း လက်ကျန်မရှိ ရောင်းချလိုက်ရသလို မျက်နှာလည်း အလွန်ပွင့်ခဲ့ပါတယ်။ လင့်ရိုဘာ ကားတစ်စီးကို မြန်မာငွေကျပ် ၄,၀၀၀နဲ့ ရင်းလိုက်ရပြီး ကျပ်သိန်း ၂,၀၀၀နဲ့ ပြန်ရောင်းတဲ့ အတွက် ကားတစ်စီးကို အမြတ်ငွေ ၁၉၉၉သိန်း ၉ သောင်း ၆ ထောင် မြတ်ပါတယ်။ ကားအစီး ၁၀၀ ဆိုတော့ အမြတ်ငွေ သိန်းဘယ်လောက်ရမလဲဆိုတာ တွက်သာ ကြည့်ကြပါတော့။ အဲဒီ့ခေတ်က နိုင်သူ အကုန်ယူစတမ်း(Winner Take All)ဆိုတဲ့ ဒဿနအတိုင်း အာဏာရှိသူက အကုန် စားသွားတာပါပဲ။

ဒီကားတွေကို ရောင်းရတဲ့အတွက် တိုင်းပြည်ကလည်း အခွန် ဘဏ္ဍာတွေ ရလား၊ မရလား ဘယ်သူမှ မေးခွန်း မထုတ်ရဲခဲ့ပါဘူး။ အစောက တင်ပြခဲ့သလို လင့်ရိုဘာ ကားစီးပြီး ဂိုက်ပေးကြမ်းမယ်လို့ စိတ်ကူးယဉ်ခဲ့တဲ့ စစ်ဗိုလ်လေးတွေလည်း စိတ်ကူးယဉ်အိပ်မက် ပျက်ခဲ့ပါတယ်။ အခုတော့ ကြည်းတပ်က စစ်ဗိုလ်လေးတွေလည်း အရာရှိကြီးတွေဖြစ်ပြီး နောက်ဆုံးပေါ် မော်ဒယ်ကားတွေ စီးနိုင်နေပါပြီ။

ဒါပေမဲ့ သူတို့အချင်းချင်း ပြန်ဆုံတိုင်း လူပျိုစစ်ဗိုလ် ဘ၀က သမီးတော်ကြောင့် လေလံဆွဲခွင့် မရခဲ့တဲ့ လင့်ရိုဘာ ကားလေးတွေကို လွမ်းမိကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောတိုင်း စားမြုံ ပြန်နေလေရဲ့။

လက်စောင်းထက်

Tomorrow Journal

အားလပ်ရက်မှာ လည်ပတ်စရာ ဟဲလိုးဝင်းည ခံစားကြည့်ဖို့

အောက်တိုဘာ ၃၁ ရက် ည ကို Halloween Night အဖြစ် သတ်မှတ်ပြီး နိုင်ငံအနှံ့အပြားမှာ ပွဲတွေ ကျင်းပကြ သလို မြန်မာ နိုင်ငံမှာလည်း Halloween Night မှာ ပျော်ပွဲရွှင်ပွဲတွေကို နာမည် ကြီးဟိုတယ်တွေ စားသောက် ဆိုင်တွေမှာ ကျင်းပပြုလုပ်ကြမှာ ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှု ပွဲတော် မဟုတ်ပေမယ့်လည်း ဟဲလိုးဝင်း အငွေ့အသက်တွေနဲ့ ပျော်ရွှင်လိုသူတွေအတွက် ဟဲလိုးဝင်းပါတီ ကျင်းပမယ့် နေရာတွေကို ဖော်ပြပေး လိုက်ပါတယ်။

ဆီဒိုးနားဟိုတယ်

ဆီဒိုးနားဟိုတယ်မှာတော့ ဟဲလိုးဝင်းပါတီကို ဟိုတယ်ရဲ့ PADDY O' MALLEY'S ICE BAR မှာ ပြုလုပ်
ပေးမှာဖြစ်ပါ တယ်။ တစ်ဦးကို ၀င်ကြေး အ မေရိကန် ဒေါ်လာ ၁၂ ဒေါ်လာ သတ်မှတ်ထားပြီး ညနေ ၆ နာရီ စတင်မှာဖြစ်ပါတယ်။ ဖျော်ဖြေ ရေးအတွက် ဖိလစ်ပိုင်ဂီတအ ဖွဲ့တစ်ဖွဲ့က ဖျော်ဖြေပေးမှာဖြစ် ပြီး ဟဲလိုးဝင်း အတွက် speicial cocktails နှင့် snacks များလည်း စီစဉ်ထားပါတယ်။ တက်ရောက် လာသူတွေအနေနဲ့တော့ ဟဲလိုးဝင်းနဲ့ သက်ဆိုင်တဲ့ အ၀တ်အစား တွေ ၀တ်ဆင်လာဖို့တော့ လိုအပ် မှာပါ။

ဆူးလေရှန်ဂရီလာဟိုတယ်

ဆူးလေရှန်ဂရီလာဟိုတယ် မှာတော့ ဟဲလိုးဝင်းကို ပထမဆုံး အကြိမ် ကျင်းပမှာဖြစ်ပြီး ဟိုတယ် ရဲ့ Gallery Bar မှာ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ မည်သူမဆို အခမဲ့ လာရောက်နိုင်မှာဖြစ်ပြီး Cock tail မျိုးစုံကို အထူးစီ စဉ်ထားမှာ ဖြစ်ပါတယ်။ ပွဲတက်လာတဲ့သူ တွေထဲကနေ ဟဲလိုးဝင်းအတွက် အကောင်းဆုံးဝတ်ဆင်လာ သူကို Best Costume ဆု ပေးအပ်သွား ဖို့ အစီအစဉ်ရှိသလို တခြား ပြိုင် ပွဲတွေလည်း ကျင်းပပေးသွားဖို့ အစီ အစဉ်ရှိပါတယ်။ ပွဲကိုတော့ ည ၆ နာရီ စတင်မှာ ဖြစ်ပါတယ်။

ချက်ထရီယမ်ဟိုတယ်

ချက်ထရီယမ်ဟိုတယ်မှာ လည်း ဟဲလိုးဝင်းညကို ပထမဆုံး အကြိမ် ပြုလုပ်ပေးမှာဖြစ်ပါ တယ်။ ဟိုတယ်ရဲ့ Club Rizzoil မှာ ပြုလုပ်မှာဖြစ်ပြီး အခမဲ့တက် ရောက်နိုင်မှာဖြစ်ပါတယ်။ ဒီမှာ လည်း ဟဲလိုးဝင်းနဲ့ပတ်သက် ပြီး အကောင်းဆုံး ၀တ်ဆင်လာတဲ့သူ ကို Best Costume ဆုပေးဖို့ အ စီအစဉ်ရှိသလို ကံစမ်းမဲဖောက် ပေး မယ့် အစီအစဉ်တွေလည်း ရှိ ပါတယ်။ ဂီတပိုင်းကို ဒီဂျေ Bay Tar က တင်ဆက်ပေးမှာဖြစ်ပြီး ပွဲစမယ့်အချိန် ကတော့ ည ၇ နာရီပါ။

Mojo

အင်းလျားလမ်းမှာရှိတဲ့ Mojo ဆိုင်မှာလည်း ဟဲလိုးဝင်းည ပွဲကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ၀င်ကြေး ၅၀၀၀ ကျပ် သတ်မှတ် ထားပေမယ့် ဟဲလိုးဝင်းနဲ့ သက် ဆိုင်တဲ့ အ၀တ်အစားတွေ ၀တ် လာ မယ်ဆိုရင်တော့ ၀င်ကြေးပေး စရာ မလိုပါဘူး။ ပွဲကို ည ၁၀ နာ ရီ စတင်ပေးမှာဖြစ်ပြီး တက် ရောက်လာတဲ့သူတွေကို လက် ဆောင်လေးတွေပေးမယ့် အစီအ စဉ်တွေလည်း ရှိပါတယ်။ ဖျော် ဖြေရေးကို ဒီဂျေရဲက တာဝန်ယူ ထားပါတယ်။

House of Memory

House of Memory မှာ ဟဲ လိုးဝင်းည ဆင်နွှဲချင်ရင်တော့ လက်မှတ်တစ်စောင်ကို ကျပ် ၄၀,၀၀၀ နဲ့ ၀ယ် ယူနိုင်ပါတယ်။ Special Coaktail နဲ့ အစားအသောက်တွေလည်း စီစဉ်ပေးထားမှာပါ။ ပွဲလုပ်မယ့် ခြံထဲမှာ လည်း ဟဲလိုးဝင်းနဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ထားမှာဖြစ်ပါတယ်။ ဖျော်ဖြေရေး အစီအစဉ်အနေနဲ့ အကအဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေ ရှိမှာဖြစ်ပြီး ပွဲစမယ့်အချိန်က ည ၈ နာရီပါ။

50 Street Cafe Restaurant Bar

50 Street Cafe Restaurant Bar မှာတော့ ဒီဂျေတွေရဲ့ ဖျော်ဖြေမှုအစီအစဉ်တွေနဲ့ပွဲကို ည ၈ နာရီမှာ စတင်မှာဖြစ်ပါတယ်။ မည်သူမဆို အခမဲ့ လာရောက်နိုင်ပြီး ဟဲလိုးဝင်းဝတ်စုံတွေနဲ့ လာရောက်တဲ့သူတွေအ တွက် ထူးခြားတဲ့ အစီအစဉ် တွေရှိမှာဖြစ်သလို မျက်နှာကို အခမဲ့ ဆေးခြယ်ပေးမယ့် အစီအစဉ်အပါအ၀င် တခြားဝန်ဆောင်မှုပေးမယ့် အစီအစဉ်လည်း ရှိပါတယ်။

Escape Gastro Bar

ကန်ရိပ်သာလမ်းမှာရှိတဲ့ Escape Gastro Bar မှာလည်း ၀င်ကြေးကောက်ခံခြင်း မရှိပေ မယ့် ဟဲလိုးဝင်းနဲ့ပတ် သက်တဲ့ အ ပြင်အဆင်တွေ၊ Cocktails တွေ စီစဉ်ထားသလို ဆိုင်ဝန်ထမ်းတွေ ကလည်း ဟဲလိုးဝင်းညအ တွက် ပြင်ဆင်ခြယ်သမှုတွေနဲ့ ၀န်ဆောင်မှုတွေ ပေးမှာပါ။

Sky Bistro

ဆာကူရာ အထပ်နှစ်ဆယ် မှာရှိတဲ့ Sky Bistro မှာတော့ Halloween Special Week ဆိုပြီး အောက်တိုဘာ ၂၄ ရက်ကနေ ၃၁ ရက်အထိ ပြုလုပ်နေတာဖြစ်ပါ တယ်။ ညနေ ၅ နာရီမှာ ပွဲ စတင်မှာဖြစ်ပြီး ည ၇ နာရီက
နေ ၁၀ နာရီအထိ တေးဂီတနဲ့ ဖျော်ဖြေပေးမှာ ပါ။ ဟဲလိုးဝင်း ၀တ်စုံတွေ ငှား ရမ်း ၀တ်ဆင်နိုင်မှာဖြစ်သလို အစားအသောက်စာရင်းမှာလည်း Special Dinner တွေ စီစဉ်ထား ပါတယ်။

ပါ့ခ်ရွိုင်ရယ်ဟိုတယ်

ပါ့ခ်ရွိုင်ရယ် ဟိုတယ်ရဲ့ Club 5 မှာ ပြုလုပ်မှာဖြစ်ပြီး ပြည်တွင်းပြည်ပက အနုပညာရှင်တွေနဲ့ ဒီဂျေတွေရဲ့
ဖျော်ဖြေမှု အစီအစဉ်တွေလည်း ပါဝင်မှာပါ။ ဝင်ကြေးအနေနဲ့ကတော့ ၁၂,၀၀၀ သတ်မှတ်ထားပြီး ဖက်ရှင် ရှိုးလည်းကြည့်ရမှာဖြစ်သလို တက်ရောက်လာတဲ့သူတွေထဲက အကောင်းဆုံး ဟဲလိုးဝင်းဝတ်စုံဆုကို လည်းပေးအပ်သွားဦးမှာပါ။ ပွဲစမှာကတော့ ည ၉ နာရီပါ။ အဲဒီနေရာတွေတင် မဟုတ်ဘဲ ကမ္ဘာအေးဘုရား လမ်းက GTR Club ၊ ၀င်္ကပါလမ်းက Salad စားသောက်ဆိုင်၊ အနောက်ရွှေဂုံတိုင်လမ်းက Vista Bar မှာလည်း ဟဲလိုးဝင်းညအတွက် အစီအစဉ်တွေရှိလို့ ပျော်ပျော်ကြီး ဆင်နွှဲလိုက်ကြပါဦး။

7Day Daily

မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရခြင်းနှင့် ပတ်သတ်၍ တရားခံဟု စွပ်စွဲခံရသူမှာ ရုံးချိန်းသို့ အငှားယာဉ်ဖြင့် လာရောက်ခြင်းအပေါ် တရားလို မိသားစုဝင်များ မေးခွန်းထုတ်

အောက်တိုဘာ(၂၆)ရက်နေ့တွင် နှစ်လပြည့်ပြီ ဖြစ်သော မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရခြင်းနှင့် ပတ်သတ်၍ လက်ရှိအချိန် ထိတိကျရေရာသော အဖြေများ ထွက်ပေါ်မလာသေးသည့်အပေါ် တရားလို မိသားစုဝင်များမှ သံသယများစွာ ဖြစ်ပေါ်လျှက်ရှိနေကာ တရားခံဟု ယူဆရသူ အနေဖြင့် ရုံးချိန်းသို့ အငှားယာဉ်ဖြင့် လာရောက်ခြင်းအပေါ်လည်း များစွာအံ့သြမိကြောင်း မော်ဒယ် အေးချမ်းမြတ်မိုး၏ ဖခင်ဖြစ်သူမှ ပြောကြားခဲ့သည်။

“ရုံးချိန်းကိုလာတာ အချုပ်ကားမစီးပဲ အငှားယာဉ်နဲ့ လာတယ်လို့ သိလိုက်ရတော့ ဘယ်လိုပြောရမလဲ၊ စိတ်ထဲမှာ နည်းနည်းတော့ တစ်မျိုးဖြစ်မိတာပေါ့လေ၊ ဒါကလည်း ကိုကျော်စွာမြင့် ဖေ့ဘုတ်မှာ တင်ထားတော့မှ သိရတာပါ။ မဖြစ်သင့်ဘူးပေါ့နော်၊ ဒီအမှုက ပြစ်မှုသေးသေးလေးတွေ မဟုတ်ဘူး၊ လူသတ်မှု ပြစ်မှုအကြီးကြီးပါ၊ အဲ့ဒီလိုမျိုး လုံးဝမလာသင့်ဘူးလို့ ထင်ပါတယ်၊ လူသတ်မှုကို ဘာကြောင့် ဒီလိုခေါ်လာတာလဲ၊ ရဲနဲ့ပေါင်းပြီး လုပ်စားနေကြတာလား ဒါတွေးစရာပါ”ဟု မော်ဒယ် အေးချမ်းမြတ်မိုး၏ ဖခင်ဖြစ်သူ ဦးဝဏ္ဍမှ ပြောကြားခဲ့သည်။

မော်ဒယ်အေးချမ်းမြတ်နိုးမှာ သြဂုတ်လ(၂၈)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ နယ်၊ ဦးဝိစာရအိမ်ယာတွင် လည်ပင်းနှင့် ဆီးခုံနေရာသို့ ရက်ရက်စက်စက် ဓါးဖြင့် ထိုးသတ်ခြင်းခံခဲ့ရကာ ယင်း အမှု့နှင့်ပါတ်သတ်၍နှစ်လကြာသည်အထိ ရုံးချိန်းနှစ်ချိန်းခန့်သာရှိသေးကြောင်းနှင့် အောက်တိုဘာ(၂၉) ရက် နေ့တွင် တတိယရုံးချိန်းအဖြစ်ထပ်မံစစ်ဆေးမည်ဖြစ်ကြောင်းလည်းသိရသည်။

“ဒီအမှုမှာ ထူးခြားတာတွေ အများကြီးပဲ၊ သမီးလေး အသတ်ခံရတော့ ဦးအမျိုးသမီးက ရပ်ကွက်ကို အော်ပြီးအကူညီတောင်းတယ်၊ အဲ့ဒီ အချိန်မှာ ပြေးဆင်းသွားတာ မြင်လိုက်တဲ့သူတွေ၊ ရပ်ကွက်က လူကြီးတွေနဲ့ လိုက်ကြတယ်၊ အဲ့ဒီအချိန်မှာ သွေးစက်တွေ လမ်းမှာတွေ့တယ်၊ သွေးစက်တွေအတိုင်း လိုက်တော့ အံ့ဖြိုးပိုင် နေအိမ်မှာ ဆုံးသွားတယ်၊ ရဲတွေ၊ သူ့အိမ်ကို ၀င်တော့ရဲက သုံးယောက်၊ ရပ်ကွက်က (၅)ယောက်ပါတယ်၊ သွေးစွန်း အကျီင်္တွေလည်း သူ့အိမ်မှာတွေ့တယ်၊ ပြီးတော့ သူထိုးခဲ့ပါတယ်ဆိုပြီး ဓားကိုလည်း သူကိုယ်တိုင်အပ်ခဲ့တယ်၊ ပြီးတော့ စခန်းမှာ ဖြောင့်ချက်ပေးတယ်၊ သူသတ်ပါတယ်လို့ ၀န်ခံခဲ့တယ်၊ နောက်သူ့မိဘတွေနဲ့ တွေ့ပြီး တရားရုံးလည်း ရောက်ရော ဖြောင့်ချက်မပေးတော့ဘူး”ဟု ဦးဝဏ္ဍမှ ဆက်၍ ပြောကြားခဲ့သည်။

သေဆုံးသူ အေးချမ်းမြတ်မိုး(အသက် ၁၉နှစ်)မှာ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ အဝေးသင် တက္ကသိုလ်-ဒဂုံ) တတ်ရောက်နေသူဖြစ်ကာ တရားခံအဖြစ် စွပ်စွဲခံထားရသူမှာ ကိုအံဖြိုးပိုင်၊ အသက် ၂၂ နှစ်၊ တိုက် ၂၊ အခန်း ၆၊ ဦးဝိစာရအိမ်ရာ၊ ဦးဝိစာရ ရပ်ကွက်၊ ဒဂုံမြို့နယ်နေသူဖြစ်ကြောင်း အဆိုပါ အမှုနှင့် ပတ်သတ်၍ ရန်ကုန်တိုင်း ဒေသကြီး၊ အနောက်ပိုင်းခရိုင် တရားရုံးမှာ ပုဒ်မ ၃၀၂ဖြင့် အောက်တိုဘာ(၂)ရက်နေ့တွင် တစ်ကြိမ်၊ အောက်တိုဘာ (၁၆)ရက်နေ့တွင် တစ်ကြိမ် စစ်ဆေးနေကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သတ်၍ အဆိုပါ တရားရုံးသို့ လာရောက်ရာမှ တရားခံဟု စွတ်စွဲခံရသူ အနေဖြင့် အငှားယာဉ်ဖြင့် လာသည်ကို မြင်တွေ့ခဲ့ရသူ တစ်ဦးမှလည်း “အခု အမှုသွား အမှုလာဖြစ်စဉ်အရ အပြစ်ရှိသည် မရှိသည်မှာ တရားစီရင်ရေး အဆုံးအဖြတ်ပါ။ ဒါပေမယ့် တရားခံအဖြစ် စွပ်စွဲ ခံထားရသူ အံ့ဖြိုးပိုင် တစ်ယောက် အင်းစိန်ထောင်ကနေ အများနည်းတူ အချုပ်ကား မစီးဘဲ ရဲတွေက လမ်းကြောင်းကြေး ယူပြီး အငှားယာဉ်နဲ့ တရားရုံးလာပြီးနောက် အငှားယာဉ်နဲ့ပဲ အင်းစိန်ထောင် ပြန်တယ်ဆိုတော့ တရာခံများကို အင်းစိန်ထောင်အချုပ်မှ သက်ဆိုင်ရာ တရားရုံးများသို့ အငှားယာဉ်ဖြင့် ခေါ်ဆောင်ခွင့်ရှိ/မရှိ၊ အခြားသော အချုပ်သားများနည်းတူ မဆောင်ရွက်ပဲ ဘယ်လို အကြောင်းကြောင့် ဘယ်သူ့အမိန့်နဲ့ အချုပ် တရားခံကို အငှားယာဉ်စရိတ် အကုန်အကျခံပြီး ရုံးထုတ်ပေးနေပါသလဲဆိုတာ သိချင်ပါတယ်၊ အခုက ခိုင်လုံနေတဲ့ လူသတ်မှု တစ်ခုကို ငွေကြေးအင်အားနဲ့ အမှန်ကနေ အမှားဖြစ်အောင် ကြိုးစားနေတယ်လို့ ခံစားနေရပါတယ်” ဟု ပြောကြားခဲ့သည်။

Tomorrow Journal

အလွတ်သတင်းထောက် ကိုပါကြီးအမှု စုံစမ်းတင်ပြဖို့ သမ္မတ ညွှန်ကြား

နိုင်ငံတော်သမ္မတက အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ဆိုင်ရာ အထူး အစီရင်ခံစာ တင်ပြဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ မနေ့က ညွှန်ကြား ထားပါတယ်။

အဲဒီညွှန်ကြားချက်ကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာကို ဒီနေ့ လာရောက် တွေ့ဆုံဖို့ ဖိတ်ကြားခဲ့ပေမယ့် တွေ့ဆုံပွဲ ပျက်သွားတယ်လို့ မသန္တာက ပြောပါတယ်။

"လူ့အခွင့်အရေး ကော်မရှင်ဆိုတာ ပွင့်လင်းမြင်သာမှုရှိမယ်လို့ ကျမတို့ယုံကြည်တယ်၊ ဒါကြောင့် ကျမတို့ကို တွေ့ခွင့်ပေးပါလို့ဆို သူတို့က ၂ ယောက်ပဲ ပေးဝင်မယ်လို့ပြောတယ်၊ အဲ့ဒါနဲ့ ကျမတို့ တွေ့ဆုံမှု ပျက်သွားတာပါ၊ ကျမအပါအဝင် ရှေ့နေရော ကျမအဖော် ၄ ယောက်ရော ဝင်ခွင့်ရဖို့အတွက် ကျမတစ်နာရီကျော် ထိုင်စောင့်ပါတယ်၊ ပလက်ဖောင်းဘေးမှာပဲ၊ ဒီနေ့ တိုင်ကြားစာပါသွားပါတယ်၊ ကျမတွေ့ခွင့်ရရင် ယုံကြည်လေးစားစွာနဲ့ လက်ထဲကို တိုက်ရိုက်ထည့်မယ်၊ အခုတော့ တွေ့ခွင့်မရတဲ့အတွက်ကြောင့် ကျမစာတိုက်ကပဲထည့်မှာပါ"

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မသန္တာကို လာရောက်တွေ့ဆုံဖို့အတွက် တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့တာဖြစ်ပြီး ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာနဲ့အတူ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးရောဘတ်စန်းအောင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီး၊ မနီလာသိန်းတို့ သွားရောက်ခဲ့တာပါ။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

ပြည်မြန်မာဂျာနယ်တွင် ဦးရဲထွဋ်ပြောကြားချက် တရားရုံးကို မထီမဲ့မြင်ပြုနေ

ရန်ကုန်၊ အောက်တိုဘာ၂၉

ပြည်မြန်မာ ဂျာနယ်တွင် ရေးသား ဖော်ပြခဲ့သော ““ဦးဆန်းဆင့်သည် အစိုးရအဖွဲ့၏ အစည်းအဝေး များတွင် အသံ ဖိုင်များ ခိုးဖမ်း ခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီး ဦးရဲ ထွဋ်ပြော””ဟူသည့် သတင်း ဖော်ပြ ပါအချက်များ အတွက် အဆိုပါ ပြောဆိုခဲ့သူ ၀န်ကြီး ဦးရဲထွဋ်သည် တရားရုံးကို မထီမဲ့မြင် ပြုမှုနှင့် အရေး ယူခံ ရနိုင်ကြောင်း တရား လွှတ် တော် ရှေ့နေ ဦးဆန်းမြင့်က မြန်မာသံတော်ဆင့်သို့ ပြောကြား လိုက်သည်။

ပြည်မြန်မာဂျာနယ်တွင် ဖော် ပြခဲ့ရာ၌ ““ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေကျပ်တစ်သိန်း ကျခံခဲ့ရသော သာသ နာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်သည် အစိုးရအဖွဲ့ အစည်းအဝေးများတွင် အသံဖိုင်များ ခိုးဖမ်းခဲ့ကြောင်း၊ အစိုးရနှင့် သံဃာတော်များအကြား အထင်မှားအောင် လုပ်ခဲ့ကြောင်း ပြန်ကြား ရေးဝန်ကြီး ဦးရဲထွဋ်က ပြည်မြန် မာသတင်းဂျာနယ်အား ၁၉-၁၀-၂၀၁၄ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။… သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်အား တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီးမှသာ ပြန် ကြားရေးဝန်ကြီးက ထုတ်ဖော်ပြော ကြားလာခြင်း ဖြစ်ပြီး ယင်းမတိုင်ခင်က တရားစီရင်ရေး၏ ဆုံးဖြတ်ချက်ကို ကျော်လွန်ပြော ဆိုခြင်း ဖြစ်မည်စိုးသောကြောင့် မပြောခဲ့ ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ““တရားစွဲတယ်ဆိုကတည်းက ဒီ အတိုင်းစွဲတာမဟုတ်ဘူးလေ။ ဖြစ်စဉ် အကြောင်းအရာတွေကို ရှေ့နေ ချုပ်ရုံးကသုံးသပ်ပြီးတော့မှ ဒီဟာက ခိုင်လုံတယ်၊ ဒီအမှုနဲ့စွဲသင့် တယ် ဆိုပြီးတော့စွဲခဲ့တာ။ တရားရုံး ရဲ့စီရင်ချက်တွေကို ဖတ်ရှုမယ်ဆို ရင် ဦးဆန်းဆင့်လုပ်ခဲ့တာတွေ သိမှာပါ။ လူတွေရဲ့ ပြောဆိုချက်တွေကို အသံတွေခိုးဖမ်းတယ်၊ မလုပ်သင့်တာေ တွပေါ့ဗျာ””ဟု ဦးရဲထွဋ် ကပြောကြား သည်။

ဦးဆန်းဆင့်နှင့် ၎င်း၏ မိသားစုမှာ ယင်းပြစ်ဒဏ် အတွက် အယူခံဝင်သွားမည်ဖြစ် ကြောင်း ကိုလည်း ပြည်တွင်းသတင်း မီဒီယာများတွင် ဖော်ပြလာသည်ကို တွေ့ရသည်။ ““ကျွန်တော်တို့ အစိုးရအဖွဲ့ အစည်း အဝေးတွေဆို တာက တချို့ဟာတွေ အသံဖမ်းလို့ရတာ မဟုတ်ဘူးလေ။ ရည်ရွယ်ချက်ကိုက မကောင်းဘူး ပေါ့။ ဒီလို ဟာမျိုးတွေကြောင့် ကျွန်တော်တို့က မလွှဲမရှောင်သာ အရေးယူရတာ။ သူ့ကိုပုဂိ္ဂုလ်ရေးအရ မုန်းတီး လို့ လုပ်တာမဟုတ်ဘူး””ဟု ပြန်ကြား ရေးဝန်ကြီးကဆိုသည်။ ပြည်ထောင် စုဝန်ကြီး၏ အဆိုအရ သာသနာ ရေးဝန်ကြီးဟောင်း အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးဖြစ်လျက် မလုပ်သင့် မလုပ်ထိုက်သော အစိုးရနှင့်သံဃာ များအကြား အမြင်မှားအောင် ဟိုဘက်သည်ဘက် တစ်မျိုးစီလုပ်ခဲ့ကြောင်းနှင့် ငွေကြေးဆိုင်ရာ ကိစ္စများ အရှုပ်အရှင်းများတွင်လည်း ပါဝင်ကြောင်း သိရသည်။ ယင်းကိစ္စတွင် အများပြည်သူက ထင်မြင်နေသော အစိုးရ အဖွဲ့ဝင်အချင်းချင်း ဇာစ်မြစ်များကို ပြန်ဖော်မည်စိုးသောကြောင့် နှိပ်ကွပ်လိုက်ခြင်းဖြစ်နိုင်သည်ဆို သည့်အချက် အပေါ် ပြန်ကြားရေး ၀န်ကြီးက ““မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဦးဆန်းဆင့်အမှုနဲ့ ပတ်သက်ရင် ပြောစရာတွေ အများကြီးရှိတာ ပေါ့။ ကျွန်တော်တို့က တရားရုံးမှာ ရောက်နေတဲ့အမှုကို တရားစီရင်ရေးကို ကျော်လွန်ပြော တာတွေ မဖြစ်ချင်လို့မပြောခဲ့တာ။ ဦးဆန်းဆင့် ဘာလုပ်ခဲ့လဲဆိုတာ သိချင်ရင် တရားစီရင်ရေး မှတ်တမ်းတွေ လေ့လာကြည့်ပါ။ ကျွန်တော်တို့ကတော့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ဘာမှသီးခြားထပ်ပြီး ပြောစရာ မရှိ တော့ပါဘူး””ဟု ပြန်လည်ပြောကြားသည်””ဟူ၍ ပါရှိသည်။

ယင်းသို့ ၀န်ကြီးဦးရဲထွဋ်၏ ပြောကြားချက်များပါဝင်သည့် အစိုးရအဖွဲ့ အစည်းအဝေးများတွင် ဦးဆန်းဆင့်က အသံဖိုင်များ ခိုးဖမ်း ခဲ့ကြောင်းနှင့်စပ်လျဉ်း၍ နေပြည်တော်တရားရုံး၌စစ်ဆေးစဉ်က ထည့် သွင်းစစ်ဆေးခြင်း မရှိခဲ့ကြောင်း၊ ဦးဆန်းဆင့်သာမက မည်သည့်ဝန်ကြီးမဆို အသံဖိုင်များ ဖမ်းယူ၍ရ သည့် ဖုန်းဟန်းဆက်များ ရှိကြောင်း၊ ၀န်ကြီးဦးဆန်းဆင့်အပေါ် ရည်ရွယ်ချက်ရှိရှိ ပုဂိ္ဂုလ်ရေးမနာလို၍ တိုက်ခိုက်ပြောဆိုခြင်းမှာ ထင်ရှား ကြောင်း ဦးဆန်းဆင့်၏ ဇနီး ဒေါ်ခင်မလေးက မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် နှင့်ပြည်မြန်မာဂျာနယ်သည် ထောင် ဒဏ်ချမှတ်ခြင်းခံရသော ၀န်ကြီး ဟောင်း ဦးဆန်းဆင့်အပေါ် ပြစ်ဒဏ်နှင့်မဆိုင်သည့် အသံဖိုင်များခိုးဖမ်းသည့် အကြောင်းအရာကို ပြောဆို ရေးသားသည် မှာ ဦးဆန်းဆင့်ကို စတင်ဖမ်းဆီးစဉ်က သမ္မတစကား နားမထောင်ခြင်းကြောင့်ဟူ၍ အစိုးရအဖွဲ့ အသိုင်း အ၀ိုင်းက ပြောဆိုခဲ့ ခြင်းနှင့်ဆက်စပ်၍ လူထုနှင့်မီဒီယာများအပြင် လွှတ်တော်ကိုယ်စား လှယ်များပါ နှစ်သက် ထောက်ခံသော ဦးဆန်းဆင့်အနေဖြင့် လုပ်ကြံခံရခြင်းဖြစ်ကြောင်း အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ (မဘသ)အတွင်း ရေးမှူးချုပ် (အထက်မြန်မာပြည်) ဆရာတော် ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) က မြန်မာသံတော်ဆင့် သို့ သုံးသပ်ပြောကြားခဲ့သည်။

““ဦးဆန်းဆင့်ကိစ္စက သူတို့ ကြေညာတာ ငွေသိန်း ၇၀ လာဘ်စားလို့။ အမိန့်မနာခံလို့။ ဒီလို ပုဒ်မနဲ့စွဲတာပဲ။ သိန်း ၇၀ လောက် နဲ့ကတော့ ဘာမှမပြောပလောက်ဘူး။ ဒါက ကြံဖန်ပြီးတော့ သူတို့ လုပ်လိုက်တာပဲ။ လံကြုတ်လုပ်ကြံ ပေါ့။ သဘောထားပျော့ပျောင်းတော့ ခံလိုက်ရတာပေါ့””ဟု မဘသအတွင်း ရေးမှူးချုပ် ဆရာတော်ဥူးကုသလ က မြန်မာသံတော်ဆင့်သို့ မိန့် ကြားခဲ့သည်။

အစိုးရအပေါ် ပြစ်တင်ရှုတ်ချ ခဲ့သော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် သာသနာရေး ၀န်ကြီး ဟောင်း ဦးဆန်းဆင့်အပေါ် တစိုက်မတ်မတ် ဝေဖန်ပြောကြားသူအစိုးရ၏ ပြောရေးဆိုခွင့်အာဏာ ပိုင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်သည်လည်း လွှတ်တော်နှင့်အစိုးရ ကြား ၀င်ရောက်ပြောကြားမှုအချို့ နှင့်စပ်လျဉ်း ၍ ““ဦးရဲထွဋ်အမြဲ မုန်လာဥလုပ်ကြောင်း”” အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က စက်တင်ဘာလ အတွင်း မြန်မာသံတော်ဆင့်နှင့်တွေ့ဆုံစဉ် ထပ်မံ အတည်ပြုပြောကြားခဲ့သည်။

ပြည်မြန်မာဂျာနယ်ထုတ်ဝေသူ ဒေါက်တာတင်ထွန်းဦးသည် NLD မပါသော ၂၀၁၀ ရွေးကောက်ပွဲ တွင် ကြံ့ခိုင် ရေးပါတီမှ ပုဇွန်တောင် မြို့နယ်၌ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ၀င်ရောက်ယှဉ် ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့ သူဖြစ်သည်။ တပ် မတော်အစိုးရလက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဆင့် စစ်ရာထူးခန့်ချုပ် တာဝန်ယူစဉ် က ယခု ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်သည် ဗိုလ်မှူးကြီးအဆင့် ဖြင့် တာဝန်မှ အငြိမ်းစားပေးခြင်း ခံရ ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနတွင် ဦးချစ်နိုင် (စိတ်ပညာ)၏ လက်အောက်၊ ဒု ညွှန်ချုပ် တာဝန်ဖြင့် အရပ်ဘက်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရ သူဖြစ်ကာ သမ္မတဦးသိန်းစိန်အစိုးရ သစ်လက် ထက်တွင်မှ ပြန်ကြားရေး ဒုဝန်ကြီး၊ ၀န်ကြီးတာဝန်များသို့ရောက် ရှိလာခဲ့သူဖြစ်သည်။

MH-0011

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

ဗီဒီယိုသရုပ်ဆောင် ဂျွန်ဂို (ခ) ကိုချစ်မိုးအောင် ကွယ်လွန်

ဗီဒီယိုသရုပ်ဆောင် ဂျွန်ဂို (ခ) ကိုချစ်မိုးအောင် အသက် (၂၇) နှစ်သည် ၃၁.၁ဝ.၂ဝ၁၄ ရက်နေ့ နံနက် (၅းဝဝ) နာရီအချိန်တွင် ရန်ကုန်မြို့၊ ကျောက်မြောင်းနေ အိမ်၌ ကွယ်လွန်သွားခဲ့ပြီး ကြွင်းကျန်ရစ်သည့် ရုပ်ခန္ဓာအား နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သွားရောက်၍ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ကူညီ ဖေးမခဲ့ပါသည်။ ဈာပနအခမ်းအနားအား ၂.၁၁.၂ဝ၁၄ (တနင်္ဂနွေနေ့) နေ့လည် (၂းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ပါသည်။
နာရေးကူညီမှုအသင်း-ရန်ကုန်


မင်းသားဂျွန်ဂိုရဲ့ သေလို့ ရတယ် ဗီဒီယို

လေးပွင့်ဆိုင်ပုံစံမျိုးမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဒီနေ့ ထိပ်သီး ဆွေးနွေးပွဲကို လေးပွင့် ဆိုင်ပုံစံ လိုမျိုး သတ်မှတ်လို့ မရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ဖြစ်စဉ် ညင်သာခိုင်မာစွာ ကူးပြောင်း နိုင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ်တွေ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် ဒီနေ့ မနက်က ၂ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။

“အမေတို့ကတော့ လေးပွင့်ဆိုင်ကိစ္စကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဘာမှ ပါတီစွဲနဲ့မဟုတ်ဘူး။ ၀ါဒစွဲကြောင့်လည်း မဟုတ်ဘူး။ လက်တွေ့ကျကျ လိုအပ်တယ်ထင်လို့ပါ။

“တယောက် ၁၀ မိနစ်ပြောပြီးတော့ နောက်ဆုံးရှိသေးလားဆိုတာတော့ အန်တီတို့အနေနဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမျိုး မြင်တဲ့ပုံစံတော့ မဟုတ်ပါဘူး။”

အန်အယ်လ်ဒီနာယက သူရ ဦးတင်ဦးကလည်း ဒီနေ့ဆွေးနွေးပွဲကို ကြိုဆိုပေမယ့် အနှစ်သာရက အရေးကြီးကြောင်း ပြောပါတယ်။

ဓအရေးကြီးတာကတော့ အနှစ်သာရက အရေးကြီးတာပဲလေ။ တွေ့ဆုံဆွေးနွေးကြပြီးတဲ့  နောက်ပိုင်း ထွက်လာမယ့်ရလဒ်က ဘာတွေဖြစ်လာမလဲ။ တိုးတက်မှုရှိမလား၊ မရှိလား ဒီအပေါ်မှာ ကြည့်ရမယ်ထင်ပါတယ်။ တွေ့ကြတယ်၊ ပြောကြတယ်၊ ဆိုကြတယ်။ ပြီးတော့လည်း ဘာမှမဖြစ်ဘူး။ အရင်အတိုင်း အရင်အတိုင်းပဲဆိုလည်း  ဘာအဓိပ္ပာယ်ရှိမှာလဲဗျာ။  ပြောဆိုပြီးတိုင်း ပြီးတိုင်းမှာ ပြည်သူလူထုတွေအတွက် လုံခြုံဖို့နဲ့ ပြည်သူ လူထုတွေအားလုံးအတွက် လွတ်လွတ်လပ်လပ်နဲ့ ယုံကြည်စိတ်ချ အထူးသဖြင့် ပြည်သူလူထုမှာ ရသင့်ရရှိထိုက်တဲ့ တရားမျှတမှုရဖို့ ဒီမိုကရေစီအခွင့်လမ်းတွေကို ဘယ်လောက်ခွင့်ပြုပေးသလဲ၊ အဲဒီအပေါ်မှာပဲ မူတည်မှာပဲဗျ။ ကျနော်ကတော့ လက်တွေ့ပဲ၊ ပြောကြဆိုကြ၊ တွေ့ကြပြုကြ၊ ဓာတ်ပုံရိုက်ကြ ဒါတွေကိုတော့ ကြည့်ဆုံးဖြတ်လို့ ရမယ်မဟုတ်ဘူး ထင်တယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဟာ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ၊ လွှတ်တော်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက တောင်းဆိုထားတာပါ။

ဒီနေ့ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးကို ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းပါတီ (အန်ဘီအက်ဖ်) ကလည်း ထောက်ခံကြိုဆိုလိုက်ပြီး ဒီကနေတဆင့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပသွားဖို့  ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/69447

လိပ်ကျွန်းလူသတ်မှုကိစ္စအတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်အမတ် ၂ဦး လှူထားသည့် ငွေကျပ်သိန်း ၃၀၀ ပျောက်ဆုံးနေ

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ သံသယဖြစ်ကာ ဖမ်းဆီး စစ်ဆေးခြင်းခံနေရသော မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကိစ်္စအတွက် သုံးစွဲရန် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် အမတ် နှစ်ဦးလှူထားသည့် ငွေကျပ်သိန်း ၃၀၀ မှာ ယခုအချိန်ထိမရရှိသေးကြောင်း အဆို ပါကိစ္စကို လိုက်ပါဆောင်ရွက်နေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာဦးကျော်သောင်းက ပြောသည်။

အဆိုပါ ငွေကျပ် သိန်း ၃၀၀ လှူဒါန်းမှုပြုလုပ်သည့်နေ့မှစ၍ ကိုးရက်မြောက်သောနေ့တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

“အခု ငွေကြေးအခက်အခဲရှိတယ်။ ထောက်ပံ့မှုလိုတယ်။ ကိုယ်ပိုင်ငွေနဲ့ စိုက် ထုတ်သုံးရတာလည်း ရှိတယ်။ ဒီပုံစံမျိုးနဲ့ တော့ အဆင်မပြေနိုင်ဘူး။ ဒီကိစ္စကိုလုပ်ဖို့ ပြည့်စုံတဲ့ငွေကြေးလိုတယ်။ လွှတ်တော်ကလှူတဲ့ သိန်း ၃၀၀ က ဘယ်ရောက် သွားလဲ။ တပြားမှ မရဘူး။ ဘယ်မှာမှန်းလဲ မသိဘူး”ဟု ယင်းကဆိုသည်။

ပြီးခဲ့သည့် ၁၅-၉-၂၀၁၄ ရက်နေ့ က ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းတွင် ဗြိတိသျှလူငယ်စုံတွဲသတ်ခံ ခဲ့ရခြင်းအပေါ် သံသယရှိသူအဖြစ် မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ဖမ်းဆီးထားခြင်းဖြစ်သည်။

“နေပြည်တော် ဥပဒေကျွမ်းကျင်သူတွေ၊ မှုခင်းကျွမ်းကျင်သူတွေ၊ သေမှု သေခင်းကျွမ်းကျင်ဆရာဝန်အဖွဲ့တွေ အမြန်ဆုံးလာရောက်ဖို့လည်း လိုနေတယ်။ မြန်မာဇာတ်ကားတွေမှာလို ဇာတ်သိမ်းတော့မှ ရဲက ရောက်လာတာမျိုးမဖြစ်ဖို့ ဆုတောင်းပါတယ်””ဟု ဦးကျော်သောင်းက ပြောသည်။

ပြီးခဲ့သည့် ၂၁-၁၀-၂၀၁၄ ရက်နေ့ ကကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စား ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ နှင့် ဦးနေ၀င်းထွန်းတို့က တဦးလျှင် ကျပ်သိန်းတရာစီ လှူဒါန်းခဲ့ကြခြင်းအပေါ် လွှတ်တော်အစည်းအဝေးက မှတ်တမ်း တင်ထားခဲ့ပြီးဖြစ်သည်။

ဥက္ကဋ္ဌက နောက်ထပ်၍ လိုအပ်ချက်အပေါ်မူတည်ကာ ဆက်လက်လှူဒါန်း ဦးမည်ဖြစ်ကြောင်း၊ ယခုကိစ္စမှာ မည်မျှ ကြာမြင့်နိုင်မည်ကို မသိရ၍ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နည်းသည် များသည်မဟူ စိတ်ဓာတ်ရေးရာအရ လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ရုံးထံ အချိန်မရွေးလှူဒါန်းနိုင်ကြောင်း ပြောကြားခဲ့သေးသည်။
“အဲဒါ ဘာမှ မသိဘူး။ ကိုယ့်ဟာ ကိုယ်ပဲလုပ်တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိဘူး။ သူတို့ ဘယ်ကိုဘယ်လို ပေးလဲ မသိဘူး”ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က လွှတ်တော်ကလှူသည့် ငွေသိန်း ၃၀၀နှင့် ပတ်သက်၍ News Watch သို့ ပြောသည်။

၂၈-၁၀-၂၀၁၄ ရက်နေ့က စွပ်စွဲခံ နှစ်ဦး၏ မိဘများ၊ ထိုင်းရှေ့နေများ ကောင်စီ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့တို့က ထိုင်းစစ်အစိုးရဗဟို ရှေ့နေချုပ်ရုံးသို့ သွားရောက်ကာ ဥပဒေ အကြောင်းအရ မျှတသော တရားစီရင်ခွင့် ရရှိစေရန် အကူအညီပေးစေလိုကြောင်း၊ ယင်းအပြင် ထိုင်းလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးထံသို့လည်း ဖမ်း ဆီးခံထားရသော မြန်မာနှစ်ဦး လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုကို အမှုမှန်ပေါ် ပေါက်ရန် ဖောက်ထုတ်ပေးစေလိုကြောင်း ပြောကြားခဲ့ကြသည်ဟု သိရသည်။

၂၉-၁၀-၂၀၁၄ ရက်နေ့တွင် သံအမတ်ကြီး ဦးဝင်းမောင်ပါဝင်သော လူသတ်မှုအတွက် ဖွဲ့စည်းထားသော အထူးအဖွဲ့၊ အစိုးရလက်အောက်ခံမဟုတ်သော ထိုင်းရှေ့နေများ ကောင်စီရုံးကိုသွားရောက်၍ အဆိုပါအမှုကို ကူညီပေးရန်အပ်ခဲ့ကြောင်း သိရသည်။

ယင်းတို့နှစ်ဦး၏ မိဘများမှာ ယခုအခါ ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြခြင်းဖြစ်ပြီး လာမည့် ၃-၁၁-၂၀၁၃ ရက်နေ့ တွင် မိဘများ၊ ထိုင်းရှေ့နေများကောင်စီ၊ အမှုကို ကိုင်တွယ်နေသောရဲများ၊ စုံစမ်းထောက်လှမ်းနေသောရဲများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကဖွဲ့ထားသော အထူးအဖွဲတို့ဖြင့် အထူးသတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ရန်ရှိကြောင်း သိရသည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf

ထိပ်သီးခေါင်းဆောင် ၁၄ ဦး ဆွေးနွေးပွဲ အားလုံးတက်ရောက်ပြီး ကိုးနာရီခွဲတွင် စတင်ဆွေးနွေး

 မြန်မာ့နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတက်ရောက်လာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကြိုဆိုနှုတ်ဆက်နေသော သမ္မတ ဦးသိန်းစိန်တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- အောင်သူရ
မြန်မာ့နိုင်ငံရေးမှ ထိပ်သီးခေါင်းဆောင် ၁၄ ဦး ဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ကျင်းပနေပြီဖြစ်သည်။


မြန်မာ့နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတက်ရောက်လာသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားပြုတက်ရောက်လာသော ဦးခွန်ထွန်းဦးနှင့် ကြိုဆိုနှုတ်ဆက်နေသော သမ္မတ ဦးသိန်းစိန်တို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်သူရ)

လက်ရှိအစိုးရလက်ထက်တွင် ပထမဆုံးအကြိမ်ကျင်းပသော နိုင်ငံရေးခေါင်းဆောင်များဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၊ ကာချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအပါအဝင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ ရွေးကောက်ပွဲကော်မရှင်တို့မှ ခေါင်းဆောင် ၁၄ ဦးစလုံး စုံညီစွာ တက်ရောက်ကြောင်း နိုင်ငံတော်သမ္မတရုံးတွင် သတင်းရယူနေသော 7 Day Daily သတင်းထောက်က သတင်းပေးပို့သည်။

မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ရှေ့မတိုးနိုင်ဘဲ အကျပ်ဆိုက်နေချိန်၊ အိုဘားမားအပါအဝင် ထိပ်သီးခေါင်းဆောင်အချို့ တက်ရောက်မည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ရက်ပိုင်းအလိုတွင်ကျင်းပ၍ ဟန်ပြဆွေးနွေးပွဲသာဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က ဝေဖန်မှုများရှိသည်။ မည်သို့ပင်ဆိုစေ နိုင်ငံအတွက် ခေါင်းဆောင်များကြား အပြန်အလှန်ယုံကြည်မှုနှင့် ဘုံသဘောတူညီချက်များ ရှာဖွေရန်လိုအပ်ချိန်တွင် မျက်နှာစုံညီထိပ်သီးအစည်းအဝေးကို ကြိုဆိုရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူအချို့ကလည်း သုံးသပ်မှုများရှိသည်။  သမ္မတ၏ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကမူ ယခုဆွေးနွေးပွဲမှာ နိင်ငံရေးအကျပ်အတည်းကြောင့် ပြုလုပ်ခြင်းမဟုတ်ဘဲ နိုင်ငံရေးအကျပ်အတည်းလည်း မရှိကြောင်း၊ ခေါင်းဆောင်များအကြား နိုင်ငံ့အနာဂတ်အတွက် ဘုံသဘောတူညီချက်ရှာဖွေရန်ဖြစ်ကြောင်း ပြောသည်။ ထို့အပြင် ခေါင်းဆောင်များအကြား ဆွေးနွေးပွဲများမှာ ရှေ့ဆက်၍လည်းပြုလုပ်မည်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က အောက်တိုဘာ ၃၀ ရက်တွင် 7 Day Daily သို့ ပြောသည်။


မြန်မာ့နိုင်ငံရေး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတက်ရောက်လာသော ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ကိုယ်စားပြု တက်ရောက်လာသော ဦးစိုင်းအိုက်ပေါင်းနှင့် ကြိုဆိုနှုတ်ဆက်နေသော သမ္မတ ဦးသိန်းစိန်တို့ကို တွေ့ရစဉ်။  (ဓာတ်ပုံ- အောင်သူရ)
7Day Daily

Thursday, October 30, 2014

အတူမအိပ်သင့်တဲ့အရာများ ( Don't sleep with THIS)


၁. နာရီဝတ်ပြီးမအိပ်ပါနဲ့..

နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်...နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့....ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ..

၂. အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့

အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းသိရပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော အတွင်းခံဘရာ ၀တ်ပြီးမအိပ်ပါနဲ့

၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့ အသုံးပြုတတ်ကြပါတယ်....အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာ

ထားသင့်ပါတယ်.ံ......ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င်
တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်.....

၎.မိတ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..

ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကိုဆိုးကျိုးဖြစ်စေနိုင်ပါတယ်...မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး

ဝက်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်....အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲ

လိုအပ်ပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ...

၅. သူတစ်ပါးရဲ့ယောင်္ကျား မိန်းများနဲ့အတူတူမအိပ်ပါနဲ့

နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား..သူတစ်ပါးရဲ့မိန်းမ များနဲ့အတူတူ
မအိပ်စက်သင့်ပါဘူးတဲ့.... ဒါကတော့ လူမှုရေး ၊ ဘာသာရေး ၊ ကိုယ်ကျင့်တရား အရပါရှောင်သင့်တဲ့အရာပဲဖြစ်ပါတယ်

Credit - Daily Health

သစ်မြစ်တူးရာမှ ကျည်ဆန်အဟောင်းများနှင့် အရိုးစုများတွေ့ရှိ

လာရှိုးမြို့ နေအိမ်ခြံဝန်းတစ်ခုအတွင်း အိမ်ဆောက်ရန် သစ်ပင်လှဲရာမှ
ကျည်ဆံအဟောင်းများနှင့်အတူ လူအရိုးစုများကိုပါတွေ့ရှိခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ(၂၇)ရက်က လားရှိုးမြို့ ရပ်ကွက်(၃)၊ နယ်မြေ(၃)ရှိ
နေအိမ်ဝန်းအတွင်း အဆောက်အဦးတစ်ခုဆောက်လုပ်ရန်အတွက်
မန်ကျည်းပင်လှဲ၍ မြေညှိပြီးမန်ကျည်းပင်အမြစ်များတူးဖော်ခဲ့ရာ သစ်မြစ်များ
အောက်မှ (၇.၆၂)ရိုင်ဖယ်ကျည်ဆံဟုယူဆရသောကျည်ဆံအဟောင်း
(၅၂၄)တောင့်၊ပစ္စတိုကျည်ဆံအဟောင်း(၁၆)တောင့်နှင့်အတူ အရိုးစုများကိုပါ
တွေ့ရှိခဲ့ရကြောင်း သစ်မြစ်တူးဖေါ်သူဦးစိုးဝင်းကပြောသည်။

"ကျွန်တော်တို့ကအဆောက်အဦးဆောက်ဖို့အတွက်မြေညှိပြီး မန်ကျည်းပင် ကြီးကိုလှဲခဲ့တာပါ၊မန်ကျည်ပင်မြစ်တွေကိုတူးဖေါ်တဲ့အချိန်မှာအခုလို ကျည်ဆံ အဟောင်းတွေနဲ့ လူအရိုးလို့ထင်ရတဲ့ အရိုးစုတွေကိုတွေ့လို့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါဟု´´၄င်းက ပြောသည်။

အဆိုပါကျည်ဆံဟောင်းများတွေ့ရှိရာနေအိမ်သို့ သက်ဆိုင်ရာနယ်မြေခံ
ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များရောက်ရှိလာခဲ့ပြီး ယင်းကျည်ဆံ များသည် ဒုတိယကမ္ဘာစစ်အတွင်းဂျပန်ရိုင်ဖယ်သုံး ကျည်ဆံအဟောင်းများဖြစ် နိုင်ဖွယ်ရှိကြောင်းရဲသတင်းတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

Myanmar Age

နည်းပညာလောကမှ သမိုင်းတွင်ခဲ့သည့် ဟောကိန်းအလွဲများ

ကျွန်တော် ထင်တာတော့ ကမ္ဘာ့ဈေးကွက်ကြီး တစ်ခုလုံးက ကွန်ပျူတာ (၅)လုံးစာ အတွက်လောက်ပဲ ဖြစ်လာလိမ့်မယ်။
- IBM ဥက္ကဋ္ဌ သောမတ်စ်ဝပ်ဆန်၏ (၁၉၄၃)ခုနှစ်က မှတ်ချက်စကား

တစ်ကိုယ်ရည်သုံး ကွန်ပျူတာများ တွင်တွင်ကျယ်ကျယ် ထွက်ပေါ်လာမည်ကို ကြိုတင်တွေးဆမိဟန် မရှိဘဲ ဝပ်ဆန် ပြောဆိုခဲ့သော စကားဖြစ်သည်။ ၎င်း၏ဟောကိန်း တက်တက်စင် လွဲခဲ့ခြင်းက ၎င်း၏ ကုမ္ပဏီဖြစ်သော IBM အတွက် ဧရာမ အကျိုးကျေးဇူး ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် နှစ်အတွင်းက IBM အနေဖြင့် ကွန်ပျူတာ Software နှင့် Hardware များ ရောင်းချမှုမှ ဒေါ်လာ (၁၀၀) ဘီလီယံမျှ အကျိုးအမြတ် ရရှိခဲ့သည်။
ကျွန်တော် မှန်းလိုက်မယ်။ အင်တာနက်ဟာ မကြာခင် အံ့ဩစရာ ကောင်းလောက်အောင် ကျယ်ပြန့်လာလိမ့်မယ်။ ပြီးတော့ (၁၉၉၆)ခုနှစ်ကျရင် ဆိုးဆိုးရွားရွား ပြိုလဲသွားလိမ့်မယ်။
- 3Com ထူထောင်သူ ရောဘတ်မတ်ကယ်လ်ဖီ၏ (၁၉၉၅)ခုနှစ်က မှတ်ချက်စကား

မတ်ကယ်လ်ဖီက မိမိ၏ ခန့်မှန်းချက် မှားယွင်းခဲ့ပါက ကိုယ့်စကားလုံးကိုယ် စားသောက်ပြခြင်းဖြင့် တာဝန်ယူမည်ဟု ပြောဆိုခဲ့သေးသည်။ အမှန်တကယ်လည်း ကတိတည်သည့် အနေဖြင့် (၁၉၉၇)ခုနှစ်၊ နည်းပညာ ညီလာခံ တစ်ခုတွင် အစားအသောက် အရည်ဖျော်စက် တစ်လုံးထဲ၌ ၎င်း၏ ဟောကိန်းစကား ပါရှိသည့် သတင်းစာ ဖြတ်ပိုင်းကို ထည့်သွင်း အရည်ဖျော်ကာ မော့သောက်ပြခဲ့သည်။

အမေရိကန်တွေကတော့ တယ်လီဖုန်းလိုမှာပေါ့။ ကျွန်တော်တို့တော့ မလိုပါဘူး။ ကျွန်တော်တို့မှာ စာပို့သမား ကောင်လေးတွေ အများကြီး ရှိနေတာပဲ။
- ဗြိတိသျှ စာပို့ဌာန၏ အင်ဂျင်နီယာချုပ် ဆာဝီလျံပရိစ် ပြောဆိုခဲ့ဖူးသော စကား

ယခုအခါ တယ်လီဖုန်းများသည် ဗြိတိန်နိုင်ငံတွင်သာ မကဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အဓိက ဆက်သွယ်ရေး ကဏ္ဍတစ်ခု ဖြစ်လာပြီး စာပို့လုပ်ငန်း၏ တွင်ကျယ်မှုကို ဝါးမြိုလျက်ရှိသည်။

အခုအချိန်ကစပြီး (၂)နှစ်အကြာမှာ Spam ပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။
- Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်၏ (၂၀၀၄)ခုနှစ်က ဟောကိန်း

လက်ရှိအချိန်ထိ ကမ္ဘာပေါ်တွင် Spam Mail များ သန်းနှင့်ချီ ပျံ့နှံ့နေဆဲ ဖြစ်သလို Spam များ ဖြန့်ဖြူးပေးပို့သူ အများအပြား ရှိနေဆဲ ဖြစ်သည်။
လူတိုင်းက Apple အနေနဲ့ မိုဘိုင်းဖုန်း ထုတ်မလားလို့ ကျွန်တော့်ကို လာလာမေးနေကြတယ်။ ကျွန်တော့် အဖြေကတော့ ဘယ်တော့မှ မဖြစ်နိုင်လောက်ဘူး ဆိုတာပဲ။
- New York Times သတင်းစာမှ ဒေးဗစ်ပေါ့ဂ်၏ (၂၀၀၆)ခုနှစ်က အဆို

နောက်ထပ်တစ်နှစ်အကြာ (၂၀၀၇)ခုနှစ်တွင် Apple သည် iPhone ကို စတင်မိတ်ဆက် ရောင်းချသည်။ ယခုအခါ iPhone သည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး စမတ်ဖုန်း အမှတ်တံဆိပ်အဖြစ် ရပ်တည်လျက် ရှိသည်။

ပထမဆုံး (၆)လလောက် အပြီးမှာ ရုပ်မြင်သံကြားစက် (TV)တွေက ဈေးကွက်ကို ချုပ်ကိုင်ထားနိုင်မှာ မဟုတ်တော့ဘူး။ အထပ်သားပုံးလေး ရှေ့မှာ ညတိုင်းထိုင်နေရတဲ့ အလုပ်ကို မကြာခင် လူတွေ ငြီးငွေ့လာမှာပဲလေ။
- 20th Century Fox မှ ဒါရဲလ်ဇူနက်ခ် (၁၉၄၆)ခုနှစ်တွင် ပြောကြားခဲ့သည့် စကား

ယနေ့ခေတ်တွင် TV များသည် ကမ္ဘာပေါ်ရှိ နေအိမ်အများစုတွင် တွေ့ရသည့် ဖျော်ဖြေရေး ပစ္စည်းများ ဖြစ်လာခဲ့သည်။ ဇူနက်ခ်၏ ဟောကိန်းတစ်ချက်မှာမူ မှန်ကန်ခဲ့သည်။ လူအများသည် အထပ်သား သေတ္တာလေးများရှေ့တွင် ထိုင်မနေကြချေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ် TV များ၏ ကိုယ်ထည်ကို အထပ်သားဖြင့် တည်ဆောက် မထားတော့၍ ဖြစ်သည်။

လက်တွေ့အားဖြင့်တော့ အာကာသထဲက ဆက်သွယ်ရေး ဂြိုဟ်တုတွေဟာ အမေရိကန် နိုင်ငံထဲမှာ တယ်လီဖုန်း၊ ကြေးနန်း၊ ရုပ်မြင်သံကြား၊ ရေဒီယို ဆက်သွယ်မှုတွေ ပိုတိုးတက် ကောင်းမွန်လာအောင် အသုံးချနိုင်စရာ အခြေအနေ မရှိပါဘူး။
- FCC ကော်မရှင်နာ တီကရေဗန် (၁၉၆၁)ခုနှစ်က ပြောဆိုခဲ့သည့် ဟောကိန်း

ယနေ့ခေတ် အမေရိကန် ပြည်ထောင်စုတွင် ဂြိုဟ်တု အခြေပြု ဝန်ဆောင်မှုများဖြစ်သည့် Google Maps၊ Sat-Navs အစရှိသည်တို့သည် လွယ်ကူ အဆင်ပြေစွာ၊ ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနေနိုင်ပြီ ဖြစ်သည်။

Apple ကုမ္ပဏီက သေဆုံးနှင့်ပြီးသားပါ။
- Microsoft ၏ နည်းပညာ အရာရှိချူပ်ဟောင်း နသန်မိုင်ဟာဗိုးလ်၏ မှတ်ချက်စကား

Apple ၏ ရပ်တည်မှု မရေမရာဖြင့် ယိမ်းယိုင်နေသော ကာလတွင် မိုင်ဟာဗိုးလ် ပြောဆိုခဲ့ခြင်းသည် လက်ခံနိုင်သော အခြေအနေတစ်ရပ်ဟု ဆိုရမည်သာ။ သို့သော်လည်း စတိဗ်ဂျော့ဘ်၏ ဒုတိယအကြိမ် ခြေချမှုနှင့်အတူ ခေါင်းထောင်လာသော Apple သည် အားကောင်းသည်ထက် ကောင်းလာပြီး ယနေ့ခေတ်တွင် အကြီးကျယ်ဆုံး နည်းပညာ လုပ်ငန်းစုကြီး တစ်ခု ဖြစ်လာခဲ့သည်။

Source: Telegraph

7day daily

ဗီဒီယို အကြိုခံစားခြင်း (ချစ်တယ်လို့ ပြောပါဦး)

ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ လူငယ်အချစ်ကားလေး တစ်ကားအကြောင်းကို ညွှန်းပေး လိုက်ပါတယ်။

ရဝေက ဦးလေးဖြစ်သူရဲ့ ကားဝပ်ရှော့မှာ အလုပ်လုပ်ပြီး အရက်သမား ပထွေး၊ အမေနဲ့ညီတွေကို လုပ်ကျွေးနေသူပါ။ ဦးလေးဖြစ်ပေမယ့်လည်း ရဝေ မျက်နှာသာပေးမခံရပါဘူး။ ငယ် ငယ်က တည်းက ပညာသင်ပေးပြီး ထောက်ပံ့ပေးနေရတာကြောင့် ဦးလေးဖြစ်သူက ရဝေကို အလုပ် သမားတစ်ယောက်ထက်ပိုပြီး ခိုင်းပါတယ်။ ဒါပေမဲ့လည်း ရဝေ ကတော့ မိသားစုရဲ့ စားဝတ်နေ ရေးကြောင့် ဒီအလုပ်ကိုပဲ သည်းခံလုပ်နေရပါတယ်။

မယ်မဒီကတော့ သူဌေး သမီးတစ်ယောက်ပါ။ မွေးနေ့ လက်ဆောင်အနေနဲ့ မိဘတွေက ကားအသစ်တစ်စီးဝယ်ပေးလိုက် တာကြောင့် ကားမောင်းသင်ရင်း ရဝေနဲ့ ရင်းနှီးခဲ့ကြပါတယ်။ မယ် မဒီက ရဝေရဲ့ ဘ၀အခြေအနေ ကို သိသွားပြီး ကားမောင်းသင်ခ အနေနဲ့ ထိုက်ထိုက်တန်တန်ပေးခဲ့ ပါတယ်။ အဲဒါကို ၀ပ်ရှော့ပိုင်ရှင် ဦးလေးသိသွားတဲ့အချိန်မှာတော့ ရဝေကို ပြဿနာရှာခဲ့ပါတယ်။ အဲဒီအကြောင်းကို မယ်မဒီသိတဲ့ အချိန်မှာတော့ ရဝေအတွက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

မယ်မဒီနဲ့ ရဝေရင်းနှီးလာ တာနဲ့အမျှ မယ်မဒီဘက်က ရဝေ လိုအပ်တာတွေကို ဖြည့်ဆည်း ပေးခဲ့ပါတယ်။ တစ်ရက်မှာတော့ ရဝေကသူ့ရဲ့ ရည်းစားဟောင်းနဲ့ ရုပ်ရှင်အတူကြည့်တာကို မယ်မဒီသိသွားပြီး ၀ပ်ရှော့ကို လိုက်သွားခဲ့ပါတယ်။ အဲဒီမှာ ၀ပ်ရှော့ပိုင်ရှင် ဦးလေးရဲ့ ရိုက်တာကိုခံနေရတဲ့ ရဝေကို ကိုယ်တိုင်မြင်ခဲ့ရတဲ့ အတွက် အရင်ထက်ပိုပြီး သနား စိတ်ဖြစ်ခဲ့ပါတယ်။

အဲဒါကြောင့် ရဝေကို အား ပေးရင်း ရဝေတတ်တဲ့ ပညာနဲ့ ကားအလှဆင် ၀ပ်ရှော့လုပ်ငန်း ထူထောင်ဖို့ မယ်မဒီက စီစဉ်ပေး ခဲ့ပါတယ်။ မယ်မဒီကို စိတ်ဝင်စား ပေမယ့် ကိုယ့်ဘ၀အတွက် ကျေး ဇူးရှင်ဖြစ်နေတာကြောင့် ရဝေ ဘက်က သူရဲ့ ခံစားချက်တွေကို မျိုသိပ်ထားခဲ့ပြီး အလုပ်ကိုပဲ ကြိုးကြိုးစားစား လုပ်ခဲ့ပါတယ်။ မယ်မ ဒီဘက်ကလည်း ရဝေဘက်က ဖွင့်ပြောလာမယ့်အချိန်ကို မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ရဝေ့ဆီကို ရည်းစားဟောင်းလာတယ်ဆိုတာကို သိတဲ့အချိန်မှာတော့ ရဝေ ကို အထင်လွဲခဲ့ပါတယ်။ အဆင့်အတန်းကွာပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မေတ္တာရှိနေကြတဲ့ ရဝေနဲ့ မယ်မဒီတို့ နှစ်ယောက်ရဲ့ဇာတ်လမ်း ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ မာန်ထက်ချီ ထုတ်လုပ်ရေးကနေ နိုဝင်ဘာ ၄ ရက်မှာ စတင်ဖြန့်ချိပေးမယ့် ‘ချစ်တယ်လို့ပြောပါဦး’ ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ရဝေအဖြစ် ဟိန်းဝေယံ၊ မယ်မဒီအဖြစ် ၀တ်မှုံရွှေရည်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ လုံမရဲ့ ၀တ္ထုကို ဆုသြချယ် ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်ထား ပါတယ်။          ။
7Day Daily

လွှတ်တော်တွင် ကြက်ဆူပင်စီမံကိန်းဆိုင်ရာ မေးခွန်း လယ်/ဆည်ဒုဝန်ကြီးမဖြေနိုင်

ယခင်အစိုးရ လက်ထက်က စတင် အကောင်အထည် ဖော်ခဲ့သည့် ဆယ်နှစ် ကြာခဲ့ပြီ ဖြစ်သော ကြက်ဆူပင်စီမံကိန်းနှင့် ပတ်သက်သည့် ကြယ်ပွင့်ပြ မေးခွန်းကို အောက်တိုဘာ ၂၉ ရက်နေ့ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးအောင်က မေးမြန်းခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြား ရာတွင် မေးခွန်းနှင့် အဖြေကွာခြားနေ၍ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

ယင်းစီမံကိန်းအတွက် နိုင်ငံတော်၏ အချိန်၊ ငွေကြေး၊ မြေယာ၊ အဆောက်အဦ၊ လုပ်အားများစွာ ရင်းနှီးအသုံးပြုခဲ့ပြီး ယခုအခါ ၁၀ နှစ်ခန့်ကြာမြင့်ပြီဖြစ်သောကြောင့် အဆိုပါကြက်ဆူပင်စိုက်ခင်းကြီးများ မည်မျှအောင်မြင်နေသည်၊ ကုန်ကြမ်း များမည်မျှစုဆောင်းသိုလှောင်ရရှိနေသည်၊ ကုန်ချော Bio ဒီဇယ်များကို ပြည်သူများ မည်aမျှသုံးစွဲနေကြရသည် စသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ မေးမြန်းခဲ့မှုအပေါ် ဒုဝန်ကြီးက လောင်စာဆီနှင့်ပတ်သက်၍ ပြည်သူများ၏အကျိုးစီးပွားမြှင့်တင်နိုင်ရန် ပြည်ပထွက်ငွေများလျော့ကျစေရန် အကြောင်းပြချက်ဖြင့် Bio ဒီဇယ်အတွက် ကြက်ဆူပင်စီမံကိန်းအား တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ကြက်ဆူမှာ ခြံစည်းရိုးကြက်ဆူနှင့်ဆီကြမ်း သီးနှံကြက်ဆူဟူ၍ နှစ်မျိုးရှိကြောင်း၊ မြန်မာနိုင်ငံအပူပိုင်းဒေသ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် တောင်ပေါ်ဒေသများဖြစ်သည့်ရှမ်းပြည်နယ် ကယားပြည်နယ်တို့တွင် ရှေးနှစ်ပေါင်း များစွာကတည်းက နေအိမ်ကျေးရွာများတွင် ခြံစည်းရိုးပင်အဖြစ် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မြို့နယ်ရပ်ကွက်များတွင် စိုက်ခင်းအဖြစ်နည်းပါးကြောင်း၊ ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လုပ်မှုလျှော့ချနိုင်ရေးအတွက် တိုကျိုသဘောတူညီချက်အရ စက်မှုဖွံ့ဖြိုးသောနိုင်ငံများတွင် တွင်းထွက် ဆီနှင့်ဇီဝဒီဇယ်ဆီအား ရောနှောအသုံးပြု လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံတွင်လည်း စွမ်းအင်လောင်စာဆီ ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ရောနှောသုံးနေကြောင်း၊ မြန်မာနိုင်ငံတွင်လည်းအနာဂတ်အစားထိုး လောင်စာဆီအဖြစ်အစားထိုးနိုင်ရန်အတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မျိုးကွဲများ သုတေသနပြုလုပ်ခြင်းဒီဇယ်ထုတ်လုပ်ခြင်း နှင့်စိုက်ပျိုးရေးဦးစီးဌာန၏ သုတေသနဌာနမှာ သုတေသနလုပ်ငန်းများဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသွားခဲ့သည်။

ဒုဝန်ကြီးပြန်လည်ဖြေကြားခဲ့ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်မေးမြန်းခဲ့သည့် ကြက်ဆူပင် စိုက်ခင်းကြီးများ အောင်မြင်မှုအခြေအနေ၊ ကုန်ကြမ်းများသိုလှောင်ထားမှုနှင့်ကုန်ချော ဇီဝဒီဇယ်များကိုပြည်သူများသုံးစွဲနေရသည့် အခြေအနေများအား ထည့်သွင်းဖြေကြား နိုင်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?ref=br_tf

MPT၏ ပွင့်လင်းမြင်သာခြင်းမရှိမှုကို အခွင့်အရေးယူပြီး အထက်တန်းပြ ဆရာမ တစ်ဦးက ဖုန်းငွေဖြည့်ကတ် ကျပ်သိန်း တစ်သောင်းဖိုးခန့် လိမ်လည်

ကြည့်မြင်တိုင် အထက(၂)မှ အထက်တန်းပြဆရာမ ဒေါ်မြစုလှိုင်က တယ်လီဖုန်း ငွေဖြည့်
ကတ် မျိုးစုံရမည်ဆိုကာ လူသုံးဦးထံမှကျပ်သိန်းတစ်သောင်းခန့် လိမ်လည်မှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အထက်(၂) ကြည့်မြင်
တိုင် ကျောင်းစာရေးကြီးမှ သူနှင့်ခင်မင်သောမမိုးစန္ဒာဆိုသူ အမျိုးသမီး တစ်ဦးကို သူတို့ကျောင်းမှ ဆရာမ ဒေါ်မြစုလှိုင်သည် တယ်လီဖုန်း ငွေဖြည့်ကတ်များ ဈေးသက်သာစွာ ရောင်းပေးနေသည်ဟု မိတ်ဆက်ပေးခဲ့သည်။
ထိုမိတ်ဆက် ပေးချက်အရ တယ်လီဖုန်း ငွေဖြည့်ကတ်များကို စမ်းသပ်ဝယ်ယူရာ ငွေ ၅,၀၀၀တန် ငွေဖြည့်ကတ်ကို ကျပ်၃,၉၀၀ဖြင့် လည်းကောင်း၊ ကျပ်တစ်သောင်းတန် ငွေဖြည့်ကတ်ကို ကျပ်၉,၀၀၀ဖြင့်လည်းကောင်း ၀ယ်ယူရရှိခဲ့သည်။

မမိုးစန္ဒာမှတစ်ဆင့် သူ၏ အလုပ်ရှင်ကို ပြောပြခဲ့ရာ အလုပ်ရှင်ကလည်း စိတ်ဝင်စားပြီး အဆိုပါ ဆရာမထံမှ တယ်လီဖုန်း ငွေဖြည့်ကတ်များ ၀ယ်ယူခဲ့သည်။ ထို့ပြင် အလုပ်ရှင်၏ ဆွေမျိုး ဆရာဝန် တစ်ဦးကလည်း အဆိုပါ ဆရာမထံမှ ငွေဖြည့်ကတ်များ ၀ယ်ယူခဲ့သည်။ သို့သော် ရှေ့ပိုင်းတွင် ငွေပေးလိုက်က တယ်လီဖုန်းကတ်များ ချက်ချင်းရသော်လည်း နောက်ပိုင်း တစ်ပတ်လျှင် ကျပ်သိန်း ၁၀၀ ဖိုးခန့်အထိ ၀ယ်သောအခါ ငွေကို အရင်ပေးပြီး နှစ်ရက်ခန့်နေမှ ကတ်များရခဲ့သည်။

သို့သော် ရောင်းသူများ အတွက် ငွေကြေး အမြတ်အစွန်းများသဖြင့် ဆက်လက် ၀ယ်ယူခဲ့သည်။ အဆိုပါ ဆရာမက သူ၏မောင်ဖြစ်သူ တပ်မတော် အရာရှိတစ်ဦးက ကူညီသဖြင့် တယ်လီဖုန်းကတ်များကို ဆက်သွယ်ရေးမှ ၀ယ်ယူခွင့်ရနေကြောင်း ယုံကြည်လောက်အောင် ပြောထားခဲ့သည်။

သို့သော် စက်တင်ဘာ နောက်ဆုံးအပတ်တွင် ပုံမှန်ဖောက်သည်ဖြစ်သော မမိုးစန္ဒာက ကျပ်သိန်း ၁၉၀၀ဖိုး ငွေဖြည့်ကတ် ၀ယ်ယူရန် ငွေများပေးထားသော်လည်း လကုန်သည်အထိ မရခဲ့ပေ။ အလားတူ မမိုးစန္ဒာ၏ အလုပ်ရှင်ကလည်း ကျပ်သိန်း ၁၉၀၀ဖိုး၊ ဆရာဝန် တစ်ဦးကလည်း ကျပ်သိန်း ၅၀၀၀ဖိုး ငွေပေးထားသော်လည်း ယခုအထိ မရကြောင်း သိရသည်။ မမိုးစန္ဒာတို့ သုံးဦးအပြင် အခြားသူများကလည်း အဆိုပါ ဆရာမထံမှ ငွေဖြည့်ကတ်များ ၀ယ်ယူရန် ကြိုတင်ငွေများ ပေးထားကြရာ စုစုပေါင်း ကျပ်သိန်းပေါင်း တစ်သောင်းခန့် ရှိကြောင်းလည်း သိရသည်။

ငွေများ လက်ခံရယူထားသော ဆရာမ ဒေါ်မြစုလှိုင်သည် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ငွေပေးထားသူ မမိုးစန္ဒာအား ငွေလက်ခံရရှိကြောင်းနှင့် အောက်တိုဘာလ ၃ ရက် နောက်ဆုံးထားပြီး တယ်လီဖုန်း ငွေဖြည့်ကတ်များ ပေးပါမည်ဟု စာချုပ်ချုပ်ဆိုပေးခဲ့သည်။ သို့သော် လက်မှတ်ထိုးပေးသည့် နောက်ပိုင်း ကျောင်းလည်း မတက်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ကျောက်စိမ်းလမ်း နေအိမ်တွင်လည်း မရှိဘဲ ပျောက်ဆုံးလျက် ရှိသည်။ ဆရာမ၏ မောင်ဖြစ်သူကို Tomorrow ဂျာနယ်က ဆက်လက်စုံစမ်းရာ အဆိုပါ သူ၏ အစ်မဖြစ်သော်လည်း သူနှင့် ယခု ကိစ္စသည် လုံးဝမပတ်သက်ကြောင်း၊ အစ်မဖြစ်သူ၏ စီးပွားရေးသာဖြစ်ပြီး မိမိကလည်း တယ်လီဖုန်း ငွေဖြည့်ကတ်ရရန် ကူညီပေးခဲ့ခြင်းမျိုး မရှိကြောင်း ဖြေကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေး အနေဖြင့် တယ်လီဖုန်း ငွေဖြည့်ကတ်များကို မည်သည့်ပုံစံဖြင့် ရောင်းချသည်ကို အများပြည်သူသိရန် ထုတ်ပြန် ကြေညာခြင်းမျိုး မရှိသည့်အတွက် ယခုကဲ့သို့ မသိနားမလည်သူများကို လိမ်ညာသည့် လူတန်းစား တစ်ရပ် ပေါ်ပေါက်လာနေကြောင်း၊ ယခုဖြစ်စဉ်ကို လေ့လာကြည့်ပါက ငွေဖြည့်ကတ်အတွက် ပေးသော ကော်မရှင်ကို ပိုပေးသည့်အတွက် လူအတော်များများက စိတ်ဝင်စားပြီး အဆိုပါ ဆရာမထံ ငွေများ ပုံပေးလိုက်ရာမှ အလိမ်ခံရခြင်း ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။

အလိမ်ခံရသော မမိုးစန္ဒာက သူ၏ ရွာမှ တယ်လီဖုန်းကတ် ရောင်းသော ဆွေမျိုးများ၊ အလုပ်အတွင်းမှ ၀န်ထမ်း သူငယ်ချင်းများ၊ ဆရာတော်များ၏ ဘုန်းတော်ကြီးကျောင်း ဆောက်ရန် ငွေများပါ စုပုံပေး လိုက်ရာမှ အလိမ်ခံလိုက်ရခြင်း ဖြစ်ကြောင်း Tomorrowသို့ ပြောပြသည်။

The Tomorrow Journal

ဝန်ကြီးဦးအောင်မင်းနှင့် နိုင်ငံရေးဆွေးနွေးနေစဉ် နှလုံး ရုတ်တရက်တိုက်ခိုက်ခံရသူ ကွယ်လွန်

Byအောင်သူရ
 မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC)တွင် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင် မင်းနှင့် ပြည်ပမှ ပြန်လာသူ အမေ ရိကန်နိုင်ငံသား မြန်မာလူမျိုးတစ် ဦးတွေ့ဆုံဆွေးနွေးနေစဉ် ၄င်းမှာ နှလုံးရုတ်တရက် တိုက်ခိုက်ခံရ၍ ကွယ်လွန်သွားကြောင်းသတင်းရရှိသည်။

သေဆုံးသူမှာ ၈၈ အရေးအခင်းပြီးနောက် တောခိုသွား ခဲ့သည့် လုပ်သားကောလိပ်ကျောင်းသား ကိုအောင်ကျော်ဦး ဖြစ်ကြောင်း သေဆုံးသူ၏မိတ်ဆွေကိုဗသက်အောင်က ပြောသည်။

‘‘သူ့မှာ နှလုံးရောဂါအခံ လည်းရှိတယ်။ အူမကြီးရောဂါ လည်းရှိတယ်။ မြန်မာနိုင်ငံရေးမှာ ပါဝင်ချင်တဲ့ဇောနဲ့ တွေ့ဆုံဆွေး နွေးနေတုန်းပဲ။ ကျန်းမာရေးမ ကောင်းလို့ ဆေးရုံတင်လိုက်ရ တယ်။ သူ့ရဲ့ ကျန်းမာရေးအခံ ကြောင့်လည်း ပါပါတယ်’’ဟု သူ ငယ်ချင်းဖြစ်သူ ကိုဗသက်အောင် ကဆိုသည်။

ကိုအောင်ကျော်ဦးသည် ၀န်ကြီးနှင့်ဆွေးနွေးနေစဉ် Heart Attackရရှိလာသဖြင့် ၀ိတို ရိယဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၀ိတို ရိယဆေးရုံမှတစ်ဆင့် ရန်ကုန် ဆေးရုံကြီးသို့ ပြန်လည်လွှဲအပ်ခဲ့ သည်။ ထို့နောက် ခွဲစိတ်ရန်ပြင် ဆင်နေစဉ် အောက်တိုဘာ ၂၇ ရက် ည ၈နာရီခွဲတွင် ကွယ်လွန် သွားခဲ့သည်။

ဆေးရုံတက်ရောက်ရန် မြန် မာ့ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေးဗဟိုဌာနက ကူညီပေးခဲ့ ပြီး ကွယ်လွန်သွားချိန်တွင်လည်း ၀မ်းနည်းကြောင်းနှင့် လွမ်းသူပန်း ခွေများ ပို့ပေးခဲ့သည်။ နာရေး အခမ်းအနားကို အောက်တိုဘာ၂၉ရက်တွင် ပြုလုပ်ခဲ့သည်။
7Day Daily

ရေယုန်ပေါက်ရင် ဘာလုပ်ရမလဲ

ရေယုန်ဟာ လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး ပေါက်တတ်တယ် ဆိုတာပါ။ စိတ်ဖိစီးမှုများခြင်း၊ ကိုယ်ခံအားကျခြင်း၊ နေလောင်ခြင်းတို့ကြောင့် ရေယုန်ေ ပါက်နိုင်ပါတယ်။ သမီးသိထား သလိုပဲ ရေကျောက်ပေါက်ပြီးတဲ့ သူမှာလည်း ရေယုန် ပေါက်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပြန်လည် အစွန်းပြတဲ့ သဘောပါ။ အဲဒါမျိုး ဆိုရင်တော့ စဖြစ်ဖြစ်ခြင်း ခန္ဓာကိုယ်တစ်ခြမ်း စူးခြင်း၊ နာခြင်း ဖြစ်ပြီးတော့ ခေါင်းကိုက်တတ်၊ ဖျားတတ်ပါတယ်။

အဲဒီနောက် အရည်ကြည်ဖု သေးလေးများ မျက်နှာနဲ့ အချို့ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ အပြင်လိုက်၊ အစုလိုက် ပေါ်လာတတ်ပြီး အဲဒီ အဖုလေးတွေ ညှိုး၊ ခြောက်၊ ချပ်သွား ပြီး တစ်ပတ်ခန့်ကြာလျှင် ပျောက်သွား တတ်ပါတယ်။

ရေယုန်တွေ မျက်လုံးတစ်ဝိုက် ပေါက်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။ အရမ်း မပြင်းထန်ဘူး ဆိုရင်တော့

(၁) ရေယုန်ကြောင့်ဖျားပါက ကိုယ်ပူကျဆေး သောက်ပါ။ ရေများများသောက်ပါ၊ အကိုက်အခဲ ပျောက်ဆေး သောက်ပါ။ စူးခြင်း၊ နာခြင်း ဖြစ်ပေါ်ပါက ရေခဲဖတ် ကပ်ပေးပါ။

(၂) ရေထိလို့ ရေယုန် မပွားတဲ့အတွက် ရေနွေးနဲ့ ရေချိုးနိုင်ပါတယ်။ ဆော်ဒါ ရေနွေးဖျော်ရည်၊ Oat Meal၊ ကိုယ်တိုက်ဆပ်ပြာဆီ၊ ဆပ်ပြာရည်တို့နဲ့ ရေချိုးပေးပါ။ မျက်နှာကိုလည်း ရေ၊ ဆပ်ပြာတို့နဲ့ ညင်သာစွာ တိုက်နိုင်ပါတယ်။

(၃) ရေယုန် အရည်ကြည်ဖုက ထွက်တဲ့ အရည်ကြောင့် ရေယုန် ကူးစက်နိုင်တဲ့ အပြင် အရည်ကြည်ဖု အားလုံး ချပ်သွားသည့်တိုင် မည်သူနှင့်မျှ အရေပြားချင်း မထိမိစေဖို့ ဂရုစိုက်ပါ။

(၄) ဆေးဆိုင်မှာ ရေယုန် (Shingles) ပျောက်စေသော အရေပြားလိမ်းဆေး ဂျဲလ်မျိုးကို ဝယ်ယူပါ။ အရေးကြီးဆုံးက စိတ်ဖိစီးမှုတွေ ဖျောက်ဖို့နဲ့ နေလောင် မခံဖို့ပါပဲ။

အရည်ကြည်ဖုတွေ ပြည်တည်လောက်အောင် ပိုပွားလာရင်တော့ ကြပ်ကြပ်မတ်မတ် ကုသဖို့ လိုအပ်ပါတယ်။

MWD

အသက်မွေးဝမ်းကျောင်း တက္ကသိုလ် ဝင်ခွင့်အမှတ်များ ပေါ်ထွက်လာ


Byနေလင်းထွန်း
ယခုပညာသင်နှစ်တွင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဝင်ခွင့်အတွက် ရန်ကုန်နည်းပညာတက္ကသိုလ်၏ ဝင်ခွင့်အမှတ် သတ်မှတ်ချက်မှာ ယခင်နှစ်ထက် မြင့်တက်သွားကြောင်း တက္ကသိုလ်အသိုင်းအဝိုင်းမှ သတင်းရရှိ သည်။

ဆေးတက္ကသိုလ်များ၏ ဝင်ခွင့်အမှတ် သတ်မှတ်ချက်မှာ ယခင်နှစ်နှင့် တူညီနေပြီး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များနှင့် သူနာပြု တက္ကသိုလ်တို့၏ တက္ကသိုလ်ဝင်ခွင့် အမှတ်သတ်မှတ်ချက်များမှာ ယခင်နှစ်ထက် လျော့ကျသွားသည်။

ထို့အပြင် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၊ ရေကြောင်းပညာတက္ကသိုလ်နှင့် လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တို့ အနိမ့်ဆုံးဝင်ခွင့် အမှတ် သတ်မှတ်ချက်များလည်း ယခင်နှစ်ထက် လျော့ကျသွားသည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရမှတ်ကောင်းရရှိသော အမျိုးသားများ၏ အသက် မွေးဝမ်းကျောင်းတက္ကသိုလ်ရွေးချယ်မှုတွင် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ဦးစားပေးလျှောက်ထားမှု မြင့်တက်ခဲ့ပြီး သူနာပြု တက္ကသိုလ်သို့ ဦးစားပေးလျှောက်ထားမှုလျော့ကျသွားသည်။

 ရန်ကုန် နည်းပညာတက္ကသိုလ်ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်သည် ယခင်နှစ်ထက် အမျိုးသား ခုနစ်မှတ်နှင့် အမျိုးသမီး နှစ်မှတ် မြင့်တက်သွားသည်။ သို့သော် သွားဘက်ဆိုင် ရာ ဆေးတက္ကသိုလ် ဝင်ခွင့်အတွက် အမျိုးသား ကိုးမှတ်နှင့် နည်းပညာတက္ကသိုလ်(ရတနာပုံ ဆိုက်ဘာစီးတီး)ဝင်ခွင့်အတွက် အမျိုးသား၊ အမျိုးသမီး ၁၀ မှတ် အထိ လျော့ကျသွားသည်။

‘‘ယောက်ျားလေးတွေ ရန်ကုန်နည်းပညာ တက္ကသိုလ်ကို ဦးစားပေး လျှောက်ထားမှု မြင့်တက်လာတယ်။ သူနာပြုတက္ကသိုလ်ကိုလျှောက်ထားတဲ့ အမျိုးသား တော်တော်နည်းသွားတယ်။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အများစုရဲ့ ဝင်ခွင့်အမှတ် သတ်မှတ်ချက်ကတော့ လျော့ကျ သွားပါတယ်’’ ဟု အဆင့်မြင့်ပညာအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ရန်ကုန်နည်းပညာ တက္ကသိုလ်သည် ပြန်လည်ဖွင့်လှစ်လိုက်ချိန်ကတည်းက အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ၏ ဝင်ခွင့်အမှတ်သတ်မှတ်ချက် အမြင့်ဆုံးနေရာမှ ရပ်တည်နေခဲ့ပြီး ယခုနှစ်တွင် ဝင်ခွင့်အမှတ် ထပ်မံ မြင့်တက်သွားခြင်း ဖြစ်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်ပေါ် အခြေခံ၍ တက္ကသိုလ်ဝင်ခွင့်လက်ခံနေသော လက်ရှိတက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး စနစ်ပုံစံသည် ယခုနှစ်မှာ နောက်ဆုံးဖြစ်ဖွယ်ရှိနေပြီး လာမည့်နှစ်တွင် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်သောစနစ်ကို ပြောင်းလဲရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေ သည်။
7Day Daily
၂၀၁၄ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများအတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့၏ အနိမ့်ဆုံးဝင်ခွင့်အမှတ်စာရင်း
 ကျား
ရန်ကုန်နည်းပညာတက္ကသိုလ်၅၀၉၄၉၈
ဆေးတက္ကသိုလ်များ၄၈၆၅၀၅
ရေကြောင်းပညာတက္ကသိုလ်၄၇၃၄၈၃
မန္တလေးနည်းပညာတက္ကသိုလ်၄၈၅၄၈၀
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(အင်္ဂလိပ်စာ)၄၇၈
အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)၄၈၀
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(ဂျပန်စာ)၄၆၇
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၄၅၆၄၉၅
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)၄၆၀၄၅၈
ဆေးဝါးတက္ကသိုလ်များ၄၄၀
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်   ၄၃၄
သူနာပြုတက္ကသိုလ်၄၃၇
လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်၄၄၄၄၄၈
အခြေခံကျန်းမာရေးတက္ကသိုလ်၄၄၃